စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ် ဗုံးဖောက်ခွဲသတိပေး
=================
ပါခွီး
(မဇ္စျိမ) ။ ။ချင်းပြည်နယ် ၊ တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဗုံးဖောက်ခွဲသတိပေးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) CDF – Ton Zang ထံမှ သိရသည်။
ဇွန်လ ၂၀ ရက်ညပိုင်းတွင် အဆိုပါကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို မိုင်းဖြင့်ဖောက်ခွဲသတိပေးခဲ့ရာ နောက်ရက် ဇွန် ၂၁ရက်နေ့တွင် ကျောင်းပိတ်သွားခဲ့ကြောင်း ဆိုသည်။
“စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲဖို့ အကြောင်းမရှိဘူး ၊ နောက်ပြီး စစ်ကောင်စီယန္တရားလည်ပတ်တာကိုလည်း ကျနော်တို့က လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး” ဟု CDF – Ton Zang ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်းမုန် က မဇ္စျိမကိုပြောသည်။
ကျောင်းတွင် စစ်ကောင်စီတပ်စွဲထားခြင်းသည် ဂျနီဗာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသောကြောင့် တားမြစ်လိုသဖြင့်သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။
ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်အချို့ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုကို မသိရှိရကြောင်းဆိုသည်။
အဆိုပါကျောင်းရှိ ဒဿမတန်းကျောင်းခန်းတွင် စစ်ကောင်စီတပ်သား ၁၀ဦးခန့် တပ်စွဲနေထိုင်လျက်ရှိပြီး ဆေးရုံတွင်လည်း စစ်ကောင်စီတပ်သားများရှိနေကြောင်း သိရသည်။
တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများသည် ဇို(ချင်း) လူမျိုးများဖြစ်သကဲ့သို့ CDF – Ton Zang တပ်ဖွဲ့ ဝင် လူငယ်များသည်လည်း အမျိုးတူ ဆွေမျိုးများဖြစ်သည်အတွက် ထိခိုက်နစ်နာရန် ပြုလုပ်မည်မဟုတ်ကြောင်းဆိုသည်။
တွန်းဇံမြို့နယ် ၊ မြို့နယ်ပညာရေးမှူးအဖွဲ့ ၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းဆရာ/မ များအနေဖြင့် စစ်ကောင်စီလက်အောက်တွင် ရုံးတက်ခြင်း ၊ ကျောင်းတက်ခြင်းများ မပြုလုပ်ကြရန် အပြင်းအထန်တားမြစ်ကြောင်းနှင့် တားမြစ်ခြင်းများ မလိုက်နာပါက ပြင်းထန်းသော အရေးယူခံရမည်ဖြစ်ကြောင်း CDF – Ton Zang ထံမှ သိရှိရသည်။
တွန်းဇံမြို့အထက်တန်းကျောင်းသည် ၁၉၆၄ ခုနှစ်တွင် တွန်းဇံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းအဖြစ် သတ်မှတ်ခြင်းခံရသည့် ပထမဦးဆုံးကျောင်းဖြစ်ကြောင်း သိရသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#တွန်းဇံမြို့နယ်
#အခြေခံပညာအထက်တန်းကျောင်း
#စစ်ကောင်စီတပ်
#ဗုံးဖောက်ခွဲ
#ချင်းကာကွယ်ရေးတပ်ဖွဲ့
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍18🔥2😁1
အင်ဒိုနီးရှား၌ ပြည်သူများ အပြင်သွားလာ ပိုက်ဆံ သုံးကြရန်အတွက် အလုပ်ပိတ်ရက် ၅ ရက် သတ်မှတ်ကြေညာ
=====================
အင်ဒိုနီးရှား၌ ပြည်သူများ အပြင်သွားလာကြကာ ပိုက်ဆံသုံးကြရန်ကို အားပေးမြှင့်တင်ရန်အတွက် ငါးရက်တာ အလုပ်ပိတ်ရက်ကို သတ်မှတ်ကြေညာသည်။
အလုပ်နားရက် ပိုမို ဖန်တီးပေးရန် ဆုံးဖြတ်ခြင်းသည် ခရီးသွားလုပ်ငန်းနှင့် ခရီးထွက်သွားလာခြင်းများနှင့်အတူ စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
အင်ဒိုနီးရှား၌ ပြည်သူများ အပြင်သွားလာကြကာ ပိုက်ဆံသုံးကြရန်ကို အားပေးမြှင့်တင်ရန်အတွက် ငါးရက်တာ အလုပ်ပိတ်ရက်ကို သတ်မှတ်ကြေညာသည်။
အလုပ်နားရက် ပိုမို ဖန်တီးပေးရန် ဆုံးဖြတ်ခြင်းသည် ခရီးသွားလုပ်ငန်းနှင့် ခရီးထွက်သွားလာခြင်းများနှင့်အတူ စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤2🔥2
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ စားသောက်ဆိုင်ပေါက်ကွဲမှုကြောင့် လူ ၃၁ ဦး သေဆုံး
https://www.facebook.com/reel/1002607527537317
#internationalnews #Mizzima #China #Reels #shorts

👍8❤2🔥2
ဇွန်လ (၂၃) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
====================
- အာဆီယံဦးဆောင်တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပီတာပြောတဲ့သတင်း
- ရေကြီးရေလျှံမှုဘေး သတိပြုရန် NUG ထုတ်ပြန် တဲ့သတင်း
-ပျောက်ဆုံးသွားတဲ့ရေငုပ်သင်္ဘောကိုရှာဖွေဖို့ ရေငုပ်စက်ရုပ်တွေ တပ်ဆင်ထားတဲ့ ပြင်သစ်ရှာဖွေရေးသင်္ဘော ရောက်ရှိတဲ့သတင်း
-ရန်ကုန်နှင့် မန္တလေးအပါအဝင် ဒေသ ၅ခုတွင် ဆန်သိုလှောင်ထားမှုစာရင်း စတင်ကောက်တဲ့သတင်း
-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။
https://www.youtube.com/live/RCrHc-5jOkA?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ (၂၃) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
- အာဆီယံဦးဆောင်တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပီတာပြောတဲ့သတင်း
- ရေကြီးရေလျှံမှုဘေး သတိပြုရန် NUG ထုတ်ပြန် တဲ့သတင်း
-ပျောက်ဆုံးသွားတဲ့ရေငုပ်သင်္ဘောကိုရှာဖွေဖို့ ရေငုပ်စက်ရုပ်တွေ တပ်ဆင်ထားတဲ့ ပြင်သစ်ရှာဖွေရေးသင်္ဘော ရောက်ရှိတဲ့သတင်း…

👍8🌭1🍌1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၃ ဇွန် ၂၀၂၃)
========================
အမေရိကန်က စစ်ကောင်စီဘဏ်နှစ်ခုကို ပိတ်ပင်ပြီး မကြာခင်မှာပဲ စစ်ကောင်စီဗဟိုဘဏ်မှ နိုင်ငံခြားငွေရောင်းဝယ်ရေးအားလုံးကို ထိန်းချုပ်လိုက်သည်။ယင်းအကျိုးဆက်ကြောင့် ဒေါ်လာ ဈေးထိုးတက်လာပြီး ဈေးကွက်အတွင်း အဝယ်သာရှိပြီးအရောင်းမရှိသည့် အခြေအနေဖြစ် နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
အမေရိကန်က စစ်ကောင်စီဘဏ်နှစ်ခုကို ပိတ်ပင်ပြီး မကြာခင်မှာပဲ စစ်ကောင်စီဗဟိုဘဏ်မှ နိုင်ငံခြားငွေရောင်းဝယ်ရေးအားလုံးကို ထိန်းချုပ်လိုက်သည်။ယင်းအကျိုးဆက်ကြောင့် ဒေါ်လာ ဈေးထိုးတက်လာပြီး ဈေးကွက်အတွင်း အဝယ်သာရှိပြီးအရောင်းမရှိသည့် အခြေအနေဖြစ် နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2😁2
ဆိပ်ဖြူမြို့နယ်အတွင်း ၂ရက်ဆက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂၀ဦးသေဆုံး ၃၀ဦးထက်မနည်း ဒဏ်ရာရဟု MOD ထုတ်ပြန်
===================
ကိုခင်မောင်
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အား ဇွန်လ ၂၁ရက်နှင့် ၂၂ရက် နှစ်ရက်ဆက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၂၀ဦးသေဆုံးကာ ၃၀ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)ကသတင်းထုတ်ပြန်သည်။
ဇွန်လ၂၀ရက်နေ့ တိုက်ခိုက်မှုတွင် ဆိပ်ဖြူမြို့မှ ဆောလမ်းပိုင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီကားနှစ်စီးကို နံနက် ၇နာရီ ၅၀ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၉နာရီတွင် တစ်ကြိမ် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ ထိုနေ့ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး ၂၅ ဦး ခန့် ဒဏ်ရာရသွားသည်ဟု MOD က ထုတ်ပြန်ထားသည်။
ဇွန်လ၂၀ရက်နေ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ဇွန်လ ၂၁ရက် နံနက် ၁၁နာရီ ၃၀မိနစ်ခန့်တွင် လာကောက်စဉ် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူ ငါး ဦးခန့်ရှိခဲ့သည်ဟု MOD ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
" နှစ်ရက်တာ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ရန်သူ့တပ်၏ စစ်ကားတစ် စီးပျက်စီးခဲ့ပြီး ရန်သူ့တပ်သား ၂၀ဦးသေဆုံးကာ ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်" ဟု MOD ကထုတ်ပြန်သည်။
တစ်ဆက်တည်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက်မရှိ တိုက်ခိုက်နိုင်ခဲ့သည် အသိပေးထားသည်။
စစ်ကောင်စီဘက်မှ သေဆုံးမှုကို မဇ္ဈိမအနေဖြင့် အသေးစိတ်အတည်မပြုနိုင်သေးသော်လည်း ဆိပ်ဖြူ -ဆောလမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီအလွန်အထိနာသွားသည်ဟု ဆောမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
၎င်းက " ပခုက္ကူဘက်က အဖွဲ့တွေ ချကြတာ။ တ်ိုက်ပွဲက ကြမ်းတယ်။ အခုထိ လမ်းမပွင့်သေးဘူး။ ဟိုဘက်ကရော ဒီဘက်ကရော ပိတ်ထားပါတယ်" ဟု ယနေ့ ဇွန်လ ၂၃ ရက် ညနေတွင် ပြောသည်။
ဆိပ်ဖြူမြို့နယ်အတွင်း နှစ်ရက်ဆက် တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း - တပ်ခွဲ ၁ (Caf – Spupdf) နှင့် ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့) တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဟု MOD ကထုတ်ပြန်ထားသည်။
ပုံ-မကွေးတိုင်းမှ PDF ရဲဘော်များ
စာတည်း - မောင်ကြီး
#mizzima
#ဆိပ်ဖြူမြို့နယ်
#ပဒေသာမိုင်း
#MOD
#PDF

👍18👏7❤5🥰4😁2
ဇွန်လ( ၂၃ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး အချိန်တစ်လကျော်ကြာတဲ့အထိ လူသားစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ လက်ရှိထုတ်ပေးထားတဲ့ ခရီးသွားခွင့်ပြုမိန့်တွေ ဆိုင်းငံ့ခံထားရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားစာနမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA က ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ကျိုက်ထိုမြို့နယ်မှာ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဝင် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/8D_Oz30NvsE
#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး အချိန်တစ်လကျော်ကြာတဲ့အထိ လူသားစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ လက်ရှိထုတ်ပေးထားတဲ့ ခရီးသွားခွင့်ပြုမိန့်တွေ ဆိုင်းငံ့ခံထားရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားစာနမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA က ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ကျိုက်ထိုမြို့နယ်မှာ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဝင် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/8D_Oz30NvsE
#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ( ၂၃ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး အချိန်တစ်လကျော်ကြာတဲ့အထိ လူသားစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ လက်ရှိထုတ်ပေးထားတဲ့ ခရီးသွားခွင့်ပြုမိန့်တွေ ဆိုင်းငံ့ခံထားရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားစာနမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN…

👍13😁2🤬1
Media is too big
VIEW IN TELEGRAM
Jun - 23 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍16🌭1🍌1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်ထုတ်လွှင့်မှုများ
==================
https://youtu.be/kKN-IycMgik
#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
https://youtu.be/kKN-IycMgik
#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်ထုတ်လွှင့်မှုများ
#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို…

👍20🔥1
ဇွန်လ( ၂၄ )ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မူဆယ်မြို့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးကင်းလှည့်ကား ပစ်ခတ်ခံရပြီး ပြည်သူ့စစ် အဖွဲ့ဝင် သေဆုံးခဲ့တဲ့ သတင်းနဲ့အတူ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း အာရှ ၂၂ နိုင်ငံမှာ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ၁၆ဝဝ ကျော် ရှိပြီး မြန်မာနိုင် ငံမှာ အများဆုံး ချိုးဖောက်ခံရတယ်လို့ Forum- Asia က ပြောလိုက်တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/y22vKGWiL74
#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မူဆယ်မြို့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးကင်းလှည့်ကား ပစ်ခတ်ခံရပြီး ပြည်သူ့စစ် အဖွဲ့ဝင် သေဆုံးခဲ့တဲ့ သတင်းနဲ့အတူ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း အာရှ ၂၂ နိုင်ငံမှာ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ၁၆ဝဝ ကျော် ရှိပြီး မြန်မာနိုင် ငံမှာ အများဆုံး ချိုးဖောက်ခံရတယ်လို့ Forum- Asia က ပြောလိုက်တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/y22vKGWiL74
#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇွန်လ (၂၄) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မူဆယ်မြို့မှာ စစ်ကောင်စီရဲ့ လုံခြုံရေးကင်းလှည့်ကား ပစ်ခတ်ခံရပြီး ပြည်သူ့စစ် အဖွဲ့ဝင် သေဆုံးခဲ့တဲ့ သတင်းနဲ့အတူ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း အာရှ ၂၂ နိုင်ငံမှာ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု…

👍9❤2😁1
NUG ကာကွယ်ရေးဌာနက မကွေးတိုင်းရှိ PDF တပ်ရင်း ၅ ခုကို လက်နက်တပ်ဆင်ပေး
❤28👍4🔥2👏2😍1
NUG ကာကွယ်ရေးဌာနက မကွေးတိုင်းရှိ PDF တပ်ရင်း ၅ ခုကို လက်နက်တပ်ဆင်ပေး
==================
ကိုခင်မောင်
(မဇ္ဈိမ) ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ငါးရင်းကို လက်နက်များတပ်ဆင်ပေးခဲ့ကြောင်း NUG ကာကွယ်ရေးဌာနက ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်မှု အခမ်းအနားကို ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားကို မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူများ၊ တပ်ရင်းမှူးများနှင့် ဒုတပ်ရင်းမှူးများ တက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်း တာဝန်ခံမှ မိန့်ခွန်းပြောကြားခြင်း၊ တာဝန်ရှိသူများမှ တပ်ရင်း ငါးရင်းကို လက်နက်တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တစ်နှစ်မဟာဗျုဟာနှင့်အညီ စစ်ဆင်ရေးစီမံချက်များကို အကောင်အထည်ဖော်နေပြီး လက်နက်တပ် ဆင်မှုများကိုလည်း စဉ်ဆက်မပြတ် အားထုတ်ကြိုးစားနေကြောင်းလည်း NUG ကာကွယ်ရေးဌာနက ပြောဆိုသည်။
စာတည်း။ ။ နောင်နောင်
#NUG
#လက်နက်တပ်ဆင်ပေး
#မကွေးတိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ကိုခင်မောင်
(မဇ္ဈိမ) ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ငါးရင်းကို လက်နက်များတပ်ဆင်ပေးခဲ့ကြောင်း NUG ကာကွယ်ရေးဌာနက ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်မှု အခမ်းအနားကို ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားကို မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူများ၊ တပ်ရင်းမှူးများနှင့် ဒုတပ်ရင်းမှူးများ တက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်း တာဝန်ခံမှ မိန့်ခွန်းပြောကြားခြင်း၊ တာဝန်ရှိသူများမှ တပ်ရင်း ငါးရင်းကို လက်နက်တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တစ်နှစ်မဟာဗျုဟာနှင့်အညီ စစ်ဆင်ရေးစီမံချက်များကို အကောင်အထည်ဖော်နေပြီး လက်နက်တပ် ဆင်မှုများကိုလည်း စဉ်ဆက်မပြတ် အားထုတ်ကြိုးစားနေကြောင်းလည်း NUG ကာကွယ်ရေးဌာနက ပြောဆိုသည်။
စာတည်း။ ။ နောင်နောင်
#NUG
#လက်နက်တပ်ဆင်ပေး
#မကွေးတိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
❤37👍11🔥1
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာတော့
=============
-လိင်ပြောင်းလဲသူများအသိုင်းအဝိုင်းအဖွဲ့ဝင်များက နယူးဒေလီမြို့က အလှမယ်ပြိုင်ပွဲတစ်ခုမှာပါဝင်ခဲ့ကြ
-အိန္ဒိယနိုင်ငံ မဒူရိုင်းရှိ ရွာငယ်လေးတစ်ရွာက သာစလီမာ နာရှရင်ဆိုတဲ့မူဆလင်အမျိုးသမီးတစ်ဦးမှ အနီးအနားရွာမှ ကျောင်းသားများကိုပညာအခမဲ့သင်ကြားပေး
-ရှေးဟောင်းကားပိုင်ရှင်များက အိန္ဒိယအနောက်ပိုင်း ပူနေးမြို့မှာစုရုံးခဲ့ကြပြီး ဂန္ဒဝင်ကားအလှများကို ပြသဖို့ပြိုင်ပွဲမှာ ပါဝင်ခဲ့ကြ
-အိန္ဒိယတောင်ပိုင်း မဒူရိုင်းခရိုင်အတွင်းက ကိုးကွယ်သူများက နှစ်စဉ်ကျင်းပမြဲ ပန်ဂူနီပွဲတော်ကို ကြီးမားလှတဲ့ ရထားလုံးကို ဆွဲ၍ ဆင်နွှဲခဲ့ကြ
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတတ်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/WW3Ma6WHScI
#myindia
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=============
-လိင်ပြောင်းလဲသူများအသိုင်းအဝိုင်းအဖွဲ့ဝင်များက နယူးဒေလီမြို့က အလှမယ်ပြိုင်ပွဲတစ်ခုမှာပါဝင်ခဲ့ကြ
-အိန္ဒိယနိုင်ငံ မဒူရိုင်းရှိ ရွာငယ်လေးတစ်ရွာက သာစလီမာ နာရှရင်ဆိုတဲ့မူဆလင်အမျိုးသမီးတစ်ဦးမှ အနီးအနားရွာမှ ကျောင်းသားများကိုပညာအခမဲ့သင်ကြားပေး
-ရှေးဟောင်းကားပိုင်ရှင်များက အိန္ဒိယအနောက်ပိုင်း ပူနေးမြို့မှာစုရုံးခဲ့ကြပြီး ဂန္ဒဝင်ကားအလှများကို ပြသဖို့ပြိုင်ပွဲမှာ ပါဝင်ခဲ့ကြ
-အိန္ဒိယတောင်ပိုင်း မဒူရိုင်းခရိုင်အတွင်းက ကိုးကွယ်သူများက နှစ်စဉ်ကျင်းပမြဲ ပန်ဂူနီပွဲတော်ကို ကြီးမားလှတဲ့ ရထားလုံးကို ဆွဲ၍ ဆင်နွှဲခဲ့ကြ
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတတ်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/WW3Ma6WHScI
#myindia
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာတော့
-လိင်ပြောင်းလဲသူများအသိုင်းအဝိုင်းအဖွဲ့ဝင်များက နယူးဒေလီမြို့က အလှမယ်ပြိုင်ပွဲတစ်ခုမှာပါဝင်ခဲ့ကြ
-အိန္ဒိယနိုင်ငံ မဒူရိုင်းရှိ ရွာငယ်လေးတစ်ရွာက သာစလီမာ နာရှရင်ဆိုတဲ့မူဆလင်အမျိုးသမီးတစ်ဦးမှ အနီးအနားရွာမှ ကျောင်းသားများကိုပညာအခမဲ့သင်ကြားပေး
-ရှေးဟောင်းကားပိုင်ရှင်များက…

👍6🔥2❤1
ရုရှစစ်ခေါင်းဆောင်များကို ဖြုတ်ချမည်ဟု Wagner ကြေးစားတပ်အကြီးအကဲ ပြော
=====================
ရုရှ၏ Wagner ကြေးစားတပ် အကြီးအကဲက ရုရှစစ်တပ်ခေါင်းဆောင်ပိုင်းကို ဖြုတ်ချရန်အတွက် “နည်းလမ်းကုန်” ဖြင့် လုပ်ဆောင်သွားမည်ဟု စိတ်ပိုင်းဖြတ် ပြောဆိုသည်။ ရုရှက ၎င်းအား “လက်နက်ကိုင် ပုန်ကန်သည်” ဟု စွပ်စွဲပြီး နာရီပိုင်းမှာပင် ပြောဆိုခြင်းပဲ ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ရုရှ၏ Wagner ကြေးစားတပ် အကြီးအကဲက ရုရှစစ်တပ်ခေါင်းဆောင်ပိုင်းကို ဖြုတ်ချရန်အတွက် “နည်းလမ်းကုန်” ဖြင့် လုပ်ဆောင်သွားမည်ဟု စိတ်ပိုင်းဖြတ် ပြောဆိုသည်။ ရုရှက ၎င်းအား “လက်နက်ကိုင် ပုန်ကန်သည်” ဟု စွပ်စွဲပြီး နာရီပိုင်းမှာပင် ပြောဆိုခြင်းပဲ ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤3😁1
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် အင်တာဗျူး
===============
မဇ္ဈိမ။ ။မစ္စတာရှောင်တာနယ်အပါအဝင် နိုင်ငံတကာမှ ဘဏ်လုပ်ငန်းဆိုင်ရာအကြံပေး ၂ ဦးကို ကြားကာလ ဗဟိုဘဏ်ရဲ့အကြံပေးအဖြစ် ခန့်အပ်သွားမယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်း၊ဘဏ္ဌာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မဇ္ဈိမရဲ့ Weekly Interview မှာပြောပါတယ်။
ဒီလို ကြားကာလ ဗဟိုဘဏ်ရဲ့လုပ်ငန်းတွေအပြင် နွေဦးဘဏ်နဲ့ ပတ်သက်တာတွေ၊ တစ်လကို NUG အစိုးရရဲ့ ရန်ပုံငွေလိုအပ်ချက်တွေနဲဲ့ အမေရိကန်မှာရှိတဲ့ ဘဏ္ဍာငွေ ဒေါ်လာ တစ်ဘီလီယံကိစ္စနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီတပတ် Weekly Interview မှာဆက်သွယ်မေးမြန်းထားပါတယ်။
https://youtu.be/R0fZlerG8ns
မေးမြန်း၊တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ
#weeklyinterview
#Mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===============
မဇ္ဈိမ။ ။မစ္စတာရှောင်တာနယ်အပါအဝင် နိုင်ငံတကာမှ ဘဏ်လုပ်ငန်းဆိုင်ရာအကြံပေး ၂ ဦးကို ကြားကာလ ဗဟိုဘဏ်ရဲ့အကြံပေးအဖြစ် ခန့်အပ်သွားမယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်း၊ဘဏ္ဌာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မဇ္ဈိမရဲ့ Weekly Interview မှာပြောပါတယ်။
ဒီလို ကြားကာလ ဗဟိုဘဏ်ရဲ့လုပ်ငန်းတွေအပြင် နွေဦးဘဏ်နဲ့ ပတ်သက်တာတွေ၊ တစ်လကို NUG အစိုးရရဲ့ ရန်ပုံငွေလိုအပ်ချက်တွေနဲဲ့ အမေရိကန်မှာရှိတဲ့ ဘဏ္ဍာငွေ ဒေါ်လာ တစ်ဘီလီယံကိစ္စနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒီတပတ် Weekly Interview မှာဆက်သွယ်မေးမြန်းထားပါတယ်။
https://youtu.be/R0fZlerG8ns
မေးမြန်း၊တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ
#weeklyinterview
#Mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် အင်တာဗျူး
မဇ္ဈိမ။ ။မစ္စတာရှောင်တာနယ်အပါအဝင် နိုင်ငံတကာမှ ဘဏ်လုပ်ငန်းဆိုင်ရာအကြံပေး ၂ ဦးကို ကြားကာလ ဗဟိုဘဏ်ရဲ့အကြံပေးအဖြစ် ခန့်အပ်သွားမယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်း၊ဘဏ္ဌာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က…
👍14❤3😁2👏1
မူဆယ်တွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားရာ အရပ်သား ၂ဦးထက်မနည်း သေဆုံး၊ ၇ဦး ပြင်းထန်ဒဏ်ရာရ
👍7🔥2