ကော့သောင်းမြို့ ရေငန်းချိုင်ရွာက ပျူစောထီးဆိုသူများ၏ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ ၃ ဦး သေဆုံး
👍14👏3❤2🔥1

=================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရေငန်းချိုင်ရွာရှိ ကင်းစခန်းကို ဇွန်လ ၂၂ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာ ပျူစောထီးဆိုသူ သုံးဦး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က ဇွန်လ ၂၃ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ ကင်းစခန်းအား ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်ဆိုသူ စိန်သန်းကို အပါဝင် သုံးဦး သေဆုံးသွားသည်ဟု ပ.က.ဖ အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံထံက သိရသည်။
“ရွာမှာ သူတို့က မူယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတယ်၊ ပြည်သူတွေကို ဖိနှိပ်နေလို့ ရှင်းလိုက် ရတယ်။ ပစ်ခတ်တာ အပြီးမှာ စစ်ကောင်စီတပ်သားတွေက လာစစ်ဆေးတာရှိတယ်”ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ထိုသို့ ပျူစောထီး ကင်းစခန်းကို ဝင်ရောက် ပစ်ခတ်ချိန် အတွင်း ပျူစောထီး သုံးဦးကို ရှင်းလင်း နိုင်ခဲ့သည့်အပြင် လက်နက် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ အပါအဝင် wy စာတန်းပါ စိတ်ကြွဆေးပြားများကိုပါ သိမ်းဆည်း ရမိခဲ့ပြီး ထိုသို့သိမ်းဆည်း ရမိသည့် မှုးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးလိုက်ကြောင်း ဆိုသည်။
ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေအဖွဲ့နှင့်သာ သက်ဆိုင်ပြီး ကျေးရွာနေ ပြည်သူများနှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်း မရှိကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#တနင်္သာရီတိုင်း
#ကော့သောင်းမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#တနင်္သာရီတိုင်း – Explore
explore #တနင်္သာရီတိုင်း at Facebook
👍16❤5🔥1
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းခံရသော အရပ်သားပြည်သူ ဦးရေ ၃,၇၀၀ နီးပါးရှိ
===================
ကိုခင်မောင်
(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံတစ်ဝန်း၌ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသော အရပ်သားပြည်သူဦးရေ ၃,၆၉၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် ၃၅၄ ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၁၁၄ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်သည်ဟု AAPP က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ ဇွန်လတတိယပတ်အထိ ၁၁၄ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၂၁၇ ဦး နှင့် ၂၀၂၁ခုနှစ်တွင် ၂၃ဦး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလ ဇွန်လ ၂၁ ရက်နေ့ တွင်ပင် စစ်ကိုင်းတိုင်း၊ ကလေးနည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလေးမြို့နယ်၊ အရှေ့စံသာကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ငါးနှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ရသည်။
ထို့အပြင် အာဏာသိမ်းချိန်မှစ၍ ဇွန်လ ၂၃ရက် ညနေ ၆နာရီအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရသူစုစုပေါင်း ၂၃,၄၄၁ ဦးအထိ ရှိနေပြီး ၆,၅၀၆ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP က ကောက်ယူထားသော စာရင်းများအရ သိရသည်။
စစ်ကောင်စီက ပြစ်ဒဏ်ချမှတ်ခံရသူများထဲမှ ၁၅၇ ဦးအား သေဒဏ်ချမှတ်ထားပြီး ဖမ်းဆီးခံထားရသူများအနက် ၁၂၁ ဦးအား မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားကာ ၄၂ ဦးအား မျက်ကွယ်သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ထို့ကြောင့် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယမန်နေ့ ဇွန်လ ၂၃ ရက်အထိ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်းသည် ၁၅၇ ဦးအထိ ရှိနေပြီး ပြန်လည်လွတ်မြောက်သူ စုစုပေါင်းသည် ၄,၃၄၅ ဦးရှိကြောင်းသိရသည်။
အဆိုပါ စာရင်းများသည် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( AAPP)မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသော အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟုလည်း ယင်းအဖွဲ့ကဆိုသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#နွေဦးတော်လှန်ရေး
#AAPP
#စစ်ကောင်စီ

🤬11🔥2😢2
ကျောက်လုံးကြီးစခန်းအား ဇွန်လအတွင်း ၃ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ (၂) ပြော
========================
YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ လိပ်သို- တောင်ငူကားလမ်းဘေးရှိ ကျောက်လုံးကြီး စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၂)၊ တပ်ရင်း (၅)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဇွန်လအတွင်း သုံးကြိမ်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) တာဝန်ရှိသူတစ်ဦးထံက သိရသည်။
" ကျောက်လုံးကြီးစခန်းက တောင်ငူကနေ လိပ်သိုသွားတဲ့လမ်းကြားမှာ ရှိတယ်။ အင်အားကတော့ အနည်းဆုံး လေးငါးဆယ်လောက်တော့ရှိမယ်။ မြေပြင်ချည်းပဲ သွားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်" ဟု တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီတပ် အင်အား ၅၀ ဝန်းကျင် အထိုင်ချနေသော ကျောက်လုံးကြီး စစ်ကောင်စီတပ်စခန်းအား တပ်မဟာ(၂) KNLA တပ်ရင်း(၅)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် တစ်ကြိမ်၊ ဇွန်လ ၁၂ ရက်နေ့တွင် တစ်ကြိမ်၊ ဇွန်လ ၂၀ ရက်နေ့တွင် တစ်ကြိမ် မြေပြင်မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ဘက်တွင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင်မူ အထိအခိုက်မရှိခဲ့ကြောင်း တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) တာဝန်ရှိသူတစ်ဦးထံက သိရသည်။
" သူတို့ဘက်က ၁၀ ဦးထက်မနည်းသေတယ်၊ အတိအကျ ဒဏ်ရာရတာတော့ သုံးယောက်ပဲသိရတယ်၊ KNLA ဘက်မှာတော့ ထိခိုက်မှု မရှိပါဘူး" ဟု တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) တာဝန်ရှိသူတစ်ဦးက ဆိုသည်။
တိုက်ပွဲဖြစ်စဉ်များအတွင်း သံတောင် (၇) မိုင်ရှိ စစ်ကောင်စီတပ်စခန်း၊ ထုံးဘိုကြီးစခန်း၊ လိပ်သိုမြို့အခြေစိုက် အမှတ်(၆၀၃) ဗျူဟာကုန်း တပ်စခန်းတို့မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးခဲ့ကြကြောင်းလည်း သိရသည်။
ထို့အပြင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အထိနာခဲ့သော ကျောက်လုံးကြီး စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် ကျောက်လုံးကြီးကျေးရွာ၊ ရွာသစ်၊ ကွမ်းပင်ကျေးရွာ အစရှိသော ကျေးရွာများ၏ အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် အဆိုပါကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကလည်း ကျောက်လုံးကြီးစစ်ကောင်စီတပ်စခန်းအား တပ်မဟာ (၂) KNLA၊ တပ်ရင်း (၅) ၊ PDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းရှိပြီး ထိုတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဒု-ရင်းမှူး အပါအဝင် တပ်သားအချို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများစွာ ရှိခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျောက်လုံးကြီး
#စစ်ကောင်စီတပ်စခန်း
#သံတောင်ကြီးမြို့နယ်
#KNLA

👍17❤3😁1
ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်မြို့နယ် YMBA ဥက္ကဋ္ဌ ပစ်ခတ်ခံရ၍ သေဆုံး
👍21😁2
ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်မြို့နယ် YMBA ဥက္ကဋ္ဌ ပစ်ခတ်ခံရ၍ သေဆုံး
===================
ဂန္ဒမာ
(မဇ္ဈိမ) ။ ။ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဇွန်လ ၂၃ ရက် ည ၇ နာရီဝန်းကျင်က ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်၊ မြို့နယ် YMBA ဥက္ကဋ္ဌ ဦးလှကြည်ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
"သူအ်ိမ်အပြန်မှာ ပစ်တာပါဗျ၊ ကျည်၁၂တောင့်သုံးတယ်၊ သေဆုံးသွားပါပြီ" ဟု Dagon Seikkan PDF အဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ဦးလှကြည်သည် သမ္မတဦးသိန်းစိန် လက်ထက်မှစတင်၍ (၉၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် မြို့နယ်အုပ်ချုပ်စီမံ ငါးဦးကော်မတီတွင် အဖွဲ့ဝင် (၂) နေရာ၌ တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ဒဂုံဆိပ်ကမ်းမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားကြောင်း သိရသည်။
“သူက ရပ်ကွက်ထဲမှာ လူမိုက်တွေ ပျူစောထီးတွေကို မွေးမြူထားသူပါ။ သဲကျောက်ဒိုင်တွေဆီက ငွေတောင်းပြီး လာဘ်စားတာတွေ လုပ်တဲ့အပြင် မြေကွက်ကိစ္စတွေမှာလည်း ဝင်ရောက်စွက်ဖက်တာတွေ လုပ်နေတာဖြစ်ပါတယ်”ဟု Dagon Seikkan PDF အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
အာဏာသိမ်းကာလ မြို့နယ်ဆန္ဒပြမှု၊ ပစ်ခတ်ဖမ်းဆီးမှုများတွင် ဦးလှကြည်က စစ်ကောင်စီ၏ သတင်းပေး ဒေသခံအဖြစ် လိုက်လံပါဝင်ပြသပြီး ဆန္ဒပြသူများကို ဖမ်းဆီးပစ်ခတ်ရာတွင်လည်း ပစ်ခတ်တဲ့သူများအနီး၌ လိုက်လံပြသ ညွှန်ကြားသူဖြစ်သောကြောင့် စုံစမ်း စီစစ်မှုများပြုလုပ်ပြီးမှ စနစ်တကျ ပစ်ခတ်ခြင်းဖြစ်ကြောင်း Dagon Seikkan PDF အဖွဲ့က ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#ရန်ကုန်တိုင်း
#ဒဂုံဆိပ်ကမ်းမြို့နယ်
#မြို့နယ်YMBAဥက္ကဌ
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ဂန္ဒမာ
(မဇ္ဈိမ) ။ ။ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဇွန်လ ၂၃ ရက် ည ၇ နာရီဝန်းကျင်က ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်၊ မြို့နယ် YMBA ဥက္ကဋ္ဌ ဦးလှကြည်ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
"သူအ်ိမ်အပြန်မှာ ပစ်တာပါဗျ၊ ကျည်၁၂တောင့်သုံးတယ်၊ သေဆုံးသွားပါပြီ" ဟု Dagon Seikkan PDF အဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ဦးလှကြည်သည် သမ္မတဦးသိန်းစိန် လက်ထက်မှစတင်၍ (၉၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် မြို့နယ်အုပ်ချုပ်စီမံ ငါးဦးကော်မတီတွင် အဖွဲ့ဝင် (၂) နေရာ၌ တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ဒဂုံဆိပ်ကမ်းမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားကြောင်း သိရသည်။
“သူက ရပ်ကွက်ထဲမှာ လူမိုက်တွေ ပျူစောထီးတွေကို မွေးမြူထားသူပါ။ သဲကျောက်ဒိုင်တွေဆီက ငွေတောင်းပြီး လာဘ်စားတာတွေ လုပ်တဲ့အပြင် မြေကွက်ကိစ္စတွေမှာလည်း ဝင်ရောက်စွက်ဖက်တာတွေ လုပ်နေတာဖြစ်ပါတယ်”ဟု Dagon Seikkan PDF အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
အာဏာသိမ်းကာလ မြို့နယ်ဆန္ဒပြမှု၊ ပစ်ခတ်ဖမ်းဆီးမှုများတွင် ဦးလှကြည်က စစ်ကောင်စီ၏ သတင်းပေး ဒေသခံအဖြစ် လိုက်လံပါဝင်ပြသပြီး ဆန္ဒပြသူများကို ဖမ်းဆီးပစ်ခတ်ရာတွင်လည်း ပစ်ခတ်တဲ့သူများအနီး၌ လိုက်လံပြသ ညွှန်ကြားသူဖြစ်သောကြောင့် စုံစမ်း စီစစ်မှုများပြုလုပ်ပြီးမှ စနစ်တကျ ပစ်ခတ်ခြင်းဖြစ်ကြောင်း Dagon Seikkan PDF အဖွဲ့က ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#ရန်ကုန်တိုင်း
#ဒဂုံဆိပ်ကမ်းမြို့နယ်
#မြို့နယ်YMBAဥက္ကဌ
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍21❤4👏4😁1
Mizzima Weekly Sports အစီအစဉ်
===============
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွာမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတစ်ပတ်မှာတော့ .....
-လှောင်အိမ်ထဲ ထိုးသတ်ကြရန် အီလွန်မတ်နှင့် မက်ဇူကာဘတ်တို့ သဘောတူ
-ပါကစ္စတန်ဘောလုံးသမားတွေ အိန္ဒိယမှာ ၂၀၁၄ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကစားမယ်
-ကမ္ဘာ့နံပါတ်တစ်ဖြစ်လာဖို့ အိပ်မက်တွေမက်နေတဲ့ တောင်ကိုရီးယား ကြက်တောင်အားကစားကြယ်ပွင့်
-ပြောင်းရွှေ့ကြေး အသုံးကြမ်းတဲ့ ဆော်ဒီကလပ်တွေက ဥရောပဘောလုံးလောကကို ခြိမ်းခြောက်တယ်ဆိုတဲ့ အယူအဆ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ပယ်ချတဲ့ သတင်းတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/KAO7-AoM1fk
#weeklysports

YouTube
Mizzima Weekly Sports အစီအစဉ် (Episode-33)
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွာမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတစ်ပတ်မှာတော့ .....
-လှောင်အိမ်ထဲ ထိုးသတ်ကြရန် အီလွန်မတ်နှင့် မက်ဇူကာဘတ်တို့ သဘောတူ
-ပါကစ္စတန်ဘောလုံးသမားတွေ…

👍8❤2🔥1
ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးထပ်ရှို့နေ
==================
MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က သုံးနေရာခွဲ၍ ယနေ့ ဇွန်လ ၂၄ ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
“ညောင်ပင်ကြီး ရွှေအင်းလေးရပ်ကွက်ရယ် နှီးတောရပ်ကွက်ရယ်၊ ခုနစ်အိမ်တန်းရယ်ကို မီးရှို့တာ၊ မီးများတယ်” ဟု ပအဖ အဖွဲ့ ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ညောင်ပင်ကြီးရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဇွန်လ ၉ ရက်ညပိုင်းမှ စတင်ကာ ယနေ့ အချိန်အထိ ညောင်ပင်ကြီးကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။
“ညောင်ပင်ကြီးထဲက နေရာအကုန်လုံးနီးပါး ရှို့ပြီးသွားပြီ၊ စခန်းပတ်လည်က အိမ်တွေဆို မီးရှို့ပြီးတော့ မြေကွက်တွေကို စစ်တပ်ပိုင်အဖြစ် သိမ်းသွားပြီ။ ဇွန်လ ၉ ရက်နေ့ ကတည်းက ရှို့နေတာ အခုဆို မီးလောင် အိမ်ခြေ ၇၀၀ ကျော်သွားပြီ“ ဟု ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ညောင်ပင်ကြီးကျေးရွာအတွင်း နေ့စဥ်မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်နေသဖြင့် ဒေသခံများသည် ယခုအချိန်အထိ နေရပ်မပြန်နိုင်ဘဲ နီးစပ်ရာ နေရာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စစ်ဘေးရှောင်နေရကြောင်း ဆားလင်းကြီး ပအဖ ထံမှ သိရသည်။
“လူဦးရေ ၆,၀၀၀ နီးပါးလောက်ရှိပြီ စစ်ဘေးရှောင်နေရတာ စစ်ကောင်စီတပ်က အခုလိုမျိုး မီးရှို့လိုက် နားလိုက်လုပ်ပြီး အဲ့မှာအထိုင်ချလိုက်မယ်ဆိုရင် ဆားလင်းကြီးအတွက်က ကုန်စည် စီးဆင်းမှု ပိတ်သွားပြီး ကုန်စျေးနှုန်းကြီးမြင့်လာနိုင်တယ်“ ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ညောင်ပင်ကြီး ကျေးရွာသည် မုံရွာမြို့ နှင့် ချင်းတွင်းမြစ်သာ ခြားပြီး ကုန်စည်များကို မုံရွာမြို့မှ ရေကြောင်းဖြင့် သယ်ယူပို့ဆောင် ရောင်းဝယ်ခြင်းများ လုပ်ကိုင်နေသည့် နေရာတစ်ခုလည်း ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး

#စစ်ကိုင်းတိုင်း – Explore
explore #စစ်ကိုင်းတိုင်း at Facebook
🤬15🔥2👍1👎1
ကနီက စစ်ရှောင်ကလေးငယ် ၁၀၀ ကျော် ပညာသင်ကြားဖို့ အခက်အခဲရှိနေ
===================
လွှမ်းမိုး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုး ၊ မီးရှို့နေတာကြောင့် ဒေသခံပြည်သူ ရာနှင့်ချီပြီး နေရပ်ကို စွန့်ခွါကာ တောတောင် လျှိုတွေ ကြားမှာ စုပေါင်းပြီး စစ်ရှောင်နေကြရပါတယ်။
အဲဒီမှာ စစ်ရှောင်အိမ်ထောင်စု ၂၀၀ နီးပါးရှိပြီး ကျောင်းနေအရွယ် ကလေးငယ် ၁၀၀ ကျော်ရှိပါတယ်။ ဒီကလေးငယ် ကျောင်းသား၊ ကျောင်းသူတွေကို စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁၃ ဦးနဲ့ ပညာသင်ကြား ပေးနေတာပါ။
ကျောင်းသား ကလေးငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက် သင်ထောက်ကူပစ္စည်း မလုံလောက်မှုတွေနဲ ကြုံနေရတယ်လို့ ပရဟိတ ပညာသင်ကြားပေးနေတဲ့ ဆရာမ ဒေါ်သီတာလွင်က မဇ္ဈိမကို ပြောပါတယ်။
https://youtu.be/I8pS3nWC5yY
#ကနီမြို့နယ်
#စစ်ရှောင်ကလေးငယ်
#ပညာရေးအခက်အခဲ

လွှမ်းမိုး။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုး ၊ မီးရှို့နေတာကြောင့် ဒေသခံပြည်သူ ရာနှင့်ချီပြီး နေရပ်ကို စွန့်ခွါကာ တောတောင် လျှိုတွေ ကြားမှာ စုပေါင်းပြီး စစ်ရှောင်နေကြရပါတယ်။
အဲဒီမှာ စစ်ရှောင်အိမ်ထောင်စု…
အဲဒီမှာ စစ်ရှောင်အိမ်ထောင်စု…
👍13🔥3😢3
Bitcoin က မြန်မာနိုင်ငံ မှာဘာတွေကူညီပေးခဲ့သလဲ ?
=============
(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
[https://www.facebook.com/bitcoin.MM.initiatve](https://www.facebook.com/bitcoin.MM.initiatve"")

မြန်မာနိုင်ငံ မှာ ၂၀၂၁ ခုနှစ် မှာ စစ်တပ်မှအာဏာသိမ်း မှုဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်သိပ်မကြာခင်မှာ ပဲ မြန်မာနိုင်ငံရဲ့ ဘဏ်စနစ် တွေ ဟာ အာဏာသိမ်းစစ်ကောင်စီ မှ အစမတန် ဒေါ်လာများ ကိုဗဟိုဘဏ် မှ ထုတ်ရောင်းမှု ကြောင့် တဖြည်းဖြည်းနှင့် ယိုယွင်းလာခဲ့ပါတယ်။
ဒီ အကျိုးဆက်တွေ အနေနဲဘဏ်အကောင့်များကို အကန့်အသတ်ဖြင့်သာ တစ်ပတ် ၃ သိန်း ၅ သိန်း သာ ထုတ်ပေးခြင်း ၊ ATM များတွင် ပိုက်ဆံ ထုတ်ရန် နံနက်အစောကြီး ကတည်းက တန်းစီ ပြီးစောင့်နေရခြင်း နဲ့ ဒေါ်လာစျေးပြီး များဟာ လည်း ယခင် အမေရိကန်ဒေါ်လာ ၁ = မြန်မာငွေ ၁၃၀၀ ၁၄၀၀ ကျပ်နီးပါးမှ ၂၀၀၀ ကျော် ယခု ၃၀၀၀ နီးပါး အထိ မြင့်တတ်လာပါတော့တယ်။ ဒီလို အခြေအနေတွေ နောက်မှာတော့ဘဏ်တွေဟာ အာဏာ ရှင်အလို ကျအတိုင်း ဖြစ်လာပြီးတော့ တော်လှန်ရေး အတွက် ပါ၀င် ကူညီမှု များအပါအ၀င် ကူညီထောက်ပံ့နေတဲ့ အကောင့်တွေကိုပါပိတ်သိမ်းလာတာတွေကို ဂုဏ်ယူစွာ လုပ်လာခဲ့ပါတယ်။
အဖြစ်အပျက်တွေကြောင့် မြန်မာပြည်သူလူထုဟာ သိန်းနဲ့ ချီတဲ့ လူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ ငွေတွေ မတရားသိမ်းဆည်းခံရမှာ ကြောက်တာကြောင့် မြန်မာငွေကို မြန်မာငွေနဲ့ ရာခိုင်နှုန်းများ ပေးကာ ထုတ်ယူ လဲလှယ်ခဲ့ကြတာမျိုးတွေ ရှိပါတယ်။
ဘဏ်တွေကို ယုံကြည်မှုကြောင့် လူပေါင်းများစွာဟာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဒုက္ခရောက်ခဲ့ကြသလိုပဲ တချို့တွေကတော့ ဘယ်သူမှ ပါဝင် ထိန်းချုပ်လို့ မရနိုင်တဲ့ ဗဟိုအခြေပြုခြင်း မရှိတဲ့ ငွေကြေးစနစ်တွေမှာ မိမိရဲ့ ကြိုးစားရှာထားတဲ့ ငွေကြေးတွေကို ပြောင်းလဲ သိမ်းဆည်းထားကြပါတာမျိုးတွေ ရှိလာပါတယ်။
ဥပမာ တစ်ခုအနေနဲ့ စာရေးဆရာ အဲလက်စ်ဂလက်စတိန်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေထားတဲ့ “Check Your Financial Privilege” စာအုပ်မှာ မြန်မာပြည်နဲ့ ပက်သက်တဲ့ အကြောင်းအရာတစ်ခုကို ဥပမာ အနေနဲ့ ရေးသားခဲ့ပါတယ်။
“ကိုယ်တွေ့ ဥပမာအနေနဲ့ပြောရရင် 2021 ခုနှစ် ဖေဖော်ဝါရီမှာ မြန်မာ့တော်လှန်ရေးအစမှာ လူတစ်ယောက်က ကျွန်တော့်ကို ဆက်သွယ်လာတယ်။ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အကူအညီတွေ ပေးချင်ပေမယ့် ဘဏ်စနစ်က လက်တွေ့မှာ ပိတ်သွားပြီး ဒေါ်လာတွေကို လွယ်လွယ်နဲ့ လွှဲဖို့ နည်းလမ်းမရှိတော့ဘူး ဖြစ်နေတယ်။ နည်းလမ်းရှာဖွေမှုတစ်ချို့ ပြုလုပ်ပြီးတဲ့နောက်မှာတော့ Bitcoin အသုံးပြုသူတစ်ဦးလည်းဖြစ်၊ ဖွံ့ဖြိုးတိုးတက်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးနဲ့ မိတ်ဆက်ပေးခဲ့တယ်။ သူက အလှုငွေကို Bitcoin နဲ့ လက်ခံလိုက်ပြီး Peer-to-peer စျေးကွက်မှာ ပြိုကျနေတဲ့ မြန်မာကျပ်ကို ပြောင်းပြီး လိုအပ်တာတွေ ဝယ်ဖို့ အတွက် သုံးလိုက်ပါတယ်။ BTC လိပ်စာကို Signal ကနေပို့လိုက်ပြီး မိနစ်ပိုင်း အတွင်းမှာ အတားအဆီးမရှိ၊ ကြားခံပုဂ္ဂိုလ်မရှိ၊ အကျင့်ပျက်ခြစားတွေလည်း မရှိဘဲ အဆင်ပြေသွားတယ်။ ဒါက ဥပမာလေး တစ်ခုဆိုပေမယ့် အနာဂါတ်မှာ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတဲ့ အရိပ်အယောင်ပါပဲ။”
Reference :
Aljazeera : Myanmar shadow government approves crypto as official currency
Bitcoin Magazine : Check Your Financial Privilege by Alex Gladstein
Nikkei Asia : Myanmar's pro-democracy forces resist with cryptocurrency
(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)
Telegram တွင် စောင့်ဖတ်ရန် → [https://t.me/BitcoinMyanmarEDU](https://t.me/BitcoinMyanmarEDU "smartCard-inline")

👍15❤4🔥1
Wagner ကြေးစားတပ်နှင့် ပတ်သက်ပြီး အပြစ်ပေးမည်ဟု ပူတင်ပြော
======================
ရုရှစစ်ခေါင်းဆောင်များကို ဖြုတ်ချမည်ဟု Wagner ကြေးစားတပ် အကြီးအကဲက ပြောလာသည့်နောက်ပိုင်း၌ ရုရှသမ္မတ ဗလာဒီမာ ပူတင်က ရုရှလူ့အဖွဲ့အစည်းကို ခွဲထုတ်သူများကို “မလွဲဧကန် အပြစ်ပေးသွားမည်” ဟု သတိပေး ပြောဆိုလာသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ရုရှစစ်ခေါင်းဆောင်များကို ဖြုတ်ချမည်ဟု Wagner ကြေးစားတပ် အကြီးအကဲက ပြောလာသည့်နောက်ပိုင်း၌ ရုရှသမ္မတ ဗလာဒီမာ ပူတင်က ရုရှလူ့အဖွဲ့အစည်းကို ခွဲထုတ်သူများကို “မလွဲဧကန် အပြစ်ပေးသွားမည်” ဟု သတိပေး ပြောဆိုလာသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁31👍3❤1
မန္တလေးတွင် ရာအိမ်မှူးသားအဖ သေနတ်ပစ်ခံရပြီး ရာအိမ်မှူးသေဆုံး သားဖြစ်သူ ဗိုက်ပေါက်ထွက်
==================
007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ညက ရာအိမ်မှူးသားအဖ နေအိမ်ရှေ့၌ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး၊ ရာအိမ်မှူးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
"သားအဖနှစ်ယောက် အပြင်ကနေပြန်လာတာကို အိမ်ရှေ့ကနေစောင့်ပစ်သွားတယ်၊ ရာအိမ်မှူးက ညက ၁၀ နာရီလောက်က သေတယ်လို့သိရတယ်၊ သူ့သားကတော့ ဆေးရုံမှာအသက်ရှိသေးတယ်လို့ပြောတာပဲ" ဟု အခင်းဖြစ်စဉ်သိရှိသူ တစ်ဦးက ပြောသည်။
မန္တလေး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် အကွက်(၅၀၀)၊ ၁၀၅(A)လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားနေ ရာအိမ်မှူးဦးမြတ်ထူး(အသက် ၅၆ နှစ်)နှင့် သားဖြစ်သူရဲမြင့်မိုရ်ထူး(အသက် ၂၁ နှစ်)တို့၊ ယမန်နေ့ဇွန် ၂၃ ရက်နေ့ ည ၉ နာရီခန့်က၊ သေနတ် ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်သည်။
သားအဖနှစ်ဦး၊ အပြင်မှနေအိမ်သို့ပြန်လာစဉ်၊ နေအိမ်ရှေ့အရောက် ဆိုင်ကယ်တစ်စီးဖြင့်လိုက်လာသည့် သေနတ်သမားနှစ်ဦးက အနီးကပ် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးတွင် ဦးခေါင်းကျည်ဆန်ထိမှန်ဒဏ်ရာ နှစ်ချက်၊ သားဖြစ်သူတွင် ၀မ်းဗိုက်ပေါက်ထွက်ဒဏ်ရာ တစ်ချက်တို့ အသီးသီးရရှိခဲ့ကြောင်း၊ မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ကုသမှုပေးထားစဉ် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရာအိမ်မှူးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းမှ သိရသည်။
"သေနတ်နဲ့သုံးချက်ပစ်ခံရတယ်၊ ရာအိမ်မှူးကို နှစ်ချက်ထိတယ်၊ သူ့သားကိုတစ်ချက်ထိတယ်၊ ရာအိမ်မှူးက နှစ်ချက်စလုံးခေါင်းချည်းထိတာ၊ ဆေးရုံရောက်လိုက်သေးတယ် ဆေးရုံရောက်ပြီးမှသေတာ" ဟု နီးစပ်သူတစ်ဦးကပြောသည်။
၎င်းတို့နှစ်ဦးအား၊ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရသေးပေ။
မန္တလေးမြို့တွင် ဇွန်လ ၁၀ ရက်နေ့ကလည်း၊ မြစ်သားမြို့နယ် ကျောက်ဆောက်ကျေးရွာမှ ရာအိမ်မှူးဦးလှ၀င်းဆိုသူ နေအိမ်ခြံ၀င်းအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မန္တလေးမြို့
#ရာအိမ်မှူး
#ချမ်းမြသာစည်မြို့နယ်
#သေနတ်သမား
Photo CJ

👍27🔥1
နေပြည်တော်တွင် တော်လှန်ရေးအင်အားစုများ စစ်ဆင်ရေး စပြီဟု NPT-PDF ပြော
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ စစ်ကောင်စီနယ်မြေဖြစ်သော နေပြည်တော်၏ အရပ်လေးမျက်နှာလုံးတွင် တော်လှန်ရေးအင်အားစုများက စစ်ဆင်ရေး စတင်နေပြီဖြစ်ကြောင်း နေပြည်တော် PDF ၏ ဒု−တာဝန်ခံ ဗိုလ်ငွေစိုးက မဇ္ဈိမကိုပြောသည်။
နေပြည်တော်ကောင်စီနယ်မြေသည် စစ်ကောင်စီ၏ နောက်ဆုံးခံတပ်ဖြစ်သည့်အတွက် "လမ်းအားလုံးနေပြည်တော်သို့" စစ်ဆင်ရေးကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပြီး နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှာလည်း တိုက်ရည်ခိုက်ရည်မြင့်တက်လာပြီဟု ၎င်းကပြောသည်။
"မကြာသေးခင်ကဖြစ်ခဲ့တဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းက စစ်ဆင်ရေးတွေကိုကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်သားတွေဟာ စိတ်ဓာတ်ရေးရာကျရှုံးနေပြီ။ ကျွန်တော်တို့ဘက်ကလည်း ဇွဲစိတ်သန်မှုနဲ့ နေပြည်တော်အထိချီတက်သွားမှာပါ” ဟု ဗိုလ်ငွေစိုးကပြောသည်။
စစ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း နေပြည်တော်ကောင်စီနယ်မြေတွင် ပြောက်ကျားစစ်ဆင်ရေးများ ပိုမိုအားကောင်းလာနိုင်ကြောင်း သုံးသပ်သည်။
ထို့ပြင် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သည့် ပျဥ်းမနားမြို့နှင့် ပတ်သက်၍ “ရှမ်းကယားနယ်စပ် ပေါင်းလောင်းမြစ်ဝှမ်း၊ တစ်ဖက်ကကြည့်ရင်း ပျဉ်းမနားပေါ့ ။ အဲ့ဒီနေရာမှာ စစ်ကောင်စီဘက်က ခံစစ်ကြီးကို အပြည့်အဝပြင်ဆင်ထားပါတယ်။ အဲ့တာကိုကျော်နိုင်မှ နေပြည်တော်ကိုထိုးစစ်စလာနိုင်မှာပါ ” ဟု လည်း ၎င်းကပြောသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်ဆင်ရေး စ
#NPT-PDF
#နေပြည်တော်

👍36❤8😁3
This media is not supported in your browser
VIEW IN TELEGRAM
မင်းသား ပတ်ဆိုးဂျွန်ရဲ့ Dating သတင်း
Full Video Link - https://youtu.be/POrdyIyfBVE
#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts

👍5🍌1