Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ပခုက္ကူမြို့နယ် စစ်ကောင်စီ လျှပ်စစ်မီတာရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ
=====================

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် လျှပ်စစ်မီတာ ရုံးကို ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် လက်ပစ်ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Young Force (UG) အဖွဲ့ က မဇ္ဈိမကို ပြောသည်။

လျှပ်စစ်မီတာရုံး ဝန်ထမ်းများသည် စစ်သားများ၊ ရဲများဖြင့် လုံခြုံရေးယူပြီး ပြည်သူ့လူထုထံမှ မီတာခများကို အတင်းအဓမ္မခြိမ်းခြောက်ကောက်ခံနေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း တိုက်ခိုက်မှုလုပ်ခဲ့သည့် Young Force (UG) အဖွဲ့က ဆိုသည်။

“ပြည်သူလူထု ကို အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး မီတာမဆောင်ပါက ဖြုတ်သိမ်းတာတွေ အတင်းအဓမ္မ ခြိမ်းခြောက်ပြီး ငွေကြေးကောက်ခံနေတာကြောင့် အခုလိုမျိုးတိုက်ခိုက်ခဲ့တာပါ” ဟု Young Force (UG) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုများရှိသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးဘဲ စစ်ကောင်စီဘက်က အနီးပတ်ဝန်းကျင်နှင့် လမ်းအချို့ကို ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း Young Force (UG) အဖွဲ့ က ဆိုသည်။

“စကစတွေ လာရောက်စစ်ဆေးနေတယ် ကြားတယ်။ အပျက်အစီး ထိခိုက်မှုရှိတယ်လို့လည်း သိရပါတယ်” ဟု Young Force (UG) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ တိုက်ခိုက်ခံလိုက်ရပြီးနောက် လျှပ်စစ်မီတာရုံးကို ပိတ်ထားလိုက်ပြီး ရုံးအတွင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ပခုက္ကူမြို့နယ် လျှပ်စစ်မီတာရုံးသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၂ ခုနှစ် မတ်လတို့တွင်လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့၏ ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပခုက္ကူ
#လျှပ်စစ်မီတာရုံး
#YFUG
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1😁1
ကြက်မျှစ်ချဉ် နဲ့ ဝက်သားငရုတ်သီးအနှစ် | Chef Eve's Easy Thai Cooking Show | Ep - 20
=====================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့
ကြက်မျှစ်ချဉ် နဲ့ ဝက်သားငရုတ်သီးအနှစ် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။ တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/ZOtRMQILQAk

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🤮1
ဇွန်လ (၂၄) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===============

ဒီကနေ့ညမှာတော့

NUG ကာကွယ်ရေးဝန်ကြီးဌာနက မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၅) ရင်းကို လက်နက်တွေတပ်ဆင်ပေးတဲ့သတင်းနဲ့အတူ

ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်၊ မြို့နယ် YMBA ဥက္ကဋ္ဌ ဦးလှကြည် ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ သတင်းအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ တစ်ပတ်အတွင်း စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ NUG တည်ထောင်တဲ့ နွေဦးဘဏ် အကြောင်းနဲ့ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူးအစီအစဉ်ကို တင်ဆက်ပေးသွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/WjAGMS5nzpM

#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2🔥1👏1
Media is too big
VIEW IN TELEGRAM
“စစ်ကောင်စီတပ်တွေ ဘယ်လို ရိက္ခာရှာဖွေသလဲ” | ချစ်သောအညာမြေ Episode-18

Watch more detail -https://youtu.be/LBljS0E3O9U

#ချစ်သောအညာမြေ #စကားဝိုင်း #shorts #Reels
👍6😁2
Weekend News Roundup
============

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိဘဲ ပိုမိုဆိုးရွားလာနိုင်ကြောင်း စင်္ကာပူနဲ့ အမေရိကန်ပြောတဲ့သတင်း

-မြန်မာမှာ လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာနေကြောင်း ကုလလူ့အခွင့်အရေးဆိုင်မဟာမင်းကြီးပြောတဲ့ သတင်း

-ယူကရိန်းကိုကျုးကျော်မှုအတွက် ရုရှားကိုလျော်ကြေးတောင်းဖို့ ကိယက်ဗ်မဟာမိတ်တွေ ကတိပြုခဲ့ကြ တဲ့သတင်း

-အမေရိကန်သတင်းထောက်ကို ဆက်လက်ချုပ်နှောင်ထားဖို့ ရုရှားတရားရုံးအမိန့်ထုတ် တဲ့သတင်း

-လေအားလျှပ်စစ် စီမံကိန်း ၃ ခုအတွက် ရုရှားနှင့် စစ်ကောင်စီ MOU ထိုး တဲ့ သတင်း

-ဒေါ်လာ ပြတ်လပ်မှုကြောင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု နှောင့်နှေးတဲ့သတင်း

https://youtu.be/oihqxCpGBps

#weekendnewsroundup
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1👏1
Media is too big
VIEW IN TELEGRAM
မော်လမြိုင်-ရေးလမ်းပိုင်းမှာKNLAနဲ့ PDFတွေက ဆက်ကြေးကောက်ပြီး ကားသမား တချို့ကို ရိုက်နှက်ခဲ့တယ်ဆိုတဲ့သတင်းမှားပျံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်-https://www.facebook.com/MizzimaDaily/posts/pfbid0ZFHb3mjnxMQvwahsw5mZRHaw3P9LEsMzCu4K1WAK3s146WByuMcadfBoNDA9v3GEl

#Misinformation_Buster #Fake_News #Shorts #Reels #KNLA #PDF #မော်လမြိုင်_ရေး
👍7🔥1
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ အခြေခံအမှုစစ် သင်တန်းဆင်း
❤7👍3🔥1
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ အခြေခံအမှုစစ် သင်တန်းဆင်း
==================

ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ပြည်နယ်အဆင့် အခြေခံအမှုစစ်သင်တန်းကို ဇွန် ၁ရက်မှ ၁၉ရက်အထိ ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ဇွန်လ ၂၃ရက်တွင် အသိပေးထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်နယ်အဆင့် အခြေခံအမှုစစ်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။

“သင်တန်းကာလတွင် အခြေခံစစ်ရေးပြ၊ အမှုစစ်၊ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေး၊ Federal ရဲတပ်ဖွဲ့စနစ်၊ နိုင်ငံတကာရဲတပ်ဖွဲ့ ကျင့်ဝတ်နှင့်ဥပဒေ စသည့်ဘာသာရပ်များအား သင်ကြားပို့ချခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါသင်တန်းသို့ ချင်းပြည်နယ်ရှိ မြို့နယ်အသီးသီးမှ သင်တန်းသား ၈၈ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အမှတ်စဥ် ၁/၂၀၂၃ မှ သင်တန်းဆင်းသည့် ရဲတပ်ဖွဲ့ဝင်များအားလုံးသည် ချင်းပြည်နယ်အတွင်းရှိ လိုအပ်သည့်နေရာများတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့သည် ၎င်းတို့လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ချစ်ကြည်ရင်းနှီးသော မဟာမိတ်ဆက်ဆံရေးထားရှိပြီး တရားဥပဒေစိုးမိုးရေး ၊ လေ့ကျင့်သင်ကြားရေးနှင့် သတင်းဖလှယ်ရေးကိစ္စရပ်များတွင် နက်ရှိုင်းစွာ အတူတကွ ပူးပေါင်းဆောင်ရွက်နေမှုအပေါ်တွင်လည်း များစွာဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ သဝဏ်လွှာပေးပို့သည်။

ထို့အပြင် ချင်းပြည်နယ်ရဲတပ်ဖွဲ့သည် ပြည်သူလူထုအား ဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စုရဲတပ်ဖွဲ့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရန်လည်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ဟု အဆိုပါ သဝဏ်လွှာတွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ချင်းပြည်နယ်ရဲတပ်ဖွဲ့
#ပြည်နယ်အဆင့်
#အခြေခံအမှုစစ်
#သင်တန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤16👍2🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ ဇွန် ၂၀၂၃) 
======================

ကရင်နီပြည်နယ်တွင် မယ်စဲ့မြို့ကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီး အုပ်ချုပ်ရေး စတင်နေပြီဟုထုတ်ပြန်ထားသည်။ တော်လှန်ရေးတပ်ဖွဲ့များတဖြည်းဖြည်းဖြင့် မြို့များကို ချဉ်းကပ်လာနိုင်ပြီး မကြာမီ တခြားမြို့များကို သိမ်းပိုက်လာနိုင်ဖွယ်ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤4😁2
“စစ်ကောင်စီတပ်တွေ ဘယ်လို ရိက္ခာရှာဖွေသလဲ” | ချစ်သောအညာမြေ Episode-18
=========================

အညာဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ သူတို့ရဲ့အမာခံ ပျူစောထီးတွေ ဘယ်လိုနည်းလမ်းတွေနဲ့ စားရေရိက္ခာ ရှာဖွေနေကြပါသလဲ၊ စစ်တပ်နဲ့ ပျူစောထီးတွေ ရိက္ခာရှာတာကြောင့် ဒေသခံတွေ ဘယ်လို အခက်အခဲ ဘေးဒုက္ခ ကြုံကြရပါသလဲ၊ စစ်တပ်နဲ့ ပျူစောထီးတွေ သူတို့လိုအပ်သလောက် ရိက္ခာအလုံအလောက် ရနေပါရဲ့လား၊ သူတို့ရိက္ခာရှာတာကို ဒေသခံ တော်လှန်ရေးအဖွဲ့တွေက ဖြတ်တောက်နိုင်မယ့် အလားအလာကရော ဘယ်လိုရှိပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ ကြည့်ရှု နားဆင်ကြရပါမယ်။

ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း တိုက်နယ် ၂ ပကဖတာဝန်ခံ ကိုသူရိန်၊ အင်းတော်မြို့က ထောက်ပို့တဦးဖြစ်သူ ကိုပိုင်တို့နဲ့ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။

https://youtu.be/LBljS0E3O9U

#ချစ်သောအညာမြေ
#စကားဝိုင်း
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14😁2
​​တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အာဏာရှင်ဟု ခေါ်ဆိုခြင်းက နိုင်ငံရေးအရ ရန်စမှုဖြစ်ကြောင်း တရုတ် တုံ့ပြန်  
========================

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အာဏာရှင်ဟု ခေါ်ဆိုခြင်းက နိုင်ငံရေးအရ ရန်စမှုဖြစ်ကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁16👍4👏3
​​ဟင်္သာတမြို့နယ်တွင် CDM ကျောင်းဆရာမအပါဝင် စုစုပေါင်း ၆ ဦး ရိုက်နှက်ဖမ်းဆီးခံရ
=======================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ဟင်္သာတမြို့နယ်တွင် CDM ကျောင်းဆရာမတစ်ဦးနှင့် NLD ပါတီဝင် တစ်ဦးအပါအဝင် စုစုပေါင်း ခြောက်ဦးကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်ပြုလုပ်မှုအား လူမှုကွန်ရက်မှတစ်ဆင့် ပါဝင်ဆင်နွှဲခဲ့သည့် နတ်မော်တိုက်နယ်မှ ကိုဟိန်းထက်ဇော်ကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ဇွန်လ ၂၀ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ကိုဟိန်းထက်ဇော်အားရိုက်နှက်စစ်ဆေးပြီး နတ်မော်တိုက်နယ်၊ နတ်မော်ကျေးရွာမှ CDM ကျောင်းဆရာမ ဒေါ်နွေးနွေးဦး၊ နိဗ္ဗန်တိုက်နယ် အုန်းပင်ကွင်း ကျေးရွာမှ NLD ထောက်ခံသူ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့ကို ဇွန်လ ၂၁ ရက်နေ့၌ ထပ်မံဖမ်းဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ဟိန်းထက်ဇော်ကိုဖမ်းပြီး ရိုက်စစ်တယ်လိုထင်တယ်၊ ဟိန်းထက်ဇော်အဖမ်းခံရတဲ့နေ့မှာပဲ CDM ဆရာမနဲ့ NLD ကိုထောက်ခံတဲ့ အသက်ကြီးကြီး လူကြီးတစ်ယောက် ထပ်အဖမ်းခံရတယ်။ သူက(ကိုဟိန်းထက်ဇော်) အာဏာသိမ်းပြီး တက္ကသိုလ်ဆက်မတက်ဘဲ နေတဲ့သူပါ"ဟု ဆိုသည်။

ယင်းပြင် နတ်မော်တိုက်နယ်အတွင်း နေထိုင်သည့် အမျိုးသား သုံးဦးကို PDF များနှင့် ပတ်သက်သည်ဟုဆိုကာ ဇွန်လ ၂၂ ရက်နေ့တွင် ထပ်မံဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခဲ့သည့် လူများအားလုံးမှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများ၏ ဖမ်းဆီးမှုကိုခံခဲ့ရသည့် အမျိုးသား ငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဟင်္သာတမြို့နယ် အမှတ်(၁)ရဲစခန်း၌ ဖမ်းဆီးထားသည်ဟု သိရပြီး မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ၎င်းတို့အထိုင်ချစစ်ဆေးသည့် ဟင်္သာတမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များကို ဖြုတ်သိမ်းလိုက်ပြီး ဟင်္သာတမြို့နှင့် မြို့ချင်းဆက်လမ်းများပေါ်တွင် ပိတ်ဆို့စစ်ဆေးမှုများ မကြာခဏပြုလုပ်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ လကုန်ပိုင်းမှစတင်ကာ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်၊မြန်အောင်၊ကြံခင်းမြို့နယ်တို့ရှိ တောအုပ်များအတွင်း စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးထားကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်ဖွဲ့
#ဟင်္သာတမြို့နယ်
#CDM
#ကျောင်းဆရာမ
#NLD
ဓာတ်ပုံ - ပုံဟောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬19👍8❤2👏2
ဖားဆောင်းတွင် နယ်ခြားစောင့် ကင်းစခန်း ၃ ခုကို တိုက်ခိုက်၊ စစ်ကောင်စီနှင့် BGF ၂၀ ဝန်းကျင်သေဆုံး
===================

YT

(မဇ္ဈိမ) ။ ။ ထိုင်း - မြန်မာ နယ်စပ် ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) ၏ ကင်းစခန်း သုံးခုအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေး မှတ်တမ်းဌာနတာဝန်ခံနှင့် ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့မှစ၍ ဖားဆောင်းမြို့နယ်၊ ကွက်သစ်တောင်ပေါ်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၃၄)၊ ခလရ (၁၃၅) ကင်းစခန်းများနှင့် ပတောင် (ဖားဆောင်း) အခြေစိုက် BGF တပ်ရင်းဗျူဟာကုန်းတို့အား ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ခုခံကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက အင်အား ၃၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီနှင့် BGF ကင်းစခန်း အသီးသီးတွင် စစ်ကောင်စီ အင်အား ၅၀ ကျော်အထိုင်ချလျက်ရှိပြီး နှစ်ဖက် ပစ်ခတ်မှုများသည် ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့အထိ ပြင်းထန်ခဲ့ကြောင်း သိရသည်။

" ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတာပါ။ သူတို့ဘက်က ၂၀ လောက်ကျတယ်။ ကိုယ်တွေဘက်က ဒဏ်ရာရတဲ့သူရှိပေမယ့် ကျဆုံးသူမရှိသေးဘူး" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေး မှတ်တမ်းဌာနတာဝန်ခံက မဇ္ဈိမကိုပြောသည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုကိုပါ အသုံးပြုခဲ့‌ပြီး ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများဘက်တွင်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဖားဆောင်းမြို့နယ်၊ ကွက်သစ်တောင်ပေါ်၊ ပတောင်ဒေသ အနီးတစ်ဝိုက်မှ ဒေသခံများသည် ထိုင်းနိုင်ငံ၊ မယ့်ဟောင်ဆောင်ခရိုင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။

" တိုက်ပွဲတွေ အများကြီးဖြစ်နေကြတာ။ ဒေသခံတွေလည်း မယ့်ဟောင်ဆောင်ဘက်ကို တိမ်းရှောင်နေတာရှိတယ်" ဟု ဆိုသည်။

ကရင်နီပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ပေါင်းစုများအနေဖြင့် ၎င်းတို့ တိုက်ခိုက်နိုင်ခြေရှိသော စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း ထိုစခန်းများအား ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ပြန်လည်ကြိုးစားလာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေး မှတ်တမ်းဌာနတာဝန်ခံက ဆိုသည်။

"ကရင်နီ တပ်ပေါင်းစုရဲ့စစ်ရေး ရည်မှန်ချက်ကလည်း အတွင်းပိုင်းမြို့တွေကို စကစတပ်တွေ ဖိတိုက်နေတဲ့အချိန် ကိုယ်အတွက် နိုင်ခြေရှိမယ့် စခန်းတွေကို တက်သိမ်းပြတဲ့ အနေအထားပါ။စစ်ကောင်စီကလည်း ပြန်သိမ်းဖို့ လုပ်မှာပါ" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေး မှတ်တမ်းဌာနတာဝန်ခံက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ကလည်း ဖားဆောင်းမြို့နယ်အခြေစိုက် ခလရ (၁၃၄) နှင့် (၁၃၅) စခန်းတို့အား ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သေးပြီး အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ကြပ်ကြီး အောင်ချမ်းငြိမ်းအပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

https://youtu.be/5UnGN_JfinA

စာတည်း ။ ။အောင်ကျော်ဖြိုး
#Mizzima
#ဖားဆောင်းမြို့နယ်
#BGF
#၂၀ ဝန်းကျင် သေဆုံး

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍25👏9❤4😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၄ ရက်ထုတ်လွှင့်မှုများ
====================

https://youtu.be/MbtYjA8dlS4

#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18❤2😁2
ဇွန်လ (၂၅) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီတပ် မီးရိူ့နေတဲ့ ညောင်ပင်ကြီးရွာကနေ တစ်ဖက်ကမ်းကို စက်လှေကူးခွင့်ပိတ်ထားတဲ့သတင်းနဲ့အတူ

မယ်စဲ့မှာ ကျန်ရှိနေတဲ့ ဗျူဟာကုန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး BP-13 က တပ်သားတွေ လက်နက်ချအညံ့ခံတဲ့သတင်းလွှာ အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ NUG တည်ထောင်တဲ့ နွေဦးဘဏ် အကြောင်းနဲ့ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူးအစီအစဉ်ကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/MOuQax0ZelQ

#Morningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍20❤2😁1🤮1
ဇွန်၂၅ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
============

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၅ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေ ထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/hApi9VYNkXo

#Thisweek
#ရန်ကုန်ခေတ်သစ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁1
South Asia Today အစီအစဉ်
=============

ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့

တရုတ်နိုင်ငံမှ အာဖဂန်နစ္စတန်ကို ကြွေးမြီထောင်ချောက် အတွင်းသွတ်သွင်းမှာကို စိုးရိမ်ပူပန်မှုများရှိနေ

ဂျမ်မူနဲ့ ကက်ရှမီးယားအစိုးရမှ ဆရင်နဂါတွင် အလုပ်အကိုင်ပြပွဲ ကျင်းပ

ဂယ်ဂစ်ဘယ်တီစတန် ဒေသခံများမှ တရားဥပဒေမဲ့ မြေယာလုယက်ခြင်းကို ဆန့်ကျင်ဆန္ဒပြ

ဂျာမဏီနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်စ်တိုရီရပ်စ်ဟာနှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေဖို့ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး ရက်ရှ်နက်ဆင်းနဲ့ လွန်ခဲ့တဲ့အပတ်ကနယူးဒေလီမြို့မှာ တွေ့ဆုံခဲ့

အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/AWJA3KFyfqo

#southasiatoday
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18🍌2❤1
​​မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများကို အထူး သတိပြုရှောင်ရှားရန် တရုတ်ကို NUCC သတိပေး
======================

001
(မဇ္စျိမ) ။ ။ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာ မြန်မာ့အရေးကို ပြေလည်စေလိုပြီး မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများနှင့် နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းရန် အမှန်တကယ် ဆန္ဒရှိပါက မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများကို အထူးသတိပြုရှောင်ရှားရန် NUCC က သတိပေးသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိ မြန်မာ့အရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုသာ တွေ့ရှိနေရကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC ) ၏ ဇွန်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ထိုသို့ ဆောင်ရွက်နေခြင်းများသည် မြန်မာပြည်သူများ၏ သဘောဆန္ဒကို မျက်ကွယ်ပြုရာရောက်သည့်အပြင် မြန်မာ့နိုင်ငံရေးပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေးပြဿနာများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ ဆင်းရဲဒုက္ခကို ကြာရှည်စေနိုင်ပါသည်”ဟု NUCCက ဆိုသည်။

ထို့ပြင် ပြည်သူအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုနှင့် လက်ရှိ အကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားအတွက် ကြီးစွာထိခိုက်လျက်ရှိကြောင်း ထောက်ပြသည်။

မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် တရုတ်နိုင်ငံ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းမှုအတွက် မြန်မာပြည်သူများကသာ အာမခံချက်ပေးနိုင်မည်ဖြစ်ပြီး စစ်ကောင်စီက အာမခံချက်ပေးနိုင်မည်မဟုတ်ကြောင်းကို တရုတ်နိုင်ငံအနေဖြင့် သဘောပေါက်ရန် လိုသည်ဟု NUCC က ပြောသည်။

ထို့ကြောင့် မြန်မာပြည်သူများအား စစ်ကောင်စီက နည်းမျိုးစုံဖြင့် ညှဥ်းပန်းသတ်ဖြတ်ရာတွင် အသုံးပြုနေသည့်စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် စစ်ထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို ရပ်တန့်ရန်လိုကြောင်းလည်း သတိပေးထားသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို လက်ခံသဘောတူခဲ့သော်လည်း အကောင်အထည်ဖော်ရာ၌ လက်တွေ့ လိုက်နာဆောင်ရွက်ခြင်းမရှိသော အခြေအနေတွင် တရုတ်နိုင်ငံ၏ စစ်ကောင်စီအပေါ် ပံ့ပိုးရာရောက်သည့် ဆက်ဆံဆောင်ရွက်ခြင်းများသည် စစ်ကောင်စီက ပြည်သူများအပေါ် ဆက်လက်အနိုင်ကျင့်ဖိနှိပ်ရန် အားပေးကူညီနေသကဲ့သို့ ဖြစ်နေကြောင်းလည်းထောက်ပြသည်။

မြန်မာ့အရေးဖြေရှင်းဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ၏ အရေးပါမှုကို NUCCက အသိအမှတ်ပြုပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို အလေးထားလျက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအင်အားစုများနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အိမ်နီးချင်းကောင်း ပီသမှုကို ပြသရန် တိုက်တွန်းထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#NUCC သတိပေး
#တရုတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍27🤣2👎1