မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများကို အထူး သတိပြုရှောင်ရှားရန် တရုတ်ကို NUCC သတိပေး
======================
001
(မဇ္စျိမ) ။ ။ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာ မြန်မာ့အရေးကို ပြေလည်စေလိုပြီး မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများနှင့် နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းရန် အမှန်တကယ် ဆန္ဒရှိပါက မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများကို အထူးသတိပြုရှောင်ရှားရန် NUCC က သတိပေးသည်။
တရုတ်နိုင်ငံအနေဖြင့် လက်ရှိ မြန်မာ့အရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုသာ တွေ့ရှိနေရကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC ) ၏ ဇွန်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ထိုသို့ ဆောင်ရွက်နေခြင်းများသည် မြန်မာပြည်သူများ၏ သဘောဆန္ဒကို မျက်ကွယ်ပြုရာရောက်သည့်အပြင် မြန်မာ့နိုင်ငံရေးပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေးပြဿနာများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ ဆင်းရဲဒုက္ခကို ကြာရှည်စေနိုင်ပါသည်”ဟု NUCCက ဆိုသည်။
ထို့ပြင် ပြည်သူအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုနှင့် လက်ရှိ အကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားအတွက် ကြီးစွာထိခိုက်လျက်ရှိကြောင်း ထောက်ပြသည်။
မြန်မာနိုင်ငံနှင့် စပ်လျဉ်းသည့် တရုတ်နိုင်ငံ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းမှုအတွက် မြန်မာပြည်သူများကသာ အာမခံချက်ပေးနိုင်မည်ဖြစ်ပြီး စစ်ကောင်စီက အာမခံချက်ပေးနိုင်မည်မဟုတ်ကြောင်းကို တရုတ်နိုင်ငံအနေဖြင့် သဘောပေါက်ရန် လိုသည်ဟု NUCC က ပြောသည်။
ထို့ကြောင့် မြန်မာပြည်သူများအား စစ်ကောင်စီက နည်းမျိုးစုံဖြင့် ညှဥ်းပန်းသတ်ဖြတ်ရာတွင် အသုံးပြုနေသည့်စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် စစ်ထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို ရပ်တန့်ရန်လိုကြောင်းလည်း သတိပေးထားသည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို လက်ခံသဘောတူခဲ့သော်လည်း အကောင်အထည်ဖော်ရာ၌ လက်တွေ့ လိုက်နာဆောင်ရွက်ခြင်းမရှိသော အခြေအနေတွင် တရုတ်နိုင်ငံ၏ စစ်ကောင်စီအပေါ် ပံ့ပိုးရာရောက်သည့် ဆက်ဆံဆောင်ရွက်ခြင်းများသည် စစ်ကောင်စီက ပြည်သူများအပေါ် ဆက်လက်အနိုင်ကျင့်ဖိနှိပ်ရန် အားပေးကူညီနေသကဲ့သို့ ဖြစ်နေကြောင်းလည်းထောက်ပြသည်။
မြန်မာ့အရေးဖြေရှင်းဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ၏ အရေးပါမှုကို NUCCက အသိအမှတ်ပြုပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို အလေးထားလျက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအင်အားစုများနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အိမ်နီးချင်းကောင်း ပီသမှုကို ပြသရန် တိုက်တွန်းထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#NUCC သတိပေး
#တရုတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍27🤣2👎1
အာကာသစူးစမ်းလေ့လာရေးအတွက် အိန္ဒိယနှင့် အမေရိကန် လက်မှတ်ရေးထိုးပြီး နိုင်ငံတကာအာကာ သစခန်းသို့ ပူးတွဲမစ်ရှင် စေလွှတ်သွားမည်
========================
မေရိကန်နိုင်ငံတော်လေကြောင်းနှင့် အာကာသစီမံခန့်ခွဲမှုအဖွဲ့ (NASA) နှင့် အိန္ဒိယအာကာသသုတေသန အဖွဲ့ (ISRO) တို့က ၂၀၂၃ခုနှစ်အတွင်း လူလိုက်ပါသည့် အာကာသပျံသန်းမှုဆိုင်ရာမဟာဗျူဟာမူဘောင်တစ်ရပ်ကို ရေးဆွဲနေကြောင်း အမေရိကန်အကြီးတန်း အစိုးရအရာရှိများက ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
မေရိကန်နိုင်ငံတော်လေကြောင်းနှင့် အာကာသစီမံခန့်ခွဲမှုအဖွဲ့ (NASA) နှင့် အိန္ဒိယအာကာသသုတေသန အဖွဲ့ (ISRO) တို့က ၂၀၂၃ခုနှစ်အတွင်း လူလိုက်ပါသည့် အာကာသပျံသန်းမှုဆိုင်ရာမဟာဗျူဟာမူဘောင်တစ်ရပ်ကို ရေးဆွဲနေကြောင်း အမေရိကန်အကြီးတန်း အစိုးရအရာရှိများက ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁1
ထိုင်း-မြန်မာ ပူးပေါင်း ကုန်စည်ပြသ စျေးရောင်းပွဲတော် ရနောင်းတွင် ကျင်းပမည်
❤3🔥2🤮1
ထိုင်း-မြန်မာ ပူးပေါင်း ကုန်စည်ပြသ စျေးရောင်းပွဲတော် ရနောင်းတွင် ကျင်းပမည်
======================
ကိုရွှေမြိတ်
မဲဆောက် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ ၊ ရနောင်းမြို့တွင် ထိုင်းနှင့် အိမ်နီးချင်း နိုင်ငံများ ပူးပေါင်း ပါဝင်နိုင်သည့် ကုန်စည်ပြသ ရောင်းချပွဲနှင့် စီးပွားရေးရာ ဆွေးနွေးပွဲ (Ranong Trade Fair and Matching 2023) ကို ယခု ဇွန်လထဲတွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဇွန်လ ၂၀ ရက်နေ့က ရနောင်းမြို့ ဘန်ရိရပ်ကွက် Eiffel Hotel အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၏ မှတ်တမ်းများ အရ သိရသည်။
အဆိုပါ ကုန်စည်ပြသ စျေးရောင်းပွဲတော်ကို ထိုင်းနိုင်ငံ ရနောင်းမြို့ စည်ပင်သာယာရေးရုံးရှေ့ရှိ ဘက်စုံသုံး ကွင်းပြင် နေရာတွင် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ငါး ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည်ဟု ထိုင်း-မြန်မာ နယ်စပ်ရေးရာ ဆက်ဆံရေး ကော်မတီထံက သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ရေးရာ ဆက်ဆံရေး ကော်မတီ ပြောရေး ဆိုခွင့် ရှိသူ ဦးထင်လင်းဆွေက“ဒီပွဲက ထိုင်း+မြန်မာ နှစ်နိုင်ငံ ပေါင်းပြီး ပြုလုပ်တဲ့ ကုန်စည်ပြသ စျေးရောင်း ပွဲတော်ပါ။ မြန်မာနိုင်ငံဘက်က ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတာ ရှိပေမယ့် အခုချိန် အထိတော့ ပြပွဲမှာ ပါဝင်ဖို့ ဆက်သွယ်လာမှု တွေကတော့ နည်းနေ ပါသေးတယ်”ဟု ပြော သည်။
ယင်း ကုန်စည်ပြပွဲကို နှစ်စဉ် ကျင်းပခဲ့သော်လည်း COVID ကူးစက် ကာလတွင် ရပ်နားခဲ့ရပြီး အခု ပြန်လည် စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကုန်စည်ပြသ စျေးရောင်းပွဲတော် အတွင်းတွင် ပြသ ရောင်းချရာတွင် ထိုင်းနိုင်ငံ အနှံ့အပြားမှ ကုန်စည် အမျိုးအစားများ အားလုံး ပါဝင်ပြသမည် ဖြစ်ပြီး ၊ ပြည်သူလူထု အခြေခံသော ကုန်စည် / Biz Club / SMEs / လုပ်ငန်းတို့မှ ပစ္စည်းများ ၊ စိုက်ပျိုးရေးမှ ထုတ်လုပ်သော ကုန်ချော ထုတ်ကုန်များ ၊ ရနောင်းမြို့မှ လုပ်ငန်းရှင် အငယ်စားများ ၊ မြန်မာနိုင်ငံမှ ထုတ်လုပ်သော ထုတ်ကုန်များ စသည်ဖြင့် ဆိုင်ခန်းပေါင်း ၁၅၀ ခင်းကျင်းပြသ ရောင်းချမည် ဖြစ်သည့် အပြင် ၊ ရိုးရာယဥ်ကျေးမှု အကများ ၊ တေးဂီတ တူရိယာများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်း ၊ လျှပ်စစ် အိမ်သုံး ပစ္စည်း နှင့် အထူး ကုန်စည်များကို ပျော်ရွှင်စွာဖြင့် ကံစမ်းမဲ ဖောက်ပေးခြင်းတို့ကို ပွဲတော် ငါးရက်စလုံးတွင် ထည့်သွင်းထားကြောင်း ၊ ထို့ပြင် ရနောင်းမြို့နှင့် နီးစပ်ရာမြို့များမှ လုပ်ငန်းရှင်များနှင့် စီးပွားရေး မဟာမိတ် ဆွေးနွေးပွဲ (Business Matching) လည်း ပါရှိပါကြောင်း ၊ ယင်း ဆွေးနွေးပွဲတွင် နိုင်ငံခြားသား လုပ်ငန်းရှင် ၂၀ ဦးက ပါဝင် ဆွေးနွေးကြမည်ဟု သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကုန်စည်ပြပွဲ
#ရနောင်းမြို့

Facebook
#mizzima – Explore
explore #mizzima at Facebook
👍11👎2❤1🔥1
ပေါင်းတည်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁ ဦးသေဆုံး
======================
ရွှေနွယ် (မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဇွန်လ ၂၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးသွားသည်ဟု ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ပေါင်းတည်မြို့နယ် သိမ်ကုန်းရွာအထိုင်စခန်းမှ ရွှေလေးကြိုးဝိုင်းဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြား ဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ သရက်ချဉ်ရိုးနားမှာ ဖြတ်တိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန် ၁၅ မိနစ်နဲ့ မိနစ် ၂၀ ကြား ရှိပါ တယ်။ စစ်ကောင်စီတပ်က တဦးသေ တဦးပြင်းထန်ဒဏ်ရာရတယ်ဆိုပေမယ့် အခြားပွန်းပဲ့ရှပ်ထိ ဒဏ်ရာ ရတွေက ငါးဦးလောက် ရှိတာကိုတွေ့ရပါတယ်” ဟု PPDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ကြားဖြတ်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ်သောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက် မရှိဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးစစ်သားရုပ်အလောင်းအား နေရာတွင်ပင် မီးရှို့ခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူကို စောင်ပုခက်ဖြင့်ထမ်းကာ သစ်ပုတ်ပင်တာဝါတိုင်စခန်းသို့ ပြန်သယ် သွားသည်ကိုတွေ့ရသည်ဟု PPDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထို့ပြင် စစ်ကြောင်းပြန်ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အနီးအနားရှိ ယာတဲ သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ၎င်းကဆိုသည်။
လက်ရှိတွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် သစ်ပုတ်ပင်ရွာအနီးရှိ ကျွန်းပင်ဘုရွာသို့ ရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) တပ်ရင်းအဖွဲ့(၂) လင်းယုန်စစ်ကြောင်းနှင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)တပ်ရင်း တပ်ခွဲ(၂)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယခု ဇွန်လအတွင်း ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုနှင့် အလစ်အငိုက်ပစ်ခတ်မှု ခြောက်ကြိမ်ပြုလုပ်ထားပြီး အဆိုပါပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ ငါးဦးသေဆုံးထားပြီးဖြစ်ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ သတင်းပြန်ကြားရေး၏ ထုတ်ပြန်ချက်များနှင့် PPDF တပ်ဖွဲ့၏ သတင်းပေးပို့မှုများအရ သိရသည်။
https://youtu.be/tbaf9MqXbfw
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးတိုင်း
#ပေါင်းတည်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ပေါင်းတည်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁ ဦးသေဆုံး
ရွှေနွယ် (မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဇွန်လ ၂၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးသွားသည်ဟု ပေ…
👍17❤16😁2
ခင်ဦးမြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ ပြည်သူ ၂ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိ
.=======================
MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ ဇွန်လ ၂၄ ရက်နှင့်၂၅ ရက် မနက်ပိုင်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဇွန်လ ၂၄ ရက် မနက်အစောပိုင်းတွင် မြင်းဇောင်းကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ သည် တဲစုကျေးရွာအနီးအရောက်တွင် လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ပြီးနောက် ဒေသခံများ ထွက်ပြေးသည့်နေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကိုနေသူရက ပြောသည်။
“တဲစုရွာနားရောက်တဲ့အချိန် လက်နက်ငယ်နဲ့ ပစ်တယ် ပြီးတော့ ပြည်သူတွေ ထွက်ပြေးတဲ့ ဘက်ကို လက်နက်ကြီး သုံးချက်ပစ်တာမှာ ကိုးဦးထိတယ်။ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ကျန်ရှစ် ယောက်က ဆေးကုသမှုခံယူနေရတယ်။ မနေ့ ကအထိ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေ ရှိတယ် ဒီနေ့မှာတော့ အသက်အန္တရာယ်တော့ မရှိတော့ဘူး” ဟု ၄င်းကပြောသည်။
တဲစုကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာအတွင်းရှိ ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် မြစ်တော်ကျေးရွာသို့ ဝင်ရောက်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
ယင်းစစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၄ ရက်နေ့တွင် မြစ်တော်ကျေးရွာအတွင်း ညအိပ်တပ်စွဲပြီးနောက် ယနေ့ ဇွန်လ ၂၅ ရက် မနက်ပိုင်းတွင် ကန်သာယာကျေးရွာ ဘက်သို့ ခြေလျင်စစ်ကြောင်းဖြင့် ထွက်လာစဉ် လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း ကိုနေသူရက ပြောသည်။
“လက်နက်ကြီးနဲ့ပစ်လို့ ကန်သာယာက ဒေသခံ သုံးယောက်ထိတယ် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရပြီး ဆေးကုသမှု ခံယူနေရတယ်” ဟု ယနေ့မနက်ပိုင်းက အခြေအနေကို ၎င်းကပြောသည်။
ယင်းစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် လက်ရှိအချိန်တွင် ခင်ဦးမြို့ပေါ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး မြို့အဝင်အထွက်များကို စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု

😢15👍5🤬5🔥1
ချင်းပြည်နယ် ဆမီးမြို့တွင် ဆန် ၁ အိတ် ကျပ် ၁၈၀,၀၀၀ အထိ စျေးတက်
=====================
(မဇ္ဈိမ) ။ ။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ရှိ ဆမီးမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်သွန်စျေးများ အဆမတန် မြင့်တက်နေပြီး ဆန် တစ်အိတ်လျှင် ကျပ် ၁၈၀,၀၀၀ အထိဖြစ်လာကြောင်း ဒေသခံများထံက သိရသည်။
ပစ္စည်းများသယ်ယူလိုပါက စစ်ကောင်စီတပ်ထံမှ မြောစာ(ထောက်ခံစာ) ယူရခြင်း၊ စားရိက္ခာ ကုန်ပစ္စည်းများ သယ်ဆောင်ရခက်ခဲခြင်းနှင့်အတူ မိုးတွင်းကာလ လမ်းခရီးခက်ခဲခြင်းများကြောင့် ဈေးများတက်နေခြင်းဖြစ်သည်။
''အဓိကတော့ မြောစာ(ထောက်ခံစာ) လို့ ပြောရမယ်။ပလက်ဝနဲ့ဆမီးကို ဘာပဲသယ်သယ် ဗျူဟာမှာမြောစာ(ထောက်ခံစာ) လုပ်ရတယ်။ အဲဒီမှာတပ်ကနေ ပစ္စည်းအမျိုးအစားအလိုက် ငွေတောင်းတာတွေရှိတယ်။ ဒီတော့ကုန်သည်တွေက အဆင်ပြေတဲ့လမ်းကြောင်းတွေကနေ အဆင့်ဆင့်သယ်တော့ ဈေးတွေ အဆမတန်တက်တော့တာပဲ။ အခုဆိုရင်ဆန်ချောတစ်အိတ်ကို၁၈၀,၀၀၀ ရှိတယ်။ဆန်ကြမ်းဆိုရင် ၁၁၀,၀၀၀ လောက်ပေးဝယ် နေရတယ်''ဟု ဆမီးဒေသခံက ပြောသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဆန်တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀၊ ကြက်သွန် တစ်ပိဿာလျှင် ၇,၀၀၀ ကျပ်၊ စားအုန်းဆီ တစ်လီတာလျှင် ၈,၅၀၀ ကျပ်၊ ကြက်ဥ သုံးလုံးလျှင် ၁,၀၀၀ ကျပ်အထိ ပေးဝယ်ခဲ့ရပြီး ယခုအခါ နှစ်ဆဝန်းကျင် ဈေးများတက်နေသည်ဟု သိရသည်။
ယခင်က ပလက်ဝ နှင့်ဆမီးမြို့များသို့ ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် ရခိုင်ပြည်နယ်၊ ကျောက်တော် လမ်းကြောင်းနှင့် ပခုက္ကူ−မတူပီမှ တဆင့် ဆမီးလမ်းကြောင်းကို အသုံးပြုနေရပြီး ယခု တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော် ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုနေရကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
# ဆမီးမြို့
#ဈေးတက်

😢12👍5🔥4🤬3😁1
မြိတ်မြို့၌ စစ်ကောင်စီဝါဒဖြန့် လက်ကမ်းစာစောင် ယူရန်ငြင်းဆိုသည့် လူငယ် ၂ ဦး ရိုက်နှက်ဖမ်းဆီးခံရ
🤬21😁3❤2👍1
မြိတ်မြို့၌ စစ်ကောင်စီဝါဒဖြန့် လက်ကမ်းစာစောင် ယူရန်ငြင်းဆိုသည့် လူငယ် ၂ ဦး ရိုက်နှက်ဖမ်းဆီးခံရ
=====================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်း၌ စစ်ကောင်စီလက်အောက်ခံအဖွဲ့စည်းများက ဝါဒဖြန့်လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေနေရာ ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က မြစ်ငယ်ရပ် ကွက်၊ ဗိုလ်ချုပ်မြင်းစီးရုပ်တုအရှေ့တွင်ဝေငှနေစဉ် လူငယ်နှစ်ဦးက ယူရန်ငြင်းဆိုရာမှ ရိုက်နှက်ဖမ်းဆီး သွားကြောင်း မြို့ခံများထံမှ သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် “အိမ်အပြန်လမ်းအတွက် ဖိတ်ခေါ်သံ” ခေါင်းစဉ်ဖြင့်ရေးသားထားပြီး တောထဲမှလူငယ်များ အိမ်ပြန်ကြရန်စာသားများပါရှိပြီး လက်နက်နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လာ မည့်သူများကို ဆုကြေးငွေပေးအပ်မည်ဟုရေးထားကြောင်း မြို့ခံများထံမှ သိရ သည်။
“ဒီမနက် မြိတ်တမြို့လုံးကိုလိုက်ဝေတဲ့အချိန် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အရှေ့မှာ အသက် ၂၀ ကျော် လူငယ်နှစ်ဦးက မယူဘူးပြောလို့ ပျူတွေကဝင်ရိုက်ပြီး ဖမ်းဆီးတာခံလိုက်ရတယ်”ဟု မြိတ်မြို့ခံတဦးက ပြော သည်။
ယင်းလက်ကမ်းစာစောင်များကို ဇွန်လ ၂၃ ရက်နေ့မှ စတင်ပြီး မြိတ်မြို့ပေါ်ရှိ စျေးများ၊ လူစည်ကားရာနေ ရာများ၊ လှေဆိပ်နှင့် ဆိုင်ကယ်ကယ်ရီဂိတ်တို့တွင် စစ်ကောင်စီခန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ အရပ်ဝတ် ဖြင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့များ၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ ယာဥ်ထိန်း၊ ထွေအုပ်၊ လဝကနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဝေငှနေကြောင်း မြို့ခံများထံမှ သိရသည်။
“ဒါကတော့ တောထဲမှာ ရှိတဲ့ PDF အဖွဲ့ဆီ သူတို့ မဝေရဲ့လို့ မြို့ပေါ်ကလူတွေကို ဝါဒမှိုင်းတိုက်တဲ့ အနေနဲ့ လုပ်တယ်လို့ပဲ မြင်တယ်”ဟု ဆိပ်ငယ်ရပ်ကွက်နေ ဒေသခံအမျိုးသားတဦးက ပြောသည်။
ယင်း လက်ကမ်းစာစောင်၌ NUG ၊ CRPH တို့က ပြည်သူများကို အကြောက်တရားနှင့် ဝါဒမှိုင်းတိုက်ပြီး စည်းရုံးကာ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများကို လုပ်ဆောင်ခိုင်းနေကြောင်းလည်းထည့်သွင်းရေး သားထားကြောင်း သိရသည်။
တနင်္သာရီတိုင်းအတွင်း၌ စစ်ကောင်စီ၏ဝါဒဖြန့် လက်ကမ်းစာစောင်များကို ဆက်တိုက်ဖြန့်ဝေနေသလို ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကော့သောင်းမြို့တွင် ဝေငှခဲ့သေးကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#မြိတ်မြို့
#ဝါဒဖြန့်လက်ကမ်းစာစောင်
#ရိုက်နှက်ဖမ်းဆီး

👍9🤬6❤2😁2