ခင်ဦးမြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ ပြည်သူ ၂ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိ
.=======================
MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ ဇွန်လ ၂၄ ရက်နှင့်၂၅ ရက် မနက်ပိုင်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဇွန်လ ၂၄ ရက် မနက်အစောပိုင်းတွင် မြင်းဇောင်းကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ သည် တဲစုကျေးရွာအနီးအရောက်တွင် လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ပြီးနောက် ဒေသခံများ ထွက်ပြေးသည့်နေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကိုနေသူရက ပြောသည်။
“တဲစုရွာနားရောက်တဲ့အချိန် လက်နက်ငယ်နဲ့ ပစ်တယ် ပြီးတော့ ပြည်သူတွေ ထွက်ပြေးတဲ့ ဘက်ကို လက်နက်ကြီး သုံးချက်ပစ်တာမှာ ကိုးဦးထိတယ်။ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ကျန်ရှစ် ယောက်က ဆေးကုသမှုခံယူနေရတယ်။ မနေ့ ကအထိ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေ ရှိတယ် ဒီနေ့မှာတော့ အသက်အန္တရာယ်တော့ မရှိတော့ဘူး” ဟု ၄င်းကပြောသည်။
တဲစုကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာအတွင်းရှိ ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေပိုင်းတွင် မြစ်တော်ကျေးရွာသို့ ဝင်ရောက်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
ယင်းစစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၄ ရက်နေ့တွင် မြစ်တော်ကျေးရွာအတွင်း ညအိပ်တပ်စွဲပြီးနောက် ယနေ့ ဇွန်လ ၂၅ ရက် မနက်ပိုင်းတွင် ကန်သာယာကျေးရွာ ဘက်သို့ ခြေလျင်စစ်ကြောင်းဖြင့် ထွက်လာစဉ် လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း ကိုနေသူရက ပြောသည်။
“လက်နက်ကြီးနဲ့ပစ်လို့ ကန်သာယာက ဒေသခံ သုံးယောက်ထိတယ် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရပြီး ဆေးကုသမှု ခံယူနေရတယ်” ဟု ယနေ့မနက်ပိုင်းက အခြေအနေကို ၎င်းကပြောသည်။
ယင်းစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် လက်ရှိအချိန်တွင် ခင်ဦးမြို့ပေါ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး မြို့အဝင်အထွက်များကို စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢15👍5🤬5🔥1
ချင်းပြည်နယ် ဆမီးမြို့တွင် ဆန် ၁ အိတ် ကျပ် ၁၈၀,၀၀၀ အထိ စျေးတက်
=====================
(မဇ္ဈိမ) ။ ။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ရှိ ဆမီးမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်သွန်စျေးများ အဆမတန် မြင့်တက်နေပြီး ဆန် တစ်အိတ်လျှင် ကျပ် ၁၈၀,၀၀၀ အထိဖြစ်လာကြောင်း ဒေသခံများထံက သိရသည်။
ပစ္စည်းများသယ်ယူလိုပါက စစ်ကောင်စီတပ်ထံမှ မြောစာ(ထောက်ခံစာ) ယူရခြင်း၊ စားရိက္ခာ ကုန်ပစ္စည်းများ သယ်ဆောင်ရခက်ခဲခြင်းနှင့်အတူ မိုးတွင်းကာလ လမ်းခရီးခက်ခဲခြင်းများကြောင့် ဈေးများတက်နေခြင်းဖြစ်သည်။
''အဓိကတော့ မြောစာ(ထောက်ခံစာ) လို့ ပြောရမယ်။ပလက်ဝနဲ့ဆမီးကို ဘာပဲသယ်သယ် ဗျူဟာမှာမြောစာ(ထောက်ခံစာ) လုပ်ရတယ်။ အဲဒီမှာတပ်ကနေ ပစ္စည်းအမျိုးအစားအလိုက် ငွေတောင်းတာတွေရှိတယ်။ ဒီတော့ကုန်သည်တွေက အဆင်ပြေတဲ့လမ်းကြောင်းတွေကနေ အဆင့်ဆင့်သယ်တော့ ဈေးတွေ အဆမတန်တက်တော့တာပဲ။ အခုဆိုရင်ဆန်ချောတစ်အိတ်ကို၁၈၀,၀၀၀ ရှိတယ်။ဆန်ကြမ်းဆိုရင် ၁၁၀,၀၀၀ လောက်ပေးဝယ် နေရတယ်''ဟု ဆမီးဒေသခံက ပြောသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဆန်တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀၊ ကြက်သွန် တစ်ပိဿာလျှင် ၇,၀၀၀ ကျပ်၊ စားအုန်းဆီ တစ်လီတာလျှင် ၈,၅၀၀ ကျပ်၊ ကြက်ဥ သုံးလုံးလျှင် ၁,၀၀၀ ကျပ်အထိ ပေးဝယ်ခဲ့ရပြီး ယခုအခါ နှစ်ဆဝန်းကျင် ဈေးများတက်နေသည်ဟု သိရသည်။
ယခင်က ပလက်ဝ နှင့်ဆမီးမြို့များသို့ ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် ရခိုင်ပြည်နယ်၊ ကျောက်တော် လမ်းကြောင်းနှင့် ပခုက္ကူ−မတူပီမှ တဆင့် ဆမီးလမ်းကြောင်းကို အသုံးပြုနေရပြီး ယခု တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော် ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုနေရကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
# ဆမီးမြို့
#ဈေးတက်

😢12👍5🔥4🤬3😁1
မြိတ်မြို့၌ စစ်ကောင်စီဝါဒဖြန့် လက်ကမ်းစာစောင် ယူရန်ငြင်းဆိုသည့် လူငယ် ၂ ဦး ရိုက်နှက်ဖမ်းဆီးခံရ
🤬21😁3❤2👍1
မြိတ်မြို့၌ စစ်ကောင်စီဝါဒဖြန့် လက်ကမ်းစာစောင် ယူရန်ငြင်းဆိုသည့် လူငယ် ၂ ဦး ရိုက်နှက်ဖမ်းဆီးခံရ
=====================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်း၌ စစ်ကောင်စီလက်အောက်ခံအဖွဲ့စည်းများက ဝါဒဖြန့်လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေနေရာ ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က မြစ်ငယ်ရပ် ကွက်၊ ဗိုလ်ချုပ်မြင်းစီးရုပ်တုအရှေ့တွင်ဝေငှနေစဉ် လူငယ်နှစ်ဦးက ယူရန်ငြင်းဆိုရာမှ ရိုက်နှက်ဖမ်းဆီး သွားကြောင်း မြို့ခံများထံမှ သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် “အိမ်အပြန်လမ်းအတွက် ဖိတ်ခေါ်သံ” ခေါင်းစဉ်ဖြင့်ရေးသားထားပြီး တောထဲမှလူငယ်များ အိမ်ပြန်ကြရန်စာသားများပါရှိပြီး လက်နက်နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လာ မည့်သူများကို ဆုကြေးငွေပေးအပ်မည်ဟုရေးထားကြောင်း မြို့ခံများထံမှ သိရ သည်။
“ဒီမနက် မြိတ်တမြို့လုံးကိုလိုက်ဝေတဲ့အချိန် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်အရှေ့မှာ အသက် ၂၀ ကျော် လူငယ်နှစ်ဦးက မယူဘူးပြောလို့ ပျူတွေကဝင်ရိုက်ပြီး ဖမ်းဆီးတာခံလိုက်ရတယ်”ဟု မြိတ်မြို့ခံတဦးက ပြော သည်။
ယင်းလက်ကမ်းစာစောင်များကို ဇွန်လ ၂၃ ရက်နေ့မှ စတင်ပြီး မြိတ်မြို့ပေါ်ရှိ စျေးများ၊ လူစည်ကားရာနေ ရာများ၊ လှေဆိပ်နှင့် ဆိုင်ကယ်ကယ်ရီဂိတ်တို့တွင် စစ်ကောင်စီခန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ အရပ်ဝတ် ဖြင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့များ၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ ယာဥ်ထိန်း၊ ထွေအုပ်၊ လဝကနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဝေငှနေကြောင်း မြို့ခံများထံမှ သိရသည်။
“ဒါကတော့ တောထဲမှာ ရှိတဲ့ PDF အဖွဲ့ဆီ သူတို့ မဝေရဲ့လို့ မြို့ပေါ်ကလူတွေကို ဝါဒမှိုင်းတိုက်တဲ့ အနေနဲ့ လုပ်တယ်လို့ပဲ မြင်တယ်”ဟု ဆိပ်ငယ်ရပ်ကွက်နေ ဒေသခံအမျိုးသားတဦးက ပြောသည်။
ယင်း လက်ကမ်းစာစောင်၌ NUG ၊ CRPH တို့က ပြည်သူများကို အကြောက်တရားနှင့် ဝါဒမှိုင်းတိုက်ပြီး စည်းရုံးကာ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများကို လုပ်ဆောင်ခိုင်းနေကြောင်းလည်းထည့်သွင်းရေး သားထားကြောင်း သိရသည်။
တနင်္သာရီတိုင်းအတွင်း၌ စစ်ကောင်စီ၏ဝါဒဖြန့် လက်ကမ်းစာစောင်များကို ဆက်တိုက်ဖြန့်ဝေနေသလို ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကော့သောင်းမြို့တွင် ဝေငှခဲ့သေးကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#မြိတ်မြို့
#ဝါဒဖြန့်လက်ကမ်းစာစောင်
#ရိုက်နှက်ဖမ်းဆီး

👍9🤬6❤2😁2
"ဖမ်းဆီးသတ်ဖြတ်ခံနေရလို့ ပုပ္ပါးမျောက်မြီးရှည် တွေမျိုးတုန်းတော့မယ်" (ရုပ်၊သံ)
=======================
KMN (မဇ္ဈိမ)။ ။ ပုပ္ပါးမျောက်မြီးရှည်တွေကို မျောက်မျက်ကွင်းဖြူ၊ ပုပ္ပါးလန်ဂါ လို့ ခေါ်ဝေါ်ကြပြီး မြန်မာနိုင်ငံမှာသာတွေ့ရတဲ့ မြန်မာ့မျိုးစိတ်အဖြစ်နိုင်ငံတကာအဖွဲ့တွေက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ ကမ္ဘာကိုကြေညာခဲ့ပါတယ်။
မြန်မာ့မျိုးစိတ်သစ်အဖြစ်တွေ့ရှိချိန်မှာပဲ Critically Endangered Species (မျိုးသုဉ်းလုနီးပါး) အဆင့်ကိုပါ တစ်ခါထဲရောက်ရှိခဲ့တာပါ။မြန်မာနိုင်ငံမှာ ဒီမျောက်မြီးရှည်လေးတွေရဲ့အရေအတွက်ဟာ ခန့်မှန်းချေအားဖြင့် ကောင်ရေ ၂၅၀လောက်ပဲကျန်ရှိပါတော့တယ်။
ပုပ္ပါးတောင်မကြီးတဝိုက်မှာ အများဆုံးနေထိုင်တဲ့မျောက်လေးတွေဖြစ်တာကြောင့် ပုပ္ပါးမျောက်မြီးရှည်လို့ အမည်သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့လည်း ပဲခူးရိုးမ၊ ရှမ်းပြည်နယ် ပန်းလောင် ပြဒါးလင်းဂူတို့မှာ တွေ့ရှိရသလို၊ ကရင်ပြည်နယ်ရဲ့ ရသေ့ပျံတောင်ဝန်းကျင် ရသေ့ပျံဂူ၊ စပါးဂူနှင့် အာလဝံအင်းအနီးမှာလည်း နေထိုင်ကျက်စားကြပါတယ်။
ပုပ္ပါးမျောက်မြီးရှည်တွေဟာ မျေက်ချေးခါးဟင်းအတွက်အမဲလိုက်ခံရတာ၊ ရောင်းဝယ်စားသောက်ကြတာ အတင်းအကျပ်ဖမ်းဆီးမွေးမြူတာတွေကြောင့်လည်း တဖြည်းဖြည်းအကောင်ရေနည်းပါးလာနေပါတယ်။
ပုပ္ပါးမျောက်မြီးရှည် တွေကို လက်လွယ်စလွယ် ဖမ်းဆီးသတ်ဖြတ်နေမယ်ဆိုရင် လုံးဝမျိုးတုန်းပျေက်ကွယ်သွားတော့မယ်လို့ အသိပညာပေးသူတွေကပြောပါတယ်။
https://youtu.be/SYZdSBwYEmM
တင်ဆက်၊တည်းဖြတ် - KMN
#Mizzima
#iamlangur
#popalangur
#ပုပ္ပါးမျောက်မြီးရှည်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
"ဖမ်းဆီးသတ်ဖြတ်ခံနေရလို့ ပုပ္ပါးမျောက်မြီးရှည် တွေမျိုးတုန်းတော့မယ်" (ရုပ်၊သံ)
KMN (မဇ္ဈိမ)။ ။ ပုပ္ပါးမျောက်မြီးရှည်တွေကို မျောက်မျက်ကွင်းဖြူ၊ ပုပ္ပါးလန်ဂါ လို့ ခေါ်ဝေါ်ကြပြီး မြန်မာနိုင်ငံမှာသာတွေ့ရတဲ့ မြန်မာ့မျိုးစိတ်အဖြစ်နိုင်ငံတကာအဖွဲ့တွေက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ ကမ္ဘာကိုကြေညာခဲ့ပါတယ်။
မြန်မာ့မျိုးစိတ်သစ်အဖြစ်တွေ့ရှိချိန်မှာပဲ…

👍11😢9❤1😡1
ဝဂ္ဂနာ ကြေးစားတပ်က ရုရှားမြို့တော်သို့ ချီတက်မှုကို ရပ်တန့်ပြီး နောက်ပြန်လှည့်ရန် ဆုံးဖြတ်
======================
လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ရုရှား ကြေးစားတပ်ဖွဲ့ ဝဂ္ဂနာသည် မော်စကိုသို့ ဦးတည်ချီတက်မှုကို ရပ်တန့်ပြီး နောက်ကြောင်းပြန်လှည့်သွားသည့်အတွက် သမ္မတ ဗလာဒီမာ ပူတင်၏ အာဏာချုပ်ကိုင်မှုအပေါ် အဓိက စိန်ခေါ်မှုတစ်ရပ်ကို လျော့စဲ သက်သာရာရစေခဲ့သည်။ ယခုကဲ့သို့ လုပ်ဆောင်ခြင်းက သွေးထွက်သံယိုမှုများ မဖြစ်အောင် တားဆီးနိုင်လိမ့်မည်ဟု ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ရုရှား ကြေးစားတပ်ဖွဲ့ ဝဂ္ဂနာသည် မော်စကိုသို့ ဦးတည်ချီတက်မှုကို ရပ်တန့်ပြီး နောက်ကြောင်းပြန်လှည့်သွားသည့်အတွက် သမ္မတ ဗလာဒီမာ ပူတင်၏ အာဏာချုပ်ကိုင်မှုအပေါ် အဓိက စိန်ခေါ်မှုတစ်ရပ်ကို လျော့စဲ သက်သာရာရစေခဲ့သည်။ ယခုကဲ့သို့ လုပ်ဆောင်ခြင်းက သွေးထွက်သံယိုမှုများ မဖြစ်အောင် တားဆီးနိုင်လိမ့်မည်ဟု ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁6🤣4👎2
ဆလိုင်းတင်မောင်ဦး ပြောကြားချက်အား ရင်ဝယ်ပိုက် ချီတက်ကြရန် ICNCC တိုက်တွန်း
=======================
ပါခွီး
(မဇ္စျိမ) ။ ။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ ပြောကြားချက်များကို ရင်ဝယ်ပိုက်ကာ ရှေ့ဆက်ချီတက်ကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဇွန်လ ၂၆ ရက် ရက်စွဲဖြင့် ယနေ့ ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုခဲ့သည့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား စစ်အာဏာရှင်အုပ်စုက ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကြိုးပေးသတ်ခဲ့ရာ မနက်ဖြန်တွင် ကျဆုံးခြင်း (၇၄) နှစ်မြောက်ပြည့်ပြီဖြစ်သည်။
ဆလိုင်းတင်မောင်ဦးသည် ၎င်းအားကြိုးပေးသတ်ဖြတ်ရန် ပြင်ဆင်နေသည့် စစ်အာဏာ ရှင်လက်ပါးစေများကို “စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး(I will never kneel down under military boots.)” “ မင်းတို့ ငါရဲ့ခန္ဓာကိုယ်ကိုသတ်လို့ရချင်ရမယ်။ ဒါပေမဲ့ ငါ့ရဲ့ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့မရနိုင်ဘူး( You can kill my body but you can never kill my belief and what I stood for)” ဟု ရဲရဲတောက်ပြောကြားခဲ့သည်။
စစ်အာဏာရှင်စနစ်ဖြုတ်ချရေး ၊ ဖက်ဒရယ်ဒီမိုကရေးစီပြည်ထောင်စုတည်ဆောက်ရေးအတွက် နည်းမျိုးစုံဖြင့် ကျရာကဏ္ဍအသီးသီး၌ ပါဝင်ဆောင်ရွက်နေကြသူများ အားလုံးအနေဖြင့် ဆလိုင်းတင်မောင်ဦး၏ ပြောကြားချက်များကို ရင်ဝယ်ပိုက် ချီတက်ကြရန် အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။
ဆလိုင်းတင်မောင်ဦးသည် ချင်းလူမျိုး တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ပြီး စစ်အာဏာရှင်စနစ်အား ဆန့်ကျင်အံတုသည့် ၎င်း၏လုပ်ဆောင်ချက်သည် ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသားများအတွက်သာမက စစ်အာဏာရှင်စနစ် ကို ဆန့်ကျင်အံတုကြသူတိုင်း စံနမူနာထားလေးစား အသိအမှတ်ပြုရန်ထိုက်တန် ကြောင်း ICNCC ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာ့တပ်မတော် အခြေပြု စစ်အာဏာရှင်စနစ်ဖြင့် နည်းလမ်းမျိုးစုံဖြင့် နှစ်ပေါင်း ၆၀ကျော်ကြာမျှ ချင်းပြည်နယ်အပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံတစ်ခုလုံးကို မတရားအုပ်ချုပ်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေးစီစနစ်သို့ တဆင့်တိုးတက်ပြောင်းလဲလာနိုင်ရန်ကြိုးပမ်းမှုများအား မျက်ကွယ်ပြုကာ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့ တွင် ပြည်သူ့ထံမှအာဏာကို ထပ်မံလုယူသိမ်းပိုက်ခဲ့ကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေး ကြိုးစားနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။
စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသရွေ့ ကာလပတ်လုံး ချင်းလူမျိုးအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများသည် လွတ်လပ်ခြင်း ၊ တရားမျှတခြင်းနှင့် လုံခြုံငြိမ်းချမ်းခြင်းများကို ရရှိခံစားနိုင်မည်အခြေအနေမရှိကြောင်း ပြည်သူလူထု၏ ကိုယ်ပိုင်ပြဌာန်း ရွေးချယ်နိုင်ခွင်များ မည်သည့်အချိန်တွင်မျှ ရရှိလာမည် မဟုတ်ကြောင်း ICNCC ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အန်တုသူတိုင်း စံနစ်မူနာထားလေးစားအသိ အမှတ်ပြုရန်ထိုက်တန်သည့် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့အား ပြည်ထောင်စုမြန်မာနိုင်ငံတဝန်းလုံးတွင် နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန် ကြားကာလ ICNCCက တိုက်တွန်းထားသည်။
မနက်ဖြန်တွင်ကျရောက်မည့် (၄၇)နှစ်မြောက် ဆလိုင်းတင်မောင်ဦးနေ့အခမ်းအနားကို နံနက် ၈နာရီအချိန်တွင် ICNCC က အွန်လိုင်းပလက်ဖောင်းကို အသုံးပြု၍ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အလားတူ နယူးဒေလီမြို့တွင်လည်း ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ် အခမ်းအနားကို ဒေသစံတော်ချိန် ၁၂နာရီအချိန်တွင် ချင်းကျောင်းသားသမဂ္ဂ (CSU) က ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
# ICNCC
#ဆလိုင်းတင်မောင်ဦး
#ကျဆုံးခြင်း (၇၄) နှစ်မြောက်

👍24❤11🤮2
ကရင်နီပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများအား ပြည်မသို့ ပြောင်းရွှေ့နေ
======================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ကရင်နီပြည်နယ်အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများကို လွိုင်ကော်သို့ ပို့ဆောင်ကာ လွိုင်ကော်လေဆိပ်မှတဆင့် နေပြည်တော်နှင့် အခြားမြို့နယ်များသို့ ပို့ဆောင်ပြောင်းရွှေ့ပေးနေသည်ဟု ကရင်နီဒေသတွင်းသတင်းရင်းမြစ်များ၏ပြောဆိုချက်အရ သိရသည်။
ဖားဆောင်းနှင့် ဘော်လခဲမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများအား ရဟတ်ယာဉ်များဖြင့် လွိုင်ကော် သို့ပို့ဆောင်ပြီး ယင်းမှတဆင့် လေယာဉ်ဖြင့် ၎င်းတို့၏ သက်ဆိုင်ရာဒေသများသို့ ပြန်ပို့ပေးနေခြင်းဖြစ် သည်ဟု ကရင်နီမှစစ်ရေးသတင်းလေ့လာစောင့်ကြည်သူ သတင်းရင်းမြစ် (Job For Kayah)က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့မှာ တပ်တွင်းသတင်းပေးတွေလည်း ရှိတယ်။ ကျွန်တော်တို့ရဲ့စောင့်ကြည့်မှုတွေအရလည်း ဒီရက်ပိုင်းမှာ ဝန်ထမ်းတွေရှိတဲ့တိုက်ခြောက်လုံး (လွိုင်ကော် တိုက်ခြောက်လုံးဝန်ထမ်းအိမ်ရာ)မှာဆိုရင် အရေးကြီး စာရွက်စာတမ်းတွေကို သိမ်းဆည်းခိုင်းတယ်။ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတာတွေရှိတယ်” ဟု Job For Kayah မှ တာဝန်ရှိသူက ပြောသည်။

👍20🤣3🥰1👏1
ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ အမှတ်(၁၃၄)ခြေလျင်တပ်ရင်း၊ အမှတ် (၁၃၅) ခြေလျင် တပ်ရင်းနှင့် ဘော်လခဲရှိ စစ်ကောင်စီတပ်တို့မှတပ်ဖွဲ့ဝင်များနှင့်မိသားစုများသည် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ၎င်းတို့၏တပ်ရင်းများသို့ တိုက်ခိုက်မည်ဟုယူဆနေသည့်အတွက် ထိုကဲ့သို့ ရွှေ့ပြောင်းပြင် ဆင်ခြင်းများပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“လွန်ခဲ့တဲ့သုံးရက်လောက်က ဖရဲသီးသတင်းပေးအရ အကြီးပိုင်းတွေရဲ့မိသားစုတွေကို ရွှေ့ခိုင်းတယ်လို့ ပြောလာပါတယ်။ လွိုင်ကော်မြို့ပေါ်မှာ အရင်ကဆို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားလေးနဲ့ မြို့ကိုပတ် လေ့ရှိပေမယ့် အခုတော့ ကင်းပတ်တဲ့အခါမှာ တင့်ကားအမြဲပါလေ့ရှိတယ်။ အင်အားလည်း တော်တော် ဖြည့်တင်းထားတယ်” ဟု လွိုင်ကော်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။
ယမန်နေ့ ဇွန်လ ၂၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀၀ ခန့်အား လေကြောင်းရော ကုန်းကြောင်း မှပါ လွိုင်ကော်သို့လာပို့သွားသည်ဟု သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
“ဒီရက်ပိုင်းကို ရဟတ်ယာဉ်တွေ အရမ်းဝဲတယ်ဗျ။ ဖားဆောင်းဘက်က စစ်ဘေးရှောင်တွေလည်း ဒီဘက် ကိုလာနေတယ် ” ဟု လွိုင်ကော်မြို့ပေါ်အခြေအနေနှင့်ပတ်သက်၍ လွိုင်ကော်မြို့ရှိ လူမှုကူညီရေးအသင်း တခုမှ တာဝန်ရှိသူကပြောသည်။
လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ အုပ်ချုပ်ထိန်းချုပ်နိုင်သည့်နေရာအဖြစ် လွိုင်ကော် မြို့သာကျန်တော့ပြီး ကျန်ဒေသများတွင် စစ်ကောင်စီ၏အင်အားများရှိနေသော်လည်း ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း၊ အုပ်ချုပ်နိုင်ခြင်းမရှိတော့ကြောင်း မဇ္ဈိမ၏ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြော သည်။
“လက်ရှိက ထိန်းချုပ်နယ်မြေတွေ စွန့်ရတယ်၊ အညံ့ခံရတာတွေလည်းရှိလာတယ်ဆိုတော့ လွိုင်ကော်ကို ခံစစ်အနေနဲ့ ကစားလာမယ်။ သူတို့ရဲ့ စစ်သားတွေကတော့ ရှိနေဦးမှာပဲ၊ ဘောလခဲတို့ ဖားဆောင်းတို့မှာ သူတို့ တပ်ရင်းတပ်ဖွဲ့တွေကတော့ ရှိနေဦးမယ်။ ဒါပေမယ့် နောက်ဆုံးအနေနဲ့ကတော့ လွိုင်ကော်ကို အင် အားစုရပ်အနေနဲ့ လုပ်မယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်တယ်” ဟု ၎င်းက ပြောသည်။
ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ (၂)နှစ်ပြည့် အစီရင်ခံ စာအရ မြို့နယ် ၁၀ မြို့နယ်တွင် တိုက်ပွဲပေါင်း အကြိမ်ရေ ၉၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများ အနက် ညောင်ရွှေမြို့တွင် တစ်ကြိမ်၊ ဖားဆောင်းမြို့တွင် နှစ်ကြိမ် နှင့် မယ်စဲ့မြို့တွင် လေးကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ဖားဆောင်းနှင့် မယ်စဲ့မြို့တို့၌ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး မယ်စဲ့မြို့တွင် အချိန် တိုအတွင်း ကရင်နီအင်အားစုဘက်က စခန်းသိမ်းခြင်းများ ဆက်တိုက်ပြုလုပ်လာနိုင်သည်ဟု ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဖားဆောင်းမြို့နယ်တွင် သံလွင်အရှေ့ဖက်ကမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့စစ်ကြောင်းအား ဘောလခဲခရိုင် ပူးပေါင်းဗျူဟာစစ်ကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် အမှတ်-1108၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်-1105 နှင့် အလယ်ပိုင်းတိုင်း ကယားစစ်ဒေသ တပ်ရင်းများက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၀ နှင့် ၂၁ ရက်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲ များ အတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးသည်ဟု ဖားဆောင်း PDF က သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ဇွန်လ ၂၃ ရက်တွင် မယ်စဲ့မြို့နယ်အရှေ့ဖက်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကို ကရင်နီပူးပေါင်း တပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဇွန်လ ၂၄ ရက်နေ့တွင် မယ်စဲ့မြို့ BP-13 ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးအနက် ၁၈ ဦးလက်နက်ချကာ သုံးဦးပျောက်ဆုံးနေသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိ သူ ခူညေးရယ်က ယမန်နေ့က မဇ္ဈိမ၍မေးမြန်းချက်ကိုဖြေကြားထားသည်။
ထိုင်း-ကရင်နီနယ်စပ်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် 4K တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ကြား ဇွန်လ ၁၃ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မယ်တနွယ်တပ်စခန်း၊ တောင်လှတပ်စခန်း၊ BP-14 နှင့် မယ်စဲ့ရဲစခန်းတို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားနိုင်သည်ဟုလည်း ၎င်းကပြောသည်။
မကြာသေးမီက မယ်စဲ့မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ယာယီရဲမှူးသန်းဇော်ဌေး၏ အထက်သို့တင်ပြစာ တွင်လည်း ၎င်းတို့အနေဖြင့် ရဲတပ်သားသစ်စုဆောင်းရန် ကြိုးပမ်းလျက်ရှိသော်လည်း နယ်မြေလုံခြုံရေး အရ စိုးမိုးနိုင်ခြင်းမရှိတော့ခြင်းကြောင့် တပ်သားသစ်စုဆောင်းရန်ခက်ခဲလျက်ရှိပြီး ၎င်းတို့အနေဖြင့် လူငယ်လူရွယ်များအား စည်းရုံးနည်းအမျိုးမျိုးဖြင့် အမြန်စုဆောင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ရေသား တင်ပြထားသည်ကို တွေ့ရသည်။
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့တွင် 4 K တပ်ပေါင်းစုအဖြစ်စုပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်နေ ကြောင်း တိုးတက်သောကရင်နီပြည်အင်အားစု(PKPF)က ဇွန်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထား သည်။
4 K တပ်ပေါင်းစုတွင် KNU/KNLA ၊ KNPP/KA ၊ KNDF သုံးဖွဲ့အပြင် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ခံထားရသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ-KNPLF)တို့ ပါဝင် သည်။

👍27👏3🤣3🔥1