Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကရင်နီပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများအား ပြည်မသို့ ပြောင်းရွှေ့နေ
======================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ကရင်နီပြည်နယ်အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများကို လွိုင်ကော်သို့ ပို့ဆောင်ကာ လွိုင်ကော်လေဆိပ်မှတဆင့် နေပြည်တော်နှင့် အခြားမြို့နယ်များသို့ ပို့ဆောင်ပြောင်းရွှေ့ပေးနေသည်ဟု ကရင်နီဒေသတွင်းသတင်းရင်းမြစ်များ၏ပြောဆိုချက်အရ သိရသည်။

ဖားဆောင်းနှင့် ဘော်လခဲမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများအား ရဟတ်ယာဉ်များဖြင့် လွိုင်ကော် သို့ပို့ဆောင်ပြီး ယင်းမှတဆင့် လေယာဉ်ဖြင့် ၎င်းတို့၏ သက်ဆိုင်ရာဒေသများသို့ ပြန်ပို့ပေးနေခြင်းဖြစ် သည်ဟု ကရင်နီမှစစ်ရေးသတင်းလေ့လာစောင့်ကြည်သူ သတင်းရင်းမြစ် (Job For Kayah)က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့မှာ တပ်တွင်းသတင်းပေးတွေလည်း ရှိတယ်။ ကျွန်တော်တို့ရဲ့စောင့်ကြည့်မှုတွေအရလည်း ဒီရက်ပိုင်းမှာ ဝန်ထမ်းတွေရှိတဲ့တိုက်ခြောက်လုံး (လွိုင်ကော် တိုက်ခြောက်လုံးဝန်ထမ်းအိမ်ရာ)မှာဆိုရင် အရေးကြီး စာရွက်စာတမ်းတွေကို သိမ်းဆည်းခိုင်းတယ်။ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတာတွေရှိတယ်” ဟု Job For Kayah မှ တာဝန်ရှိသူက ပြောသည်။
👍20🤣3🥰1👏1
ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ အမှတ်(၁၃၄)ခြေလျင်တပ်ရင်း၊ အမှတ် (၁၃၅) ခြေလျင် တပ်ရင်းနှင့် ဘော်လခဲရှိ စစ်ကောင်စီတပ်တို့မှတပ်ဖွဲ့ဝင်များနှင့်မိသားစုများသည် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ၎င်းတို့၏တပ်ရင်းများသို့ တိုက်ခိုက်မည်ဟုယူဆနေသည့်အတွက် ထိုကဲ့သို့ ရွှေ့ပြောင်းပြင် ဆင်ခြင်းများပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းက‌ဆိုသည်။

“လွန်ခဲ့တဲ့သုံးရက်လောက်က ဖရဲသီးသတင်းပေးအရ အကြီးပိုင်းတွေရဲ့မိသားစုတွေကို ရွှေ့ခိုင်းတယ်လို့ ပြောလာပါတယ်။ လွိုင်ကော်မြို့ပေါ်မှာ အရင်ကဆို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားလေးနဲ့ မြို့ကိုပတ် လေ့ရှိပေမယ့် အခုတော့ ကင်းပတ်တဲ့အခါမှာ တင့်ကားအမြဲပါလေ့ရှိတယ်။ အင်အားလည်း တော်တော် ဖြည့်တင်းထားတယ်” ဟု လွိုင်ကော်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဇွန်လ ၂၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀၀ ခန့်အား လေကြောင်းရော ကုန်းကြောင်း မှပါ လွိုင်ကော်သို့လာပို့သွားသည်ဟု သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
“ဒီရက်ပိုင်းကို ရဟတ်ယာဉ်တွေ အရမ်းဝဲတယ်ဗျ။ ဖားဆောင်းဘက်က စစ်ဘေးရှောင်တွေလည်း ဒီဘက် ကိုလာနေတယ် ” ဟု လွိုင်ကော်မြို့ပေါ်အခြေအနေနှင့်ပတ်သက်၍ လွိုင်ကော်မြို့ရှိ လူမှုကူညီရေးအသင်း တခုမှ တာဝန်ရှိသူကပြောသည်။

လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ အုပ်ချုပ်ထိန်းချုပ်နိုင်သည့်နေရာအဖြစ် လွိုင်ကော် မြို့သာကျန်တော့ပြီး ကျန်ဒေသများတွင် စစ်ကောင်စီ၏အင်အားများရှိနေသော်လည်း ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း၊ အုပ်ချုပ်နိုင်ခြင်းမရှိတော့ကြောင်း မဇ္ဈိမ၏ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြော သည်။

“လက်ရှိက ထိန်းချုပ်နယ်မြေတွေ စွန့်ရတယ်၊ အညံ့ခံရတာတွေလည်းရှိလာတယ်ဆိုတော့ လွိုင်ကော်ကို ခံစစ်အနေနဲ့ ကစားလာမယ်။ သူတို့ရဲ့ စစ်သားတွေကတော့ ရှိနေဦးမှာပဲ၊ ဘောလခဲတို့ ဖားဆောင်းတို့မှာ သူတို့ တပ်ရင်းတပ်ဖွဲ့တွေကတော့ ရှိနေဦးမယ်။ ဒါပေမယ့် နောက်ဆုံးအနေနဲ့ကတော့ လွိုင်ကော်ကို အင် အားစုရပ်အနေနဲ့ လုပ်မယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်တယ်” ဟု ၎င်းက ပြောသည်။

ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ (၂)နှစ်ပြည့် အစီရင်ခံ စာအရ မြို့နယ် ၁၀ မြို့နယ်တွင် တိုက်ပွဲပေါင်း အကြိမ်ရေ ၉၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများ အနက် ညောင်ရွှေမြို့တွင် တစ်ကြိမ်၊ ဖားဆောင်းမြို့တွင် နှစ်ကြိမ် နှင့် မယ်စဲ့မြို့တွင် လေးကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ဖားဆောင်းနှင့် မယ်စဲ့မြို့တို့၌ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး မယ်စဲ့မြို့တွင် အချိန် တိုအတွင်း ကရင်နီအင်အားစုဘက်က စခန်းသိမ်းခြင်းများ ဆက်တိုက်ပြုလုပ်လာနိုင်သည်ဟု ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖားဆောင်းမြို့နယ်တွင် သံလွင်အရှေ့ဖက်ကမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့စစ်ကြောင်းအား ဘောလခဲခရိုင် ပူးပေါင်းဗျူဟာစစ်ကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် အမှတ်-1108၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် အမှတ်-1105 နှင့် အလယ်ပိုင်းတိုင်း ကယားစစ်ဒေသ တပ်ရင်းများက တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၀ နှင့် ၂၁ ရက်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲ များ အတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးသည်ဟု ဖားဆောင်း PDF က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ဇွန်လ ၂၃ ရက်တွင် မယ်စဲ့မြို့နယ်အရှေ့ဖက်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကို ကရင်နီပူးပေါင်း တပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဇွန်လ ၂၄ ရက်နေ့တွင် မယ်စဲ့မြို့ BP-13 ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးအနက် ၁၈ ဦးလက်နက်ချကာ သုံးဦးပျောက်ဆုံးနေသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိ သူ ခူညေးရယ်က ယမန်နေ့က မဇ္ဈိမ၍မေးမြန်းချက်ကိုဖြေကြားထားသည်။

ထိုင်း-ကရင်နီနယ်စပ်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် 4K တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ကြား ဇွန်လ ၁၃ ရက်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မယ်တနွယ်တပ်စခန်း၊ တောင်လှတပ်စခန်း၊ BP-14 နှင့် မယ်စဲ့ရဲစခန်းတို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားနိုင်သည်ဟုလည်း ၎င်းကပြောသည်။

မကြာသေးမီက မယ်စဲ့မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ယာယီရဲမှူးသန်းဇော်ဌေး၏ အထက်သို့တင်ပြစာ တွင်လည်း ၎င်းတို့အနေဖြင့် ရဲတပ်သားသစ်စုဆောင်းရန် ကြိုးပမ်းလျက်ရှိသော်လည်း နယ်မြေလုံခြုံရေး အရ စိုးမိုးနိုင်ခြင်းမရှိတော့ခြင်းကြောင့် တပ်သားသစ်စုဆောင်းရန်ခက်ခဲလျက်ရှိပြီး ၎င်းတို့အနေဖြင့် လူငယ်လူရွယ်များအား စည်းရုံးနည်းအမျိုးမျိုးဖြင့် အမြန်စုဆောင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ရေသား တင်ပြထားသည်ကို တွေ့ရသည်။

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့တွင် 4 K တပ်ပေါင်းစုအဖြစ်စုပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်နေ ကြောင်း တိုးတက်သောကရင်နီပြည်အင်အားစု(PKPF)က ဇွန်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထား သည်။

4 K တပ်ပေါင်းစုတွင် KNU/KNLA ၊ KNPP/KA ၊ KNDF သုံးဖွဲ့အပြင် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ခံထားရသည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ-KNPLF)တို့ ပါဝင် သည်။
👍27👏3🤣3🔥1
ဒေသအတွင်း နယ်မြေမငြိမ်သက်မှုကြားက ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ်
=====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဒေသတွင်း နယ်မြေမငြိမ်သက်မှုများကြားက ယနေ့ ဇွန်လ ၂၅ရက်တွင်ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

စစ်ကောင်စီတပ်က ဒေသတွင်းစစ်ကြောင်းထိုးနေ၍ ကျေးရွာအချို့မှ ပြည်သူ များစစ်ဘေးတိမ်းရှောင်နေရချိန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး (၈၂၆)ရက်မြောက်

အဖြစ် ဆက်လက်ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်“ ဆိုသည့် စာတန်းကို ကိုင်ဆွဲ၍ ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ပြီး ကျဆုံးခဲ့သော အာဇာနည်များကို ဦးညွှတ်အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

လူထုသပိတ်စစ်ကြောင်းသည် ခွပ်ဒေါင်းအလံနှင့် ကြယ်ဖြူအလံကိုကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေးကာ ချီတက်ခဲ့ကြကာ ကျဆုံးခဲ့သော အာဇာနည်များ ကို အလေးပြုခဲ့ကြသည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
👍20❤11😁2🔥1
​​ငွေလွှဲလုပ်ငန်း ဆောင်ရွက်သူ ၅၁ ဦးနှင့် ကုမ္ပဏီ ၁ ခုကို စစ်ကောင်စီ အရေးယူ
===================

001
(မဇ္စျိမ)။ ။ ငွေလွှဲလုပ်ငန်းဆောင်ရွက်သူ ၅၁ ဦးနှင့် ကုမ္ပဏီတစ်ခုကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါ လူပုဂ္ဂိုလ်များအနေဖြင့် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် မရှိဘဲ ငွေလွှဲလုပ်ငန်းဆောင်ရွက်ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများကို စစ်ဆေးတွေ့ရှိကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ဆိုထားသည်။

ယခုဇွန်လအတွင်းက ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အထက်ပါအတိုင်း စိစစ်ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပြီး ဖမ်းဆီးခံထားသူများ၏ နာမည်အပါအဝင် အသေးစိတ်အချက်အလက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

စစ်ကောင်စီကမူ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားခြင်း၊ တရားမဝင် နိုင်ငံခြားငွေလဲလှယ်ခြင်း၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းများကို ဆက်လက်ရှာဖွေဖော်ထုတ်ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ဆက်စပ်ပြဌာန်းချက်များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ခြိမ်းခြောက်ထားသည်။

စစ်ကောင်စီ၏ ဖမ်းဆီးစစ်ဆေးနေမှုအခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလုပ်ငန်းအချို့ကို မဇ္စျိမက ဆက်သွယ်ခဲ့ရာ အရောင်းအဝယ်ရပ်နားထားကြောင်းသာ ပြန်လည်ဖြေဆိုသည်။

အမေရိကန်က စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုနောက်ပိုင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်များကို အွန်လိုင်းဖြင့် ဗဟိုဘဏ်သို့တင်ပြရောင်းဝယ်ရန် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များကို စစ်ကောင်စီက ညွှန်ကြားထားသည်။

ထိုအွန်လိုင်းအစီစဉ်တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဦးဆောင်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၂၉၂၀/ ၂၉၂၂ ဖြင့် ရောင်းဝယ်ပေးနေပြီး အခြားနေရာများတွင်ဖော်ပြနေသည့်ငွေလဲလှယ်နှုန်းများမှာ တရားမဝင်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ငွေလွှဲလုပ်ငန်း
#အရေးယူ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁6👎2❤1🔥1
​​ကင်းတော်ရွာအနီးက PDF တပ်စခန်း စီးနင်းခံရ၊ တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးပြီး လက်နက်များဆုံးရှုံး
==========================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာအနီးရှိ PDF တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ က ယနေ့ ဇွန်လ ၂၅ ရက်နေ့ မနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့ပြီး လက်နက် ၁၂ လက် နှင့် ခဲယမ်းများဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ မနက်အစောပိုင်းတွင် မန္တလေးတိုင်း၊ ငါန်းဇွန် မြို့ နယ် ဘက်မှ ဧရာ၀တီ မြစ်ကို စက်လှေများဖြင့် ဖြတ်ကူးပြီးနောက် စခန်းကို အလစ်အငိုက်ဝင်ရောက်စီးနင်း ခဲ့ခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးက ပြောသည်။
“ နေရာအတိအကျနဲ့လာပြီး မနက်အစောကြီး အလစ်အငိုက်ဝင်စီးတာ ရဲဘော်အားလုံးကျသွားတယ် ။ လက်နက်တွေလည်း ပါသွားတယ်လို့ သိရတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် M-22 သေနတ် ၁၂ လက်၊ ၄၀ မမ ဆုံလည် တစ်လက်၊ ၇၉ ဗုံးပစ်လောင်ချာတစ်လက် စနိုက်ပါတစ်လက်၊ M-22 ကျည် ၄,၉၅၀ တောင့်၊ 7.62 ကျည် ၅၉ တောင့်၊ ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံး၊ ၄၀မမ ဗုံးသီး ၈၀လုံး၊ ကျည်အိမ် ၃၃ခု၊ လက်ပစ်ဗုံး ၁၂ လုံး၊ ပြောက်ကျားယူနီဖောင်း ၁၂ စုံ၊ အိုင်ကွန် တစ် လုံး၊ အိုင်ကွန် အထိုင်စက် တစ်စုံ၊ ပစ္စည်းအသုံးအဆောင် သုံးစုံတို့အားသိမ်းဆည်းရရှိခဲ့ ကြောင်းဖော်ပြထားသည်။

မဇ္ဈိမအနေဖြင့် ဝင်ရောက်စီးနင်းခံလိုက်ရသည့် PDF တပ်ဖွဲ့သည် မည်သည့်တပ်ဖွဲ့ ဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ပြီး စီးနင်းခံရမှုနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယင်းစစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်အတွင်းရှိ အခြားကျေးရွာများ ဖြစ်သည့် သုံးလင့်၊ ကိုင်းပြင်၊ လဟယ်တော၊ မြင်းဆည်၊ ဥယျာဉ် နှင့် မြစ်သာ စသည့် ကျေးရွာများကိုလည်း ဝင်ရောက်စီးနင်းနေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#စခန်းစီးနင်းခံရ
#၁၂ဦးကျဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢46👍8🤣3👏2👎1
​​စစ်ကောင်စီနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နေပြည်တော်တွင် ၃ ရက်ကြာ တွေ့ဆုံမည်
====================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။နေပြည်တော်တွင် စစ်ကောင်စီနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လာမည့် ဇွန်လ ၂၆ရက်နေ့မှစတင်ပြီး ၃ရက်ကြာ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲကို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်ပါဝင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့က တက်ရောက်သွားမည်ဟု သိရသည်။

“ကျနော်တို့ငါးဖွဲ့ စုပေါင်းပြီးတော့ စစ်ကောင်စီဖိတ်တဲ့ တွေ့ဆုံပွဲကို အတူတူသွားတွေ့ကြမယ်ပေါ့ဗျာ။ ဖိတ်စာအရတော့ တွေ့ဆုံဆွေးနွေးရန် အဲဒီလောက်ပဲ ငြိမ်းချမ်းရေးဆွေးနွေးရန်လည်း မပြောဘူး။ နိုင်ငံရေးကိစ္စလို့လည်း မပြောဘူး။ တွေ့ဆုံဆွေးနွေးရန်ဆိုတဲ့ အကြောင်းကြားချက်အရပေါ့လေ“ ဟု အပစ်ရပ်ငါးဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က မဇ္ဈိမကို ပြောသည်။

တွေ့ဆုံပွဲကို ဇွန်လ ၂၆ရက် ၊ ၂၇ ရက် နှင့်၂၈ရက်တို့တွင် ကျင်းပသွားမည်ဟုသာသိရပြီး မည်သည့်အကြောင်းအရာများ ထည့်သွင်းဆွေးနွေးမည်ကိုမူ သိရှိရခြင်းမရှိသေးဘဲ အပစ်ရပ်အဖွဲ့များဘက်က အားလုံးဆွေးနွေးသဘော တူထားသည်ကို တင်ပြဆွေးနွေးသွားမည်ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီနှင့်တွေ့ဆုံပွဲများတွင် ပုံမှန်ပါဝင်နေကြဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် ရှမ်းပြည်ပြန်လည် ထူထောင်‌ရေးကောင်စီ (RCSS) တို့သည် ယခင်အစည်းအဝေးများတွင် ၎င်းတို့အစီစဉ်ဖြင့် တက်ရောက်ခဲ့သည့်အတွက် လက်ရှိအစည်အဝေးတွင် ပါဝင်မှု ရှိ၊ မရှိ သိရှိနိုင်ရန် ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်၍မရပေ။
အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီခေါင်းဆောင်က ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ၎င်း ကိုယ်တိုင် တွေ့ဆုံမည်ဟု ကြွေးကြော်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက စတင်ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကမူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံရှိ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ (၁၀၆)ကြိမ် ပြုလုပ်ထားပြီး ဆွေးနွေးညှိနှိုင်းမှု အကြိမ် ၅, ၀၀၀ ကျော် ပြုလုပ်ခဲ့သည်ဟု ပြောခဲ့သည်။

ထိုသို့ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်နေသော်လည်း စစ်ကောင်စီသည် လေကြောင်း အသုံးပြု တိုက်ခိုက်မှုများပါ ပြုလုပ်နေသည်။ အထူးသဖြင့် ကရင်ဒေသကို ကိုယ်စားပြုပြီး တက်ရောက်သည့် အဖွဲ့နှစ်ခုရှိနေသည့် ကရင်ပြည်နယ်တွင်ပင် စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်မှုများ၊ စစ်ကြောင်းထိုးမှုကြောင့် သေဆုံးရသူများနှင့်စစ်ရှောင်ရသူများမှာ တဖြည်းဖြည်းတိုးလာသည်။

တွေ့ဆုံဆွေးနွေးပွဲများ၏ ရလဒ်များနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးစောကျော်ညွန့်က “ရိုးရိုးသားပြောရရင် လက်ရှိပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအကြပ်အတည်းကာလမှာ‌တော့ ကျနော်တို့ ကြိုးပမ်းနေဆဲပဲရှိတယ်ဆိုတာကို အကျဉ်းချုပ်ပြောလို့ရပါတယ်” ဟုဆိုသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်ဇွန်လဆန်းပိုင်းက တရုတ်နိုင်ငံဘက်က စီစဉ်မှုဖြင့်‌ မြောက်ပိုင်းညီနောင် သုံးဖွဲ့နှင့် တွေ့ဆုံမှုရှိခဲ့သော်လည်း ဆွေးနွေးပွဲတွင် မည်သည့်ရလဒ်မျှ ရရှိခြင်းမရှိဘဲ ပြီးဆုံးသွားခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#နေပြည်တော်
#စစ်ကောင်စီ
#EAOs
#ငြိမ်းချမ်းရေးဆွေးနွေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🤮11👏2😁2💩2
ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသားများ၏ငွေကြေးများကို ထောင်ဝန်ထမ်းများ အလွဲသုံးစား ပြုလုပ်
🤬17👍2❤1🔥1
ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသားများ၏ငွေကြေးများကို ထောင်ဝန်ထမ်းများ အလွဲသုံးစား ပြုလုပ်
=================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသူ၊ အကျဉ်သားများ၏ ငွေကြေး များကို ထောင်ဝန်ထမ်းများက အလွဲသုံးစားပြုလုပ်နေကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (DPPN) ထံမှ သိရ သည်။

အကျဉ်းသူ၊ အကျဉ်းသားများ၏ အပ်ငွေ ကျပ်သိန်း ၂၀ ကို ထားဝယ်အကျဉ်းထောင်မှ အမှတ်(၂) အိပ် ဆောင်မှူးနှင့် ထောင်တံခါးကြီးတာဝန်ခံဖြစ်သူ ဦးဇော်ဇော်ထက်က ထောင်စျေးဘားတွင် စာရင်းအပြည့် သွင်းပေးခြင်းမရှိဘဲ ငွေစာရင်းများကို လိမ်လည်ထားသည်ဟု အကျဉ်းသားမိသားစုဝင်များနှင့် ထားဝယ် နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) တို့ထံမှ သိရသည်။

ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်(DPPN)မှ တာဝန်ရှိသူတဦးက “အဲဒါတော့ အရင်ကတည်းက ရှိတာပါ။ အရင်ကတော့ ၁၀ ယောက်မှာ တစ်ယောက်လောက်ပါပဲ။ အခုနှစ်မှာမှ လူတိုင်းလိုလိုအပေါ် လုပ်လာတယ်။ အစကတော့ ၅၀,၀၀၀ မှာ ၁၀,၀၀၀ လောက်ပဲဖြတ်တော့ အိမ်ကသွင်းမရမှာစိုးလို့ မပြော ကြတာ အခုကျတော့ စိတ်တိုင်းကျလုပ်နေကြတာ။ တချို့ဆို လုံးဝမရတဲ့သူတွေလည်း ရှိတယ်”ဟု ပြော သည်။

ယင်းငွေများသည် မိသားစုဝင်များက အကျဥ်းသူ/သားများက ထောင်တွင်းသက်သာဆိုင်မှ ရောင်းချပေး သည့် စျေးဝယ်ယူခြင်းနှင့် မုန့်ပဲသရေစာမှာယူခြင်းအတွက် ထောင်မှသတ်မှတ်ထားသည့် နည်းလမ်းများ အတိုင်း ငွေပေးသွင်းထားခြင်း ဖြစ်သည်။

ထားဝယ်အကျဉ်းထောင်တံခါးကြီးတာဝန်ခံ ဦးဇော်ဇော်ထက်က အကျဥ်းသားအပ်ငွေအဖြစ် ကျပ် ၅၀,၀၀၀ အပ်လျင် ထောင်စျေးဘားစာရင်း၌ ကျပ်၁၀,၀၀၀ ၊ ကျပ်၂၀,၀၀၀ စသည်ဖြင့် စာရင်းသွင်းပြီး ကျန်ငွေများကို အလွဲသုံးစားပြုလုပ်ထားခြင်းဖြစ်ကြောင်း DPPN က တာဝန်ရှိသူက ပြောသည်။

“အမှန်ဆိုရင် ထောင်စျေးဘားမှာ အပ်တဲ့ငွေတွေက ထောင်အာဏာပိုင်တွေကပဲ ကိုင်ထားတော့ အိမ်က ဘယ်လောက်ပေးတယ်ဆိုတာ ကျွန်တော်တို့ တိတိကျကျမသိရဘူး စာတွေလာမှပဲသိရတာ”ဟု ထားဝယ် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။

အကျဥ်းသားများ၏အပ်ငွေများကို အလွဲသုံးစားလုပ်နေသည့် ထောင်အရာရှိ ဇော်ဇော်ထက်ဆိုသူမှာ နိုင်ငံ ရေးအကျဥ်းသားများအပေါ် ပြင်းပြင်း ထန်ထန်ဖိနှိပ်လေ့ရှိပြီး မကြာခဏ ကိုယ်ထိလက်ရောက်ရိုက်နှက် ကျူးလွန်နေသူဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်(DPPN)ထံမှ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ထားဝယ်အကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍4❤2😁2🔥1
​​ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ FATF ၏ အမည်ပျက်စာရင်းတွင် မြန်မာကို ဆက်လက်ထည့်သွင်းထား
=======================

ကမ္ဘာ့ ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF) ၏ အမည်ပျက်စာရင်း (black list) တွင် မြန်မာသည် မြောက်ကိုရီးယား၊ အီရန်တို့နှင့်အတူ ဆက်လက် ပါဝင်နေဆဲ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်အဖွဲ့လည်း ဖြစ်သည့် FATF သည် ယခုအခါ ကင်မရွန်း၊ ခရိုအေးရှားနှင့် ဗီယက်နမ် နိုင်ငံတို့ကို ယင်း၏ စောင့်ကြည့်စာရင်း (grey list) တွင် ထည့်သွင်းလိုက်သည်ဟု ဇွန်လ ၂၃ ရက်တွင် ထုတ်ဖော်ကြေညာသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁2❤1
​​ကျောက်တံခါးမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၄ ဦးသေဆုံး
================

YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ငါးဖယ်အင်းကျေးရွာနှင့် သမင်အင်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည် ကျ‌ရောက်ပေါက်ကွဲမှုကြောင့် ဒေသခံလေးဦး သေဆုံးသွားကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) သတင်းရင်းမြစ်ထံက သိရသည်။

"လက်နက်ကြီးကျည်က ငါးဖယ်အင်း ရွာက ဘောလုံးကွင်းထဲကို ကျရောက်ပေါက်ကွဲတာ ဘောလုံးကန်နေတဲ့သူတွေ ထိသွားတယ်" ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ဘောလုံးကွင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် ဘောလုံးကန်နေသည့် အသက်(၃၀)အရွယ် စောသာဂဒိုးနှင့် အသက် (၂၇)နှစ်အရွယ် စောမုဒီတို့ နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ၎င်းက ပြောသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် သမင်အင်းကုန်းရွာ အရှေ့ပိုင်း စာသင်ကျောင်း အနီးရှိ လူနေအိမ်ထဲသို့ ကျရောက် ပေါက်ကွဲခဲ့ရာ အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က ဆက်ပြောသည်။

"ပိန်းဇလုတ်အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းကနေ ညနေ ၄နာရီခွဲလောက်အချိန်ကနေ စပစ်တာပါ။ လက်နက်ကြီးတွေနဲ့ ပစ်တာပါ" ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဇွန်လ ၂၄ ရက် ညနေ ၄ နာရီ ၃၂ မိနစ်ခန့်မှစတင်၍ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုတ်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ (၂၆၄)နှင့် ကျောက်တံခါးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်း ကျောက်တံခါးမြို့နယ်ဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ဇွန်လ ၂၄ ရက်တွင် တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် မည်သည့် စစ်ရေးလှုပ်ရှားမှုမျိုးကိုမျှ မပြုလုပ်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခြင်းသာဖြစ်ကြောင်း တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ငါးဖယ်အင်းကျေးရွာနှင့် သမင်အင်းကုန်းကျေးရွာအုပ်စုမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၆၀) နှင့် နတ်သံကွင်းအပြင်ဘက်ရှိ စစ်ကောင်စီဂိတ်တို့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ ဝါးပင်စုကျေးရွာနှင့် တောကြောင်ပေါက်ကျေးရွာမှ သံဃာတစ်ပါးနှင့် အသက် ငါးနှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပဲခူးတိုင်း
#ကျောက်တံခါးမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6😢5👍4❤1😁1
ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးရှောင်များကို အာဟာရဒါန လှူဒါန်း
👍11❤7🔥1