ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ FATF ၏ အမည်ပျက်စာရင်းတွင် မြန်မာကို ဆက်လက်ထည့်သွင်းထား
=======================
ကမ္ဘာ့ ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF) ၏ အမည်ပျက်စာရင်း (black list) တွင် မြန်မာသည် မြောက်ကိုရီးယား၊ အီရန်တို့နှင့်အတူ ဆက်လက် ပါဝင်နေဆဲ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်အဖွဲ့လည်း ဖြစ်သည့် FATF သည် ယခုအခါ ကင်မရွန်း၊ ခရိုအေးရှားနှင့် ဗီယက်နမ် နိုင်ငံတို့ကို ယင်း၏ စောင့်ကြည့်စာရင်း (grey list) တွင် ထည့်သွင်းလိုက်သည်ဟု ဇွန်လ ၂၃ ရက်တွင် ထုတ်ဖော်ကြေညာသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍20😁2❤1
ကျောက်တံခါးမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၄ ဦးသေဆုံး
================
YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ငါးဖယ်အင်းကျေးရွာနှင့် သမင်အင်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံလေးဦး သေဆုံးသွားကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) သတင်းရင်းမြစ်ထံက သိရသည်။
"လက်နက်ကြီးကျည်က ငါးဖယ်အင်း ရွာက ဘောလုံးကွင်းထဲကို ကျရောက်ပေါက်ကွဲတာ ဘောလုံးကန်နေတဲ့သူတွေ ထိသွားတယ်" ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ဘောလုံးကွင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် ဘောလုံးကန်နေသည့် အသက်(၃၀)အရွယ် စောသာဂဒိုးနှင့် အသက် (၂၇)နှစ်အရွယ် စောမုဒီတို့ နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ၎င်းက ပြောသည်။
ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် သမင်အင်းကုန်းရွာ အရှေ့ပိုင်း စာသင်ကျောင်း အနီးရှိ လူနေအိမ်ထဲသို့ ကျရောက် ပေါက်ကွဲခဲ့ရာ အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က ဆက်ပြောသည်။
"ပိန်းဇလုတ်အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းကနေ ညနေ ၄နာရီခွဲလောက်အချိန်ကနေ စပစ်တာပါ။ လက်နက်ကြီးတွေနဲ့ ပစ်တာပါ" ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
ယမန်နေ့ ဇွန်လ ၂၄ ရက် ညနေ ၄ နာရီ ၃၂ မိနစ်ခန့်မှစတင်၍ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုတ်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ (၂၆၄)နှင့် ကျောက်တံခါးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်း ကျောက်တံခါးမြို့နယ်ဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ဇွန်လ ၂၄ ရက်တွင် တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် မည်သည့် စစ်ရေးလှုပ်ရှားမှုမျိုးကိုမျှ မပြုလုပ်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခြင်းသာဖြစ်ကြောင်း တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ငါးဖယ်အင်းကျေးရွာနှင့် သမင်အင်းကုန်းကျေးရွာအုပ်စုမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၆၀) နှင့် နတ်သံကွင်းအပြင်ဘက်ရှိ စစ်ကောင်စီဂိတ်တို့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ ဝါးပင်စုကျေးရွာနှင့် တောကြောင်ပေါက်ကျေးရွာမှ သံဃာတစ်ပါးနှင့် အသက် ငါးနှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ပဲခူးတိုင်း
#ကျောက်တံခါးမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု

🔥6😢5👍4❤1😁1
ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးရှောင်များကို အာဟာရဒါန လှူဒါန်း
====================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူမျာကို ချင်းတွင်မြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းက အာဟာရဒါန အဖြစ် ထမင်းကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
“လူ ၅၀၀ ကျော်အတွက် အာဟာရဒါနအဖြစ် ထမင်းကျွေးမွေခဲ့တာပါ” ဟု သပိတ်စစ်ကြောင်းမှ ဦးဆောင် အဖွဲ့ဝင် ကိုအောင်ခန့်ဇော်က ပြောသည်။
ညောင်ပင်ကြီးကျေးရွာနှင့် အနီးတဝိုက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၉ ရက်နေ့မှစတင် ကာ နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးနေသည့်အတွက် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ၈,၀၀၀ နီးပါး စစ်ဘေး ရှောင်နေရသည့်အတွက် လိုအပ်ချက်များရှိနေကြောင်း ကိုအောင်ခန့်ဇော်က ဆိုသည်။
“တချို့ကျတော့လည်း အဝတ်တထည်ကိုယ်တခုနဲ့ ကိုယ်လွတ်ရုန်း ပြေးရတဲ့အခါကျတော့ အဝတ်အထည် တွေလိုအပ်တာလည်းရှိတယ်။ အစားအသောက်အတွက် ရိက္ခာတွေလည်းလိုတယ်” ဟု ကိုအောင်ခန့်ဇော် က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ ဇွန်လ ၂၅ ရက် မနက်ပိုင်းကလည်း ညောင်ပင်ကြီးစျေးနားတဝိုက်နှင့် သိမ်တော်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#စစ်ဘေးရှောင်
#အာဟာရဒါန

Facebook
#စစ်ကိုင်းတိုင်း – Explore
explore #စစ်ကိုင်းတိုင်း at Facebook
❤10🔥2
မန္တလေးရွှေဆိုင်များ အရောင်းပိတ်ပြီး အ၀ယ်သာရှိတော့ဟုဆို
=====================
007
(မဇ္စျိမ)။ ။ဘဏ်နှစ်ခုပိတ်ဆို့ခံရမှုဂယက်ကြောင့် ပြည်တွင်း၌ ရွှေစျေးနှုန်းမတည်မငြိမ်ဖြစ်နေရာမှ မန္တလေး မြို့ရှိရွှေဆိုင်များ အရောင်းပိတ်ထားရသည့်အခြေအနေအထိရောက်ရှိသွားကြောင်း သိရသည်။
“ဘဏ်နှစ်ခုပိတ်ဆို့ခံရတဲ့ ကြေညာချက်ထွက်တဲ့နေ့ကနေ ဒီကနေ့အထိဆိုရင် မန္တလေးကရွှေဆိုင်တွေ အရောင်းပိတ်ထားတာ လေးရက်ရှိပြီ။ အရောင်းစျေးမဖွင့်ရဲတာမျိုး မဟုတ်ဘူးနော်။ လုံး၀ကိုမရောင်း တော့တာ။ ဆိုင်တော့ဖွင့်ထားပြီး ပြန်၀ယ်တယ်၊ မရောင်းဘူး။ အဲဒီလိုလုပ်လာတာ ဒီနေ့နဲ့ဆိုရင် လေးရက် ရှိပြီ” ဟု ရွှေစျေးကွက်စောင့်ကြည့်လေ့လာသူတဦးက ပြောသည်။
အမေရိကန်အစိုးရက စစ်ကောင်စီ၏ အဓိကကျသောဘဏ်နှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမည့် သတင်းထွက်ပေါ်လာချိန်မှစ၍ ပြည်တွင်းရွှေစျေးနှုန်း ကမောက်ကမဖြစ်ခဲ့သည်။
ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်တွင် စျေးနှုန်းမတည်မငြိမ်ဖြစ်သွား ပြီး အကျိုးဆက်အားဖြင့် မန္တလေးမြို့ရှိရွှေဆိုင်များ အရောင်းပိတ်ထားရသည်အထိ ဖြစ်ခဲ့ခြင်းဖြစ်သည်။
“ရောင်းစရာရွှေမရှိဘူးလို့ ပြောတယ်၊ အ၀ယ်အတွက်တော့ ပြန်ရောင်းချင်သလောက် ချက်ချင်းငွေချေပေး တယ်။ ဒါပေမယ့် သူတို့သတ်မှတ်တဲ့စျေးနှုန်းအတိုင်းပဲ ပြန်၀ယ်ပေးတာ၊ အခေါက်ရွှေကို ၂၉ သိန်းခွဲနဲ့ပြန် ၀ယ်တယ်၊ သူတို့ဘက်ကကျတော့ ရောင်းစျေးတောင် မဖွင့်ရဲကြဘူး” ဟု ယနေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းက ရွှေအ၀ယ်ထွက်ခဲ့သည့် မြို့ခံတဦးမှပြောသည်။
ရွှေဆိုင်များ အရောင်းပိတ်ထားခြင်းနှင့်ပတ်သက်၍ ရွှေလုပ်ငန်းရှင်အချို့ထံ ဆက်သွယ်မေးမြန်းကြည့်ရာ မှတ်ချက်မပေးလိုကြောင်း ပြန်ဖြေကြသည်။
မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်း(MGEA)မူ ဇွန်လ ၁၆ ရက်နေ့မှစပြီး အခေါက်ရွှေတကျပ်သား လျှင် ကျပ် ၃,၀၅၀,၀၀၀ ၀န်းကျင်စျေးဖြင့် ရောင်းချပေးနေပြီး စနေ၊ တနင်္ဂနွေ နှစ်ရက်အရောင်းပိတ်ထား ကြောင်း သိရသည်။
နိုင်ငံခြားငွေ၀င်ရောက်မှုကိုကန့်သတ်ရန်ရည်ရွယ်ပြီး စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန် သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို ဒဏ်ခတ် ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုကြေညာချက်ကြောင့်၊ ပြည်တွင်း၌ အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက် သွားပြီး ရွှေစျေးလည်း မတည်မငြိမ်ဖြစ်ကာ နိုင်ငံခြားငွေလဲလှယ်သည့်၀န်ဆောင်မှုလုပ်ငန်းများလည်း ရပ် ဆိုင်းသွားကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးမြို့
#ရွှေဈေးနှုန်း
#အရောင်းပိတ်
#ဒဏ်ခတ်ပိတ်ဆို့

👍14🔥4
ရေးမြို့နယ်အတွင်းရှိ နှစ်ကရင်ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်
=====================
YT (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာရှိ နှစ်ကရင်ရဲစခန်းအား KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Commanding Office) အမှတ်(၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးထံမှ သိရသည်။
“ပင်လယ်ကမ်းစပ်မှာရှိတဲ့ နှစ်ကရင်ရဲစခန်းကို KNLA တပ်ရင်း(၂၇)၊ PDF ပူးပေါင်းစစ်ကြောင်းက ဝင် ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီအင်အား ၃၀ ကျော်ရှိပါတယ်” ဟု တောင်ပိုင်းတိုင်း J.O.C၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်မှစတင်၍ ရေးမြို့နယ် နှစ်ကရင်ရဲစခန်းအား တပ်မဟာ (၆) KNLA တပ်ရင်း (၂၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီ အထိ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
နှစ်ကရင်ရဲစခန်းအတွင်း၌ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားများမရှိသည်မှာ ကြာပြီဖြစ်သော်လည်း ရေးမြို့နယ်အတွင်း လှုပ်ရှားရန်ရောက်လာသော အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်း အဆိုပါ ရဲစခန်းအတွင်း အထိုင်ချနေသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် နှစ်နာရီကျော်အတွင်း စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်လာသဖြင့် KNLA တပ်ရင်း (၂၇)၊ PDF ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ပြန်လည်ဆုတ် ခွာခဲ့ရပြီး ရဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံများ၏နေအိမ်များတွင် ကျရောက်ပေါက်ကွဲမှုများရှိ ကြောင်း သိရသည်။
“စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ပစ်ခတ်လို့ ကျေးရွာထဲကလူနေအိမ်တွေထဲ ကျရောက်ပေါက်ကွဲတာရှိပါ တယ်။ ရမ်းသန်းပစ်ခတ်တာကလည်း လူနေအိမ်တွေကို ထိပါတယ်” ဟု တောင်ပိုင်းတိုင်း J.O.C ၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သော အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်တွင် အထိ အခိုက်၊ အကျအဆုံးများနိုင်သော်လည်း အတိအကျအား စုံစမ်းစစ်ဆေးနေဆဲသာဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံတိုင် စစ်ကောင်စီ တပ်စခန်းအား ရိက္ခာနှင့်လက်နက်ခဲယမ်းများထောက်ပို့ရန်လာသော အင်အား ၅၀ ကျော်ပါ စစ်ကောင်စီ တပ်စစ်ကြောင်းအား KNLA ၊ SOF ၊ PDF ပူးပေါင်းစစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးအပါအဝင် သုံးဦးသေဆုံး၍ ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။
https://youtu.be/Tkg3v_KLhJo
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မွန်ပြည်နယ်
#ရေးမြို့နယ်
#နှစ်ကရင်ရဲစခန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ရေးမြို့နယ်အတွင်းရှိ နှစ်ကရင်ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်
YT (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာရှိ နှစ်ကရင်ရဲစခန်းအား KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Commanding Office) အမှတ်(၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးထံမှ…
👍18🔥1😁1
မုံရွာမြို့တွင် မီးရှို့နေသည့် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
=====================
ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ညောင်ပင်စောက်ရပ်ကွက်ရှိ လူနေအိမ်နှင့် ကွမ်းခြံများကို ဝင်ရောက်မီးရှို့နေသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း Area 71 PDF Monywa ထံက သိရသည်။
ယမန်နေ့ ဇွန်လ ၂၄ရက် ညနေ ၅နာရီအချိန်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ စစ်ကောင်စီတပ်သား ကားနှစ်စီးအပြည့် နှင့် ပျူစောထီး ပူးပေါင်း အင်အား ၆၀ ခန့်သည် အပြစ်မဲ့ ပြည်သူနေအိမ်အချို့နှင့် ကွမ်းခြံများကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယမန်နေ့ ည ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့်နေရာသို့ လက်လုပ် တာဝေးပစ် ၆၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကွမ်းခြံကတော့ ခုနစ်ခြံ ၊ ရှစ် ခြံလောက်မီးရှို့ခံရတယ် ။ လူနေအိမ်တွေကတော့ မီးခိုးပဲမြင် ရတယ် ။ ခွေး(စစ်ကောင်စီတပ်) ရှိနေတုန်းဆိုတော့ အတိအကျမသိရသေးဘူး” ဟု Area 71 PDF Monywa တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့သက်သက် ပြည်သူလူထုကို ကြောက်လန့်စေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်းနှင့် ယနေ့ ဇွန်လ ၂၅ရက်အထိ တပ်စွဲထားလျက်ရှိကြောင်းဆိုသည်။
စစ်ကောင်စီတပ်များ ဆက်လက်တပ်စွဲထားပြီး ကင်းပုန်းများ ရှိနေသဖြင့် လူနေအိမ်ပျက်စီးဆုံးရှုံးမှုကို မသိရှိသေးကြောင်းနှင့် ဒေသခံများ တိမ်းရှောင် နေရကြောင်း တာဝန်ရှိသူကဆက်ပြောသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ထိခိုက်မှုမသိရှိရသော်လည်း ၎င်းတို့ဘက်မှ ၄၀မမ များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်းသိရသည်။
အဆိုပါပစ်ခတ်မှုကို Area 71 PDF Monywa နှင့်အတူ မုံရွာမြို့နယ် ပြည်သူ့လုံခြုံ ရေးအဖွဲ့ (ပလဖ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
https://youtu.be/HSr1K3FvPyo
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လက်နက်ကြီးဖြင့် ပစ်ခတ်
#မုံရွာမြို့

ယမန်နေ့ ဇွန်လ ၂၄ရက် ညနေ ၅နာရီအချိန်တွင် အ…

👍23👏2😁2
Media is too big
VIEW IN TELEGRAM
မိမိကိုယ်မိမိ သတ်သေခြင်း (Suicide) | ကျန်းမာသုတ လူမှုဘဝ Episode - 19
https://youtu.be/99EpmS8XQz8
#ကျန်းမာသုတလူမှုဘဝ #သတ်သေခြင်း #(Suicide) #reels #shorts #Mizzima

👍5🔥3
အစ္စလမ္မစ် စစ်သွေးကြွအဖွဲ့ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
==================
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့သည် အစ္စလမ္မစ် အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်သူကို ဒါကာမြို့ရှိ ၎င်း၏ ပုန်းအောင်းရာနေရာ၌ ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ဇွန်လ ၂၄ ရက်တွင် ပြောသည်။ အဆိုပါ အဖွဲ့ကို ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ် စတင်ပြီးနောက် လများအကြာတွင် ခေါင်းဆောင်ဖြစ်သူ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့သည် အစ္စလမ္မစ် အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်သူကို ဒါကာမြို့ရှိ ၎င်း၏ ပုန်းအောင်းရာနေရာ၌ ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ဇွန်လ ၂၄ ရက်တွင် ပြောသည်။ အဆိုပါ အဖွဲ့ကို ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ် စတင်ပြီးနောက် လများအကြာတွင် ခေါင်းဆောင်ဖြစ်သူ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏5👍3🔥2
ဒီတပတ် "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကနေ နားဆင်ရမှာကတော့
====================
ဒီတပတ် "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကနေ နားဆင်ရမှာကတော့ (ရေတပ် CDM - အုပ်ခွဲတပ်ကြပ်ကြီး တစ်ဦးဖြစ်တဲ့) တောင်ညိုစစ်ကြောင်း လက်နက်ကြီးတာဝန်ခံ(ယာယီ) 'ကိုမြတ်မင်းသူ' ပြောပြတဲ့ သူ့ရဲ့ ပြည်သူ့ရင်ခွင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ ခံယူချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
ဒီ Video ကို ရဲဘော်မြဖြိုးကို (တောင်ညိုစစ်ကြောင်း) က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
https://youtu.be/i-YibUHRst4
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ဒီတပတ် "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကနေ နားဆင်ရမှာကတော့ (ရေတပ် CDM - အုပ်ခွဲတပ်ကြပ်ကြီး တစ်ဦးဖြစ်တဲ့) တောင်ညိုစစ်ကြောင်း လက်နက်ကြီးတာဝန်ခံ(ယာယီ) 'ကိုမြတ်မင်းသူ' ပြောပြတဲ့ သူ့ရဲ့ ပြည်သူ့ရင်ခွင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ ခံယူချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
ဒီ Video ကို ရဲဘော်မြဖြိုးကို (တောင်ညိုစစ်ကြောင်း) က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
https://youtu.be/i-YibUHRst4
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဒီတပတ် "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကနေ နားဆင်ရမှာကတော့
ဒီတပတ် "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကနေ နားဆင်ရမှာကတော့ (ရေတပ် CDM - အုပ်ခွဲတပ်ကြပ်ကြီး တစ်ဦးဖြစ်တဲ့) တောင်ညိုစစ်ကြောင်း လက်နက်ကြီးတာဝန်ခံ(ယာယီ) 'ကိုမြတ်မင်းသူ' ပြောပြတဲ့ သူ့ရဲ့ ပြည်သူ့ရင်ခွင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ ခံယူချက်တွေကို နားဆင်ရမှာ…
❤12👍4😁2🤮1
မိမိကိုယ်မိမိ သတ်သေခြင်း (Suicide) | ကျန်းမာသုတ လူမှုဘဝ Episode - 19
==========================
''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်ကနေ ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ကိစ္စရပ်ဖြစ်တဲ့ မိမိကိုယ်မိမိ သတ်သေခြင်း (Suicide) နဲ့ ပတ်သက်တာကို တင်ဆက်ပေးချင်ပါတယ်။ Suicide နဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေ၊ မဖြစ်အောင် တားဆီးလို့ ရ/မရ ဆိုတာတွေနဲ့ ဘယ်လိုကာကွယ်လို့ရမလဲဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။
https://youtu.be/99EpmS8XQz8
#စိတ်ကျန်းမာရေး
#ကျန်းမာသုတလူမှုဘဝ
#ဒေါက်တာဖြိုးသီဟ
#Suicide
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==========================
''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်ကနေ ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ကိစ္စရပ်ဖြစ်တဲ့ မိမိကိုယ်မိမိ သတ်သေခြင်း (Suicide) နဲ့ ပတ်သက်တာကို တင်ဆက်ပေးချင်ပါတယ်။ Suicide နဲ့ ပတ်သက်တဲ့ အယူအဆအမှားတွေ၊ မဖြစ်အောင် တားဆီးလို့ ရ/မရ ဆိုတာတွေနဲ့ ဘယ်လိုကာကွယ်လို့ရမလဲဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။
https://youtu.be/99EpmS8XQz8
#စိတ်ကျန်းမာရေး
#ကျန်းမာသုတလူမှုဘဝ
#ဒေါက်တာဖြိုးသီဟ
#Suicide
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Facebook
#စိတ်ကျန်းမာရေး – Explore
explore #စိတ်ကျန်းမာရေး at Facebook
👍6🔥3❤1
ပုလဲမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများက အောင်သပြေပန်းဖြင့် ကြိုဆို
🥰12👍6❤4👏3😁2
ပုလဲမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများက အောင်သပြေပန်းဖြင့် ကြိုဆို
=======================
KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ် တိုက်ခိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများက အောင်သပြေပန်းများဖြင့် ကြိုဆို ကြကြောင်း ကျောင်းသားတပ်မတော် ABSDF Column(3)မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
မင်းတိုင်ပင်ကျေးရွာအနီးတွင် ၁၀ ရက်ကျော်ခန့် စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း အား ABSDF နှင့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။
“ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၈ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်လာတာ။ ဇွန်လ ၁၃ ရက် နေ့မှာ မင်းတိုင်ပင်ရွာနီးမှာရှိတဲ့ အုန်းနှောရွာကို သူတို့ဝင်ပြီးတော့လုယက်တယ်။ လုယက်တဲ့အကြောင်း ကတော့ ဇီးဖြူကုန်းနဲ့ အင်းမထီး ပျူစောထီးရွာတွေမှာ ရိက္ခာတွေပြတ်လပ်နေတာကြောင့်ပါ။ ဇွန်လ ၁၄ ရက်နေ့မှာ ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ခဲ့တာပါ” ဟု ABSDF Column (3) မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ပြည့်ဖြိုးကျော်က ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိပြီး ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ဇွန်လ ၂၃ ရက်တွင် ဇီးဖြူကုန်းကျေးရွာဘက်မှ ပြန်လည်ဆုတ်ခွာ သွားပြီး ကျေးနင်းရွာဘက်သို့ ရောက်ရှိကာ စစ်ကြောင်းထိုးနေသည့်အတွက် အနီးဝန်းကျင်ရှိရွာငါးရွာခန့် မှ ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
Photo - ABSDF Column - 3
#Mizzima
#ပုလဲမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ် တိုက်ခိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများက အောင်သပြေပန်းများဖြင့် ကြိုဆို ကြကြောင်း ကျောင်းသားတပ်မတော် ABSDF Column(3)မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
မင်းတိုင်ပင်ကျေးရွာအနီးတွင် ၁၀ ရက်ကျော်ခန့် စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း အား ABSDF နှင့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။
“ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၈ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်လာတာ။ ဇွန်လ ၁၃ ရက် နေ့မှာ မင်းတိုင်ပင်ရွာနီးမှာရှိတဲ့ အုန်းနှောရွာကို သူတို့ဝင်ပြီးတော့လုယက်တယ်။ လုယက်တဲ့အကြောင်း ကတော့ ဇီးဖြူကုန်းနဲ့ အင်းမထီး ပျူစောထီးရွာတွေမှာ ရိက္ခာတွေပြတ်လပ်နေတာကြောင့်ပါ။ ဇွန်လ ၁၄ ရက်နေ့မှာ ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ခဲ့တာပါ” ဟု ABSDF Column (3) မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ပြည့်ဖြိုးကျော်က ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိပြီး ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ဇွန်လ ၂၃ ရက်တွင် ဇီးဖြူကုန်းကျေးရွာဘက်မှ ပြန်လည်ဆုတ်ခွာ သွားပြီး ကျေးနင်းရွာဘက်သို့ ရောက်ရှိကာ စစ်ကြောင်းထိုးနေသည့်အတွက် အနီးဝန်းကျင်ရှိရွာငါးရွာခန့် မှ ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
Photo - ABSDF Column - 3
#Mizzima
#ပုလဲမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤4🥰2😁2🔥1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ ဇွန် ၂၀၂၃)
=============
အမျိုးသားညီညွတ်ရေး အစိုးရ
===========
• ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက ဦးကျော်ထွေးတို့ဟာအမေရိကန်သမ္မတ အိမ်ဖြူ တော် အမျိုးသားလုံခြုံရေးကောင်စီ၏ အရှေ့တောင်အာရှ ဒါရိုက်တာ Ms. Henrietta Levin နှင့် တွေ့ဆုံပြီး မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် အထောက်အကူပြု အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးမှု များပြုလုပ်ခဲ့ ကြောင်း သိရသည်။
• တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ရေငန်းချိုင်ရွာရှိ ရန်သူ့ ကင်းစခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကော့သောင်း-ပကဖ) က ဇွန် ၂၂ ရက်နေ့ မနက် ၁ နာရီတွင် တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်အပါအဝင် ၃ ယောက် နေရာမှာ ပွဲခြင်းပြီး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
• အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများနှင့် မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များ အမေရိကန်၊ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ် ပြည်သူ့ရဲ တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်နယ်အဆင့် အခြေခံအမှုစစ် သင်တန်း အမှတ်စဉ်(၁/၂၀၂၃) ကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။
• ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ ပြောကြားချက်များကို ရင်ဝယ်ပိုက်ကာ ရှေ့ဆက်ချီတက် ကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဇွန်လ ၂၆ ရက် ရက်စွဲဖြင့် ယနေ့ ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။
• တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာ မြန်မာ့အရေးကို ပြေလည်စေလိုပြီး မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများနှင့် နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းရန် အမှန်တကယ် ဆန္ဒရှိ ပါက မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများကို အထူးသတိပြု ရှောင်ရှားရန် NUCC က သတိပေးသည်။

👍22😁3❤1
ဇွန်လ (၂၅) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဆန့်ကျင်တဲ့ ဆောင်ရွက်မှုတွေကို အထူး သတိပြုရှောင်ရှားဖို့အတွက် တရုတ်ကို NUCC သတိပေးလိုက်တဲ့သတင်းနဲ့အတူ
ဖမ်းဆီးသတ်ဖြတ်ခံနေရလို့ ပုပ္ပါးမျောက်မြီးရှည် တွေမျိုးတုန်းတော့မယ့်အကြောင်း သတင်းလွှာအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ Spring University ကပေးပို့တင်ဆက်ထားတဲ့ "ပထမမြန်မာစစ်ပွဲရဲ့ ရတနာပုံစာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲ့သမိုင်းကြောင်း" အကြောင်း ကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ ရေဒီယိုသတင်းဆောင်းပါး အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။ "အလုပ်သမားအခွင့်အရေးတွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံ” ဆိုတဲ့ ဆောင်းပါးကိုနားဆင်ကြရပါမယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/EH2zacPfhY8
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဆန့်ကျင်တဲ့ ဆောင်ရွက်မှုတွေကို အထူး သတိပြုရှောင်ရှားဖို့အတွက် တရုတ်ကို NUCC သတိပေးလိုက်တဲ့သတင်းနဲ့အတူ
ဖမ်းဆီးသတ်ဖြတ်ခံနေရလို့ ပုပ္ပါးမျောက်မြီးရှည် တွေမျိုးတုန်းတော့မယ့်အကြောင်း သတင်းလွှာအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ Spring University ကပေးပို့တင်ဆက်ထားတဲ့ "ပထမမြန်မာစစ်ပွဲရဲ့ ရတနာပုံစာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲ့သမိုင်းကြောင်း" အကြောင်း ကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ ရေဒီယိုသတင်းဆောင်းပါး အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။ "အလုပ်သမားအခွင့်အရေးတွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံ” ဆိုတဲ့ ဆောင်းပါးကိုနားဆင်ကြရပါမယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://youtu.be/EH2zacPfhY8
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၂၅) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဆန့်ကျင်တဲ့ ဆောင်ရွက်မှုတွေကို အထူး သတိပြုရှောင်ရှားဖို့အတွက် တရုတ်ကို NUCC သတိပေးလိုက်တဲ့သတင်းနဲ့အတူ
ဖမ်းဆီးသတ်ဖြတ်ခံနေရလို့ ပုပ္ပါးမျောက်မြီးရှည် တွေမျိုးတုန်းတော့မယ့်အကြောင်း သတင်းလွှာအပါအဝင်…

👍13😁1🤮1
စစ်ကောင်စီထုတ် ဘီယာများကို ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့ သိမ်းဆည်း
=========================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်း အရက်ဘီယာဆိုင်များကို လိုက်လံစစ်ဆေးရာမှ စစ်ကောင်စီထုတ် ဘီယာများကို တွေ့ရှိရသဖြင့် ဘီယာများနှင့် ထိုဘီယာများ ဖြန့်ဖြူးရာတွင်အသုံးပြုသည့် ယာဉ်များကို သိမ်းဆည်းခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူရဲတပ်ဖွဲ့က ဇွန်လ ၂၄ ရက်နေ့တွင်ထုတ်ပြန်သည်။
စစ်ဆေးရာတွင် အရက်ဘီယာဆိုင် လေးဆိုင်မှ စစ်ကောင်စီထုတ် ဒဂုံဘီယာ အရက်ဖာ ၆၀ နှင့် ဖြန့်ဖြူးရာတွင်အသုံးပြုသည့် Light Truck အမျိုးအစား ကားတစ်စီး ၊ Canda အမျိုးအစား ကားတစ်စီးတို့အား ရှာဖွေတွေ့ရှိရသဖြင့် လုပ်ထုံး လုပ်နည်းများနှင့်အညီ သိမ်းဆည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက် ရှိ စည်ပင်သာယာကော်မတီသို့ ပစ္စည်းများကို အပ်နှံခဲ့ကြောင်းသိရသည်။
“အခုဆိုင်တွေကနေ ဖမ်းဆီးတဲ့အထဲက အခွန် ဒဏ်ကြေးဆောင်တဲ့ ဆိုင်ရှင်တွေကို ပြန်လွှတ်ပါတယ် ။ အခွန်ဒဏ်ကြေးမဆောင်တဲ့ ကလေးမြို့နယ် ဒဂုံဘီယာ ကိုယ်စားလှယ်ကိုတော့ ဖမ်းဆီးထားပါတယ် ။ ဒဏ်ကြေးမဆောင်ရင် တရားစွဲပါမယ်” ဟု ကလေးမြို့နယ်(တောင်ပိုင်း) ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူးအောင်ကြီးက မဇ္စျိမကိုပြောသည်။
တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ အမျိုးသား ညီညွတ်ရေးအစိုးရ လက်အောက်ရှိ ကလေးမြို့နယ်ပြည်သူရဲတပ်ဖွဲ့ ၊ ကျေးရွာပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အရက်ဘီယာဆိုင်များကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ကလေးမြို့နယ်အတွင်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စစ်ကောင်စီတပ်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကား ဖြန့်ဖြူးခြင်း မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ေကြာင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့် NUG သို့ အခွန်ထမ်းဆောင်ကြရန်အတွက် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၄ ရက်နေ့အထိ ၁၀ရက်တာ ပညာပေးကာလသတ်မှတ်ထားကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် (အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်တွင် အခွန်ထမ်းဆောင်ရသော လုပ်ငန်းအားလုံး) အမျိုးသားညီညွတ်ရေးလက်အောက်ရှိ ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ တရားဝင်အခွန်ထမ်းဆောင်ကြပါရန်နှင့် ပျက်ကွက်ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။
ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ရရှိလာသော အခွန်ဘဏ္ဍာငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာရေး မူဝါဒများနှင့်အညီ သုံးစွဲလျက်ရှိပြီး ထိန်းချုပ်နယ်မြေရှိ ပြည်သူများအား ကျန်းမာရေး ၊ ပညာရေး ၊ တရားဥပဒေစိုးမိုးရေး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နေပြီဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့
#စစ်ကောင်စီထုတ် ဘီယာ

👍26❤7😁3
ရေးမြို့ နှစ်ကရင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၊ အမျိုးသမီး နှင့် ရဲ သေဆုံး
👍7🔥3