Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပုလဲမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများက အောင်သပြေပန်းဖြင့် ကြိုဆို
🥰12👍6❤4👏3😁2
ပုလဲမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများက အောင်သပြေပန်းဖြင့် ကြိုဆို
=======================

KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ် တိုက်ခိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံများက အောင်သပြေပန်းများဖြင့် ကြိုဆို ကြကြောင်း ကျောင်းသားတပ်မတော် ABSDF Column(3)မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

မင်းတိုင်ပင်ကျေးရွာအနီးတွင် ၁၀ ရက်ကျော်ခန့် စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း အား ABSDF နှင့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

“ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၈ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်လာတာ။ ဇွန်လ ၁၃ ရက် နေ့မှာ မင်းတိုင်ပင်ရွာနီးမှာရှိတဲ့ အုန်းနှောရွာကို သူတို့ဝင်ပြီးတော့လုယက်တယ်။ လုယက်တဲ့အကြောင်း ကတော့ ဇီးဖြူကုန်းနဲ့ အင်းမထီး ပျူစောထီးရွာတွေမှာ ရိက္ခာတွေပြတ်လပ်နေတာကြောင့်ပါ။ ဇွန်လ ၁၄ ရက်နေ့မှာ ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ခဲ့တာပါ” ဟု ABSDF Column (3) မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ပြည့်ဖြိုးကျော်က ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိပြီး ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိကြောင်း ၎င်းက ‌ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ဇွန်လ ၂၃ ရက်တွင် ဇီးဖြူကုန်းကျေးရွာဘက်မှ ပြန်လည်ဆုတ်ခွာ သွားပြီး ကျေးနင်းရွာဘက်သို့ ရောက်ရှိကာ စစ်ကြောင်းထိုးနေသည့်အတွက် အနီးဝန်းကျင်ရှိရွာငါးရွာခန့် မှ ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
Photo - ABSDF Column - 3

#Mizzima
#ပုလဲမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤4🥰2😁2🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ ဇွန် ၂၀၂၃)
=============

အမျိုးသားညီညွတ်ရေး အစိုးရ
===========

• ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက ဦးကျော်ထွေးတို့ဟာအမေရိကန်သမ္မတ အိမ်ဖြူ တော် အမျိုးသားလုံခြုံရေးကောင်စီ၏ အရှေ့တောင်အာရှ ဒါရိုက်တာ Ms. Henrietta Levin နှင့် တွေ့ဆုံပြီး မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် အထောက်အကူပြု အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးမှု များပြုလုပ်ခဲ့ ကြောင်း သိရသည်။

• တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ရေငန်းချိုင်ရွာရှိ ရန်သူ့ ကင်းစခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကော့သောင်း-ပကဖ) က ဇွန် ၂၂ ရက်နေ့ မနက် ၁ နာရီတွင် တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်အပါအဝင် ၃ ယောက် နေရာမှာ ပွဲခြင်းပြီး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

• အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများနှင့် မြန်မာပြည်ဖွားတိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့များ အမေရိကန်၊ နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်နယ် ပြည်သူ့ရဲ တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်နယ်အဆင့် အခြေခံအမှုစစ် သင်တန်း အမှတ်စဉ်(၁/၂၀၂၃) ကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။

• ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ ပြောကြားချက်များကို ရင်ဝယ်ပိုက်ကာ ရှေ့ဆက်ချီတက် ကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဇွန်လ ၂၆ ရက် ရက်စွဲဖြင့် ယနေ့ ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။

• တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာ မြန်မာ့အရေးကို ပြေလည်စေလိုပြီး မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများနှင့် နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ထိန်းသိမ်းရန် အမှန်တကယ် ဆန္ဒရှိ ပါက မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများကို အထူးသတိပြု ရှောင်ရှားရန် NUCC က သတိပေးသည်။
👍22😁3❤1
ဇွန်လ (၂၅) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဆန့်ကျင်တဲ့ ဆောင်ရွက်မှုတွေကို အထူး သတိပြုရှောင်ရှားဖို့အတွက် တရုတ်ကို NUCC သတိပေးလိုက်တဲ့သတင်းနဲ့အတူ

ဖမ်းဆီးသတ်ဖြတ်ခံနေရလို့ ပုပ္ပါးမျောက်မြီးရှည် တွေမျိုးတုန်းတော့မယ့်အကြောင်း သတင်းလွှာအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ Spring University ကပေးပို့တင်ဆက်ထားတဲ့ "ပထမမြန်မာစစ်ပွဲရဲ့ ရတနာပုံစာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲ့သမိုင်းကြောင်း" အကြောင်း ကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ ရေဒီယိုသတင်းဆောင်းပါး အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။ "အလုပ်သမားအခွင့်အရေးတွေ ဆိတ်သုဉ်းနေတဲ့နိုင်ငံ” ဆိုတဲ့ ဆောင်းပါးကိုနားဆင်ကြရပါမယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/EH2zacPfhY8

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁1🤮1
​​စစ်ကောင်စီထုတ် ဘီယာများကို ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့ သိမ်းဆည်း
=========================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်း အရက်ဘီယာဆိုင်များကို လိုက်လံစစ်ဆေးရာမှ စစ်ကောင်စီထုတ် ဘီယာများကို တွေ့ရှိရသဖြင့် ဘီယာများနှင့် ထိုဘီယာများ ဖြန့်ဖြူးရာတွင်အသုံးပြုသည့် ယာဉ်များကို သိမ်းဆည်းခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူရဲတပ်ဖွဲ့က ဇွန်လ ၂၄ ရက်နေ့တွင်ထုတ်ပြန်သည်။

စစ်ဆေးရာတွင် အရက်ဘီယာဆိုင် လေးဆိုင်မှ စစ်ကောင်စီထုတ် ဒဂုံဘီယာ အရက်ဖာ ၆၀ နှင့် ဖြန့်ဖြူးရာတွင်အသုံးပြုသည့် Light Truck အမျိုးအစား ကားတစ်စီး ၊ Canda အမျိုးအစား ကားတစ်စီးတို့အား ရှာဖွေတွေ့ရှိရသဖြင့် လုပ်ထုံး လုပ်နည်းများနှင့်အညီ သိမ်းဆည်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက် ရှိ စည်ပင်သာယာကော်မတီသို့ ပစ္စည်းများကို အပ်နှံခဲ့ကြောင်းသိရသည်။

“အခုဆိုင်တွေကနေ ဖမ်းဆီးတဲ့အထဲက အခွန် ဒဏ်ကြေးဆောင်တဲ့ ဆိုင်ရှင်တွေကို ပြန်လွှတ်ပါတယ် ။ အခွန်ဒဏ်ကြေးမဆောင်တဲ့ ကလေးမြို့နယ် ဒဂုံဘီယာ ကိုယ်စားလှယ်ကိုတော့ ဖမ်းဆီးထားပါတယ် ။ ဒဏ်ကြေးမဆောင်ရင် တရားစွဲပါမယ်” ဟု ကလေးမြို့နယ်(တောင်ပိုင်း) ပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူးအောင်ကြီးက မဇ္စျိမကိုပြောသည်။

တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ အမျိုးသား ညီညွတ်ရေးအစိုးရ လက်အောက်ရှိ ကလေးမြို့နယ်ပြည်သူရဲတပ်ဖွဲ့ ၊ ကျေးရွာပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အရက်ဘီယာဆိုင်များကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ကလေးမြို့နယ်အတွင်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စစ်ကောင်စီတပ်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကား ဖြန့်ဖြူးခြင်း မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်းထန်စွာအရေးယူသွားမည်ဖြစ်‌ေကြာင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် လုပ်ငန်းရှင်များအနေဖြင့် NUG သို့ အခွန်ထမ်းဆောင်ကြရန်အတွက် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၄ ရက်နေ့အထိ ၁၀ရက်တာ ပညာပေးကာလသတ်မှတ်ထားကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် (အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်တွင် အခွန်ထမ်းဆောင်ရသော လုပ်ငန်းအားလုံး) အမျိုးသားညီညွတ်ရေးလက်အောက်ရှိ ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ တရားဝင်အခွန်ထမ်းဆောင်ကြပါရန်နှင့် ပျက်ကွက်ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ရရှိလာသော အခွန်ဘဏ္ဍာငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာရေး မူဝါဒများနှင့်အညီ သုံးစွဲလျက်ရှိပြီး ထိန်းချုပ်နယ်မြေရှိ ပြည်သူများအား ကျန်းမာရေး ၊ ပညာရေး ၊ တရားဥပဒေစိုးမိုးရေး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နေပြီဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့
#စစ်ကောင်စီထုတ် ဘီယာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26❤7😁3
ရေးမြို့ နှစ်ကရင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၊ အမျိုးသမီး နှင့် ရဲ သေဆုံး
👍7🔥3
ရေးမြို့ နှစ်ကရင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၊ အမျိုးသမီး နှင့် ရဲ သေဆုံး
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် ယနေ့ ဇွန်လ ၂၅ ရက်၌ စစ်ကောင်စီ၏ အမြောက်တပ်က လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦး သေဆုံးခဲ့ပြီး အသက် ကိုးနှစ်အရွယ် ကလေးငယ် အပါအဝင် ဒဏ်ရာရရှိသူ လေးဦးရှိကြောင်း သိရသည်။

“သေသွားတဲ့အထဲ တစ်ပွင့်ပါတဲ့ ရဲတစ်ယောက်ပါတယ်။ ကျန်တာ ရွာက မိသားစုတစ်စု။ ကလေးတစ်ယောက်ကတော့ စိုးရိမ်ရတယ်။ သွေးတွေလည်း လွန်နေတာ။ ဆုံးသွားတာလည်း သူ့အမပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့် နေရာယူထားသည့် နှစ်ကရင်ရဲစခန်းကို ယနေ့ ဇွန်လ ၂၅ရက်နေ့ နံနက် ၁၁နာရီခွဲမှ စတင်ကာ KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုအတွင်း နှစ်ကရင်ကျေးရွာအုပ်စု ၊ ဝယ်ဖယ်ကျေးရွာ အခြေစိုက် စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ နေအိမ်တစ်လုံးအပေါ် လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိ မခင်လပြည်ထွန်း သေဆုံးခဲ့ရကာ ၎င်း၏ မိသားစုဝင် သုံးဦးလည်း ထိခိုက်ဒဏ်ရာများရရှိကြောင်း အခြား ဒေသခံထံက သိရသည်။

“တိုက်ပွဲဖြစ်နေတဲ့ချိန်ကနေ ပြီးတဲ့အထိ တောက်လျှောက်ပစ်တာ။ လက်နက်ကြီးထိတဲ့အိမ်က ရဲစခန်းနဲ့ တော်တော်ဝေးတယ်။ ဗမာတပ် (စစ်ကောင်စီအမြောက်တပ်) ကနေပစ်လာတဲ့ လက်နက်ကြီးကျပြီး ကောင်မလေးတစ်ယောက် ဆုံးသွားတယ်။ သူ့အမေ၊ အဖေနဲ့ သူ့မောင်လေးလည်း ဒဏ်ရာရသွားကြတယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ မခင်လပြည့်ထွန်း(၁၈နှစ်) နှင့် ဦးကောင်းမြတ်သူ ဆိုသည့် ရဲဖြစ်ပြီး ဒဏ်ရာရှိသူလေးဦးမှာ ဒေါ်မခိုင် အသက် ၃၉နှစ် ၊ ဦးသန်းထွန်း အသက် ၄၁နှစ် ၊ မောင်ပိုင်ဇေရဲထွန်း အသက် ၁၆ နှစ် နှင့် မောင်အောင်ဆန်းဦး အသက် ကိုးနှစ်တို့ဖြစ်ရာ မောင်ပိုင်ဇေရဲထွန်းမှာ စိုးရိမ်ဒဏ်ရာများရရှိထားကြောင်း သိရသည်။ ၎င်းတို့အား လက်ရှိတွင် လမိုင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံထံက သိရသည်။

နှစ်ကရင်ရဲစခန်းကို ယနေ့ နံနက်ပိုင်းတွင် KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းရခါနီးတွင် လေကြောင်းပစ်ကူလာပြီး ရွာအတွင်းသို့ပါ ပစ်ခတ်နေသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း သွားရောက်တိုက်ခိုက်ခဲ့သည့် ကျားဖြူစစ်ကြောင်း တပ်ခွဲ (၁)က တပ်ခွဲမှူး စောဝင်းဇော်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင် နှစ်ကရင်ကျေးရွာအုပ်စု ၊ ဝယ်ဖယ်ကျေးရွာ အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ကရင်ကျေးရွာ၊ ရပ်ကွက်(၅) တွင်နေထိုင်သည့် အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ဗိုက်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့ရာ ဆေးရုံပို့သည့်လမ်းတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများမှ သိရသည်။

ရေးမြို့နယ်၊ ကျောက်အိုင်ကျေးရွာတွင်းသို့ ဇွန်လ ၁၆ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ခလရ(၃၁) တပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် အသက် ၄၀ နှစ်အရွယ် မိထွေးကြည် သေဆုံးခဲ့ပြီး ခလရ(၃၁) မှ ဗိုလ်ကြီး ဇော်မျိုးအောင်သည် သေဆုံးသူမိသားစုအား ပိုက်ဆံ ကျပ် ၂၀၀,၀၀၀ ပေးကာ အမှုကျေအေးစေခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#နှစ်ကရင်ကျေးရွာ
#လက်နက်ကြီး ပစ်ခတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2😁2👏1🤣1
“မယ်စဲ့မြို့ပေါ်မှာ လုံးဝနေလို့မရတော့ဘူး အကုန်လုံးစစ်ရှောင်ကုန်ပြီ” မယ်စဲ့မြို့၏ နောက်ဆုံးရအခြေအနေ
====================

ရွှေနွယ်၊ဂျူချန်း
“မယ်စဲ့မြို့ပေါ်မှာ လုံးဝနေလို့မရတော့ဘူး အကုန်လုံးစစ်ရှောင်ကုန်ပြီ။ ဒီနေ့ကတော့ ငြိမ်နေတယ်။ မနေ့ညကတော့ လက်နက်ကြီးနဲ့လာပစ်သွားတယ်ဗျ။ လေယာဉ်နဲ့လာချသွားတာ” ဇွန်လ ၁၃ ရက်နေ့ကစပြီး ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စခန်းတွေဖြစ်တဲ့ မယ်တနွယ်တပ်စခန်း၊ တောင်လှတပ်စခန်း၊ BP-14 နဲ့ မယ်စဲ့ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ 4K တပ်ပေါင်းစုက သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

ဒီလို မယ်စဲ့မြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မယ်စဲ့မြို့က ဒေသခံအရပ်သားပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်နေကြရပါပြီ။

မယ်စဲ့မြို့ဒေသခံရဲ့ ပြောဆိုချက်အရ စစ်ရှောင်ဦးရေဟာ ၈,၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

https://youtu.be/9uTo8q3k38E

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25🔥5👏2🙏2❤1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၅ ရက်ထုတ်လွှင့်မှုများ
==================

https://youtu.be/Ge9J2lh_nVs

#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🤮2🍌1
ဇွန်လ (၂၆) ရက်၊ တနင်္လာနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

နေပြည်တော်မှာ စစ်ကောင်စီနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လာမယ့် ဇွန်လ ၂၆ရက်နေ့မှစတင်ပြီး ၃ရက်ကြာ တွေ့ဆုံဆွေးနွေးသွားမယ့်သတင်းနဲ့အတူ

ဘဏ်နှစ်ခုပိတ်ဆို့ခံရမှုဂယက်ကြောင့် မန္တလေး မြို့ရှိရွှေဆိုင်များ အရောင်းပိတ်ထားရတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ Spring University ကပေးပို့တင်ဆက်ထားတဲ့ "ပထမမြန်မာစစ်ပွဲရဲ့ ရတနာပုံစာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲ့သမိုင်းကြောင်း" အကြောင်း ကိုနားဆင်ကြရမှာပါ။

https://youtu.be/F3rdh7ylAkE

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁3❤1👏1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဇွန်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်) | VOA On Mizzima
========================

ထူးခြား လက်ရာမြောက်နာရီများပြပွဲ အကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် သတင်းထဲက အင်္ဂလိပ်စာ၊ အာရှစီးပွားရေးကဏ္ဍမှာ တင်ဆက်ထားတာကို ဇွန်လ ၂၆ ရက်၊ တနင်္လာနေ့ မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ အစီအစဉ်မှာ အပတ်စဉ်ကဏ္ဍတွေအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

https://youtu.be/MrxGQVveh1Q

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁3
This media is not supported in your browser
VIEW IN TELEGRAM
ပုန်ကန်မှုပြေလည်သွားပေမဲ့ ဝဂ္ဂနာရဲ့ကျေအေးခွင့်ကို ပူတင်မဖြစ်မနေလိုက်လျောခဲ့ရ

https://www.facebook.com/reel/643707160701010

#InternationalNews #reels #shorts
🔥4
ထူးခြား လက်ရာမြောက်နာရီများပြပွဲ | VOA On Mizzima
=================

Switzerland နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ နာရီပြပွဲကြီးမှာ စွဲမက်လိုချင်စရာ နာရီတွေကနေ ရင်းနှီးမြှပ်နှံမှုပစ္စည်းလိုသတ်မှတ်နိုင်တဲ့ ဇိမ်ခံနာရီမျိုးစုံကို ပြသခဲ့ကြပါတယ်။ ဇိမ်ခံနာရီထုတ်လုပ်တဲ့လုပ်ငန်းကြီး ၄၈ ခုက အကောင်းတကာ့ အကောင်းဆုံးနာရီတွေ အပြိုင်ပြသခဲ့ကြတဲ့ပွဲကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။

https://youtu.be/XO86ARj2Vb8

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥2❤1
This media is not supported in your browser
VIEW IN TELEGRAM
ပုန်ကန်မှုကြောင့် ပူတင်အကြောက်လွန်ပြီး ပုန်းနေလောက်ပြီဖြစ်ကြောင်း ဇီလန်စကီးပြော

https://www.facebook.com/reel/225642906954172

#InternationalNews #reels #shorts
👍24😁5
သတင်းထဲက အင်္ဂလိပ်စာ | VOA On Mizzima
================

ဒီတပတ်ရဲ့ သတင်းထဲကအင်္ဂလိပ်စာအစီအစဉ်မှာ သတင်းတွေထဲ ဖော်ပြပါရှိတဲ့ စကားလုံး၊ အသုံးအနှုန်းတွေကို ကောက်နှုတ်တင်ပြထားပါတယ်။ မမြသဇင်အောင်နဲ့ ကိုအောင်လွင်ဦးတို့က စီစဉ် တင်ဆက်ပေးထားပါတယ်။

https://youtu.be/cfBKAfC9ICs

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁2
ဘယ်သောင်၊ ဘယ်ကမ်းမှန်းမသိသော မြန်မာ့အရေးဒိုင်ယာလော့သစ် Track 1.5
=====================

အပြင်းအထန် ဝေဖန်ကန့်ကွက်မှုတွေကြားကနေ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမုဒ် ဝီနိုင်းက စီစဉ်ထားတဲ့အတိုင်း မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲ Track 1.5 ကို ဇွန် ၁၈ ရက်နဲ့ ၁၉ ရက်က ထိုင်းနိုင်ငံမှာ ပြုလုပ်သွားခဲ့ပါတယ်။ ဆွေးနွေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့အတူ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က ကိုယ်စားလှယ်တွေတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက အဓိကနိုင်ငံတွေဖြစ်တဲ့ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့ကတော့ ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရရဲ့လုပ်ရပ်ကို အပြင်းအထန်ဝေဖန်ကန့်ကွက်ခဲ့ကြပြီး ဆွေးနွေးပွဲ ကိုမတက်ရောက်ခဲ့ပါဘူး။ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားအနေနဲ့ မြန်မာ့ အရေးကိုဖြေရှင်းဖို့ကြိုးစားနေရတဲ့အတွက် ထိုင်းအိမ်စောင့်အစိုးရကစီစဉ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကိုမတက်နိုင် ဘူးဆိုပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စမာဆူဒီကအကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ်။

https://youtu.be/0fuydfNbqPo

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁7👍5❤1👏1
This media is not supported in your browser
VIEW IN TELEGRAM
ဒီအချိန်က လက်နက်အင်အားပုံအောထောက်ပံ့ဖို့အချိန်ဖြစ်ကြောင်း ဇီလန်စကီးပြော

https://www.facebook.com/reel/287013543723147

#InternationalNews #Mizzima
#shorts
👍15😁2🤮1
အာရှတခွင် စီးပွားရေးအမြင် | VOA On Mizzima
================

ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ တရုတ်ရဲ့ TikTok နည်းပညာ ကုမ္ပဏီကြီးက အရှေ့တောင်အာရှဒေသမှာ ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံသွားမယ့်အကြောင်းနဲ့ အာရှနဲ့ ဥရောပကြား ကုန်ပစ္စည်းတွေ အမြန်တင်ပို့နိုင်မယ့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကြီးတခုကို အီရတ်နိုင်ငံမှာ စတင်တည်ဆောက်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

https://youtu.be/ZhWzignbGRk

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🔥3
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားကပုန်ကန်မှုတွေကို ကမ္ဘာတစ်ဝှမ်း စိုးရိမ်မှုတွေနဲ့စောင့်ကြည့်နေ

https://www.facebook.com/reel/3058365174472914

#InternationalNews #Russia #Mizzima #Reels #shorts
🔥9😁1