This media is not supported in your browser
VIEW IN TELEGRAM
ရုရှားကပုန်ကန်မှုတွေကို ကမ္ဘာတစ်ဝှမ်း စိုးရိမ်မှုတွေနဲ့စောင့်ကြည့်နေ
https://www.facebook.com/reel/3058365174472914
#InternationalNews #Russia #Mizzima #Reels #shorts

🔥9😁1
ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍5🔥3
This media is not supported in your browser
VIEW IN TELEGRAM
June - 26 [12 Pm] Mizzima News Hour
Mizzima Headline News
#12pmnews #mizzimanewshour #reels #shorts #Mizzima

👍5😁1🍌1
ထောင်တွင်းအကျဉ်းချခံထားရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့်မွေးနေ့ပွဲ အထိမ်းအမှတ်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ယမန်နေ့ (ဇွန်လ ၂၅ ရက်)က ကျင်းပရာ ယူကေရောက် မြန်မာ ၁၀၀၀ ဝန်းကျင်တက်ရောက်ခဲ့ကြသည်။
လန်ဒန်ရှိ တူဒေါပါ့ခ် အားကစားနှင့် အပန်းဖြေစင်တာတွင် ကျင်းပသော မွေးနေ့အထိမ်းအမှတ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း (Kim)က စစ်ကောင်စီကဖမ်းဆီးထားသော သူ၏မိခင်ဖြစ်သူနှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသွားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကိုတို့လည်း အမှာစကားပြောသွားခဲ့ကြသည်။

👍19❤10🥰3🤮1
ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန်နဲ့အိန္ဒိယရဲ့တောင်းဆိုချက် စစ်ကောင်စီကန့်ကွက်
===============
အာဏာသိမ်း စစ်ကောင်စီက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။
ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံတကာ အသိုင်းအဝိုင်းက အပြုသဘော ပူးပေါင်းပေးကြဖို့လိုပြီး အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချသွားဖို့လိုတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုန့်ပြန်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဇွန်လ ၂၅ ရက်နေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းသို့ ကြိုးစားနေမှုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နားလည်မှု၊ အားပေးမှုနဲ့ အပြုသဘောပူးပေါင်း ဆောင်ရွက်မှုများ ပေးအပ်ရန်လိုအပ်ကြောင်း ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်ပြားစေတဲ့ မည်သည့်အကြမ်းဖက်မှု လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ရှုတ်ချသွားရန် လိုအပ်ကြောင်း ထည့်သွင်း ပြောကြားထားပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ အိန္ဒိယနှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ ထည့်သွင်းတောင်းဆိုသွားတဲ့ မြန်မာနိုင်ငံအတွင်း ဥပဒေမဲ့ ဖမ်းဆီးခံထားရသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုမှုနဲ့ ပတ်သက်ပြီးတော့လည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းချက်ထုတ်ထားပါတယ်။
စစ်ကောင်စီက ဘယ်သူ့ကိုမှ ဥပဒေမဲ့ ဖမ်းဆီးထားတာမရှိဘူးလို့ ထုတ်ပြန်ချက်ထဲမှာ တုံ့ပြန်ပြောဆိုထားပါတယ်။
https://youtu.be/G-50Nx6DiJY
#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန်နဲ့အိန္ဒိယရဲ့တောင်းဆိုချက် စစ်ကောင်စီကန့်ကွက်
မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ကို အာဏာသိမ်း စစ်ကောင်စီက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။
ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့…
ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့…
😁16👍8🤮2👏1
ဇွန်လ (၂၆)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================
00:55 - မန္တလေးရွှေဆိုင်တွေ အရောင်းပိတ်ပြီး အ၀ယ်သာရှိတော့တဲ့ သတင်း
02:40 - ဖမ်းဆီးသတ်ဖြတ်ခံနေရလို့ ပုပ္ပါးမျောက်မြီးရှည် တွေမျိုးတုန်းတော့မယ် အကြောင်း
08:42 - မယ်စဲ့မြို့ပေါ်မှာ လုံးဝနေလို့မရတော့ဘဲ ပြည်သူအကုန်လုံးစစ်ရှောင်နေကြပြီး မယ်စဲ့မြို့ရဲ့ နောက်ဆုံးရအခြေအနေနဲ့
11:59 - ပုန်ကန်မှုပြေလည်သွားပေမဲ့ ဝဂ္ဂနာရဲ့ကျေအေးခွင့်ကို ပူတင်မဖြစ်မနေလိုက်လျောခဲ့ရ တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/NqfX0n1zO4A
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
00:55 - မန္တလေးရွှေဆိုင်တွေ အရောင်းပိတ်ပြီး အ၀ယ်သာရှိတော့တဲ့ သတင်း
02:40 - ဖမ်းဆီးသတ်ဖြတ်ခံနေရလို့ ပုပ္ပါးမျောက်မြီးရှည် တွေမျိုးတုန်းတော့မယ် အကြောင်း
08:42 - မယ်စဲ့မြို့ပေါ်မှာ လုံးဝနေလို့မရတော့ဘဲ ပြည်သူအကုန်လုံးစစ်ရှောင်နေကြပြီး မယ်စဲ့မြို့ရဲ့ နောက်ဆုံးရအခြေအနေနဲ့
11:59 - ပုန်ကန်မှုပြေလည်သွားပေမဲ့ ဝဂ္ဂနာရဲ့ကျေအေးခွင့်ကို ပူတင်မဖြစ်မနေလိုက်လျောခဲ့ရ တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/NqfX0n1zO4A
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၂၆)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:55 - မန္တလေးရွှေဆိုင်တွေ အရောင်းပိတ်ပြီး အ၀ယ်သာရှိတော့တဲ့ သတင်း
02:40 - ဖမ်းဆီးသတ်ဖြတ်ခံနေရလို့ ပုပ္ပါးမျောက်မြီးရှည် တွေမျိုးတုန်းတော့မယ် အကြောင်း
08:42 - မယ်စဲ့မြို့ပေါ်မှာ လုံးဝနေလို့မရတော့ဘဲ ပြည်သူအကုန်လုံးစစ်ရှောင်နေကြပြီး မယ်စဲ့မြို့ရဲ့ နောက…

👍9😁1🍌1
This media is not supported in your browser
VIEW IN TELEGRAM
ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန်နဲ့အိန္ဒိယရဲ့တောင်းဆိုချက် စစ်ကောင်စီကန့်ကွက်
Watch more detail -https://youtu.be/G-50Nx6DiJY
#PoliticalNews #reels #shorts #MizzimaTV

😁13👍7🔥1🥰1
အပစ်ရပ် ၅ ဖွဲ့နှင့် စစ်ကောင်စီတို့ ဇွန်လ(၂၆)ရက်မှစကာ (၃)ရက်ကြာ တွေ့ဆုံဆွေးနွေးမည်
=======================
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ ဇွန်လ (၂၆)ရက်မှစကာ (၃)ရက်ကြာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အရ NCA လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ -PPST အဖွဲ့ဝင် အပစ်ရပ် ငါးဖွဲ့တို့ နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ် ၅ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ အတူတူတက်ရောက်ဖို့ ရှိနေတာပါ။
ဒီဆွေးနွေးပွဲမှာ အပစ်ရပ် ၅ ဖွဲ့က အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရေး၊ ဖက်ဒရယ်အခြေခံမူကိစ္စတွေ၊ အရပ် သားတွေကာကွယ်ပေးရေးဆိုင်ရာကိစ္စတွေကို တင်ပြဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
https://youtu.be/0AOwBTBCohU
#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ ဇွန်လ (၂၆)ရက်မှစကာ (၃)ရက်ကြာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အရ NCA လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ -PPST အဖွဲ့ဝင် အပစ်ရပ် ငါးဖွဲ့တို့ နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ် ၅ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ အတူတူတက်ရောက်ဖို့ ရှိနေတာပါ။
ဒီဆွေးနွေးပွဲမှာ အပစ်ရပ် ၅ ဖွဲ့က အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရေး၊ ဖက်ဒရယ်အခြေခံမူကိစ္စတွေ၊ အရပ် သားတွေကာကွယ်ပေးရေးဆိုင်ရာကိစ္စတွေကို တင်ပြဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
https://youtu.be/0AOwBTBCohU
#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အပစ်ရပ် ၅ ဖွဲ့နှင့် စစ်ကောင်စီတို့ ဇွန်လ(၂၆)ရက်မှစကာ (၃)ရက်ကြာ တွေ့ဆုံဆွေးနွေးမည်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ ဇွန်လ (၂၆)ရက်မှစကာ (၃)ရက်ကြာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
အာဏာသိမ်း…
အာဏာသိမ်း…
🤮8👍7❤1
သဲကုန်းမြို့တွင် နယ်ထိန်းရဲအရာရှိနှင့်ရဲအငြိမ်းစားပစ်ခတ်ခံရ၊ ရဲအငြိမ်းစားသေဆုံး
=====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအနောက်ခြမ်း၊သဲကုန်းမြို့နယ်၊ ဆီမြီးဆွဲမြို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲအရာရှ်ိနှင့်အငြိမ်းစားရဲအရာရှိကို သဲကုန်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(Thaegon_PDF)ကသေနတ်ဖြင့် ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
ဆင်မြီးဆွဲမြို့မရဲစခန်းမှ နယ်ထိန်းရဲအရာရှိကျော်ကျော်နှင့် အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်သည် ယနေ့ဇွန်လ၂၆ရက် နံနက် ၇ နာရီခန့်တွင် ဆိုင်ကယ်စီးလာစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဟု သိရသည်။
" စျေးနားမှာပစ်သွားတာပါ။ ရဲအငြိမ်းစားစိုးသက်အောင်ကရှေ့ကမောင်းတယ်။ နယ်ထိန်းကနောက်က။ အဲ့တာကိုနောက်ကနေပစ်သွားတာပါ” ဟု ဆီမြီးဆွဲမြို့ ဒေသခံတစ်ဦးက ပြောသည်။
ထိုပစ်ခတ်မှုတွင် အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်သည် နေရာတွင်ပင်သေဆုံးပြီး နယ်ထိန်းကျော်ကျော်မှာ ဒဏ်ရာအပြင်းအထန်ရကာ ပြည်ဆေးရုံတွင် ကုသနေရကြောင်း သိရသည်။
" နယ်ထိန်းကျော်ကျော်က စစ်ကောင်စီလက်အောက်ခံဖြစ်တယ်။ ခရီးသွားပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုဖမ်းဆီး၊ မတရားငွေညှစ်လုပ်နေတာတွေလည်း ပြည်သူတွေ တိုင်တန်းတာတွေရှိနေလို့ အခုလိုလုပ်ရတာပါ" ဟု Thaegon_PDF မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ ပစ်ခတ်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ (၄) Thaegon_PDFနှင့် PDF တပ်ရင်း ၃၆၀၁ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ရက်ကလည်း သဲကုန်းမြို့နယ်မှ နယ်ထိန်းရဲအရာရှ်ိတစ်ဦးကို Thaegon_PDFက ဖမ်းဆီးစဉ် ခုခံထွက်ပြေး၍ ပစ်ခတ်ခဲ့ရာ အဆိုပါရဲ အရာရှိ သေဆုံးသွားခဲ့သည်။
စာတည်း - မောင်ကြီး
#mizzima
#ဆီမြီးဆွဲမြို့
#နယ်ထိန်းရဲအရာရှ်ိ
#အငြိမ်းစားရဲအရာရှိ
#သေနတ်ဖြင့်ပစ်ခတ်
Photo - ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄၊ Thaegon-PDF တပ်ဖွဲ့ဝင်များ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအနောက်ခြမ်း၊သဲကုန်းမြို့နယ်၊ ဆီမြီးဆွဲမြို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲအရာရှ်ိနှင့်အငြိမ်းစားရဲအရာရှိကို သဲကုန်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(Thaegon_PDF)ကသေနတ်ဖြင့် ပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
ဆင်မြီးဆွဲမြို့မရဲစခန်းမှ နယ်ထိန်းရဲအရာရှိကျော်ကျော်နှင့် အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်သည် ယနေ့ဇွန်လ၂၆ရက် နံနက် ၇ နာရီခန့်တွင် ဆိုင်ကယ်စီးလာစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဟု သိရသည်။
" စျေးနားမှာပစ်သွားတာပါ။ ရဲအငြိမ်းစားစိုးသက်အောင်ကရှေ့ကမောင်းတယ်။ နယ်ထိန်းကနောက်က။ အဲ့တာကိုနောက်ကနေပစ်သွားတာပါ” ဟု ဆီမြီးဆွဲမြို့ ဒေသခံတစ်ဦးက ပြောသည်။
ထိုပစ်ခတ်မှုတွင် အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်သည် နေရာတွင်ပင်သေဆုံးပြီး နယ်ထိန်းကျော်ကျော်မှာ ဒဏ်ရာအပြင်းအထန်ရကာ ပြည်ဆေးရုံတွင် ကုသနေရကြောင်း သိရသည်။
" နယ်ထိန်းကျော်ကျော်က စစ်ကောင်စီလက်အောက်ခံဖြစ်တယ်။ ခရီးသွားပြည်သူတွေရဲ့ဆိုင်ကယ်တွေကိုဖမ်းဆီး၊ မတရားငွေညှစ်လုပ်နေတာတွေလည်း ပြည်သူတွေ တိုင်တန်းတာတွေရှိနေလို့ အခုလိုလုပ်ရတာပါ" ဟု Thaegon_PDF မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ ပစ်ခတ်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ (၄) Thaegon_PDFနှင့် PDF တပ်ရင်း ၃၆၀၁ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ရက်ကလည်း သဲကုန်းမြို့နယ်မှ နယ်ထိန်းရဲအရာရှ်ိတစ်ဦးကို Thaegon_PDFက ဖမ်းဆီးစဉ် ခုခံထွက်ပြေး၍ ပစ်ခတ်ခဲ့ရာ အဆိုပါရဲ အရာရှိ သေဆုံးသွားခဲ့သည်။
စာတည်း - မောင်ကြီး
#mizzima
#ဆီမြီးဆွဲမြို့
#နယ်ထိန်းရဲအရာရှ်ိ
#အငြိမ်းစားရဲအရာရှိ
#သေနတ်ဖြင့်ပစ်ခတ်
Photo - ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄၊ Thaegon-PDF တပ်ဖွဲ့ဝင်များ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤10👏2🔥1🥴1
Media is too big
VIEW IN TELEGRAM
အပစ်ရပ် ၅ ဖွဲ့နှင့် စစ်ကောင်စီတို့ ဇွန်လ(၂၆)ရက်မှစကာ (၃)ရက်ကြာ တွေ့ဆုံဆွေးနွေးမည်
Watch more detail - https://youtu.be/0AOwBTBCohU
#PoliticalNews
#reels
#shorts
#MizzimaTV

👍5🤮3❤1👎1💩1
ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီလက်နက်ကြီးကုန်းနှင့် တပ်ရင်းများတိုက်ခိုက်ခံရ ၊ ၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ
====================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ) ။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ လက်နက်ကြီးကုန်းနှင့် တပ်ရင်းများတိုက်ခိုက်ခံရ၍ ရှစ်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျားဖြူစစ် ကြောင်းမှ သိရသည်။
ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ လက်နက်ကြီးများ တပ်ဆင်ထားသည့် ဗောဓိကုန်း (လက်နက် ကြီးကုန်း)ကို ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ကျားဖြူစစ်ကြောင်းမှ ဗိုလ်ပွဲတော် ဦးဆောင်ကာ ကျားဖြူတပ်ရင်းရုံး ကာကွယ်ရေးတပ်ခွဲ(Southern Eagle-PDF)၊ ကျားဖြူတပ်ခွဲ(၄)နှင့် ကျားဖြူတပ်ခွဲ(၅) (Justice Soldier-PDF)တို့ ပူးပေါင်းကာ ၆၀ မမဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျားဖြူစစ်ကြောင်းမှ ဗိုလ်ပွဲတော်ဦးဆောင်ကာ ကော့ကရိတ်မြို့ ခလရ(၉၇)တပ်ရင်းကို ၆၀ မမဖြင့်ပစ်ခတ်ခဲ့ရာ ဝန်ထမ်းလိုင်းခန်းအတွင်း ကျရောက် ပေါက်ကွဲကာ ငါးဦးသေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အခုလိုကျနော်တို့ တိုက်ခိုက်နိုင်တာဟာ PDF အောက်ခြေရဲဘော်တွေရဲ့ ကြိုးစားမှု၊ ကတိသစ္စာတည်မှု ကြောင့်ပါ။ MOD ဆီကသာ ကွပ်ကဲမှုပိုကောင်းခဲ့ရင် ဒီထက်ပိုလုပ်နိုင်လိမ့်မယ်” ဟု ကျားဖြူတပ်ခွဲ(၅) (Justice Soldier-PDF)တပ်ခွဲမှူးကိုဇွဲက ပြောသည်။
ကော့ကရိတ်နယ်မြေတွင် ကျားဖြူစစ်ကြောင်း၊ နဂါးနီစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တို့က စစ်ကောင်စီ၏ တပ်ရင်းများ ၊ စခန်းကုန်းများနှင့် တပ်စခန်းများ ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#ကော့ကရိတ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ) ။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ လက်နက်ကြီးကုန်းနှင့် တပ်ရင်းများတိုက်ခိုက်ခံရ၍ ရှစ်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျားဖြူစစ် ကြောင်းမှ သိရသည်။
ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ လက်နက်ကြီးများ တပ်ဆင်ထားသည့် ဗောဓိကုန်း (လက်နက် ကြီးကုန်း)ကို ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ကျားဖြူစစ်ကြောင်းမှ ဗိုလ်ပွဲတော် ဦးဆောင်ကာ ကျားဖြူတပ်ရင်းရုံး ကာကွယ်ရေးတပ်ခွဲ(Southern Eagle-PDF)၊ ကျားဖြူတပ်ခွဲ(၄)နှင့် ကျားဖြူတပ်ခွဲ(၅) (Justice Soldier-PDF)တို့ ပူးပေါင်းကာ ၆၀ မမဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျားဖြူစစ်ကြောင်းမှ ဗိုလ်ပွဲတော်ဦးဆောင်ကာ ကော့ကရိတ်မြို့ ခလရ(၉၇)တပ်ရင်းကို ၆၀ မမဖြင့်ပစ်ခတ်ခဲ့ရာ ဝန်ထမ်းလိုင်းခန်းအတွင်း ကျရောက် ပေါက်ကွဲကာ ငါးဦးသေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အခုလိုကျနော်တို့ တိုက်ခိုက်နိုင်တာဟာ PDF အောက်ခြေရဲဘော်တွေရဲ့ ကြိုးစားမှု၊ ကတိသစ္စာတည်မှု ကြောင့်ပါ။ MOD ဆီကသာ ကွပ်ကဲမှုပိုကောင်းခဲ့ရင် ဒီထက်ပိုလုပ်နိုင်လိမ့်မယ်” ဟု ကျားဖြူတပ်ခွဲ(၅) (Justice Soldier-PDF)တပ်ခွဲမှူးကိုဇွဲက ပြောသည်။
ကော့ကရိတ်နယ်မြေတွင် ကျားဖြူစစ်ကြောင်း၊ နဂါးနီစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တို့က စစ်ကောင်စီ၏ တပ်ရင်းများ ၊ စခန်းကုန်းများနှင့် တပ်စခန်းများ ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#ကော့ကရိတ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤5😁2
စစ်ကောင်စီနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှုများကိုရပ်ဖို့ တရုတ်ကို NUCC သတိပေး
======================
အိမ်နီးချင်းတရုတ်နိုင်ငံဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများကိုသာ တွေ့ရှိနေရပြီး အခုလို ဆောက်ရွက်နေခြင်းတွေဟာ မြန်မာပြည်သူများရဲ့ သဘောဆန္ဒကို မျက်ကွယ်ပြုရာရောက်နေကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သတိပေးထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ၊ စစ်ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေမှာ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာတွေ ရပ်တန့်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဇွန်လ ၂၄ ရက်က တိုက်တွန်းလိုက်တာပါ။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က မြန်မာ့နိုင်ငံရေးကို တရုတ်နိုင်ငံက ပါဝင် ဆောင်ရွက်ချက်အပေါ် အချက် ၁၀ ချက်ပါ သဘောထားကို ထုတ်ပြန်လိုက်တာပါ။
ဒီထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ သဘော ဆန္ဒကို မျက်ကွယ်ပြုရာ ရောက်တဲ့အပြင် မြန်မာ့နိုင်ငံရေး ပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေး ပြဿနာ တွေကို ပိုမိုရှုပ်ထွေးစေတယ်လို့လည်းပါဝင်ပါတယ်။
မြန်မာ့အရေးကို တရုတ်နိုင်ငံအနေနဲ့ လက်တွေ့ကျကျ ကူညီဖြေရှင်းဆောင်ရွက်နိုင်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ နီးနီးကပ်ကပ် စဉ်ဆက်မပြတ် ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။
https://youtu.be/_l_1hG8e1Xc
#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
အိမ်နီးချင်းတရုတ်နိုင်ငံဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများကိုသာ တွေ့ရှိနေရပြီး အခုလို ဆောက်ရွက်နေခြင်းတွေဟာ မြန်မာပြည်သူများရဲ့ သဘောဆန္ဒကို မျက်ကွယ်ပြုရာရောက်နေကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သတိပေးထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ၊ စစ်ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေမှာ စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာတွေ ရပ်တန့်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဇွန်လ ၂၄ ရက်က တိုက်တွန်းလိုက်တာပါ။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က မြန်မာ့နိုင်ငံရေးကို တရုတ်နိုင်ငံက ပါဝင် ဆောင်ရွက်ချက်အပေါ် အချက် ၁၀ ချက်ပါ သဘောထားကို ထုတ်ပြန်လိုက်တာပါ။
ဒီထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံက စစ်ကောင်စီနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ သဘော ဆန္ဒကို မျက်ကွယ်ပြုရာ ရောက်တဲ့အပြင် မြန်မာ့နိုင်ငံရေး ပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေး ပြဿနာ တွေကို ပိုမိုရှုပ်ထွေးစေတယ်လို့လည်းပါဝင်ပါတယ်။
မြန်မာ့အရေးကို တရုတ်နိုင်ငံအနေနဲ့ လက်တွေ့ကျကျ ကူညီဖြေရှင်းဆောင်ရွက်နိုင်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ နီးနီးကပ်ကပ် စဉ်ဆက်မပြတ် ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။
https://youtu.be/_l_1hG8e1Xc
#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှုများကိုရပ်ဖို့ တရုတ်ကို NUCC သတိပေး
အိမ်နီးချင်းတရုတ်နိုင်ငံဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများကိုသာ တွေ့ရှိနေရပြီး အခုလို ဆောက်ရွက်နေခြင်းတွေဟာ မြန်မာပြည်သူများရဲ့ သဘောဆန္ဒကို မျက်ကွယ်ပြုရာရောက်နေကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က …
👍23😁3🤔1