Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှုများကိုရပ်ဖို့ တရုတ်ကို NUCC သတိပေး

Watch more detail - https://youtu.be/_l_1hG8e1Xc

#PoliticalNews #reels #shorts #MizzimaTV
👍14😁1🤣1
ဇွန်လ (၂၆)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

00:57 − နေပြည်တော်မှာ စစ်ကောင်စီနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၃ ရက်ကြာတွေ့ဆုံကြမယ့်သတင်း

02:31 − ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန်နဲ့အိန္ဒိယရဲ့ တောင်းဆိုချက်ကို စစ်ကောင်စီကန့်ကွက်လိုက်တဲ့သတင်း

06:07 − မယ်စဲ့မြို့ပေါ်က ဒေသခံတွေစစ်ဘေးရှောင်နေကြရပြီဖြစ်တဲ့အကြောင်းနဲ့

09:19 − ပုန်ကန်မှုပြေလည်သွားပေမဲ့ ဝဂ္ဂနာရဲ့ကျေအေးခွင့်ကို ပူတင်မဖြစ်မနေ လိုက်လျောခဲ့ရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေ နဲ့ နိုင်ငံတကာသတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/_746HfgmpwI

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🍌2
This media is not supported in your browser
VIEW IN TELEGRAM
ပုန်ကန်မှုကိုခုခံနေတဲ့ ဗိုရွန်နော့ဇ်မြို့မှာ လောင်စာဆီဆိုင် မီးလောင်မှုဖြစ်ပွား

https://www.facebook.com/reel/1028173491643166

#InternationalNews #Mizzima #reels #shorts
👍9🔥2😁1
မင်းကင်းတွင် စစ်ကောင်စီတပ်စွဲထားသည့်ကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးများဖြင့် တိုက်ခိုက်
================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကျောက်ခဲတက်‌ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့နှင့် ပျူစောထီးပူးပေါင်းအဖွဲ့အား ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ဇွန်လ ၂၅ ရက် နေ့လယ် ၁၂ နာရီ အချိန်တွင် လက်နက်ကြီး ၊ မောင်းသူမဲ့ ဒရုန်းလေယာဉ်များ သုံး၍ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF)ထံမှ သိရသည်။

“‌မောင်းသူမဲ့ ဒရုန်းလေယာဉ်အသုံးပြုပြီး ဗုံးသီး ငါးလုံးချတိုက်ခိုက်ခဲ့သလို နောက်ထပ် ၆၀ မမ ဗုံးသီး ခြောက်လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ AT က ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်နှင့် ဗုံးသီးများ သည် အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားရာ ကျောက်ခဲတက်ကျေးရွာရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ကျဆုံးမှုများ ရှိနိုင်ကြောင်း ၎င်းကဆိုသည်။

ယင်းတိုက်ခိုက်မှုကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF) နှင့် ဒေသခံ ပ.က.ဖ အဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်တွင် Shar Htoo Waw နည်းပညာကို အသုံးပြု၍ မောင်းသူမဲ့ ဒရုန်းလေယာဉ်များထုတ်လုပ်နေပြီး အစင်းရေများစွာ ထုတ်လုပ်နိုင်ရေးအတွက် ငွေကြေးအခက်အခဲ ရှိနေကြောင်းလည်း KLG PDF ထံမှ သိရသည်။

“ဒရုန်းလေယာဉ်ကတော့ ဘက်ထရီအပေါ်မှာ မူတည်တာဖြစ်ပြီး ဘက်ထရီခံရင်ခံသလို ခြောက်မိုင် ခုနစ် မိုင်လောက်အထိ အသုံးပြုလို့ရပါတယ်။ အခုထုတ်နေတဲ့ မောင်းသူမဲ့ ဒရုန်းလေယာဉ် တစ်စီးထုတ်လုပ်ဖို့ ၁၃ သိန်းဝန်းကျင်လောက်တော့ ကုန်ကျတယ်။ နည်းပညာပိုင်းရော ပစ္စည်းကိုရော အရေအတွက်များများ ထုတ်လုပ်နိုင်ပြီဆိုရင် တော်လှန်ရေးအင်အားစုတွေဆီ ဖြန့်ပေးဖို့ ရှိပါတယ်” ဟု ထုတ်လုပ်ရေး လုပ်နေ သည့် ရဲဘော်တစ်ဦးက ဆိုသည်။

https://youtu.be/i0LAum2wAbA

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မင်းကင်းမြို့နယ်
#ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#တိုက်ခိုက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤4🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးဝန်ကြီးချုပ်က ပြုပြင်ပြောင်းလဲမှုတွေကို မလျှော့တမ်းရှေ့ဆက်ဖို့ ကတိပြုလိုက်ပြီးနောက် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား

https://www.facebook.com/reel/812850487035071

#InternationalNews #Mizzima #reels #shorts
👍6🔥2🖕1
ငါန်းမြာရဲစခန်းကို PDF ပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၆ ဦးသေဟုဆို
=======================

007(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာရဲစခန်းကို ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ များပူးပေါင်းပြီး ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ ကြောင်း Danger Force LPDF အဖွဲ့က ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

“ ဗုံးသီး ၁၂ လုံးဖြုတ်ချနိုင်ခဲ့တယ်။ အစည်းအဝေးလုပ်နေတဲ့ စကစတွေထဲက ခြောက်ကောင် (ခြောက်ဦး) သေတယ်။ ဒဏ်ရာရတာတွေလည်း ၁၀ ဦးထက်မနည်းဘူးလို့ မြေပြင်သတင်းတွေအရ သိရတယ်။ သူတို့ ဘက်ကလည်းပြန်ပစ်တယ်။ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူး ” ဟု Danger Force LPDF အဖွဲ့ သတင်း ပြန်ကြားရေးတာ၀န်ရှိသူက မဇ္စျိမကိုပြောသည်။

ဇွန်လ ၂၄ ရက်၊ နံနက် ၈ နာရီခန့်တွင် ရဲစခန်းအတွင်း အစည်းအဝေးလုပ်နေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က ဒရုန်းသုံးစင်းဖြင့် ဗုံးသီး ၁၂ လုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ငါန်းမြာရဲစခန်းသည် ကတုတ်ကျင်းအထပ်ထပ်ဖြင့် အခိုင်အမာခံစစ်ပြုလုပ်ထားသော စစ်ကောင်စီ၏ ရှေ့တန်းစခန်းတခုဖြစ်သည်။

“ အလောင်းတွေ ဆွဲထုတ်သွားတာတွေ့တယ်။ အဲဒီစခန်းက စကစရှေ့တန်းစခန်းတစ်ခုလို့ ပြောလို့ရ တယ်။ ဒီဘက်ကို စစ်ကြောင်းထိုးတော့မယ်ဆိုရင် အဲဒီစခန်းမှာ လူစုပြီးမှထွက်ကြတာ” ဟု ဒေသခံတဦး ကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို၊ Danger Force LPDF၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၁) နဂါးနီတပ်ရင်း၊ ကျောက် ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း (၇) (Zero ပြောက်ကျားတပ်ဖွဲ့)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅) နှင့် ဆားတောင်မိုးကြိုး (Local PDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါရဲစခန်းအား ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းမည်ဆိုသော သတင်းများ ကြောင့် စစ်ကောင်စီဘက်မှ ထပ်မံအင်အားဖြည့်တင်းထားကြောင်းလည်း သိရသည်။

Danger Force LPDF အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် ဇွန်လ ၂၂ ရက်နေ့ကလည်း စစ်ကိုင်း တိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ငွေတွင်းကျေးရွာတွင် ပျူစောထီးဦးဆောင်ပြီး အစည်းအဝေး ပြုလုပ် နေသည့် စစ်အုပ်စုကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

https://youtu.be/oQEcv7uCTks

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#DangerForceLPDF
#ငါန်းဇွန်မြို့နယ်
#ငါန်းမြာရဲစခန်း
#ဒရုန်း

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13❤9👏2😁2
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရီဂင် ဗီယက်နမ်သို့ ရောက်ရှိ

https://www.facebook.com/reel/261150319837705

#InternationalNews #Mizzima #reels #shorts
👍8🔥2
မုံရွာကညနရုံးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
====================

ပါခွီး(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်အထွက်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)ရုံးတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိုက် ခိုက်ရာတွင်ပါဝင်သည့် ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

ကညန ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဇွန်လ ၂၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံးသီးသုံးလုံးချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒီမိုကရက်တစ် ဒေသခံတပ်ပေါင်းစု (DLC) ကလည်း ဇွန်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

“အဲဒီနေရာက တခြားစစ်ဆေးရေးစခန်းတွေနဲ့ ချိတ်ဆက်ပေးနေတဲ့ အဓိကကျတဲ့ နေရာတခုဖြစ်နေတဲ့ အတွက် တိုက်ခိုက်ခဲ့တာပါ” ဟု တိုက်ခိုက်ရာတွင်ပါဝင်သည့် တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ ကညနရုံးသည် စစ်ကောင်စီအတွက် အခွန်ဝင်ငွေလမ်းကြောင်းဖြစ်သည့်အပြင် မြို့တွင်း မြို့ပြင် စစ်ဆေးရေးဂိတ်များနှင့် ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်ပေးနေသော စစ်ကောင်စီအထိုင်တပ်စခန်း တခုဖြစ်ကြောင်း ဆိုသည်။

ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်အခြေချစခန်းဧရိယာအတွင်းသို့ ကျရောက်ပေါက်ကွဲသည် ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းဖိုင်တွင် တွေ့ရသော်လည်း ထိခိုက်သေ ဆုံးမှုနှင့် ပတ်သက်ပြီး မသိရသေးပေ။

ယင်းတိုက်ခိုက်မှုကို ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစု တပ်ဖွဲ့ဝင်များဖြစ်သော ဒီမိုကရက်တစ် ပြောက် ကျားတပ်ဖွဲ့(Demicratic Guerrilla Force) ၊ ဗန္ဓုလနှင့် အဖွဲ့သားများ (LPDF) ၊ Urban Hunter Force (UHF) ၊ The Ants LPDF ၊ Monywa Brave Hearts ၊ Sun King Envoy ၊ ဂဠုန်ရာဇာ Revolution Force တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစုကို ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများအကြား ခိုင်မာကျစ်လစ် သည့်စုဖွဲ့မှုဖြင့် ညီညွတ်သော တပ်ပေါင်းစုတစ်ခုပေါ်ပေါက်နိုင်ရန်နှင့် စစ်အာဏာရှင်ကို အမြစ်ပြတ်ချေ မှုန်းရန်အတွက် LPDF များနှင့် အခြားတော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

https://youtu.be/RGD84WfVk5A

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#မုံရွာမြို့ကညနရုံး
#ဒရုန်းနဲ့တိုက်ခိုက်ခံရ
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍20😁2❤1
ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်‌မြောက်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
=====================

မဇ္စျိမ။ ။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၇) နှစ်မြောက် အထိမ်းအမှတ် အဖြစ် စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုကို ယနေ့ ဇွန်လ ၂၆ ရက်တွင် ပြုလုပ်ကြသည်။

“မင်းတို့ စစ်ဖိနပ်အောက် ငါဘယ်တော့မှ ဒူးမထောက်ဘူး” စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့် ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးပြီး လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ဝက်လက် မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#ဆလိုင်းတင်မောင်ဦး
#ချီတက်ဆန္ဒပြ
❤15👍7😁1🤮1
ခင်ဦးမြို့နယ် မြစ်တော်ကျေးရွာအထွက်၌ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး
======================

လွှမ်းမိုး(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြစ်တော်ကျေးရွာအထွက်၌ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ခန့်က အလစ်အငိုက် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း MRDA စေတန်တပ်ခွဲက မဇ္ဈိမကို ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် တဦးကျဆုံးခဲ့ကြောင်း MRDA စေတန်တပ်ခွဲ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ စစ်ကောင်စီ စစ်ကြောင်းကို နှစ်ဖွဲ့ခွဲပြီး ညှပ်တိုက်ခဲ့တာ ဖြစ်ပါတယ်၊ လက်နက်ငယ်၊ လက်နက်ကြီး အစုံ သုံးပြီး တိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ခြောက်ဦးကို ထမ်းစင်နဲ့ခေါ်သွား တာတွေ့ရတယ်၊ ကျနော်တို့ ဒေသကာကွယ်ရေးရဲဘော်တဦးကျဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်” ဟု MRDA စေတန်တပ်ခွဲ၏ ပြောရေးဆိုခွင့်ရှိသူကဆိုသည်။

၁၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ စက်လက်များဖြင့် ပစ်ခတ် ကာ တက်လာခြင်းကြောင့် ဒဏ်ရာရရဲဘော်များကိုသယ်ယူကာ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း ဆို သည်။

“အဲဒီမှာ ကျန်နေခဲ့တဲ့ ကျနော်တို့ ဆိုင်ကယ်လေးတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်”ဟု MRDA စေတန်တပ်ခွဲ က ပြောသည်။

ထိုတိုက်ခိုက်မှုကို MRDA စေတန်တပ်ခွဲမှ ဦးဆောင်ပြီး Royal Tiger ၊ Guerilla Force နှင့်အတူ ဒေသခံ Local PDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဝက်လက်မြို့နယ်သို့ ရောက်ရှိနေပြီး ကံသာ၊ ကံသစ်၊ မြစ်တော်၊ တဲစု၊ သရက်ကုန်းစသည့် ကျေးရွာများမှာ စစ်ရှောင်နေရကာ စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်မှုများလည်းရှိကြောင်း သိရသည်။

https://youtu.be/vzhi4lHBHak

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကောင်စီတပ်စစ်ကြောင်း
#မြစ်တော်ကျေးရွာ
#ခင်ဦး
#Mizzima

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16🤣4😁1
This media is not supported in your browser
VIEW IN TELEGRAM
June - 26 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍10😁1🍌1