Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မြောင်မြို့နယ်ရဲစခန်းအတွင်း မွေးနေ့ပွဲကျင်းပနေသည့် စကစတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ
==================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရဲစခန်းအတွင်း မွေးနေ့ပွဲကျင်းပနေသည့် စစ်ကောင်စီတပ်ကို ဇွန်လ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း CDSOM အဖွဲ့မှ ကိုနွေဦးက မဇ္ဈိမသို့ ပြောသည်။

“ မွေးနေ့လုပ်တဲ့နေရာကိုချဖို့ ရည်ရွယ်ထားပေမယ့် လုံခြုံရေးတွေချထားတာများတော့ သူတို့ကိုပဲ တိုက် ခိုက်လိုက်တာပါ။ ဒရုန်းနှစ်စင်းကို သုံးခေါက်၊ ဗုံးသီးခြောက်လုံးချတယ်။ သုံးလုံးက စခန်းအတွင်းမှာ ကျတယ်။ နှစ်လုံးကတော့ ကင်းထွက်တဲ့ဘက်ကိုကျတယ် “ ဟု ၎င်းကဆိုသည်။

တိုက်ခိုက်မှုကြောင့်မွေးနေ့ပွဲပျက်ကာ ဇွန်လ ၂၅ ရက်နေ့ ညပိုင်းအထိရရှိထားသည့် သတင်းများအရ စစ်ကောင်စီတပ်ဖွဲ့၀င် ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကိုနွေဦးက ပြောသည်။

“ မနေ့ကညအထိ အတည်ပြုရတာက နှစ်ဦး ဆေးသွင်းနေရတယ်။ ကျန်တဲ့လေးယောက်ကတော့ ဒဏ်ရာ ရတယ်။ အားလုံးပေါင်း ခုနစ်ဦး ဒဏ်ရာရတယ်။ မွေးနေ့ကတော့ ပျက်သွားတယ်ပြောရမယ်” ဟု ကိုနွေဦးက ဆိုသည်။

မြောင်မြို့နယ်ရဲစခန်း၌ ဇွန်လ ၂၄ ရက်နေ့က ထပ်မံလာရောက်ပူးပေါင်းထားသည့် အင်အား ၃၀ ခန့် အပါ အ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် ၈၀ ၀န်းကျင်ရှိကြောင်း ဒေသခံများက ပြောသည်။
ရဲစခန်းအတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို CDSOM အနောက်ပိုင်း (001) အဖွဲ့၊ မြောင်မြို့နယ် (ပလဖ) အကြမ်းဖက်နှိမ်နှင်း ရေးအဖွဲ့နှင့် မြောင်မြို့မတိုက်နယ် (ပကဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကို Shar Htoo WAW နည်းပညာ (တိုက်ခိုက်ရေး Fixed Wing Drone) ဒရုန်းနှစ်စင်းဖြင့် ပြုလုပ်ခဲ့ခြင်းပြီး ယင်းဒရုန်းသည် ကိုယ်တိုင်ပြုလုပ်ထားသည့် လက်လုပ်လေယာဉ်အသေးစားဖြစ် ကြောင်း သိရသည်။

“ Sharr Htoo Waw က လက်လုပ်လေယာဥ်အသေးစားပါ။ ဒီကောင်က Suicide (အသေခံ) ပုံစံ သုံးလို့ရ တယ်။ Air Drop (ဗုံးပစ်ချ) ပုံစံချပြီး ပြန်လာတာမျိုးလည်း သုံးလို့ရတယ်။ အရင် အီနာဂါနဲ့ချတဲ့ ဒရုန်းတွေ ဆို ကုန်ကျစရိတ်က တစ်စီးကို သိန်း ၇၀၊ ၈၀ လောက်ရှိတယ်။ ပျက်ကြတာ ဘာညာဆို တစင်းပြန်၀ယ် နိုင်ဖို့ကမလွယ်ဘူးလေ။ ဒီကောင်က တီထွင်တာဆိုတော့ ကိုယ်တီထွင်နိုင်ရင်တီထွင်နိုင်သလောက် ခရီး ရောက်တယ်။ ဆုံးရှုံးမှုပိုင်းမှာ နည်းတယ်။ လုပ်ငန်းလုပ်တဲ့ အပိုင်းမှာလည်း ထိရောက်တယ်” ဟု ကိုနွေဦး က ဆိုသည်။

အဆိုပါ လက်လုပ်ဒရုန်းလေယာဉ်အသေးစားသည် တမိနစ်လျှင် တမိုင်နှုန်းပျံသန်းနိုင်ပြီး ရန်သူ့ Jammer (ဆက်သွယ်ရေးလှိုင်းဖြတ်တောက်စက်)များကို ခုခံဖြတ်သန်းနိုင်ကာ အမြင့်ပေ ၂,၀၀၀ မီတာအထိ ပျံသန်းနိုင်ကြောင်း အဆိုပါဒရုန်းကိုထုတ်လုပ်နေသည့် အခြားတော်လှန်ရေးအဖွဲ့တစ်မှလည်း ပြောသည်။

အဆိုပါ ဒရုန်းတစ်စီးလျှင် ကျပ် ၁၃ သိန်း၀န်းကျင်ခန့်သာကုန်ကျပြီး အရေအတွက်များများ ထုတ်လုပ်နိုင် ပါက တော်လှန်ရေးအင်အားစုများထံ ဖြန့်ဝေပေးနိုင်ရန် စီစဥ်နေကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဒရုန်း
#လက်လုပ်လေယာဉ်ငယ်
#ဗုံးကြဲ
#မြောင်မြို့နယ်
#ရဲစခန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23😁3
​​မြန်မာ -အိန္ဒိယနယ်စပ်အနီး စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်းသေဆုံးဟုဆို
=======================

ပါခွီး
(မဇ္စျိမ) ။ ။ မြန်မာ -အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ခုနှစ်ဦးထက်မနည်းသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) PDF – Tamu တပ်ရင်း (၄) က သတင်းထုတ်ပြန်သည်။

တမူးမြို့မှ နှစ်မိုင်ခန့်အကွာရှိ မြန်မာ -အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးမှ စစ်ကောင်စီတပ်စွဲထားသော နဂါးမင်းသမီးတပ်စခန်းကို ဇွန်လ ၂၄ရက် နံနက်၅နာရီ ၁၅မိနစ်ခန့်တွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“တမူးမြို့နယ် ပန်းသာဖက်မှာ တိုက်ပွဲဖြစ်တာရက်ကြာလာပြီး အဲဒီဖက်ကို ကူညီပေးရာရောက်အောင်၊ ဒီဖက်ကလည်း စစ်မျက်နှာဖွင့်တဲ့အနေနဲ့ ဝင်တိုက်ခဲ့တာပါ” ဟု PDF – Tamu တပ်ရင်း (၄) တိုက်ခိုက်ရေးတာဝန် ခံ ဗိုလ်ခန့် က မဇ္စျိမကိုပြောသည်။

အဆိုပါ စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၅ဦးခန့်တပ်စွဲထားပြီး ၆နာရီခန့်ကြာ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့သည်ဟု PDF – Tamu တပ်ရင်း (၄) က၏ ယနေ့ ဇွန်လ ၂၆ရက်ထုတ်ပြန်ချက်တွင်‌ ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှဗိုလ်ကြီးတစ်ဦးနှင့် ဒုဗိုလ်တစ်ဦးအပါအဝင် ခုနှစ်ဦးသေဆုံးကြောင်း သတင်းရရှိသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး( ကိုယ်ပိုင်အမှတ် -P 12604075) ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု PDF – Tamu တပ်ရင်း (၄) ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ အရာရှိနှင့် တပ်သားများသေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ရပြီး ၎င်းတို့၏ လက်နက်များကို ကောက်ယူရန်ကြိုးစားစဉ် ကာကွယ်ရေးရဲဘော်တစ်ဦး ကျည်ထိမှန် ကျဆုံးခဲ့ရခြင်းဟုPDF – Tamu တပ်ရင်း (၄) ကဆိုသည်။ ကျန်ရဲဘော်နှစ်ဦးမှာ လက်နက်ကြီးကျည်ဆံအစ ထိမှန်ဒဏ်ရာရခြင်းဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်းသိရသည်။

တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှ ကသည်းသူပုန် (Meitei UG) ၊ ရှမ်းနီတပ်ဖွဲ့(SNA) နှင့် ပျူစောထီးများက စစ်ကူပေးခဲ့သောကြောင့် ကာကွယ်ရေးရဲ‌ ဘော်များဆုတ်ခွာခဲ့ရကြောင်း PDF – Tamu တပ်ရင်း (၄) ထုတ်ပြန်ထားသည်။ မြေပြင်တိုက်ပွဲအခြေအနေကို မဇ္ဈိမအနေဖြင့် အသေးစိတ် မသိရှိရသေးပေ။ယင်းတိုက်ပွဲကို PDF – Tamu တပ်ရင်း (၄) နှင့်အတူ Special Task Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

နဂါးမင်းသမီးတပ်စခန်းအား တိုက်ခိုက်မှုသည် တမူးမြို့နယ် ပန်းသာကျေးရွာတိုက်ပွဲအတွက် စစ်မျက်နှာသစ်ဖွင့်ပေးခြင်းဟု ကာကွယ်ရေးရဲဘော်များကပြောထားသည်။စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲထားသည့် ပန်းသာရွာစခန်းကိုဇွန်လ ၁၅ရက်နေ့မှစ၍ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်သည်။ ပန်းသာစခန်းအား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားသလို စစ်ကောင်စီတပ် စစ်ကူလာနိုင်သည့် မြေပြင်လမ်းများကိုပါ ဖြတ်တောက်ထားသည်ဟု သိရသည်။ ထို့ကြောင့် စစ်ကောင်စီတပ်က လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေပြီး အဆိုပါတိုက်ပွဲနှင့် ပတ်သက်၍ ထိခိုက်မှုများကို အသေးစိတ်မသိရှိရသေးပေ။

စာတည်း - မောင်ကြီး

#mizzima
#မြန်မာ -အိန္ဒိယနယ်စပ်
#နဂါးမင်းသမီးတပ်စခန်း
#PDF–Tamu တပ်ရင်း(၄)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26😁2
ကိုဒီငြိမ်းလင်း၏ယောက်ဖဖြစ်သူ အကြမ်းဖက်ဖမ်းဆီးခံရမှု လူပျောက်တိုင်ချက်ဖွင့်ထားသော်လည်း ၁၀ ရက် ကြာသည်အထိ သတင်းမသိရ
🤬11😁2😢2
ကိုဒီငြိမ်းလင်း၏ယောက်ဖဖြစ်သူ အကြမ်းဖက်ဖမ်းဆီးခံရမှု လူပျောက်တိုင်ချက်ဖွင့်ထားသော်လည်း ၁၀ ရက် ကြာသည်အထိ သတင်းမသိရ
======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။၂၀၀၇ မျိုးဆက် ကျောင်းသားသမဂ္ဂခေါင်းဆောင်ကိုဒီငြိမ်းလင်း၏ ယောက်ဖတော်စပ်သူ ကိုသန်းထိုက်ဇော်(ခ) မော်ဒယ် Harry အကြမ်းဖက်ဖမ်းဆီးခံရမှုအား လူပျောက်တိုင်ချက်ဖွင့်ထားသော် လည်း ၁၀ ရက်ကြာသည်အထိ သတင်းမသိရသေးကြောင်း မိသားစုနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရ သည်။

“ဖြစ်စဉ်က ဇွန်လ ၁၆ ရက်နေ့ ညနေ ၇ နာရီ ဝန်ကျင်ခန့်မှာ စမ်းချောင်း မြေနုလမ်းကော်ဖီဆိုင်ရှေ့မှာ အနက်ရောင်ကားသုံးစီးဆိုက်လာပြီး စပို့စ်ရှပ်၊ ဘောင်းဘီတိုနဲ့ မျက်နှာအုပ်ထားတဲ့ လူရှစ်ယောက်က ကို သန်းထိုက်ဇော်ကို ထိုးကြိတ်ပြီးကားတစီးပေါ်ဖမ်းတင်သွားတာပါ။ ရဲစခန်းမှာ လူပျောက်တိုက်ချက်လည်း ဖွင့်ထားတယ်။ အခုထိ ဘာသတင်းမှလည်း ရဲဘက်ကမပေးနိုင်သေးဘူး” ဟု မိသားစုနှင့်နီးစပ်သည့် အနု ပညာအသိုင်းအဝိုင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ဖမ်းဆီးခံရသည့် ကိုသန်းထိုက်ဇော်(ခ)မော်ဒယ် Harry မှာ ၂၀၀၇ မျိုးဆက် ကျောင်းသားသမဂ္ဂခေါင်း ဆောင် ကိုဒီငြိမ်းလင်းဇနီးဖြစ်သူ၏မောင်ဖြစ်ပြီး တေးသံရှင်/မော်ဒယ် လုပ်ကိုင်ကြောင်း သိရသည်။

“မြေနုလမ်းထဲမှာ ကော်ဖီဆိုင်ရှိတယ်၊ စကစဘက်က အစောကြီးထဲက ဝင်နေတာ။ ၃ နာရီလောက်က တည်းက ကားသုံးစီးက ရောက်နေပြီ။ ကိုသန်းထိုက်ဇော်က ၇ နာရီလောက်မှာ ထွက်လာတယ်။
ထွက် လာတဲ့အချိန်မှာ ကားသုံးစီးနဲ့ဖမ်းပြီးတော့ လက်ထိပ်ခတ်ပြီးခေါ်သွားတာ” ကိုသန်းထိုက်ဇော် ဖမ်းဆီး ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စမ်းချောင်းမြို့နယ်‌ ဒေသခံတဦးကလည်း ပြောသည်။
ဖမ်းဆီးခံရသည့်အချိန်မှစ၍ ယနေ့အချိန်ထိ ကိုသန်းထိုက်ဇော်အား ဖမ်းဆီးရသည့်အကြောင်းအရင်း၊ ၎င်း နှင့်ပတ်သက်သည့် သတင်းတစုံတရာကြားသိရခြင်းမရှိဘဲ မည်သည့်နေရာတွင်ထိန်းသိမ်းထားကြောင်း ကိုလည်း စုံစမ်းဆက်သွယ်၍ မရရှိသေးကြောင်း သိရသည်။

ကိုသန်း‌ထိုက်‌ဇော်မှာ စစ်ကောင်စီ၏ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။
“စမ်းချောင်းလို မြို့လယ်ခေါင်မှာ ဆလွန်းကားအမဲရောင်သုံးစီးနဲ့ဝင်လာပြီး တူညီဝတ်စုံနဲ့လူရှစ်ယောက် ဆင်းလာထိုးကြိတ်ပြီးဖမ်းဆီးသွားတာ။ ပြီးတော့ ချန်နယ်တွေက ခြိမ်းခြောက်နေတာ၊ ဖမ်းဆီးတုန့်ပြန်ဖို့ လှုံ့ဆော်နေတာတွေက သက်သေလို့ထင်တာပဲ၊ လက်နက်နဲ့ ထိုးကြိတ်တာရောပဲ” ဟု ဆိုသည်။

ကိုသန်း‌ဇော်ထိုက်မှာ အကြမ်းဖက်ဖမ်းဆီးခြင်းခံရခြင်းဖြစ်သော်လည်း စစ်ကောင်စီဝါဒဖြန့် သတင်းချန် နယ်များတွင် ရန်ကုန်မြို့ပြ PDF အဖွဲ့တည်ထောင်သူ NUG/PDF ခေါင်းဆောင် ဒီငြိမ်းလင်း၏ ယောက်ဖ ဖြစ်သူ သန်းဇော်ထိုက်(အမည်မှားယွင်းဖော်ပြ) (အသက် ၂၈ ) နှစ်ကို အမည်မသိလူတစ်စုက သတ်ဖြတ် သွားသည်ဟု ဖော်ပြနေကြသည်။

စစ်ကောင်စီအားပေးထောက်ခံသူများမှ ယခုကာလအတွင်း ကိုဒီငြိမ်းလင်း၏မိသားစုအား ခြိမ်းခြောက် ပြောဆိုမှုများရှိပြီး ၎င်းတို့အားလုပ်ကြံမည့် အရေးအသားများကိုလည်း လူမှုကွန်ရက်တွင် မျှဝေနေသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စမ်းချောင်းမြို့နယ်
#မြေနုလမ်း
#ကိုဒီငြိမ်းလင်း
#ကိုသန်းထိုက်ဇော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12😁2👍1
Media is too big
VIEW IN TELEGRAM
June - 26 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍4🍌2
မယ်စဲ့ဒေသတွင် စစ်ဘေးရှောင် ၅,၀၀၀ နီးပါး ရှိလာ
😢10😁2
မယ်စဲ့ဒေသတွင် စစ်ဘေးရှောင် ၅,၀၀၀ နီးပါး ရှိလာ
================

မဇ္ဈိမ။ ။ကရင်နီပြည်နယ်၊ မယ်စဲ့မြို့တွင်ဖြစ်ပွားနေသော အာဏသိမ်းစစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများကြောင့် ဒေသခံ ၅,၀၀၀ ဝန်းကျင်ခန့် ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်နေသည့် မယ်စဲ့ဒေသခံ စစ် ဘေးရှောင် ၃,၀၀၀ ကျော်ရှိပြီး မြန်မာဘက်ခြမ်းတွင်ရှောင်တိမ်းနေထိုင်နေသည့် စစ်ဘေးရှောင် ၁,၀၀၀ ကျော်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။
“ထိုင်းဘက်ကို ရောက်နေတာက ၃,၀၀၀ ကျော်၊ နောက်ပြီးတော့ အထဲမှာ (မြန်မာဘက်အခြမ်း) ၁,၀၀၀ ကျော် ကျန်သေးတယ်လို့ သိရတယ်။ အခက်အခဲတွေကတော့ ရှိပါတယ်၊ ထိုင်းဘက်ရောက်တဲ့အဖွဲ့တွေ တောင်မှ ထမင်းထုပ်နဲ့ ရေသန့်မလုံလောက်ဘူး။ နေရာကတော့ အဆောက်အဦးတွေထဲမှာ ပြန့်ကြဲနေကြ တာပေါ့” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် ထိုင်းအာဏာပိုင်များနှင့် နယ်စပ်ရှိ ကူညီကယ်ဆယ်ရေး အရပ် ဘက်အဖွဲ့များက နေရာထိုင်ခင်းများစီစဉ်ပေးထားပြီး တိုက်ပွဲအနည်းငယ်ငြိမ်သက်ပါက မြန်မာဘက်ခြမ်း သို့ပြန်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုင်း-ကရင်နီနယ်စပ်၊ မယ်စဲ့မြို့တွင် ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ ကရင်နီပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်နေခြင်း ဖြစ်သည်။

မယ်စဲ့မြို့ရှိ မြို့မရဲစခန်း၊ ထိုင်း-မြန်မာနယ်ခြားအမှတ် BP(14)၊ BP(15)၊ BP(16) ဖြစ်သည့် မယ်တနွယ် စခန်း၊ တောင်လှစခန်းတို့ကို ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ ကရင်နီပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် 4K မှ တိုက် ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဇွန် ၂၃ ရက်နေ့တွင် ‌စစ်ကောင်စီတပ်၏ နောက်ဆုံးစခန်းကုန်းဖြစ်သော BP(13) ဗျူဟာ ကုန်းကိုသိမ်းပိုက်နိုင်ခဲ့ရာ မယ်စဲ့မြို့တွင် စစ်ကောင်စီတပ်စခန်းမရှိတော့ဘဲ မြို့တစ်ခုလုံးကို ကရင်နီ ပူးပေါင်းတပ်များက ထိန်းချုပ်ထားနိုင်သည့်အခြေအနေဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြော သည်။

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့် မိုင် ၁၄၀ ခန့်သာဝေးသော ကရင်နီဒေသ၊ မယ်စဲ့တိုက်ပွဲသည် စစ်ကောင်စီကို စစ်ရေးအရ ခြိမ်းခြောက်နေပြီး စစ်ကောင်စီတပ်ကလည်း ၎င်းတို့ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။

လက်ရှိတွင် မယ်စဲ့မြို့နှင့် နယ်စပ်ချင်းထိစပ်နေသည့် ဖားဆောင်းမြို့တို့တွင် ယနေ့ ဇွန်လ ၂၆ ရက်နေ့ အထိ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေပြီး တိုက်ပွဲများလည်း ဆက်လက်ပြင်းထန် လာနိုင်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#မယ်စဲ့
#ကရင်နီ
#လေကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2👎1
ဇွန်လ (၂၆) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================

ဒီကနေ့ညမှာတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန်နဲ့အိန္ဒိယရဲ့တောင်းဆိုချက် စစ်ကောင်စီကန့်ကွက် လိုက်တဲ့သတင်းနဲ့အတူ

နေပြည်တော်မှာ စစ်ကောင်စီနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၃ ရက်ကြာတွေ့ဆုံကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ တစ်ပတ်အတွင်း စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ “ Mizzima Editorial Talk “ အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/BYj5mNfSx00

#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2👏1
​​မြန်မာနှင့် ထိုင်ဝမ်အပေါ် အမေရိကန်မူဝါဒ၊ တရုတ်၏လွှမ်းမိုးမှုကို တန်ပြန်ရန် မြန်မာနိုင်ငံသို့ မဟာဗျူဟာများ ရွှေ့ပြောင်းခြင်း 
===================

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံတွင် အာဏာသိမ်းခဲ့သော စစ်အာဏာရှင်များအတွက် နိုင်ငံ၏ ပါဝါဖြစ်သော သံတမန်ရေး၊ သတင်းအချက်အလက်၊ စစ်ရေးနှင့် စီးပွားရေးကဏ္ဍအားလုံးတွင် တရုတ်က ၎င်း၏ ထောက်ခံမှုကို တိုးမြင့်လာပြီး အရှေ့တောင်အာရှ နှင့် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ ကြီးထွားလာနေသော သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အမေရိကန်သည် အပြုသဘောဆောင်သော ချဉ်းကပ်မှုပြုလုပ်ရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏2😁2
ဇွန်လ (၂၆) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

- အပစ်ရပ် ၅ ဖွဲ့နှင့် စစ်ကောင်စီတို့ ဇွန်လ(၂၆)ရက်နေ့က စတင်ကာ (၃)ရက်ကြာ တွေ့ဆုံဆွေးနွေးမယ့် သတင်း

- ကိုးကန့်မှာ MNDAA တပ်ဆီကို လက်နက်ချအလင်းဝင်လာတဲ့ တပ်မ ၉၉ ကတပ်သားကို ငွေသားသိန်း ၂၀ ချီးမြှင့်ပြီး တပ်စိပ်မှူးခန့်အပ်လိုက်တဲ့သတင်း

- မုန်တိုင်းသင့်မြန်မာအတွက် သြစတြေးလျက ဒေါ်လာ ၁၀ ဒသမ ၅ သန်း ပံ့ပိုးကူညီမယ့်သတင်း

- ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ အုပ်စုကို စစ်ကောင်စီတပ်တွေက အကြိမ်ရေ (၂၀) နီးပါးမီးရိူ့ဖျက်ဆီးခဲ့တဲ့သတင်း

- နယ်မြေမတည်ငြိမ်မှုနဲ့ ကုန်ကျစရိတ် မြင့်တက်နေမှုတို့ကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတဲ့သတင်းနဲ့

- ဒီအချိန်က လက်နက်အင်အားပုံအောထောက်ပံ့ဖို့အချိန်ဖြစ်ကြောင်း ဇီလန်စကီးပြောကြားလိုက်တွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/MINH3UNEVR4?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🍌2
​​ကလေးမြို့နယ်အတွင်း တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
================

ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး၊ ကဘော် ၊ ဂန့်ဂေါ) CDF – KKG မှ ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။
ကလေးမြို့နယ်တောင်ပိုင်း၊ သာစည်ရွာနှင့် ဇင်းကလင်းကျေးရွာများရှိ စစ်ကောင်စီတပ်သားများကိုလာ ရောက်ကြိုဆိုပြီး ပြန်လည်ဆုတ်ခွာလာသည့်တပ်ကို ဇွန်လ ၂၅ ရက် ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သားများတင်ဆောင်လာသည့် ဖောကား လေးစီး၊ သုံးဘီးဆိုင်ကယ် တစီး၊ အိမ်ကားနှစ်စီး၊ စစ်ကားအကြီးနှစ်စီးပါသည့်ယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင့်ဆိုင်း ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါယာဉ်တန်းကို ထိခိုက်အောင်တိုက်နိုင်ခဲ့သော်လည်း ကလေးမြို့အတွင်းရှိ အမြောက်တပ်နှင့် ကလေးမြို့အပြင်ဖက်ရှိ စစ်ကောင်စီတပ်၏ အဖွဲ့စက်ဂိတ်တို့မှ လက်နက်ကြီးများဖြင့် တရစပ် ပစ်ကူခဲ့ ခြင်းကြောင့် ပူးပေါင်းတပ်ဖွဲ့မှာ ဆုတ်ခွာခဲ့ရကြောင်းသိရသည်။

ယင်းသို့ပြန်လည်ဆုတ်ခွာချိန်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ရဲဘော် တဦးကျဆုံးခဲ့ ပြီး CDF – KKG မှ ရဲဘော်သုံးဦးနှင့် ကလေးမြို့ (ပကဖ) မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို CDF – KKG နှင့်အတူ CNDF , UGF ၊ PDF – Kalay နှင့် ပကဖတို့ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုစာရင်းကို မသိရသေးကြောင်း ဆိုသည်။

ဇွန်လ ၂၁ ရက်နေ့ ညပိုင်းကလည်း ကလေးမြို့နယ်တောင်ပိုင်း အရှေ့စံသာကျေးရွာကို ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) အနောက်ဖက်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်သဖြင့် ငါးနှစ်အရွယ်ကလေးငယ် တဦးသေဆုံးပြီး သုံးဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#CDF-KKG
#ကလေးမြို့
#ကျဆုံး
#စစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢16👏3👍1
"BGF တပ်တွေ KNDF တပ်တွေနဲ့ ပူးပေါင်းသွားတာ စစ်ကောင်စီကို အင်မတန် ဒေါသူပုန်ထစေတယ််" (Editorial Talk)
=====================

ကရင်နီပြည်နယ်အတွင်းက စိတ်ဝင်စားစရာကောင်းတဲ့ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဒီတစ်ပတ် Mizzima Editorial Talk အစီအစဉ်မှာ သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ ကိုနောင်နောင်တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/lBGT8zEdeZg

#Editorialtalk
#Mizzimatv
#ကရင်နီ
#KNDF
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤19👍5🥱2😁1
မြင်းမူရဲစခန်းနှင့် ထွေအုပ်ရုံးကို Federal Wings ဒရုန်းတပ်ဖွဲ့ တိုက်ခိုက်
👍21😁2
မြင်းမူရဲစခန်းနှင့် ထွေအုပ်ရုံးကို Federal Wings ဒရုန်းတပ်ဖွဲ့ တိုက်ခိုက်
=====================

ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိစစ်ရေးပစ်မှတ်များဖြစ်သော မြင်းမူမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒရုန်းဖြင့် ‌ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မြင်းမူမြို့မရဲစခန်းနှင့် မြင်းမူမြို့နယ်ထွေအုပ်ရုံးကို ဇွန်လ ၂၄ ရက်နေ့ ညတွင် တိုက်ခိုက်ခဲ့ခြင်းဟု Federal Wings ဒရုန်းအဖွဲ့က ယနေ့ဇွန်လ ၂၆ရက် ထုတ်ပြန်သည်။

" ထိချက်တွေက ကောင်းတယ်ဗျ။ ပေါက်ကွဲသံတွေ ဆူညံသွားတာ။ဒရုန်းနဲ့ အချခံရတာ မနက်မှသိတာ"ဟု မြင်းမူမြို့မရဲစခန်းအနီးတွင်နေသူတစ်ဦးကဆိုသည်။

တိုက်ခိုက်မှုဖြစ်စဉ်ကို Federal Wings ဒရုန်းတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ အသေးစိတ်မပြောနိုင်သေးကြောင်း ပြန်လည်ဖြေကြားသည်။ သို့‌သော်ရဲစခန်းအဆောက်အအုံ နှစ်လုံး နှင့် ထွေအုပ်ရုံးအဆောက်အအုံ သုံးလုံးပေါ် သို့ တိုက်ရိုက်ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်မှုများရှိကာ အသေးစိတ်ဆက်လက်စုံစမ်းဆဲဟု Federal Wings ဒရုန်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှုဖြင့် လုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။Federal Wings ဒရုန်းတပ်ဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များကို ယခု ၂၀၂၃ခုနှစ် ဇွန်လမှ စတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။ ပထမဆုံးအကြိမ်တိုက်ခိုက်မှုအဖြစ် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်တွင် မန္တလေးမုံရွာ ကားလမ်းမကြီးဘေးရှိ ညောင်ပင်၀န်းရဲစခန်းကို နှစ်ရက်ဆက်တိုက် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စာတည်း - မောင်ကြီး

#mizzima
#မြင်းမူမြို့မရဲစခန်း
#မြင်းမူထွေအုပ်ရုံး
#Federal Wings ဒရုန်းတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤17👍10😁2
ဩဂုတ်လမှစပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ကျင့်သုံးရန် စစ်ကောင်စီ ညွှန်ကြား
🤬10👍2👏2