Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရေး-ထားဝယ်လမ်းတွင် ခရီးသည်တင်ယာဉ်ဖြင့်တင်ဆောင်လာသော ရဲတပ်ဖွဲ့အသုံးအဆောင်များ သိမ်းဆည်းရမိ
=================

YT
(မဇ္ဈိမ)။ ။မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)လမ်းမကြီးပေါ်တွင် ခရီးသည်တင်ယာဉ်တစီးပေါ်မှ ရဲတပ်ဖွဲ့ အသုံးအဆောင်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Commanding Office) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးထံမှ သိရသည်။

ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက အမှတ်(၈)လမ်းမကြီး၏ ရေးမြို့နယ်၊ ဘေးလမိုင်းကျေးရွာအနီးတွင် လုံခြုံရေးယူစစ်ဆေးနေသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ(၆) တပ် ရင်း(၂၇)၊ PDF ပူးပေါင်းတပ်ဖွဲ့များမှစစ်ဆေးရာတွင် ခရီးသည်တင်ယာဉ်ပေါ်၌တင်ဆောင်လာသော ရဲတပ်ဖွဲ့အသုံးအဆောင်ပစ္စည်းများရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ရွှေစင်စက်ြာခရီးသည်တင်ယာဉ်နဲ့ တင်လာတယ်လို့သိရပါတယ်။ ခရီးသည်တွေရဲ့ပစ္စည်းတွေနဲ့ရောတင် လာတာပါ။ ရဲအသုံးအဆောင်ပစ္စည်းတွေပါပဲ။ ပစ္စည်းတွေအရင်တင်ပေးလိုက်ပြီး လူကအခြားကားနဲ့ လိုက်မဲ့သဘောရှိပါတယ်” ဟု တောင်ပိုင်းတိုင်း J.O.C၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ရှာဖွေတွေ့ရှိခဲ့သော ရဲအသုံးအဆောင်ပစ္စည်းများသည် ဒု-ရဲအုပ်နိုင်လွင်ဦးဆိုသူ၏ပစ္စည်းများဖြစ်ပြီး ၎င်း သည် ပစ္စည်းများနှင့်အတူပါလာခြင်းမရှိဘဲ အခြားကားဖြင့်လိုက်လာရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲအသုံးအဆောင်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C (Joint Commanding Office) အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကလည်း အမှတ် (၈) လမ်းမကြီး၏ မွန်ပြည်နယ်ဘက်ခြမ်းတွင် လုံခြုံရေးယူ စစ်ဆေးနေသော တပ်မဟာ(၆) KNLA တပ်ရင်း (၂၇)၊ SOF ၊ PDF ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆေးချက်အရ စစ်ကောင်စီတပ်နှင့်ဆက်နွှယ်နေသည့် လူလေးဦးအားဖမ်းဆီးရမိခဲ့ပြီး အရေးယူနိုင်ရန် ဆောင်ရွက်နေ ကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့မှစ၍ အမှတ် (၈) လမ်းမကြီးပေါ်သို့ ဖြတ်သန်းသွားလာမည့် ယာဉ်များအနေဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆေးခြင်းအား ကြည်ဖြူစွာလက်ခံရန်၊ စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ္စည်း၊ လူ အစရှိသဖြင့်သယ်ယူခြင်းမပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့်အတူ လိုက် ပါစီးနင်းခြင်းမပြုလုပ်ရန် KNLA တပ်ရင်း(၂၇) တပ်ရင်းမှူးစောနယ်ဒါထူး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အမှတ်(၈)လမ်းမ
#KNLA
#မွန်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🥱2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆ ဇွန် ၂၀၂၃) 
========================

စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည် လက်နက်ကိုင်အဖွဲ့ ၅ဖွဲ့သည် ၎င်းတို့ဒေသတွင် အဓိကျ သည့် အဖွဲ့များမဟုတ်သည့်အတွက် မည်သည့်ရလဒ်မှမထွက်ပေါ်လာနိုင်သလို အရှိန်မြင့် လာသည့် တော်လှန်ရေးကိုလည်း ယင်းဆွေးနွေးပွဲဖြင့် မတားဆီးနိုင်ဟု ဆိုရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥1😁1
​​ဉပဒေမဲ့ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် အမေရိကန်နှင့်အိန္ဒိယနိုင်ငံ၏ တောင်းဆိုချက် စစ်ကောင်စီ ငြင်းဆို
====================

001
(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံအတွင်း ဉပဒေမဲ့ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် အမေရိကန်နှင့် အိန္ဒိယ နိုင်ငံ၏တောင်းဆိုချက်အပေါ် စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်နေ့ တွင် ကြေညာချက်ထုတ်ပြီး ငြင်းဆိုလိုက်သည်။

ဇွန်လ ၂၂ ရက်နေ့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီတို့ အိမ်ဖြူတော် တွင်တွေ့ဆုံအပြီး မြန်မာ့အရေးပူးတွဲကြေညာချက်ထုတ်ပြန်ရာတွင် ဉပဒေမဲ့ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် ထည့်သွင်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီကမူ ၎င်းတို့အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဉပဒေမဲ့ အရေးယူဆောင်ရွက်ထား ခြင်းမရှိဟု ပြန်လည်ငြင်းဆိုသည်။

စစ်ကောင်စီအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် ကြိုးပမ်းနေပြီး ၎င်းတို့အား ဆန့်ကျင်သူများကိုလည်း ဉပဒေဘောင်အတွင်းဝင်ရောက်ရန် ဖိတ်ခေါ်ထား သည်ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီက ကျင်းပပေးမည်ဟုအသိပေးထားပြီးဖြစ်သည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှ တဆင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင် မည်သူမဆိုပါဝင်နိုင်ရန် လမ်းဖွင့်ပေးထားပြီးဖြစ်ကြောင်းလည်း တုံ့ပြန် သည်။

နှစ်နှစ်တာအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၁၀၀ ကျော် ပြုလုပ်ခဲ့သည့်အပြင် အကျဥ်းသား ၆၂,၀၀၀ ကျော်ကိုလည်း ပြန်လွှတ်ပေးခဲ့သည်ဟု စစ်ကောင်စီက ဖော်ပြသည်။

ထို့ကြောင့် နိုင်ငံတကာအနေဖြင့် နားလည်မှု၊ အားပေးမှုနှင့် အပြုသဘောပူးပေါင်း ဆောင်ရွက်မှုများ ပေးရန်လိုပြီး မည်သည့် အကြမ်းဖက်လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ရှုတ်ချသွားရန်လိုကြောင်း တောင်းဆို သည်ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ အခြေအနေပိုမိုဆိုးရွားလာမှုအပေါ် အလွန်စိုးရိမ်ကြောင်း အမေရိကန်နှင့် အိန္ဒိယတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ထားပြီး ထိရောက်သည့် ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရန်လည်း တောင်းဆိုခဲ့သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၃,၄၄၁ ဦး ရှိပြီး ထိုအထဲမှ ၁၉,၀၉၆ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်းနိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

#အမေရိကန်
#အိန္ဒိယ
#စစ်ကောင်စီ
#နိုင်ငံခြားရေးဝန်ကြီးဌာန
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁8🤬4🤮2👏1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်ထုတ်လွှင့်မှုများ
===================

https://youtu.be/JyUc18EZ6oM

#PVTV
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁2🤮1
Media is too big
VIEW IN TELEGRAM
သလဲသီးရဲ့အကျိုးကျေးဇူးများ | Nature Article

Watch more detail - https://www.youtube.com/watch?v=KRPHd7Gg-Kw

#naturearticle #reels #shorts
#သလဲသီး #Mizzima
❤5👍2🌭1
ဇွန်လ (၂၇) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့မှာတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန်နဲ့အိန္ဒိယရဲ့တောင်းဆိုချက် စစ်ကောင်စီကန့်ကွက် လိုက်တဲ့သတင်းနဲ့အတူ

နေပြည်တော်မှာ စစ်ကောင်စီနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၃ ရက်ကြာတွေ့ဆုံကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ တစ်ပတ်အတွင်း စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ “ Mizzima Editorial Talk “ အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/O78OPPD9vzY

#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁2
သလဲသီးရဲ့ အကျိုးကျေးဇူးများ
===========

-သလဲသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-သလဲသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-သလဲသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/KRPHd7Gg-Kw

#naturearticle
#videonews
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🌭1🍌1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန်လ ၂၇ ရက်၊ ၂၀၂၃ | VOA On Mizzima
=====================

ထိုင်းနိုင်ငံမှာ သွေးလွန်တုပ်ကွေးရာသီ ဖျားနာမှု တိုးလာတဲ့အကြောင်းနဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် ပါကစ္စတန်နိုင်ငံမှာ သရက်သီးအထွက်နှုန်း ကျလာတဲ့အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/DT5i-Gy3he8

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🍌2❤1
ထိုင်းနိုင်ငံမှာ သွေးလွန်တုပ်ကွေးရာသီ ဖျားနာမှုတိုး | VOA On Mizzima
====================

သွေးလွန်တုပ်ကွေးရာသီကာလ ထိုင်းနိုင်ငံမှာ ဖျားနာမှုတွေဟာသိသိသာသာ တိုးလာနေပြီး ဆေးရုံတက်ကုသခံရသူတွေလည်း အရေအတွက်မြင့်တက်လာတာကြောင့် ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးပြောဆိုမှုတွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို သွေးလွန်တုပ်ကွေးကြောင့် ဖျားနာကြရသူတွေထဲမှာ မြန်မာပြည်သားတွေလည်း ပါဝင်နေတာပါ။ ဒါကြောင့် မြင့်တက်လာနေတဲ့ သွေးလွန် တုပ်ကွေးဖျားနာမှု ခံစားနေရသူတွေ အထူးသဖြင့် အဖြစ်များတဲ့ ကလေးငယ်တွေအတွက် ဘယ်လို ဂရုစိုက်ကာကွယ် ပေးသင့်သလဲ ဆိုတဲ့အကြောင်း မညိုညိုလွင်က ဘန်ကောက်မြို့တော်ကနေ တင်ပြပေးထားပါတယ်။

https://youtu.be/ZlOopoTEMVA

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥2😁1
ရာသီဥတုဖောက်ပြန်မှုကြောင့် သရက်သီးအထွက်နှုန်းကျ | VOA On Mizzima
======================

ပါကစ္စတန်နိုင်ငံ Sindh ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်တုန်းက ရေကြီးတာ၊ ရာသီဥတုဖောက်ပြန်တာနဲ့ ပြောင်းလဲလာတဲ့ရာသီဥတုပုံစံတွေကြောင့် သရက်သီးအထွက်နှုန်းတွေ သိသိသာသာ ကျဆင်းလာတယ်လို့ တောင်ယာလုပ်သူတွေက ဆိုပါတယ်။ မနှစ်က ပါကစ္စတန်နိုင်ငံမှာ သမိုင်းဝင် ရေကြီးခဲ့တာကြောင့် နိုင်ငံရဲ့ ၃ ပုံ တ ပုံ ရေလွှမ်းမိုးခံခဲ့ရပြီး ဒီနှစ် ရာသီ စပါးရိတ်သိမ်းမှုကို ထိခိုက်စေခဲ့ပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ တင်ဆက်ထားပါတယ်။

https://youtu.be/v60nd4AZBs8

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2🔥1
ဥရောပဈေးကွက်ကို လွှမ်းမိုးဖို့ ကြိုးပမ်းလာတဲ့ တရုတ် လျှပ်စစ်ကားများ | VOA On Mizzima
===================

တရုတ်ရဲ့ လျှပ်စစ်ကား ထုတ်လုပ်သူတွေက ဥရောပ ဈေးကွက်ကို လွှမ်းမိုးနိုင်ရေး ကြိုးစားနေကြပါတယ်။ တရုတ် ကားထုတ်လုပ်သူတွေထံက ကုန်ကျစာရိတ် သက်သာတဲ့ ကားတွေကို ဝယ်ယူဖို့ စိတ်ဝင်စားလာကြတဲ့ ဗြိတိန်နိုင်ငံမှာတော့ တရုတ် လျှပ်စစ်ကား ထုတ်လုပ်သူတွေ အခြေအနေ ကောင်းလာနေတဲ့ အကြောင်း Amy Guttman က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြမှာပါ။

https://youtu.be/u7tx57hXtDA

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤3👍3🔥2🤮1
နွေးဦးတော်လှန်ရေး သမိုင်းရဲ့ ပူးတွဲတရားခံတွေက ဘယ်သူတွေဖြစ်မလဲ
====================

စစ်ကောင်စီဟာ ဒုက္ခမျိုးစုံ ခံစားနေရတဲ့ မြန်မာပြည်သူလူထုကို ညှဉ်းပမ်းနှိပ်စက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။
မိုခါဆိုင်ကလုံးမုန်တိုင်းဒဏ် ပြင်းထန်စွာခံရတဲ့ ပြည်သူတွေဟာ အခုအချိန်အထိ ပြန်လည်ထူထောင်ရေးတွေ ပြည့်ပြည့်ဝဝမလုပ်နိုင်သေးပါဘူး။

စစ်ကောင်စီက ပြန်လည်ထူထောင်ရေး ကောင်းကောင်း လုပ်နိုင်နေပြီလို့ ဆိုပေမယ့် မိုခါဆိုင်ကလုံး မုန်တိုင်းနောက်မှာ ပါလာတဲ့ မုန်သုန်မိုးကြောင့် အိမ်အမိုးတောင် ပြန်မမိုးရသေးတဲ့ အိမ်တွေ စစ်တွေမှာတင် အများကြီး ရှိနေသေးတယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံတကာအကူအညီ ကန့်သတ်ထားမှုတွေကလည်း မုန်တိုင်းသင့်ဒေသက ပြည်သူတွေ အတွက် အခက်အခဲ ပိုဖြစ်စေတာပါ။

https://youtu.be/pWikdP8sdMc

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥3🤬1
ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤1🔥1😁1
အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတိုးလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု မြင့်တတ်နေ
========================

စစ်ကောင်စီက မြန်မာနိုင်ငံတွင်း သိမ်းဆည်းရမိထားတဲ့၊ ဒေါ်လာ သန်း ၅၀၀ နီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာဖျက်ဆီးခဲ့ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းနဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုတွေ တိုးလာနေပြီး တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို မူးယစ်ဆေးဝါး တင်သွင်းမှုတွေ တိုးလာနေတဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက သတိပေး ပြောဆိုနေချိန်မှာပဲ မြန်မာ စစ်ကောင်စီက ခုလို သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ ဖျက်ဆီး ပြလိုက်တာပါ။

ဇွန်လ ၂၆ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ စစ်ကောင်စီက မြန်မာငွေကျပ် ၉၃၆ ဘီလျံကျော် (အမေရိကန်ဒေါ်လာ သန်း၅၀၀နီးပါး) တန်ဖိုးရှိတဲ့ ဖမ်းမိမူးယစ်ဆေးတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးဟာ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုများကို ဖန်တီးပေးနေတဲ့အတွက် နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း စစ်ကောင်စီက ပြောပါတယ်။

https://youtu.be/czQdJp7MBFk

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥4😁2👎1🤔1
This media is not supported in your browser
VIEW IN TELEGRAM
ဝဂ္ဂနာပုန်ကန်မှုကပြသခဲ့တဲ့ ပူတင်ရဲ့အားနည်းချက်အပေါ် တရုတ်စိတ်ပျက်လက်ပျက်ဖြစ်

https://www.facebook.com/reel/673080314646365

#International #MizzimaTV #China #Reels #Shorts
😁8👏1
ဇွန်လ (၂၇)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:01 − Burma Act အကောင်အထည်ဖော်ဖို့ အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြတဲ့သတင်း

03:39 − ဩဂုတ်လကစပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ဘဏ်စနစ်ကိုကျင့်သုံးဖို့အတွက် စစ်ကောင်စီက ညွှန်ကြားထားတဲ့သတင်း

07:02 − အာရှနိုင်ငံတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှု မြန်မာနိုင်ငံမှာ အများဆုံးဖြစ်ပွားနေတဲ့သတင်း နဲ့

08:45 − ဝဂ္ဂနာပုန်ကန်မှုကပြသခဲ့တဲ့ ပူတင်ရဲ့အားနည်းချက်အပေါ် တရုတ်စိတ်ပျက်လက်ပျက်ဖြစ်လာတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေ နိုင်ငံတကာသတင်းတွေနဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/EfsDObnIj6A

#12pmnews
#Mizzimanewshour

👍8😁1🍌1