Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန်လ ၂၇ ရက်၊ ၂၀၂၃ | VOA On Mizzima
=====================

ထိုင်းနိုင်ငံမှာ သွေးလွန်တုပ်ကွေးရာသီ ဖျားနာမှု တိုးလာတဲ့အကြောင်းနဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် ပါကစ္စတန်နိုင်ငံမှာ သရက်သီးအထွက်နှုန်း ကျလာတဲ့အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/DT5i-Gy3he8

#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🍌2❤1
ထိုင်းနိုင်ငံမှာ သွေးလွန်တုပ်ကွေးရာသီ ဖျားနာမှုတိုး | VOA On Mizzima
====================

သွေးလွန်တုပ်ကွေးရာသီကာလ ထိုင်းနိုင်ငံမှာ ဖျားနာမှုတွေဟာသိသိသာသာ တိုးလာနေပြီး ဆေးရုံတက်ကုသခံရသူတွေလည်း အရေအတွက်မြင့်တက်လာတာကြောင့် ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးပြောဆိုမှုတွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို သွေးလွန်တုပ်ကွေးကြောင့် ဖျားနာကြရသူတွေထဲမှာ မြန်မာပြည်သားတွေလည်း ပါဝင်နေတာပါ။ ဒါကြောင့် မြင့်တက်လာနေတဲ့ သွေးလွန် တုပ်ကွေးဖျားနာမှု ခံစားနေရသူတွေ အထူးသဖြင့် အဖြစ်များတဲ့ ကလေးငယ်တွေအတွက် ဘယ်လို ဂရုစိုက်ကာကွယ် ပေးသင့်သလဲ ဆိုတဲ့အကြောင်း မညိုညိုလွင်က ဘန်ကောက်မြို့တော်ကနေ တင်ပြပေးထားပါတယ်။

https://youtu.be/ZlOopoTEMVA

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥2😁1
ရာသီဥတုဖောက်ပြန်မှုကြောင့် သရက်သီးအထွက်နှုန်းကျ | VOA On Mizzima
======================

ပါကစ္စတန်နိုင်ငံ Sindh ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်တုန်းက ရေကြီးတာ၊ ရာသီဥတုဖောက်ပြန်တာနဲ့ ပြောင်းလဲလာတဲ့ရာသီဥတုပုံစံတွေကြောင့် သရက်သီးအထွက်နှုန်းတွေ သိသိသာသာ ကျဆင်းလာတယ်လို့ တောင်ယာလုပ်သူတွေက ဆိုပါတယ်။ မနှစ်က ပါကစ္စတန်နိုင်ငံမှာ သမိုင်းဝင် ရေကြီးခဲ့တာကြောင့် နိုင်ငံရဲ့ ၃ ပုံ တ ပုံ ရေလွှမ်းမိုးခံခဲ့ရပြီး ဒီနှစ် ရာသီ စပါးရိတ်သိမ်းမှုကို ထိခိုက်စေခဲ့ပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ တင်ဆက်ထားပါတယ်။

https://youtu.be/v60nd4AZBs8

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2🔥1
ဥရောပဈေးကွက်ကို လွှမ်းမိုးဖို့ ကြိုးပမ်းလာတဲ့ တရုတ် လျှပ်စစ်ကားများ | VOA On Mizzima
===================

တရုတ်ရဲ့ လျှပ်စစ်ကား ထုတ်လုပ်သူတွေက ဥရောပ ဈေးကွက်ကို လွှမ်းမိုးနိုင်ရေး ကြိုးစားနေကြပါတယ်။ တရုတ် ကားထုတ်လုပ်သူတွေထံက ကုန်ကျစာရိတ် သက်သာတဲ့ ကားတွေကို ဝယ်ယူဖို့ စိတ်ဝင်စားလာကြတဲ့ ဗြိတိန်နိုင်ငံမှာတော့ တရုတ် လျှပ်စစ်ကား ထုတ်လုပ်သူတွေ အခြေအနေ ကောင်းလာနေတဲ့ အကြောင်း Amy Guttman က သတင်းပေးပို့ထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြမှာပါ။

https://youtu.be/u7tx57hXtDA

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤3👍3🔥2🤮1
နွေးဦးတော်လှန်ရေး သမိုင်းရဲ့ ပူးတွဲတရားခံတွေက ဘယ်သူတွေဖြစ်မလဲ
====================

စစ်ကောင်စီဟာ ဒုက္ခမျိုးစုံ ခံစားနေရတဲ့ မြန်မာပြည်သူလူထုကို ညှဉ်းပမ်းနှိပ်စက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။
မိုခါဆိုင်ကလုံးမုန်တိုင်းဒဏ် ပြင်းထန်စွာခံရတဲ့ ပြည်သူတွေဟာ အခုအချိန်အထိ ပြန်လည်ထူထောင်ရေးတွေ ပြည့်ပြည့်ဝဝမလုပ်နိုင်သေးပါဘူး။

စစ်ကောင်စီက ပြန်လည်ထူထောင်ရေး ကောင်းကောင်း လုပ်နိုင်နေပြီလို့ ဆိုပေမယ့် မိုခါဆိုင်ကလုံး မုန်တိုင်းနောက်မှာ ပါလာတဲ့ မုန်သုန်မိုးကြောင့် အိမ်အမိုးတောင် ပြန်မမိုးရသေးတဲ့ အိမ်တွေ စစ်တွေမှာတင် အများကြီး ရှိနေသေးတယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံတကာအကူအညီ ကန့်သတ်ထားမှုတွေကလည်း မုန်တိုင်းသင့်ဒေသက ပြည်သူတွေ အတွက် အခက်အခဲ ပိုဖြစ်စေတာပါ။

https://youtu.be/pWikdP8sdMc

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥3🤬1
ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤1🔥1😁1
အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတိုးလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု မြင့်တတ်နေ
========================

စစ်ကောင်စီက မြန်မာနိုင်ငံတွင်း သိမ်းဆည်းရမိထားတဲ့၊ ဒေါ်လာ သန်း ၅၀၀ နီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာဖျက်ဆီးခဲ့ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းနဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုတွေ တိုးလာနေပြီး တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို မူးယစ်ဆေးဝါး တင်သွင်းမှုတွေ တိုးလာနေတဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက သတိပေး ပြောဆိုနေချိန်မှာပဲ မြန်မာ စစ်ကောင်စီက ခုလို သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ ဖျက်ဆီး ပြလိုက်တာပါ။

ဇွန်လ ၂၆ ရက်နေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ စစ်ကောင်စီက မြန်မာငွေကျပ် ၉၃၆ ဘီလျံကျော် (အမေရိကန်ဒေါ်လာ သန်း၅၀၀နီးပါး) တန်ဖိုးရှိတဲ့ ဖမ်းမိမူးယစ်ဆေးတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးဟာ ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှုများကို ဖန်တီးပေးနေတဲ့အတွက် နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း စစ်ကောင်စီက ပြောပါတယ်။

https://youtu.be/czQdJp7MBFk

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥4😁2👎1🤔1
This media is not supported in your browser
VIEW IN TELEGRAM
ဝဂ္ဂနာပုန်ကန်မှုကပြသခဲ့တဲ့ ပူတင်ရဲ့အားနည်းချက်အပေါ် တရုတ်စိတ်ပျက်လက်ပျက်ဖြစ်

https://www.facebook.com/reel/673080314646365

#International #MizzimaTV #China #Reels #Shorts
😁8👏1
ဇွန်လ (၂၇)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:01 − Burma Act အကောင်အထည်ဖော်ဖို့ အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြတဲ့သတင်း

03:39 − ဩဂုတ်လကစပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ဘဏ်စနစ်ကိုကျင့်သုံးဖို့အတွက် စစ်ကောင်စီက ညွှန်ကြားထားတဲ့သတင်း

07:02 − အာရှနိုင်ငံတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှု မြန်မာနိုင်ငံမှာ အများဆုံးဖြစ်ပွားနေတဲ့သတင်း နဲ့

08:45 − ဝဂ္ဂနာပုန်ကန်မှုကပြသခဲ့တဲ့ ပူတင်ရဲ့အားနည်းချက်အပေါ် တရုတ်စိတ်ပျက်လက်ပျက်ဖြစ်လာတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေ နိုင်ငံတကာသတင်းတွေနဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/EfsDObnIj6A

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁1🍌1
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတိုးလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု မြင့်တတ်နေ

Watch more detail - https://www.youtube.com/watch?v=czQdJp7MBFk

#PoliticalNews #reels #shorts
🔥5😁2😱1
အာရှနိုင်ငံများထဲ လူ့အခွင့်အရေး ချိုးဖောက်မှု မြန်မာမှာ အများဆုံးဖြစ်ပွားခဲ့
====================

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အကြား အာရှနိုင်ငံ ၂၂ နိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်တဲ့ တက်ကြွလှုပ်ရှားသူတွေအပေါ် အခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ် ၁၆၀၀ ကျော် ရှိခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက အများဆုံး ဖြစ်တဲ့အကြောင်း အာရှ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ FORUM-ASIA အဖွဲ့က အစီရင်ခံစာအရသိရပါတယ်။

မြန်မာနိုင်ငံပြီးရင် ထိုင်းနဲ့အိန္ဒိယက ဒုတိယနဲ့ တတိယမှာရှိနေပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အများဆုံး ဖြစ်တယ်လို့ အစီရင်ခံစာက ရေးသားထားပါတယ်။

အာရှလူ့အခွင့်အရေးနဲ့ တိုးတက်ရေးအဖွဲ့ (Forum- Asia) က နှစ်နှစ်တစ်ကြိမ် အစီရင်ခံစာ ထုတ်ပြန်နေတာဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့ နှစ်နှစ်က အခြေအနေကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

လူ့အခွင့်အရေး ကာကွယ်သူ အနည်းဆုံး ၄၄၀၀ ကျော် သူတို့မိသားစုတွေအပါအဝင်၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ အစိုးရနဲ့ အစိုးရနဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ အခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ်တွေကြောင့် ထိခိုက်ခဲ့ရတဲ့အကြောင်း အစီရင်ခံစာက ရေးသားထားတာပါ။

https://youtu.be/ZBFsCCJoEao

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😢5❤1🔥1😁1
Media is too big
VIEW IN TELEGRAM
အာရှနိုင်ငံများထဲ လူ့အခွင့်အရေး ချိုးဖောက်မှု မြန်မာမှာ အများဆုံးဖြစ်ပွားခဲ့

Watch more detail - https://www.youtube.com/watch?v=ZBFsCCJoEao

#PoliticalNews #reels #shorts #Mizzima
👍8❤2😁2🔥1
Burma Act အကောင်အထည်ဖော်ဖို့ အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး
================

စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေကို ကူညီထောက်ပံ့မှုပေးမယ့် Burma Act အကောင် အထည်ဖော်ရေးအတွက် အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ဝန်ကြီးတွေ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ကြတယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။

NUG ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးဟာ အမေရိကန်အစိုးရမှာ မြန်မာ့အရေး အဓိကကိုင်တွယ်နေသူတွေနဲ့ ဝါရှင်တန်မြို့တော်မှာ အခုရက်ပိုင်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၀) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ Global Fund for Burma ကပြုလုပ်တဲ့ မြန်မာနိုင်ငံရေးရာ မူဝါဒ အလုပ်ရုံဆွေးနွေးပွဲမှာ စစ်ကောင်စီကို အရေး ယူပိတ်ဆို့မှုတွေ ချမှတ်တာနဲ့ Burma Act အကောင်အထည်ဖော်ရေးဆွေးနွေးခဲ့ကြတာပါ။

အဲဒီ ဆွေးနွေးပွဲကို NUG ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာဇော်ဝင်စိုး၊ ဦးထင်လင်း အောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကြားကာလ ဗဟိုဘဏ် အထူးအကြံပေး ပုဂ္ဂိုလ် Sean Turnell တို့ တက် ရောက်ခဲ့ကြပါတယ်။

https://youtu.be/qkDR5LfvH-M


#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14👏4❤2😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
လစ်သူယေးနီးယားမှာ တပ်ဖွဲ့ဝင် ၄,၀၀၀ ချထားဖို့ ဂျာမနီစီစဉ်ထား

https://www.facebook.com/reel/982375806123325

#International #MizzimaTV #Reels #shorts
👍4😁1🤣1
မုံရွာမြို့ ဇလုပ်အဝိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ကင်းစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး
====================

ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာလမ်း၊ ဇလုပ်အဝိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး နှစ်ဦးအပြင်း ထန်ဒဏ်ရာရရှိသွားကြောင်း မုံရွာနတ်ဆိုးအဖွဲ့ထံမှ သိရသည်။

ဇလုပ်အဝိုင်းတွင် ကင်းစောင့်ရင်း လမ်းအသွားအလာများကိုစစ်ဆေးကာ ကုန်ကားများထံမှ ငွေတောင်းခံ လေ့ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဇွန်လ ၂၅ ရက်နေ့ ညနေ ၃နာရီ ၅၀ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့က ပေ ၁၀၀ အတွင်းထဲမှာ ပစ်ခဲ့တာ။ တယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီးသေသွား တယ်။ နှစ်ယောက်ကတော့ သွေးအိုင်ထဲမှာ ဒဏ်ရာအပြင်းအထန်ရတယ်၊ သေမသေတော့ အတိအကျ မပြောနိုင်ဘူး” ဟု မုံရွာ နတ်ဆိုးအဖွဲ့တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

အဆိုပါနေရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးရှိပြီး သုံးဦးစီ နှစ်နေရာခွဲနေကြသည်ဟု ဆိုသည်။ ပစ် ခတ်မှုဖြစ်ပွားပြီးနောက် ကျန်ရှိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို မုံရွာနတ်ဆိုးအဖွဲ့နှင့်အတူ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေရာအနှံ့ အရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်နေပြီး ၎င်းတို့အား နေရာမရွေးတိုက်ခိုက်နိုင်ရန် အသင့်ပြင်ဆင်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးရာနေရာများတွင် နေထိုင်သွားလာကြရန် မုံရွာနတ်ဆိုးအဖွဲ့ တာဝန်ရှိ သူက မေတ္တာရပ်ခံထားသည်။

မေလ ၁၇ ရက်နေ့ကလည်း မုံရွာမြို့ ဘိုးဘွားရိပ်သာအဝိုင်းပတ်အနီးတွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်ခဲ့ရာ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

https://youtu.be/f5obq2r-oUA

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#စစ်ကောင်စီတပ်ဖွဲ့
#ပစ်ခတ်တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏4😁2
Media is too big
VIEW IN TELEGRAM
Burma Act အကောင်အထည်ဖော်ဖို့ အမေရိကန်အစိုးရအရာရှိတွေနဲ့ NUG ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး

Watch more detail - https://www.youtube.com/watch?v=qkDR5LfvH-M

#PoliticalNews
#reels
#shorts
👍21❤3😁2