Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုံရွာ - အမြင့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ၁၀လအတွင်း ၄ ကြိမ်မြောက်ဖျက်ဆီး
🤬7🔥2😁2
မုံရွာ - အမြင့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ၁၀လအတွင်း ၄ ကြိမ်မြောက်ဖျက်ဆီး
=======================

ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်းအတွင်း မုံရွာနှင့် ချောင်းဦးလမ်းပိုင်းမှ ဒေသခံများ အဓိကအသုံးပြုနေသော မုံရွာ - အမြင့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် ဖြိုချကာ ထပ်မံဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

မုံရွာမြို့နယ်၊ မုံရွာ - အမြင့်လမ်းပိုင်းမှ ညောင်ပင်သာကျေးရွာ ဘုန်းကြီးကျောင်းရှေ့တည့်တည့်နေရာကို စစ်ကောင်စီတပ်က ဇွန်လိုင်လ ၂၆ရက် ညနေ ၄နာရီခန့်တွင် လာရောက်ဖျက်ဆီးသွားခြင်းဟု မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
" လုံခြုံရေးအပြည့်နဲ့လာဖျက်တာ။ အဲ့လမ်းပိုင်းက ရွာတွေကလည်း စစ်ကျွန်မခံတဲ့ ရွာတွေဆိုတော့ သူတို့(စစ်ကောင်စီတပ်) တိုက်ခိုက်ခံရမှာကြောက်ပြီး လာဖျက်တာ" ဟု ချောင်းဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် တပ်ဖွဲ့ဝင်အင်အား ၇၀ခန့်လုံခြုံရေးယူကာ လမ်းအား ဘက်ဟိုး(ဘူဒိုဇာ)တစ်စီးဖြင့် ကန့်လန်းဖြတ် ဖြိုချ ဖျက်ဆီးသွားခြင်းဟု သိရသည်။ မုံရွာ - အမြင့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ယခုတစ်ကြိမ်အပါအဝင် ၁၀လအတွင်း လေးကြိမ်မြောက်ဖျက်ဆီးခြင်းဖြစ်သည်။

၂၀၂၂ခုနှစ် စက်တင်ဘာ ၄ရက်ပထမအကြိမ်ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၅ရက်တွင် ဒုတိယအကြိမ် ဖျက်ဆီးခဲ့သည်။ ၂၀၂၃ မေလ ၅ရက်နေ့တွင် တတိယအကြိမ်ဖျက်ဆီးခဲ့ပြီး ယခု ဇွန်လ ၂၆ရက်နေ့တွင် စတုတ္ထအကြိမ်ဖျက်ဆီးခြင်းဟု သိရသည်။
ယင်းလမ်းပိုင်းသည် မုံရွာမြို့သာမက ချောင်းဦးမြို့နယ်နှင့်ပါဆက်သွယ်ထားပြီလမ်းပန်းဆက်သွယ်ရေးအတွက် ဒေသခံများ အဓိကအသုံးပြုသည့်လမ်းဟု မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယခုကဲ့သို့ ဖျက်ဆီးခံရသောကြောင့် လမ်းပန်းဆက် သွယ်ရေးနှောင့်နှေးကာအရောင်းအဝယ်အလုပ် အကိုင်များ ထိခိုက်‌သည်ဟု ဒေသခံများကပြောသည်။

မုံရွာ - အမြင့် လမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများသည် စစ်အာဏာရှင်ကို ဆန့်ကျင်မှုအားကောင်းကြပြီး လမ်းဘေးဝန်းကျင်ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခြင်း၊ဒေသခံ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းသိရှိရသည်။

စစ်ကောင်စီတပ်သည် စစ်ရေးအရ အထိနာနေသော ဒေသများတွင် အများပြည်သူသွားလာနေသည့် လမ်းများကို လိုက်လံဖျက်ဆီးနေသည်။ စစ်ကိုင်းတိုင်းအပြင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ကျေးရွာချင်းဆက်လမ်းအချို့နှင့်မြို့ချင်းဆက်လမ်းအချို့ကို ဖျက်ဆီးထားသည်။

စာတည်း - မောင်ကြီး
#mizzima
#မုံရွာ - အမြင့်လမ်းပိုင်း
#စစ်ကောင်စီတပ်
#ဘက်ဟိုးဖြင့်ဖြိုချဖျက်ဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍3🔥2👏1
This media is not supported in your browser
VIEW IN TELEGRAM
ခါတွန်ဌာနချုပ်ကို ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲများအတွင်း ဆူဒန်အရပ်သားတွေ သေဆုံး
=============

https://www.facebook.com/reel/1362913074570356

#Internationalnews #Mizzima #Reels #shorts
👏4👍1🔥1
Business Roundup (27 June 2023)
=============

- နိုင်ငံတကာ အဝတ်အထည်လုပ်ငန်း Zara အမှတ်တံဆိပ်ပိုင်ရှင် Inditex မြန်မာပြည်မှ ထွက်ခွာ

- ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ မြန်မာကို FATF တိုက်တွန်း

- မြန်မာ့သံသတ္တုရိုင်း တန် ၁၀၀၀ ကျော် တရုတ်သို့ ရထားဖြင့် ပို့ဆောင်

- Pact Myanmar အသေးစားချေးငွေလုပ်ငန်းများ ရပ်ဆိုင်းကာ မြန်မာပြည်မှထွက်ခွာ

- မုန်တိုင်းသင့်ပြည်သူတွေအတွက် အင်ဒိုနီးရှားက ဒေါ်လာငါးသိန်းကျော် ကူညီထောက်ပံ့

https://youtu.be/_nm6zWMKu0w

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥3❤1
​​ကောလင်းမြို့တွင် ပျံကျဈေးအနီး မိုင်းပေါက်ကွဲ၍ ၈ ဦးထက်မနည်း ဒဏ်ရာရ
=-====================

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ဈေးဗိုလ်တဲရုံးရပ်ကွက်လမ်းဆုံရှိ ပျံကျဈေးတန်းအနီးတွင် မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဈေးရောင်းဈေးဝယ်နေသူ ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

ကောလင်းမြို့၊ ဈေးဗိုလ်တဲရုံးရပ်ကွက်ဆိုင်းဘုတ်အနီးတွင် ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပျံကျဈေးအနီးမှာ လူတွေစည်ကားနေချိန်ဆိုတော့ ရှစ်ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ဒေခံသတင်းရင်းမြစ်က ပြောသည်။

မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်များက ကောလင်းမြို့ပေါ်တွင် စစ်ဆေးမှုများတင်းကြပ်စွာ လုပ် ဆောင်ခဲ့ပြီး အဆိုပါမိုင်းကို မည်သည့်အဖွဲ့အစည်းမှ ထောင်ထားခြင်းဆိုသည်ကို မသိရသေးကြောင်း လည်း ၎င်းကဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်ကလည်း ကောလင်းမြို့ KBZ ဘဏ်(၂)အနီး၌ စစ်ကောင်စီ တပ်သားများ ကင်းချိန်းပြီးပြန်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တဦး ပြင်းထန် ဒဏ်ရာရရှိသည်ဟု The Secret Warrior Kawlin မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင်း ဒေသခံတဦးလည်း ထိခိုက်ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သားများ မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဒေသခံငါးဦး ထပ်မံထိခိုက်ဒဏ်ရာရခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရသွားသော ဒေသခံများအတွက် အလွန်ပင်စိတ်ထိခိုက်ရပြီး စစ်ကောင်စီတပ် သားများနှင့် ဝေးရာအရပ်တွင်နေကြရန် The Secret Warrior Kawlin မှ မေတ္တာရပ်ခံ အသိပေးထား သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စော‌ဖေ

#စစ်ကိုင်းတိုင်း
#ကောလင်းမြို့
#ပျံကျဈေး
#မိုင်းပေါက်ကွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬5🔥1🥴1
This media is not supported in your browser
VIEW IN TELEGRAM
ဝဂ္ဂနာရဲ့ ပုန်ကန်မှုက ယူကရိန်းကျူးကျော်မှုဟာ ရုရှားရဲ့ ဗျူဟာမြောက်အမှားဖြစ်ကြောင်း ပြသနေတယ်လို့ နေတိုးအကြီးအကဲပြော

https://www.facebook.com/reel/2003366970010705

#Internationalnews #Russia #Mizzima #Reels #shorts
👍16🔥1👏1😁1
ဇွန်လ (၂၇)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

00:59 − အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတိုးလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု မြင့်တတ်နေတဲ့သတင်း

05:40 − ယုဇနဥယျာဉ်မြို့တော်ရှိ ဆိုင်ခန်းတွေကို အင်အားသုံးဖယ်ရှားပြီးအသစ်‌ဆောက် လုပ်ကာ ပြန်လည်ရောင်းချနေတဲ့သတင်း

07:16 − ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံးရတဲ့သတင်းနဲ့

13:14 − ဝဂ္ဂနာအကျပ်အတည်းနောက်ပိုင်း ရုရှားကာကွယ်ရေးဝန်ကြီးကို ရုပ်သံမှာပထမဆုံးပြန်တွေ့မြင်ရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/TSuETsikI3M

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🍌2😁1
This media is not supported in your browser
VIEW IN TELEGRAM
နိုင်ငံတကာ အဝတ်အထည်လုပ်ငန်း Zara အမှတ်တံဆိပ်ပိုင်ရှင် Inditex မြန်မာပြည်မှ ထွက်ခွာ

Watch more detail - https://youtu.be/_nm6zWMKu0w

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍9❤2🔥1
ဇွန်လ ၂၇ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2
စစ်ကောင်စီ၏ဖိအားပေးမှုကြောင့် ငွေချေးလုပ်ငန်း Pact Myanmar က ကြွေးမြီဒေါ်လာသန်း ၁၅၀ ကျော်ကိုလျှော်ပစ်ပြီး လုပ်ငန်းပိတ်သိမ်း
😢9👍5😁2❤1🔥1
စစ်ကောင်စီ၏ဖိအားပေးမှုကြောင့် ငွေချေးလုပ်ငန်း Pact Myanmar က ကြွေးမြီဒေါ်လာသန်း ၁၅၀ ကျော်ကိုလျှော်ပစ်ပြီး လုပ်ငန်းပိတ်သိမ်း
========================

001
မဇ္စျိမ။ ။အာဏာသိမ်းစစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် အသေးစားငွေချေးလုပ်ငန်း Pact Myanmar သည် ငွေချေးသူ ကိုးသိန်းနီးပါး (၈၉၀,၀၀၀) ထံမှ ကြွေးမြီ ဒေါ်လာ ၁၅၆ သန်းကျော်ကို လျှော်ပစ်ပြီး လုပ် ငန်းပိတ်သိမ်းရန်ဆုံးဖြတ်ခဲ့ကြောင်း Pact Global Microfinance Fund (PGMF) မှ ထုတ်ပြန်ထားသည်။

“ ကျွန်မတို့ကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် အစိုးရ (မူရင်းအသုံးအနှုန်း)က နိုင်ငံကနေ ထွက်ရင် ထွက် ဒါမှမဟုတ် တရားမဝင်လုပ်ငန်းလည်ပတ်ဖို့ ဖိအားပေးခဲ့ပါတယ်” ဟု PGMF ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Ellen Varney ဆိုသည်။

PGMF အနေဖြင့် အဖွဲ့အစည်း၏ အကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုအားလုံးကို အနာဂတ်တွင် စစ်ကောင်စီထံလွှဲ ပြောင်းပေးရန် သဘောမတူခဲ့သည့်အတွက် စီးပွားရေးလုပ်ငန်းအနေဖြင့် မှတ်ပုံတင်ခွင့်ပေးရန် ငြင်းဆန် ခံခဲ့ရခြင်းဖြစ်ကြောင်း ဆိုထားသည်။

ဝါရှင်တန်အခြေစိုက် PGMF လုပ်ငန်းသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုဉပဒေကို ချိုးဖောက်မှုဖြစ် လာနိုင်သည့်အချက်အပါအဝင် အကြောင်းအရင်းများစွာရှိ၍ လိုက်နာရန် မဖြစ်နိုင်ကြောင်း ထုတ်ပြန် သည်။

ထို့ပြင် ချေးငွေအသစ်မပေးရန် ပိတ်ပင်ခံရခြင်း၊ အဖွဲ့အစည်းအကြီးပိုင်းခေါင်းဆောင်များ၏ ဗီဇာများ ပယ် ချခံရခြင်းတို့အပြင် ပြည်ပငွေအဝင်အထွက်များကို ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပိတ်ပင်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရကြောင်း PGMF ၏ ဇွန်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဖွဲ့အစည်း၏ မြီရှင်များကိုပြန်လည်ပေးအပ်ရန် ငွေကြေးများကိုလည်းဖယ်ထားပြီးဖြစ်ကာ ထိုငွေများကို ပြန်လည်ပေးအပ်ခွင့်ပြုရန်မှာ မြန်မာအာဏာပိုင်များပေါ်တွင်မူတည်ကြောင်း အသိပေးသည်။
“ ဒီလို စိန်ခေါ်မှုတွေရှိနေတဲ့အခြေအနေမှာ ကျွန်တော်တို့အတွက် အရေးကြီးဆုံးက PGMF ရဲ့ ပိုင်ဆိုင်မှု တွေကို ကျွန်တော်တို့ရဲ့ငွေချေးသူ မြန်မာပြည်သူတွေဆီ ရောက်ရှိအောင်လုပ်ပေးဖို့ပါပဲ” ဟု PGMF ၏ စီမံခန့်ခွဲမှု ဥက္ကဋ္ဌ Fahmid Bhuiya ကပြောသည်။

မြန်မာနိုင်ငံတွင် နှစ် ၂၀ ကျော်ခန့်လုပ်ကိုင်ခဲ့သည့် PGMF အနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက် နေ့နောက်ပိုင်းတွင် လုပ်ငန်းလည်ပတ်မှုကိုရပ်ဆိုင်းပြီး ထွက်ခွာတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ PGMF မိသားစုများ (ဝန်ထမ်း) အားလုံးကို အပိုခံစားခွင့်များအပါအဝင် လစာနှင့် အခြား ခံစားခွင့်များ ကြိုတင်ပေးအပ်ပြီးဖြစ်ကာ အခြားသောရပိုင်ခွင့်ရှိသည့် ခံစားခွင့်များနှင့် ရက်မှန်ကြေးများ အတွက် ပေးအပ်ရမည့်တာဝန်များကိုလည်းစောင့်ထိန်းခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

PGMF အနေဖြင့် မြန်မာနိုင်ငံမှ ကျေးရွာပေါင်း ၁၅,၀၀၀ နီးပါးနှင့် ဖောက်သည်ပေါင်း ၂ ဒသမ ၃ သန်း အတွက် ၂၅ နှစ်တိုင်အောင် ဝန်ဆောင်မှုပေးခဲ့ပြီး ၉၉ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြောင်း သိရ သည်။

PGMF အဖွဲ့ငွေစုငွေချေးလုပ်ငန်းများကိုရပ်နားခြင်းမှာ Pact Myanmar အဖွဲ့၏ လက်ရှိ အကောင်အထည် ဖော်နေသည့် စီမံကိန်းများအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိကြောင်းလည်း Pact Myanmar က ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#PactMyanmar
#PGMF
#ငွေချေးလုပ်ငန်း
#အမေရိကန်
#လုပ်ငန်းပိတ်သိမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24😢3❤1🔥1😁1
မုံရွာ ကညနရုံး တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးဟု CAF ပြော
=======================

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ တောင်ဘက်အထွက်ရှိ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော် (Chindwin Attack Force) က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သား အင်အား ၂၀ ခန့် တပ်စွဲထားသော အဆိုပါ ရုံးကို ဇွန်လ ၂၄ ရက် ညနေ ၆ နာရီအချိန်တွင် မိနစ် ၃၀ ကြာ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ သတင်းရတာ ရှစ်ယောက်လောက်ပဲ ရှိတယ်လို့သိရတာ၊ တကယ် တိုက်မှ ၂၀ လောက်ဖြစ်နေတာ၊ မျက်မြင်အရ ပွဲချင်းပြီး သေတာတွေရောဆို နှစ်ယောက်လောက်ပဲရှင်မယ်၊ ၁၅ ယောက် သေတယ်ဆိုတာတော့ အတည်ပြုလို့ရတယ်၊ သေတာ အဲဒီထက်ပိုနိုင်တယ်” ဟု Chindwin Attack Force ပြန်ကြားရေး တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

တိုက်ခိုက်မှုအတွင်း ကညန ရုံးကို သိမ်းပိုက်လုနီး ဖြစ်နေချိန်တွင် ရေဦးဆန်ဆိုင် ဂိတ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတပ်များ စစ်ကူရောက် လာသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။

ဒေသကာကွယ်ရေး တပ်ဖွဲ့က ပြောဆိုသော စစ်ကောင်စီတပ်သားများ သေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

ယနေ့ ဇွန်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်သော နှစ်မိနစ်ခွဲကြာ တိုက်ပွဲမှတ်တမ်းဖိုင်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ကညနရုံးကို ပိတ်ဆို့ပြီး ဝိုင်းဝန်း တိုက်ခိုက်နေကြသည်ကို တွေ့မြင်ရသည်။

အဆိုပါ တိုက်ပွဲကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attcak Force) တပ်ရင်း(၄) အထူးကွန်မန်ဒို (Monywa The Boys) နှင့် မုံရွာခရိုင် တပ်ရင်း(၅) ၊ မုံရွာခရိုင်တပ်ရင်း (၇) ၊ မုံရွာခရိုင်တပ်ရင်း(၁၂) ၊ မုံရွာခရိုင်တပ်ရင်း (၂၂) ၊ မုံရွာခရိုင်တပ်ရင်း(၂၅) ၊ မုံရွာခရိုင်တပ်ရင်း (၂၈) ၊ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) နှင့် မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်များသည် ကားကြီးကွင်းအနောက်ဘက် အုတ်စက်တောင်ဘက်ရှိ ပြည်သူ့တဲအိမ်နှစ်လုံးနှင့် ကွမ်းခြံတို့ကို မီးရှိုဖျက်ဆီးခဲ့ ကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်ကလည်း အဆိုပါ ကညန ရုံးကို ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစု (DLC) က ဒရုန်းဖြင့် ဗုံးသုံးလုံးချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။

https://youtu.be/bxSXHpS4ERs

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#Mizzima
#မုံရွာကညနရုံး
#စစ်ကိုင်း

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19👏6❤1😁1🤣1
This media is not supported in your browser
VIEW IN TELEGRAM
ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ မြန်မာကို FATF တိုက်တွန်း

Watch more detail - https://youtu.be/_nm6zWMKu0w

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍6🔥1😁1
​​ပုလဲ၊ ညောင်ကုန်းရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၊ သံဃာတော် ၁ ပါး အပါအဝင် ၈ ဦး သေဆုံးပြီး ‌၆ ဦး ဒဏ်ရာရဟု ပုလဲပအဖပြော
======================

(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တစ်ပါးအပါအဝင် ရှစ်ဦး သေဆုံးပြီး ‌ခြောက်ဦး ဒဏ်ရာရရှိထားကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က မဇ္ဈိမကို ပြောသည်။

ညောင်ကုန်းရွာကို ယနေ့ ဇွန်လ ၂၇ရက် ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားခြင်းဟု သိရသည်။

" လောလောဆယ် အလောင်းရှစ်လောင်းတွေ့ပါတယ်။ ရှစ်လောင်းထဲမှာ ဘုန်းကြီးတစ်ပါးပါတယ်။

ဒလန်‌တွေက သတင်းအမှားပေးလို့ လာပစ်တဲ့သဘောပါ။ ဒီရွာမှာ ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိပါဘူး" ဦးဇော်ထက်ကပြောသည်။
‌စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ကို ထိမှန်ပျက်စီးကာ သံဃာတော်တစ်ပါးပျံလွန်တော်မူပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသား ငါးဦး မီးလောင်သေဆုံးသည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုသည်။ ဒဏ်ရာရသူ ခြောက်ဦးကိုလည်း အရေးပေါ်ဆေးကုသပေးနေရသည်ဟု ဆိုသည်။

" ကျနော်တို့ရွာပေါ်ကနေ ပတ်ပတ်ပြီး ပစ်တာ။ အရမ်းပြင်းတယ်"ဟု ယင်းမာပင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ယခုအခါ စစ်ကောင်စီက လေကြောင်းမှ နောက်ထပ် လာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်သောကြောင့် ညောင်ကုန်းရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများသည် ဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။

စာတည်း - မောင်ကြီး

#mizzima
#ပုလဲမြို့နယ်
#ညောင်ကုန်းကျေးရွာ
#ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ
ဓာတ်ပုံ- ပုံဟောင်း
🤬14👍5😢2😁1🤣1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာ့သံသတ္တုရိုင်း တန် ၁၀၀၀ ကျော် တရုတ်သို့ ရထားဖြင့် ပို့ဆောင်

Watch more detail - https://youtu.be/_nm6zWMKu0w

#reels
#shorts
#BusinessRoundUp
#MizzimaTV
❤4🤮4👍2😱1🥴1