Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒေါနတောင်တန်းတွင် သစ်ပင် ၂၀,၀၀၀ စိုက်ပျိုးမည့် “တော်လှန်သစ်ပင်” ကမ်ပိန်းပြုလုပ်
👍22😁2
ဒေါနတောင်တန်းတွင် သစ်ပင် ၂၀,၀၀၀ စိုက်ပျိုးမည့် “တော်လှန်သစ်ပင်” ကမ်ပိန်းပြုလုပ်
=========================

YT
(မဇ္ဈိမ) ။ ။ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဒေါနတောင်တန်းတလျှောက်တွင် သစ်ပင် ၂၀,၀၀၀ ခန့် စိုက်ပျိုးသွားမည့် “တော်လှန်သစ်ပင်” ကမ်ပိန်းပြုလုပ်နေကြောင်း သစ်တော CDM ရဲဘော် ကိုနေရဲထံမှ သိရသည်။

“ကမ်ပိန်းရဲ့ အဓိကရည်ရွယ်ချက်က တော်လှန်ရေးကာလအတွင်း နေထိုင်ခွင့်ပေးထားတဲ့ ဒီဒေသအတွက် တော်လှန်ရေးလုပ်နေဆဲကာလမှာ အခွင့်သာတုန်း ပြန်လည်ကျေးဇူးဆပ်တဲ့အနေနဲ့ရယ်၊ အာဏာရှင်ကို တွန်းလှန်ရင်း ခေတ်အဆက်ဆက်က ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကို ကိုယ်စားပြုတဲ့ Revolution Forest အနေနဲ့ ကျန်နေခဲ့ဖို့ဆိုတဲ့ အတွေးနဲ့ အကောင်အထည်ဖော်ခဲ့တာပါ” ဟု သစ်တော CDM ရဲဘော် ကိုနေရဲက မဇ္ဈိမကိုပြောသည်။

အဆိုပါကမ်ပိန်းမှ စိုက်ပျိုးမည့် သစ်ပင် ၂၀,၀၀၀ ခန့်တွင် ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ တမလန်းအစရှိသည့်သစ်အမျိုးအစားများပါဝင်ပြီး ကော်သူးလေသစ်တောဌာန(KFD)က ခွင့်ပြုထားသည့် မြေ ဧက၂၀ ၊ ဒေသခံပြည်သူများ၏ တောင်ယာများနှင့် ပြည်သူပိုင်အဆောက်အဦး မြေနေရာ ဧက၂၀ စုစုပေါင်း ဧက ၄၀ ပေါ်တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“တော်လှန်သစ်ပင်” ကမ်ပိန်းမှ ရရှိလာမည့်ရန်ပုံငွေများအား ဒေါနစစ်ကြောင်းအတွက် ၄၀ ရာခိုင်နှုန်း၊ အလယ်ပိုင်းစစ်ဒေသ(စစ်ကိုင်းနှင့်မကွေး) အတွက် ၃၀ ရာခိုင်နှုန်းအပြင် CDM များနှင့် စစ်ဘေးရှောင်များ အတွက် ၁၀ ရာခိုင်နှုန်းစီခွဲဝေရန် ရည်ရွယ်ထားကြောင်း သိရသည်။

“ရရှိလာမယ့်ရန်ပုံငွေတွေကို အလယ်ပိုင်းစစ်ဒေသအတွက် ၃၀ ရာခိုင်နှုန်းပေးဖို့ ဆုံးဖြတ် ထားပါတယ် ခင်ဗျ။ ဘာလို့လဲဆိုရင် စစ်ရေးကို အများဆုံးရင်ဆိုင်နေရတဲ့ အညာဒေသ၊ မကွေးဒေသက တော်လှန်ရေး အင်အားစုတွေကို အကူအညီပေးချင်လို့ပါ။ မြေပြန့်မှာ ထိခိုက်မှုရှိရင်လည်း တောင်တန်းကလူတွေလည်း ထပ်တူခံစားရပါတယ်ဆိုတဲ့ ပုံရိပ်လေးကိုပြချင်တာပါ” ဟု သစ်တော CDM ရဲဘော်ကိုနေရဲက ပြောသည်။

ကမ်ပိန်းကာလအား ဇွန်လ ၅ ရက်မှ ဇူလိုင်လ ၅ ရက်နေ့အထိ၊ တစ်လတာသတ်မှတ်ထားပြီး ကမ်ပိန်း ကာလကုန်ဆုံးရန် ခုနစ်ရက်သာကျန်ရှိသော်လည်း ပျိုးပင် ၂၅၀၀ ဝန်းကျင်သာရောင်းချရသေးကြောင်း ဆိုသည်။

“တော်လှန်သစ်ပင်” ကမ်ပိန်းမှ ပျိုးပင်များအား မြန်မာကျပ်ငွေ၊ ထိုင်းဘတ်ငွေ၊ USD ဒေါ်လာ၊ ကိုရီးယား ဝမ်၊ စင်ကာပူဒေါ်လာ၊ ဂျပန်ယန်းငွေများဖြင့် Htout Phoet- ထောက်ပို့ ပေ့ချ်မှတဆင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#ဒေါနတောင်တန်း
#တော်လှန်သစ်ပင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤4😁2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ ဇွန် ၂၀၂၃) 
===================

ယုဇနဥယာဉ်မြို့တော်တွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များ ပစ်ခံရပြီးနောက် လမ်းဘေးဆိုင်ခန်းများကို ကျူးကျော်ဟုဆိုကာ အင်အားသုံးဖျက်ဆီးခဲ့သည်။ယင်းနောက် ဆိုင်းခန်း များပြန်ဆောက်ကာ တစ်ဆိုင်၃၅ သိန်းဖြင့် ပြန်လည်ရောင်းချနေသည်ဟု ကြည့်ပါက စစ်အုပ်စု ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှအောက်ခြေထိ အကျင့်ပျက်ချစားမှုနှင့် ခိုးဝှက်လုယူမှုများ ကို ကျူးလွန် နေသည့်အဖွဲ့အစည်းများဟု ဆိုရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🤮3😁2
ဇွန်လ (၂၇) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================

ဒီကနေ့ညမှာတော့ အာဏာသိမ်းပြီးနောက် ဘိန်းစိုက်ပျိုးမှုတိုးလာပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု မြင့်တတ်နေတဲ့သတင်း
နဲ့အတူ ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံးရတဲ့ သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” ဆောင်းပါးအစီအစဉ် နဲ့ “သဘာဝရဲ့လက်ဆောင်”ဆိုတဲ့ အစီအစဉ်တွေကိုနားဆင်ရဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/PoygoyNswwo

#Eveningradio
#mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3😢1
ဇွန်လ (၂၇) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

- နိုင်ငံတကာ အဝတ်အထည်လုပ်ငန်း Zara အမှတ်တံဆိပ်ပိုင်ရှင် Inditex မြန်မာပြည်မှ ထွက်ခွာတဲ့သတင်း

- ယုဇနဥယျာဉ်မြို့တော်ရှိ ဆိုင်ခန်းများကို အင်အားသုံးဖယ်ရှားပြီးအသစ်‌ဆောက်လုပ်ကာ ပြန်လည်ရောင်းချတဲ့ သတင်း

- ဖားဆောင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံး

- Pact Myanmar အသေးစားချေးငွေလုပ်ငန်းများ ရပ်ဆိုင်းကာ မြန်မာပြည်မှထွက်ခွာတဲ့သတင်း

- မြန်မာ့သံသတ္တုရိုင်း တန် ၁၀၀၀ ကျော် တရုတ်ကို ရထားနဲ့ ပို့ဆောင်တဲ့အကြောင်းနဲ့

- ဝဂ္ဂနာရဲ့ပုန်ကန်မှုက ယူကရိန်းကျူးကျော်မှုဟာ ရုရှားရဲ့ဗျူဟာမြောက်အမှားဖြစ်ကြောင်း ပြသနေတယ်လို့ နေတိုးအကြီးအကဲပြောတဲ့ သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/r5MZrV33Yv0?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁1🍌1
စစ်အာဏာရှင်ဆန့်ကျင်ရေး ကလေးမြို့ ပင်မသပိတ်ချီတက်
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းမှ ဇွန်လ ၂၇ ရက် ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

“ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” ဆိုသည့်စာတန်းနှင့်အတူ ချင်းအမျိုးသားအလံ၊ ခွပ်ဒေါင်းအလံများ ကိုင်ဆွဲပြီး ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပြီး ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းအပေါင်းကိုလည်း အလေးပြုခဲ့ကြသည်။

စစ်အာဏာရှင်စနစ်ကို “ကျေးလက်ပုန်ကန်၊ မြို့ပြဖီဆန်” လျက် တော်လှန်ရေးမီးစာ အမြင့်ဆုံးသို့မြှင့်တင်ကာ နိုင်ရာကဏ္ဍအသီးသီးမှ ပါဝင်ကြရန်သပိတ်ကော်မတီမှ တိုက်တွန်းထားသည်။

စာတည်း ။။ Alden

#ကလေးမြို့ပင်မသပိတ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆန္ဒပြ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤19👍5😁1
ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာမှ ခွင့်ပြုချက်မဲ့ဆောက်လုပ်ထားသော နေအိမ်များအား စစ်ကောင်စီ ဖယ်ရှားခိုင်း
🤬10❤2🔥1😁1
ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာမှ ခွင့်ပြုချက်မဲ့ဆောက်လုပ်ထားသော နေအိမ်များအား စစ်ကောင်စီ ဖယ်ရှားခိုင်း
====================

007
(မဇ္စျိမ) ။ ။မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာနယ်နိမိတ်အတွင်းရှိ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော နေအိမ်များအား တစ်ပတ်အတွင်းဖယ်ရှားပေးရန် စစ်ကောင်စီ က ယနေ့ ဇွန်လ ၂၇ ရက်တွင် စာထုတ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

“တပတ်အတွင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖယ်ရှားရမယ်ပေါ့ဗျာ။ စာထဲမှာတော့ ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရမယ်လို့ပါတယ်။ တချို့လည်းစောင့်ကြည့်နေကြတယ်၊ အဓိကတော့ လယ်မြေထဲ အကွက်ရိုက်ထားတာတွေ၊ အဲဒီမှာဆောက်ထားတဲ့အိမ်တွေ ဖယ်ပေးရမယ်ပေါ့” ဟု ဒေသခံတဦးက ပြော သည်။

စစ်ကောင်စီလက်အောက်ခံ ပုသိမ်ကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဇွန်လ ၂၆ ရက်နေ့ ရက်စွဲ ဖြင့် စာထုတ်အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်စာများကိုလည်း ကျေးရွာအတွင်းရှိ နေအိမ်များတွင် ကပ်သွားကြောင်း သိရသည်။

လယ်ယာမြေစည်းကမ်းချက်များအား လိုက်နာရန်ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရသဖြင့် မြို့နယ် လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဇွန်လ ၂၆ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်စာတွင် ပါရှိသည်။

“ထုံးစံအတိုင်းပဲ အကွက်ရိုက်ရောင်းနေတုန်းက၊ အိမ်တွေဆောက်နေတုန်းက ဘာမှမပြောဘဲ လွန်ကုန်မှ လုပ်တော့ အကုန်ဒုက္ခရောက်ကုန်တယ်။ အိမ်တွေက အခိုင်အမာဆောက်ထားကြတာ။ တချို့အိမ်တွေဆို စည်ပင်ခွင့်ပြုချက်နဲ့ ဆောက်ထားတာတွေတောင် ရှိတယ်။ ပြည်သူကို တမင်ဒုက္ခပေးတာလို့ပဲ သုံးသပ်ပါ တယ်” ဟု မန္တလေးအိမ်ခြံမြေဈေးကွက်စောင့်ကြည့်လေ့လာသူတဦးက မှတ်ချက်ပြုသည်။

လယ်ယာမြေဥပဒေပုဒ်မ ၁၉(ဃ)အရ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဇူလိုင်လ ၆ ရက်နေ့နောက်ဆုံးထား ဖယ်ရှားသွားရန် ထုတ်ပြန်စာတွင် ဖော်ပြ ထားပြီး လိုက်နာမှုမရှိလျှင် အရေးယူမည်ဖြစ်ကြောင်းလည်း ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နေအိမ် ၃,၀၀၀ ကျော်ကိုလည်း ကျူးကျော်ဟု သတ်မှတ်ကာ အင်အားသုံးဖယ်ရှား ရှင်းလင်းခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#ပုသိမ်ကြီးမြို့နယ်
#လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
#ကျူးကျော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬16❤3👍3😁2🔥1
စစ်ရေးတင်းမာနေသည့်ကရင်နီပြည်မှ မြို့နယ်အချို့ ဖုန်းနှင့်အင်တာနက်လိုင်းများပြတ်တောက်
🔥5🤬4👍2😁1