“ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်း ဒေါ်လာ ၁၆၀,၀၀၀ ကျော်ရရှိထား
===================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်း စစ်ဆင်ရေးများပြုလုပ်နိုင်ရန် ကန်ဒေါ်လာ ၅၀၀,၀၀၀ ရှာဖွေမည့် “ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်းမှ ဒေါ်လာ ၁၆၀,၀၀၀ ကျော်ရရှိထားပြီး ရန်ကုန် PDF အပါအဝင် ထပ်မံဖွဲ့စည်းမည့် တပ်ရင်းများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ကမ်ပိန်းမှရရှိလာမည့် ဘဏ္ဍာငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင် ပိုင်းစစ်ဒေသ(အမှတ်၂ စစ်ဒေသ) စစ်ဒေသခွဲအမှတ်(၂) ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ တပ်ရင်းတပ်ဖွဲ့စုဖွဲ့မှု များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။
“တပ်ရင်း ၅၁၀၁ အပါအဝင် နောက်ထပ်ဖွဲ့စည်းမယ့်တပ်ရင်းတွေအတွက် လိုအပ်တဲ့အရာများကိုအဓိက ဖြည့်တင်းသုံးစွဲသွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်အတွက်အလင်းစက် ကမ်ပိန်းမှတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
လိုအပ်နေသည်များမှာ လက်နက်၊ ရဲဘော်များအတွက် စစ်အသုံးအဆောင်ပစ္စည်းကရိယာများ၊ စခန်းတွင်း စခန်းပြင် နေထိုင်စားသောက်စားရိတ်၊ စစ်ဆင်ရေးအတွက်လိုအပ်သောခဲယမ်း စသည်တို့ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်းအား ဇွန်လ ၁ ရက်နေ့တွင်စတင်ခဲ့ပြီး ယနေ့ထိ ၁၆၅,၀၀၃.၂၉ ဒေါ်လာရရှိထားပြီးဖြစ်သော်လည်း သတ်မှတ်ပမာဏ၏တစ်ဝက်ကို မပြည့်မှီသေးသည့်အတွက် မျှော်မှန်း ပမာဏနှင့် ဝေးနေသေးကြောင်း ဆိုသည်။
ကမ်ပိန်းတွင် ပါဝင်လှူဒါန်းသူများတွင် ပြည်တွင်းနှင့် စင်ကာပူနိုင်ငံနေပြည်သူများ၏ ပါဝင်မှုက ဦးဆောင် နေကြောင်း သိရသည်။
“ရန်ကုန်အတွက် အလင်းစက်”ကမ်ပိန်းပေါ်ထွက်လာသည်နှင့်တပြိုင်နက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့သဖြင့် ရန်ကုန် မြို့နေပြည်သူများက မြို့ပြတွင်စခန်းသိမ်းတိုက်ပွဲများကို ချက်ခြင်းမြင်တွေ့ရတော့မည်အလား ထင်မှတ်ခဲ့ ကြကြောင်း ကမ်ပိန်းတာဝန်ရှိသူက ဆိုသည်။
“အခက်အခဲပေါင်းများစွာကနေ တပ်ရင်းတပ်ဖွဲ့အဖြစ်ထိတိုးမြှင့်နိုင်တာဟာ ရန်ကုန်ရဲ့ တိုးတက်မှုဖြစ်ပါ တယ်။ နယ်မြေအသီးသီးမှာမြင့်တက်လာတဲ့ စစ်ရေးအရှိန်အဟုန်ထိုးစစ်နဲ့ စခန်းသိမ်းတိုက်ပွဲတွေကို ရန်ကုန်မှာ နေ့ချင်းညချင်းမတွေ့မြင်ရနိုင်သေးပေမယ့် ဒီကမ်ပိန်းနဲ့အတူ ရန်ကုန်တပ်ရင်းတပ်ဖွဲ့တွေဟာ စနစ်တကျပြင်ဆင်မှုနဲ့ အချိန်ကိုက် လှုပ်ရှားသွားမှာဖြစ်ပါတယ်” ပြောသည်။
ရန်ကုန် PDF တပ်ရင်း ၅၁၀၁ အနေဖြင့် ၂၀၂၃ ခုနှစ် ဇွန်လမှသာ စတင်ဖွဲ့စည်းသော်လည်း တော်လှန်ရေး ကာလအစကတည်းက ရန်ကုန်တိုင်းစစ်ဆင်ရေးအဖြစ် မြို့ပြပြောက်ကျား(UG)လှုပ်ရှားမှုများ တောက် လျှောက်ရှိခဲ့ကြောင်း ရန်ကုန်အတွက်အလင်းစက်ကမ်ပိန်း တာဝန်ရှိသူက ပြောကြားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်အတွက်အလင်းစက်
#ရန်ကုန်တိုင်းစစ်ဒေသခွဲ
#စစ်ဆင်ရေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#ရန်ကုန်အတွက်အလင်းစက် – Explore
explore #ရန်ကုန်အတွက်အလင်းစက် at Facebook
👍20😁2
အနောက်တောင်တိုင်း စစ်ဌာနချုပ်အနီးတွင် ထောင်အသစ်တစ်ခုဆောက်လုပ်ရန် စစ်ကောင်စီကစီစဥ်နေ
===================
မင်းထက်
(မဇ္စျိမ)။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်အနီးတွင် အကျဥ်းထောင်အသစ်တစ်ခုဆောက် လုပ်ရန် စစ်ကောင်စီက စီစဥ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
ပုသိမ်မြို့နယ်၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု ဝါးပိုးတောကျေးရွာနှင့် ရွှေမြင်တင်ကျေးရွာအုပ်စု ပန်းကန်ဖိုကျေးရွာကြား၊ ဗဟိုလေ့ကျင့်ရေး ( ၆ )အနီးတွင် ထောင်အသစ်ဆောက်လုပ်ရန်စီစဥ်နေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
ထိုသို့ ထောင်အသစ်ဆောက်လုပ်ရန် စီစဥ်နေမှုကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစကာ အကျဥ်းဦးစီးတာဝန်ရှိသူများနှင့်
စစ်ကောင်စီ အကြီးပိုင်းများက စတင်ပြုလုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် မြေပြင်ခြင်းလုပ်ငန်းများစတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
"အခုလက်ရှိ ထောင်ဆောက်မယ်လို့ တည်နေတဲ့နေရာက အစိုးရပိုင်မြေလို့လည်းကြားတယ်။ တောင်သူတွေပိုင်တဲ့
မြေယာတွေလို့လည်း ကြားတယ်။၂၀၂၂ ထဲမှာ ဦးစိုးထွဋ် (ပြည်ထဲရေးဝန်ကြီး)လာပြီးတည်းက အဲ့ဒီနေရာမှာ အလံနီတွေစိုက်ထားတာပါ"ဟု သတင်းရင်းမြစ်က ပြောသည်။
အကျဥ်းထောင်အသစ်ဆောက်လုပ်မည့် မြေနေရာနှင့် ပတ်သက်၍ ဝါးပိုးတောကျေးရွာနှင့် ပန်းကန်ဖိုကျေးရွာတို့ရှိ တောင်သူနှစ်ဦးကို မဇ္စျိမကဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားလိုခြင်းမရှိကြောင်းပြောသည်။
လက်ရှိတွင် အကျဥ်းထောင် အသစ်ဆောက်လုပ်ရန် တင်ဒါခေါ်ယူခြင်းလုပ်ငန်းများကို ဧရာဝတီတိုင်း အကျဥ်းဦးစီးဌာနမှ စတင်ပြုလုပ်နေပြီဟု ပုသိမ်အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
အကျဥ်းထောင်အသစ်အား ၁၈ ပေအမြင့်ရှိသည့် အုတ်တံတိုင်း၊ သုံးထပ်စင်ပါဝင်သည့် ဗဟိုကင်း ၊ ခြောက်ခန်းတွဲနှစ်ထပ်ပါဝင်သည့် အဆောက်အအုံများဖြင့် ဆောက်လုပ်သွားမည်ဟုဆိုကာ အဆောက်အအုံဆောက်လုပ်ရန် တင်ဒါခေါ်ယူနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
သို့သော် ပုသိမ်အကျဥ်းထောင်ရှိ အကျဥ်းသားများအားလုံးအား ယခုဆောက်လုပ်နေသည့် အကျဥ်းထောင်အသစ်သို့ ရွှေ့မည်၊ မရွှေ့မည်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း ဆက်လက်ပြောသည်။
"ပုသိမ်ထောင်မှာရှိတဲ့ အကျဥ်းသားအကုန်လုံးကို ထောင်သစ်ကို ပြောင်းမလား မပြောင်းဘူးလားတော့မသိဘူး။အခုစတည်နေတဲ့ ထောင်အသစ်ရဲ့ ဧရိယာကတော့ တော်တော်ကျယ်တယ်"ဟုအကျဥ်းဦးစီးနှင့် နီးစပ်သူက ဆိုသည်။
ပုသိမ်အကျဥ်းထောင်ကို ၁၈၈၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ထိုမှတဆင့် အဆင့်မြှင့်ရာမှ ၁၈၈၉ ခုနှစ်တွင်ယခု အသုံးပြုနေသည့် ပုသိမ်ထောင်ဖြစ်ပေါ်လာခြင်းဖြစ် သည်ဟုသိရသည်။
ပုသိမ်အကျဥ်းထောင်သည် (က) အဆင့်အကျဥ်းထောင်ဖြစ်ပြီး အကျဥ်းသူ၊ အကျဥ်းသားနှင့် အချုပ်သူ ၊ အချုပ်သား ဦးရေ ၁,၀၀၀ ခန့် ထားရှိနိုင်သည့် ထောင်ဖြစ်သည်။
ဓာတ်ပုံ - လက်ရှိ ပုသိမ်အကျဥ်းထောင်မြင်ကွင်းအား Google Earth မှတွေ့ရစဥ်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ထောင်အသစ်
#အနောက်တောင်တိုင်း စစ်ဌာနချုပ်အနီး
#ဇင်ပြွန်းကုန်းကျေးရွာအုပ်စု

👍11🤬6😁5
This media is not supported in your browser
VIEW IN TELEGRAM
June - 28 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍3😁2
ဇွန်လ (၂၈) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့
“ဝ” အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့နဲ့ စစ်ကောင်စီတို့တွေ့ဆုံနိုင်ရေး ဆွေးနွေးကြတဲ့သတင်းနဲ့အတူ
တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဖြစ်တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးတဲ့သတင်းအပါအဝင်
တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေ၊ စီးပွားရေးသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။
https://youtu.be/Bu1mkxkKA2c
#Mizzimaradio
#EveningRadio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ (၂၈) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့
“ဝ” အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့နဲ့ စစ်ကောင်စီတို့တွေ့ဆုံနိုင်ရေး ဆွေးနွေးကြတဲ့သတင်းနဲ့အတူ
တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဖြစ်တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးတဲ့သတင်းအပါအဝင်
တခြားစိတ်ဝင်စားဖွယ်…

“မေခ၊မလိခ အမှောင်ညများ" | မရွှေမိုး (ကိုရီယား)ရဲ့ "လေးညို့သံ" − အပိုင်း (၅၉)
====================
အကယ်၍ စစ်ကောင်စီက ကျွန်မတို့မြန်မာနိုင်ငံကို သိမ်းလိုက်နိုင်ရင် တရုတ်တွေက ဝမ်းမြောက်ဝမ်းသာ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ကြမှာဖြစ်တယ်
... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/pYfXN0Z6Gzc
#မရွှေမိုး(ကိုရီယား)
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
အကယ်၍ စစ်ကောင်စီက ကျွန်မတို့မြန်မာနိုင်ငံကို သိမ်းလိုက်နိုင်ရင် တရုတ်တွေက ဝမ်းမြောက်ဝမ်းသာ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ကြမှာဖြစ်တယ်
... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/pYfXN0Z6Gzc
#မရွှေမိုး(ကိုရီယား)
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
“မေခ၊မလိခ အမှောင်ညများ" | မရွှေမိုး (ကိုရီယား)ရဲ့ "လေးညို့သံ" − အပိုင်း (၅၉)
အကယ်၍ စစ်ကောင်စီက ကျွန်မတို့မြန်မာနိုင်ငံကို သိမ်းလိုက်နိုင်ရင် တရုတ်တွေက ဝမ်းမြောက်ဝမ်းသာ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ကြမှာဖြစ်တယ်
... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ်…

😁2
မုံရွာမှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ရေယာဉ်များ ကြားဖြတ်တိုက်ခိုက်ခံရ
================
ရွှေနွယ် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ မန္တလေးဘက်သို့ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ရေယာဉ် (ဖလပ်ခွံ့မော်တော်) သုံးစီးအား ဇွန်လ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ချင်းတွင်းမြစ်ကြောင်းတစ်နေရာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့မှ ဗိုလ်သူရိန်က မဇ္ဈိမသို့ပြောသည်။
အဆိုပါ ရေယာဉ် သုံးစီးသည် မုံရွာမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
" တိုက်ခိုက်ခဲ့တဲ့နေရာအတိအကျတော့ ပြောလို့မရဘူး။ သူတို့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ပြန်ပစ်တော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ တိုက်ပွဲအပြီးမှာ မန္တလေးဘက်ကို ဆက်ထွက်သွားပါတယ်" ဟု Hero Fighter (Salingyi) တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်သူရိန်က ပြောသည်။
တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်၏ ရေယာဉ်စစ်ကြောင်းသည် ရေယာဉ် (ဖလပ်ခွံ့မော်တော်) တစ်စင်းလျှင် အင်အား ၃၀ ခန့်ပါလာသည်ဟု ၎င်းကဆက်လက်ဆိုသည်။
တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်ပေါ်မှ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်သော်လည်း ထိခိုက် သေဆုံးမှုအတိအကျကို စုံစမ်းဆဲဖြစ်သည်ဟု ဆိုသည်။
ယနေ့ ဇွန်လ ၂၈ ရက်၊ ညနေ ၄ နာရီအချိန်ထိသတင်းပေးပို့ချက်အရ အဆိုပါစစ်ကောင်စီတပ်၏ ရေယာဉ်ယာဉ်စစ်ကြောင်းသည် သုံးပန်လှသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
https://youtu.be/ajkKpX8S5wQ
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#ရေယာဉ်
#စစ်ကြောင်း
#ချင်တွင်းမြစ်
#ဆားလင်းကြီး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
================
ရွှေနွယ် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ မန္တလေးဘက်သို့ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ရေယာဉ် (ဖလပ်ခွံ့မော်တော်) သုံးစီးအား ဇွန်လ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ချင်းတွင်းမြစ်ကြောင်းတစ်နေရာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့မှ ဗိုလ်သူရိန်က မဇ္ဈိမသို့ပြောသည်။
အဆိုပါ ရေယာဉ် သုံးစီးသည် မုံရွာမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
" တိုက်ခိုက်ခဲ့တဲ့နေရာအတိအကျတော့ ပြောလို့မရဘူး။ သူတို့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ပြန်ပစ်တော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ တိုက်ပွဲအပြီးမှာ မန္တလေးဘက်ကို ဆက်ထွက်သွားပါတယ်" ဟု Hero Fighter (Salingyi) တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်သူရိန်က ပြောသည်။
တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်၏ ရေယာဉ်စစ်ကြောင်းသည် ရေယာဉ် (ဖလပ်ခွံ့မော်တော်) တစ်စင်းလျှင် အင်အား ၃၀ ခန့်ပါလာသည်ဟု ၎င်းကဆက်လက်ဆိုသည်။
တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်ပေါ်မှ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်သော်လည်း ထိခိုက် သေဆုံးမှုအတိအကျကို စုံစမ်းဆဲဖြစ်သည်ဟု ဆိုသည်။
ယနေ့ ဇွန်လ ၂၈ ရက်၊ ညနေ ၄ နာရီအချိန်ထိသတင်းပေးပို့ချက်အရ အဆိုပါစစ်ကောင်စီတပ်၏ ရေယာဉ်ယာဉ်စစ်ကြောင်းသည် သုံးပန်လှသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
https://youtu.be/ajkKpX8S5wQ
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#ရေယာဉ်
#စစ်ကြောင်း
#ချင်တွင်းမြစ်
#ဆားလင်းကြီး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မုံရွာမှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ရေယာဉ်များ ကြားဖြတ်တိုက်ခိုက်ခံရ
ရွှေနွယ် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ မန္တလေးဘက်သို့ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ရေယာဉ် (ဖလပ်ခွံ့မော်တော်) သုံးစီးအား ဇွန်လ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ချင်းတွင်းမြစ်ကြောင်းတစ်နေရာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi)…
👍16😁2❤1
ပုလဲမြို့နယ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၀ ဦးရှိလာပြီး ကြံ့ခိုင်ရေးပါတီထောက်ခံသူများလည်းပါဟုဆို
===================
ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ယနေ့ဇွန်လ၂၈ရက် ညနေအထိ သေဆုံးသူ ၁၀ ဦးရှိပြီဟု ဒေသတွင်း သတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။
ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာကို ယမန်နေ့ ဇွန်လ ၂၇ရက်၊ ညနေ ၃နာရီခွဲခန့် တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲချတိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခံရမှုအပြီးတွင် သံဃာတော်တစ်ပါးအပါအဝင် ရှစ်ဦး သေဆုံးပြီး နာရီအနည်းငယ်အကြာတွင် ဒဏ်ရာပြင်းထန်သူ နှစ်ဦး ထပ်မံသေဆုံးသွားသည်ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က မဇ္စျိမကို ပြောသည်။
" သေဆုံးသူ ၁၀ဦးရှိပြီး တစ်ဦးကတော့ အခြေအနေဆိုးနေလို့ ကုသနေရဆဲပါ။ သေဆုံးသူတွေကို မနေ့က ညတွင်းချင်းပဲ သင်္ဂြိုလ်ခဲ့ရပါတယ်" ဟု ဦးဇော်ထက်က ပြောသည်။
ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးမှာ ချင်ပြစ်ရွာမှဖြစ်သည်။ သေဆုံးသူများတွင် အသက် ၇၀ အရွယ်အမျိုးသားတစ်ဦးပါဝင်ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီး သုံးဦး၊ အမျိုးသားခုနှစ်ဦး( သံဃာတော်တစ်ပါးပါဝင်) သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသူ ဆယ်ဦးထက်မနည်း ဆေး၀ါးကုသမှုခံယူနေရသည်ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၇)၊ပုလဲမြို့နယ်အခြေစိုက် ပုလဲတပ်ရင်း(၁)သတင်းမှန်ပြန်ကြားရေး တာ၀န်ခံကိုဇွဲ ကပြောသည်။
စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ညောင်ကုန်းကျေးရွာမှ ဘုန်းကြီးကျောင်းအဆောက်အဦတစ်ခု ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၁၄ လုံး မီးလောင်ခဲ့သည်ဟု သိရသည်။ ပျက်စီးခဲ့သည့် နေအိမ်များထဲတွင် ကြံခိုင်ရေးပါတီကို ထောက်ခံအားပေးသည့် နေအိမ်နှစ်လုံးလည်း ပါ၀င်ခဲ့သည်ဟု ဒေသခံများကပြောသည်။
“ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ပြည်ခိုင်ဖြိုးဘက်ကနေ တက်ကြွပါ၀င်လှုပ်ရှားပေးတဲ့ နေအိမ်နှစ်အိမ်လည်း ပစ်ခတ်ခံရတဲ့ အထဲပါသွားတယ်။ တစ်အိမ်မှာ မိသားစုလိုက် ဆုံးတယ်။ လေးယောက်တောင်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မိသားစုလေးဦးသေဆုံးခဲ့သည့် အိမ်သည် ကြံ့ခိုင်ရေးပါတီထောက်ခံသူများဖြစ်ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ ပုလဲမြို့နယ်မဲဆန္ဒနယ်မြေမှ ရွေးကောက်ပွဲဝင်ပြိုင်စဉ် စည်းရုံးရေးဆင်းပေးခဲ့ဖူးသည်ဟု ဒေသခံအချို့ကပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ကြံခိုင်ရေးပါတီကိုယ်စားပြုဝင်ပြိုင်သည့် ဦးကျော်ဆန်း၏ တပည့်အတွက် စည်းရုံးရေးဆင်းပေးခဲ့သည်ဟု ဆိုသည်။ ဦးကျော်ဆန်းရော ၎င်း၏တပည့်ပါ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်၍ သေဆုံးသူများတွင် ကြံ့ခိုင်ရေးပါတီထောက်ခံသူများပါဝင်သွားသည်ဆိုသည်ကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သည့် ညောင်ကုန်းကျေးရွာမှ ဒေသခံ ငါးဦးက ပြောသည်။ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။
စစ်ကောင်စီတပ်သည် မြေပြင်တွင် တိုက်ပွဲမရှိဘဲ အရပ်သားပစ်မှတ်များကို လာရောက်ဗုံးကြဲခြင်းဟု ဦးဇော်ထက်က ပြောသည်။
ယနေ့ ဇွန်လ ၂၈ ရက်တွင်လည်း ပုလဲနှင့်ယင်းမာပင်မြို့နယ်များ ပေါ်တွင် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာ သုံးစင်းထက်မနည်းပျံ၀ဲခဲ့သည်ဟု သိရသည်။
“ ပုလဲနဲ့ ယင်းမာပင်မြို့နယ် နှစ်မြို့နယ်လုံးကို ပတ်၀ဲနေတာ။ ရွာတွေပေါ်ကို ကပ်ပြီး ၀ဲတာတွေရှိတယ်။ တချို့နေရာတွေကို ပတ်လည် အကြာကြီးကြည့်သွားတယ်။ ၁၀ နာရီလောက်က တစ်ကြိမ်၊ ၁၂နာရီ လောက်က တစ်ကြိမ်ပါ။ ပစ်တာတော့ မရှိဘူး” ဟု ပုလဲမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော Jungle Hunter Revolution Force တပ်ဖွဲ့မှ ကိုစစ်ရန်နိုင်က ပြောသည်။
စစ်ကောင်စီတပ်၏ လေယာဥ်ပျံ၀ဲမှုများ ရှိနေသည့်အတွက် ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်ရှိ ဒေသခံများသည် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခံရမည်ကိုစိုးရိမ်ထိန့်လန့်နေကြသည်။
ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း
စာတည်း - မောင်ကြီး
#mizzima
#ပုလဲမြို့နယ်
#ညောင်ကုန်းကျေးရွာ
#ချင်ပြစ်ကျေးရွာ
#စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု
------------------------

👍14🔥6❤1
ဇွန်လ (၂၈) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
==========================
-တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဟု NUG ပြည်ထဲရေးဝန်ကြီး ပြော
-ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၁ ဦးအထိရှိလာ
-ရေးမြို့တွင် စကခ (၁၉) ကင်းလှည့်ကားအား ရေးဘီလူးအဖွဲ့ပစ်ခတ်
-ကော့သောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ရာမှ အရပ်သား ၃၀ နီးပါး ဖမ်းဆီးခံရ
-ဝက်လက်မြို့နယ် ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့
-ဝဂ္ဂနာကြေးစားစစ်သားတွေကိုလက်ခံထားခြင်းဟာ မြွေပွေးခါးပိုက်ပိုက်ထားခြင်းဖြစ်ကြောင်း အမေရိကန်ပြောတဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/NqfhhbgX__A?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==========================
-တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဟု NUG ပြည်ထဲရေးဝန်ကြီး ပြော
-ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၁ ဦးအထိရှိလာ
-ရေးမြို့တွင် စကခ (၁၉) ကင်းလှည့်ကားအား ရေးဘီလူးအဖွဲ့ပစ်ခတ်
-ကော့သောင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများပြုလုပ်ရာမှ အရပ်သား ၃၀ နီးပါး ဖမ်းဆီးခံရ
-ဝက်လက်မြို့နယ် ငါးပါတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့
-ဝဂ္ဂနာကြေးစားစစ်သားတွေကိုလက်ခံထားခြင်းဟာ မြွေပွေးခါးပိုက်ပိုက်ထားခြင်းဖြစ်ကြောင်း အမေရိကန်ပြောတဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://www.youtube.com/live/NqfhhbgX__A?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၂၈) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
-တန်ပြန်ထိုးစစ်အကြို စစ်ရေးစီမံချက်များစတင်နေပြီဟု NUG ပြည်ထဲရေးဝန်ကြီး ပြော
-ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၁ ဦးအထိရှိလာ
-ရေးမြို့တွင် စကခ (၁၉) ကင်းလှည့်ကားအား ရေးဘီလူးအဖွဲ့ပစ်ခတ်
-ကော့သောင်းမြို့ပေါ်တွင်…

👍13🍌2
အခက်အခဲတွေရှိပေမယ့် တစ်နှစ်အတွင်း NUG Pay သုံးစွဲသူ ၃၀,၀၀၀ နီးပါးရှိ
====================
(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ NUG pay ဟာ အခက်အခဲတွေရှိပေမယ့် တစ်နှစ်တာကာလအတွင်း NUG Pay သုံးစွဲသူ ၂၈,၀၀၀ကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနရဲ့ တစ်နှစ်စာ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် NUG Pay သုံးစွဲသူတွေရဲ့ ငွေပေးငွေယူ (Transaction) ပြုလုပ်ခဲ့တဲ့ အကြိမ်အရေအတွက်မှာ ၄၀၀,၀၀၀ ကျော်ရှိနေပြီး ငွေတန်ဖိုးစုစုပေါင်းမှာ ၃၁၂ ဘီလျံ ရှိတယ်လို့ ထိုအစီရင်ခံစာမှာ ပါရှိပါတယ်။
ဒီသတင်း အပြည့်အစုံကိုတော့ မောင်ခက်နွေက ပေးပို့တင်ဆက်ထားပါတယ်။
တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ
စာတည်း-အောင်ကျော်ဖြိုး
https://youtu.be/ZGtbwRrnf_I
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ NUG pay ဟာ အခက်အခဲတွေရှိပေမယ့် တစ်နှစ်တာကာလအတွင်း NUG Pay သုံးစွဲသူ ၂၈,၀၀၀ကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနရဲ့ တစ်နှစ်စာ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါ့အပြင် NUG Pay သုံးစွဲသူတွေရဲ့ ငွေပေးငွေယူ (Transaction) ပြုလုပ်ခဲ့တဲ့ အကြိမ်အရေအတွက်မှာ ၄၀၀,၀၀၀ ကျော်ရှိနေပြီး ငွေတန်ဖိုးစုစုပေါင်းမှာ ၃၁၂ ဘီလျံ ရှိတယ်လို့ ထိုအစီရင်ခံစာမှာ ပါရှိပါတယ်။
ဒီသတင်း အပြည့်အစုံကိုတော့ မောင်ခက်နွေက ပေးပို့တင်ဆက်ထားပါတယ်။
တင်ဆက်၊တည်းဖြတ် - မောင်ခက်နွေ
စာတည်း-အောင်ကျော်ဖြိုး
https://youtu.be/ZGtbwRrnf_I
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
အခက်အခဲတွေရှိပေမယ့် တစ်နှစ်အတွင်း NUG Pay သုံးစွဲသူ ၃၀,၀၀၀ နီးပါးရှိ
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ NUG pay ဟာ အခက်အခဲတွေရှိပေမယ့် တစ်နှစ်တာကာလအတွင်း NUG Pay သုံးစွဲသူ ၂၈,၀၀၀ကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနရဲ့ တစ်နှစ်စာ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါ့အပြင်…
ဒါ့အပြင်…
👍22😁2❤1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၈ ဇွန် ၂၀၂၃)
=======================
ယခုရက်ပိုင်းတွင် မွန်ပြည်နယ် ရေးမြို့ နှင့် တနင်္သာရီဒေသဘက်များတွင် တိုက်ပွဲများ ပိုမိုဖြစ်လာ သည်ကိုတွေ့ရသည်။ယင်းသို့တော်လှန်ရေးအဖွဲ့များဘက်မှ ခပ်စိပ်စိပ်တိုက်လာပြီး လမ်းမကြီးများ ကို စိုးမိုးထားသည်ကို တွေ့ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ယခုရက်ပိုင်းတွင် မွန်ပြည်နယ် ရေးမြို့ နှင့် တနင်္သာရီဒေသဘက်များတွင် တိုက်ပွဲများ ပိုမိုဖြစ်လာ သည်ကိုတွေ့ရသည်။ယင်းသို့တော်လှန်ရေးအဖွဲ့များဘက်မှ ခပ်စိပ်စိပ်တိုက်လာပြီး လမ်းမကြီးများ ကို စိုးမိုးထားသည်ကို တွေ့ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1😁1
ဟင်္သာတတွင် အရက်မူးနေသည့် ရဲအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်ရာမှ ၁ ဦးသေဆုံး
=========================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ဇွန်လ ၂၇ ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကား များရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဇွန်လ ၂၇ ရက်နေ့ ည ၉ နာရီခန့်က ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ ညောင်ကုန်းအရပ်ရှိ အမှတ် (၂) နယ်မြေရဲစခန်းအတွင်း ရဲတပ်သားနေလင်းနှင့် ရဲတပ်သားမျိုးမင်းအောင်တို့နှစ်ဦး အရက်မူးပြီး စကားများ ရန်ဖြစ်ခဲ့ကြသည်ဟု ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သူကပြောသည်။
ထိုသို့ စကားများရန်ဖြစ်ရာ ရဲတပ်သားမျိုးမင်းအောင်က ရဲတပ်သားနေလင်းကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ ကြောင်း၊ သေနတ်ကျည်ထိမှန်သည့်ဒဏ်ရာဖြင့် အသက် ၂၈ နှစ်အရွယ် ရဲတပ်သားနေလင်းသည် နေရာ မှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။
“သေတာကတော့ သေနတ်နဲ့ပစ်ခံရပြီး ချက်ချင်းသေတာ။ သေတဲ့ရဲရဲ့ မိသားစုတွေကိုတော့ ချက်ချင်း အကြောင်းမကြားဘူး။ မနက်ပိုင်းမှ မိသားစုတွေသိရတာလို့ကြားတယ်” ဟု ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သူ ကပြောသည်။
သေဆုံးသူမှာ ဟင်္သာတမြို့ ကနောင်စုရပ်ကွက်၊ ဇေယျသိင်္ဂီလမ်းတွင်နေထိုင်သည်ဟုသိရပြီး ဟင်္သာတ ဇာတိဖြစ်ကြောင်း ဒေသခံများကပြောသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဟင်္သာတနယ်မြေရဲစခန်းအနီးတွင်နေထိုင်သည့် ဒေသခံတဦးကို ဆက် သွယ်မေးမြန်းခဲ့ရာတွင် ယမန်နေ့ ည ၉ နာရီခန့်က အမှတ်(၂)နယ်မြေရဲစခန်းအတွင်းမှ သေနတ်သံ တချက် ကြားခဲ့ရကြောင်း မဇ္စျိမကိုပြောသည်။
“သေနတ်သံ ကြားလိုက်ရတာပဲရှိတယ်။ အလောင်းကို ညတွင်းချင်း ဆေးရုံပို့တဲ့ပုံစံမျိုးတော့ မတွေ့ရဘူး။ အခုအချိန်အထိလည်း အလောင်းဘယ်မှာရှိနေတယ်ဆိုတာ မသိရဘူး။ ဒီနေ့မနက်ပိုင်း ကြားရတဲ့သတင်း တွေအရ သေတာတော့ သေချာပါတယ်” ဟု ဒေသခံကဆိုသည်။
သေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်သားနေလင်းသည် သေနတ်သန့်ရှင်းရေးလုပ်ရာမှ မတော်တဆ ကျည် ထွက်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံရဲများက ဟင်္သာတမြို့ပေါ်တွင် သတင်း လွှင့်နေကြောင်း သိရသည်။
လက်ရှိတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ရဲတပ်သားမျိုးမင်းအောင်ကို ဟင်္သာတမြို့ အမှတ်(၂) နယ်မြေ ရဲစခန်းအချုပ်တွင် ဖမ်းဆီးထားကြောင်း၊ မည်သည့် ဥပဒေပုဒ်မဖြင့် အရေးယူမည်ကိုမသိရသေးကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူ၏ပြောပြချက်အရသိရသည်။
ဟင်္သာတမြို့ အမှတ်(၂) နယ်မြေရဲစခန်းသည် ရဲအင်အား ၁၅ ဦးခန့်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခုဖြစ်သည်။
ဓာတ်ပုံ - သေဆုံးသူ ရဲတပ်သားနေလင်း
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ဧရာဝတီတိုင်း
#ဟင်္သာတမြို့
#အမှတ်(၂)နယ်မြေရဲစခန်း
#အချင်းချင်းခိုက်ရန်ဖြစ်ပွား

👍26❤5👏3😁3🥴1
ကရင်နီဒေသရဲ့ လက်ရှိ အခြေအနေ (အင်တာဗျူး)
============
(မဇ္ဈိမ) ။ ။ ကရင်နီပြည်နယ်၊ ဘော်လခဲမြို့ ရွာသစ်ကျေးရွာတွင် ကရင်နီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ကောက်ယူရရှိထားသည့် စာရင်းများအရ KNDF သို့ လက်နက်ချအလင်းဝင်သည့် စစ်သား ဦးရေ ၅၀ နီးပါးရှိပြီး မယ်စဲ့မြို့နယ် BP-13 မှ အလင်းဝင်လာသည့် စစ်သားဦးရေကိုမူ အတည်မပြုနိုင်သေးကြောင်း ဆိုသည်။
ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင် ဦးရေ၂၀၀,၀၀၀ မှ ၂၅၀,၀၀၀ ကြားရှိပြီး မိုးတွင်းဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
https://youtu.be/X4bhzbbO-2M
တည်းဖြတ်-ဂျူချန်း
#ကရင်နီဒေသ
#ဘော်လခဲမြို့
#မယ်စဲ့
#လက်နက်ချ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
============
(မဇ္ဈိမ) ။ ။ ကရင်နီပြည်နယ်၊ ဘော်လခဲမြို့ ရွာသစ်ကျေးရွာတွင် ကရင်နီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ကောက်ယူရရှိထားသည့် စာရင်းများအရ KNDF သို့ လက်နက်ချအလင်းဝင်သည့် စစ်သား ဦးရေ ၅၀ နီးပါးရှိပြီး မယ်စဲ့မြို့နယ် BP-13 မှ အလင်းဝင်လာသည့် စစ်သားဦးရေကိုမူ အတည်မပြုနိုင်သေးကြောင်း ဆိုသည်။
ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင် ဦးရေ၂၀၀,၀၀၀ မှ ၂၅၀,၀၀၀ ကြားရှိပြီး မိုးတွင်းဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
https://youtu.be/X4bhzbbO-2M
တည်းဖြတ်-ဂျူချန်း
#ကရင်နီဒေသ
#ဘော်လခဲမြို့
#မယ်စဲ့
#လက်နက်ချ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ကရင်နီဒေသရဲ့ လက်ရှိ အခြေအနေ (အင်တာဗျူး)
(မဇ္ဈိမ) ။ ။ ကရင်နီပြည်နယ်၊ ဘော်လခဲမြို့ ရွာသစ်ကျေးရွာတွင် ကရင်နီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ကောက်ယူရရှိထားသည့် စာရင်းများအရ KNDF သို့ လက်နက်ချအလင်းဝင်သည့် စစ်သား ဦးရေ…
ကောက်ယူရရှိထားသည့် စာရင်းများအရ KNDF သို့ လက်နက်ချအလင်းဝင်သည့် စစ်သား ဦးရေ…
👍13🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
အင်ဒိုနီးရှားမှာ အာဏာရှင်ခေတ်အတွင်းက နစ်နာခဲ့ရသူတွေအတွက် လျော်ကြေးပေးအပ်
https://www.facebook.com/reel/589908819938094
#Indonesia #internationalnews #mizzima #Reels #shorts

👍6🔥1😁1
ရေဖြူမြို့နယ် ကံပေါက်တွင် ညသပိတ် ပြုလုပ်
===============
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ဇွန်လ ၂၈ ရက်နေ့ ညပိုင်းတွင် ထားဝယ်ပင်မသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမှု နှစ်နှစ် လေးလပြည့် အောက်မေ့ဖွယ် အမှတ်ရခြင်းအဖြစ် ဆီမီးထွန်းလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် ကိုဖေသန်း၊ ကိုသန်းဝင်း၊ ကိုလွင်လွင်ဦးနှင့် ကိုဗညားအောင်တို့လေးဦး အသက်ပေးခဲ့ရပြီး ဒဏ်ရာရသူများနှင့် ဖမ်းဆီးခံရသူအများအပြား ရှိခဲ့သည်။
ဇွန်လ ၂၈ ရက်သည် ထားဝယ်ပင်မသပိတ်တွင် အသက်ပေးဆပ်ခဲ့ရသူများ၏ နှစ်နှစ်နှင့် လေးလပြည့် နေ့ဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတညဖြတ်။ ။အောင်ကျော်ဖြိုး
#ရေဖြူမြို့နယ်
#ကံပေါက်ဒေသ
#ညသပိတ်
#ဆီမီးထွန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===============
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ဇွန်လ ၂၈ ရက်နေ့ ညပိုင်းတွင် ထားဝယ်ပင်မသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမှု နှစ်နှစ် လေးလပြည့် အောက်မေ့ဖွယ် အမှတ်ရခြင်းအဖြစ် ဆီမီးထွန်းလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် ကိုဖေသန်း၊ ကိုသန်းဝင်း၊ ကိုလွင်လွင်ဦးနှင့် ကိုဗညားအောင်တို့လေးဦး အသက်ပေးခဲ့ရပြီး ဒဏ်ရာရသူများနှင့် ဖမ်းဆီးခံရသူအများအပြား ရှိခဲ့သည်။
ဇွန်လ ၂၈ ရက်သည် ထားဝယ်ပင်မသပိတ်တွင် အသက်ပေးဆပ်ခဲ့ရသူများ၏ နှစ်နှစ်နှင့် လေးလပြည့် နေ့ဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတညဖြတ်။ ။အောင်ကျော်ဖြိုး
#ရေဖြူမြို့နယ်
#ကံပေါက်ဒေသ
#ညသပိတ်
#ဆီမီးထွန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7👍6😁2
ပြည်တွင်းပုဂ္ဂလိကဘဏ်ထိပ်တန်းအရာရှိ ၄ဦး စစ်ကောင်စီနှင့် မပူးပေါင်းရန် သတိပေးခံရ
=========================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်ကောင်စီအားဘဏ္ဍာရေးအကြံပေးနေသော ပြည်တွင်းပုဂ္ဂလိကဘဏ်ထိပ်တန်းအရာရှိ လေးဦးအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းနေမှုကို ရပ်တန့်ရန် Shadowless(အရိပ်မဲ့) အဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။
ဧရာဝတီဘဏ်မန်နေဂျင်းဒါရိုက်တာဦးမင်းဝင့်ဦးနှင့် အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော် ၊ A Bank ဒုဥက္ကဋ္ဌ ဦးဇော်လင်းထွဋ် ၊ ရိုးမဘဏ် အမှုဆောင်အရာရှိချုပ် ဦးကျော်စိုးလင်းတို့ကို ၎င်းတို့တစ်ဦးချင်း၏ ဓာတ်ပုံ၊ လုပ်ငန်းတည်နေရာများကို ဖော်ပြကာ Shadowless(အရိပ်မဲ့) အဖွဲ့က ယမန်နေ့ ဇွန်လ ၂၇ရက်ညတွင် တယ်လီဂရမ်ချန်နယ်မှတဆင့် သတိပေးခြင်းဖြစ်သည်။
ဦးမင်းဝင့်ဦး၊ဦးမြင့်ဇော် ၊ဦးဇော်လင်းထွဋ် နှင့်ဦးကျော်စိုးလင်းတို့သည် နိုင်ငံတကာမှ ပိတ်ဆို့ အရေးယူခြင်းခံထားရသောစစ်ကောင်စီကို ဘဏ်စနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာအကြံဥာဏ်များ ပေးနေကြသည့်သူများဖြစ်ကြောင်း၊ ၎င်းတို့လေးဦးထဲတွင် တော်လှန်ရေးကိုကူညီခဲ့ဖူးသူများပါဝင်နေသည်ကိုထောက်ရှု၍ နောက်ဆုံးအကြိမ်အဖြစ် သတိပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
" အဲဒီလူတွေက အရင် NLD အစိုးရလက်ထက်ကလည်း အစိုးရကို ဘဏ်စနစ်နဲ့ပတ်သက်ပြီး ကူညီ ပေးခဲ့တာတွေရှိသလို တော်လှန်ရေးမှာလည်း ထုတ်ပြောလို့မရတဲ့ အစိတ်အပိုင်းတစ်ခုအထိ ပါဝင်ခဲ့တာကို စုံစမ်းသိရှိခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ရဲ့ထောက်တိုင်အဖြစ် အကျိုးပြုနေတာဟာ တော်လှန်ရေးကို အနှောက်အယှက် ပေးရာ ရောက်တာကြောင့် အခုလို သတိပေးတာဖြစ်ပါတယ်"ဟု Shadowless (အရိပ်မဲ့) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို ပြောသည်။
စစ်ကောင်စီနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်နေပါက ထိုက်သင့်သည့်အရေးယူမှုများ ပြုလုပ်သွားမည်ဟု Shadowless (အရိပ်မဲ့) အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ သတိပေးချက်နှင့် ပတ်သက်၍ ဦးမင်းဝင့်ဦး၏ဖေ့စ်ဘွတ်အကောင့်မှတဆင့် ယနေ့ ဇွန်လ ၂၈ရက်ည ၈နာရီခန့်တွင် မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ည ၁၀နာရီခန့်အထိဖြေကြားခြင်းမရှိသေးပေ။ မဇ္ဈိမက ဆက်သွယ်မေးမြန်းပြီး အချိန်အနည်းငယ်အကြာတွင် ဦးမင်းဝင့်ဦး၏ ဖေ့စ်ဘွတ်အကောင့်သည် ပရိုဖိုင်ပိတ်သွားသည်က်ို တွေ့ရသည်။ ဦးမြင့်ဇော်၊ဦးဇော်လင်းထွဋ်နှင့်ဦးကျော်စိုးလင်းတို့ကိုလည်း ဆက်သွယ်ရန် မဇ္ဈိမက ကြိုးစားနေဆဲဖြစ်သည်။
Shadowless (အရိပ်မဲ့)က ၎င်းတို့အဖွဲ့သည် တော်လှန်ရေးအား အနှောင့်အယှက်ပေးနိုင်သော သတင်းပေး(ဒလန်) ၊ သစ္စာဖောက်များအား ထိုက်တန်သည့်အရေးယူမှုများပြုလုပ်နိုင်ရန် လိုအပ်သည့်သတင်းအချက်အလက်အား ပေးနိုင်ရန် တည်ထောင်ထားသည့်အဖွဲ့ဖြစ်ကြောင်း အသိပေးထားသည်။
"တကယ်တမ်းကတော့ စစ်ကောင်စီကို ထောက်ခံ ပံ့ပိုးနေတယ်လို့ ယူဆရတဲ့ လူပုဂ္ဂိုလ်နဲ့ကုမ္ပဏီအဖွဲ့အစည်း ၃၀၀ ကျော်ရဲ့ အချက်အလက်တွေ ရထား ပြီးပါပြီ။ သတင်းမှားတွေပါလာနိုင်တာရှိလို့ အဆင့်ဆင့် ပြန်စိစစ်နေတဲ့အတွက် အကုန်မတင်တာပါ။ မဖြစ်မနေ အရေးယူသင့်တဲ့အဆင့် ဆိုရင်တော့ မြေပြင်အဖွဲ့တွေကို တိုက်ရိုက်ပို့ပေးပါတယ်"ဟု Shadowless (အရိပ်မဲ့) အဖွဲ့တာဝန်ရှိသူကဆိုသည်။
စစ်ကောင်စီခေါင်းဆောင်ပိုင်းနှင့် စစ်ကောင်စီကျောထောက် နောက်ခံ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကို ကုလသမဂ္ဂနှင့်အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရများက စီးပွားရေးအရ ပိတ်ဆို့မှုများပြုလုပ်နေသလို အမျိုးသားညွတ်ရေးအစိုးရကလည်း စစ်ကောင်စီ၏ ဝင်ငွေရလမ်းကြောင်းများကို ဖြတ်တောက်ရန် နိုင်ငံတကာသို့တောင်းဆိုနေသည်။တဖက်တွင် ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ ဘဏ္ဍာရေးဒေါက်တိုင်များကို ရှင်းလင်းခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့သည်။
စစ်ကောင်စီခန့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ၂၀၂၂ ခုနှစ်၊ဧပြီလ၇ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ယာတွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။စစ်ကောင်စီခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများကို ပြည်ပသို့ ပြောင်းရွှေ့ပေးနေသူဟု နာမည်ကြီးသော ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေရေးရာကော်မတီဝင်ဦးမင်းတေဇညွန့်တင်ကို ပြီးခဲ့သည့် မတ်လ ၂၄ ရက်တွင် သန်လျင်မြို့လမ်းဆုံတနေရာ၌ Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးသွားခဲ့သည်။
ပုံ - Shadowless အဖွဲ့က ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်း
စာတည်း - မောင်ကြီး
#MizzimaTV
#စစ်ကောင်စီဘဏ္ဍာရေးအကြံပေး
#ပုဂ္ဂလိကဘဏ်အရာရှိလေးဦး
#Shadowless

👍35🥰1😁1🤣1
လူ ၁၀ ဦး သေဆုံးသွားသော ပုလဲမြို့နယ်က လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်းများ
😢16❤2👍2🤬2🔥1