စကစနှင့်EAO(၅)ဖွဲ့ ဆွေးနွေးပွဲအတွင်းငြိမ်းချမ်းရေးညီလာခံကျင်းပရန်အပါအဝင်သဘောတူညီမှုများရရှိခဲ့ဟုဆို
=================
စစ်ကောင်စီ၏ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် EAO (၅)ဖွဲ့၏ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်းမှ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) စတဲ့ လက်နက်ကိုင်(၅)ဖွဲ့မှ ကိုယ်စားလှယ်များသည် စစ်ကောင်စီ၏ NSPNC မှ ကိုယ်စားလှယ်များနှင့် ဇွန်လ ၂၆ ရက်မှ စတင်ကာ (၃)ရက်ကြာ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
PPST အဖွဲ့တွင် ယခင်က NCA လက်မှတ်ထိုးထားသည့် EAO အဖွဲ့ ၁၀ဖွဲ့ ရှိခဲ့သော်လည်း ယခုအခါ ၇ဖွဲ့ သာကျန်ရှိသည်။ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် မွန်ပြည်သစ်ပါတီ NMSP တို့က ယခုကျင်းပခဲ့သည့် နေပြည်တော်ဆွေးနွေးပွဲကို တက်ရောက်ခြင်း မရှိခဲ့ပေ။
(၃)ရက်ကြာဆွေးနွေးပွဲအတွင်း NSPNC နှင့် EAO (၅)ဖွဲ့အကြား၌ မူပိုင်းဆိုင်ရာသဘောတူချက်(၄)ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း နှင့် လုပ်ငန်းပိုင်းဆိုင်ရာသဘောတူညီချက်(၅)ချက်ကိုလည်း လက် မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊၎င်းဆွေးနွေးပွဲအတွင်း NSPNC ဘက်က ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသောအချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေးကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း EAO များဘက်က ထုတ်ပြန်ထားသည်။
https://youtu.be/oxHnZYQBopo
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စကစနှင့်EAO(၅)ဖွဲ့ ဆွေးနွေးပွဲအတွင်းငြိမ်းချမ်းရေးညီလာခံကျင်းပရန်အပါအဝင်သဘောတူညီမှုများရရှိခဲ့ဟုဆို
စစ်ကောင်စီ၏ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် EAO (၅)ဖွဲ့၏ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်းမှ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ…
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ…
❤6😁4💩4👍1🔥1
ဖိထာက ထိုင်းဝန်ကြီးချုပ်ဖြစ်ရန် မဲ ၅ မဲပင် ရရှိလိမ့်မည်မဟုတ်ဟု လွှတ်တော်အမတ် ပြော
=========================
ရှေ့သို့ချီပါတီ (MFP) ၏ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်းဖြစ်သူ ဖိထာ လင်ဂျာရွန်ရတ်သည် ဝန်ကြီးချုပ်ဖြစ်ရန်အတွက် လွှတ်တော်ရွေးကောက်ပွဲအတွင်း အထက်လွှတ်တော်၌ ထောက်ခံမဲ ငါးမဲပြည့်အောင်ပင် မရရှိနိုင်ဖွယ်ရှိသည်ဟု လွှတ်တော်အမတ်တစ်ဦးက ပြောသည်။
မဲပေးရာတွင် လွှတ်တော်အမတ် ၂၅၀ ထံမှ မဲ ငါးမဲ သို့မဟုတ် ထိုထက်ပိုရရန် ဖိထာအနေဖြင့် ခက်ခံလိမ့်မည်ဟု နိုင်ငံရေး ဖွံ့ဖြိုးမှုနှင့် ပြည်သူများ ပါဝင်မှုဆိုင်ရာ အထက်လွှတ်တော် ကော်မတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကစ်တီဆတ် ရတ်တန်နာဝါရာဟာက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
စစ်အာဏာသိမ်းအစိုးရ ခန့်အပ်သော လွှတ်တော်အမတ် အများစုသည် ဖိထာအား ကန့်ကွက်မဲ သို့မဟုတ် မဲမပေးဘဲ နေရန် ဆုံးဖြတ်ကြလိမ့်ဖွယ်ရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

👍10👎4🔥1
မိုင်းခွဲခံရသည့် ကျုံအိတ်တံတားအား စစ်ဆေးသည့် ဌာနဆိုင်ရာအဖွဲ့ တိုက်ခိုက်ခံရ၊ သထုံခရိုင်လမ်းဦးစီးမှူးအပါအဝင်၂ ဦးသေဆုံး
====================
YT
(မဇ္ဈိမ)။ ။ မိုင်းခွဲဖျက်ဆီးခံလိုက်ရသည့် ရန်ကုန်- မော်လမြိုင် ကားလမ်းမပေါ်မှ ကျုံအိတ်တံတားပျက်စီးမှုအား လာရောက်စစ်ဆေးသည့် စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများသည် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ ငါးဦးထက်မနည်းဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်မှ ကျုံအိတ်တံတားသည် ယနေ့ ဇွန်လ ၂၉ရက် နံနက်အစောပိုင်းက မိုင်းဆွဲဖျက်ဆီးခံရပြီး ယင်းတံတားကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများက လာရောက်စစ်ဆေးစဉ် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းဟု KNU သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီဥက္ကဌ ဗိုလ်မှူး စောကျော်မြင့်က မဇ္ဈိမကိုပြောသည်။
" ခရိုင်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီအဖွဲ့တွေ၊ လမ်းအင်ဂျင်နီယာအဖွဲ့တွေ လာစစ်ဆေးတယ်။ အဲ့ခါကျတော့ ဒီဘက်က အဖွဲ့တွေက ဒရုန်းနဲ့ သွားပြီး ဆွဲချလိုက်တယ်။ အဲ့ဒီမှာ ငါးယောက် ဒဏ်ရာရတယ်။ သေဆုံးတာက နှစ်ယောက်ရှိတယ်။ ကျန်တာတော့ မသိရသေးဘူး" ဟု ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။
အဆိုပါတိုက်ခိုက်မှုတွင် သထုံခရိုင်လမ်းဦးစီးမှူးဦး ဇော်မင်းနှင့် လမ်းအင်ဂျင်နီယာတစ်ဦး သေဆုံးပြီး သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းသည် ဦးခေါင်းနှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ဘီးလင်းမြို့နယ်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ထို့အပြင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊၊ရဲနှင့် မီးသတ်တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူစုစုပေါင်း ၂၀ဦးကျော်ကြောင်း သတင်းများထွက်ပေါ်နေသည်။
မိုင်းခွဲဖျက်ဆီးခံရသောကြောင့်ကျုံအိတ်တံတား၏ သုံးပုံနှစ်ပုံခန့် ပြိုကျပျက်စီးသွားခဲ့သည်။မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင်အိမ်စီးကားသုံးစီး ထိခိုက်ပျက်စီးခဲ့ပြီးကားတစ်စီးပေါ်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရသူအချို့လည်းရှိကြောင်း သိရသည်။ကျုံအိတ်တံတားသည် အရှေ့တောင်တိုင်းစစ်ဌာနချူပ် (မော်လမြိုင်)၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် (မြိတ်) တို့အား ရိက္ခာ၊ စစ်အင်အား ဖြည့်တင်းရာတွင် စစ်ကောင်စီက မဖြစ်မနေ အသုံးပြုရသည့် ရန်ကုန်- မော်လမြိုင်၊ ရန်ကုန်- ဘားအံ ကားလမ်းမပေါ်တွင် တည်ရှိသည်။
စာတည်း - မောင်ကြီး
#mizzima
#ရန်ကုန်- မော်လမြိုင်ကားလမ်း
#စစ်ကောင်စီဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့
#ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်
#KNLA၊PDFပူးပေါင်းတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍19🔥2👏2❤1
အကူအညီပစ္စည်းများ နိုင်ငံသို့ ရောက်ရှိသော်လည်း မုန်တိုင်းသင့် IDPs များ အမိုးအကာနှင့် စားနပ်ရိက္ခာများ လိုအပ်နေဆဲဖြစ်
======================
စစ်ကောင်စီ၏ ခွင့်ပြုချက်မရဘဲ အကူအညီအထောက်အပံ့များကို ပေးပို့နိုင်ခြင်း မရှိသည့်အတွက် မိုခါ ဆိုင်ကလုန်း မုန်တိုင်းအလွန် လူသားချင်းစာနာမှု အကူအညီ တုံ့ပြန်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး မရေရာမှုတို့က ဆက်ရှိနေသည်။
ယင်းအတွက်ကြောင့် မုတ်သုံရာသီ စချိန် အမိုးအကာများ မရှိဘဲ ဖြစ်နေသည့် ပြည်တွင်းနေရပ်စွန့်ခွာရသူများ (IDPs) များနှင့် ခုခံနိုင်စွမ်းအားအနည်းဆုံး မုန်တိုင်းသင့် ပြည်သူများထံ အကူအညီများ ပေးပို့ရာတွင် ဖင့်နှေးမှုကို ဖြစ်စေသည်။
အကူအညီ လိုအပ်နေသူများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဘေးသင့်ပြည်သူများထံ အကူအညီ ပေးပို့ခြင်းက ကြိုးနီစနစ်ကြောင့် ကြန့်ကြာစေလျက် ရှိကြောင်း ကုလသမဂ္ဂ OCHA အဖွဲ့က ညည်းညူစောဒကတက်သည်။ တစ်ချိန်တည်းမှာပင် မေလလယ်က ဆိုင်ကလုန်း မိုခါဒဏ်ကြောင့် ထိခိုက်ခံစားနေသူများထံ အကူအညီများ ပေးပို့ရန် နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများအနေဖြင့် ခွင့်ပြုချက်တောင်းခံရန် လိုကြောင်း စစ်ကောင်စီက ပြောသည်။

😢11🔥1🤬1
အိန္ဒိယက ဗီယက်နမ်ကို စစ်သင်္ဘော လက်ဆောင်ပေးအပ်
====================
အိန္ဒိယသည် ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့ရေတပ်၌ အသုံးပြုနေသည့် ဒုံးကျည်တပ် ကော်ဗက် စစ်သင်္ဘောတစ်စင်းကို ဗီယက်နမ်သို့ လက်ဆောင်အဖြစ် ပေးအပ်ကြောင်း သိရသည်။ အိန္ဒိယ၏ အဆိုပါ လက်ဆောင်ပေးအပ်သော စစ်သင်္ဘောသည် ဇွန်လ ၂၈ ရက်တွင် ဗီယက်နမ်သို့ ဦးတည်ထွက်ခွာခဲ့သည်။
ပြည်တွင်း၌ပင် တည်ဆောက်သည့် ကော်ဗက် INS Kirpan စစ်သင်္ဘောသည် ဇွန်လ ၂၈ ရက်က အိန္ဒိယ၏ အရှေ့ဘက်ကမ်းရိုးတန်းမှ ထွက်ခွာသွားကြောင်း အိန္ဒိယရေတပ်က ပြောသည်။

👍11😁3
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက် ဆန္ဒပြ
========================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဇွန်လ ၂၉ရက်တွင် ချီတက်ဆန္ဒပြကြသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြကြောင်းသိရသည်။
ယနေ့ ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် ရက်ပေါင်း ၈၃၀ မြောက်နေ့ဖြစ်သည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရွာပေါင်းစုံသပိတ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆားလင်းကြီးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဇွန်လ ၂၉ရက်တွင် ချီတက်ဆန္ဒပြကြသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြကြောင်းသိရသည်။
ယနေ့ ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် ရက်ပေါင်း ၈၃၀ မြောက်နေ့ဖြစ်သည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရွာပေါင်းစုံသပိတ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆားလင်းကြီးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤7😁2
ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ် ရေယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ
=======================
ပါခွီး (မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာချုပ် (နမခ) မှ ထွက်လာသော စစ်ကောင်စီရေယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army (BHA) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ရေယာဉ်(ဒေသအခေါ် ဖလက်ခွံ) သုံးစီးသည် နမခမှ ဆားလင်းကြီးမြို့နယ်ကိုဖြတ်ပြီး အောက်ဖက်သို့ စုန်ဆင်းလာစဉ် ဇွန်လ ၂၈ ရက် မွန်းတည့် ၁၂နာရီ ၄၀ မိနစ် အချိန်တွင် ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ရှေ့ထွက်ပြောင်း ပဒေသာနဲ့ တိုက်ခဲ့တာပါ၊ တစ်ပွိုင့်မှာ လေးပြောင်းနဲ့ ငါးပွိုင့် နေရာယူ ပြီး တိုက်ခိုက်ခဲ့တာပါ” ဟု BHA တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။
ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပဒေသာ ပွိုင့် ငါးခုဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် မိနစ်အနည်းငယ်ကြာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ကြားဖြတ်တိုက်ခိုက်ခံရမှုတွင် ရေယာဉ်နှင့် လူထိခိုက်မှုအချို့ရှိခဲ့သော်လည်း တိတိကျကျ မသိရသေးပေ။ တိုက်ခိုက်မှုလုပ်ခဲ့သော ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း ဆိုသည်။
အဆိုပါ ရေယာဉ်သုံးစီးသည် တိုက်ခိုက်ခံရမှုအပြီး ဆက်လက်ထွက်ခွာသွားရာ လက်ရှိမှာ ချောင်းဦးနှင့် ရေစကြို မြို့နယ်အစပ်က ချင်းတွင်းမြစ်ကို ဖြတ်ဆောက်ထားသော ဆင်ဖြူရှင်တံတားအကျော်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၁၀) Chindwin Fighter Group (CFG) မှ ဦးဆောင်ပြီး Farmers Revolution Force ၊ ဗန္ဓုလနှင့်အဖွဲ့သားများ နှင့် Brave Heart Army တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဇွန်လ ၂၄ ရက်နေ့ကလည်း BHA နှင့် မဟာမိတ်တပ်ဖွဲ့ ရှစ်ဖွဲ့ပူးပေါင်း၍ စစ်ကောင်စီတပ် အခြေစိုက်ထားသော တောပု (ပျူစောထီး) ရွာကို လက်လုပ် လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
https://youtu.be/nvxAazkiP4Y
စာတည်း။ ။ နောင်နောင်
#ချင်းတွင်းမြစ်
#ရေယာဉ်တန်း
#ကြားဖြတ်တိုက်ခိုက်ခံရ

ရေယာဉ်(ဒေသအခေါ် ဖလက်ခွံ) သုံးစီးသည် နမခမှ ဆားလင်…

👍21😁2
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီနှင့် EAO (၅)ဖွဲ့ (၃)ရက်ကြာ ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်အပါအဝင် သဘောတူညီမှုများရရှိခဲ့ဟုဆို
Watch more detail -
https://youtu.be/oxHnZYQBopo
#စစ်ကောင်စီ #EAO(၅)ဖွဲ့ #ဆွေးနွေးပွဲ #VideoNews #shorts #Reels

💩9😱2❤1😁1🍌1
လူကုန်ကူးမှု သံသယရှိသူ ၆၀၀ ကျော်ကို အင်ဒိုနီးရှား ဖမ်းဆီး
====================
အင်ဒိုနီးရှား ရဲတပ်ဖွဲ့သည် ယခုလ ဖြိုခွင်းမှုတစ်ရပ်အတွင်း လူမှောင်ခိုကုန်ကူးမှုနှင့် သံသယရှိသူ ၆၄၂ ဦးကို ဖမ်းဆီးမိကြောင်း ဇွန် ၂၈ ရက်တွင် ပြောသည်။
ရဲတပ်ဖွဲ့သည် သံသယရှိသူ ၆၄၂ ဦး ပါဝင်သော လူကုန်ကူးမှု ၅၅၃ မှုကို ယခုလ၏ ဇွန် ၂၈ ရက်အတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့၏ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန မှုခင်းရေးရာ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် ဂျူဟန်ဒဟာနီ ရာဟာဂျို ပူရိုက ပြောသည်။

👍8😁2
ဖိလစ်ပိုင်က တရုတ်၏ ပစ်မှတ် ဖြစ်နိုင်ဟု တရုတ်သံအမတ်ကြီးကို ကိုးကားပြီး သမ္မတဟောင်း ဒူတာတေး ပြော
===================
ဖိလစ်ပိုင်နိုင်ငံသည် တရုတ်၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သူများအား နေရာပေးခြင်းဖြင့် ဖိလစ်ပိုင်ကို တရုတ်က ပစ်မှတ်ထားနိုင်ကြောင်း တရုတ်သံအမတ်ကြီး ဟောင်ရှီလျန်က ပြောဖူးကြောင်း သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက ပြောသည်။
ဟောင်နှင့် ပုံမှန်တွေ့ဆုံမှု ရှိဖူးသူ ဒူတာတေးက SMNI ရုပ်သံဌာန၏ အစီအစဉ်တစ်ရပ်တွင် တနင်္လာနေ့က ထုတ်ဖော်ပြောဆိုလာခြင်းပဲ ဖြစ်သည်။
“သူ့ကို (ဟောင်ရှီလျန်) ကျွန်တော်က သတိပေးဖူးပါတယ်၊ ဖိလစ်ပိုင်ဟာ တရုတ်နဲ့ အချင်းမများလိုဘူးဆိုတာကို”ဟု ဒူတာတေးက ပြန်ပြောင်းပြောဆိုသည်။ “ဒါပေမဲ့ သူ့အဖြေကတော့ ‘တကယ်လို့ ဖိလစ်ပိုင်က တရုတ်အပေါ် ရန်လိုမှု ပြုနိုင်အောင် နေရာပေးမယ်ဆိုရင်တော့ ဖိလစ်ပိုင်ဟာ အမြဲတမ်း ပစ်မှတ်ဖြစ်လိမ့်မယ်’ ဆိုပြီး သူက ပြန်ပြောတာ ဖြစ်တယ်”ဟု ဒူတာတေးက ဆိုသည်။

👍9🔥3😁1
ဇွန်လ (၂၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===========================
-မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားကို စစ်ဆေးတဲ့ ဌာနဆိုင်ရာအဖွဲ့ တိုက်ခိုက်ခံရလို့ သထုံခရိုင်လမ်းဦးစီးမှူးအပါအဝင်၂ ဦးသေဆုံးတဲ့သတင်း
-စစ်ကောင်စီနဲ့ EAO (၅)ဖွဲ့ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ အပါအဝင် သဘောတူညီမှုတွေရရှိခဲ့တဲ့သတင်း
- “ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်း ဒေါ်လာ ၁၆၀,၀၀၀ ကျော်ရရှိထားတဲ့ သတင်း
-အပယ်ခံပူတင် လုံးဝရှုံးနိမ့်သွားပြီလို့ ဘိုင်ဒင်ပြောတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/Ewbwt5SQZcw
#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===========================
-မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားကို စစ်ဆေးတဲ့ ဌာနဆိုင်ရာအဖွဲ့ တိုက်ခိုက်ခံရလို့ သထုံခရိုင်လမ်းဦးစီးမှူးအပါအဝင်၂ ဦးသေဆုံးတဲ့သတင်း
-စစ်ကောင်စီနဲ့ EAO (၅)ဖွဲ့ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ အပါအဝင် သဘောတူညီမှုတွေရရှိခဲ့တဲ့သတင်း
- “ရန်ကုန်အတွက် အလင်းစက်” ကမ်ပိန်း ဒေါ်လာ ၁၆၀,၀၀၀ ကျော်ရရှိထားတဲ့ သတင်း
-အပယ်ခံပူတင် လုံးဝရှုံးနိမ့်သွားပြီလို့ ဘိုင်ဒင်ပြောတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/Ewbwt5SQZcw
#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၂၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:04-မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားကို စစ်ဆေးတဲ့ ဌာနဆိုင်ရာအဖွဲ့ တိုက်ခိုက်ခံရလို့ သထုံခရိုင်လမ်းဦးစီးမှူးအပါအဝင်၂ ဦးသေဆုံးတဲ့သတင်း
02:33-စစ်ကောင်စီနဲ့ EAO (၅)ဖွဲ့ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ အပါအဝင် သဘောတူညီမှုတွေရရှိခဲ့တဲ့သတင်း
05:34…

👍12😁2❤1
Business Round Up (29 June 2023)
===============
- ဩဂုတ် ၁ ရက်နေ့စပြီးမြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဘဏ်စနစ်ဖြင့် ဆောင်ရွက်မည်
- ပြောင်းတင်ပို့မည့် ကုမ္ပဏီထံ အခွန်အခ တင်းကြပ်လိုက်မှုကြောင့် တောင်သူအခက်ကြုံ
- နှစ်လကျော်အတွင်း မြန်မာ့ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ထိ ဖြစ်ပေါ်
- တောင်ကိုရီးယားအစိုးရက ကျွမ်းကျင်လုပ်သားများအတွက် ဗီဇာများ ထောင်ချီထုတ်ပေးသွားမည်
- အာရှဆန်ဈေးများ နှစ်နှစ်အတွင်း အမြင့်ဆုံးရောက်
https://youtu.be/utYSkmBGaqs
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===============
- ဩဂုတ် ၁ ရက်နေ့စပြီးမြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဘဏ်စနစ်ဖြင့် ဆောင်ရွက်မည်
- ပြောင်းတင်ပို့မည့် ကုမ္ပဏီထံ အခွန်အခ တင်းကြပ်လိုက်မှုကြောင့် တောင်သူအခက်ကြုံ
- နှစ်လကျော်အတွင်း မြန်မာ့ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ထိ ဖြစ်ပေါ်
- တောင်ကိုရီးယားအစိုးရက ကျွမ်းကျင်လုပ်သားများအတွက် ဗီဇာများ ထောင်ချီထုတ်ပေးသွားမည်
- အာရှဆန်ဈေးများ နှစ်နှစ်အတွင်း အမြင့်ဆုံးရောက်
https://youtu.be/utYSkmBGaqs
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (29 June 2023)
- ဩဂုတ် ၁ ရက်နေ့စပြီးမြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဘဏ်စနစ်ဖြင့် ဆောင်ရွက်မည်
- ပြောင်းတင်ပို့မည့် ကုမ္ပဏီထံ အခွန်အခ တင်းကြပ်လိုက်မှုကြောင့် တောင်သူအခက်ကြုံ
- နှစ်လကျော်အတွင်း မြန်မာ့ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ထိ ဖြစ်ပေါ်
- တောင်ကိုရီးယားအစိုးရက…

👍13🔥2
ပဲခူးတိုင်းအနောက်ခြမ်းတွင် PDF များက မြို့တွင်း တိုက်ခိုက်မှုများပြုလုပ်တော့မည်ဟု စစ်ကောင်စီ သတိပေးစာ ဖြန့်ဝေ
=================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် NUG၏ ညွှန်ကြားချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF)များသည် မြို့တွင်းတိုက်ခိုက်မှုများပြုလုပ်ခြင်း၊ ထောက်တိုင်များရှင်းလင်းခြင်းနှင့် လူစည်ကားရာနေရာများကို ဖောက်ခွဲခြင်းများ ပြုလုပ်တော့မည်ဟုသတိပေးစာများ ယမန်နေ့ ဇွန်လ ၂၈ ရက်က စတင်ဖြန့်ဝေနေကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများထံ အထက်အရာရှိများက ထိုစာများဖြန့်ဝေနေခြင်းဖြစ်ပြီး လာမည့် ဇွန်လ ၃၀ ရက်မှ စတင်ကာ နောက်လာမည့် သုံးရက်အတွင်း ထိုသို့ ဆောင်ရွက်ကြမည်ကို အတွင်းသတင်းအရ သိရှိရသည်ဟု ရေးသားထားသည်။
"ကျွန်တော်တို့ ဝန်ထမ်းဂရုတွေထဲမှာ ဝင်လာတဲ့စာအရတော့ ၃၀ ရက်နေ့မှာပေါ့ ။ PDF ဘက်က ရိုးပေါ်ကဆင်းလာမယ် ။ လူစည်ကားရာတွေကိုဖောက်ခွဲမယ်။ တိုက်ခိုက်တာတွေ၊ ထောက်တိုင်ရှင်းတာတွေလုပ်ဖို့ NUG ကအမိန့်ပေးထားတာကို အတွင်းသတင်းရထားတယ် သတိထားနေကြပါဆိုပြီးပြောထားတာပါ” ဟု ပေါင်းတည်မြို့မှ အမည်မဖော်လို့သည့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကမဇ္ဈိမကိုပြောသည်။
ထို့ပြင် ပဲခူးတိုင်းအနောက်ခြမ်းမှ စစ်ကောင်စီလော်ဘီသတင်းများနှင့် စာများကို ရေးတင်လေ့ရှိသည့် တယ်လီဂရမ်ချန်နယ်များတွင်လည်း ထိုသတိပေးစာများကို ဖြန့်ဝေထားသည်။ ထိုသတိပေးစာများတွင်မူ ယနေ့ ဇွန်လ ၂၉ ရက်မှ နောက်လာမည့် သုံးရက်အတွင်း သတိထားရန် ရေးသားထားသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ မဇ္ဈိမက ပဲခူးတိုင်းအနောက်ခြမ်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းရာတွင် NUG က ထိုသို့ အမိန့်ပေးမထားကြောင်းနှင့် ပြည်သူများထိခိုက်စေမည့် မည်သည့်ဖောက်ခွဲမှုမျိုးကိုမှ လုပ်ဆောင်မည်မဟုတ်ကြောင်း ပြောသည်။
" ကျွန်တော်တို့ကတော့ ပြည်သူကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီထောက်တိုင်တွေကို ရှင်းတာမျိုးတော့ လုပ်ဆောင်တာမျိုးရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီနေ့ အဲ့ဒီရက်မှ လုပ်ရပါမယ်ဆိုတာမျိုး ဘာညွှန်ကြားချက်မှမရှိပါဘူး။ တစ်ခုရှိတာက သူတို့ဘက်က လူစည်ကားရာနေရာဖောက်ခွဲမှုတို့၊ ဘာတို့ပြောထားတာလည်း ရှိတယ်ဆိုတော့။ ပြည်သူကို ဦးတည်တဲ့တိုက်ခိုက်မှုမျိုးတွေကို သူတို့ဘာသာလုပ်ပြီး ဒါကို PDF လုပ်ပါတယ်လို့ လွှဲချချင်လို့ တမင်လုပ်နေတာလည်းဖြစ်နိုင်ပါတယ်" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီသတင်းပေး တယ်လီဂရမ်ချန်နယ်တွင် ပဲခူးတိုင်းအနောက်ခြမ်းမှ မြို့နယ်များဖြစ်သည့် ပေါင်းတည်၊ နတ္တလင်း၊ ကြို့ပင်ကောက်၊ ဇီးကုန်း နှင့် အုတ်ဖိုမြို့များကို သုံးရက်အရေးပေါ်ကြေညာသည်ဟု ရေးသားဖြန့်ဝေထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် သတင်းပတ်အတွင်းကလည်း ပြည်−ရန်ကုန်လမ်း၊ သာယာဝတီခရိုင်အတွင်းရှိ မီးနင်းချောင်းစစ်ဆေးရေးဂိတ် အပါအဝင် စစ်ဆေးရေးဂိတ် ငါးခုကို ဖြတ်သိမ်းသွားကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များပြောသည်။ သို့သော် ပြည်ခရိုင်အတွင်းရှိ အစစ်အဆေးကြမ်းသည့် စစ်ကောင်စီ၏ ဆင်မကြပ်စစ်ဆေးရေးဂိတ်နှင့် ဝက်ပုတ်စစ်ဆေးရေးဂိတ်များကိုမူ ဖြုတ်သိမ်းခြင်းမရှိသေးကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ပဲခူးတိုင်းအနောက်ခြမ်း
#မြို့တွင်း တိုက်ခိုက်မှု
#သတိပေးစာ ဖြန့်ဝေ

👍18😁3👏2🔥1
ကြံ့ခိုင်ရေးပါတီနှင့် အပြန်အလှန်အမှုဖွင့်ပြီးနောက် မိုက်ကယ်ကျော်မြင့် လူမြင်ကွင်းမှ ပျောက်ကွယ်
====================
ကီရာ
(မဇ္ဈိမ)။ ။ အာဏာသိမ်းစစ်ကောင်စီ၏ မဟာမိတ်များဖြစ်ကြသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် လကျာ်စွန်းဝါဒီ မိုက်ကယ်ကျော်မြင့်တို့သည် အချင်းချင်းအပြန်အလှန် အမှုဖွင့်တိုင်ကြားထားမှုများသည် ပြီးခဲ့သည့် ဧပြီလမှ စတင်ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံသို့ လုပ်သားပို့ဆောင်မှုလုပ်သော Star High နှင့် 7 Star High ကုမ္ပဏီတို့တွင် ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီ၏ တူမနှင့် မြေးကိုယ်တိုင်ပါဝင်နေကြောင်း မိုက်ကယ်ကျော်မြင့်က ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲလုပ်ခြင်းနှင့် " ဥက္ကဋ္ဌကြီး လောင်ကြီး" ဟု ၎င်း၏ လူမှုကွန်ရက်မှ တစ်ဆင့် ပြောဆိုမှုများကြောင့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် နေရာ သုံးနေရာတွင် မိုက်ကယ်ကျော်မြင့်အား အမှုဖွင့်ထားခြင်း ဖြစ်သည်။
ထို့အပြင် မိုက်ကယ်ကျော်မြင့်မှလည်း ပါတီမှတ်ပုံတင်ထားသောအဆင့်တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် လိမ်လည်ပြောဆိုသည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌဦးခင်ရီနှင့် ဗဟိုကော်မတီအဖွဲ့ဝင်များအား အမှုဖွင့်ဆောင်ရွက်ပေးရန် နေပြည်တော် ဒဏ္ခိဏသီရိမြို့မရဲစခန်းသို့ ပေးပို့တိုင်ကြားခဲ့ကြောင်း သိရသည်။
သို့သော် မေလ ပထမပတ်ကျော်မှ စတင်၍ မိုက်ကယ်ကျော်မြင့်သည် လူမှုကွန်ရက်မှ ပျောက်ကွယ်သွားခဲ့ပြီး လက်ရှိ ၎င်း၏ ပြည်သူအကျိုးပြုကျောင်းသားများပါတီတွင် တွဲဘက်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ငါးမင်းဆွေမှ “ ပြည်ခိုင်ဖြိုးပါတီက သူ့(မိုက်ကယ်ကျော်မြင့်)ကို ၆၆ (ဃ) နဲ့ ရဲစခန်းသုံးခုမှာ တရားစွဲထားပါတယ် ၊ ရဲလုပ်ငန်းတွေပြီးရင် တရားရုံးမှာ အမှုရင်ဆိုင်ရမယ်လို့ သူပြောပါတယ်၊ တစ်မှုကို နှစ်နှစ် ကျနိုင်တာမို့ သုံးမှုဆိုတော့ ခြောက်နှစ် ကျနိုင်ပါတယ်၊ မြန်မာနိုင်ငံရေးလောကမှာ မေတ္တာတွေ ခန်းခြောက်ကုန်ပြီလား ၊ ရင်လေးစရာပါ”ဟု ၎င်း၏ လူမှုကွန်ရက်တွင် မေလ ၁၉ရက်က ရေးသားထားခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။
အဆိုပါ အစောပိုင်းကာလများတွင် မိုက်ကယ်ကျော်မြင့်၏ ဒုတိယဇနီးတစ်ဖြစ်လဲ ၎င်းပါတီ၏ တွဲဖက်အတွင်းရေးမှူးတာဝန်ယူထားသူ ဒေါ်မိုးမိုးခိုင်သည် ၎င်း၏ လူမှုကွန်ရက်တွင် အလှပုံများ ဆက်လက်တင်ခြင်းများနှင့် မင်္ဂလာနံနက်ခင်းပါ ဟူသော စာသားများနှင့် စစ်အာဏာရှင်အား အမွှန်းတင်စာများ ရေးသားခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိသော်လည်း လတ်တလောတွင် သူ၏ အကောင့်များဖြစ်သည့် July Moe ၊ မိုးမိုးခိုင် ၊ တော်ဝင်ဘုရင်မ အစရှိသည့် ၎င်း၏ လူမှုကွန်ရက် အကောင့်များကို ဆက်လက်အသုံးပြုခြင်းမရှိတော့ဘဲ ၎င်းကိုယ်တိုင်လည်း လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်ကို တွေ့ရသည်။
ထို့အပြင် မိုက်ကယ်ကျော်မြင့်သည် တရားရုံး ရမန်ဖြင့် နေပြည်တော် အချုပ်ထောင်ထဲ ရောက်နေကြောင်း လွန်ခဲ့သည့် တစ်ပတ်က အမျိုးသားရေးလော်ဘီတစ်ဦးက ပြောဆိုထားသည်ကို တွေ့ရှိရထားသော်လည်း မဇျွီမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အရပ်သားအစိုးရလက်ထက်တွင် မိုက်ကယ်ကျော်မြင့်သည် အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထား၍ ဘာသာရေးအကြောင်းပြ ဆူပူမှုကြောင့် ထောင်ဒဏ်ကျခံဖူးသူတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် တိုင်းပြုပြည်ပြုကျောက်တိုင် တည်ထောင်ပေးအပ်မည်ဟု ကြွေးကြော်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
စစ်ဗိုလ်ဟောင်းများဦးဆောင်သော ကြံ့ခိုင်ရေးပါတီမှာလည်း စစ်အာဏာသိမ်းမှုကို ထောက်ခံသောပါတီဖြစ်ပြီး စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညွှန်ကြားမှုဖြင့် ဦးဆောင်သူများ အပြောင်းအလဲလုပ်ခဲ့သော ပါတီဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- မိုက်ကယ်ကျော်မြင့် သတင်းစာရှင်းလင်းပွဲလုပ်စဉ်
#mizzima
#စစ်အာဏာရှင်
#မိုက်ကယ်ကျော်မြင့်
#ကြံ့ခိုင်ရေးပါတီ
#အမှုဖွင့်

👍13😁9❤2👏2🔥1