အိန္ဒိယ လမ်းပမ်းဆက်သွယ်ရေး ကွန်ရက်က ကမ္ဘာပေါ်တွင် ဒုတိယအရှည်ဆုံးဖြစ်လာပြီး ၉ နှစ် တာ အတွင်း ၅၉ ရာခိုင်နှုန်း တိုးတက်လာ
=======================
အိန္ဒိယ၏ လမ်းကွန်ရက်သည် လွန်ခဲ့သည့် ၉ နှစ်အတွင်း အစိုးရက ဆောင်ရွက်ခဲ့သော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး လမ်းကွန်ရက် ဖြစ်လာရန် ၅၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း လမ်းပမ်းဆက်သွယ်ရေး၊ ပို့ဆောင်ရေးနှင့် အဝေးပြေး ဝန်ကြီး နီတင် ဂတ်ကာရီ က ဇွန် ၂၇ တွင် ပြောကြားသည်။
အိန္ဒိယသည် စုစုပေါင်း လမ်းကွန်ရက် ကီလိုမီတာ ၆၄ သိန်းနီးပါးရှိပြီး ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး လမ်းကွန်ရက် ဖြစ်သည်။ အိန္ဒိယ၏ အဝေးပြေးလမ်းများ ကွန်ရက်တစ်ခုတည်းသည် ယနေ့ ကီလိုမီတာ ၁၄၅၂၄၀ ရှိပြီး ၂၀၁၃-၁၄ ခုနှစ် တွင် ၉၁၂၈၇ ကီလိုမီတာ ရှိကြောင်း ၎င်းက နှိုင်းယှဉ်၍ ပြောကြားသည်။
အိန္ဒိယ နိုင်ငံ ၏ မြို့တော် တွင် ကျင်းပသော မိုဒီအစိုးရ၏ ၉ နှစ်တာ နှစ်ပတ်လည် ညီလာခံတွင် ဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

👍8🔥4
မင်းကင်းနှင့်ကလေး၀မြို့ကြားတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ ထိခိုက်မှုများဟုဆို
===================
MTO
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ မင်းကင်းနှင့်ကလေး ၀မြို့ကြားရှိ ညောင်ဂျပ်ရွာအနီးတွင် ယမန်နေ့ ဇွန်လ ၂၈ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများလည်းရှိနိုင်ကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။
ညောင်ဂျပ်ရွာအနီးတွင် ယမန်နေ့ နံနက် ၈နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ခြင်းဟု မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။
“သူတို့ ဘက်က ၁၅ ယောက်ထက်မနည်းထိခိုက်မှုရှိတယ်လို့ သိထားပါတယ်။ အတိအကျတော့ ကျတော်တို့ လည်းမပြောနိင်ဘူး” ဟု ၎င်းကပြောသည်။
စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲသည် ၃နာရီခန့်ကြာခဲ့သည်ဟု သိရသည်။ စစ်ကောင်စီဘက်မှ အထိနာခဲ့သောကြောင့် တိုက်ပွဲဖြစ်ရာနေရာအနီးမှ သာစည်ရွာကို စစ်ကောင်စီစစ်ကြောင်းက ယနေ့ ဇွန်လ ၂၉ရက် နေ့လည်တွင် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်သုံးလုံးပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။
ယင်းစစ်ကြောင်းသည်ပြီးခဲ့သည့်ဇွန်လ ၁၆ ရက်နေ့ က ကလေး၀မြို့နယ်၊ စခန်းကြီးကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကျအဆုံးများခဲ့သည့် စစ်ကြောင်းဟုမင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ ထိုစစ်ကြောင်းသည် ကလေးဝနှင့် မင်းကင်း ဒေသတွင် ဆက်ရှိနေပြီး အရပ်သာများနေထိုင်ရာ ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ကျေးရွာ သုံးရွာထက်မနည်း စစ်ဘေးရှောင်နေရသည်ဟု မင်းကင်းမြို့ခံအချို့ကပြောသည်။
ဇွန်က ၁၆ရက်က စခန်းကြီးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူစာရင်းကို မဖော်ပြသော်လည်း စစ်ကောင်စီကားနှစ်စီးမီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး MA-(11) နှစ်လက်၊ G-3 နှစ်လက်၊ MA-11 ကျည်ဘောက် သုံးခု၊ G-3 ကျည်ဘောက် ခြောက်ခု၊ MG (3) ငါးကြင်းမြှီး တစ်လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း တစ်လက်၊ 60 MM ဗုံးသီးများ၊ RPG ထိပ်ဖူးငါးလုံး၊ အီနာဂါ ဗုံးသီးငါး လုံး၊ .38 Webly Wesson (၆)လုံးပြူးတစ်လက်၊ Jammer တစ်လုံး၊ M-14 နင်းမိုင်း နှစ်လုံး၊ လက်ပစ်ဗုံးအလုံး (၃၀)ကျော်၊ ကျည်ဆံများနှင့် ဆက်စပ်ပစ္စည်းများ သိမ််းယူနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ဇွန်လ ၂၈ရက်က တိုက်ပွဲသတင်းကိုမူ မထုတ်ပြန်သေးပေ။
စာတည်း - မောင်ကြီး
#mizzima
#မင်းကင်း
#ကလေး၀
#တိုက်ပွဲပြင်းထန်
#မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

👍18👏4😁2
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၉ ဇွန် ၂၀၂၃)
===============
အမျိုးသားညီညွတ်ရေး အစိုးရ
• အစ္စလာမ်ဘာသာဝင်များ၏ ထူးနေ့မြတ်တစ်ရက်ဖြစ်သည့် "အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အိးဒ်ပွဲတော်နေ့အခါသမယတွင် မြန်မာနိုင်ငံသူ၊နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာ ပေးပို့ကာ ဆုတောင်းမေတ္တာ ပို့သသည်။
• အမေရိကန်နှင့် အိန္ဒိယနိုင်ငံ တို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဒီမိုကရေစီအင်အားစုများကို ထိရောက်သည့် ပံ့ပိုးကူညီမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ပေးရန်အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က လေးလေးနက်နက် ထပ်မံ တိုက်တွန်း တောင်းဆို လိုက်ကြောင်း သိရသည်။
• အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG pay ဟာ အခက်အခဲများရှိသော်လည်း တစ်နှစ်တာကာလအတွင်း NUG Pay သုံးစွဲသူ ၂၈,၀၀၀ကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနရဲ့ တစ်နှစ်စာ အစီရင်ခံစာမှာဖော်ပြထားသည်။

❤16👍3🔥1🤮1
မြိတ်မြို့၌ အီးဒ်ပွဲတော် ပြုလုပ်သည့် မြို့ခံတချို့ကို စစ်ကောင်စီဖမ်းဆီး ငွေညှစ်
===================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်သည့် ကန်ခေါင်းရပ်ကွက်တွင် ယနေ့ ဇွန်လ ၂၉ ရက်၌ ကျရောက်သည့် ကုရ်ဘာနီ အီးဒ်ပွဲတော် ကျင်းပသူ အချို့အား စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးပြီး ငွေညှစ်ခဲ့ကြောင်း မြို့ခံများထံက သိရသည်။
အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ထိုပွဲတော် ပြုလုပ်သူများအား နေအိမ်၌ နွားသတ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ဒေသခံ ငါးဦးဝန်းကျင်အား စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကန်ခေါင်းရပ်ကွက်နေ ဒေသခံ တစ်ဦးက “အဓိက ကတော့ အီးဒ်နေ့မှာ သတ်တဲ့ နွားတွေကို ဗလီမှာပဲ သတ်ခွင့်ပေးထားတာကနေ နေရာ အခက်အခဲကြောင့် အိမ်မှာ သတ်လို့ ဆိုပြီး လာဖမ်းသွားတာ ဖြစ်တယ်”ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီက ကန်ခေါင်းရပ်ကွက် အပြင် စျေးတန်းနှင့် ပါရမီရပ်ကွက်တို့တွင်လည်း ရှာဖွေ ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများထံက သိရ သည်။
“ဖမ်းခံရတာက လေး၊ ငါးဦးလောက် ပါသွားတယ် သိရတယ်။ ဘယ်ကို ဖမ်းသွားတယ် ဆိုတာ မသိရဘူး။ ဖမ်းခံရတဲ့ အချိန်မှာ လူရော နွားပါ ဖမ်းသွားတယ် ။လုပ်ထုံးလုပ်နည်းအရတော့ အိမ်တွေမှာ နွားသတ်ခွင့်မရှိဘူး။ ဒါပေမဲ့ ပလီနဲ့ နီးတဲ့ အိမ်တွေမှာက လုပ်နေကြပါ။ ဒီနှစ်မှ ဒီလိုလုပ်တာပါ” လို့ စျေးတန်း ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင် တစ်ဦးက ပြော သည်။
လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးခံရသူများကို တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ငွေညှစ်ခံရ သူများကို စစ်ကောင်စီက ပြန်လည် လွှတ်ပေးခြင်း ရှိ၊ မရှိကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကုရ်ဘာနီ အီးဒ်ပွဲတော်
#မြိတ်မြို့

👍14🤬6❤1👏1
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
================
ကိုရွှေမြိတ် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဇွန်လ ၂၉ ရက် မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၏ အဖွဲ့ဝင်အင်အားစုတခုဖြစ်သည့် LGBT Community မှ ဦးဆောင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အကြမ်းဖက်ခွဲခြားဆက်ဆံခြင်း များကိုဆန့်ကျင်ကန့်ကွက်ခြင်းနှင့်အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
အဆိုပါလှုပ်ရှားမှုကို လောင်းလုံးမြို့အတွင်းမှ အမျိုးသမီးငယ်များ၊ လူငယ်များနှင့် ပြည်သူလူထုအများ အပြားပူးပေါင်းပါဝင်ခဲ့ကြပြီး “မတူကွဲပြားမှုကိုလက်ခံပြီး ခွန်အားအဖြစ် ပေါင်းစည်းကြ” စာတန်းကိုင် ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲကြွေးကြော်သံများကြွေးကြော်ချီတက်ခဲ့ကြောင်း သိရ သည်။
https://youtu.be/2dhTwyQG3gU
စာတည်း။ ။စောဖေ
#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
# စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
#ဆန္ဒပြ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
ကိုရွှေမြိတ် (မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဇွန်လ ၂၉ ရက် မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၏ အဖွဲ့ဝင်အင်အားစုတခုဖြစ်သည့် LGBT Community မှ ဦးဆောင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ်…
👍14❤4😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်ထုတ်လွှင့်မှုများ
=================
https://youtu.be/N9FMwDOrjP0
#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
https://youtu.be/N9FMwDOrjP0
#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍8🍌2
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
=============
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဇွန်လ ၂၉ ရက် မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၏ အဖွဲ့ဝင်အင်အားစုတခုဖြစ်သည့် LGBT Community မှ ဦးဆောင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အကြမ်းဖက်ခွဲခြားဆက်ဆံခြင်း များကိုဆန့်ကျင်ကန့်ကွက်ခြင်းနှင့်အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
အဆိုပါလှုပ်ရှားမှုကို လောင်းလုံးမြို့အတွင်းမှ အမျိုးသမီးငယ်များ၊ လူငယ်များနှင့် ပြည်သူလူထုအများ အပြားပူးပေါင်းပါဝင်ခဲ့ကြပြီး “မတူကွဲပြားမှုကိုလက်ခံပြီး ခွန်အားအဖြစ် ပေါင်းစည်းကြ” စာတန်းကိုင် ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲကြွေးကြော်သံများကြွေးကြော်ချီတက်ခဲ့ကြောင်း သိရ သည်။
စာတည်း။ ။စောဖေ
=============
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဇွန်လ ၂၉ ရက် မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၏ အဖွဲ့ဝင်အင်အားစုတခုဖြစ်သည့် LGBT Community မှ ဦးဆောင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အကြမ်းဖက်ခွဲခြားဆက်ဆံခြင်း များကိုဆန့်ကျင်ကန့်ကွက်ခြင်းနှင့်အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
အဆိုပါလှုပ်ရှားမှုကို လောင်းလုံးမြို့အတွင်းမှ အမျိုးသမီးငယ်များ၊ လူငယ်များနှင့် ပြည်သူလူထုအများ အပြားပူးပေါင်းပါဝင်ခဲ့ကြပြီး “မတူကွဲပြားမှုကိုလက်ခံပြီး ခွန်အားအဖြစ် ပေါင်းစည်းကြ” စာတန်းကိုင် ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲကြွေးကြော်သံများကြွေးကြော်ချီတက်ခဲ့ကြောင်း သိရ သည်။
စာတည်း။ ။စောဖေ
👍16❤4😁2🤯1
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပြန်လည်လွတ်မြောက်
================
001
မဇ္စျိမ။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အမှုတွင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ဇွန်လ ၂၉ ရက်နေ့တွင် အိမ်ပြန်ရောက်ပြီဖြစ်ကြောင်း ၎င်း၏ Facebook လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။
စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်အနေဖြင့် စစ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်နှင့် မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ စွပ်စွဲခံရသည့် အမှုအချို့တွင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်။
ဦးမောင်ဝိတ်အားဖမ်းဆီးပြီးနောက် စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လတွင် ဒေါ်အောင်ဆန်းစုကြည်အား တံစိုးလက်ဆောင်ပေးခဲ့ကြောင်း ထွက်ဆိုထားသည့် ၎င်း၏ ရုပ်သံဖိုင်ကို စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံ မှ ထုတ်လွှင့်ခဲ့သည်။
ထို့နောက် စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ကို လက်ခံရယူခဲ့သည်ဆိုကာ အမှုနှစ်မှုခွဲပြီး တရားစွဲခဲ့ကာ တမှုလျှင် ထောင်ဒဏ် သုံးနှစ်စီဖြင့် ပြစ်ဒဏ် တစ်ပေါင်းတည်း ချမှတ်ခဲ့သည်။
အဆိုပါ အမှုများအတွက် တရားလိုပြသက်သေအဖြစ်ထွက်ဆိုရသည့် ရုံးချိန်းတစ်ခုတွင် ဦးမောင်ဝိတ်က ယင်းငွေများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့လှူဒါန်းခဲ့ခြင်းသာဖြစ်ကြောင်း သက်သေထွက်ဆိုခဲ့ပြီး နောက် တရားခွင်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်သို့လှည့်ကာ ထိုင်ကန်တော့ခဲ့သည်။
ဦးမောင်ဝိတ်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ ရေးသားချက်အရ သိရပြီး စစ်ကောင်စီက ၎င်းအားမည်သည့်နေရာတွင် ထိန်းသိမ်းခဲ့သည်ကိုမူ မသိရပေ။
စာတည်း။ ။နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#စေပိုင်ကုမ္ပဏီပိုင်
#မောင်ဝိတ်
#တံစိုးလက်ဆောင်
#ပြန်လည်လွတ်မြောက်

👍21💩3❤1👎1🔥1
"ငါတို့နိုင်မယ့်ပွဲ" စာတန်းကိုင်စွဲပြီး ကြံခင်းမြို့နယ်မှာ ဆန္ဒပြ
===============
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသ ပိတ်ကော်မတီမှဦးဆောင်ပြီး စစ့အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်များက "ငါတို့နိုင်မယ့်ပွဲ"စာသားပါ ဘန်နာအားကိုင်ဆွဲကာ ကြံခင်းမြို့တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သ ပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၆)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

❤26👍11👎1🔥1😁1