လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
=============
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဇွန်လ ၂၉ ရက် မွန်းလွဲပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၏ အဖွဲ့ဝင်အင်အားစုတခုဖြစ်သည့် LGBT Community မှ ဦးဆောင်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် အကြမ်းဖက်ခွဲခြားဆက်ဆံခြင်း များကိုဆန့်ကျင်ကန့်ကွက်ခြင်းနှင့်အတူ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
အဆိုပါလှုပ်ရှားမှုကို လောင်းလုံးမြို့အတွင်းမှ အမျိုးသမီးငယ်များ၊ လူငယ်များနှင့် ပြည်သူလူထုအများ အပြားပူးပေါင်းပါဝင်ခဲ့ကြပြီး “မတူကွဲပြားမှုကိုလက်ခံပြီး ခွန်အားအဖြစ် ပေါင်းစည်းကြ” စာတန်းကိုင် ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲကြွေးကြော်သံများကြွေးကြော်ချီတက်ခဲ့ကြောင်း သိရ သည်။
စာတည်း။ ။စောဖေ

👍16❤4😁2🤯1
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပြန်လည်လွတ်မြောက်
================
001
မဇ္စျိမ။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အမှုတွင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ဇွန်လ ၂၉ ရက်နေ့တွင် အိမ်ပြန်ရောက်ပြီဖြစ်ကြောင်း ၎င်း၏ Facebook လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။
စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်အနေဖြင့် စစ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်နှင့် မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ စွပ်စွဲခံရသည့် အမှုအချို့တွင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်။
ဦးမောင်ဝိတ်အားဖမ်းဆီးပြီးနောက် စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လတွင် ဒေါ်အောင်ဆန်းစုကြည်အား တံစိုးလက်ဆောင်ပေးခဲ့ကြောင်း ထွက်ဆိုထားသည့် ၎င်း၏ ရုပ်သံဖိုင်ကို စစ်ကောင်စီဝါဒဖြန့် မြဝတီရုပ်သံ မှ ထုတ်လွှင့်ခဲ့သည်။
ထို့နောက် စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ကို လက်ခံရယူခဲ့သည်ဆိုကာ အမှုနှစ်မှုခွဲပြီး တရားစွဲခဲ့ကာ တမှုလျှင် ထောင်ဒဏ် သုံးနှစ်စီဖြင့် ပြစ်ဒဏ် တစ်ပေါင်းတည်း ချမှတ်ခဲ့သည်။
အဆိုပါ အမှုများအတွက် တရားလိုပြသက်သေအဖြစ်ထွက်ဆိုရသည့် ရုံးချိန်းတစ်ခုတွင် ဦးမောင်ဝိတ်က ယင်းငွေများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့လှူဒါန်းခဲ့ခြင်းသာဖြစ်ကြောင်း သက်သေထွက်ဆိုခဲ့ပြီး နောက် တရားခွင်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်သို့လှည့်ကာ ထိုင်ကန်တော့ခဲ့သည်။
ဦးမောင်ဝိတ်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ ရေးသားချက်အရ သိရပြီး စစ်ကောင်စီက ၎င်းအားမည်သည့်နေရာတွင် ထိန်းသိမ်းခဲ့သည်ကိုမူ မသိရပေ။
စာတည်း။ ။နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#စေပိုင်ကုမ္ပဏီပိုင်
#မောင်ဝိတ်
#တံစိုးလက်ဆောင်
#ပြန်လည်လွတ်မြောက်

👍21💩3❤1👎1🔥1
"ငါတို့နိုင်မယ့်ပွဲ" စာတန်းကိုင်စွဲပြီး ကြံခင်းမြို့နယ်မှာ ဆန္ဒပြ
===============
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသ ပိတ်ကော်မတီမှဦးဆောင်ပြီး စစ့အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်များက "ငါတို့နိုင်မယ့်ပွဲ"စာသားပါ ဘန်နာအားကိုင်ဆွဲကာ ကြံခင်းမြို့တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သ ပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၆)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။
#ဆန္ဒပြ
#Mizzima

❤26👍11👎1🔥1😁1
Media is too big
VIEW IN TELEGRAM
မန်ကျည်းရွက်ရဲ့ အကျိုးကျေးဇူးများ | Nature Article
============
Watch more detail - https://youtu.be/h3e44bZHkmA
#naturearticle #reels #shorts #မန်ကျည်းရွက် #mizzimatv

👍9😁1🌭1
ဇွန်လ (၃၀)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
=====================
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
တရားမဝင်စစ်ကောင်စီကို အမေရိကန်နဲ့အတူ အဖက်ဖက်က ပိတ်ဆို့ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ အိန္ဒိယ အစိုးရကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းလိုက်တဲ့သတင်းနဲ့အတူ ကမ္ဘာတဝန်း လူကုန်ကူးခံရမှုတွေဟာ မနှစ်ကထက် ပိုတိုးလာနေပြီး မြန်မာနိုင်ငံကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာသိသာထင်ရှားတဲ့ အားထုတ်မှုမရှိတဲ့ အဆိုးဆုံး နိုင်ငံတွေကို သတ်မှတ်တဲ့ အဆင့် ၃ မှာ ဆက်ရှိနေတဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေး အကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/lXZqfviL-L0
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ (၃၀)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဇွန်လ (၃၀)ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
=============================
ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့
တရားမဝင်စစ်ကောင်စီကို အမေရိကန်နဲ့အတူ အဖက်ဖက်က ပိတ်ဆို့ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ အိန္ဒိယ အစိုးရကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ…

👍14😁2🤯1
မန်ကျည်းရွက်ရဲ့ အကျိုးကျေးဇူးများ
=============
-မန်ကျည်းရွက်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?
-မန်ကျည်းရွက်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?
-မန်ကျည်းရွက်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?
အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......
https://youtu.be/h3e44bZHkmA
#naturearticle
#videonews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=============
-မန်ကျည်းရွက်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?
-မန်ကျည်းရွက်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?
-မန်ကျည်းရွက်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?
အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......
https://youtu.be/h3e44bZHkmA
#naturearticle
#videonews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🌭2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇွန် ၃၀ ရက်၊ ၂၀၂၃ | VOA On Mizzima
======================
ထိုင်းနိုင်ငံမှာ ခရီးသွားပြန်များလာတဲ့အကြောင်းနဲ့ ယူကရိန်းစိုက်ပျိုးမြေမှာ ရုရှားမြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်နေရကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/a7Ak1205iOg
#VOA
#mizzimatv

ထိုင်းနိုင်ငံမှာ ခရီးသွားပြန်များလာတဲ့အကြောင်းနဲ့ ယူကရိန်းစိုက်ပျိုးမြေမှာ ရုရှားမြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်နေရကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ…
👍11😁2
ခရီးသွားဧည့်သည် ပြန်များလာတဲ့ ထိုင်းနိုင်ငံ | VOA On Mizzima
===================
ထိုင်းနိုင်ငံရဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းကနေ ဒီနှစ် နှစ်ဝက်မှာပဲ ဝင်ငွေ ထိုင်းဘတ်ငွေ ၅၀ ဘီလျံနီးပါးရခဲ့ပြီလို့ ထိုင်းအစိုးရရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနဲ့ အားကစား ဝန်ကြီးဌာန အာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ခရီးသွားဧည့်သည်ပေါင်းကလည်း ၁၂ သန်းလောက်ရှိခဲ့တာပါ။ ဒီအထဲမှာ မြန်မာပြည်သားခရီးသွားတွေလဲ ပါဝင်နေတာပါ၊ ဒီအကြောင်း ဘန်ကောက်မြို့ကနေ မညိုညိုလွင်က တင်ပြထားပါတယ်။
https://youtu.be/PNRjIOXXQwI
#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
ထိုင်းနိုင်ငံရဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းကနေ ဒီနှစ် နှစ်ဝက်မှာပဲ ဝင်ငွေ ထိုင်းဘတ်ငွေ ၅၀ ဘီလျံနီးပါးရခဲ့ပြီလို့ ထိုင်းအစိုးရရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနဲ့ အားကစား ဝန်ကြီးဌာန အာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ခရီးသွားဧည့်သည်ပေါင်းကလည်း ၁၂ သန်းလောက်ရှိခဲ့တာပါ။ ဒီအထဲမှာ မြန်မာပြည်သားခရီးသွားတွေလဲ ပါဝင်နေတာပါ၊ ဒီအကြောင်း ဘန်ကောက်မြို့ကနေ မညိုညိုလွင်က တင်ပြထားပါတယ်။
https://youtu.be/PNRjIOXXQwI
#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ခရီးသွားဧည့်သည် ပြန်များလာတဲ့ ထိုင်းနိုင်ငံ | VOA On Mizzima
ထိုင်းနိုင်ငံရဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းကနေ ဒီနှစ် နှစ်ဝက်မှာပဲ ဝင်ငွေ ထိုင်းဘတ်ငွေ ၅၀ ဘီလျံနီးပါးရခဲ့ပြီလို့ ထိုင်းအစိုးရရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနဲ့ အားကစား ဝန်ကြီးဌာန အာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ခရီးသွားဧည့်သည်ပေါင်းကလည်း ၁၂ သ…
👍12🔥2
လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ သဘာဝရေတံခွန်များကို မလည်ပတ်ကြရန် ပြည်သူများအား PDF မေတ္တာရပ်ခံ
===================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် တိုက်ပွဲ အချိန်မရွေးဖြစ်ပွားလာနိုင်၍ ဒေသတွင်း သဘာ၀ရေတံခွန်များသို့ အလည်အပတ်မသွားလာကြရန် ပြည်သူများအား မေတ္တာရပ်ခံထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - LLPDFက အဖွဲ့က ဇွန်လ ၂၈ ရက်တွင်ထုတ်ပြန်သည်။
မိုးဦးကျကာလရောက်ရှိနေပြီဖြစ်၍ သဘာ၀ရေ တံခွန်များကို ဒေသခံပြည်သူများက နှစ်စဉ် အလည်အပတ် သွားလာလေ့ရှိရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးခြင်းဖြစ်သည်။
“အဓ််ိကကတော့ ပြည်သူတွေ လုံခြုံရေးအရပါ။ အခုဆိုရင် ရေတံခွန်တွေဆီကို ဒေသခံတွေ အလည်အပတ် လာနေတာမျိုး ရှိနေတဲ့ အထဲက အရပ်ဝတ်နဲ့ စစ်ထောက်လှမ်းရေးတွေ ပါနေတာကြောင့် အခုလို သတိပေးတာ ဖြစ်တယ်”ဟု LLPDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီနှင့် စစ်ကောက်စီထောက်တိုင် ပျူစောထီး၊ သူလျှိုနှင့်ထောက်လှမ်းရေးသမားများသည် ပြည်သူနှင့် အတူရောနှောသွားလာခြင်းများ ပြုလုပ် နေကြသည်ကို သိရှိထားသည်ဟုLLPDFကဆိုသည်။ထိပ်တိုက်တိုက်ပွဲများဖြစ်လာပါက အပြစ်မဲ့မိဘပြည်သူများ ထိခိုက်မှုများစွာ ဖြစ်လာနိုင်သောကြောင့် သွားလာပျော်ပါးခြင်းများမပြုလုပ်ကြရန်၊ မိဘပြည်သူများ၏အန္တရာယ်အားရှေးရှု၍ လေးစားစွာဖြင့် အထူးမေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်ဟု LLPDF အဖွဲ့က မေတ္တာရပ်ခံထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#mizzima
#လောင်းလုံးမြို့နယ်
#တိုက်ပွဲအချိန်မရွေးဖြစ်နိုင်
#သဘာ၀ရေတံခွန်များ
#LLPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍28😁2🔥1
လူငယ်တွေ ဂုဏ်သိက္ခာရှိစွာနဲ့ အိမ်ပြန်လှနိုင်ဖို့
=====================
မြန်မာပြည်က လူငယ်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ လူငယ်ဘဝကို ပြည့်ပြည့်ဝဝ မခံစား၊ မဖြတ်သန်းခဲ့ရဘဲ လူကြီးဘဝကို ကူးပြောင်းခဲ့ရတဲ့ အဓိက တရားခံဟာ စစ်အာဏာရှင်တွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဖြစ်ပါတယ်။
မဆလခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ လူငယ်တွေဟာ လူငယ်ပီပီ တီထွင်ဖန်တီးလိုမှု၊ တွေးခေါ်မြော်မြင်မှုတွေကို ကန့်သတ်ခံခဲ့ရပြီး ဘောင်တစ်ခုထဲကို ရိုက်သွင်းခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ဖောက်ထွက်လိုတဲ့ လူငယ်တွေက စတင်ပြီး ပြည်သူ တစ်ရပ်လုံးပါဝင်တဲ့ ၈ လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ စစ်တပ်ကအာဏာသိမ်းပြီး ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေးပေမယ့် အနိုင်ရပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာမအပ်နှင်းတဲ့အတွက် လူငယ်အများစုဟာ တောခိုပြီး အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့လမ်းကို ရွေးချယ်ခဲ့ကြပါတယ်။
https://youtu.be/FZpvIB6mzhc
#Newsfeature

မဆလခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ လူငယ်တွေဟာ လူငယ်ပီပီ တီထွင်ဖန်တီးလိုမှု၊…

👍21😁2🔥1
မြေမြှုပ်မိုင်းတွေကြောင့် ယူကရိန်းလယ်သမားတွေ အန္တရာယ်များ | VOA On Mizzima
=====================
ရုရှားတပ်တွေ ကျုးကျော်သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းနယ်မြေတွေမှာ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူတွေ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲ Kharkiv ဒေသကနေ ရုရှားတပ်တွေ ထွက်ခွာသွားပေမဲ့ မြေမြှုပ်မိုင်းတွေကြောင့် ယူကရိန်း စိုက်ပျိုးမွေးမြူရေးသမားတွေ အခက်ကြုံနေရတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Anna Kosstutschenko ရဲ့ သတင်းဆောင်းပါးကို ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။
https://youtu.be/BTLtuJNdCo4
#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
ရုရှားတပ်တွေ ကျုးကျော်သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းနယ်မြေတွေမှာ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူတွေ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲ Kharkiv ဒေသကနေ ရုရှားတပ်တွေ ထွက်ခွာသွားပေမဲ့ မြေမြှုပ်မိုင်းတွေကြောင့် ယူကရိန်း စိုက်ပျိုးမွေးမြူရေးသမားတွေ အခက်ကြုံနေရတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Anna Kosstutschenko ရဲ့ သတင်းဆောင်းပါးကို ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။
https://youtu.be/BTLtuJNdCo4
#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မြေမြှုပ်မိုင်းတွေကြောင့် ယူကရိန်းလယ်သမားတွေ အန္တရာယ်များ | VOA On Mizzima
ရုရှားတပ်တွေ ကျုးကျော်သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းနယ်မြေတွေမှာ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူတွေ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲ Kharkiv ဒေသကနေ ရုရှားတပ်တွေ ထွက်ခွာသွားပေမဲ့ မြေမြှုပ်မိုင်းတွေကြောင့် ယူကရိန်း စိုက်ပ…
👍10🔥3👎1😁1
ကိုဗစ်ကာကွယ်ဆေးဗူးအဖုံး စွန့်ပစ်အမှိုက် ဖက်ရှင် | VOA On Mizzima
===================
နယ်သာလန်နိုင်ငံ Rotterdam မြို့က ဖက်ရှင်ဒီဇိုင်နာတယောက်ဟာ ကိုဗစ်ကာကွယ်ဆေးဗူး အဖုံးတွေကို မစွန့်ပစ်ဘဲ သူ ချုပ်လုပ်တဲ့ အကျီတွေမှာ ပြန်သုံးပြီး ဒီဇိုင်းထွင် ချုပ်လုပ်ထားပါတယ်။ ဒီလို စွန့်ပစ်ပစ္စည်းတွေကို စုစည်းပြီး ချုပ်ထားတဲ့ ဝတ်စုံတွေကို Trash Design လို့ ခေါ်တဲ့ ဖက်ရှင်စုစည်းမှု အဖြစ် ဖန်တီးထားတာပါ။ အေပီ သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာက တင်ဆက်ထားပါတယ်။
https://youtu.be/E6YRbCWBLK8
#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
နယ်သာလန်နိုင်ငံ Rotterdam မြို့က ဖက်ရှင်ဒီဇိုင်နာတယောက်ဟာ ကိုဗစ်ကာကွယ်ဆေးဗူး အဖုံးတွေကို မစွန့်ပစ်ဘဲ သူ ချုပ်လုပ်တဲ့ အကျီတွေမှာ ပြန်သုံးပြီး ဒီဇိုင်းထွင် ချုပ်လုပ်ထားပါတယ်။ ဒီလို စွန့်ပစ်ပစ္စည်းတွေကို စုစည်းပြီး ချုပ်ထားတဲ့ ဝတ်စုံတွေကို Trash Design လို့ ခေါ်တဲ့ ဖက်ရှင်စုစည်းမှု အဖြစ် ဖန်တီးထားတာပါ။ အေပီ သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာက တင်ဆက်ထားပါတယ်။
https://youtu.be/E6YRbCWBLK8
#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ကိုဗစ်ကာကွယ်ဆေးဗူးအဖုံး စွန့်ပစ်အမှိုက် ဖက်ရှင် | VOA On Mizzima
နယ်သာလန်နိုင်ငံ Rotterdam မြို့က ဖက်ရှင်ဒီဇိုင်နာတယောက်ဟာ ကိုဗစ်ကာကွယ်ဆေးဗူး အဖုံးတွေကို မစွန့်ပစ်ဘဲ သူ ချုပ်လုပ်တဲ့ အကျီတွေမှာ ပြန်သုံးပြီး ဒီဇိုင်းထွင် ချုပ်လုပ်ထားပါတယ်။ ဒီလို စွန့်ပစ်ပစ္စည်းတွေကို စုစည်းပြီး ချုပ်ထားတဲ့ ဝတ်စုံတွေကို Trash Design လို့…
👍6🥱2🥰1😁1
ဆားလင်းကြီးမြို့နယ် စစ်ရှောင်စခန်း ၇ ခုတွင် အကူအညီများလိုအပ်
=====================
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ခုနစ်ခုရှိပြီး အစားအစာနှင့်အကူအညီများလိုအပ်နေကြောင်း ကူညီပေးနေသည့် ဒေသခံအဖွဲ့က ပြောကြားသည်။
"ထမင်းတစ်နပ်အတွက်အနည်းဆုံး ၃၀၀,၀၀၀ ကုန်ကျပါတယ်။ နယ်မြေအခြေအနေအရ ကုန်ဈေးနူန်းတွေလည်းတတ်နေတယ် ။ကျွန်တော်တို့ အဖွဲ့အနေနဲ့ တတ်နိုင်သလောက်ကူညီပေးနေပါတယ်။စစ်ရှောင်တွေအနေနဲ့ ရက်ရှည်စစ်ရှောင်ရတဲ့အတွက် စားရေးသောက်ရေး အခက်ခဲရှိနေပါတယ်" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် ဆားလင်းကြီးမြို့နယ်တွင်းက စစ်ရှောင်ပြည်သူများအား ထမင်း၂၁ နပ်တိတိလှူဒါန်းနိုင်ခဲ့ပြီး ယနေ့ဇွန်လ ၃၀ ရက် မနက်တွင် စစ်ရှောင်စခန်းတစ်ခုအား ငွေကျပ် ၅၀၀,၀၀၀ လှူဒါန်းခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်းသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများကို သိမ်းယူနိုင်ခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည့်နောက်ပိုင်း တွင် မုံရွာတစ်ဖက်ကမ်းမှစစ်ကောင်စီတပ်သားများ လာရောက်ကာ ညောင်ပင်ကြီးကျေးရွာတစ်ဝိုက်အား စစ်ကြောင်းထိုးကာမီးရိူ့နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးကျေးရွာတစ်ဝိုက် မီးရိူ့နေခြင်းကြောင့် ဒေသခံဦးေရ ထောင်ချီသည် အမြဲလိုလိုစစ်ဘေးရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရသည်။
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများအဖွဲ့
(ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များ)
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ဆားလင်းကြီးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ခုနစ်ခုရှိပြီး အစားအစာနှင့်အကူအညီများလိုအပ်နေကြောင်း ကူညီပေးနေသည့် ဒေသခံအဖွဲ့က ပြောကြားသည်။
"ထမင်းတစ်နပ်အတွက်အနည်းဆုံး ၃၀၀,၀၀၀ ကုန်ကျပါတယ်။ နယ်မြေအခြေအနေအရ ကုန်ဈေးနူန်းတွေလည်းတတ်နေတယ် ။ကျွန်တော်တို့ အဖွဲ့အနေနဲ့ တတ်နိုင်သလောက်ကူညီပေးနေပါတယ်။စစ်ရှောင်တွေအနေနဲ့ ရက်ရှည်စစ်ရှောင်ရတဲ့အတွက် စားရေးသောက်ရေး အခက်ခဲရှိနေပါတယ်" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် ဆားလင်းကြီးမြို့နယ်တွင်းက စစ်ရှောင်ပြည်သူများအား ထမင်း၂၁ နပ်တိတိလှူဒါန်းနိုင်ခဲ့ပြီး ယနေ့ဇွန်လ ၃၀ ရက် မနက်တွင် စစ်ရှောင်စခန်းတစ်ခုအား ငွေကျပ် ၅၀၀,၀၀၀ လှူဒါန်းခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်းသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများကို သိမ်းယူနိုင်ခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည့်နောက်ပိုင်း တွင် မုံရွာတစ်ဖက်ကမ်းမှစစ်ကောင်စီတပ်သားများ လာရောက်ကာ ညောင်ပင်ကြီးကျေးရွာတစ်ဝိုက်အား စစ်ကြောင်းထိုးကာမီးရိူ့နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးကျေးရွာတစ်ဝိုက် မီးရိူ့နေခြင်းကြောင့် ဒေသခံဦးေရ ထောင်ချီသည် အမြဲလိုလိုစစ်ဘေးရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရသည်။
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများအဖွဲ့
(ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များ)
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#ဆားလင်းကြီးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥2😁2😢1🥱1
ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===========================
https://youtu.be/kSjCaMb5NZA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===========================
https://youtu.be/kSjCaMb5NZA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍8🔥3