Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုများ ပိုမိုများပြားလာကြောင်း ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ပြော

Watch more detail - https://youtu.be/CkjxRLIdZ6E

#PoliticalNews
#reels
#shorts
#MizzimaTV
👍15❤2🔥1
Media is too big
VIEW IN TELEGRAM
ရုရှားနှင့် စစ်ကောင်စီတို့ နျူကလီးယားဓာတ်အားပေးစက်ရုံဆောက်ရေးနှင့် ဓာတ်သတ္တုရှာဖွေရေး တွေ့ဆုံဆွေးနွေး

Watch more detail - https://youtu.be/EVXa0MLclgk

#PoliticalNews
#reels
#shorts
#MizzimaTV
🤬11❤1👏1😱1
​​ဝေဖန်ခံရသည့်နောက် ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖေ့ဘုတ်အကောင့်ကို ဖျက်သိမ်း
===================

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် အတိုက်အခံများအား ရိုက်နှက်မည်ဟု ခြိမ်းခြောက်သည့် ဗီဒီယိုပို့စ် ဖေ့ဘုတ်ပေါ်၌ တင်ခဲ့ခြင်းအတွက် ခြောက်လကြာ သုံးစွဲခွင့် တားမြစ်ခံသင့်သည်ဟု Meta ကုမ္ပဏီ ကြီးကြပ်ရေးဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ပြီး နာရီပိုင်းမှာပင် ဟွန်ဆန်က ၎င်း၏ ဖေ့ဘုတ်အကောင့်ကို ကြာသပတေးနေ့ နှောင်းပိုင်း၌ ဖျက်သိမ်းလိုက်သည်။

ဟွန်ဆန်က ၎င်း၏ တယ်လီဂရမ်အကောင့်တွင် ကြာသပတေးနေ့နှောင်းပိုင်းက ပို့စ်တင်ရာ၌ လက်ရှိတွင် တယ်လီဂရမ်မှနေ၍ ပြည်သူများနှင့် ထိတွေ့ဆက်ဆံရသည်က ပို၍ ကောင်းမွန်ပြီး ပို၍ ထိရောက်သည်ဟု ပြောဆိုထားသည်။

“ကျွန်တော် ဖေ့ဘုတ်သုံးတာရပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ ဖေ့ဘုတ်မှာ ကျွန်တော်က follower ၁၄ သန်းကျော် ရှိတာပါ၊ ကျွန်တော်ရဲ့ လက်ထောက်ကို ကျွန်တော့် ဖေ့ဘုတ်အကောင်ကို ချက်ချင်းဖျက်ဖို့ တောင်းဆိုထားခဲ့တယ်၊ ဖေ့ဘုတ်ကနေ ကျွန်တော်ရဲ့ နာမည်ကို ဖျက်ပစ်ဖို့လည်း ကုမ္ပဏီဆီ အကြောင်းကြားသွားမယ်”ဟု ခမာစာဖြင့် ၎င်းက ရေးသားသည်။ ဟွန်ဆန်သည် တယ်လီဂရမ်၌ subscribers ပေါင်း ၈၅၅,၀၀၀ ရှိထားသည်။
😁12👍4
လုပ်ခတိုးတောင်းသည့် အထည်ချုပ်စက်ရုံ အလုပ်သမားများကို နိုင်ငံရေးပုဒ်မများဖြင့် စစ်ကောင်စီ အရေးယူ
=====================

လုပ်ခတိုးတောင်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး  သီတင်းနှစ်ပတ်ကြာ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားပိုင် ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံ အလုပ်သမားများအ‌ရေး ဆောင်ရွက်ပေးသူနဲ့ ကူညီသူ ၁၀ ဦးကို စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်တယ်လို့သိရပါတယ်။
 
အဆိုပါ စက်ရုံဟာ ရန်ကုန်၊ ‌ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာ တည်ရှိပြီး ဇွန်လ ၁၀ ရက်က အလုပ်သမား အခွင့်ရေးတောင်းဆိုခဲ့တဲ့  စက်ရုံအလုပ်သမား သမဂ္ဂခေါင်းဆောင် (၇)ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ‌နယ်မြေဟာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာဖြစ်ပြီး ဖမ်းဆီးထားသူများကို ဇူလိုင် (၇)ရက်နေ့မှာ ရွှေပြည်သာမြို့နယ်တရားရုံးရှိ စစ်ခုံရုံးမှာ ရုံးထုတ် သွားမယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက ရာဇသတ်ကြီး ဥပ‌ဒေပုဒ်မ ၅၀၅ - ကနဲ့  ပုဒ်မ ၁၇ (၁)တို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားတာဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများကပြောပါတယ်။
ဖမ်းဆီးထားတဲ့ အလုပ်သမားများနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် စစ်ကောင်စီက ထုတ်ပြန်ရာမှာ ဆန္ဒပြဆူပူမှုများဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်သူများကို ဖမ်းမိကြောင်း၊ အလုပ်သမားအရေး ကူညီဆောင်ရွက်တဲ့ အဖွဲ့အစည်း Action Labor Rights မှ ခေါင်းဆောင်ပိုင်းများကိုလည်း ဆက်လက်ဖမ်းဆီးမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
 
စစ်ကောင်စီဟာ ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးအရေးယူရာမှာ ပုဒ်မ ၅၀၅ ကို အများဆုံးအသုံးပြုလေ့ရှိကာ ဒီပုဒ်မအရ ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်တာဖြစ်ပါတယ်။
 
https://youtu.be/0q6ww2GLOUw

#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬13👍4❤1🔥1🤮1
This media is not supported in your browser
VIEW IN TELEGRAM
June - 30 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍3🌭1🍌1
​​မြိတ်တွင် အုတ်တင်ကားနှင့် ခရီးသည်ကား တိုက်မိ ၊ ခရီးသည် ၈ ဦး ဒဏ်ရာရ
===================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ရွှေဒူးကျေးရွာအုပ်စုရှိ မရင်းငယ်ကျေးရွာ အနီး မြိတ်-တနင်္သာရီ လမ်းပိုင်းတွင် ယနေ့ ဇွန်လ ၃၀ ရက် ၊ နံနက် ၉ နာရီဝန်းကျင် အချိန်တွင် ကား နှစ်စီး ယာဉ်တိုက်မှုဖြစ်ရာ ခရီးသည်ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။

FORLAND အမျိုး အစား အုတ်တင်ယာဉ်က အရှိန်လွန် မောင်းနင်းရာမှ Nissan Caravan အမျိုးအစား မိုးသောက်ကြယ် ခရီးသည်တင်ယာဥ်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။ ယာဥ်တိုက်မှုကြောင် ခရီးသည်တင်ယာဥ်မောင်း ဦးခေါင်းကားနှင့်ညှပ်မိခဲ့သော်လည်း အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက“ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတွေ အပါအဝင် လူ ရှစ်ဦး ထိခိုက် ဒဏ်ရာ ရတယ်။ သိပ်ပြီးတော့ မစိုးရိမ်ရပါဘူး။ အားလုံးကို အရေးပေါ်ကားတွေနဲ့ မြိတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်”ဟု ပြော သည်။

အုတ်သယ်ကားမှာ တနင်္သာရီမြို့ဘက်မှ မြိတ်ဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး မိုးသောက်ကြယ်ခရီးသည်တင်ကားသည် မြိတ်မြို့ဘက်မှ ဘုတ်ပြင်းမြို့သို့ သို့ ပြေးဆွဲသော ယာဉ်လိုင်း ဖြစ်သည်။
ခရီးသည်ကားတွင် လူကိုးဦးပါရှိပြီး မြိတ်ခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်‌ရေးယာဉ် တစ်စီး အသုံးပြုကာ တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် အရေးပေါ်ကယ်ဆယ်နိုင်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်ထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အုတ်တင်ကား
#ယာဉ်တိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥5
Media is too big
VIEW IN TELEGRAM
လုပ်ခတိုးတောင်းသည့် အထည်ချုပ်စက်ရုံ အလုပ်သမားများကို နိုင်ငံရေးပုဒ်မများဖြင့် စစ်ကောင်စီ အရေးယူ

Watch more detail - https://youtu.be/0q6ww2GLOUw

#PoliticalNews
#reels
#shorts
#MizzimaTV
🤬15❤1🔥1
ဇွန်လ ၃၀ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့

00:52- အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုများ ပိုမိုများပြားလာကြောင်း ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ပြောတဲ့သတင်း

04:08- စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပြန်လည်လွတ်မြောက်တဲ့သတင်း

05:31-ကိုရမ်ကျမ်းကိုမီးရှို့ဆန္ဒပြမှုအတွက် ဆွီဒင်အာဏာပိုင်တွေကို တာလီဘန်ရှုတ်ချ တဲ့သတင်း

10:26- လုပ်ခတိုးတောင်းသည့် အထည်ချုပ်စက်ရုံ အလုပ်သမားများကို နိုင်ငံရေးပုဒ်မများဖြင့် စစ်ကောင်စီ အရေးယူတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/2JJqEJV2z5o

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🍌2❤1🌭1
​​ကောလင်းတွင် စစ်ကောင်စီတပ်က ဖုန်းဆိုင်၊ စားသောက်ဆိုင်များကို CCTV တပ်ဆင်ရန်ပြော
========================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် ယနေ့ ဇွန်လ ၃၀ရက်က ဖုန်းဆိုင်နှင့် စားသောက်ဆိုင်များ၌ CCTVများ တပ်ဆင်ရန် ဆိုင်ရှင်များကို စစ်ကောင်စီတပ်များနှင့် ရဲများက လိုက်လံပြောဆိုနေကြောင်း Kawlin Revolution-KR တာဝန်ရှိသူထံက သိရသည်။

ယနေ့ နံနက် ၉နာရီ ၄၅မိနစ်အချိန်ခန့်တွင် CCTV များကို လမ်းမဘက်သို့ မျက်နှာမူတပ်ဆင်ရန် အမိန့်ပေးခိုင်းစေခြင်းဖြစ်ပြီး မတပ်လျှင် ဆိုင်ရှင်ကိုဖမ်းမည်ဟု ခြိမ်းခြောက်သွားကြောင်း အမည်မဖော်လိုသူ ဆိုင်ပိုင်တစ်ဦးက ပြောသည်။

“ဆိုင်တိုင်းကိုလာရောက်ပြောသွားတာဗျ။ CCTV ကိုမဖြစ်မနေတပ်ဆင်ဖို့ အမိန့်နဲ့ခိုင်းတာပါဗျ။ ပြီးတော့ လမ်းမတွေဘက်ကိုလှည့်ပီးတပ်ဖို့ အမိန့်ပေးတာပါ။

မတပ်ရင်အရေးယူမယ်လို့လည်း ပြောပါတယ်” ဟု ၎င်းက မဇ္စျိမသို့ ပြောသည်။

ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊တပ်ရင်း (၁) The Secret Warrior Kawlin တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မည်သို့ပင်ဖြစ်စေ စစ်ကောင်စီအား ဆက်လက်တွန်းလှန်မည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေကြရန် တိုက်တွန်းသည်။

“CCTV တပ်ဖို့က ပြောလာတာက မြို့တွင်းပြောက်ကျားသမားတွေကို ထိန်းနိုင်အောင်ကြိုးစားတာလို့မြင်ပါတယ်။ စစ်သားတွေနဲ့ ရဲတွေလာပြောတယ်လို့သိရပါတယ်။ ပြည်သူတွေဂရုစိုက်ပြီးနေကြဖို့ပဲပြောချင်ပါတယ်ဗျ” ဟု Kawlin Revolution-KR အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်ကကောလင်းမြို့ KBZ ဘဏ်(၂)အနီး၌ ကင်းချိန်းပြီး ပြန်လာသည့် စစ်ကောင်စီ တပ်သားများကို The Secret Warrior Kawlin ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန် ဒဏ်ရာရရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#CCTV
#ကောလင်းမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤬7❤2🔥1👏1
​​မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစိုက်ဘဏ်အတွင်းရေးမှူးပစ်ခတ်ခံရ၍ သေဆုံး
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ် ငလှစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် ဇရစ်မြှောင်ကျေးရွာ စိုက်ပျိုးရေးဘဏ်အတွင်းရေးမှူး ဦးမြင့်ဌေးတို့နှစ်ဦးအား ပစ်ခတ်ခဲ့သည်ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောသည်။

အဆိုပါ နှစ်ဦးသည် မင်းလှမြို့မှ ရန်ကုန်−ပြည်ကားလမ်းအတိုင်း ပြန်လာစဉ် သပြေစမ်းကျေးရွာအနီး၌ ယနေ့ ဇွန်လ ၃၀ ရက်နေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးစလုံး သေဆုံးသွားကြောင်းသိရသည်။

“သူတို့ဆိုင်ကယ်ကို ပစ်လိုက်တာမှာ သူတို့ဘက်က ပါလာတဲ့ ပစ္စတိုနဲ့ ရဲဘော်တွေကို ပြန်ပစ်ဖို့လုပ်ပါတယ်။ ဒါပေမယ့် ဒီဘက်ကတော့ မထိဘူး သူတို့နှစ်ဦးတော့ သေသွားတယ်။ သေနတ်တော့ ကောက်ချိန်မမီလိုက်ဘူး” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကို ပြောသည်။

ပစ်ခတ်မှုအတွင်း ဖုန်းတစ်လုံးနှင့် ငွေသား ၃၈၆,၀၀၀ ကျပ်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ အုပ်ချုပ်ရေးမှူး ဦးလှမြင့်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့ဝင်များပစ်ခတ်၍ သေဆုံးခဲ့သည့် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းနေရာတွင် အစားထိုးခံရသော အုပ်ချုပ်ရေးမှူးဖြစ်သည်။

"ဦးလှမြင့်က ကာကွယ်ရေးတပ်ဖွဲ့တွေကို ခြိမ်းခြောက်ပြောဆိုတာမျိုးတွေရှိတယ်၊ သူ့အိမ်မှာလည်း ကြံ့ခိုင်ရေးပါတီ အလံထောင်ထားတာရှိတယ်။ နောက်တခြား တော်လှန်ရေးမှာ အဟန့်အတားဖြစ်စေတဲ့ကိစ္စတွေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ကိစ္စတွေလည်းရှိပါတယ်။ ပစ်ခတ်တဲ့အချိန်ကလည်း သူတို့မှာ သေနတ်ပါတယ်။ လက်နက်ကိုင်ခွင့်ရထားသူပေါ့" ဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။

အဆိုပါ ပစ်ခတ်မှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တပ်ဖွဲ့ဝင်များမှာ လွတ်မြောက်ရာနယ်မြေသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ၊ ရဲတပ်ဖွဲ့ဝင်များ ရှင်းလင်းသည့် မစ်ရှင်များကို မကြာခဏလုပ်ဆောင်လေ့ရှိပြီး ထိုသို့လုပ်ဆောင်ရာတွင်လည်း ပြည်သူနှင့် တော်လှန်ရေးအင်အားစုများအပေါ် ဖိနှိပ်ထိခိုက်စေသည့်လုပ်ရပ်များ လုပ်ဆောင်ခြင်းကို အဆင့်ဆင့်စိစစ်ပြီး တာဝန်ရှိသူများ၏ အတည်ပြုချက်ရယူပြီးသည့် စစ်တပ်ဒေါက်တိုင်များကိုသာ ရှင်းလင်းခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပဲခူးတိုင်းအနောက်ခြမ်း
#အုပ်ချုပ်ရေးမှူး
#စိုက်ဘဏ်အတွင်းရေးမှူး
#ရဲတပ်ဖွဲ့
#မင်းလှမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏3❤1😁1🤮1
​​အမေရိကန်နှင့် အိန္ဒိယ အစိုးရနှစ်ရပ် ပူးတွဲထုတ်ပြန်ချက် အပေါ် CRPH ကြိုဆို
===================

ပါခွီး
(မဇ္စျိမ) ။ ။ အမေရိကန်ပြည်ထောင်စုနိုင်ငံနှင့် အိန္ဒိနိုင်ငံတို့ ပူးတွဲထုတ်ပြန်သော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကြေညာချက်ကို ကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) က ဇွန်လ ၂၈ရက်နေ့ တွင်ထုတ်ပြန်သည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ဇွန်လ ၂၂ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်အပိုဒ် (၃၀) တွင် “ခေါင်းဆောင်များမှ ဆိုးရွာလာနေသည့် မြန်မာနိုင်ငံအခြေအနေများနှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်းဖော်ပြခဲ့ပြီး မတရားဖမ်းဆီးခံ ချုပ်နှောင်ခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးရေး ၊အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ထွန်းပေါ်ပေါက်လာရေးနှင့် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးကို ရှေးရှု၍ မြန်မာအသွင်ကူးပြောင်းရေးတို့ကို တောင်းဆိုခဲ့သည်” ဟု ဖော်ပြထားသည်။

အဆိုပါကြေညာချက်တွင်ပါရှိသည့် တရားမဝင်အာဏာသိမ်း စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားသူအားလုံးကို ပြန်လွှတ်ပေးရေးနှင့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အား ဖော်ဆောင်နိုင်မည့် မြန်မာ့နိုင်ငံ၏ အသွင်ကူးပြောင်းရေး စသည့် တောင်းဆိုချက်များကို ထောက်ခံကြိုဆိုကြောင်း CRPH ထုတ်ပြန်ချက်တွင် ဆိုသည်။

သို့သော် CRPH က အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေးဟု ဆိုရာ၌ လက်ရှိမြန်မာပြည်သူများ၏ ပြင်းပြသည့် နိုင်ငံရေးအာသီသ ဖော်ဆောင်မှုဖြစ်သော စစ်အာဏာရှင်စနစ် အဆုံးသတ်မည့် တော်လှန်ရေးအရှိန်အဟုန်ကို မျက်ကွယ်ပြုရန် မဖြစ်နိုင်ကြောင်းနှင့် စစ်အာဏာရှင်များက ကျူးလွန်ခဲ့ ၊ ကျူးလွန်ဆဲဖြစ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုဖော်ဆောင်ရေးနှင့် နောင်အနာဂတ်တွင်လည်း ယခုကဲ့သို့ အခြေအနေများ ထပ်မံမဖြစ်ပေါ်ရေးတို့သည်လည်း အရေးကြီးသော ကဏ္ဍဖြစ်သည်ကို အလေးအနက်သတိချပ်ရမည်ဖြစ်ကြောင်း သတိပေးထားသည်။

ခေါင်းဆောင်နှစ်ဦး စိုးရိမ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဆိုးရွားသော အခြေအနေများကို အမြန်ဆုံးအဆုံးသတ်နိုင်ရန်မှာ အာဏာသိမ်းစစ်တပ်၏ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရသူအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးရေး အပါအဝင် စစ်တပ်က လက်နက်အားကိုးဖြင့် နိုင်ငံတော်အား တရားမဝင်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေမှုကို အဆုံးသတ်လိုအပ်သောကြောင့် လက်တွေ့ကျသော ထိရောက်သော ကူညီမှုများပေးရန် အထူးလိုအပ်ကြောင်းလည်း CRPH က ဆိုသည်။

စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအရေး ကြိုးပမ်းနေ သော မြန်မာပြည်သူများ၏ ရုန်းကန်မှုကို စာနာသောအားဖြင့် စစ်ကောင်စီနှင့် စီးပွားရေး ၊ သံတမန်ရေး နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေမှုများကို ရပ်တန့်နှင့် ကိုယ်တိုင်သော်၎င်း အမေရိကန်နှင့် ပူးပေါင်း၍သော်၎င်း စစ်ကောင်စီကို ပိတ်ဆို့ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် CRPH က အိန္ဒိယနိုင်ငံကို တိုက်တွန်းထားသည်။

အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီအင်အားစုများအား ထိရောက်သော ပံ့ပိုးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန်လည်း တောင်းဆိုထားသည်။

“ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးနှစ်နိုင်ငံတွေ့ဆုံမှုက ဒီမိုကရေစီအရေး စိုးရိမ်မိတဲ့အကြောင်းထုတ်ဖော်မှုလို့ပဲ ယူဆတယ် ။ ဒီတွေ့ဆုံဆွေးနွေးမှုကနေ မြန်မာနိုင်ငံအရေးအတွက် ပြောင်းလဲဖို့ ကြီးကြီးမားမား ပေါ်ပေါက်လာအောင် အတွင်းကျကျ ဆွေးနွေးလိမ့်မယ်လို့မယူဆဘူး. ဒီဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ အထူးအထွေမျော်လင့်ချက်မရှိပါဘူး” ဟု India For Myanmar လှုပ်ရှားမှုတာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

နှစ်နိုင်ငံပူးတွဲကြေညာချက်အပေါ် စစ်ကောင်စီဘက်က ကန့်ကွက်စာထုတ်ပြန်လာသည့်အတွက် အိန္ဒိယနှင့် စစ်ကောင်စီဆက်ဆံရေးတွင် အနည်းငယ်ပြောင်းလဲနိုင်ကြောင်းဆိုသည်။

မည်သို့ပင်ဆိုစေကာမူ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို စွန့်လွှတ်ပြီး တော်လှန်ရေးဘက်သို့ ပါဝင်လာနိုင်ရန်မှာ အလွန်ပင်နည်းပါးလွန်းသော အနေအထားဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

အိန္ဒိယနိုင်ငံက စစ်ကောင်စီတပ်ကို အဆင့်မြင့်နည်းပညာများအကူအညီပေးခြင်း ၊ စစ်လက်နက်ရောင်းချခြင်းများနှင့် စွမ်းရည်မြှင့်သင်တန်းများပေးနေသည်ကို သိရှိရသော်လည်း လက်တွေ့ကျသော သတင်းထုတ်ပြန်ခြင်းမရှိသောကြောင့် ၎င်းတို့အနေဖြင့် ထုတ်ဖော်ကြေညာခြင်းမပြုလုပ်နိုင်လျက်ရှိကြောင်း India For Myanmar တာဝန်ရှိသူကပြောဆိုသည်။

India For Myanmar လှုပ်ရှားမှုအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် အဖွဲ့ဝင်များ စတင် စုစည်းခဲ့ပြီး လွတ်လပ်အမှီခိုကင်းသည့်လှုပ်ရှားမှုဖြစ်ကာ အိန္ဒိယနိုင်ငံရှိ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ ပညာရှင် များနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ချိတ်ဆက်ပါ၀င်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#CRPH
#အိန္ဒိယ
👍21👏3😁3❤1🤮1
​​မန္တလေးတွင် ရေတွင်းထဲပြုတ်ကျသည့်​ ရဟန်း ပျံလွန်တော်မူ
====================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၂၉ ရက် ညနေပိုင်းက ဘုန်းကြီးတစ်ပါး ရေတွင်းထဲပြုတ်ကျပြီးပျံလွန်တော်မူခဲ့ကြောင်းသိရသည်။

"ရေတွင်းဘောင်ပေါ်ထိုင်နေရင်းနဲ့ မတော်တဆပြုတ်ကျတာပါ။ ရေတွင်းက ပေလေးဆယ်လောက်နက်တယ်။ အောက်မှာရေက လူတစ်ရပ်နီးပါးလောက်ရှိတယ်။ ကယ်ဆယ်ရေးအဖွဲဲ့ဆီအကြောင်းကြားတော့ ချက်ချင်းပဲရောက်လာတယ်။ ဒါပေမဲ့ အသက်မမီတော့ဘူး" ဟု ဖြစ်စဉ်သိရှိသူတစ်ဦးကပြောသည်။

ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က အမရပူရမြို့နယ် မြပုခက်ဘုန်းတော်ကြီးကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်း၀င်းအတွင်းရှိ အနက်ပေလေးဆယ်ခန့်ရှိသောရေတွင်းထဲသို့ မတော်တဆပြုတ်ကျပြီး ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်းအရ ချက်ချင်းသွားရောက်ခဲ့သော်လည်း ရုပ်အလောင်းကိုသာ ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)ကလည်း အတည်ပြုထားသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း မန္တလေးတိုင်း မြင်းခြံမြို့နယ် အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၁၁)ရှိနေအိမ် ခြံ၀င်းတစ်ခုတွင် အမျိုးသားနှစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ဖူးသည်။

Photo မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ရေတွင်းထဲပြုတ်ကျ
#ရဟန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😢7🔥1😁1
​​ရေစကြိုတွင် လက်နက်ကြီးကျည်ထိမှန်သည့် အမျိုးသမီးသေဆုံး
===================

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းဒေသရှိ ငတရော်ရွာသို့ အနီးရှိ မင်းရွာ( ပျူရွာ) မှ ပျူစောထီးများသည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့် အတွက် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသခံများထံကသိရသည် ။

ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့တွင် မင်းရွာ မှ ၆၀ မမလက်နက်ကြီး ဖြင့် ငတရော်ရွာသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့က ညနေခင်းလောက်မှာ ဖြစ်သွားတာပေါ့်နော် မင်းရွာ ပျူရွာကနေပြီးတော့ ၆၀မမ လက်နက်ကြီးတစ်လုံးနဲ့ စပစ်တယ်ပေါ့နော် ။ အဲ့ကျည်က ငတရော်ရွာလယ် ခေါင်လောက်ကိုကျတာ ဒေသခံ မစန်းဌေးဆိုတဲ့ အမျိုးသမီး လက်နက်ကြီးကျည်ထိမှန်ပြီး အသက်ဆုံးရှုံးသွားတယ်” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ဒရုန်းဖြင့် အီနာဂါဗုံး နှစ်လုံးထပ်မံကြဲချခဲ့သော်လည်း ပေါက်ကွဲခဲ့ခြင်းမရှိသည့်အတွက် အခြားထိခိုက်ဒဏ်ရာရ ပျက်စီးဆုံးရှုံးခြင်းများ မရှိကြောင်း ပကဖ အဖွဲ့ ဝင်ကဆိုသည်။

မင်းရွာမှ ပျူစောထီးများသည် အနီးအနားကျေးရွာများသို့ မကြာခဏလက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။

မင်းရွာမှ ပျူစောထီးခေါင်းဆောင် နှစ်ဦးသည် ရေလယ်ကျွန်းတောင်ဘက်ခြမ်း ရွာပေါင်း ၂၅ ရွာ က အိမ်ခြေ ၅၆၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အချိန်တွင် အဓိက ပါဝင်သူများ ဖြစ်ကြောင်း ရေစကြို ပကဖ အဖွဲ့ဝင်က ဆိုသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#လက်နက်ကြီးကျည်ထိမှန်
#မင်းရွာ
#အမျိုးသမီးသေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬5🔥4😢3😁2
This media is not supported in your browser
VIEW IN TELEGRAM
June - 30 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍5😁2❤1🍌1
Business Round Up (30 June 2023)
==============

- အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပိုမိုကျယ်ပြန့်လာကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

- ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်

- ဇူလိုင်လအတွင်း အယ်နီညိုရာသီဥတု ကျရောက်နိုင်တယ်လို့ မိုးဇလသတိပေး

- အိန္ဒိယနိုင်ငံက ကျင်းပမယ့် SCO ထိပ်သီးအစည်းအဝေးသို့ ရုရှားနှင့် တရုတ်သမ္မတတို့ အွန်လိုင်းမှ တက်ရောက်မည်

https://youtu.be/eeGQTCkz1ho

#BusinessRoundUp
#mizzimatv
❤3👍2🔥1
ဇွန်လ ၃၀ ရက်၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်း အစီအစဉ်
====================

00:53-လုပ်ခတိုးတောင်းသည့် အထည်ချုပ်စက်ရုံအလုပ်သမားများကို နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူတဲ့သတင်း

03:43-ထန်တလန်မြို့ကို စစ်ကောင်စီ၏ လေတပ်က ဗုံးကြဲတိုက်ခိုက်တဲ့သတင်း

08:46-ကောလင်းမှာ စစ်ကောင်စီတပ်က ဖုန်းဆိုင်၊ စားသောက်ဆိုင်တွေကို CCTV တပ်ဆင်ဖို့ပြောတဲ့သတင်း

10:03-ပူတင်ရဲ့အားနည်းလာမှုအပေါ် အီးယူစိုးရိမ်တဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/xwEkGKfjQ0U

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁3❤1
​​မြောင်ပညာရေးကွန်ရက်မှ ကွန်ပြူတာနှင့်အင်္ဂလိပ်စာ သင်တန်းများဖွင့်မည်
====================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အခြေခံပညာပြီးမြောက်ကြောင်း ဖြေဆိုထားသည့်‌ ကျောင်းသားကျောင်းသူများကို အခြေခံ ကွန်ပြူတာနှင့်အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

လာမည့် ဇူလိုင်လအတွင်း ဖွင့်လှစ်ထားရန်စီစဉ်ထားပြီး မြေပြင်အခြေနေများ အပြောင်းအလဲရှိသည့်အတွက် အတိအကျမပြောနိုင်သေးကြောင်း မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူ ဆရာရတနာသိင်္ခက မဇ္ဈိမကိုပြောသည်။

“အခြားသင်တန်းတွေတော့ စဉ်းစားထားတာမရှိသေးဘူး။ Speaking နဲ့ ကွန်ပြူတာပဲ လောလောဆယ် စဉ်းစားထားပါတယ်” ဟု ၎င်းကပြောသည်။

ဖွင့်လှစ်နိုင်ရန်အတွက် ကွန်ရက်မှ ကွန်ပြူတာ ၁၀ လုံး မတည်ထားရှိသွားရန် ရည်ရွယ်ထားပြီး ကလေးများအတွက် သင်ထောက်ကူပစ္စည်းများဝယ်ယူသွားရန်အတွက် ငွေကြေးလိုအပ်ချက်များလည်း ရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ပထမအကြိမ် အခြေခံပညာစာမေးပွဲပြီးမြောက်ကြောင်း စာ‌မေးပွဲကို စစ်ဆေးခဲ့သည်။ အဆိုပါစာမေးပွဲကို မြောင်မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများလည်း ဝင်ရောက်ဖြေဆိုခဲ့သည်။

ကျောင်းသားကျောင်းသူအရေအတွက်ကိုမူ မြေပြင်တွင် စာမေးပွဲမဖြေဖြစ်သည့် ကျောင်းသားများနှင့် အခြားဒေသများသို့ ထွက်သွားသည့်ကျောင်းသားများလည်းရှိသည့်အတွက် မြောင်ပညာရေးကွန်ရက်အနေဖြင့် သီးခြားပြောပြနိုင်ခြင်း မရှိသေးကြောင်းပြောသည်။ မြောင်မြို့နယ်သည် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသော နေရာများဖြစ်ပြီး စစ်ကောင်စီက ကျောင်းများ လုံးဝဖွင့်လှစ်နိုင်ခြင်း မရှိပေ။

ပြီးခဲ့သည့်နှစ်စာရင်းအရ မြောင်ပညာရေးကွန်ရက်၏ လက်အောက်တွင်ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅,၀၀၀ ကျော် တက်ရောက်ပြီး ဆရာဆရာမအင်အား ၅၀၀ ဖြင့်သင်ကြားပေးခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ကျောင်းသားကျောင်းသူများသည် စစ်ကောင်စီလက်အောက်သို့ရောက်ရှိသွားသည့် စာသင်ကျောင်းများကို ကျောခိုင်းလိုက်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်တော်လှန်ရေးအဖွဲ့များမှ ဖွင့်လှစ်ထားသည့် ကျောင်းများတွင် ပညာသင်ကြားမှုများပြလုပ်လျက် ရှိနေကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်အာဏာသိမ်း
#ကျောင်းသားကျောင်းသူ
#မြောင်မြို့နယ်
#ကွန်ပြူတာ
#အင်္ဂလိပ်စာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤4😁2
​​ပုသိမ်ကြီးမြို့နယ် ကျေးရွာများရှိ နေအိမ်များဖယ်ရှားရန် စစ်ကောင်စီ အကြောင်းကြားစာလိုက်ကပ်
=========================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ်များအား သတ်မှတ်ရက်အတွင်း အပြီးဖယ်ရှားရန် စစ်ကောင်စီက အကြောင်းကြားစာထုတ်သဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

"တစ်နေ့က နန်းဦးလွင်နဲ့ ကန်ကောက်(ရွာ)ထဲ စာလိုက်ကပ်တယ်။ နောက်ရက်မှာ ဂွေ့ကြီးကုန်း(ရွာ)၊ ဒီမနက်တော့ မဲကင်းကုန်း(ရွာ)နဲ့ တဲကုန်း(ရွာ)ဘက် စာကပ်ခံရပြန်တယ်လို့ ကြားတယ်။ သတ်မှတ်ရက်အတွင်း ဖယ်ပေးခိုင်းထားတယ်။ အခု အဲဒီဘက်ကလူတွေအကုန်လုံး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေကြတယ်။

အိမ်ကြီးအိမ်ကောင်းတွေ အများကြီးပဲ ဖယ်ခိုင်းခံထားရတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်နှင့် ကန်ကောက်ကျေးရွာရှိ နေအိမ်အဆောက်အအုံများအား ဇူလိုင်လ ၆ ရက် နောက်ဆုံးထားပြီး ဖယ်ရှားရှင်းလင်းရန် စစ်ကောင်စီ၏ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဇွန်လ ၂၇ ရက်တွင် အကြောင်းကြားစာကပ် အသိပေးသည်ဟု သိရသည်။

ထို့နောက် ယင်းအဖွဲ့က ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဂွေ့ကြီးကုန်း တဲကုန်းနှင့် မဲကင်းကုန်း စသည့်ကျေးရွာများအား အကြောင်းကြားစာများ ပေးပို့ခြင်း၊ လမ်းမီးတိုင်နှင့် အဆောက်အအုံနံရံများတွင် စာကပ်ခြင်း၊ အဆောက်အအုံမျက်နှာစာတွင် အနီရောင်အမှတ်အသား ရေးဆွဲခြင်းများ ပြုလုပ်ခဲ့သည်။

လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားခြင်းကြောင့် လယ်ယာမြေဥပဒေပုဒ်မ ၁၉(ခ)အရ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။

"ဒါတွေက နှစ်နဲ့ချီပြီး ကြာနေပြီ၊ အကွက်ရိုက်ရောင်းနေချိန်မှာလည်း သူတို့သိတယ်။ အိမ်ဆောက်တဲ့အခါ လူမသိသူမသိဆောက်လို့မရဘူး။ အဲဒီအချိန်တုန်းက မြေစာရင်းတို့ စည်ပင်တို့ ဘာလုပ်နေလဲ။ မသိဘူးလို့တော့ မပြောနဲ့။ နောက်ပြီးတော့ ရပ်ကွက်လူကြီးတွေ၊ အခု အိမ်တွေဖျက်ရမယ်ဆိုတော့ အဲဒီဌာနတွေမှာလည်းတာ၀န်မကင်းဘူး။ အိမ်တန်ဖိုးအတိုင်း ပြန်လျော် ထိုက်သင့်တဲ့အပြစ်ပေးမှ နောက်လူ မလုပ်ရဲတော့မှာ"ဟု မြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် အိမ်ယာမြေ ပိုင်ဆိုင်ထားကြသူများက ဌာနအဆင့်ဆင့်သို့ အသနားခံစာ တင်နေကြကြောင်းလည်း သိရသည်။
စစ်ကောင်စီအမိန့်ဖြင့် ဖယ်ရှားခိုင်းထားသော အဆိုပါ မြေနေရာများသည် ပေ ၄၀ ပေ ၆၀ မြေတစ်ကွက်လျှင် တန်ဖိုးကျပ် သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းအထိရှိပြီး ဆောက်လုပ်ပြီး သုံးထပ်တိုက်တစ်လုံး၏ ကာလပေါက်ဈေးသည် ကျပ်သိန်းတစ်သောင်းနှင့်အထက် ဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မန္တလေးတိုင်း
#ပုသိမ်ကြီးမြို့နယ်
#စစ်ကောင်စီတပ်
#ဖယ်ရှားရှင်းလင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍7🔥3❤1
"သတ်ရတာ လွယ်လွန်းလို့ ပန်ဒါနီတွေ မျိုးသုဥ်းတော့မယ်"
===================

KMN (မဇ္ဈိမ)။ ။ကချင်ပြည်နယ် မြောက်ဖျားစွန်းဒေသတွေဖြစ်တဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နဲ့ ဖုန်ကန်ရာဇီဘေးမဲ့တော၊ ကချင်ပြည်နယ်အရှေ့မြောက်စွန်းဒေသတွေဖြစ်တဲ့ မဂျယ်တောင်နဲ့အီမောဘွန်ဒေသတွေမှာ ပန်ဒါနီတွေကို တွေ့ရပါတယ်။

ပန်ဒါနီကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN) က မျိုးတုံးပျောက်ကွယ်တော့မယ့် အနီရောင်အဆင့် တိရစ္ဆာန် စာရင်းမှာထည့်သွင်းထားပြီး တစ်ကမ္ဘာလုံးမှာ အကောင်ရေ ၁၀,၀၀၀ ခန့်သာရှိမယ်လို့ ခန့်မှန်ထားပါတယ်။

ပန်ဒါနီတွေဟာ အလွယ်တကူ သတ်ဖြတ်လို့ရနေတာကြောင့် မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/pBfBEkm0gN8

#Mizzima
#ပန်ဒါနီ
#ကချင်ပြည်နယ်
#Wildlife
#Environment
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢13👍9🔥2❤1
​​အာဖဂန်ဒုက္ခသည်များအား လက်ခံရန် အမေရိကန်နှင့် သဘောတူညီချက် မရသေးဟု ဖိလစ်ပိုင်သမ္မတ ပြော
====================

အာဖဂန်နစ္စတန်နိုင်ငံသား ၁၀၀၀ ကျော်ကို အထူးအခြေချနေထိုင်မှု ဗီဇာ ထုတ်ပေးရန် လုပ်ဆောင်နေသည့် အခိုက်အတန့်ကာလ၌ ယာယီလက်ခံရန် အမေရိကန်၏ တောင်းဆိုထားမှုနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း ကြာသပတေးနေ့တွင် ပြောသည်။

“အမေရိကန်နဲ့ ဖိလစ်ပိုင်ကြားမှာ သဘောတူညီချက် ရပြီးပြီလို့ သတင်းအချို့က ဖော်ပြတာကို မြင်ရတော့ ကျွန်တော် အမှန်ပဲ အံ့ဩမိတယ်၊ ကျွန်တော်တို့ဟာ ဘယ်လို လုပ်ကိုင်ဆောင်ရွက်ရမလဲဆိုတာ တိတိကျကျ လေ့လာတုန်းပဲ ရှိသေးတယ်၊ ကျွန်တော်တို့အနေနဲ့ နည်းလမ်းတော့ တွေ့မှာပါ”ဟု သတင်းထောက်များကို မားကို့စ်က ပြောကြောင်း နိုင်ငံပိုင် Philippines News Agency က ကိုးကားဖော်ပြသည်။
👍10😁2