ဇွန်လ ၃၀ ရက်၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်း အစီအစဉ်
====================
00:53-လုပ်ခတိုးတောင်းသည့် အထည်ချုပ်စက်ရုံအလုပ်သမားများကို နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူတဲ့သတင်း
03:43-ထန်တလန်မြို့ကို စစ်ကောင်စီ၏ လေတပ်က ဗုံးကြဲတိုက်ခိုက်တဲ့သတင်း
08:46-ကောလင်းမှာ စစ်ကောင်စီတပ်က ဖုန်းဆိုင်၊ စားသောက်ဆိုင်တွေကို CCTV တပ်ဆင်ဖို့ပြောတဲ့သတင်း
10:03-ပူတင်ရဲ့အားနည်းလာမှုအပေါ် အီးယူစိုးရိမ်တဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။
https://youtu.be/xwEkGKfjQ0U
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇွန်လ ၃၀ ရက်၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်း အစီအစဉ်
00:53-လုပ်ခတိုးတောင်းသည့် အထည်ချုပ်စက်ရုံအလုပ်သမားများကို နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူတဲ့သတင်း
03:43-ထန်တလန်မြို့ကို စစ်ကောင်စီ၏ လေတပ်က ဗုံးကြဲတိုက်ခိုက်တဲ့သတင်း
08:46-ကောလင်းမှာ စစ်ကောင်စီတပ်က ဖုန်းဆိုင်၊ စားသောက်ဆိုင်တွေကို CCTV တပ်ဆင်ဖို့ပြောတဲ့သတင်း
10:03…

👍6😁3❤1
မြောင်ပညာရေးကွန်ရက်မှ ကွန်ပြူတာနှင့်အင်္ဂလိပ်စာ သင်တန်းများဖွင့်မည်
====================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အခြေခံပညာပြီးမြောက်ကြောင်း ဖြေဆိုထားသည့် ကျောင်းသားကျောင်းသူများကို အခြေခံ ကွန်ပြူတာနှင့်အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။
လာမည့် ဇူလိုင်လအတွင်း ဖွင့်လှစ်ထားရန်စီစဉ်ထားပြီး မြေပြင်အခြေနေများ အပြောင်းအလဲရှိသည့်အတွက် အတိအကျမပြောနိုင်သေးကြောင်း မြောင်ပညာရေးကွန်ရက်မှ တာဝန်ရှိသူ ဆရာရတနာသိင်္ခက မဇ္ဈိမကိုပြောသည်။
“အခြားသင်တန်းတွေတော့ စဉ်းစားထားတာမရှိသေးဘူး။ Speaking နဲ့ ကွန်ပြူတာပဲ လောလောဆယ် စဉ်းစားထားပါတယ်” ဟု ၎င်းကပြောသည်။
ဖွင့်လှစ်နိုင်ရန်အတွက် ကွန်ရက်မှ ကွန်ပြူတာ ၁၀ လုံး မတည်ထားရှိသွားရန် ရည်ရွယ်ထားပြီး ကလေးများအတွက် သင်ထောက်ကူပစ္စည်းများဝယ်ယူသွားရန်အတွက် ငွေကြေးလိုအပ်ချက်များလည်း ရှိနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရက ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ပထမအကြိမ် အခြေခံပညာစာမေးပွဲပြီးမြောက်ကြောင်း စာမေးပွဲကို စစ်ဆေးခဲ့သည်။ အဆိုပါစာမေးပွဲကို မြောင်မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများလည်း ဝင်ရောက်ဖြေဆိုခဲ့သည်။
ကျောင်းသားကျောင်းသူအရေအတွက်ကိုမူ မြေပြင်တွင် စာမေးပွဲမဖြေဖြစ်သည့် ကျောင်းသားများနှင့် အခြားဒေသများသို့ ထွက်သွားသည့်ကျောင်းသားများလည်းရှိသည့်အတွက် မြောင်ပညာရေးကွန်ရက်အနေဖြင့် သီးခြားပြောပြနိုင်ခြင်း မရှိသေးကြောင်းပြောသည်။ မြောင်မြို့နယ်သည် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသော နေရာများဖြစ်ပြီး စစ်ကောင်စီက ကျောင်းများ လုံးဝဖွင့်လှစ်နိုင်ခြင်း မရှိပေ။
ပြီးခဲ့သည့်နှစ်စာရင်းအရ မြောင်ပညာရေးကွန်ရက်၏ လက်အောက်တွင်ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅,၀၀၀ ကျော် တက်ရောက်ပြီး ဆရာဆရာမအင်အား ၅၀၀ ဖြင့်သင်ကြားပေးခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ကျောင်းသားကျောင်းသူများသည် စစ်ကောင်စီလက်အောက်သို့ရောက်ရှိသွားသည့် စာသင်ကျောင်းများကို ကျောခိုင်းလိုက်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်တော်လှန်ရေးအဖွဲ့များမှ ဖွင့်လှစ်ထားသည့် ကျောင်းများတွင် ပညာသင်ကြားမှုများပြလုပ်လျက် ရှိနေကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်အာဏာသိမ်း
#ကျောင်းသားကျောင်းသူ
#မြောင်မြို့နယ်
#ကွန်ပြူတာ
#အင်္ဂလိပ်စာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍17❤4😁2
ပုသိမ်ကြီးမြို့နယ် ကျေးရွာများရှိ နေအိမ်များဖယ်ရှားရန် စစ်ကောင်စီ အကြောင်းကြားစာလိုက်ကပ်
=========================
007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ်များအား သတ်မှတ်ရက်အတွင်း အပြီးဖယ်ရှားရန် စစ်ကောင်စီက အကြောင်းကြားစာထုတ်သဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
"တစ်နေ့က နန်းဦးလွင်နဲ့ ကန်ကောက်(ရွာ)ထဲ စာလိုက်ကပ်တယ်။ နောက်ရက်မှာ ဂွေ့ကြီးကုန်း(ရွာ)၊ ဒီမနက်တော့ မဲကင်းကုန်း(ရွာ)နဲ့ တဲကုန်း(ရွာ)ဘက် စာကပ်ခံရပြန်တယ်လို့ ကြားတယ်။ သတ်မှတ်ရက်အတွင်း ဖယ်ပေးခိုင်းထားတယ်။ အခု အဲဒီဘက်ကလူတွေအကုန်လုံး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေကြတယ်။
အိမ်ကြီးအိမ်ကောင်းတွေ အများကြီးပဲ ဖယ်ခိုင်းခံထားရတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်နှင့် ကန်ကောက်ကျေးရွာရှိ နေအိမ်အဆောက်အအုံများအား ဇူလိုင်လ ၆ ရက် နောက်ဆုံးထားပြီး ဖယ်ရှားရှင်းလင်းရန် စစ်ကောင်စီ၏ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဇွန်လ ၂၇ ရက်တွင် အကြောင်းကြားစာကပ် အသိပေးသည်ဟု သိရသည်။
ထို့နောက် ယင်းအဖွဲ့က ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဂွေ့ကြီးကုန်း တဲကုန်းနှင့် မဲကင်းကုန်း စသည့်ကျေးရွာများအား အကြောင်းကြားစာများ ပေးပို့ခြင်း၊ လမ်းမီးတိုင်နှင့် အဆောက်အအုံနံရံများတွင် စာကပ်ခြင်း၊ အဆောက်အအုံမျက်နှာစာတွင် အနီရောင်အမှတ်အသား ရေးဆွဲခြင်းများ ပြုလုပ်ခဲ့သည်။
လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားခြင်းကြောင့် လယ်ယာမြေဥပဒေပုဒ်မ ၁၉(ခ)အရ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။
"ဒါတွေက နှစ်နဲ့ချီပြီး ကြာနေပြီ၊ အကွက်ရိုက်ရောင်းနေချိန်မှာလည်း သူတို့သိတယ်။ အိမ်ဆောက်တဲ့အခါ လူမသိသူမသိဆောက်လို့မရဘူး။ အဲဒီအချိန်တုန်းက မြေစာရင်းတို့ စည်ပင်တို့ ဘာလုပ်နေလဲ။ မသိဘူးလို့တော့ မပြောနဲ့။ နောက်ပြီးတော့ ရပ်ကွက်လူကြီးတွေ၊ အခု အိမ်တွေဖျက်ရမယ်ဆိုတော့ အဲဒီဌာနတွေမှာလည်းတာ၀န်မကင်းဘူး။ အိမ်တန်ဖိုးအတိုင်း ပြန်လျော် ထိုက်သင့်တဲ့အပြစ်ပေးမှ နောက်လူ မလုပ်ရဲတော့မှာ"ဟု မြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် အိမ်ယာမြေ ပိုင်ဆိုင်ထားကြသူများက ဌာနအဆင့်ဆင့်သို့ အသနားခံစာ တင်နေကြကြောင်းလည်း သိရသည်။
စစ်ကောင်စီအမိန့်ဖြင့် ဖယ်ရှားခိုင်းထားသော အဆိုပါ မြေနေရာများသည် ပေ ၄၀ ပေ ၆၀ မြေတစ်ကွက်လျှင် တန်ဖိုးကျပ် သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းအထိရှိပြီး ဆောက်လုပ်ပြီး သုံးထပ်တိုက်တစ်လုံး၏ ကာလပေါက်ဈေးသည် ကျပ်သိန်းတစ်သောင်းနှင့်အထက် ဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မန္တလေးတိုင်း
#ပုသိမ်ကြီးမြို့နယ်
#စစ်ကောင်စီတပ်
#ဖယ်ရှားရှင်းလင်း

🤬9👍7🔥3❤1
"သတ်ရတာ လွယ်လွန်းလို့ ပန်ဒါနီတွေ မျိုးသုဥ်းတော့မယ်"
===================
KMN (မဇ္ဈိမ)။ ။ကချင်ပြည်နယ် မြောက်ဖျားစွန်းဒေသတွေဖြစ်တဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နဲ့ ဖုန်ကန်ရာဇီဘေးမဲ့တော၊ ကချင်ပြည်နယ်အရှေ့မြောက်စွန်းဒေသတွေဖြစ်တဲ့ မဂျယ်တောင်နဲ့အီမောဘွန်ဒေသတွေမှာ ပန်ဒါနီတွေကို တွေ့ရပါတယ်။
ပန်ဒါနီကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN) က မျိုးတုံးပျောက်ကွယ်တော့မယ့် အနီရောင်အဆင့် တိရစ္ဆာန် စာရင်းမှာထည့်သွင်းထားပြီး တစ်ကမ္ဘာလုံးမှာ အကောင်ရေ ၁၀,၀၀၀ ခန့်သာရှိမယ်လို့ ခန့်မှန်ထားပါတယ်။
ပန်ဒါနီတွေဟာ အလွယ်တကူ သတ်ဖြတ်လို့ရနေတာကြောင့် မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
https://youtu.be/pBfBEkm0gN8
#Mizzima
#ပန်ဒါနီ
#ကချင်ပြည်နယ်
#Wildlife
#Environment
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
KMN (မဇ္ဈိမ)။ ။ကချင်ပြည်နယ် မြောက်ဖျားစွန်းဒေသတွေဖြစ်တဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နဲ့ ဖုန်ကန်ရာဇီဘေးမဲ့တော၊ ကချင်ပြည်နယ်အရှေ့မြောက်စွန်းဒေသတွေဖြစ်တဲ့ မဂျယ်တောင်နဲ့အီမောဘွန်ဒေသတွေမှာ ပန်ဒါနီတွေကို တွေ့ရပါတယ်။
ပန်ဒါနီကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN) က မျိုးတုံးပျောက်ကွယ်တော့မယ့် အနီရောင်အဆင့် တိရစ္ဆာန် စာရင်းမှာထည့်သွင်းထားပြီး တစ်ကမ္ဘာလုံးမှာ အကောင်ရေ ၁၀,၀၀၀ ခန့်သာရှိမယ်လို့ ခန့်မှန်ထားပါတယ်။
ပန်ဒါနီတွေဟာ အလွယ်တကူ သတ်ဖြတ်လို့ရနေတာကြောင့် မျိုးသုဉ်းပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
https://youtu.be/pBfBEkm0gN8
#Mizzima
#ပန်ဒါနီ
#ကချင်ပြည်နယ်
#Wildlife
#Environment
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
"သတ်ရတာ လွယ်လွန်းလို့ ပန်ဒါနီတွေ မျိုးသုဥ်းတော့မယ်"
KMN (မဇ္ဈိမ)။ ။ကချင်ပြည်နယ် မြောက်ဖျားစွန်းဒေသတွေဖြစ်တဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နဲ့ ဖုန်ကန်ရာဇီဘေးမဲ့တော၊ ကချင်ပြည်နယ်အရှေ့မြောက်စွန်းဒေသတွေဖြစ်တဲ့ မဂျယ်တောင်နဲ့အီမောဘွန်ဒေသတွေမှာ ပန်ဒါနီတွေကို တွေ့ရပါတယ်။
ပန်ဒါနီကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး…

😢13👍9🔥2❤1
အာဖဂန်ဒုက္ခသည်များအား လက်ခံရန် အမေရိကန်နှင့် သဘောတူညီချက် မရသေးဟု ဖိလစ်ပိုင်သမ္မတ ပြော
====================
အာဖဂန်နစ္စတန်နိုင်ငံသား ၁၀၀၀ ကျော်ကို အထူးအခြေချနေထိုင်မှု ဗီဇာ ထုတ်ပေးရန် လုပ်ဆောင်နေသည့် အခိုက်အတန့်ကာလ၌ ယာယီလက်ခံရန် အမေရိကန်၏ တောင်းဆိုထားမှုနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း ကြာသပတေးနေ့တွင် ပြောသည်။
“အမေရိကန်နဲ့ ဖိလစ်ပိုင်ကြားမှာ သဘောတူညီချက် ရပြီးပြီလို့ သတင်းအချို့က ဖော်ပြတာကို မြင်ရတော့ ကျွန်တော် အမှန်ပဲ အံ့ဩမိတယ်၊ ကျွန်တော်တို့ဟာ ဘယ်လို လုပ်ကိုင်ဆောင်ရွက်ရမလဲဆိုတာ တိတိကျကျ လေ့လာတုန်းပဲ ရှိသေးတယ်၊ ကျွန်တော်တို့အနေနဲ့ နည်းလမ်းတော့ တွေ့မှာပါ”ဟု သတင်းထောက်များကို မားကို့စ်က ပြောကြောင်း နိုင်ငံပိုင် Philippines News Agency က ကိုးကားဖော်ပြသည်။

👍10😁2
ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=======================
https://youtu.be/yrVEdlG8IqA
=======================
https://youtu.be/yrVEdlG8IqA
YouTube
ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး …

👍4😁2
လက်နက်ကိုင်တိုက်ပွဲများကြောင့် မြန်မာဒုက္ခသည် ၄,၀၀၀ ကျော် ထိုင်းနိုင်ငံထဲ ဝင်ရောက်
========================
မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာဒုက္ခသည် ၄,၈၇၈ ဦးသည် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်လာကြောင်း ထိုင်း-မြန်မာ နယ်စပ်ကွပ်ကွဲရေးစင်တာ ကြေညာသည်။ ထိုင်း၏ ပိုင်နက် ဝေဟင်ထဲ ကျူးကျော်မှု မှန်သမျှကို တားဆီးနိုင်ရေးအတွက် တော်ဝင်ထိုင်းလေတပ် RTAF က ထောက်လှမ်းရေးလေယာဉ်များ ဆက်တိုက်တပ်ဖြန့်ထားချိန်လည်း ဖြစ်သည်။
မယ်ဟောင်ဆန်ပြည်နယ်၏ မယ်ဆာရန်းနှင့် ခွန်ယမ်းခရိုင်များ၏ တစ်ဖက် နယ်စပ်တစ်လျှောက်တွင် မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များကြား ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ထိုင်း-မြန်မာနယ်စပ်ကွပ်ကဲရေးစင်တာ၏ ဇွန် ၂၈ ရက် ထုတ်ပြန်ချက်ကို The Reporters သတင်းဌာနက ဇွန် ၂၉ ရက်တွင် ကိုးကားဖော်ပြသည်။
ယင်းအတွက် ရလဒ်အဖြစ် မြန်မာဒုက္ခသည် ၄,၉၇၈ ဦးသည် ထိုင်းနိုင်ငံတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာပြီး မယ်ဟောင်ဆန်ပြည်နယ်က ယာယီခိုလှုံရေးစခန်း လေးခု၊ မယ်ဆာရန်းက သုံးခုနှင့် ခွန်ယမ်းက တစ်ခုတို့တွင် နေထိုင်နေကြောင်း သိရသည်။

😢10👍3🔥2😁2
ထိုင်းတွင် အဆိုးဆုံး ကွင်းဆက်လူသတ်မှု ကျူးလွန်သည့် အမျိုးသမီးအား စုံစမ်းစစ်ဆေးမှု အပြီးသတ်
====================
ထိုင်းနိုင်ငံ၏ “ဆိုင်ယာနိုက်အဆိပ် လူသတ်သမား” ဟု သတင်းများက ဖော်ပြကာ နိုင်ငံ၏ အဆိုးဆုံးသော ကွင်းဆက်လူသတ်သမားဟု အာဏာပိုင်များက ပြောဆိုထားသည့် လူ ၁၄ ဦး အနည်းဆုံး သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံရသော အမျိုးသမီးဖြစ်သူကို စုံစမ်းစစ်ဆေးမှုအား ရဲက အပြီးသတ်လိုက်ပြီ ဖြစ်သည်။
အသက် ၃၆ နှစ်အရွယ် ဆာရာရတ် ရန်စီဝူသာပွန်သည် အသတ်ခံရသူများ၏ မိသားစုများက စွပ်စွဲပြောဆိုလာခြင်းများကြောင့် ဧပြီလအတွင်း ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ဆာရာရတ်သည် ၂၀၁၅ မှ ၂၀၂၃ ခုနှစ်အတွင်း ပြည်နယ် ရှစ်ပြည်နယ်၌ လူ ၁၄ ဦးကို ၎င်းတို့၏ အစားအစာထဲ ဆိုင်ယာနိုက်အဆိပ် ထည့်ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲက ပြောသည်။

👍10🤬3🔥2😁1
သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက် ၊ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး
===================
MTO (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်၊ ရေကြောင်းတွင်သွားလာနေသော ရေယာဉ်များ နှင့် သစ်ဖောင်ဝါးဖောင်များပေါ်မှ ပြည်သူများအား ငွေတောင်းသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်လင်းယုန် တပ်ဖွဲ့ က ယမန်နေ့ ဇွန်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ထိုစစ်ဆေးရေးဂိတ်မှ တပ်သားများသည် ပိုက်ဆံတောင်းခြင်း၊ အကြမ်းဖက် ရိုက်နှက် နှိပ်စက်ခြင်းများ ပြုလုပ်နေ၍ ဇွန်လ ၂၇ ရက်က ၄၀ မမ လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်ကာ စနိုက်ပါများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းစစ်ဆေးရေးဂိတ်သည် စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ထားသည့် နေရာတစ်ခု ဖြစ်သည့်အတွက် အရပ်သားပြည်သူများအနေဖြင့် အဆိုပါစစ်ဆေးရေးဂိတ်အနီးမှ သွားလာခြင်း ကို ရှောင်ရှားကြဖို့အတွက်လည်း အသိပေး ထားသည်.
ထို့ပြင် ဇွန်လ ၂၇ ရက်၌ ရွာဆိုးရွာရှိ ရွှေတူးဖော်ရေးလုပ်ငန်း ( အရပ်အခေါ် ဖိုးချောရွှေတူးဖော်ရေး လုပ်ငန်း) အားက ပိတ်သိမ်းရန် သွားရောက်ခဲ့သော်လည်း သတင်းကြိုတင်ရ၍ ထွက်ပြေးသွားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရွှေလင်းယုန်အဖွဲ့က ဖမ်းဆီးထားသည့် ပျူများ၏ ထွက်ဆိုချက်အရ ၎င်းရွှေတူးဖော်ရေးလုပ်ငန်းသည် ပုဏ္ဏားကြီးပျူရွာ အား တစ်လ လျှင် ငွေကျပ် ၁၅ သိန်း ထောက်ပံ့နေကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ယခုတိုက်ခိုက်မှုများကို ဗိုလ်လင်းယုန် (သပိတ်ကျင်း တိုက်နယ်ပကဖ)၊ ဗိုလ်မိုးကြိုး တပ်ဖွဲ့ ၊ Nine PDF တပ်ဖွဲ့ နှင့်အတူ ဒေသခံတော်လှန်ရေးအင်အားစုများကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
https://youtu.be/U1OrX1gb5g8
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သပိတ်ကျင်းမြို့နယ်
#၄ ဦး သေဆုံး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
MTO (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်၊ ရေကြောင်းတွင်သွားလာနေသော ရေယာဉ်များ နှင့် သစ်ဖောင်ဝါးဖောင်များပေါ်မှ ပြည်သူများအား ငွေတောင်းသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်လင်းယုန် တပ်ဖွဲ့ က ယမန်နေ့ ဇွန်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
ထိုစစ်ဆေးရေးဂိတ်မှ တပ်သားများသည် ပိုက်ဆံတောင်းခြင်း၊ အကြမ်းဖက် ရိုက်နှက် နှိပ်စက်ခြင်းများ ပြုလုပ်နေ၍ ဇွန်လ ၂၇ ရက်က ၄၀ မမ လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်ကာ စနိုက်ပါများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းစစ်ဆေးရေးဂိတ်သည် စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ထားသည့် နေရာတစ်ခု ဖြစ်သည့်အတွက် အရပ်သားပြည်သူများအနေဖြင့် အဆိုပါစစ်ဆေးရေးဂိတ်အနီးမှ သွားလာခြင်း ကို ရှောင်ရှားကြဖို့အတွက်လည်း အသိပေး ထားသည်.
ထို့ပြင် ဇွန်လ ၂၇ ရက်၌ ရွာဆိုးရွာရှိ ရွှေတူးဖော်ရေးလုပ်ငန်း ( အရပ်အခေါ် ဖိုးချောရွှေတူးဖော်ရေး လုပ်ငန်း) အားက ပိတ်သိမ်းရန် သွားရောက်ခဲ့သော်လည်း သတင်းကြိုတင်ရ၍ ထွက်ပြေးသွားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရွှေလင်းယုန်အဖွဲ့က ဖမ်းဆီးထားသည့် ပျူများ၏ ထွက်ဆိုချက်အရ ၎င်းရွှေတူးဖော်ရေးလုပ်ငန်းသည် ပုဏ္ဏားကြီးပျူရွာ အား တစ်လ လျှင် ငွေကျပ် ၁၅ သိန်း ထောက်ပံ့နေကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ယခုတိုက်ခိုက်မှုများကို ဗိုလ်လင်းယုန် (သပိတ်ကျင်း တိုက်နယ်ပကဖ)၊ ဗိုလ်မိုးကြိုး တပ်ဖွဲ့ ၊ Nine PDF တပ်ဖွဲ့ နှင့်အတူ ဒေသခံတော်လှန်ရေးအင်အားစုများကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
https://youtu.be/U1OrX1gb5g8
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သပိတ်ကျင်းမြို့နယ်
#၄ ဦး သေဆုံး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက် ၊ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး
MTO (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်၊ ရေကြောင်းတွင်သွားလာနေသော ရေယာဉ်များ နှင့် သစ်ဖောင်ဝါးဖောင်များပေါ်မှ ပြည်သူများအား ငွေတောင်းသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း…
👍15👏5🤣2😁1
ရန်ကုန်စီးပွားရေးတက္ကသိုလ် သမဂ္ဂဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုး အလုပ်နှင့် ထောင် ၁၀ နှစ် ချမှတ်ခံရ
======================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ) ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကိုထက်ပိုင်စိုးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်သည်။
စီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာန တတိယနှစ်ကျောင်းသား တစ်ဦးဖြစ်သူ ကိုထက်ပိုင်စိုးကို ဇွန်လ ၃၀ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်သည်။
“ယခုကဲ့သို့ ဖိနှိပ်ကာ မတရားအကျဉ်းချမှုများသည် တော်လှန်ရေးအင်အားကို ဆုတ်ယုတ်သွားစေမည်မဟုတ်ဘဲ ပိုမိုကောင်းမွန်သော အရွေ့သို့သာ ဦးတည်သွားမည်။” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ကိုထက်ပိုင်းစိုးသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်ဧပြီလ ၂၁ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ လေးထောင့်ကန်လမ်းမကြီးပေါ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းနှင့်အတူ အမှုတွဲဖြစ်သည့် မနွေးရတီတိုးသည်လည်း ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသည်ဟု သိရသည်။
အချိန်တစ်နှစ်ကျော် ဖမ်းဆီးခံထားရသည့် ကိုထက်ပိုင်းစိုးသည် အကျဉ်းထောင် အာဏာပိုင်များ၏ ဖိနှိပ်မှုများနှင့်ခြိမ်းခြောက်မှုများကို ခံခဲ့ရသည်ဟု ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ ဖိနှိပ်ခံရမှုများနှင့် ခြိမ်းခြောက်ခံရမှုအသေးစိတ်ကိုမူ ကျောင်းသားများသမဂ္ဂဘက်မှ တစ်စုံတစ်ရာမှတ်ချက်ပေးခြင်း မရှိပေ။
စစ်ကောင်စီသည် ကျောင်းသားလူငယ်များကိုအကြောင်းအမျိုးမျိုးပြဖမ်းဆီးလေ့ရှိသည်။ ဖမ်းဆီးပြီးနောက်တွင်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ အကြမ်းဖက်မှု၊ လက်နက်မှုနှင့်အခြားကြီးလေးသော အမှုများဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်နှစ်ပေါင်းများစွာချမှတ်လေ့ရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ရက်နေ့တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်သူ မဝတ်ရည်အောင်ကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် လေးနှစ်ချမှတ်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဒဂုံတက္ကသိုလ်
#ကျောင်းသားများသမဂ္ဂ
#ရန်ကုန်စီးပွားရေးတက္ကသိုလ်
#စာရင်းအင်းပညာဌာန

😢12👍5🤬4❤1👏1
စစ်ကောင်စီက သိမ်းယူပြီး တူးဖော်လုပ်ကိုင်နေတဲ့ မိုးထိမိုးမိရွှေလုပ်ကွက်(ရုပ်သံ)
===================
ရွှေနွယ် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်ကောင်စီရဲ့ မြန်မာ့စီးပွားကော်ပိုရေးရှင်း( MEC ) က သိမ်းပိုက်ထားပြီး လုပ်ငန်းရှင်အချို့နဲ့ တူးဖော်လုပ်ကိုင်နေတယ်လို့ ရမည်းသင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒေသခံတွေရဲ့နစ်နာချက်တွေကို တိုင်ကြားထားတာရှိနေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ တပ်ရင်းအမှတ် (၈၀၆) ရမည်းသင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောပါတယ်။
လက်ရှိမှာ မိုးထိမိုးမိ ရွှေလုပ်ကွက်(A)က ရွှေတွင်း ၁၀၀ ကျော်အနက် ၃၀ ကို MEC ကနေ ပြည်တွင်းလုပ်ငန်းရှင်တွေကို နေရာချထားပေးပြီး တူးဖော်လုပ်ကိုင်နေတာဖြစ်ပါတယ်။
https://youtu.be/aSztVDjBgWE
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
ရွှေနွယ် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်ကောင်စီရဲ့ မြန်မာ့စီးပွားကော်ပိုရေးရှင်း( MEC ) က သိမ်းပိုက်ထားပြီး လုပ်ငန်းရှင်အချို့နဲ့ တူးဖော်လုပ်ကိုင်နေတယ်လို့ ရမည်းသင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒေသခံတွေရဲ့နစ်နာချက်တွေကို တိုင်ကြားထားတာရှိနေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ တပ်ရင်းအမှတ် (၈၀၆) ရမည်းသင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောပါတယ်။
လက်ရှိမှာ မိုးထိမိုးမိ ရွှေလုပ်ကွက်(A)က ရွှေတွင်း ၁၀၀ ကျော်အနက် ၃၀ ကို MEC ကနေ ပြည်တွင်းလုပ်ငန်းရှင်တွေကို နေရာချထားပေးပြီး တူးဖော်လုပ်ကိုင်နေတာဖြစ်ပါတယ်။
https://youtu.be/aSztVDjBgWE
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီက သိမ်းယူပြီး တူးဖော်လုပ်ကိုင်နေတဲ့ မိုးထိမိုးမိရွှေလုပ်ကွက်(ရုပ်သံ)
ရွှေနွယ် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်ကောင်စီရဲ့ မြန်မာ့စီးပွားကော်ပိုရေးရှင်း( MEC ) က သိမ်းပိုက်ထားပြီး လုပ်ငန်းရှင်အချို့နဲ့ တူးဖော်လုပ်ကိုင်နေတယ်လို့ ရမည်းသင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက…
👍6😁3🤬2
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့၏ အယူခံ ၁၀ မှုကျော် တရားလွှတ်တော်ချုပ်တွင် ကြားနာမည်
=====================
001
(မဇ္စျိမ) ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အယူခံနှင့် အထူးအယူခံ အမှု ၁၃ ခုကို လာမည့် ဇူလိုင်လအတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
လာမည့် ဇူလိုင်လ ၅ ရက်နေ့တွင် နှစ်မှု၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ငါးမှုနှင့် ဇူလိုင်လ ၁၈ ရက်နေ့တွင် ခြောက်မှု ကြားနာမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက မဇ္စျိမကို ပြောသည်။
အဆိုပါ အမှုများထဲမှ နိုင်ငံတော်လျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)၊ ရွေးကောက်ပွဲကိစ္စ စွဲဆိုထားသည့် ပုဒ်မ ၁၃၀(က)နှင့် ရဟတ်ယာဉ်ကိစ္စ အဂတိဖြင့် စွပ်စွဲထားသည့် အမှု ငါးမှုတို့မှာ ပြင်ဆင်မှုနှင့် အယူခံမှုများဖြစ်ပြီး အမိန့်ချမှတ်ရန်အတွက် ကြားနာမည်ဖြစ်သည်။
ကျန်ရှိသည့် ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ (၈) ၊ ဆက်သွယ်ရေးပုဒ်မ (၆၇)၊ သဘာဝဘေးပုဒ်မ (၂၅)ဖြင့် စွပ်စွဲခံရသည့်အမှုများနှင့် ပုဒ်မ ၅၀၅(ခ) အမှုတို့မှာမူ အထူးအယူခံအမှုများဖြစ်ကာ ခွင့်ပြုရန် သင့်၊ မသင့်အပေါ် ကြားနာမည်ဖြစ်ကြောင်း သိရသည်။
ထိုအမှုများတွင် သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တစ်ဦးချင်းသီးသန့် စွဲဆိုထားသည့်အမှုများလည်း ပါဝင်သည်။
သို့သော် အမှုအချို့မှာမူ ၎င်းတို့နှင့်အတူ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့အပြင် လက်ရှိ NUG တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာဝင်းမြတ်အေးကိုလည်း ပူးတွဲစွပ်စွဲထားသည်။
စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး သမ္မတဦးဝင်းမြင့်အနေဖြင့်အမှု ရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသည်။
အဆိုပါ အမှုများနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများက ကျူးလွန်ခြင်းမရှိသည့်အတွက် အပြစ်မရှိကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့ကြကာ အမိန့်ချမှတ်ခံရမှုအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အယူခံ ၊ အထူးအယူခံ အဆင့်ဆင့် တက်လျက်ရှိသည်။
အမှုကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်ရန်အတွက် စွပ်စွဲခံရသူများ၏ ရှေ့နေအဖွဲ့က အမှုသည်များနှင့် လူချင်းတွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားသော်လည်း စစ်ကောင်စီက ခွင့်ပြုခြင်း မရှိသေးပေ။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
#အထူးအယူခံအမှု
#ပြည်ထောင်စုတရားလွှတ်တော်ချုပ်

👍8🤬3🔥2😢1
စစ်ရိပ်သန်းလာတဲ့ တနိုင်းဟူးကောင်းဒေသ (ရုပ်/သံ)
=================
အဂမ် (မဇ္ဈိမ)။ ။ တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသမှာပါတဲ့ ရှဒူးဇွပ်ဒေသကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က အခုလ ဇွန် (၂၁) ရက်နေ့မှာ ကန့်သတ်နယ်မြေသတ် မှတ်လိုက်ပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်က ဂျက်လေယာဥ်တွေနဲ့ ခပ်စိပ်စိပ် လာရောက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကမ္ဘာကျော် တနိုင်းဟူးကောင်း လီဒိုလမ်းမပေါ်က က KIA တပ်မ ဟာ (၂) လက်အောက်ခံ တပ်ရင်း ၁၄ နယ်မြေ ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ်နယ်မြေအဖြစ် ကေအိုင်အေက ထုတ်ပြန်လိုက်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်တွေနဲ့ လေးရက်ဆက် ဗုံးကြဲတိုက်ခိုက်လာတာ ဖြစ်ပါတယ်။
ဟူးကောင်းခရိုင်ကနေ စံပြ၊ အောင်ရာ၊ ဘန်ကောက်ကျေးရွာနဲ့ ယုဇန စက်ရုံဟောင်းရဲ့ နောက်ဘက်ခြမ်း နယ်မြေ၊ ရှဒူးဇွပ်ကျေးရွာနဲ့ ကိုင်းတော၊ ခေါင်းလော်ချောင်းရဲ့ နောက်ဘက်ခြမ်းနယ်မြေတွေကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ကြောင်း KIA တပ်ရင်း ( ၁၄ ) က ဇွန်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကန့်သတ်နယ်မြေအတွင်း တရားမဝင် ငါးဖမ်းတာ၊ တောင်ယာစိုက်ခင်း လယ်ယာမြေတွေ လုပ်ကိုင်တာ၊ အများပိုင်မြေတွေကို စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်တာ၊ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်တာ၊ အလုပ် အကိုင်အမရှိဘဲ အကြောင်းမဲ့ လာရောက်နေထိုင်တာ လာရောက်နေထိုင်သူတွေအနေနဲ့ ဇွန်လ ၂၅ ရက်နေ့ နောက် ဆုံးထွက်ခွာသွားဖို့လည်း အဲဒီစာမှာ တိုက်တွန်းထားတာပါ။
https://youtu.be/buchEvmkHWU
တက်ဆက်= ရွှေနွယ်
#တနိုင်းဟူးကောင်း
#ကချင်
#KIA
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
အဂမ် (မဇ္ဈိမ)။ ။ တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသမှာပါတဲ့ ရှဒူးဇွပ်ဒေသကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က အခုလ ဇွန် (၂၁) ရက်နေ့မှာ ကန့်သတ်နယ်မြေသတ် မှတ်လိုက်ပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်က ဂျက်လေယာဥ်တွေနဲ့ ခပ်စိပ်စိပ် လာရောက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကမ္ဘာကျော် တနိုင်းဟူးကောင်း လီဒိုလမ်းမပေါ်က က KIA တပ်မ ဟာ (၂) လက်အောက်ခံ တပ်ရင်း ၁၄ နယ်မြေ ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ်နယ်မြေအဖြစ် ကေအိုင်အေက ထုတ်ပြန်လိုက်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်တွေနဲ့ လေးရက်ဆက် ဗုံးကြဲတိုက်ခိုက်လာတာ ဖြစ်ပါတယ်။
ဟူးကောင်းခရိုင်ကနေ စံပြ၊ အောင်ရာ၊ ဘန်ကောက်ကျေးရွာနဲ့ ယုဇန စက်ရုံဟောင်းရဲ့ နောက်ဘက်ခြမ်း နယ်မြေ၊ ရှဒူးဇွပ်ကျေးရွာနဲ့ ကိုင်းတော၊ ခေါင်းလော်ချောင်းရဲ့ နောက်ဘက်ခြမ်းနယ်မြေတွေကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ကြောင်း KIA တပ်ရင်း ( ၁၄ ) က ဇွန်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကန့်သတ်နယ်မြေအတွင်း တရားမဝင် ငါးဖမ်းတာ၊ တောင်ယာစိုက်ခင်း လယ်ယာမြေတွေ လုပ်ကိုင်တာ၊ အများပိုင်မြေတွေကို စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်တာ၊ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်တာ၊ အလုပ် အကိုင်အမရှိဘဲ အကြောင်းမဲ့ လာရောက်နေထိုင်တာ လာရောက်နေထိုင်သူတွေအနေနဲ့ ဇွန်လ ၂၅ ရက်နေ့ နောက် ဆုံးထွက်ခွာသွားဖို့လည်း အဲဒီစာမှာ တိုက်တွန်းထားတာပါ။
https://youtu.be/buchEvmkHWU
တက်ဆက်= ရွှေနွယ်
#တနိုင်းဟူးကောင်း
#ကချင်
#KIA
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ရိပ်သန်းလာတဲ့ တနိုင်းဟူးကောင်းဒေသ (ရုပ်/သံ)
အဂမ် (မဇ္ဈိမ)။ ။ တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသမှာပါတဲ့ ရှဒူးဇွပ်ဒေသကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က အခုလ ဇွန် (၂၁) ရက်နေ့မှာ ကန့်သတ်နယ်မြေသတ် မှတ်လိုက်ပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်က ဂျက်လေယာဥ်တွေနဲ့ ခပ်စိပ်စိပ် လာရောက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေက…
👍13❤6🔥3
This media is not supported in your browser
VIEW IN TELEGRAM
Jun - 30 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍7🌭1🍌1
ဇွန်လ( ၃၀ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==========================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
လုပ်ခတိုးတောင်းတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို နိုင်ငံရေးပုဒ်မတပ်ပြီး စစ်ကောင်စီက အရေးယူတဲ့ သတင်းနဲ့အတူ ရုရှားနဲ့ စစ်ကောင်စီတို့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနဲ့ ဓာတ်သတ္တုရှာဖွေရေး အတွက် တွေ့ဆုံဆွေးနွေးတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/4d7-0XOdpSc
#Eveningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
လုပ်ခတိုးတောင်းတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို နိုင်ငံရေးပုဒ်မတပ်ပြီး စစ်ကောင်စီက အရေးယူတဲ့ သတင်းနဲ့အတူ ရုရှားနဲ့ စစ်ကောင်စီတို့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနဲ့ ဓာတ်သတ္တုရှာဖွေရေး အတွက် တွေ့ဆုံဆွေးနွေးတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။
https://youtu.be/4d7-0XOdpSc
#Eveningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇွန်လ( ၃၀ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
လုပ်ခတိုးတောင်းတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို နိုင်ငံရေးပုဒ်မတပ်ပြီး စစ်ကောင်စီက အရေးယူတဲ့ သတင်းနဲ့အတူ ရုရှားနဲ့ စစ်ကောင်စီတို့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနဲ့ ဓာတ်သတ္တုရှာဖွေရေး အတွက် တွေ့ဆုံဆွေးနွေးတဲ့…

👍5😁3
ဇွန်လ (၃၀) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
===================
-အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုများ ပိုမိုများပြားလာကြောင်း ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ပြော တဲ့သတင်း
-စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပြန်လည်လွတ်မြောက်တဲ့သတင်း
-ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်တဲ့သတင်း
-ပြင်သစ်မှာ ရဲတပ်ဖွဲ့ရဲ့သတ်ဖြတ်မှုအတွက် ဒေါသထွက်နေသူတွေက ဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ် တဲ့သတင်း
-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။
https://www.youtube.com/live/Kvnx4fc6wXc?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
-အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုများ ပိုမိုများပြားလာကြောင်း ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ပြော တဲ့သတင်း
-စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပြန်လည်လွတ်မြောက်တဲ့သတင်း
-ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်တဲ့သတင်း
-ပြင်သစ်မှာ ရဲတပ်ဖွဲ့ရဲ့သတ်ဖြတ်မှုအတွက် ဒေါသထွက်နေသူတွေက ဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ် တဲ့သတင်း
-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။
https://www.youtube.com/live/Kvnx4fc6wXc?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇွန်လ (၃၀) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
-အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုများ ပိုမိုများပြားလာကြောင်း ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ပြော တဲ့သတင်း
-စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပြန်လည်လွတ်မြောက်တဲ့သတင်း
-ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်တဲ့သတင်း
-ပြင်သစ်မှာ ရဲတပ်ဖွဲ့ရဲ့သတ်ဖြတ်မှုအတွက် ဒေါသထွက်နေသူတွေက…

👍11🌭2
ယမ်းငွေ့ကြားက ချစ်သူရယ်သံ
=============
“ဘယ်အချိန်ဘာဖြစ်မယ်မသိတဲ့ ငါတို့ဘဝက အနားနေခွင့်ရှိသမျှ ငါ့ယောကျ်ားအနား နေလို့ရသမျှ ဘယ်လောက်ဝေးဝေး ငါကလိုက်မှာ” တိုက်ပွဲဝင်နေတဲ့ ချစ်သူရှိရာအရပ်ကို ရောက်ရှိလာသူက ပြောပြနေခြင်းဖြစ်ပါတယ်။
တော်လှန်တိုက်ပွဲဝင်နေတဲ့ ကော်ဘရာစစ်ကြောင်းက ရဲဘော်တစ်ဦးရဲ့ အချစ်ဇာတ်လမ်းကလေးက တော်လှန်ရေးရဲ့တစ်နေရာမှာ အပါအဝင်ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် ချစ်သူနှစ်ဦး ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။
https://youtu.be/05SnrASy7FM
ရိုက်ကူး/တည်းဖြတ် ဟန်ထူးဇော်
#နွေဦးတော်လှန်ရေး
#ကော်ဘရာစစ်ကြောင်း
#ကာကွယ်ရေးတပ်ဖွဲ့
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=============
“ဘယ်အချိန်ဘာဖြစ်မယ်မသိတဲ့ ငါတို့ဘဝက အနားနေခွင့်ရှိသမျှ ငါ့ယောကျ်ားအနား နေလို့ရသမျှ ဘယ်လောက်ဝေးဝေး ငါကလိုက်မှာ” တိုက်ပွဲဝင်နေတဲ့ ချစ်သူရှိရာအရပ်ကို ရောက်ရှိလာသူက ပြောပြနေခြင်းဖြစ်ပါတယ်။
တော်လှန်တိုက်ပွဲဝင်နေတဲ့ ကော်ဘရာစစ်ကြောင်းက ရဲဘော်တစ်ဦးရဲ့ အချစ်ဇာတ်လမ်းကလေးက တော်လှန်ရေးရဲ့တစ်နေရာမှာ အပါအဝင်ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် ချစ်သူနှစ်ဦး ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။
https://youtu.be/05SnrASy7FM
ရိုက်ကူး/တည်းဖြတ် ဟန်ထူးဇော်
#နွေဦးတော်လှန်ရေး
#ကော်ဘရာစစ်ကြောင်း
#ကာကွယ်ရေးတပ်ဖွဲ့
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ယမ်းငွေ့ကြားက ချစ်သူရယ်သံ
“ဘယ်အချိန်ဘာဖြစ်မယ်မသိတဲ့ ငါတို့ဘဝက အနားနေခွင့်ရှိသမျှ ငါ့ယောကျ်ားအနား နေလို့ရသမျှ ဘယ်လောက်ဝေးဝေး ငါကလိုက်မှာ” တိုက်ပွဲဝင်နေတဲ့ ချစ်သူရှိရာအရပ်ကို ရောက်ရှိလာသူက ပြောပြနေခြင်းဖြစ်ပါတယ်။
တော်လှန်တိုက်ပွဲဝင်နေတဲ့ ကော်ဘရာစစ်ကြောင်းက ရဲဘော်တစ်ဦးရဲ့ အချစ်ဇာတ်လမ်းကလေးက…

👍22❤6🥰3🍌2🌭1
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ ဇွန် ၂၀၂၃)
==========================
ဗိုလ်အယ်ဆေးဝါးမှ မြို့ပြအဆင့်မှတိုင်းအဆင့် စစ်ဆင်ရေးပြုလုပ်မည်ဟု ပြောဆိုထားသည့်အတွက် အကြမ်းဖက်စစ်ကောင်စီ တပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင်နွဲလာနိုင်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==========================
ဗိုလ်အယ်ဆေးဝါးမှ မြို့ပြအဆင့်မှတိုင်းအဆင့် စစ်ဆင်ရေးပြုလုပ်မည်ဟု ပြောဆိုထားသည့်အတွက် အကြမ်းဖက်စစ်ကောင်စီ တပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင်နွဲလာနိုင်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍33❤6😁2🍌1
“ကရင်နီ ကယား ပြည်နယ် တစ်ခုလုံးလွတ်လပ်ပြီ” ဆိုသော သတင်းမှား
=====================
“ကရင်နီ ကယား ပြည်နယ် တစ်ခုလုံးလွတ်လပ်ပြီ” ဆိုသော ခေါင်းစဉ်ဖြင့် ဗီဒီယိုဖိုင်တခု လူမှု ကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ထိုဗီဒီယိုဖိုင်အတွင်းမှ သတင်းများနှင့် သတင်းခေါင်းစဉ်မှာ ကိုက်ညီခြင်း မရှိပေ။
“HD Videos” အမည်ဖြင့် ဖေ့ဘုတ်ပေ့ချ်တစ်ခုမှ ဇွန်လ ၁၄ ရက်နေ့တွင် “ကရင်နီ ကယား ပြည်နယ် တစ်ခု လုံး လွတ်လပ်ပြီ” ဟုဆိုကာ တနာရီနှင့် ၄၅ မိနစ်ကြာ ဗီဒီယိုဖိုင်တခုကို ဖြန့်ဝေထားသည်။ ထိုဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ၃,၄၀၀ ကျော်နေပြီဖြစ်သည်။
အဆိုပါ ဗီဒီယိုဖိုင်တွင် သတင်းအကြောင်းအရာငါးခုကို ထပ်ခါထပ်ခါ တင်ဆက်ထားပြီး ကရင်နီပြည်နယ် နှင့်သက်ဆိုင်သည့် သတင်းနှစ်ပုဒ် ပါဝင်သည်။ ထိုသတင်းများတွင် ကရင်ပြည်နယ်တခုလုံး လွတ်လပ်ပြီ ဆိုသော သတင်းအကြောင်းအရာ မပါဝင်ချေ။

👍15🔥2
မတူပီမြို့တွင် အရပ်ဝတ် စစ်ကောင်စီတပ်သားများက ဓားပြတိုက်
=================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့၊ လောင်ဗန်းရပ်ကွက် ၊ ဆောက်လုပ်ရေးအောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်သား နှစ်ဦးက အရပ်ဝတ် ဝတ်ဆင်ပြီး ပြည်သူတစ်ဦး၏ နေအိမ်ကို ဓားပြတိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၈ရက် ည ၉နာရီ ကျော်တွင် ဦးဘွဲ့စန်းသည် ၎င်း၏ နေအိမ်တွင် မိသားစုနှင့်အတူ နေထိုင်စဥ် ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်သည်။
“အမျိုးသားက ခြေထောက်မှာ ဓားနဲ့ခုတ် ဓားနဲ့ထိုးခံထားရတဲ့ ဒဏ်ရာတွေရှိတယ်။ အမျိုးသမီးကတော့ သေနတ်ဒင်နဲ့ထုခံရလို့ ခေါင်းမှာဒဏ်ရာရပြီး နှစ်ယောက်စလုံး ဆေးရုံမှာ ကုသနေကြရတယ်” ဟု အမည်မဖော်လိုသည့် မတူပီမြို့ခံတစ်ဦးက မဇ္စျိမ ကိုပြောသည်။
ဓားပြတိုက်သူများမှ ဦးဘွဲ့စန်း နေအိမ်အနီး ဆောက်လုပ်ရေးဝန်းတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ ဓားပြတိုက်သူများမှာ မြန်မာစကား ပီသစွာပြောဆိုခြင်း၊ စစ်ကောင်စီတပ်သားများ ကိုင်ဆောင်လေ့ရှိသည့် သေနတ် ကိုင်ဆောင်ထားခြင်းတို့ကြောင့် ထိုသို့ ပြောဆိုရခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးကပြောသည်။
“ အဲ့နှစ်ယောက်က ဗမာအစစ် စကားနဲ့ပြောတာ ။ ဒီမြို့နယ်မှာ အဲ့ဒီလို ဗမာစကား အသံပီပီ ပြောနိုင်တဲ့ ဒေသခံမရှိဘူး “ ဟု ၎င်းကဆိုသည်။
ထိုဓားပြများသည် ဦးဘွဲ့စန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ယာလ်နီအား အိမ်အောက်တွင် နှစ်နာရီခန့်ကြာအောင် ရိုက်နှက်ကာ အိမ်ပေါ်ရှိ ၎င်းတို့၏ ကလေးများကိုလည်း နှိပ်စက်မည်ဟု ချိန်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။ ဓားပြများသည် ဒေါ်ယာလ်နီထံက နားကပ်နှင့် ရွှေဆွဲကြိုးကို ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
မတူပီမြို့တွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ပိတ်ထားခဲ့ပြီး ပြည်သူများအပေါ် မတရားအနိုင်ကျင့်ခြင်း၊ နှိပ်စက်ညှဥ်းပမ်းခြင်းနှင့် ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အရပ်ဝတ် စစ်ကောင်စီတပ်သားများ
#ဓားပြတိုက်

🤬20👍5❤2😁2🔥1