Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ရန်ကုန်စီးပွားရေးတက္ကသိုလ် သမဂ္ဂဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုး အလုပ်နှင့်‌‌ ထောင် ၁၀ နှစ် ချမှတ်ခံရ
======================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ) ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကိုထက်ပိုင်စိုးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်သည်။

စီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာန တတိယနှစ်ကျောင်းသား တစ်ဦးဖြစ်သူ ကိုထက်ပိုင်စိုးကို ဇွန်လ ၃၀ရက်နေ့တွင် ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်သည်။

“ယခုကဲ့သို့ ဖိနှိပ်ကာ မတရားအကျဉ်းချမှုများသည် တော်လှန်ရေးအင်အားကို ဆုတ်ယုတ်သွားစေမည်မဟုတ်ဘဲ ပိုမိုကောင်းမွန်သော အရွေ့သို့သာ ဦးတည်သွားမည်။” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ကိုထက်ပိုင်းစိုးသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်ဧပြီလ ၂၁ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ လေးထောင့်ကန်လမ်းမကြီးပေါ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းနှင့်အတူ အမှုတွဲဖြစ်သည့် မနွေးရတီတိုးသည်လည်း ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသည်ဟု သိရသည်။

အချိန်တစ်နှစ်ကျော် ဖမ်းဆီးခံထားရသည့် ကိုထက်ပိုင်းစိုးသည် အကျဉ်း‌ထောင် အာဏာပိုင်များ၏ ဖိနှိပ်မှုများနှင့်ခြိမ်းခြောက်မှုများကို ခံခဲ့ရသည်ဟု ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ ဖိနှိပ်ခံရမှုများနှင့် ခြိမ်းခြောက်ခံရမှုအသေးစိတ်ကိုမူ ကျောင်းသားများသမဂ္ဂဘက်မှ တစ်စုံတစ်ရာမှတ်ချက်ပေးခြင်း မရှိပေ။

စစ်ကောင်စီသည် ကျောင်းသားလူငယ်များကိုအကြောင်းအမျိုးမျိုးပြဖမ်းဆီးလေ့ရှိသည်။ ဖမ်းဆီးပြီးနောက်တွင်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ အကြမ်းဖက်မှု၊ လက်နက်မှုနှင့်အခြားကြီးလေးသော အမှုများဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်နှစ်ပေါင်းများစွာချမှတ်လေ့ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ရက်နေ့တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်သူ မဝတ်ရည်အောင်ကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် လေးနှစ်ချမှတ်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဒဂုံတက္ကသိုလ်
#ကျောင်းသားများသမဂ္ဂ
#ရန်ကုန်စီးပွားရေးတက္ကသိုလ်
#စာရင်းအင်းပညာဌာန
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍5🤬4❤1👏1
စစ်ကောင်စီက သိမ်းယူပြီး တူးဖော်လုပ်ကိုင်နေတဲ့ မိုးထိမိုးမိရွှေလုပ်ကွက်(ရုပ်သံ)
===================

ရွှေနွယ် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ်မှာရှိတဲ့ မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်ကောင်စီရဲ့ မြန်မာ့စီးပွားကော်ပိုရေးရှင်း( MEC ) က သိမ်းပိုက်ထားပြီး လုပ်ငန်းရှင်အချို့နဲ့ တူးဖော်လုပ်ကိုင်နေတယ်လို့ ရမည်းသင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒေသခံတွေရဲ့နစ်နာချက်တွေကို တိုင်ကြားထားတာရှိနေတယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ တပ်ရင်းအမှတ် (၈၀၆) ရမည်းသင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောပါတယ်။

လက်ရှိမှာ မိုးထိမိုးမိ ရွှေလုပ်ကွက်(A)က ရွှေတွင်း ၁၀၀ ကျော်အနက် ၃၀ ကို MEC ကနေ ပြည်တွင်းလုပ်ငန်းရှင်တွေကို နေရာချထားပေးပြီး တူးဖော်လုပ်ကိုင်နေတာဖြစ်ပါတယ်။

https://youtu.be/aSztVDjBgWE

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁3🤬2
​​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့၏ အယူခံ ၁၀ မှုကျော် တရားလွှတ်တော်ချုပ်တွင် ကြားနာမည်
=====================

001
(မဇ္စျိမ) ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အယူခံနှင့် အထူးအယူခံ အမှု ၁၃ ခုကို လာမည့် ဇူလိုင်လအတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာရန်ရှိကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

လာမည့် ဇူလိုင်လ ၅ ရက်နေ့တွင် နှစ်မှု၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ငါးမှုနှင့် ဇူလိုင်လ ၁၈ ရက်နေ့တွင် ခြောက်မှု ကြားနာမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက မဇ္စျိမကို ပြောသည်။
အဆိုပါ အမှုများထဲမှ နိုင်ငံတော်လျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)၊ ရွေးကောက်ပွဲကိစ္စ စွဲဆိုထားသည့် ပုဒ်မ ၁၃၀(က)နှင့် ရဟတ်ယာဉ်ကိစ္စ အဂတိဖြင့် စွပ်စွဲထားသည့် အမှု ငါးမှုတို့မှာ ပြင်ဆင်မှုနှင့် အယူခံမှုများဖြစ်ပြီး အမိန့်ချမှတ်ရန်အတွက် ကြားနာမည်ဖြစ်သည်။

ကျန်ရှိသည့် ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ (၈) ၊ ဆက်သွယ်ရေးပုဒ်မ (၆၇)၊ သဘာဝဘေးပုဒ်မ (၂၅)ဖြင့် စွပ်စွဲခံရသည့်အမှုများနှင့် ပုဒ်မ ၅၀၅(ခ) အမှုတို့မှာမူ အထူးအယူခံအမှုများဖြစ်ကာ ခွင့်ပြုရန် သင့်၊ မသင့်အပေါ် ကြားနာမည်ဖြစ်ကြောင်း သိရသည်။
ထိုအမှုများတွင် သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တစ်ဦးချင်းသီးသန့် စွဲဆိုထားသည့်အမှုများလည်း ပါဝင်သည်။

သို့သော် အမှုအချို့မှာမူ ၎င်းတို့နှင့်အတူ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့အပြင် လက်ရှိ NUG တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာဝင်းမြတ်အေးကိုလည်း ပူးတွဲစွပ်စွဲထားသည်။

စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး သမ္မတဦးဝင်းမြင့်အနေဖြင့်အမှု ရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသည်။

အဆိုပါ အမှုများနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများက ကျူးလွန်ခြင်းမရှိသည့်အတွက် အပြစ်မရှိကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့ကြကာ အမိန့်ချမှတ်ခံရမှုအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အယူခံ ၊ အထူးအယူခံ အဆင့်ဆင့် တက်လျက်ရှိသည်။
အမှုကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်ရန်အတွက် စွပ်စွဲခံရသူများ၏ ရှေ့နေအဖွဲ့က အမှုသည်များနှင့် လူချင်းတွေ့ဆုံခွင့်ပေးရန် တောင်းဆိုထားသော်လည်း စစ်ကောင်စီက ခွင့်ပြုခြင်း မရှိသေးပေ။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
#အထူးအယူခံအမှု
#ပြည်ထောင်စုတရားလွှတ်တော်ချုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬3🔥2😢1
စစ်ရိပ်သန်းလာတဲ့ တနိုင်းဟူးကောင်းဒေသ (ရုပ်/သံ)
=================

အဂမ် (မဇ္ဈိမ)။ ။ တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသမှာပါတဲ့ ရှဒူးဇွပ်ဒေသကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က အခုလ ဇွန် (၂၁) ရက်နေ့မှာ ကန့်သတ်နယ်မြေသတ် မှတ်လိုက်ပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်က ဂျက်လေယာဥ်တွေနဲ့ ခပ်စိပ်စိပ် လာရောက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမ္ဘာကျော် တနိုင်းဟူးကောင်း လီဒိုလမ်းမပေါ်က က KIA တပ်မ ဟာ (၂) လက်အောက်ခံ တပ်ရင်း ၁၄ နယ်မြေ ဝါရာဇွပ်တိုက်နယ်ကို ကန့်သတ်နယ်မြေအဖြစ် ကေအိုင်အေက ထုတ်ပြန်လိုက်ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်တွေနဲ့ လေးရက်ဆက် ဗုံးကြဲတိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ဟူးကောင်းခရိုင်ကနေ စံပြ၊ အောင်ရာ၊ ဘန်ကောက်ကျေးရွာနဲ့ ယုဇန စက်ရုံဟောင်းရဲ့ နောက်ဘက်ခြမ်း နယ်မြေ၊ ရှဒူးဇွပ်ကျေးရွာနဲ့ ကိုင်းတော၊ ခေါင်းလော်ချောင်းရဲ့ နောက်ဘက်ခြမ်းနယ်မြေတွေကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ကြောင်း KIA တပ်ရင်း ( ၁၄ ) က ဇွန်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကန့်သတ်နယ်မြေအတွင်း တရားမဝင် ငါးဖမ်းတာ၊ တောင်ယာစိုက်ခင်း လယ်ယာမြေတွေ လုပ်ကိုင်တာ၊ အများပိုင်မြေတွေကို စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်တာ၊ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်တာ၊ အလုပ် အကိုင်အမရှိဘဲ အကြောင်းမဲ့ လာရောက်နေထိုင်တာ လာရောက်နေထိုင်သူတွေအနေနဲ့ ဇွန်လ ၂၅ ရက်နေ့ နောက် ဆုံးထွက်ခွာသွားဖို့လည်း အဲဒီစာမှာ တိုက်တွန်းထားတာပါ။

https://youtu.be/buchEvmkHWU

တက်ဆက်= ရွှေနွယ်

#တနိုင်းဟူးကောင်း
#ကချင်
#KIA
#Mizzima

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13❤6🔥3
This media is not supported in your browser
VIEW IN TELEGRAM
Jun - 30 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍7🌭1🍌1
ဇွန်လ( ၃၀ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==========================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

လုပ်ခတိုးတောင်းတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို နိုင်ငံရေးပုဒ်မတပ်ပြီး စစ်ကောင်စီက အရေးယူတဲ့ သတင်းနဲ့အတူ ရုရှားနဲ့ စစ်ကောင်စီတို့ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနဲ့ ဓာတ်သတ္တုရှာဖွေရေး အတွက် တွေ့ဆုံဆွေးနွေးတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/4d7-0XOdpSc

#Eveningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁3
ဇွန်လ (၃၀) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
===================

-အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုများ ပိုမိုများပြားလာကြောင်း ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ပြော တဲ့သတင်း

-စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပြန်လည်လွတ်မြောက်တဲ့သတင်း

-ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်တဲ့သတင်း

-ပြင်သစ်မှာ ရဲတပ်ဖွဲ့ရဲ့သတ်ဖြတ်မှုအတွက် ဒေါသထွက်နေသူတွေက ဆန္ဒပြမှုတွေ ဆက်လက်ပြုလုပ် တဲ့သတင်း

-ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

https://www.youtube.com/live/Kvnx4fc6wXc?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🌭2
ယမ်းငွေ့ကြားက ချစ်သူရယ်သံ
=============

“ဘယ်အချိန်ဘာဖြစ်မယ်မသိတဲ့ ငါတို့ဘဝက အနားနေခွင့်ရှိသမျှ ငါ့ယောကျ်ားအနား နေလို့ရသမျှ ဘယ်လောက်ဝေးဝေး ငါကလိုက်မှာ” တိုက်ပွဲဝင်နေတဲ့ ချစ်သူရှိရာအရပ်ကို ရောက်ရှိလာသူက ပြောပြနေခြင်းဖြစ်ပါတယ်။

တော်လှန်တိုက်ပွဲဝင်နေတဲ့ ကော်ဘရာစစ်ကြောင်းက ရဲဘော်တစ်ဦးရဲ့ အချစ်ဇာတ်လမ်းကလေးက တော်လှန်ရေးရဲ့တစ်နေရာမှာ အပါအဝင်ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် ချစ်သူနှစ်ဦး ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။

https://youtu.be/05SnrASy7FM

ရိုက်ကူး/တည်းဖြတ် ဟန်ထူးဇော်

#နွေဦးတော်လှန်ရေး
#ကော်ဘရာစစ်ကြောင်း
#ကာကွယ်ရေးတပ်ဖွဲ့
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍22❤6🥰3🍌2🌭1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ ဇွန် ၂၀၂၃) 
==========================

ဗိုလ်အယ်ဆေးဝါးမှ မြို့ပြအဆင့်မှတိုင်းအဆင့် စစ်ဆင်ရေးပြုလုပ်မည်ဟု ပြောဆိုထားသည့်အတွက် အကြမ်းဖက်စစ်ကောင်စီ တပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင်နွဲလာနိုင်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍33❤6😁2🍌1
​​“ကရင်နီ ကယား ပြည်နယ် တစ်ခုလုံးလွတ်လပ်ပြီ” ဆိုသော သတင်းမှား
=====================

“ကရင်နီ ကယား ပြည်နယ် တစ်ခုလုံးလွတ်လပ်ပြီ” ဆိုသော ခေါင်းစဉ်ဖြင့် ဗီဒီယိုဖိုင်တခု လူမှု ကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ထိုဗီဒီယိုဖိုင်အတွင်းမှ သတင်းများနှင့် သတင်းခေါင်းစဉ်မှာ ကိုက်ညီခြင်း မရှိပေ။

“HD Videos” အမည်ဖြင့် ဖေ့ဘုတ်ပေ့ချ်တစ်ခုမှ ဇွန်လ ၁၄ ရက်နေ့တွင် “ကရင်နီ ကယား ပြည်နယ် တစ်ခု လုံး လွတ်လပ်ပြီ” ဟုဆိုကာ တနာရီနှင့် ၄၅ မိနစ်ကြာ ဗီဒီယိုဖိုင်တခုကို ဖြန့်ဝေထားသည်။ ထိုဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ၃,၄၀၀ ကျော်နေပြီဖြစ်သည်။
 
အဆိုပါ ဗီဒီယိုဖိုင်တွင် သတင်းအကြောင်းအရာငါးခုကို ထပ်ခါထပ်ခါ တင်ဆက်ထားပြီး ကရင်နီပြည်နယ် နှင့်သက်ဆိုင်သည့် သတင်းနှစ်ပုဒ် ပါဝင်သည်။ ထိုသတင်းများတွင် ကရင်ပြည်နယ်တခုလုံး လွတ်လပ်ပြီ ဆိုသော သတင်းအကြောင်းအရာ မပါဝင်ချေ။
👍15🔥2
​​မတူပီမြို့တွင် အရပ်ဝတ် စစ်ကောင်စီတပ်သားများက ဓားပြတိုက်
=================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မတူပီမြို့၊ လောင်ဗန်းရပ်ကွက် ၊ ဆောက်လုပ်ရေးအောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်သား နှစ်ဦးက အရပ်ဝတ် ဝတ်ဆင်ပြီး ပြည်သူတစ်ဦး၏ နေအိမ်ကို ဓားပြတိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ရက် ည ၉နာရီ ကျော်တွင် ဦးဘွဲ့စန်းသည် ၎င်း၏ နေအိမ်တွင် မိသားစုနှင့်အတူ နေထိုင်စဥ် ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်သည်။

“အမျိုးသားက ခြေထောက်မှာ ဓားနဲ့ခုတ် ဓားနဲ့ထိုးခံထားရတဲ့ ဒဏ်ရာတွေရှိတယ်။ အမျိုးသမီးကတော့ သေနတ်ဒင်နဲ့ထုခံရလို့ ခေါင်းမှာဒဏ်ရာရပြီး နှစ်ယောက်စလုံး ဆေးရုံမှာ ကုသနေကြရတယ်” ဟု အမည်မဖော်လိုသည့် မတူပီမြို့ခံတစ်ဦးက မဇ္စျိမ ကိုပြောသည်။

ဓားပြတိုက်သူများမှ ဦးဘွဲ့စန်း နေအိမ်အနီး ဆောက်လုပ်ရေးဝန်းတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ ဓားပြတိုက်သူများမှာ မြန်မာစကား ပီသစွာပြောဆိုခြင်း၊ စစ်ကောင်စီတပ်သားများ ကိုင်ဆောင်လေ့ရှိသည့် သေနတ် ကိုင်ဆောင်ထားခြင်းတို့ကြောင့် ထိုသို့ ပြောဆိုရခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးကပြောသည်။

“ အဲ့နှစ်ယောက်က ဗမာအစစ် စကားနဲ့ပြောတာ ။ ဒီမြို့နယ်မှာ အဲ့ဒီလို ဗမာစကား အသံပီပီ ပြောနိုင်တဲ့ ဒေသခံမရှိဘူး “ ဟု ၎င်းကဆိုသည်။

ထိုဓားပြများသည် ဦးဘွဲ့စန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ယာလ်နီအား အိမ်အောက်တွင် နှစ်နာရီခန့်ကြာအောင် ရိုက်နှက်ကာ အိမ်ပေါ်ရှိ ၎င်းတို့၏ ကလေးများကိုလည်း နှိပ်စက်မည်ဟု ချိန်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။ ဓားပြများသည် ဒေါ်ယာလ်နီထံက နားကပ်နှင့် ရွှေဆွဲကြိုးကို ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
မတူပီမြို့တွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ပိတ်ထားခဲ့ပြီး ပြည်သူများအပေါ် မတရားအနိုင်ကျင့်ခြင်း၊ နှိပ်စက်ညှဥ်းပမ်းခြင်းနှင့် ဖမ်းဆီးမှုများ မကြာခဏပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အရပ်ဝတ် စစ်ကောင်စီတပ်သားများ
#ဓားပြတိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬20👍5❤2😁2🔥1
ကရင်နီနဲ့ စစ်ကိုင်းတိုင်း ဘာတွေတူညီပြီး ဘာတွေခြားနားသလဲ
=====================

မယ်စဲ့မြို့မှာ ကရင်နီတွေထူးထူးခြားခြား အောင်ပွဲရခဲ့ပါတယ်။ ကရင်နီမှာ ဘာတွေအားကောင်းသလဲ။ ကရင်နီကနေ ဘာတွေလေ့လာသင်ယူနိုင်မလဲ။ ကရင်နီနဲ့ စစ်ကိုင်းတိုင်း ဘာတွေတူညီပြီး ဘာတွေခြားနားသလဲ။

https://youtu.be/_PC02xaaZ5Y

#မယ်စဲ့မြို့
#ကရင်နီ
#စစ်ကိုင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍25😁2🔥1
ဇူလိုင်လ( ၁ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ပြီးခဲ့တဲ့နှစ်တွေအတွင်း စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ သိသိသာသာ ပိုများလာတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ချင်းပြည်နယ် ၊ ထန်တလန်မြို့ကို စစ်ကောင်စီလေတပ်က ဇွန်လ ၂၈ရက် နေ့လယ်ပိုင်းမှာ တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိသလို အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/XNtAQlvdKMk

#Morningradio
#Mizziradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥1😁1
"ငါတို့အလှည့်လာပြီ" စာတန်းကိုင်စွဲပြီး ကြံခင်းမြို့နယ်မှာ ဆန္ဒပြ
=================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်များက "ငါတို့အလှည့်လာပြီ"စာသားပါ ဘန်နာအားကိုင်ဆွဲကာ ကြံခင်းမြို့တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သ ပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၇)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#Mizzima
#ဆန္ဒပြ

http://www.mizzimaburmese.com/article/130268
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25❤10😁3
အညာ သမီးပျိုရဲ့ ဒီမိုကရေစီ ခရီးကြမ်း
=================

ဂျူချန်း (မဇ္ဈိမ)။ ။ အလုပ်အကိုင်အတည်တကျနဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခဲ့တဲ့ မအမရာဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ဘဝတိုးတက်ရေး အခွင့်အလမ်းတွေကို လက်လွှတ်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အညာဒေသမှာ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန် တိုက်ပွဲဝင်နေပါတယ်။

သူ့အနေနဲ့ ပထမဦးဆုံး သေနတ်ကိုင်ရတဲ့ အချိန်တုန်းက စိတ်လှုပ်ရှားရသလို တစ်ခုခုတိမ်းစောင်းချွတ်ချော်သွားလို့ တော်လှန်ရေးခရီး လမ်းခုလတ်မှာ ကျဆုံးသွားရမှာကိုလည်း စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

တော်လှန်ရေး ပြီးဆုံးသွားတဲ့အခါမှာ သူ့အနေနဲ့ လစ်ဟင်းခဲ့တဲ့ မိသားစုတာဝန်တွေကို ကျေပွန်အောင် ပြန်ပြီးထမ်းဆောင်သွားမယ်လို့ ပြောပါတယ်။

အညာဒေသမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးတဲ့အခါ ကျေးရွာထဲပိတ်မိနေတဲ့ အမျိုးသမီးတွေကို လက်နက်ခဲယမ်း၊ ရိက္ခာတွေ သယ်ခိုင်းတာမျိုးရှိသလို စစ်ကောင်စီအထိုင်ချတဲ့ စခန်းတွေမှာ ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို ထမင်းဟင်းချက်ခိုင်းတာမျိုးလည်းရှိတယ်လို့ သူက ဆိုပါတယ်။

ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ရှုတ်ချစာထုတ်တာအပြင် လက်တွေ့ထိရောက်စွာ ကူညီပေးဖို့ မအမရာက တောင်းဆိုထားပါတယ်။

https://youtu.be/NXdk0rFBlpU

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#အင်တာဗျူး
#စစ်ကောင်စီ
#တော်လှန်ရေး
#လူ့အခွင့်အရေး

#weeklyinterview
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍23❤5😁2
​​ဗန်းမော်မြို့မှာ အသက် ၁၁ အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်
=======================

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် အသက် ၁၁ အရွယ် မိန်းကလေးငယ် တစ်ဦးကို နှိပ်စက်ကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြသည်။

ဗန်းမော်မြို့ ၊ ကုက္ကိုတောရပ်ကွက် (ရှမ်းဝိုင်း) မှာ ၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ ညနေကျောင်းဆင်းပြီး အိမ်ပြန်ရောက်ချိန်တွင် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဦးလေးတော်စပ်သူက အခန်းထဲဆွဲယူပြီး ပါးစပ်ပိတ် လည်ပင်းညှစ်ကာ နှိပ်စက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်များက ယခုလိုဆိုသည်။

“ တစ်ကိုယ်လုံး ဖောရောင်နေတော့ မြွေကိုက်ထားတယ်ထင်တာ၊ ဆေးရုံရောက်လို့ စစ်ဆေးကြည့်တော့မှ အဓမ္မပြုကျင့်ခံရတယ်ဆိုတာ သိရတာ ” ဟု သတင်းရင်းမြစ်က ပြောသည်။

အဓမ္မပြုကျင့်သူမှာ အသက် ၃၇ အရွယ် အင်ခွန်မာယော် ဆိုသူဖြစ်ပြီး၊ ကလေးတစ်ယောက်ဖခင်ဖြစ်ကာ အိမ်ထောင်ကွဲနေသူဖြစ်တယ်လို့ သိရသည်။

မိန်းကလေးငယ်ကို အဓမ္မမပြုကျင့်မီ နှိပ်စက်ခဲ့သည့်အတွက် နှာခေါင်းရိုးများကျိုးကာ ခြေ၊ လက်အရိုးများကျိုးကြေပြီး သေဆုံးသွားရသည့် ဒဏ်ရာလက္ခဏာများကို မိန်းကလေးငယ်၏ခန္ဓာကိုယ်ပေါ်တွင် တွေ့ရသည်ဟု စုံစမ်းသိရှိရသည်။

အဓမ္မပြုကျင့်သူမှာ သေဆုံးသူ မိန်းကလေးငယ်၏အလောင်းကို အိမ်အနောက်ဘက် ဝါးရုံပင်တွေအောက်၌ စွန့်ပစ်ဝှက်ထားခဲ့ရာမှ ဇွန်လ ၂၈ ရက်နေ့တွင် ရှာဖွေတွေ့ရှိရပြီး ယမန်နေ့ ဇွန် ၂၉ ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ပြီလို့ သတင်းရင်းမြစ်များက ဆိုသည်။

ကျူးလွန်ခဲ့သူအား မိန်းကလေးငယ်ကိုသင်္ဂြိုဟ်ပြီးနောက်ပိုင်း ဗန်းမော်မြို့မရဲ့စခန်းတွင် (ပ) ၁၀၁/၂၀၂၃၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၇၆/၅၁၁ အရ အမှုဖွင့်ကာ စစ်ဆေးနေတယ်လို့ ဗန်းမော်ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက အတည်ပြုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- သေဆုံးသွားသည့် အမျိုးသမီးငယ် (CJ)

#mizzima
#ဗန်းမော်မြို့
#မိန်းကလေးငယ်
#အဓမ္မပြုကျင့်
#နှိပ်စက်
🤬29👍2🥰1😁1
​​Pact-Myanmar ချေးငွေလုပ်ငန်း မြန်မာနိုင်ငံကထွက်ခွာခဲ့ခြင်းမှာ PDF များကြောင့်ဆိုသည့် သတင်းအမှား
=======================

ZZ
(မဇ္ဈိမ) ။ ။ Pact-Myanmar (ပက်မြန်မာ) ချေးငွေလုပ်ငန်း မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ခြင်းမှာ PDF များကြောင့်ဟုဆိုသည့် သတင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းအဆိုမှာ မှားယွင်းနေသည်။

"စစ်သွေး" တယ်လီဂရမ် ချန်နယ်မှ ဇွန်လ ၂၇ ရက်နေ့တွင် “သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးပေါ့..." ဟုဆိုကာ Pact-Myanmar ထွက်ခွာရခြင်းမှာ မတ်လ ၄ရက်နေ့က မင်းဘူးမြို့တွင် PDF များမှ ချေးငွေကောက်ခံသူများအား စစ်ကောင်စီနှင့်ဆက်စပ်၍ ဖမ်းဆီးကာ ငွေကြေးများအား သိမ်းဆည်းခြင်း၊ အသက်အန္တရာယ်အား ခြိမ်းခြောက်ခြင်းတို့ကြောင့် မြန်မာပြည်က ထွက်ခွာရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ဆိုကာ ရေးသားဖြန့်ဝေထားသည်။

ထိုအကြောင်းသည် အခြား တယ်လီဂရမ် ချန်နယ် ၁၉ ခုတွင်လည်း ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ ၈၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။
ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။

အမေရိကန် အခြေစိုက် ချေးငွေလုပ်ငန်းဖြစ်သည့် Pact Global Microfinance Fund (PGMF) မြန်မာနိုင်ငံမှ ထွက်ခွာရခြင်းနှင့်ပတ်သက်၍ PDF များကြောင့် ဟုတ်မဟုတ် မဇ္ဈိမအချက်အလက် စစ်ဆေးသူများမှ အချက်အလက် စစ်ဆေးခဲ့သည်။

PGMF ၏ ဝက်ဆိုဒ်မှ ထုတ်ပြန်ချက်တွင် စစ်ကောင်စီမှ ၎င်းတို့အဖွဲ့အား ပြန်လည်မှတ်ပုံတင်ခိုင်းခြင်း၊ အမြတ်အချို့အား မျှဝေခိုင်းခြင်း၊ ထို့နောက်တွင် လုပ်ငန်းတစ်ခုလုံးအား စစ်ကောင်စီထံ လွှဲပြောင်းပေးရန် တောင်းဆိုချက်များကြောင့် ရပ်နားခဲ့ရခြင်း ဖြစ်ကြောင်းကို ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ PDF များ၏ ခြိမ်းခြောက်မှုကြောင့်ဟု မပါဝင်ချေ။ လင့် - https://bit.ly/3NROF4i

အလားတူပင် PGMF နှင့် ဆက်စပ်သည့် Pact Myanmar မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကို လွတ်လပ်သည့် သတင်းဌာနများတွင်လည်း သတင်းဖော်ပြခဲ့ကြသည်။ ထိုဖော်ပြမှုများတွင် မြန်မာအာဏာပိုင်များက အသင်းအဖွဲ့ ပြန်လည်မှတ်ပုံတင်ခိုင်းခြင်း၊ အမြတ်အချို့ကို မျှဝေပြီးနောက်ပိုင်း လုပ်ငန်းတစ်ခုလုံး လွှဲပြောင်းပေးရန် တောင်းဆိုခြင်းများကြောင့် ချေးငွေလုပ်ငန်းကို ရပ်နားလိုက်ရကြောင်း တညီတညွတ်တည်း ဖော်ပြကြသည်။
လင့် - https://bit.ly/3CRxJoc , https://bit.ly/3PEg5fo , https://bit.ly/3NBygiS

အချက်အလက် စစ်ဆေးသည့်အဖွဲ့တစ်ခုဖြစ်သည့် Fact Crescendo Myanmar မှလည်း ဇွန်လ ၃၀ ရက်နေ့တွင် Pact Myanmar လုပ်ငန်းပိတ်သိမ်းခြင်းသည် NUG၊PDF များကြောင့်ဆိုသည်မှာ သတင်းမှားသာဖြစ်ကြောင်း ဖော်ပြထားသည်။ လင့် - https://shorturl.at/djxV2

စစ်သွေး မှ ဖြန့်ဝေထားသည့် မတ်လ ၄ ရက်နေ့က ဖြစ်စဉ်မှာ မင်းဘူး မြို့နယ်တွင် PDF အနောက်ပိုင်းတိုင်း တပ်ခွဲမှ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသော ငွေချေးလုပ်ငန်းများဖြစ်သည့် Pact Myanmar နှင့် BG Microfinance ငွေချေးလုပ်ငန်းများအား စစ်ဆေးမေးမြန်းခဲ့ပြီး စာရွက်စာတမ်း၊ ဖုန်းကဒ်၊ ဖုန်းနှင့် ငွေကျပ်သိန်း ၅၀ ကျော်ကို သိမ်းဆည်းခဲ့သည့်ဖြစ်စဉ် ဖြစ်သည်။

မင်းဘူး မြို့နယ်တွင် စစ်တပ် ထုတ်ကုန်များ၊ စစ်တပ်နှင့် ပတ်သက်မှုရှိသည့်‌ ချေးငွေလုပ်ငန်းများကို ပြည်သူများ ခက်ခဲနေချိန် တော်လှန်ရေးကာလအတွင်း ပိတ်ပင်ထားပြီး မလိုက်နာသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးရခြင်းဖြစ်ကြောင်း မဲခေါင်သတင်းမှာ ဖော်ပြထားသည်။
လင့် - https://bit.ly/3Xx6IQl

ဒေသခံကာကွယ်ရေးတပ်များ၏ ဖမ်းဆီးမှုမှာ မင်းဘူး မြို့နယ်တွင်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ချေးငွေကောက်ခံခြင်းကို ပိတ်ပင်ခြင်းဖြစ်သည်။

PGMF ၏ ထုတ်ပြန်ချက်တွင် PDF များကြောင့်ဟု မပါဝင်ဘဲ စစ်ကောင်စီ၏ တောင်းဆိုချက်များကြောင့်ထွက်ခွာရခြင်းဖြစ်သည်။ ထို့ကြောင့် PDF များကြောင့် Pact Myanmar လုပ်ငန်းများ မြန်မာနိုင်ငံမှ ထွက်ခွာရခြင်းမှာ သတင်းအမှားသာ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာမူတည်းဖြတ် ။ ။ သန့်ဇော်

#Misinformation_Buster
#Fake_News
#Pact_Myanmar
#Microfinance
http://www.mizzimaburmese.com/article/130270
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁7🖕2
ဒီတစ်ပတ်ရဲ့ My india အစီအစဉ်မှာ
=============

ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ

-နေက ကမ္ဘာကိုတစ်ပတ်လည်တဲ့ နှစ်တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ ဘိုင်ဆာခီပွဲတော်ကို အိန္ဒိယတွင်ကျင်းပ

-အိန္ဒိယလူမျိုးများနဲ့ ကမ္ဘာလှည့်ခရီးသည်များက တာ့ဂျ်မဟာ အပါအဝင် အထင်ကရ အဆောက်အအုံများသို့ လာရောက်ကြကာ ကမ္ဘာ့အမွေအနှစ်နေ့ကို ဆင်နွှဲခဲ့ကြ

-Apple ရဲ့ CEO တင်မ်ကွတ်ခ်က ကုမ္ပဏီရဲ့ ပထမဆုံး လက်လီအရောင်းဆိုင်ကို အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ဖွင့်လှစ်ခဲ့

-အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကောင်စီက ယဉ်ကျေးမှုဝန်ကြီးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာနများနှင့် ပူပေါင်းကာ အိန္ဒိယနိုင်ငံရဲ့ မြို့တော်မှာ ၂ရက်ကြာ ထိပ်သီးဆွေးနွေးပွဲကိုကျင်းပ

-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတတ်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/IcVbWy0I5ZU

#myindia
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥1