Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဖျူထိုင်းပါတီက ထိုင်းဝန်ကြီးချုပ်နေရာကို ရယူဖွယ် ရှိ
=================

ထိုင်းရွေးကောက်ပွဲ၌ အနိုင်ရသော ရှေ့သို့ချီပါတီ၏ ခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရတ်က ဝန်ကြီးချုပ်ဖြစ်ရန် လွှတ်တော်အမတ်များ၏ လုံလောက်သည့် ‌ထောက်ခံမှု မရရှိပါက ရှေ့သို့ချီပါတီအနေဖြင့် ဘေးဖယ်နေပြီး အစိုးရသစ်ဖွဲ့ရေးတွင် ဖျူထိုင်းပါတီက ဦးဆောင်မှုကို ခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း ဖျူထိုင်းပါတီမှ သတင်းရင်းမြစ်များအရ သိရသည်။

အပြန်အလှန်အနေဖြင့် ဖျူထိုင်းပါတီကလည်း ရှေ့သို့ချီပါတီမှ အောက်လွှတ်တော် ဥက္ကဋ္ဌနေရာ ယူခြင်းကို ခွင့်ပြုပေးလိမ့်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ အောက်လွှတ်တော်သည် ဥက္ကဋ္ဌသစ်နှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦး ရွေးချယ်ရန် အင်္ဂါနေ့တွင် စည်းဝေးမည် ဖြစ်သည်။
👍18🍌3🔥1
​​ဆရာတော် ဦးသောဘိတ ထောင်လွတ်ရက်စေ့ပြီးနောက် ပျောက်ဆုံးအဆက်အသွယ်ပြတ်
====================

007
(မဇ္စျိမ)။ ။ လူ့အခွင့်အရေးလှုပ်ရှားသူ မန္တလေးမြို့က ဆရာတော်ဦးသောဘိတသည်၊ ထောင်လွတ်ရက်စေ့သော်လည်း အပြင်ရောက်မလာဘဲ ပျောက်ဆုံးအဆက်အသွယ်ပြတ်နေသည်မှာ ၁၀ ရက်ရှိပြီဖြစ်သဖြင့် မိသားစုက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

"၂၀ ရက်နေ့က ဦးဇင်းလေးလွတ်မယ်ဆိုလို့၊ မိသားစုကသွားကြိုကြတယ်၊ တစ်နေသာကုန်သွားတယ် လွတ်မလာဘူး၊ ပျောက်နေတာ ဒီနေ့နဲ့ဆိုရင် ၁၀ ရက်ရှိပြီ၊ မိသားစုတွေတအားစိတ်ပူနေကြတယ်" ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဆရာတော်ဦးသောဘိတ(အလင်္ကာကြယ်)သည်၊ ဇွန်လ ၂၀ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာမည်ဖြစ်ကြောင်း ထောင်တွင်းသတင်းအရ၊ ထိုနေ့က မိသားစုကသွားရောက်စောင့်ကြိုခဲ့သော်လည်း ထောင်မှပြန်ထွက်လာသည်ကိုမတွေ့ရကြောင်း၊ ထောင်တွင်း၌လည်း မရှိတော့ကြောင်း၊ မည်သည်နေရာ ခေါ်ဆောင်သွားမှန်းမသိရသလို၊ မိသားစုနှင့်ပါအဆက်အသွယ်ပြတ်နေသဖြင့် ၎င်း၏အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ကြောင်း သံဃသမဂ္ဂ(မန္တလေး)ကလည်း သတင်းထုတ်ပြန်ထားသည်။

ဆရာတော်ပျောက်ဆုံးနေမှု လက်ရှိအခြေအနေနှင့်ပတ်သက်၍ သံဃသမဂ္ဂ(မန္တလေး)ထံ ဆက်သွယ်မေးမြန်းကြည့်ရာ "ဦးဇင်းတို့လည်း သေချာမသိရသေးပါဘူး၊ ဦးသောဘိတအတွက်စိတ်ပူနေတယ်" ဟု တာ၀န်ရှိရဟန်းတော်တစ်ပါးက မဇ္ဈိမကိုမိန့်သည်။

ဆရာတော်ဦးသောဘိတ(အလင်္ကာကြယ်)သည်၊ ကြံ့ခိုင်ရေးအစိုးရလက်ထက်မှစ၍ စစ်အာဏာသိမ်းမခံရခင်အထိ၊ တရားဥပေဒစိုးမိုးရေးနှင့်လူ့အခွင့်အရေးအတွက်လှုပ်ရှားဆောင်ရွက်ခဲ့သည့် မန္တလေးမြို့က လူသိများသောရဟန်းတော် တစ်ပါးဖြစ်သည်။

ဆရာတော်ကို စစ်အာဏာသိမ်းသည့်နေ့ နံနက် ၄ နာရီခန့်တွင်၊ စစ်အုပ်စုက ဆရာတော်သီတင်းသုံးရာကျောင်းတိုက်သို့ ၀င်ရောက်ဖမ်းဆီးသွားပြီး၊ မန္တလေးဗဟိုအကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့သည်။

ထို့နောက်၊ ၂၀၁၈ ခုနှစ်က စစ်တပ်ကစွဲဆိုထားသော ပုဒ်မ ၆၆(ဃ)အမှုအတွက် ထောင်ဒဏ် နှစ်နှစ်နှင့် ထောင်တွင်းတရားရုံးကစွဲဆိုထားသော ပုဒ်မ ၅၀၅(က)အမှုအတွက် နောက်ထပ်ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းထောင် လေးနှစ် ချခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လူ့အခွင့်အရေးဆရာတော်
#ဦးသောဘိတ #မန္တလေးဗဟိုအကျဉ်းထောင်
#လွတ်ရက်စေ့
#အလင်္ကာကြယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🙏12🔥4👍2❤1😁1
​​မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံ အာဆီယံက ကူညီရေးပစ္စည်းများ ပေးပို့
====================

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုခါ၏ သက်ရောက်မှု ကြုံနေသော မြန်မာပြည်သူများထံ အာဆီယံပြည်သူများထံမှ အကူအညီပစ္စည်းများ နောက်ထပ်တစ်သုတ်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက ပေးပို့ထားကြောင်း အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားက ပြောသည်။

ရန်ကုန်သို့ ပေးပို့သော အဆိုပါ ပစ္စည်းများတွင် အရေးပေါ် ခိုလှုံရေးပစစ္ည်းများနှင့် ရေသန့်စနစ်တို့အပါအဝင် အမေရိကန်ဒေါ်လာ ၃၇,၈၀၀ တန်ဖိုး ရှိကြောင်း သိရသည်။ အဆိုပါ ပစ္စည်းများကို မလေးရှားနိုင်ငံ ဆူဘန်းရှိ အာဆီယံ သဘာဝဘေး အရေးပေါ်ခန့်ခွဲစနစ် DELSA ကုန်လှောင်ရုံမှ အင်ဒိုနီးရှား၏ စစ်လေယာဉ်ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ၏ ဇွန် ၃၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
❤7😁3👍1🔥1
အမေဖြစ်သူကသမီးအဖြစ်ကနေစွန့်လွတ်တာခံခဲ့ရတဲ့ ထိုင်းမင်းသမီး Pimprapa | Cele City - Episode 25
==================

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 -အမေဖြစ်သူကသမီးအဖြစ်ကနေစွန့်လွတ်တာခံခဲ့ရတဲ့ ထိုင်းမင်းသမီး Pimprapa

👉 တရုတ်အဆိုတော် CaiXuKun က မိန်းကလေးတစ်ယောက်ကို ကိုယ်ဝန်ဖျက်ချဖို့ ဖိအားပေးခဲ့

👉 တောင်ကိုရီးယား မင်းသား Lee Jangwoo ရဲ့ Dating သတင်း

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

https://youtu.be/aogOJ09wr-c

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6❤2😁1🌭1
​​ကနီမြို့နယ်တွင် စစ်ဘေးရှောင် ကလေးငယ် ၂,၀၀၀ ကျော်ကို
သန်ချဆေး တိုက်ကျွေး
====================

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဇွန်လ ၁ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁ ရက်နေ့အထိ ကျေးရွာ ၃၁ ရွာအားလှည့်လည်ပြီး အသက် နှစ်နှစ်မှ ရှစ်နှစ်အထိ ကလေးသူငယ် ၂,၀၅၅ ဦးကို သန်ချဆေး တိုက်ကျွေးခဲ့ ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဦးဆောင်သူကပြောကြားသည်။

ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုနှင့်အတူ ဒေသခံပြည်သူများ ဦးဆောင်၍ ယခုကဲ့သို့ ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှာက်မှုများပေးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ သန်ချဆေးတိုက်တာက စစ်ဘေးရှောင်ရတဲ့ရွာတွေကို ဦးစားပေးတိုက်တာ၊ ကနီနယ်မှာ စစ်ဘေးရှောင်ခဲ့ရတဲ့ရွာက ၁၀၀ ကျော်ရှိတယ်။ ဒီရွာတွေ အကုန် ဆေးတိုက်ဖို့ဆိုရင် အလှူရှင်တွေရဲ့ ကူညီမှုတွေ များစွာလိုပါလိမ့်မယ်။ ဘယ်သူတွေက ခိုင်းလို့ ၊ ညွှန်ကြားလို့ ကျွန်တော်တို့ လုပ်တာ မဟုတ်ပါဘူး ။ ကိုယ့်အသိစိတ်နဲ့ လုပ်သင့်တဲ့အရာကို ကျွန်တော်တို့လုပ်ကြတာပါ" ဟု ကနီမြို့နယ် သပိတ်အင်အားစုဦးဆောင်သူက မဇ္ဈိမ ကိုပြောသည်။

ကနီမြို့နယ်အတွင်း စစ်ဘေးရှောင်ခဲ့ရသည့် ကျေးရွာများမှ ကလေးငယ် ၅,၀၀၀ ကျော်ကို သန်ချဆေးတိုက်ကျွေးဖို့ ရည်ရွယ်ထားပြီး သန်ချဆေးတစ်လုံးအတွက် သယ်ယူခအပါအဝင် ၄၀၀ ကျပ် ကုန်ကျကာ ဆေးအလုံး ၃,၀၀၀ အတွက် ငွေကျပ် ၁၂ သိန်းကျော် ကုန်ကျခဲ့ကြောင်း ကနီမြို့နယ် သပိတ်အင်အားစု ဦးဆောင်သူက ဆိုသည်။

ကနီမြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အခမ်းအနားများကို ပုံစံမျိုးစုံနှင့်ကျင်းပခဲ့သလို ဇွန်လ ၂၁ ရက်နေ့တွင်လည်း ကျေးရွာ လေးရွာ စုပေါင်းကာ ဆုတောင်းသပိတ်ကိုကျင်းပခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု

#Mizzima
#ကနီမြို့နယ်
#စစ်ဘေးရှောင်
#ကလေးငယ်
#သန်ချဆေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤9🔥2
​​အင်းတော်တွင် စစ်ကောင်စီစစ်ကြောင်းက Non CDM ကျောင်းအုပ်ကြီး အပါအဝင် ၄ဦးကို အထုပ်များထမ်းရန် ခေါ်သွား
====================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် Non CDM ကျောင်းအုပ်ကြီး အပါအဝင် ဒေသခံ လေးဦးကို စစ်ကောင်စီစစ်ကြောင်းက အထုပ်များထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Indaw Revolution – IR ထံက သိရသည်။

ယနေ့ ဇူလိုင်လ ၁ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်မြို့နယ် နဘားရွာမှ အင်းတော်မြို့ဘက်သို့ စစ်ကြောင်းခေါက်လာသော အင်အား ၂၀၀ခန့်ပါ စစ်စီတပ်စစ်ကြောင်းက အခြေခံပညာထက်တန်းကျောင်း( ခွဲ) နဘားတွင် တာဝန်ထမ်းဆောင်လျက်ရှိသော Non CDM ကျောင်းအုပ်ကြီးနှင့် နားရခေါင်ရွာသား သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု IR Team မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

“နဘားကျောင်းအုပ်ကြီးက CDM မလုပ်တဲ့ ကျောင်းအုပ်ကြီးဖြစ်တယ်လို့ စစ်ကောင်စီတပ်တွေကို ပြောသေးတယ်။ စကစတွေက ကျောင်းအုပ်ကြီးလည်းနားမလည်ဘူး CDMလုပ်လုပ်၊ မလုပ်လုပ် အထုပ်ထမ်းလိုက်ခဲ့ဆိုပြီး ဖမ်းခေါ်သွားတာပါ။ သူနဲ့အတူ လယ်လုပ်နေတဲ့ နားရခေါင်ရွာသားသုံးယောက်လည်း ပါသွားသေးတယ်” ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် အင်းတော်မြို့သို့ရောက်ရှိသွားသည့် ထိုစစ်ကောင်စီတပ်သည် နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့သည် စက်ကုန်းဘုန်းကြီးကျောင်းတွင် တပ်စွဲကာ ကျန်အင်အား၇၀ခန့်ပါ တစ်ဖွဲ့သည် နန့်သာရွာဘက်သို့ ဦးတည်ထွက်ခွာနေကြောင်း သိရသည်။

“ကျောင်းအုပ်ကြီးက ပညာရေးမှူးရုံးက အာမခံလို့လွတ်ခဲ့ပြီ။ ဒီနေ့ သုံးနာရီလောက်ကလွတ်တာပါ။ အဲ့လယ်သမား သုံးယောက်က မလွတ်သေးဘူး” ဟု Indaw Revolution – IRမှ တာဝန်ရှိက ဆက်လက်ပြောပြသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော်လည်း လိုအပ်လာရင် အထုပ်ထမ်းခိုင်းရုံသာမက လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နိုင်သဖြင့် မိဘပြည်သူများအနေဖြင့် အသွားအလာ သတိထားနေထိုင်ကြရန် Indaw Revolution – IR က အသိပေးတိုက်တွန်းထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#Non CDM ကျောင်းအုပ်ကြီး
#အင်းတော်မြို့နယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁17👍8🔥3
"ထိကပါးရိကပါး"
============

လိင်ဆိုင်ရာ စော်ကားမှုတွေ ခံနေရပါသလား?
ဘယ်လို တားဆီးကာကွယ်ကြမလဲ?
"ဘာလိုလို့လဲ"
ဇာတ်လမ်းတွဲမှ
"ထိကပါးရိကပါး"
ဆိုတဲ့ နောက်ထပ် ဇာတ်လမ်းတိုတပုဒ်
ကုမ္ပဏီမှာ ဩဇာရှိတဲ့ မန်နေဂျာရဲ့ လိင်ဆိုင်ရာ စော်ကားမှုတွေကို
တုန့်ပြန်ကာကွယ်ဖို့ ကြိုးစားတဲ့ ဇာတ်လမ်းလေး.....
ကုမ္ပဏီတွေမှာ လိင် အမြတ်ထုတ်မှု၊ လိင်ဆိုင်ရာ စော်ကားမှုတွေကို
ကာကွယ်တားဆီးတဲ့ မူဝါဒတွေ ရှိရုံနဲ့ လုံလောက်ပါပြီလား ...
ဆိုတာကို တင်ဆက်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။
အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။
အောက်ပါလင့်တွေမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/mNhJKf6WHdI
👍5🌭3🍌1
​​အရှေ့တီမောအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ မြန်မာနိုင်ငံကိုယ်စားပြု NUG နိုင်ငံခြားရေးဝန်ကြီး တက်ရောက်
==================

မဇ္ဈိမ
အရှေ့တီမော အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ( NUG )နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကိုယ်တိုင် တက်ရောက်ခဲ့သည်ဟု NUG နိုင်ငံခြားရေးက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

အာဆီယံနိုင်ငံတစ်ခုဖြစ်သည့် အရှေ့တီမောနိုင်ငံ၏ အစိုးရသစ်၏
ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အရှေ့တီမောနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေး ရားမို့စ်ဟော်တာ က မ်ိန့်ခွန်းပြောကြားရာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် NUG အစိုးရ၏ ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်တို့ကို ထည့်သွင်းနှုတ်ဆက်သွားခဲ့ကြောင်း NUG နိုင်ငံခြားရေးက ထုတ်ပြန်သည်။

၂၀၂၂ခုနှစ် နိုဝင်ဘာလ၌ အရှေ့တီမောနိုင်ငံသည် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများအတွင်း အာဆီယံခေါင်းဆောင်များက ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် မူအားဖြင့် သဘောတူခဲ့ကြသည်။

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#mizzima
#ဒေါ်ဇင်မာအောင်
#NUG
#အရှေ့တီမော #အစိုးရသစ်
#ကျမ်းသစ္စာကျိန်ဆိုပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26❤10😁2👏1🤮1
စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေမှုများကိုရပ်ဖို့ တရုတ်ကို NUCC သတိပေး | Weekend News Roundup
===================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ အမေရိကန်နဲ့အိန္ဒိယရဲ့တောင်းဆိုချက် စစ်ကောင်စီကန့်ကွက် တဲ့သတင်း

-စစ်ကောင်စီနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှုများကိုရပ်ဖို့ တရုတ်ကို NUCC သတိပေးတဲ့ သတင်း

-ဝဂ္ဂနာပုန်ကန်မှုကပြသခဲ့တဲ့ ပူတင်ရဲ့အားနည်းချက်အပေါ် တရုတ်စိတ်ပျက်လက်ပျက်ဖြစ် တဲ့သတင်း

-ပုန်ကန်မှုကြောင့် ပူတင်အကြောက်လွန်ပြီး ပုန်းနေလောက်ပြီဖြစ်ကြောင်း ဇီလန်စကီးပြော တဲ့သတင်း

-နယ်မြေမတည်ငြိမ်မှုနှင့် ကုန်ကျစရိတ် မြင့်တက်နေမှုတို့ကြောင့် မိုးစပါးစိုက်ပျိုးရန် အခက်ကြုံနေ တဲ့ သတင်း

-ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ မြန်မာကို FATF တိုက်တွန်းတဲ့သတင်း

https://youtu.be/4ScWFyMD-3A

#weekendnewsroundup
#mizzimatv

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍23😁2🤣1
​​မန္တလေးတွင် သွေးသောက်အဖွဲ့က အရပ်သား ၂ ဦးအား သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်
=====================

007
မဇ္စျိမ။ ။ မန္တလေးမြို့၊ ကန်တော်ကြီးပတ်လမ်း Denko ဆီဆိုင်အနီးတွင်၊ ယမန်နေ့က သွေးသောက်တံဆိပ် လည်ဆွဲကတ်ပြားချိတ်ဆွဲထားသော ပိုင်ရှင်မဲ့အမျိုးသားအလောင်း နှစ်လောင်းတွေ့ရှိမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"မနက် ၉ နာရီလောက်ကတွေ့တာ၊ အလောင်းတွေမှာ ကျည်ဆန်ရာနဲ့ထိုးသွင်းဒဏ်ရာတွေတွေ့ရတယ်၊ သွေးသောက်တံဆိပ်ကတ်ပြားလည်းလည်ပင်းချိတ်ထားတယ်၊ သွေးသောက်အဖွဲ့လက်ချက်ဆိုတာ သိစေချင်လို့ ချိတ်ခဲ့တာဖြစ်မယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
အလောင်းတွေ့ရှိသည့်နေရာသည်၊ ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်အစပ်ကြား၊ ကန်တော်ကြီးပတ်လမ်းနှင့် ရှမ်းကလေးကျွန်း ကျေးရွာအနီးဖြစ်ပြီး၊ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့နံနက် ၉ နာရီခန့်တွင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းနှစ်လောင်းစလုံး အသက်သုံးဆယ်အရွယ်အမျိုးသားများဖြစ်ပြီး၊ သွေးသောက်အဖွဲ့အမှတ်တံဆိပ် လည်ဆွဲကတ်ပြားချိတ်ဆွဲထားလျက်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ NLD ပါတီ၀င်တချို့ကို၊ သွေးသောက်အဖွဲ့က မကြာခဏရှင်းလင်းနေခြင်းဖြစ်ကြောင်း စစ်အုပ်စု၏တယ်လီဂရမ်ချန်နယ်များကလည်း ဖော်ပြကြသည်။

မန္တလေးမြို့တွင်၊ ဇွန်လ ၂၄ ရက်နေ့က၊ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်မှ ရာအိမ်မှူးဦးမြတ်ထူးနှင့်သားဖြစ်သူရဲမြင့်မိုရ်ထူးတို့ သေနတ်ပစ်ခံရပြီး၊ ရာအိမ်မှူးကပွဲချင်းပြီးသေဆုံး၊ သားဖြစ်သူက ပြင်းထန်ဒဏ်ရာများဖြင့်ဆေးရုံတက်ကုသမှုခံယူနေရသည့်ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲဲ့သည်။

"အဲဒီကိစ္စနဲ့ပတ်သက်မယ်ထင်တာပဲ၊ ရာအိမ်မှူးသားအဖအပစ်ခံရပြီး တစ်ပတ်လောက်အကြာမှာ၊ အရပ်သားနှစ်ယောက်ကိုသတ်ပြလိုက်တာပဲ၊ အရင်ကလည်း ဒါမျိုးဖြစ်ဖူးတယ်" ဟု လက်ရှိစစ်ရေးသတင်းများ လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင်၊ ပြီးခဲ့သည့်ဧပြီလကလည်း၊ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်မှ ရာအိမ်မှူးနှစ်ဦး လက်ဖက်ရည်ဆိုင်အတွင်း ပစ်သတ်ခံခဲ့ရပြီးနောက်၊ တစ်ပတ်ခန့်အကြာတွင်၊ အဆိုပါနေရာအနီး သွေးသောက်ကတ်ပြားချိတ်ဆွဲထားသော ပိုင်ရှင်မဲ့ အမျိုးသား အလောင်းနှစ်လောင်းတွေ့ရှိမှုဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍လည်း၊ NLD ပါတီထောက်ခံသူနှစ်ဦးအား သွေးသောက်အဖွဲ့ကသတ်ဖြတ်ခြင်းဖြစ်ကြောင်း စစ်အုပ်စုက သတင်းဖြန့်ခဲ့ပြီး၊ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိခဲ့ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မန္တလေး
#သွေးသောက်အဖွဲ့
#စစ်အုပ်စု
#ကန်တော်ကြီးပတ်လမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬25👍7❤1😁1
​​ဇွန်လအတွင်း ရန်ကုန်မြို့၌ စစ်ရေးပစ်မှတ် ၁၀ ခုထက်မနည်း တိုက်ခိုက်ခံရ
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင် ဇွန်လအတွင်း စစ်ရေးပစ်မှတ် ၁၀ ခုထက်မနည်း တိုက်ခိုက်ခံရကြောင်း မဇ္ဈိမ၏ စုံစမ်းချက်အရ သိရသည်။

ထိုအထဲတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း၊ ရဲစခန်း၊ အခွန်ဦးစီးမှူးရုံး ၊ တရားဥပဒေရုံး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ကြံ့ဖွံ့ရုံး နှင့် လျှပ်စစ်မီတာရုံးတို့ ပါဝင်ပြီး စစ်ကောင်စီအားပေးထောက်ခံကာ တော်လှန်ရေးတွင် ပါဝင်သူများအား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းသူများလည်း ပစ်ခတ်ရှင်းလင်းခံရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

တော်လှန်ရေး နှစ်နှစ်ကျော်ကာလ ၂၀၂၃ ခုနှစ် ပထမ ခြောက်လ အတိုင်းအတာအတွင်း ရန်ကုန်တွင် မြို့ပြပြောက်ကျားများ၏ တိုက်ခိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ကိုဒေဝ က မဇ္ဈိမ ကို ပြောသည်။

"နှစ် နှစ်ကျော်ကာလမှာ မြို့ပြပြောက်ကျားတွေရဲ့ လုပ်ဆောင်မှုက အားရကျေနပ်စရာရှိတယ်။ ထိရောက်မှုရှိတယ်လို့မြင်တယ်။ မြို့ပြပြောက်ကျားတွေက ရန်သူ့နယ်မြေထဲမှာ လှုပ်ရှားရတာဖြစ်လို့ တစ်နေ့ထက် တစ်နေ့တော့ ခက်ခဲလာတာတွေရှိတယ်။ ဒီကာလမှာ တိုက်ခိုက်မှု အကြိမ်အရေအတွက်တွေ လျော့ကျလာပေမယ့် ပစ်မှတ်နဲ့ တိုက်ခိုက်မှုတွေအကုန်လုံးကတော့ ရန်သူ့ဘက်က မလုံခြုံတော့ဘူးဆိုတာကို ခံစားမိစေတယ်။" ဟူ၍ ပြောသည်။

ဇွန်လအတွင်း မြို့ပြပြောက်ကျားများဘက်မှ စစ်ကောင်စီတပ် လက်အောက်ခံအဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်သော အဆောက်အဦ ၁၀ ခုကျော် တိုက်ခိုက်မှုတွင် ကျောက်တံတားမြို့နယ်ရှိ အခွန်ရုံးအား ဇွန်လ ၅ ရက်က Brave Eagles(UG) အဖွဲ့က တိုက်ခိုက်နိုင်ခဲ့ပြီး Non CDM ဒုဦးစီးအရာရှိ၊ ဝန်ထမ်းသုံးဦးနှင့် အခွန်လာဆောင်သည့် ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသည့်ဖြစ်စဉ်မှာ ထင်ရှားသည်။
ထိ
ု့အတူ ဇွန်လအတွင်းတွင် စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ တပည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးအရာရှိချုပ်၊(Chief of Security Division) ဖြစ်သူ ဗိုလ်မှူးဟောင်းရဲခိုင်ကို Urban Owls ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ၁၉ ရက်နေ့ ၊ည ၇း၀၀ အချိန်တွင် ပစ်ခတ်ရှင်းလင်းသုတ်သင်ရာ သေဆုံးခဲ့သည်။

အလားတူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဇွန်လ ၂၃ ရက် ည ၇ နာရီဝန်းကျင်က ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်၊ မြို့နယ် YMBA ဥက္ကဋ္ဌ ဦးလှကြည်ဆိုသူ Dagon Seikkan PDF ၏ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည်။

ယခုတွင် ရန်ကုန်မြို့၌ မြို့ပြပြောက်ကျားတပ်ဖွဲ့များတည်ရှိနေသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန် PDF တပ်ရင်း( ၅၁၀၁ )ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

တော်လှန်ရေးအမြန်ပြီးဆုံးရန်နှင့် ကိုယ့်မြို့ကိုယ်ပိုင်ကြောင်း ပြသနိုင်ရန် ပြည်သူများမှ တော်လှန်ရေး ရဲဘော်များအား ထောက်ပို့၊ ကူညီဖေးမရန်လိုအပ်ကြောင်းကိုလည်း ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ကိုဒေဝ က တိုက်တွန်းသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တော်လှန်ရေး
#PDF #မြို့ပြပြောက်ကျား
#ရန်ကုန်မြို့
#စစ်ရေးပစ်မှတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍54❤2🔥1😁1
ဇူလိုင်လ (၂) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ပုပ္ပါးတောင်မှာ ပုပ္ပါးမျောက်မြီးရှည် စာရင်းကောက်ယူနေတဲ့သတင်းနဲ့အတူ

မီးရှို့ခံလိုက်ရတဲ့ အိမ်ရာမဲ့ရဲ့ ကြွေးပူသောကအကြောင်း သတင်းလွှာအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ တပတ်အတွင်း စီးပွားရေးသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဏဖြစ်တဲ့ "သံစဉ့်အိမ်အစီအစဉ်" ကိုထုတ်လွှင့်ပေးသွားမှာပါ။

အခုပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို ကိုမင်းလတ်နဲ့အတူ တင်ဆက်ပေးပါတော့မယ်။

https://youtu.be/7EqN_-dYTO8

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12😁2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁ ဇူလိုင် ၂၀၂၃) 
========================

စစ်ကောင်စီမှ လက်လွှတ်ရနီးပါးဖြစ်နေသည့် ကရင်နီပြည်နယ်ကို ပြန်လည်စိုးမိုးနိုင်ရန်အတွက် အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်နေသော်လည်း ၎င်းတို့၏ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင့် တော်လှန် ရေးတပ်ဖွဲ့မှ တရားဝင်ပြောဆိုထားသည်။ယင်းကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန် လာဖွယ်ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤14👍13😁2
​​"တရားမျှတမှုအတွက် တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိ" စာ တန်းကိုင်စွဲပြီး ကြံခင်းမြို့နယ်မှာဆန္ဒပြ
================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသ ပိတ်ကော်မတီမှဦးဆောင်ပြီး စစ့အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်များက "ငါတို့နိုင်မဲ့ပွဲ"တရားမျှတမှုအတွက် တိုက်ပွဲဝင်ရုံမှတပါး အ ခြားမရှိ"စာသားပါ ဘန်နာအားကိုင်ဆွဲကာ ကြံခင်းမြို့တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သ ပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယခုဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၁၁၇)ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#ဆန္ဒပြ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤21👍9🔥1😁1
နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုများ တွေ့ဆုံ
👍24❤7🤣2😁1