ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကြောင့် ဒေသခံ ရာချီပြီး ကျူးကျော်လို့ စွပ်စွဲဖယ်ရှားခံရ
====================
အယ်ဒီတာထံပေးစာ
ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စေခိုင်းချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ သူတို့ရဲ့ လက်အောက်ခံတွေဟာ မော်လမြိုင်ကျွန်းမြို့ ဒေသခံ ၁၀၀ ကျော်ကို ကျူးကျော်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ဖယ်ရှားခဲ့ပါတယ်။
အထက်ညွှန်ကြားလို့ဆိုပြီး မော်လမြိုင်ကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသီဟဇော်နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး မော်လမြိုင်ကျွန်းမြို့အရှေ့ဘက်ကမ်းနားက သောင်တိုးမြေပေါ်မှာနေထိုင်တဲ့ ပြည်သူတွေကို အတင်းအကျပ် အမိန့်ပေးပြီး နေအိမ်တွေဖျက်သိမ်းစေခဲ့တာပါ။
ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို လိပ်မူပြီး မော်လမြိုင်ကျွန်းမြို့က စစ်ကောင်စီဒေါက်တိုင် ဆန်စက်ပိုင်ရှင် ခရိုနီတွေက သောင်တိုးမြေပေါ်က ကျူးကျော်တွေကို ဖယ်ရှားသင့်ကြောင်း တိုင်ကြားခဲ့တာကို ကျွန်တော်တို့ သိခဲ့ရပါတယ်။
တစ်ကယ်တော့ ကျွန်တော်တို့က ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရဲ့ အကြီးပိုင်းတွေက သောင်တိုးမြေကို အကွက်ရိုက်ရောင်းလို့ ယုံကြည်စိတ်ချပြီး ဝယ်ယူနေထိုင်မိကြသူတွေပါ။
ဝယ်ယူနေထိုင်ပြီး နောက်ပိုင်းမှာလည်း အဲ့ဒီ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတွေနဲ့ အာဏာပိုင်တွေက ကျွန်တော်တို့ကို ခဏခဏ ဖယ်ခိုင်းပါတယ်။ အဲ့အချိန်မှာ ကျွန်တော်တို့က ငွေပေးလိုက်ရင် ထပ်ပြီး မဖယ်ခိုင်းဘဲ ဆက်လက် နေခွင့်ပြုပါတယ်။ တနည်းအားဖြင့် သူတို့ရောင်းတဲ့ မြေပေါ် နေတဲ့သူကို နေထိုင်ခွင့်အတွက် ဆက်လက်ခြိမ်းခြောက်ပြီး တစ်ဖက်လှည့်နဲ့ ငွေညှစ်ခဲ့ကြတာပါ။
အခုကျွန်တော်တို့ မိုးရာသီကာလ မိုးထဲရေထဲမှာ ဒုက္ခရောက်နေကြရပါတယ်။ တိုင်ကြားကြတဲ့ ဆန်စက်ပိုင်ရှင်တွေကလည်း သောင်တိုးမြေနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အကျိုးစီးပွားမျှော်ကိုးပြီး အခုလို တိုင်ကြားတယ်လို့ ကြားသိရပါတယ်။
တိုင်ကြားစာထဲမှာတော့ အများနဲ့သက်ဆိုင်တဲ့ ဓာတ်အားခွဲရုံ၊ ကုန်စိမ်းစျေး၊ ပန်းခြံ၊ အားကစားကွင်းစတဲ့ အများအကျိုးရှိတဲ့လုပ်ငန်းတွေကို သောင်တိုးမြေအရပ်မှာ ပြုလုပ်သင့်တဲ့အကြောင်းတွေ၊ ကျူးကျော်မှုကို လက်ခံထားမယ်ဆိုရင် ရာဇူဒိုင်မြစ်အတွင်း တုတ်ရိုက်ဆည်ဖို့ခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်းနဲ့ တိုးချဲ့ခြင်းများပြုလုပ်မှုကြောင့် ရာဇူဒိုင်မြစ်ပျောက်တော့မယ် ဆိုတဲ့အကြောင်းတွေရေးသားထားတယ်လို့သိရပါတယ်။
တိုင်ကြားသူတွေကတော့ ရွှေပြည်ကျော်ဆန်စက်ပိုင်ရှင် ဦးဝင်းထွန်း၊ တိမ်တံခွန်ဆန်စက်ပိုင်ရှင် ဦးသိန်းစိုးဦး၊ ထိပ်တန်းဆန်စက်ပိုင်ရှင် ဦးညွန့်လွင်၊ ဧက္ကရာဇ်ဆန်စက်ပိုင်ရှင် ဦးဇော်နိုင်ထွေး၊ပြည့်စုံဆန်စက်ပိုင်ရှင် ဦးစန်းမြင့်၊ ရွှေလင်းယုန်ဆန်စက်ပိုင်ရှင် ဦးကြည်စိုး၊ စိန်မြသီးဆန်စက်ပိုင်ရှင် ဦးကြည်စိုး၊ စိန်မြင့်မိုရ်ဆန်စက်ပိုင်ရှင် ဦးမင်းသူအောင်၊ စိန်လျှံထက်ဆန်စက်ပိုင်ရှင် ဦးဇော်မင်းနဲ့ နီလာဖိုက်ဘာဂလပ်စ်လုပ်ငန်းပိုင်ရှင် ဦးကျော်မောင်မောင် တို့ဖြစ်ပါတယ်။
အဲ့ဒီလုပ်ငန်းရှင်တွေဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်ကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကိုလိပ်မူပြီး တိုင်စာနဲ့တိုင်ခဲ့လို့ ကျွန်တော်တို့ အခုတော့ ကျွန်တော်တို့ ဒုက္ခပင်လယ်ဝေနေရပါပြီ။ အကွက်ရိုက်ရောင်းစားခဲ့တဲ့ လူကြီးတွေကလည်း ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ သောကတွေကို မဇ္ဈိမရဲ့ အယ်ဒီတာထံ ပေးစာ ကနေ မျှဝေချင်လို့ အခုလိုစာပေးပို့လိုက်ရပါတယ်။
လေးစားစွာဖြင့်
မော်လမြိုင်ကျွန်း လူငယ်များ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

😢23👍9❤4🔥1
ပန်းသပိတ်ပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူ ကံပေါက်ဒေသခံ ၆ ဦး ပြန်လွတ်လာ
=======================
ကိုရွှေမြိတ်
မဇ္ဈိမ။ ။ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူ ခြောက်ဦး ပြန်လည်လွတ်မြောက်လာသည်ဟု သတင်းရရှိသည်။
ကံပေါက်ဒေသ၊သီရိမင်္ဂလာရပ်ကွက်မှ ဇနီးမောင်နှံနှစ်ဦးနှင့်ဖောင်းတောကျေးရွာမှ အမျိုးသမီးလေးဦးသည် ဇွန်လ ၃၀ ရက်နေ့ ညတွင် ပြန်လည်လွတ် မြောက်လာသည်ဟု ဒေသခံများကပြောသည်။ ၎င်းတို့သည် ဇွန်လ၁၉ ရက်နှင့် ဇွန်လ၂၀ ရက်ညပိုင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၀ရက် ကျော်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု သိရသည်။
“အားလုံးကတော့ ကျန်းကျန်းမာမာဆိုပေမယ့် ၁၁ ရက်ကြာ ဖမ်းဆီးစစ်ဆေးခံရထားတော့ ကိုယ်ခန္တာ နည်းနည်း ဝိတ်ကျသွားတာပဲ ရှိတယ်”ဟု ပြန်လည် လွတ်မြောက်လာသူများနှင့် နီးစပ်သူ တစ်ဦးကပြောသည်။
ခြောက်ဦးစလုံးသည် မောရဝတီ ရေတပ်ဌာနချုပ်တွင် ၁၁ ရက် ခန့် အကြာဖမ်းဆီးစစ်ဆေးခံခဲ့ရသည်ဟုသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ရက်က ကျရောက်ခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက်မွေးနေ့တွင် ပန်းသပိတ်ပြုလုပ်သည်ဟုဆိုကာ အနုပညာရှင်အချို့အပါ အဝင် ရန်ကုန်၊မန္တလေးနှင့် မြို့အချို့မှ အရပ်သားပြည်သူ ၁၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ပြန်လည်လွတ်မြောက်လာသူများရှိသော် လည်း အချို့သည် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံလိုက်ရသည်။ ထိုကဲ့သို့ ဖမ်းဆီးသည့် လုပ်ရပ်သည် ပရော်ဖက်ရှင်နယ်စစ်တပ်တစ်တပ်၏ လုပ်ရပ်မဟုတ်ကြောင်း ဟာဝိုင်အီပြည်နယ်၊အာရှ-ပစိဖိတ်လုံခြုံရေးဆိုင်ရာလေ့လာရေးဌာန၏ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က စစ်ကောင်စီအား ပြစ်တင်ရှုတ်ချခဲ့သည်။
ကံပေါက်ဒေသတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတည်ငြိမ်နေသော်လည် မောရဝတီ ရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လက်နက်နှင့်အတူ ထွက်ပြေးသွားကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် ကံပေါက်ဒေသအနီးရှိ ပယရွာ၊ ဇာဒီရွာ၊ ဘုရားမဲရွာ၊ ဂန့်ဂေါ်တောင်ရွာများကို စစ်ကောင်စီက ပိတ်ဆို့ပြီး စစ်ဆေးနေသည်ဟု ဒေသခံများကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#ရေဖြူမြို့နယ်
#ကံပေါက်ဒေသ
#ပန်းသပိတ်

👍28🔥1😁1
ပုံဟောင်းများဖြင့် ဖားဆောင်းတွင် KNPP တပ်များ ကျဆုံးပုံဟု သတင်းမှားဖြန့်
==================
MMTI
(မဇ္ဈိမ) ။ ။ ဖားဆောင်းတိုက်ပွဲတွင် ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) တပ်သားများ ကျဆုံးသည့် ပုံများ ပျံ့နှံ့နေသည်။ ယင်းပုံများမှာ မိုးဗြဲ PDF များ ကျဆုံးသည့် ပုံဟောင်းများ ဖြစ်သည်။
"Truth Media" တယ်လီဂရမ်ချန်နယ်မှ ဇွန်လ ၂၄ ရက်နေ့တွင် "ဖားဆောင်းကင် ဖားဆောင်း KNPP ဖျံပဒက်ကင်" ဟု ဆိုကာ ပုံနှစ်ပုံဖြင့် ဖြန့်ဝေထားသည်။ ထိုအကြောင်းသည် ချန်နယ်နှင့် ဂရု(ပ်) ၁၄ ခုတွင် ပြန့်နှံ့နေပြီး ကြည့်ရှုသူ ၂၀,၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။
အလားတူ ပုံဖြင့်ပင် ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။
အဆိုပါ ပုံများကို မဇ္ဈိမ မှ အချက်အလက်စစ်ဆေးခဲ့ပြီး ထိုပုံများမှ ၂၀၂၂ ခုနှစ် မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့သည့် တပ်သားများ၏ ပုံများဖြစ်ကြောင်း တွေ့ရသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် "မိုးဗြဲPDF ကျဆုံး ရဲဘော် (၉)ဦးရဲ့ စျာပန" ဟု ဆိုကာ Burma VJ မှ ပုံ ခြောက်ပုံဖြင့် သတင်းတင်ဆက်ထားသည်။
မိုးဗြဲတိုက်ပွဲတွင် ကျဆုံးခဲ့သည့် မိုးဗြဲ PDF တပ်ဖွဲ့ရင် ကိုးဦး၏ ဈာပနကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျင်းပခဲ့စဉ်က ပုံများဖြစ်သည်။
လင့် - https://shorturl.at/yPQR1
ဖားဆောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ် (PPDF) အမှတ်(၁၁၀၈)မှ ဖားဆောင်းပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးနှင့် မဟာမိတ်ရဲဘော် ငါးဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လင့် - https://shorturl.at/iwHRX
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့လျက်ရှိနေသည့် ဖားဆောင်း PDF များ ကျဆုံးပုံများသည် မှားယွင်းနေပြီး ၂၀၂၂ ခုနှစ် မိုးဗြဲတိုက်ပွဲတွင် ကျဆုံး PDF များ၏ ဈာပန အခမ်းအနားမှ ပုံများသာ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#Misinformation_Buster
#Fake_News
#Hpasawng_PDF
#Old_photos

👍17😁6👎1
လေကြောင်းရန်ကာကွယ်ရန်အတွက် ဗုံးခိုကျင်း ၁၂၀၀ နီးပါး တူးပြီးပြီဟု NUGကြေညာ
=====================
မိုးသောက်
မဲဆောက်(မဇ္ဈိမ) ။ ။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကိုကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်း ၁,၁၇၅ကျင်း တူးထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ လူသားခြင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာနက ဇူလိုင်လ ၁ရက်တွင် ထုတ်ပြန်ကြေညာသည်။
စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုများကို မြန်မာနိုင်ငံအနှံ့အပြားတွင် နေ့စဉ်ရက်ဆက်ပြုလုပ်နေသည့်အတွက် မြေပြင်ရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းများနှင့် ကျောင်းများတည် ရှိရာဒေသများတွင် လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်မှ ကာကွယ်ရန် ဗုံးခိုကျင်းများ တူးပေးနေခြင်းဖြစ်သည်။
“ CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆန်ကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" အစီအစဥ်ဖြင့်လည်း ဗုံးခိုကျင်းများ တူးပေးခဲ့ကြောင်း သိရသည်။ ထိုအစီအစဥ်မှရရှိသည့် ရန်ပုံငွေဖြင့် ဗုံးခိုကျင်း ၈၃၆ ကျင်း၊ ပြည်သူများ၏ ဆက်လက်လှူဒါန်းမှုဖြင့် စစ်ရှောင်စခန်းများတွင် ဇွန်လအတွင်း ၃၃၉ ကျင်း စုစုပေါင်း ၁၁၇၅ ကျင်း တူးထားပြီးဖြစ်သည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းရှိ စစ်ရှောင်စခန်းများတွင် တူးပေးထားခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ထိန်းချုပ်မှုမရှိသည့် နေရာများတွင် မြေပြင်ကျောင်းများ ဖွင့်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းနှင့် စစ်ကြောင်းအန္တရာယ်ကို ရှောင်ရှားပြီး စာသင်ကြားနေရကြောင်း မြေပြင်တော်လှန်ရေးအဖွဲ့များထံက သိရသည်။
“မြောင်မြို့နယ်ထဲမှာတော့ လေယာဉ်နဲ့ ပတ်သက်တဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီးတော့ ပဇီကြီးတို့လို ၊ဒီပဲယင်းတို့လိုတော့ ကျနော်တို့မြောင်မှာတော့ မရှိသေးဘူး”ဟု မြောင်ပညာရေးကွန်ရက်မှ ဆရာရတနာသိင်္ခက ပြောသည်။
၎င်းတို့ဖွင့်လှစ်နေသည့် ကျောင်းများတွင် လေကြောင်းရန် ကာကွယ်ရန် “လေယာဥ်ပျံတွေလာရင်” ဟူသည့်ခေါင်းစဉ်ဖြင့် အသိပညာပေးခြင်းများပြုလုပ်နေသည့်အပြင် NUG၏ ပညာရေးဝန်ကြီးဌာနကလည်း လေကြောင်းရန်ကာကွယ်ရန်အတွက် ဗုံးခိုကျင်းများ တူးပေးကြောင်း ၎င်းကဆက်ပြောသည်။
NUG၏ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ကျောင်းတိုင်းတွင် ဗုံးခိုကျင်းများ တူးထားပြီး ဗုံးခိုကျင်းတစ်ခုလျှင် မြန်မာငွေ ကျပ်ငါးသောင်းဝန်းကျင် အသုံးပြုထားသည်ဟု VOAနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်တွင် မြေပြင်ကျောင်းစုစုပေါင်း ၅,၀၀၀ကျော် ရှိနေပြီး ကျောင်းသားကျောင်းသူ ၇၅၀,၀၀၀ဦး ပညာသင်ကြားနေကြောင်း အစိုးရ၏ နှစ်နှစ်ပြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#NUG
#ဗုံးခိုကျင်း
#လေကြောင်းရန်

👍32😁2
This media is not supported in your browser
VIEW IN TELEGRAM
Pact-Myanmar ချေးငွေလုပ်ငန်း မြန်မာနိုင်ငံက ထွက်ခွာတာဟာ PDF တွေကြောင့်ဆိုတဲ့ သတင်းမှား ပျံ့ခဲ့ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/pfbid02cWfH9ZawYueEJHrzZVECu24KDBeVwwhkai5Zbg3tH2B6AN9mGZWsV7m6pbHvxeCjl
#Misinformation_Buster #Fake_News #Shorts #Pact_Myanmar #PGMF #ချေးငွေ

😁11👍5
မြန်မာ၌ လူ့အခွင့်အရေးအခြေအနေက ‘စိုးရိမ်ဖွယ်ရာ” ဖြစ်နေဟု ကုလ ပြော
=====================
မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး အခြေအနေတို့က “ကြောက်မက်ဖွယ်ရာ” အဆင့်များအထိ ရောက်ရှိနေခဲ့ကြောင်း ကုလသမဂ္ဂက ဇွန်လ ၃၀ ရက်တွင် ပြောသည်။ ထို့ပြင် မုန်တိုင်းဆိုင်ရာ အသက်ကယ် အကူအညီများ ပေးပို့ရောက်ရှိစေမှုအပေါ် ဟန့်တားနေခြင်းအတွက် အာဏာသိမ်းစစ်ကောင်စီကို ကုလက ပြင်းပြင်းထန်ထန် ဝေဖန်သည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးကတည်းက နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်နေသည်။

👍24💩2❤1🔥1
စင်္ကာပူတွင် နိုင်ငံသားများ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းက ၂၂ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိ
==========================
စင်္ကာပူနိုင်ငံတွင် ယမန်နှစ်က နိုင်ငံသားများ မိမိကိုယ်ကို သတ်သေမှုများက ၂၆ ရာခိုင်နှုန်းနီးပါး မြင့်တက်ပြီး ဆယ်စုနှစ် နှစ်စုကျော်အတွင်း အမြင့်ဆုံးလယ်ဗယ်သို့ ရောက်ရှိခဲ့သည့်အတွက် ယင်းက အဆိုပါနိုင်ငံရှိ “မကြုံစဖူးသော စိတ်ဖိစီးမှု” အခြေအနေကို ထင်ဟပ်ပြသလျက်ရှိကြောင်း အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းတစ်ခုအရ သိရသည်။
အသက် ၁၀ နှစ် နှင့် ၂၉ နှစ်အကြား အသက်အပိုင်းအခြားရှိ လူငယ်များနှင့် အသက် ၇၀ နှင့် ၇၉ နှစ်အကြား သက်ကြီးများအကြား မိမိကိုယ်ကို သေကြောင်းကြံမှုနှုန်းများက အထူးတလည် စိုးရိမ်ပူပန်စရာကောင်းနေကြောင်း Samaritans of Singapore (SOS) ဟု ခေါ်သည့် ကိုယ့်ကိုယ်ကို သတ်သေမှုဆိုင်ရာ ကာကွယ်တားဆီးရေးစင်တာက ယင်း၏ တစ်နှစ်တာ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

👍11😢5🔥2❤1👏1
Media is too big
VIEW IN TELEGRAM
“Golden House Furniture” အမည်နဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ ပရိဘောဂပစ္စည်းတွေ ရောင်းချတယ်ဆိုပြီး ငွေကြေးလိမ်လည်တာတွေ ရှိနေပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/pfbid037LT1814w2pxsgJ8pmbqPJYYHCFLB9a9X6N4HH4Priu7wjd8XQKvwNfmvg7yoZ6hYl
#Misinformation_Buster #Fake_News #Shorts #Reels #Golden_House_Furniture #လူလိမ်

❤4😁2👍1
South Asia Today အစီအစဉ်
===========
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
-ပါကစ္စတန်နိုင်ငံရဲ့ အဆုံးမရှိသော စီးပွားရေးဒုက္ခများ
-ပါကစ္စတန်သိမ်းပိုက်ထားသော ကက်ရှမီးယားဒေသ
-မက်ဇဖာရာဘတ်တွင် ဝန်ထမ်းများက အာဏာပိုင်များကို ဆန္ဒပြ
-နှစ်စဉ်ကျင်းပသော အရှင်ဂျဂန်နက်ရဲ့ ရက်ရထရာပွဲတော်ကို တကမ္ဘာလုံးရှိ ကိုးကွယ်ယုံကြည်သူများလာရောက်ဆင်နွှဲ
-အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/lVhv0fw2Wro
#southasiatoday
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube

-နှစ်စဉ်ကျင်းပသော အရှင်ဂျဂန်နက်ရဲ့ ရက်ရထရာပွဲတော်ကို တကမ္ဘာလုံးရှိ ကိုးကွယ်ယုံကြည်သူများလာရောက်ဆင်နွှဲ…

👍5🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဖားဆောင်းတိုက်ပွဲမှာ KNPP က တပ်သားကျဆုံးတဲ့ ပုံတွေ့ပျံ့နေပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် https://m.facebook.com/story.php?story_fbid=pfbid02aX1RdQbp63djsYVr9K5WYuL8vp4gSj7g678VRXJpcWdX8NVRTe78xhch9j5FP7irl&id=100067928020493&mibextid=Nif5oz
#Misinformation_Buster #Fake_News #Shorts #Reels #KNPP #PDF #Turuth_Media #မိုးဗြဲ #ဖားဆောင်း

😁5👏2👍1
သံတံတားဂိတ် ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး
==========================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ သံတံတားစစ်ကောင်စီဂိတ်စခန်း (သဲဖြူချောင်းတံတားဂိတ်)အား နှစ်ရက်ဆက်တိုက် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံနှင့် တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံက သိရသည်။
"ဘန်ကာတစ်ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။ တိုက်ခိုက်ခဲ့တဲ့အခြေအနေကတော့ အောင်မြင်တယ်ပြောရမယ်။ ရာနှုန်းပြည့် အားရကျေနပ်မှု မရှိသေးဘူး။ ပြည်သူတွေက ဒီထက်မက မီးရှို့ဖျက်ဆီးခံထားရတာဖြစ်ပါတယ်” သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။
ယမန်နေ့ ဇူလိုင်လ ၁ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှစ၍ မွန်းလွဲ ၂ နာရီအထိ သံတံတားစစ်ကောင်စီဂိတ်စခန်းအား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"သွားတိုက်တာက မနေ့တုန်းက (ဇူလိုင်လ ၁ ရက်)နဲ့ တစ်နေ့က (ဇွန်လ ၃၀ ရက်) ပေါ့။ နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ သွားတိုက်တာပါ။ ပထမရက်ကတော့နှစ်ယောက်သေတယ်။ မနေ့တုန်းက တိုက်တာမှာက ငါးယောက်သေတယ်" ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ ဒရုန်းဖြင့် တိုက်ခိုက်မှုပြုလုပ်စဉ်နှင့် တိုက်ခိုက်မှုအပြီးတို့တွင် သံတံတားစစ်ကောင်စီဂိတ်စခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများရှိကြောင်း KNLA သတင်းရင်းမြစ်က ဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက် ညနေပိုင်းကလည်း အဆိုပါ သံတံတားစစ်ကောင်စီ ဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးသီးလေးလုံးချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သံတံတားဂိတ်စခန်းအား နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်သည့် စစ်ဆင်ရေးအား တပ်မဟာ (၁) KNLA၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ PDF၊ ကျိုက်ထို ပ.က.ဖ၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD၊ Yangon Eagle Force ပူးပေါင်းတပ်ဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သံတံတား စစ်ကောင်စီဂိတ်စခန်းသည် စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင်ဖြင့် အထိုင်ချ လုံခြုံရေးယူထားသော ဂိတ်စခန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးအင်အားစုများ၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့် ဗုံးကြဲမှုတို့ မကြာခဏ ပြုလုပ်ခံရလေ့ရှိသော ဂိတ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#မွန်ပြည်နည်
#ကျိုက်ထိုမြို့နယ်
#ဘီးလင်းမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

👍22👏4❤3😁2
This media is not supported in your browser
VIEW IN TELEGRAM
“ကရင်နီပြည်နယ် တစ်ခုလုံးလွတ်လပ်ပြီ” ဆိုတဲ့ ဗီဒီယိုဖိုင်တခု လည်း ပျံ့နှံ့ခဲ့ပါသေးတယ်။
သတင်းအပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/pfbid0vwHNo8CvvEVGaiBgqjeqyqyKKgRF2xAjXhu7zbyDMQYWBgCdx9z6st5XNK1MB9ysl
#Misinformation_Buster #Fake_News #Shorts #Reels #Karenni #Mizzima

🔥5👍4😁1
သိုင်းငင်းကျေးရွာရှိ ပြည်သူများ လုံခြုံသောနေရာကို ပြောင်းရွှေ့ကြရန် CDF အသိပေး
=======================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းကျေးရွာရှိ ပြည်သူများအနေဖြင့် လုံခြုံသောနေရာသို့ ရှောင်ရှားပေးကြပါရန် CDF – CDM SIYIN က ဇွန်လ ၃၀ရက်တွင် ထုတ်ပြန်သည်။
စီးယင်းနယ် သိုင်းငင်းကျေးရွာအတွင်းရှိ စစ်ကောင်စီကင်းစခန်းက ပြည်သူများကို တင်းကြပ်စစ်ဆေးမှုများ ပြုလုပ်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဟု စွပ်စွဲ၍ ဖမ်းဆီးမှုများ တစ်နေ့ထက်တစ်နေ့ များပြားလာနေကြောင်း ဆိုသည်။
“အဲဒီကင်းစခန်းကတော်တော်ဆိုးတယ် ။ ကုန်တင်ကားတွေကိုလည်း အမျိုးမျိုး အကြောင်းပြ စစ်ဆေး ငွေတောင်း ငွေညှစ်တာတွေလုပ်တယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
ခရီးသွားပြည်သူများကို တော်လှန်ရေးတပ်သားများဟု စွပ်စွဲခြင်း ၊ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပတ်သက်သည်ဟုစွပ်စွဲ၍ ဖမ်းဆီးခြင်းများရှိကြောင်း ဆိုသည်။
ယင်းသို့အခြေအနေများ ဖြစ်ပေါ်နေသည့်အပေါ် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက လက်ပိုက်ကြည့်နေတော့မည်မဟုတ်ကြောင်း CDF – CDM SIYIN ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ကြေညာချက်ထွက်ပေါ်လာပြီးနောက် သိုင်းငင်းကျေးရွာကို ကလေးမြို့ရှိ စစ်ကောင်စီတပ်သား ၆၀ ခန့်ဖြင့် ဇူလိုင်လ ၁ရက်တွင် အင်အားဖြည့်တင်းထားကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံက သိရသည်။
သိုင်းငင်းရွာသည် ကလေးမြို့နှင့် ၃ နာရီခန့် ကားဖြင့်သွားရသော အိန္ဒိယ - မြန်မာနယ်စပ်သွား ကားလမ်းမပေါ်တွင် တည်ရှိသဖြင့် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ခရီးသွားများနှင့် ကုန်သည်များအနေဖြင့် သတိထားသွားလာကြရန် ပြည်သူများအား သတိပေးပြောဆိုမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#တီးတိန်မြို့နယ်
#စစ်ကောင်စီတပ်
#စစ်ရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ တီးတိန်မြို့နယ် ၊ သိုင်းငင်းကျေးရွာရှိ ပြည်သူများအနေဖြင့် လုံခြုံသောနေရာသို့ ရှောင်ရှားပေးကြပါရန် CDF – CDM SIYIN က ဇွန်လ ၃၀ရက်တွင် ထုတ်ပြန်သည်။
စီးယင်းနယ် သိုင်းငင်းကျေးရွာအတွင်းရှိ စစ်ကောင်စီကင်းစခန်းက ပြည်သူများကို တင်းကြပ်စစ်ဆေးမှုများ ပြုလုပ်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဟု စွပ်စွဲ၍ ဖမ်းဆီးမှုများ တစ်နေ့ထက်တစ်နေ့ များပြားလာနေကြောင်း ဆိုသည်။
“အဲဒီကင်းစခန်းကတော်တော်ဆိုးတယ် ။ ကုန်တင်ကားတွေကိုလည်း အမျိုးမျိုး အကြောင်းပြ စစ်ဆေး ငွေတောင်း ငွေညှစ်တာတွေလုပ်တယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
ခရီးသွားပြည်သူများကို တော်လှန်ရေးတပ်သားများဟု စွပ်စွဲခြင်း ၊ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပတ်သက်သည်ဟုစွပ်စွဲ၍ ဖမ်းဆီးခြင်းများရှိကြောင်း ဆိုသည်။
ယင်းသို့အခြေအနေများ ဖြစ်ပေါ်နေသည့်အပေါ် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက လက်ပိုက်ကြည့်နေတော့မည်မဟုတ်ကြောင်း CDF – CDM SIYIN ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ကြေညာချက်ထွက်ပေါ်လာပြီးနောက် သိုင်းငင်းကျေးရွာကို ကလေးမြို့ရှိ စစ်ကောင်စီတပ်သား ၆၀ ခန့်ဖြင့် ဇူလိုင်လ ၁ရက်တွင် အင်အားဖြည့်တင်းထားကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံက သိရသည်။
သိုင်းငင်းရွာသည် ကလေးမြို့နှင့် ၃ နာရီခန့် ကားဖြင့်သွားရသော အိန္ဒိယ - မြန်မာနယ်စပ်သွား ကားလမ်းမပေါ်တွင် တည်ရှိသဖြင့် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ခရီးသွားများနှင့် ကုန်သည်များအနေဖြင့် သတိထားသွားလာကြရန် ပြည်သူများအား သတိပေးပြောဆိုမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ချင်းပြည်နယ်
#တီးတိန်မြို့နယ်
#စစ်ကောင်စီတပ်
#စစ်ရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22🔥2❤1
"ကရင်နီ စစ်ဘေးရှောင်များအတွက် တစ်ဝက် ဈေးဆိုင်"
==================
KMN
(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေ တစ်ဝက်ဈေးနူန်း လျှော့ဈေးနဲ့ဝယ်ယူနိုင်တဲ့ ရွေ့လျားဈေးဆိုင်တွေကို ဇူလိုင် ၁ ရက်နေ့ကစပြီး ဖွင့်လှစ်နေတယ်လို့ မျှော်လင့်ချက်လူသားချင်းစာနာမှုကူညီရေးအဖွဲ့ (HOPE - The Humanitarian Organization) ကပြောပါတယ်။
စစ်ဘေးရှောင်စခန်း လေးခုက လူဦးရေ ၄,၀၀၀ ကျော်အတွက် တစ်ဝက်ဈေးဆိုင်တွေကို ပြီးခဲ့တဲ့နှစ်ထဲက တစ်ပတ်တစ်ခါဖွင့်လှစ်ပေးထားတာပါ။ ဒီဈေးဆိုင်တွေနဲ့ ဝေးကွာနေတဲ့ စစ်ဘေးရှောင်စခန်းကလူတွေ တောင်းဆိုလာကြတာကြောင့် ရွေ့လျား တစ်ဝက်ဈေးဆိုင်တွေကို မနေ့ကစပြီး ရောင်းချပေးနေတာပါ။
စစ်ဘေးရှောင်စခန်းတွေကို ဈေးကားနဲ့ တစ်လ လေးကြိမ်နူန်းလှည့်လှည်ရောင်းချသွားမယ်လို့ HOPE အဖွဲ့ ဦးဆောင်သူတစ်ဦးကပြောပါတယ်။
https://youtu.be/DFaWli7-h8g
တင်ဆက်၊တည်းဖြတ် - KMN
#Mizzima
#ကရင်နီ
#တစ်ဝက်ဈေးဆိုင်

KMN (မဇ္ဈိမ)။ ။ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေ တစ်ဝက်ဈေးနူန်း လျှော့ဈေးနဲ့ဝယ်ယူနိုင်တဲ့ ရွေ့လျားဈေးဆိုင်တွေကို ဇူလိုင် ၁ ရက်နေ့ကစပြီး ဖွင့်လှစ်နေတယ်လို့ မျှော်လင့်ချက်လူသားချင်းစာနာမှုကူညီရေးအဖွဲ့ (HOPE - The Humanitarian Organization) ကပြောပါတယ်။…
👍18❤2🔥1😁1
ပြည်သူနှင့် အတူရပ်တည်ပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ပြီ ဆိုသည့် ကလလတ ကြေညာချက် NUG ကြိုဆို
===================
MTO
(မဇ္ဈိမ)။ ။ ကရင်နီပြည်လူမျိုးပေါင်းစု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ၏ ပြည်သူနှင့် အတူရပ်တည်ပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေပြီဆိုသည့် ကြေညာချက်ကို
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လှိုက်လှဲစွာကြိုဆိုကြောင်းကို ထုတ်ပြန်သည်။
ကလလတက ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ ညနေပိုင်းတွင်ပင် NUGက ထိုကြေညာချက်ကို ထောက်ခံခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ကလလတ ၏ သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်သည့် ကြေညာချက်သည် နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန် အရေးပါသည့် ဖြစ်ထွန်းတိုးတက်မှု တစ်ခုကို သမိုင်း၏တောင်းဆိုချက်အရ ဖော်ဆောင်ခြင်းဖြစ်သည်ဟုလည်း လေးနက်စွာခံယူပါသည်ဟု MOD က ဆိုသည်။
ယင်းအပြင် ကလလတ အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ပူပေါင်းဆောင်ရွက်ရန်အသင့် ဖြစ်နေပြီဆိုသည့် သဘောထားကြောင့် MOD အနေဖြင့်အထူးပင် အားတက်ရကြောင်းကိုလည်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
MOD အနေဖြင့်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ကလလတ အပါအဝင် အခြားသော မဟာမိတ်အဖွဲ့အစည်းများအားလုံးနှင့် ဆက်လက်၍ အခိုင်အမာလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)သည် ပြီးခဲ့ သည့် ဇွန်လ ၁၃ ရက်နေ့မှ စတင်ကာ ကရင်နီပြည် (ကယားပြည်) အတွင်း သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ရေးအရ အချက်အခြာ ကျသည့်နေရာများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကလလတ
#ကြေညာချက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
MTO
(မဇ္ဈိမ)။ ။ ကရင်နီပြည်လူမျိုးပေါင်းစု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ၏ ပြည်သူနှင့် အတူရပ်တည်ပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေပြီဆိုသည့် ကြေညာချက်ကို
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လှိုက်လှဲစွာကြိုဆိုကြောင်းကို ထုတ်ပြန်သည်။
ကလလတက ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ ညနေပိုင်းတွင်ပင် NUGက ထိုကြေညာချက်ကို ထောက်ခံခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ကလလတ ၏ သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်သည့် ကြေညာချက်သည် နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ရန် အရေးပါသည့် ဖြစ်ထွန်းတိုးတက်မှု တစ်ခုကို သမိုင်း၏တောင်းဆိုချက်အရ ဖော်ဆောင်ခြင်းဖြစ်သည်ဟုလည်း လေးနက်စွာခံယူပါသည်ဟု MOD က ဆိုသည်။
ယင်းအပြင် ကလလတ အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ပူပေါင်းဆောင်ရွက်ရန်အသင့် ဖြစ်နေပြီဆိုသည့် သဘောထားကြောင့် MOD အနေဖြင့်အထူးပင် အားတက်ရကြောင်းကိုလည်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
MOD အနေဖြင့်လည်း စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ကလလတ အပါအဝင် အခြားသော မဟာမိတ်အဖွဲ့အစည်းများအားလုံးနှင့် ဆက်လက်၍ အခိုင်အမာလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)သည် ပြီးခဲ့ သည့် ဇွန်လ ၁၃ ရက်နေ့မှ စတင်ကာ ကရင်နီပြည် (ကယားပြည်) အတွင်း သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ရေးအရ အချက်အခြာ ကျသည့်နေရာများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကလလတ
#ကြေညာချက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤33👍10😁2
"ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်
=================
"ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကို အပတ်စဥ် တနင်္ဂနွေနေ့၊ ညနေ (၆)နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။
ဒီတပတ် "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကနေ နားဆင်ရမှာကတော့ (CDM - ဒုအရာခံဗိုလ်) ကိုကောင်းသန့် ပြောပြတဲ့ ပြည်သူ့ရင်ခွင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ ခံယူချက်တွေ ကို နားဆင်ရမှာ ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။
https://youtu.be/xBg7ZzkpgeY
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
"ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကို အပတ်စဥ် တနင်္ဂနွေနေ့၊ ညနေ (၆)နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။
ဒီတပတ် "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကနေ နားဆင်ရမှာကတော့ (CDM - ဒုအရာခံဗိုလ်) ကိုကောင်းသန့် ပြောပြတဲ့ ပြည်သူ့ရင်ခွင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ ခံယူချက်တွေ ကို နားဆင်ရမှာ ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။
https://youtu.be/xBg7ZzkpgeY
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
"ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်
"ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကို အပတ်စဥ် တနင်္ဂနွေနေ့၊ ညနေ (၆)နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။
ဒီတပတ် "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကနေ…

👍20😁2
ALPအဖွဲ့ဝင်သုံးဦးအား ရက္ခိုင့်တပ်တော်က လုပ်ကြံခြင်းဖြစ်ကြောင်း ထုတ်ပြန်
====================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဌနှင့် အခြား နှစ်ဦးအား ရက္ခိုင့်တပ်တော်(AA)က ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ALP က ယနေ့ ဇူလိုင်လ ၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ဒုတိယဥက္ကဌဖြစ်သည့် ခိုင်နီရောင်၊ ALAအမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သားကျော်ကျော်နိုင်တို့ သုံးဦးကို ဇွန်လ ၁ရက်နေ့ နေ့လယ်ပိုင်းတွင် လုပ်ကြံပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
“ကျနော်တို့မှာ စစ်ရေးကြိုတင်သတင်းတွေရရှိထားပြီးသား ဖြစ်တယ်။ ဒီအချိန်မှာ ကျနော်တို့ဘက်က လျော့တွက်လိုက်မိတယ်။ လျော့တွက်လိုက်တယ်ဆိုတာက မိုခါမုန်တိုင်းကာလဖြစ်နေတယ်။ ရခိုင်လူမျိုး အချင်းချင်း ဒီအချိန်မှာ ဒီလိုလုပ်ရပ်မျိုးတွေ မလုပ်လောက်ဘူး။ ဘာလို့ဆို AAကလည်း သူတတ်နိုင်တဲ့ ဘက်က သူတို့လုပ်နေတယ်။ ကျနော်တို့ဘက်က လည်းလုပ်နေတယ်။
ဒီအချိန်ဟာရခိုင်ပြည်နယ်အတွက် အရမ်းအရေးကြီးတဲ့ ပြန်လည်ထူထောင်ရေးအချိန်ဖြစ်နေတဲ့ အတွက်ကြောင့် ဒီအချိန်မျိုးမှာ အတ္တစွဲတွေနဲ့ မလုပ်လောက်ဘူးလို့ ကျနော်တို့က သူတို့အပေါ်မှာ သဘောထားကြီးကြီး တွက်မိသွားတာပေါ့။ ဒီအချိန်မှာ သူတို့ကလုပ်ကြံသွားတာ” ဟု ALP အတွင်းရေးမှူး ဗိုလ်မှူး ခိုင်သူရိန်က ပြောသည်။
၎င်းတို့သုံးဦးသည် ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိုခါမုန်တိုင်းတိုင်းကယ်ဆယ်ရေးအတွက် အစည်းအဝေးလုပ်ပြီး အပြန် စစ်တွေတက္ကသိုလ်ရှေ့တွင် ပစ်ခတ်ခံရကာ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်။
ALP ပါတီ ဥက္ကဌ ဒေါ်စောမြရာဇာလင်းသည် အာဏာသိမ်း စစ်ကောင်စီနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နေပြီး လက်ရှိတွင် ALP ပါတီသည် ရခိုင်ပြည်နယ်အတွင်းတွင် မိုခါမုန်းတိုင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေကြောင်း သိရသည်။
ကယ်ဆယ်ကူညီရေး လုပ်ငန်းများနှင့် ပတ်သက််၍ ရက္ခိုင့်တပ်တော်နှင့် ညှိုနှိုင်းဆောင်ရွက်အပေါ် မေးမြန်းခဲ့ရာတွင် ဗိုလ်မှူး ခိုင်သူရိန်က ”သူလည်းသူ့ဧရိယာမှသူလုပ် ကျနော်တို့်လည်း ကျနော်တို့ ဧရိယာတွေမှာ ကျနော်တို့ လုပ်နေတယ်။ ပြီးသွားတော့ သူလည်းသူ့ရဲ့မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတယ်။ကျနော်တို့ကလည်း ကျနော်တို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါက ပြောရမယ်ဆိုရင် ကိုယ့်လူမျိုးတွေဒုက္ခရောက်နေတဲ့ အချိန်မှာ ကိုယ်လုပ်နေကြတာပဲဗျာ။ ဘာတွေကျနော်တို့က ညှိနှိုင်းကြရဦးမှာလဲ” ဟု ပြောသည်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့်အဖွဲ့တွင် ပါဝင်သည့်သူများ သတ်ဖြတ်ခံရမှုမှာ ယခု ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ALPပါတီ၏ အလုပ်အမှုဆောင် ဗဟိုကော်မတီဝင်၊ ALA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ ALA အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ALA ဗိုလ်ကြီး ခိုင်သူရိန္ဒ တို့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထိုလုပ်ကြံမှုမှာလည်း ရက္ခိုင့်တပ်တော်(AA) ပြုလုပ်ခြင်းဖြစ်ကြောင်း ALPဘက်က စွပ်စွဲထားသည်။
သတ်ဖြတ်ခံရမှုများအပေါ် စွပ်စွဲချက်နှင့် ပတ်သက်ပြီး AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံသို့ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းဆက်သွယ်၍မရခဲ့ပေ။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ALP
#လုပ်ကြံ
#AA

👍19❤3👏2🤔2😁1
မြင်းခြံထောင်တွင် ရိုက်နှက်တိုက်ပိတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ထောင်ပြောင်းခံရ
=================
001
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံထောင်တွင် စစ်ကောင်စီတပ်၏ ရိုက်နှက်တိုက်ပိတ်မှုကို ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးမှာ မကွေးအကျဉ်းထောင်နှင့် သရက်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရကြောင်း နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPN) ထံက သိရသည်။
ဇွန်လ ၃၀ ရက် ညသန်းခေါင်ယံနှင့် အရုဏ်ဦးအချိန်တွင် မြင်းခြံထောင်မှ ခေါ်ထုတ်ခံခဲ့ရခြင်းဖြစ်ပြီး ထိုသို့နေရာနှစ်ခုခွဲ၍ ရွှေ့ပြောင်းခံလိုက်ရခြင်းဖြစ်ကြောင်း PPN တာဝန်ရှိသူက ပြောသည်။
ထောင်ပြောင်းခံလိုက်ရသူများမှာ ကိုကျော်ဇင်ဦး၊ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုဥက္ကာ ၊ကိုဇော်လှိုင်း၊ကိုစိုးရာဇာထွန်းလွင်၊ ကိုမင်းရဲထွေး၊ ကိုအောင်မျိုးသန့်၊ ကိုကျော်စိုးလွင်၊ ကိုဇော်ရဲထက်နှင့် ကိုထက်ဦးမာန်တို့ဖြစ်ကြောင်း သိရသည်။
“ထောင်ဘက်က ပြောလိုက်တာ။ ထောင်ကိုသွားတော့ ထောင်ပြောင်းသွားပြီတဲ့ မနေ့ညကဆိုပြီး သရက်ထောင်ပြောင်းတယ်လို့ပြောတာ သူတို့က။ ကျွန်မတို့ကတော့ ဘယ်ထောင်မှာတုန်းဆိုတာကို စုံစမ်းတုန်းရှိသေးတယ်။ တိတိကျကျမှ သရက်ထောင်ဆိုရင်တော့ သွားမှာပါ”ဟု ထောင်ပြောင်းရွှေ့ခံရသူတစ်ဦး၏ မိသားစုဝင်က မဇ္စျိမကိုပြောသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကစပြီး အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးနှင့် အခြားပြစ်မှုအကျဉ်းသား ကိုတိုးဝေအောင်တို့အား ပြင်ပရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF )များနှင့် ဆက်သွယ်သည်ဆိုသော အကြောင်းပြချက်ဖြင့် မြင်းခြံမြို့၊ ခမရ (၁၅) တပ် စစ်ကြောရေးစခန်းသို့ ခေါ်ထုတ်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ခေါ်ထုတ်ခံရသူများမှာ ခန္ဓာကိုယ်တွင် ဓားဖြင့် အမွှန်းခံထားရသည့် ပြတ်ရှဒဏ်ရာများ၊ ဖူးယောင်ဒဏ်ရာများဖြင့် မြင်းခြံထောင်သို့ မေလ ၂၉ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ကိုတိုးဝေအောင်မှာ လက်ရှိအချိန်အထိ ပြန်မရောက်သေးကြောင်း PPN တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကပြောသည်။
“ကိုတိုးဝေအောင်ဆိုတဲ့ ရာဇဝတ်အကျဉ်းသားတစ်ယောက်ကတော့ အခုချိန်အထိ မူလအကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ပေးခြင်းမရှိသေးဘူးပေါ့။ သူ့ရဲ့ အိပ်ယာလိပ်လေးနဲ့ သူ့ရဲ့အထုတ်လေးပေါ့နော်၊ စားစရာအိုးခွက်လေးတွေကလည်း အခုချိန်အထိ သူ့ရဲ့ မူရင်းနေရာမှာရှိသေးတယ်။ ဒါက ကျွန်တော်တို့ နောက်ဆုံးသိထားရတဲ့ သတင်းလေးဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးကပြောသည်။
စစ်ကောင်စီတပ်က အကျဉ်းထောင်အတွင်းကျန်ရှိသည့် အခြားနိုင်ငံရေးအကျဉ်းသားများကို ပြင်ပသို့ခေါ်ထုတ်ခြင်းမရှိသော်လည်း လက်ထိပ်နောက်ပြန်ခတ်ကာ မျက်နှာကိုအဝတ်အုပ်ပြီး ရေဖြင့်ပက်ခြင်း၊ ကျဉ်စက်ဖြင့်တို့ခြင်းတို့ပြုလုပ်ကာ နှိပ်စက်ခဲ့ကြောင်း PPNထံက သိရသည်။
လက်ရှိ မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသား ဦးရေ ၉၈၀ ဝန်းကျင်ရှိပြီး ၉၀၀ နီးပါးမှာ ရိုက်နှက်ခံထားရကြောင်း PPN ၏ တာဝန်ရှိသူများက ဆိုသည်။
အဆိုပါ ပြောကြားချက်အပေါ် မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသကဲ့သို့ စစ်ကောင်စီတပ်ကလည်း မြင်းခြံထောင်ရှိ အခြေအနေများနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပေ။
မြင်းခြံထောင်တွင်း အခြေအနေများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ( ICRC ) တို့ထံ စာဖြင့် တင်ပြသွားရန် PPNက စီစဉ်နေကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်၊ အင်းစိန်ထောင်သို့ ရိုက်နှက်နှိပ်စက်ခံထားရသည့် အကျဉ်းသား ၁၀ ဦးခန့်ထောင်ပြောင်းရွှေ့ရောက်ရှိလာကြောင်း ဇွန်လ ၃၀ ရက်နေ့က သိရပြီး မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်ထောင်မှဖြစ်သည်ကို အသေးစိတ်မသိရသေးကြောင်း PPN တာဝန်ရှိသူက ဆိုသည်။
စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ခုနှစ် ဇွန်လကုန်အထိ ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ဦးရေ၂၃,၆၀၀ ကျော်ရှိပြီး စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူ ၁,၂၈၄ ဦးရှိကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း( AAPP)က ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
# PPN
#နိုင်ငံရေးအကျဥ်းသား
#ထောင်ပြောင်း

🤬18👍10👏3
သားအိမ်ခေါင်းကင်ဆာ | ကျန်းမာသုတ လူမှုဘဝ Episode - 22
====================
အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ထဲမှာ သားအိမ်ခေါင်းကင်ဆာကလည်း အပါအဝင်ဖြစ်ပါတယ်။
ဒါကြောင့် ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ဘာကြောင့် ဖြစ်တာလဲ၊ ဘယ်လိုလူတွေမှာ အတွေ့ရများလဲ။
ကာကွယ်လို့ရလားဆိုတာတွေနဲ့ လိုက်နာသင့်တာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။
https://youtu.be/A4IMUQJix5A
#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#CervicalCancer
#သားအိမ်ခေါင်းကင်ဆာ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ထဲမှာ သားအိမ်ခေါင်းကင်ဆာကလည်း အပါအဝင်ဖြစ်ပါတယ်။
ဒါကြောင့် ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ဘာကြောင့် ဖြစ်တာလဲ၊ ဘယ်လိုလူတွေမှာ အတွေ့ရများလဲ။
ကာကွယ်လို့ရလားဆိုတာတွေနဲ့ လိုက်နာသင့်တာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။
https://youtu.be/A4IMUQJix5A
#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#CervicalCancer
#သားအိမ်ခေါင်းကင်ဆာ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သားအိမ်ခေါင်းကင်ဆာ | ကျန်းမာသုတ လူမှုဘဝ Episode - 22
အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ထဲမှာ သားအိမ်ခေါင်းကင်ဆာကလည်း အပါအဝင်ဖြစ်ပါတယ်။
ဒါကြောင့် ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ ဘာကြောင့် ဖြစ်တာလဲ၊ ဘယ်လိုလူတွေမှာ…

👍8😁2❤1
Media is too big
VIEW IN TELEGRAM
“ကရင်နီဒေသ စစ်ရေးနဲ့ ဒေသတွင်းလူထုအခြေအနေ ” | Editors’ Talk Episode-16
https://youtu.be/rzwOxzwcmtg
#စကားဝိုင်း
#reels
#shorts
#Mizzima
https://youtu.be/rzwOxzwcmtg
#စကားဝိုင်း
#reels
#shorts
#Mizzima
👍8🔥2