Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မြင်းခြံထောင်တွင် ရိုက်နှက်တိုက်ပိတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ထောင်ပြောင်းခံရ
=================

001
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံထောင်တွင် စစ်ကောင်စီတပ်၏ ရိုက်နှက်တိုက်ပိတ်မှုကို ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးမှာ မကွေးအကျဉ်းထောင်နှင့် သရက်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရကြောင်း နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPN) ထံက သိရသည်။

ဇွန်လ ၃၀ ရက် ညသန်းခေါင်ယံနှင့် အရုဏ်ဦးအချိန်တွင် မြင်းခြံ​ထောင်မှ ခေါ်ထုတ်ခံခဲ့ရခြင်းဖြစ်ပြီး ​ထိုသို့နေရာနှစ်ခုခွဲ၍ ​ရွှေ့​ပြောင်းခံလိုက်ရခြင်းဖြစ်​ကြောင်း PPN တာဝန်ရှိသူက ပြောသည်။

ထောင်ပြောင်းခံလိုက်ရသူများမှာ ကိုကျော်ဇင်ဦး၊ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုဥက္ကာ ၊ကိုဇော်လှိုင်း၊ကိုစိုးရာဇာထွန်းလွင်၊ ကိုမင်းရဲထွေး၊ ကိုအောင်မျိုးသန့်၊ ကိုကျော်စိုးလွင်၊ ကိုဇော်ရဲထက်နှင့် ကိုထက်ဦးမာန်တို့ဖြစ်ကြောင်း သိရသည်။

“ထောင်ဘက်က ပြောလိုက်တာ။ ထောင်ကိုသွားတော့ ထောင်ပြောင်းသွားပြီတဲ့ မနေ့ညကဆိုပြီး သရက်ထောင်ပြောင်းတယ်လို့ပြောတာ သူတို့က။ ကျွန်မတို့ကတော့ ဘယ်ထောင်မှာတုန်းဆိုတာကို စုံစမ်းတုန်းရှိသေးတယ်။ တိတိကျကျမှ သရက်ထောင်ဆိုရင်တော့ သွားမှာပါ”ဟု ထောင်ပြောင်းရွှေ့ခံရသူတစ်ဦး၏ မိသားစုဝင်က မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကစပြီး အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးနှင့် အခြားပြစ်မှုအကျဉ်းသား ကိုတိုးဝေအောင်တို့အား ပြင်ပရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF )များနှင့် ဆက်သွယ်သည်ဆိုသော အကြောင်းပြချက်ဖြင့် မြင်းခြံမြို့၊ ခမရ (၁၅) တပ် စစ်ကြောရေးစခန်းသို့ ခေါ်ထုတ်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ခေါ်ထုတ်ခံရသူများမှာ ခန္ဓာကိုယ်တွင် ဓားဖြင့် အမွှန်းခံထားရသည့် ပြတ်ရှဒဏ်ရာများ၊ ဖူးယောင်ဒဏ်ရာများဖြင့် မြင်းခြံထောင်သို့ မေလ ၂၉ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ကိုတိုးဝေအောင်မှာ လက်ရှိအချိန်အထိ ပြန်မရောက်သေးကြောင်း PPN တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကပြောသည်။

“ကိုတိုးဝေအောင်ဆိုတဲ့ ရာဇဝတ်အကျဉ်းသားတစ်ယောက်ကတော့ အခုချိန်အထိ မူလအကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ပေးခြင်းမရှိသေးဘူးပေါ့။ သူ့ရဲ့ အိပ်ယာလိပ်လေးနဲ့ သူ့ရဲ့အထုတ်လေးပေါ့နော်၊ စားစရာအိုးခွက်လေးတွေကလည်း အခုချိန်အထိ သူ့ရဲ့ မူရင်းနေရာမှာရှိသေးတယ်။ ဒါက ကျွန်တော်တို့ နောက်ဆုံးသိထားရတဲ့ သတင်းလေးဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးကပြောသည်။

စစ်ကောင်စီတပ်က အကျဉ်းထောင်အတွင်းကျန်ရှိသည့် အခြားနိုင်ငံရေးအကျဉ်းသားများကို ပြင်ပသို့ခေါ်ထုတ်ခြင်းမရှိသော်လည်း လက်ထိပ်နောက်ပြန်ခတ်ကာ မျက်နှာကိုအဝတ်အုပ်ပြီး ရေဖြင့်ပက်ခြင်း၊ ကျဉ်စက်ဖြင့်တို့ခြင်းတို့ပြုလုပ်ကာ နှိပ်စက်ခဲ့ကြောင်း PPNထံက သိရသည်။

လက်ရှိ မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသား ဦးရေ ၉၈၀ ဝန်းကျင်ရှိပြီး ၉၀၀ နီးပါးမှာ ရိုက်နှက်ခံထားရကြောင်း PPN ၏ တာဝန်ရှိသူများက ဆိုသည်။

အဆိုပါ ပြောကြားချက်အပေါ် မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသကဲ့သို့ စစ်ကောင်စီတပ်ကလည်း မြင်းခြံထောင်ရှိ အခြေအနေများနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပေ။

မြင်းခြံထောင်တွင်း အခြေအနေများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ( ICRC ) တို့ထံ စာဖြင့် တင်ပြသွားရန် PPNက စီစဉ်နေကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်၊ အင်းစိန်ထောင်သို့ ရိုက်နှက်နှိပ်စက်ခံထားရသည့် အကျဉ်းသား ၁၀ ဦးခန့်ထောင်ပြောင်းရွှေ့ရောက်ရှိလာ​ကြောင်း ဇွန်လ ၃၀ ရက်​နေ့က သိရပြီး မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်ထောင်မှဖြစ်သည်ကို အသေးစိတ်မသိရသေးကြောင်း PPN တာဝန်ရှိသူက ဆိုသည်။

စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ခုနှစ် ဇွန်လကုန်အထိ ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံ​ရေးအကျဥ်းသား ဦးရေ၂၃,၆၀၀ ​ကျော်ရှိပြီး စစ်​ကောင်စီ၏ ဖမ်းဆီးခံရပြီး​နောက် သတ်ဖြတ်ခံရသူ ၁,၂၈၄ ဦးရှိ​ကြောင်း နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း( AAPP)က ဇူလိုင်လ ၁ ရက်​နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
# PPN
#နိုင်ငံ​ရေးအကျဥ်းသား
#ထောင်ပြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬18👍10👏3
သားအိမ်​ခေါင်းကင်ဆာ ​| ကျန်းမာသုတ လူမှုဘဝ Episode - 22
====================

အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ထဲမှာ သားအိမ်ခေါင်းကင်ဆာကလည်း အပါအဝင်ဖြစ်ပါတယ်။
ဒါကြောင့် ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ သားအိမ်​ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
သားအိမ်​ခေါင်းကင်ဆာ ဘာ​ကြောင့် ဖြစ်တာလဲ၊ ဘယ်လိုလူ​​​တွေမှာ အ​တွေ့ရများလဲ။
ကာကွယ်​လို့ရလားဆိုတာတွေနဲ့ လိုက်နာသင့်တာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/A4IMUQJix5A

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#CervicalCancer
#သားအိမ်​ခေါင်းကင်ဆာ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2❤1
Media is too big
VIEW IN TELEGRAM
“ကရင်နီဒေသ စစ်ရေးနဲ့ ဒေသတွင်းလူထုအခြေအနေ ” | Editors’ Talk Episode-16

https://youtu.be/rzwOxzwcmtg

#စကားဝိုင်း
#reels
#shorts
#Mizzima
👍8🔥2
ရွာပေါင်းစုံသပိတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
=================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဇူလိုင်လ၂ရက်တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လှုပ်ရှားမှုများရှိနေပြီး နယ်မြေမတည်ငြိမ်မှုများကြားမှ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကာ ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုကြကြောင်း သိရသည်။

ယနေ့ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သည့် ရက်ပေါင်း ၈၃၂ ရက်မြောက်နေ့ ဖြစ်သည်။
အဆိုပါ ရွာပေါင်းစုံသပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြကြခြင်းဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#ယင်းမာပင်မြို့နယ်
#ချီတက်ဆန္ဒပြ
👍21❤4😁2
ခင်ဦးမြို့နယ်အတွင်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး ဟုဆို
=======================

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း Black Wolf – Army က ဇူလိုင်လ ၁ရက်နေ့တွင် ထုတ်ပြန်သည်။

ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၆၀ပါသော စစ်ကြောင်း နှစ်ကြောင်းကို ဇွန်လ ၂၇ရက်နှင့် ၂၈ရက်နေ့များတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

“ကျနော်တို့ စစ်ကြောင်း နှစ်ကြောင်းလုံးကို ဗုံးချတိုက်ခိုက်ခဲ့တာပါ။ လတ်တလော အခြေအနေမှာ စစ်ရေးတင်းမာနေပါတယ်” ဟု Black Wolf – Army တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ဒရုန်းဖြင့် ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Wolf – Army နှင့်အတူ မဟာမိတ်တပ်ဖွဲ့များဖြစ်သော Who Am I ၊ Forest Fighter – Army နှင့် ခင်ဦးမြို့နယ် တော်လှန်ရေးအင်အားစုများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ထိုသို့ စစ်ကြောင်းထိုးနေ၍ ခင်ဦးမြို့နယ် အနောက် တောင်ခြမ်းနှင့် မြောက်ခြမ်းမှ ဒေသခံ ၄,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၂ ရက် ထုတ်ပြန်ထားသည်။

https://youtu.be/JFQqp9bvCRA

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
#ခင်ဦးမြို့နယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍20👏6😁2
Media is too big
VIEW IN TELEGRAM
သားအိမ်​ခေါင်းကင်ဆာ ​| ကျန်းမာသုတ လူမှုဘဝ Episode - 22

https://youtu.be/99EpmS8XQz8

#ကျန်းမာသုတလူမှုဘဝ
#ကင်ဆာ
#reels
#shorts
#Mizzima
👍7🔥2
​​ပုသိမ်ကြီးမြို့နယ်တွင် ဖယ်ရှားခံရမည့် အဆောက်အအုံ စာရင်း၌ ဘုန်းကြီးကျောင်းများပါနေ၍ ဝါဆိုသံဃာတော်များအခက်ကြုံ
====================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဖယ်ရှားခံရမည့် နေအိမ်အဆောက်အအုံများ စာရင်းတွင် ဘုန်းကြီးကျောင်းများ ပါဝင်နေ၍ ဝါဆိုသံဃာတော်များ အခက်ကြုံနေရသည်ဟု ဒေသခံများထံက သိရသည်။

"နန်းဦးလွင်(ရွာ)ကန်ကောက်ကွက်သစ်ဘက်က ဘုန်းကြီးကျောင်းသုံးကျောင်း ဖျက်ပေးရမယ့်စာရင်းထဲပါတယ်။ လောလောဆယ် သုဓမ္မာရွာဦးကျောင်းက ဝါဆိုသံဃာတော်တွေ အခက်အခဲဖြစ်နေကြတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖယ်ရှားရှင်းလင်းခံရမည့် စာရင်းတွင် ပါ၀င်နေသည့် ဘုန်းကြီးကျောင်းများသည် နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိသော ကျောင်းတိုက်ကြီးများဖြစ်ကာ သာသနာရေး၀န်ကြီးဌာနထံ သာသနာ့မြေအဖြစ် ခွင့်ပြုရန် တင်ပြထားသော ကျောင်းတိုက်ကြီးများဖြစ်ကြောင်း သိရသည်။

"အိမ်ခြေ ၂၀၊ ၂၅ လောက် ရှိကတည်းက ဒီကျောင်းတွေ တည်လာခဲ့တာ၊ အောင်ပင်လယ်ပတ်လမ်းကြီး မဖောက်ခင်ကတည်းကဆိုတော့ နှစ်ပေါင်း ၃၀ မကတော့ဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၅ လောက်က သာသနာ့မြေ ခွင့်ပြုဖို့လျှောက်ထားဖူးတယ်" ဟု ဖယ်ရှားခံရမည့်ကျောင်းတိုက်တစ်ခုနှင့် နီးစပ်သူတစ်ဦးကပြောသည်။

လယ်ယာမြေပေါ် ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ထားခြင်းကြောင့် ဟူသောအကြောင်းပြချက်ဖြင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နန်းဦးလွင် ၊ ကန်ကောက်နှင့် ဂွေ့ကြီးကုန်းကျေးရွာများမှ နေအိမ် ၁၀,၀၀၀ နီးပါးအား ဇူလိုင်လ ၆ ရက်နောက်ဆုံးထားပြီး ဖယ်ရှားရှင်းလင်းရန် စစ်ကောင်စီက အကြောင်းကြာစာ ထုတ်ထားသည်။

အကြောင်းကြားစာပေးပို့ခြင်း၊ စာကပ်ခြင်း၊ အနီရောင်ကြက်ခြေခတ် အမှတ်အသား ရေးဆွဲခြင်းတို့ဖြင့် ဖိအားပေး ဖယ်ရှားရှင်းလင်းခိုင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း၌ ယင်းကျေးရွာ သုံးရွာအပြင် မဲကင်းကုန်း၊ တဲကုန်း ၊သစ်ချိုကုန်း၊ ညောင်ပင်သာ ၊ဆင်ရွာကြီး ၊သန့်စင်ကုန်း နှင့် သလဲကုန်း စသည့်ကျေး ရွာများလည်း ပါ၀င်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး အဆိုပါကျေးရွာများမှ ဘုန်းကြီးကျောင်းတချို့လည်း ဖယ်ရှားခံရမည့်စာရင်းထဲ ပါ၀င်နေကြောင်း ဒေသခံများက ဆိုသည်။

နေပြည်တော်တွင် စစ်ကောင်စီခေါင်းဆောင် တည်နေသော ကျောက်ဆစ်ရုပ်ပွားတော်ရှိရာ မာရဝိဇယဗုဒ္ဓဥယျာဉ် အနီးရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်စုစုပေါင်း ၅၀၀ ကျော်ကိုလည်း ဇွန်လ ၂၁ရက်မှစ၍ ဖယ်ရှားရှင်းလင်းခဲဲ့သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ပုံစာ စစ်ကောင်စီအမိန့်ဖြင့် ဖယ်ရှားခံရမည့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လူနေရပ်ကွက်

#မန္တလေးတိုင်း
#ပုသိမ်ကြီးမြို့နယ်
#စစ်ကောင်စီတပ်
#ဖယ်ရှားရှင်းလင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬17👍5🔥4
‌ဇူလိုင်လ( ၂ )ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

အရှေ့တီမော အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် NUG တက်ရောက်ခဲ့တဲ့ သတင်းနဲ့အတူ

စစ်ရေး အရှိန်မြှင့်လာနိုင်တဲ့ တနင်္သာရီမြို့နယ် လမ်းပိုင်းတွေမှာ ညဘက် ခရီး မသွားဖို့ PDF ကကြေညာလိုက်တဲ့သတင်းအပါအဝင်

တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ရပါမှာ ဖြစ်သလို

တနင်္ဂနွေနေ့တိုင်းထုတ်လွှင့်နေကျ အပတ်စဉ်အစီအစဉ်တွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/0LrWDE36z8Y

#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12😁2
​​ဝက်ဂ်နာ ကြေးစားစစ်တပ် နှင့် တရုတ် အစိုးရ
=================

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၎င်း၏ ခေါင်းဆောင်မှု ကို စိန်ခေါ်သော ဝက်ဂ်နာ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်း၏ ပုန်ကန်မှုမှ လွတ်မြောက်ခဲ့သလို ရှိသော်လည်း အဆိုပါဖြစ်ရပ်က သမ္မတ ပူတင် အပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင် ထားရှိသည့် ပုဂ္ဂိုလ်ရေးအဆင့် ပတ်သက်မှု နှင့် ရုရှားနိုင်ငံသို့ ဗျူဟာမြောက် ဆက်ဆံရေးတွင် ကျယ်ကျယ်လောင်လောင် ဝေဖန်သံထွက်ပေါ်လာသည်။

တရုတ်သည် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနှင့် ၎င်း၏ မဟာမိတ်များကို ဟန်ချက်ညီအောင် တန်ပြန်ရာတွင် ရုရှားဖက်ဒရေးရှင်းကို အဓိကမိတ်ဖက်အဖြစ် ရှုမြင်ထားသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတပူတင်တို့ နှစ်ဦးစလုံးသည် အမေရိကန် ကြီးစိုးသော ဒုတိယကမ္ဘာစစ်လွန် နိုင်ငံတကာ စည်းမျဉ်းဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်မှာ အမှန်ပင် ဖြစ်သည်။ ထိုအချက်သည် နှစ်နိုင်ငံကြား 'အကန့်အသတ်မရှိ' မိတ်ဖက်ဆက်ဆံရေးအတွက် အကြောင်းပြချက် ဖြစ်သည်။

ထို့ကြောင့် ပုန်ကန်လုနီးနီး ဖြစ်ခဲ့သော ဝက်ဂ်နာ တပ်ဖွဲ့ လှုပ်ရှားမှု သည် ရုရှားအတွက် အနာဂတ်တွင် ထပ်မံ ဖြစ်နိုင်ချေရှိပြီး တရုတ်မှ အလွန် စိုးရိမ်ပူပန်နေသော အချက်ဖြစ်သည်။
👍22🔥2
​​အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံဆက် အဝေးပြေးလမ်း တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးဟု အိန္ဒိယဝန်ကြီး ပြော
===================

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဆက် အဝေးပြေးလမ်းမ တည်ဆောက်မှုလုပ်ငန်းက ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်း အိန္ဒိယ လမ်းပန်းပို့ဆောင်ရေးနှင့် အမြန်လမ်းဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နိတင် ဂတ်ကာရီက ပြောသည်။

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းတို့သည် နိုင်ငံ သုံးနိုင်ငံအကြား ကုန်သွယ်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလာမှုဆိုင်ရာ ဆက်ဆံပတ်သက်မှုများကို မြှင့်တင်ပေးမည့်၊ အိန္ဒိယကို အရှေ့တောင်အာရှနှင့် ချိတ်ဆက်စေမည့် ၁,၄၀၀ ကီလိုမီတာရှိ အဝေးပြေးလမ်းမကြီးတစ်ခုနှင့်ပတ်သက်ပြီး လုပ်ဆောင်လျက် ရှိသည်။

“ဒီ စီမံကိန်း ဖော်ဆောင်မှုရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ပြီးစီးပါပြီ” ဟု အိန္ဒိယဝန်ကြီး ဂတ်ကာရီက စီမံကိန်း တိုးတက်မှု အခြေအနေနှင့်ပတ်သက်၍ မေးမြန်းသည့် မေးခွန်းတစ်ခုကို တုံ့ပြန်ဖြေကြားရင်း PTI ကို ပြောသည်။

ထို အဝေးပြေးလမ်းမသည် အိန္ဒိယ၊ မဏိပူရ်ရှိ မိုရေးမြို့ကို မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်အထိ ချိတ်ဆက်မည်ဖြစ်သည်။

အဆိုပါ သုံးနိုင်ငံဆက် အဝေးပြေးလမ်း အပြီးသတ် ပြီးစီးမည့်အချိန်နှင့် အသုံးပြုနိုင်မည့် အချိန်ကာလနှင့်ပတ်သက်ပြီး အသေးစိတ်ကို ၎င်းက ပြောဆိုခြင်း မရှိပေ။

ထို မဟာဗျူဟာကျ အဝေးပြေးလမ်း စီမံကိန်းသည် နှောင့်နှေးကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက အိန္ဒိယအစိုးရသည် ထို အဝေးပြေးလမ်းကို ၂၀၁၉ ၊ ဒီဇင်ဘာတွင် အသုံးပြုနိုင်ရန် ရည်မှန်းထားခဲ့ခြင်း ဖြစ်သည်။
👍19
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂ ဇူလိုင် ၂၀၂၃)
================

အမျိုးသားညီညွတ်ရေး အစိုးရ

• အကြမ်းဖက်စစ်အုပ်စုကို ပြန်တိုက်ခိုက်နေသည့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး၏ သဘောထားကို ကြိုဆိုကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

• အကြမ်းဖက်စစ်တပ်၏ လေကြောင်းရန်နှင့် လက်နက် ကြီးရန်က ကြိုတင်ကာကွယ်ရန် ဗုံးခိုကျင်း ၁၁၇၅ ကျင်းအထိ တူးဖော်ထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထား ရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိ ပေးထုတ်ပြန်ထားသည်။

• စခန်းမကျအောင် လေကြောင်းကနေ အကြိမ်ကြိမ်ကာကွယ်နေသည့် မော်လိုက်မြို့နယ်၊ တောင်အင်း ကျေးရွာအနီးတွင် တပ်စွဲထားသည့် "ခမရ ၃၆၅ (မော်လိုက်/စကခ၁၀)၊ ခမရ ၃၆၆ (မော်လိုက်/စကခ၁၀) ရန်သူ့ စခန်းကုန်းကို ကို PDFတွေက သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

• အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုများ ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

• အာဆီယံအဖွဲ့ဝင် နိုင်ငံသစ်ဖြစ်လာတော့မည့် တီမောနိုင်ငံတွင် အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တီမော သမ္မတ Jose Ramos-Horta က အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဖိတ်ကြားခဲ့ပြီး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ အင်ဒိုနီးရှားနှင့်ဩစတြေးလျနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
👍18👏3🔥1😁1
“ကရင်နီဒေသ စစ်ရေးနဲ့ ဒေသတွင်းလူထုအခြေအနေ ” | Editors’ Talk Episode-16
=====================

ကရင်နီဒေသ လက်ရှိ စစ်ရေးအခြေအနေ၊ ဒေသတွင်းလူထု ရင်ဆိုင်ကြုံတွေ့နေရတာ၊ ရှေ့ဆက်ဖြစ်လာနိုင်ခြေ စတာတွေနဲ့ပတ်သက်ပြီး အခုဆွေးနွေးခန်းမှာ ကြည့်ရှု နားဆင်ကြရပါမယ်။

နွေဦးတော်လှန်ရေးထဲက တော်လှန်ရေးသမားတဦးဖြစ်သူ မမေရီအက်စတာ၊ သံလွင်ခက် သတင်းဌာနရဲ့ သတင်းအယ်ဒီတာ မိုင်းစောလွင်တို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။

https://youtu.be/rzwOxzwcmtg

#Editors’Talk
#မြန်မာ့ပဋိပက္ခ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥2
​​ခင်ဦးတွင် ကျေးရွာအတွင်းဝင်စီးနင်းသည့် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်‌ရေးတပ်ဖွဲ့က တန်ပြန်တိုက်ခိုက်ရာ ပြန်ဆုတ်ခွာသွားဟုဆို
=====================

MTO
(မဇ္ဈိမ)။ ။ခင်ဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို ဝင်ရောက်စီးနင်းနေသည့် စစ်ကောင်စီနှင့်ပျုစောထီးပူးပေါင်းစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်ဦးမြို့နယ်၊ အင်းပတ်ကွေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ နှင့်ရွာသစ်ကုန်းပျူရွာမှ ပျု‌စောထီးပူးပေါင်းအင်အား ၃၀ ခန့်က အောင်ချမ်းသာကျေးရွာကို ယနေ့ဇူလိုင်လ ၂ ရက်နေ့ မနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဟု ‌ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

“ အမျိုးသားလေးဦးကို အဓိကဖမ်းပြီး ရိုက်နှက်စစ်ဆေးခဲ့တယ်ပေါ့နော်။အဲ့ထဲက အသက် ၆၁ နှစ်အရွယ်အဖိုးအိုတစ်ဦးရဲ့ ဘယ်ဘက်ပေါင်ကို တေ့ပြီးပစ်သွားတယ်"ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကိုနေသူရက ပြောသည်။

ရွာအတွင်းမှ စစ်ကောင်စီနောက်ချန်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားပြီး ဒဏ်ရာရအဖိုးအိုကိုလည်း ကယ်တင်နိုင်ခဲ့သည်ဟု ကိုနေသူရက ပြောသည်။
“ နောက်ချန်အဖွဲ့ကိုကာကွယ်ရေးတပ်ဖွဲ့က ဝင်တိုက်တော့ သူတို့က ချက်ခြင်းပြန် ဆုတ်သွားတာ။ အဲ့ဒါကြောင့်မို့ အဖိုးအိုကတော့ အသက်ဘေးကလွတ်သွားတယ်။ ဒါပေမဲ့ခြေထောက်က ဖြတ်ရမယ့်အနေအထားဖြစ်သွားတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အောင်ချမ်းသာကျေးရွာမှ ပြန်လည်ဆုတ်ခွာသွားပြီး ကျေးရွာအတွင်းမှ စားနပ်ရိက္ခာများကို ရသမျှ ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

" သူ့တို့က အဲ့လိုနဲ့ ရိက္ခာရှာတာ။ ဘယ်လိုဖွက်ဖွက် မရဘူး။‌ ဆန်တွေ၊ပဲတွေကို ‌မြေကြီးထဲ တူးမြုပ်ထားရင်တောင် သူတို့ယူလို့မရရင် ဖျက်ဆီးသွားတာ" ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီစစ်‌ကြောင်းသည်ပြန်လည်ဆုတ်ခွာစဉ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အင်းပတ်ကျေးရွာမှ ဒေသခံတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နွားနှစ်ကောင်သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်း ဇွန်လတတိယလပတ်မှစတင်ကာ တကျော့ပြန် ‌စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ ခင်ဦးမြို့မြောက်ခြမ်းတိုက်နယ် (၅) ဘက်တွင်လည်း အင်အား ၁၀၀ ခန့်ရှိ‌သော စစ်ကောင်စီစစ်ကြောင်းကြောင့် အိုက်ပေါက်ကြီးရွာနှင့်အနီးအနားဝန်းကျင်ကျေးရွာများမှ ဒေသခံ ၄,၀၀၀ နီးပါးခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ပြီးခဲ့သည့်ဇွန်လ ၂၇ရက်နှင့် ၂၈ရက်နေ့တွင် ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဝင်လာသော စစ်ကောင်စီတပ်ကို ‌Black Wolf – Army ၊ Who Am I ၊ Forest Fighter – Army အပါအဝင် ခင်ဦးမြို့နယ် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း Black Wolf – Army က ဇွန်လိုင်လ ၁ရက်နေ့တွင်ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ခင်ဦးမြို့နယ်
#အောင်ချမ်းသာကျေးရွာ
#စစ်ကောင်စီ၊ပျုစောထီးပူးပေါင်းစစ်ကြောင်း
#တန်ပြန်တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍35😁2
​​KNU တပ်မဟာ (၆) နယ်မြေတွင် လက်နက်ကြီးကျည်ကျ၍ ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
=========================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံတစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်နှင့် ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စု အတွင်းသို့ စစ်ကောင်စီ ၏ ခြေလျင်တပ်ရင်း ခလရ (၂၇၅) မှ ၁၂၀ မမ လက်နက်ကြီး အမျိုးအစား လေးလုံးခန့် ပစ်ခတ်ခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လက်နက်ကြီးကျည်များအနက် တစ်လုံး ကျရောက်ထိမှန်မှုကြောင့် မဲကနယ်ကျေးရွာမှ အသက် ၇၆နှစ်အရွယ်ရှိ နော်ကာ့ညာ့ဖိုးနှင့် အသက် ၁၀ နှစ်အရွယ်ရှိ နော်အယ်ဖောခလိတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနေ့ ညပိုင်းတွင်ပင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

"တဂေးရွာ၊ ဒေသအခေါ်ဆို တကူးခီးရွာပေါ့။ ရွာအပြင်ဘက်ကို နှစ်လုံးကျတယ်၊ ဒေသခံတစ်ဦး သေဆုံးပါတယ်။ တိုက်ပွဲတော့ ရှိသံမကြားမိဘူး လက်နက်ကြီးနဲ့ ပစ်သံပဲကြားတယ်" ဟု ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ (၂၈၃) မှ ပစ်ခတ်သော ၁၂၀ မမ အမျိုးအစား လက်နက်ကြီးကျည်များအနက် တစ်လုံးသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေးကျေးရွာ ရာဘာခြံတစ်ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ထိုခြံအတွင်း နေထိုင်သော အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရခြင်းဖြစ်သည်။

မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က နေ့စဉ်နှင့်အမျှ လက်နက်ကြီးများ ပစ်ခတ်နေသောကြောင့် ဒေသခံများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးနေရကြောင်း KNU ဗဟိုက ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ မေလအတွင်း KNU တပ်မဟာ (၆) နယ်မြေ၌ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံ သုံးဦးသေဆုံး၍ ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#မြဝတီမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢27👍9👏2🔥1😁1
Myanmar people living in Thailand flash three finger salutes and shout slogans during a demonstration outside of the United Nations Building in Bangkok, Thailand, 02 July 2023. Myanmar residents in Thailand protest the military junta and the escalating brutality, demanding the release of ousted leader Aung San Suu Kyi and others. EPA-EFE/NARONG SANGNAK
❤22👍10🔥1😁1