Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂ ဇူလိုင် ၂၀၂၃)
================

အမျိုးသားညီညွတ်ရေး အစိုးရ

• အကြမ်းဖက်စစ်အုပ်စုကို ပြန်တိုက်ခိုက်နေသည့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး၏ သဘောထားကို ကြိုဆိုကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

• အကြမ်းဖက်စစ်တပ်၏ လေကြောင်းရန်နှင့် လက်နက် ကြီးရန်က ကြိုတင်ကာကွယ်ရန် ဗုံးခိုကျင်း ၁၁၇၅ ကျင်းအထိ တူးဖော်ထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထား ရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိ ပေးထုတ်ပြန်ထားသည်။

• စခန်းမကျအောင် လေကြောင်းကနေ အကြိမ်ကြိမ်ကာကွယ်နေသည့် မော်လိုက်မြို့နယ်၊ တောင်အင်း ကျေးရွာအနီးတွင် တပ်စွဲထားသည့် "ခမရ ၃၆၅ (မော်လိုက်/စကခ၁၀)၊ ခမရ ၃၆၆ (မော်လိုက်/စကခ၁၀) ရန်သူ့ စခန်းကုန်းကို ကို PDFတွေက သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

• အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် နွေဦးတော်လှန်ရေး ထောက်ပို့ မိသားစုများ ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

• အာဆီယံအဖွဲ့ဝင် နိုင်ငံသစ်ဖြစ်လာတော့မည့် တီမောနိုင်ငံတွင် အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တီမော သမ္မတ Jose Ramos-Horta က အမျိုးသား ညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဖိတ်ကြားခဲ့ပြီး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ အင်ဒိုနီးရှားနှင့်ဩစတြေးလျနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
👍18👏3🔥1😁1
“ကရင်နီဒေသ စစ်ရေးနဲ့ ဒေသတွင်းလူထုအခြေအနေ ” | Editors’ Talk Episode-16
=====================

ကရင်နီဒေသ လက်ရှိ စစ်ရေးအခြေအနေ၊ ဒေသတွင်းလူထု ရင်ဆိုင်ကြုံတွေ့နေရတာ၊ ရှေ့ဆက်ဖြစ်လာနိုင်ခြေ စတာတွေနဲ့ပတ်သက်ပြီး အခုဆွေးနွေးခန်းမှာ ကြည့်ရှု နားဆင်ကြရပါမယ်။

နွေဦးတော်လှန်ရေးထဲက တော်လှန်ရေးသမားတဦးဖြစ်သူ မမေရီအက်စတာ၊ သံလွင်ခက် သတင်းဌာနရဲ့ သတင်းအယ်ဒီတာ မိုင်းစောလွင်တို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။

https://youtu.be/rzwOxzwcmtg

#Editors’Talk
#မြန်မာ့ပဋိပက္ခ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🔥2
​​ခင်ဦးတွင် ကျေးရွာအတွင်းဝင်စီးနင်းသည့် စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်‌ရေးတပ်ဖွဲ့က တန်ပြန်တိုက်ခိုက်ရာ ပြန်ဆုတ်ခွာသွားဟုဆို
=====================

MTO
(မဇ္ဈိမ)။ ။ခင်ဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို ဝင်ရောက်စီးနင်းနေသည့် စစ်ကောင်စီနှင့်ပျုစောထီးပူးပေါင်းစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်ဦးမြို့နယ်၊ အင်းပတ်ကွေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ နှင့်ရွာသစ်ကုန်းပျူရွာမှ ပျု‌စောထီးပူးပေါင်းအင်အား ၃၀ ခန့်က အောင်ချမ်းသာကျေးရွာကို ယနေ့ဇူလိုင်လ ၂ ရက်နေ့ မနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဟု ‌ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

“ အမျိုးသားလေးဦးကို အဓိကဖမ်းပြီး ရိုက်နှက်စစ်ဆေးခဲ့တယ်ပေါ့နော်။အဲ့ထဲက အသက် ၆၁ နှစ်အရွယ်အဖိုးအိုတစ်ဦးရဲ့ ဘယ်ဘက်ပေါင်ကို တေ့ပြီးပစ်သွားတယ်"ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ကိုနေသူရက ပြောသည်။

ရွာအတွင်းမှ စစ်ကောင်စီနောက်ချန်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားပြီး ဒဏ်ရာရအဖိုးအိုကိုလည်း ကယ်တင်နိုင်ခဲ့သည်ဟု ကိုနေသူရက ပြောသည်။
“ နောက်ချန်အဖွဲ့ကိုကာကွယ်ရေးတပ်ဖွဲ့က ဝင်တိုက်တော့ သူတို့က ချက်ခြင်းပြန် ဆုတ်သွားတာ။ အဲ့ဒါကြောင့်မို့ အဖိုးအိုကတော့ အသက်ဘေးကလွတ်သွားတယ်။ ဒါပေမဲ့ခြေထောက်က ဖြတ်ရမယ့်အနေအထားဖြစ်သွားတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အောင်ချမ်းသာကျေးရွာမှ ပြန်လည်ဆုတ်ခွာသွားပြီး ကျေးရွာအတွင်းမှ စားနပ်ရိက္ခာများကို ရသမျှ ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

" သူ့တို့က အဲ့လိုနဲ့ ရိက္ခာရှာတာ။ ဘယ်လိုဖွက်ဖွက် မရဘူး။‌ ဆန်တွေ၊ပဲတွေကို ‌မြေကြီးထဲ တူးမြုပ်ထားရင်တောင် သူတို့ယူလို့မရရင် ဖျက်ဆီးသွားတာ" ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီစစ်‌ကြောင်းသည်ပြန်လည်ဆုတ်ခွာစဉ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အင်းပတ်ကျေးရွာမှ ဒေသခံတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နွားနှစ်ကောင်သေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်း ဇွန်လတတိယလပတ်မှစတင်ကာ တကျော့ပြန် ‌စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ ခင်ဦးမြို့မြောက်ခြမ်းတိုက်နယ် (၅) ဘက်တွင်လည်း အင်အား ၁၀၀ ခန့်ရှိ‌သော စစ်ကောင်စီစစ်ကြောင်းကြောင့် အိုက်ပေါက်ကြီးရွာနှင့်အနီးအနားဝန်းကျင်ကျေးရွာများမှ ဒေသခံ ၄,၀၀၀ နီးပါးခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ပြီးခဲ့သည့်ဇွန်လ ၂၇ရက်နှင့် ၂၈ရက်နေ့တွင် ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဝင်လာသော စစ်ကောင်စီတပ်ကို ‌Black Wolf – Army ၊ Who Am I ၊ Forest Fighter – Army အပါအဝင် ခင်ဦးမြို့နယ် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း Black Wolf – Army က ဇွန်လိုင်လ ၁ရက်နေ့တွင်ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ခင်ဦးမြို့နယ်
#အောင်ချမ်းသာကျေးရွာ
#စစ်ကောင်စီ၊ပျုစောထီးပူးပေါင်းစစ်ကြောင်း
#တန်ပြန်တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍35😁2
​​KNU တပ်မဟာ (၆) နယ်မြေတွင် လက်နက်ကြီးကျည်ကျ၍ ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
=========================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံတစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်နှင့် ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စု အတွင်းသို့ စစ်ကောင်စီ ၏ ခြေလျင်တပ်ရင်း ခလရ (၂၇၅) မှ ၁၂၀ မမ လက်နက်ကြီး အမျိုးအစား လေးလုံးခန့် ပစ်ခတ်ခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လက်နက်ကြီးကျည်များအနက် တစ်လုံး ကျရောက်ထိမှန်မှုကြောင့် မဲကနယ်ကျေးရွာမှ အသက် ၇၆နှစ်အရွယ်ရှိ နော်ကာ့ညာ့ဖိုးနှင့် အသက် ၁၀ နှစ်အရွယ်ရှိ နော်အယ်ဖောခလိတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနေ့ ညပိုင်းတွင်ပင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

"တဂေးရွာ၊ ဒေသအခေါ်ဆို တကူးခီးရွာပေါ့။ ရွာအပြင်ဘက်ကို နှစ်လုံးကျတယ်၊ ဒေသခံတစ်ဦး သေဆုံးပါတယ်။ တိုက်ပွဲတော့ ရှိသံမကြားမိဘူး လက်နက်ကြီးနဲ့ ပစ်သံပဲကြားတယ်" ဟု ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ (၂၈၃) မှ ပစ်ခတ်သော ၁၂၀ မမ အမျိုးအစား လက်နက်ကြီးကျည်များအနက် တစ်လုံးသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေးကျေးရွာ ရာဘာခြံတစ်ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ထိုခြံအတွင်း နေထိုင်သော အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရခြင်းဖြစ်သည်။

မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့က နေ့စဉ်နှင့်အမျှ လက်နက်ကြီးများ ပစ်ခတ်နေသောကြောင့် ဒေသခံများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးနေရကြောင်း KNU ဗဟိုက ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ မေလအတွင်း KNU တပ်မဟာ (၆) နယ်မြေ၌ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံ သုံးဦးသေဆုံး၍ ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#မြဝတီမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢27👍9👏2🔥1😁1
Myanmar people living in Thailand flash three finger salutes and shout slogans during a demonstration outside of the United Nations Building in Bangkok, Thailand, 02 July 2023. Myanmar residents in Thailand protest the military junta and the escalating brutality, demanding the release of ousted leader Aung San Suu Kyi and others. EPA-EFE/NARONG SANGNAK
❤22👍10🔥1😁1
ဇူလိုင်လ (၃)ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
========================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့  တောင်အင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက် နဲ့ ခဲယမ်းအမြောက်အမြားသိမ်ဆည်းရမိခဲ့တယ်လို့  NUG က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ကရင်နီမှာ ပစ်ချခံရတဲ့ စစ်ကောင်စီဂျက်လေယာဥ်က လေယာဥ်မှူး ၂ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်ဆိုတဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ရပါမှာ ဖြစ်သလို တနင်္ဂနွေနေ့တိုင်းထုတ်လွှင့်နေကျ အပတ်စဉ်အစီအစဉ်တွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။ 

https://youtu.be/Z-x6PJLOXgg

 
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍20🍌1
ကမ္ဘောဒီးယားဝန်ကြီးချုပ်က တစ်ဖတ်သတ်အသာစီးယူထားတဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေစတင်
===================

https://youtu.be/3YGBqRPt5n4

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤣10👍3💩3❤2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၃ ရက်၊ ၂၀၂၃ | VOA On Mizzima
=====================

ပါရီမြို့က ရှေးဟောင်းရုပ်တု ပုံတူလုပ်ငန်းအကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် သတင်းထဲက အင်္ဂလိပ်စာ၊ အာရှစီးပွားရေးကဏ္ဍမှာ တင်ဆက်ထားတာကို ဇွန်လ ၂၆ ရက်၊ တနင်္လာနေ့ မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ အစီအစဉ်မှာ အပတ်စဉ်ကဏ္ဍတွေအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

https://youtu.be/IyYBAGn0y_Q

#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥1🍌1
ရွှေကုက္ကိုဟာ စစ်ကောင်စီရဲ့ အကျိုးစီးပွားလား
================

မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂ဝ၂၃ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးမှုပပျောက်ဖို့လုပ်ဆောင်ရာမှာ သိသာထင်ရှားတဲ့ ကြိုး ပမ်းဆောင်ရွက်မှုတွေ မရှိသလို လူကုန်ကူးမှုတိုက်ဖျက်ရေးမှာလည်း ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် အဆိုးဝါးဆုံးနိုင်ငံ အဆင့် ၃ မှာ ထည့်သွင်းထားပါတယ်။

https://youtu.be/Q4u1nyHj9XM

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18😁2❤1
ပါရီက ရှေးဟောင်းရုပ်တု ပုံတူလုပ်ငန်း | VOA On Mizzima
=========================

ရှေးဟောင်းအနုပညာလက်ရာတွေအဖြစ် သတ်မှတ်ထားတဲ့ ရုပ်တုတွေကို ပြင်သစ်နိုင်ငံ ပါရီမြို့တော်က အလုပ်ရုံတခုမှာ ပုံစံတူလုပ်ပေးနေပါတယ်။ Louvre ပြတိုက်ကြီးရဲ့ လုပ်ငန်းတွေ ပံ့ပိုးနိုင်ဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်ထဲက ရှိနေတဲ့ ရှေးဟောင်းရုပ်တု ပုံတူလုပ်ငန်းကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။

https://youtu.be/_kNnZ9SKzjY

#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥2
သတင်းထဲက အင်္ဂလိပ်စာ | VOA On Mizzima
============================

ဒီတပတ်ရဲ့ သတင်းထဲကအင်္ဂလိပ်စာအစီအစဉ်မှာ သတင်းတွေထဲ ဖော်ပြပါရှိတဲ့ လွတ်လပ်ရေးနေ့နဲ့ ဆိုင်တဲ့ စကားလုံး၊ အသုံးအနှုန်းတွေကို ကောက်နှုတ်တင်ပြထားပါတယ်။ မမြသဇင်အောင်နဲ့ ကိုအောင်လွင်ဦးတို့က စီစဉ် တင်ဆက်ပေးထားပါတယ်။

https://youtu.be/-umOQhswJOA

#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🤮1🍌1