Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အာရှတခွင် စီးပွားရေးအမြင် | VOA On Mizzima
==================

ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ 'ဆူရှီ' ဆိုတဲ့ ရိုးရာအစားအစာနဲ့တွဲပြီး လူသိများတဲ့ ဂျပန်နိုင်ငံဟာ ခုတခါ အသက်သတ်လွတ် အစားအစာတွေ တီထွင်ရောင်းချရင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ ပိုဝင်လာအောင် ဆွဲဆောင်နေတဲ့အကြောင်းနဲ့ အိန္ဒိယနိုင်ငံက နာမည်ကြီး IndiGo လေကြောင်းလိုင်းဟာ လေယာဉ်အစီး (၅၀၀) ဝယ်ယူဖို့ ပြင်သစ် Airbus ကုမ္ပဏီနဲ့ စာချုပ် ချုပ်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

https://youtu.be/fGPqv5-hd1k

 
#VOA
#mizzimatv
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥5👍2
This media is not supported in your browser
VIEW IN TELEGRAM
July - 3 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour
#reels #shorts
👍3😁1🍌1
​​စာသင်ကျောင်းတွင် အထိုင်ချနေသော စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံး
=================

YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချနေသော စာသင်ကျောင်းအား ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

“ပြန်ပစ်တာရှိပါတယ်၊ စစ်ကောင်စီတပ်သားတွေက အခုနောက်ပိုင်း ဒရုန်းနဲ့ကင်းထောက်ပါတယ်။ ကင်း ထောက်ပြီးမှ လက်နက်ကြီးနဲ့ ပစ်တာတွေလုပ်တာပါ” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ဇွန်လ ၃၀ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအတွင်းရှိ မူလတန်းလွန် စာသင်ကျောင်း အတွင်း အင်အား ၃၀ ကျော်ဖြင့် အထိုင်ချနေသော စစ်ကောင်စီတပ်သားများအား ကျားဖြူစစ်ကြောင်း တပ်ရင်းရုံးလုံခြုံရေးတပ်ခွဲ (Southern Eagle- PDF )၊ ကျားဖြူ တပ်ခွဲ(၄)၊ ကျားဖြူတပ်ခွဲ(၅) (Justice Soldier-PDF) တို့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“စာသင်ကျောင်းက မူလတန်းလွန် စာသင်ကျောင်းပါ၊ ငါးတန်းကနေ ခုနစ်တန်းထိ သင်တဲ့ကျောင်းပါ၊ ကော့နွဲ့တရွာလုံး စစ်ရှောင်နေရပြီး ရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ပဲ နေပါတယ်။ ကျောင်းက ဒီနှစ် မဖွင့်ပါ ဘူး” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်ကလည်း ကော့ကရိတ်မြို့နယ်အခြေစိုက် ခလရ (၉၇) တပ်ရင်းအား ကျားဖြူ စစ်ကြောင်းက ၆၀ မမ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး အဆိုပါပစ်ခတ်မှုကြောင့် တပ်ရင်း အတွင်းရှိ တပ်ကြပ်ကြီးတဦးနှင့် တပ်သားတဦး သေဆုံးကာ သုံးဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#ကော့ကရိတ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
ဓါတ်ပုံ- Justice Soldier-PDF
👏15❤7👍4😁2
ဇူလိုင်လ (၃)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
===================

- ပြည်သူနဲ့ အတူရပ်တည်ပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်တဲ့ ကလလတ ကြေညာချက် NUG ကြိုဆိုတဲ့သတင်း

- မြင်းခြံထောင်မှာ ရိုက်နှက်တိုက်ပိတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ထောင်ပြောင်းခံရတဲ့သတင်း

- ကရင်နီ စစ်ဘေးရှောင်တွေအတွက် တစ်ဝက်ဈေးနူန်း လျှော့ဈေးနဲ့ဝယ်ယူနိုင်တဲ့ ရွေ့လျားဈေးဆိုင်အကြောင်းနဲ့

- ဟောင်ကောင်ရဲ့ လိုင်စင်မဲ့ဒီမိုကရေစီရေဒီယိုအသံလွှင့်ဌာန ထုတ်လွှင့်မှုပိတ်သိမ်းတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/Kw-CxkYd6yQ

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁2🔥1
စစ်ကောင်စီအပေါ် လက်တွေ့အရေးယူဆောင်ရွက်မှု အားနည်းပျက်ကွက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော
===============

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝန်းက အခြေအနေအား ပိုမိုဆိုးရွားမသွားစေသင့်ကြောင်း ပြောကြားချက်များကို မကြာခဏ ကြားရလေ့ရှိပြီး ယင်းကို သဘောတူပေမယ့် လက်တွေ့အရေးယူဆောင်ရွက်မှု အားနည်းပျက်ကွက်နေတဲ့အပေါ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြလိုက်ပါတယ်။

နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  နှစ်စဉ်အစီရင်ခံစာအား အထွေထွေညီလာခံသို့ တင်သွင်းရာမှာ အတည်ပြုတဲ့ မျက်နှာစုံညီအစည်းအဝေးမှာ  သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခြင်းဖြစ်ပါတယ်။
လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်(၂၆၆၉)ကို လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် စည်းနှောင်မှုပါဝင်တဲ့ နောက်ဆက်တွဲအရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန်လည်း ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။

မြန်မာ့အရေးအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တု့န်ပြန်ဆောင်ရွက်မှုဟာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်နှိပ်စက်ညှဉ်းပန်းမှုအား ခံစားနေရတဲ့  မြန်မာပြည်သူများအတွက် စိတ်ပျက်ရစေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။
ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ထုတ်ပြန်ချက် ခုနစ်စောင်နဲ့ ကောင်စီဥက္ကဋ္ဌ ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ ပေမယ့်လည်း ယခု (၂)နှစ်ကျော်ကာလအတွင်း ကောင်စီမှ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပြီးတိုင်း စစ်တပ်ကသာ အကြမ်းဖက်ရက်စက်တဲ့  ပြစ်မှုများကိုသာ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပြောကြားခဲ့ပါတယ်။

https://youtu.be/SdTb9n17e1Y

#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍25😁2
နိုင်ငံတကာရင်းနှီးမြှုပ်နှံသည့်စီမံကိန်းများအားနှောင့်ယှက်ပါကအရေးယူမည်ဟုညီနောင်မဟာမိတ် ၃ဖွဲ့ထုတ်ပြန်
==================

နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသောစီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူသွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင့်တပ်(AA)နဲ့ တအာင်းတပ်(TNLA)တို့က ထုတ်ပြန်လိုက်ပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေအတွင်းနဲ့ လှုပ်ရှားနယ်မြေများအတွင်းတည်ငြိမ်အေးချမ်းရေးအတွက်  ပူးတွဲထုတ်ပြန်ကြေညာချက်ကို ဇူလိုင် ၁ ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောင့်အယှက်ပေးခြင်း၊ ဆက်ကြေးတောင်းခြင်း စသည့် ပြစ်မှုများကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်သောသူများကို တွေ့ရှိပါက အချိန်မီသတင်းပို့ကြဖို့အပါအဝင် လူကုန်ကူးခြင်းနဲ့ အတင်းအဓမ္မလုပ်အားခိုင်းစေသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

https://youtu.be/oJWU0heuzw0

#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10💩5🤮1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီအပေါ် လက်တွေ့အရေးယူဆောင်ရွက်မှု အားနည်းပျက်ကွက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

Watch more detail - https://youtu.be/SdTb9n17e1Y

#PoliticalNews
#reels
#shorts
#MizzimaTV
👍4😁2
စစ်ကောင်စီနှင့် အိန္ဒိယတို့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆွေးနွေး
================

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် Giridhar Aramane ဟာ မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး၊ နှစ်နိုင်ငံနယ်စပ် တရားမဝင် ဖြတ်ကျော်မှုကိစ္စ၊ မူးယစ်ဆေးဝါးနဲ့ မှောင်ခိုကုန်ကူးမှုကိစ္စတွေ အပါအဝင် နှစ်နိုင်ငံနယ်စပ် ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

အတွင်းဝန် Aramane ဟာ မြန်မာနိုင်ငံကို ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အထိ တရားဝင်သွားရောက် တာဖြစ်ပြီး၊ တဖက်နိုင်ငံ အန္တရယ်ဖြစ်စေမယ့် လုပ်ရပ်တွေအတွက် သက်ဆိုင်ရာ နိုင်ငံနယ်နိမိတ်တွေကို အသုံးချခွင့် မပြုဖို့ နှစ်ဘက်စလုံးက ထပ်မံ အတည်ပြုကြတယ်လို့လည်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ဒါဟာ အိန္ဒိယ - မြန်မာနယ်စပ်ဖြစ်တဲ့ အိန္ဒိယဘက်ခြမ်းက မဏိပူရ်မှာ ပဋိပက္ခတင်းမာနေတဲ့အချိန်မှာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူက နှစ်ရက်တာ မြန်မာစစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ လာရောက်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

"ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံက အကြီးတန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အိန္ဒိယရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ တင်ပြနိုင်တဲ့ကိစ္စရပ်တွေကို တင်ပြနိုင်တဲ့ အခွင့်အရေးတခု" လို့ အိန္ဒိယအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို " နှစ်ဘက်စလုံးက သူတို့ရဲ့ သက်ဆိုင်ရာနယ်မြေတွေမှာ တဖက်နဲ့ တဖက်ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုခွင့်မပေးဖို့ သေချာစေအောင် ထပ်လောင်းကတိပြုခဲ့တယ်" လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး နဲ့ မြန်မာပြည်သူများ သုခချမ်းသာရရှိရေးဟာ အိန္ဒိယနိုင်ငံရဲ့ အဓိကဦးစားပေးဖြစ်တယ်လို့ လည်းဆိုပါတယ်။

https://youtu.be/PasmiPFVVyY

#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
💩9👍3👏1
Media is too big
VIEW IN TELEGRAM
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးပါက ထိရောက်စွာ အရေးယူမည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့ထုတ်ပြန်

Watch more detail - https://www.youtube.com/watch?v=oJWU0heuzw0

#PoliticalNews
#reels
#shorts
#MizzimaTV
👍4😁4👎2
​​ကန်ပက်လက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ
======================

ပါခွီး
(မဇ္စျိမ) ။ ။ချင်းပြည်နယ်၊ ကန်ပလက်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံတဦး ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင်လ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ကန်ပက်လက်မြို့ ၊ မြို့မရဲစခန်းအနီးတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူနှစ်ဦးကို ဇူလိုင်လ ၂ ရက် နေ့ နံနက် ၈ နာရီအချိန်က ပစ်ခတ်ခဲ့ရာ တဦး ကျည်ဆံထိမှန်ဒဏ်ရာ ရရှိသွားကြောင်း ဆိုသည်။

“သူက ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ရွာကနေ ကန်ပက်လက်မြို့ကိုတက်လာတာ။ ကန်ပက်လက်ကနေ ရွာကိုပြန်တဲ့အချိန် သင်္ချိုင်းကုန်းလမ်းခွဲမှာ အပစ်ခံရတာ။ ခြေဖမိုးကိုထိထားတာ၊ အသက်အန္တရာယ် စိုးရိမ် စရာတော့ မရှိပါဘူး” ဟု CDF – Kanpetlet တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

အဆိုပါ အကြမ်းဖက်လုပ်ရပ်များကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပါကြောင်းနှင့် မိဘပြည်သူများအနေ ဖြင့် အသွားအလာ သတိပြုနေထိုင်ကြရန်မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ကန်ပက်လက်မြို့အတွင်း လူမနေတော့သည့် အိမ်များကို ဖောက်ထွင်းပြီး ပစ္စည်း များခိုးယူနေမှုများရှိနေကြောင်း CDF – Kanpetlet တာဝန်ရှိသူကပြောသည်။
၎င်းတို့ တပ်ဖွဲ့အနေဖြင့် ပြည်သူများကို မြို့ထဲတွင်နေထိုင်ခြင်းမပြုကြရန်နှင့် စစ်ဘေးရှောင်စခန်းများ လည်းဖွင့်လှစ်ထားကြောင်း အသိပေးထားသည်ဟု သိရသည်။

မြို့အတွင်း ပြုလုပ်သည့် စစ်ရေးလုပ်ဆောင်ချက်များကို ပြည်သူများအား အသိပေးချမပြနိုင်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့်နီးသော အန္တရာယ်ရှိသည့်နေရာများကို ရှောင်ရှားကြရန်လည်း မေတ္တာရပ်ခံထား သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ်၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှဦးဆောင်၍ သင်္ချိုင်းသန့်ရှင်းရေးပြုလုပ်ရန်သွားနေစဉ် အ.ထ.က ကျောင်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ က ပစ်ခတ်သဖြင့် ကျည်ဆံထိမှန် ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

ယင်းသို့ ပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေပါက ပြင်းထန်စွာ တုံ့ပြန် အရေးယူသွားမည်ဖြစ်ကြောင်း CDF – Kanpetlet က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#ကန်ပက်လက်မြို့
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
👍8🤬4🔥2😁1
​​ဆဒုံးဒေသအတွင်း ရက်သတ္တပတ်ကြာမြင့်သည်အထိ တိုက်ပွဲပြင်းထန်လျက်ရှိ
=========================

အဂမ်
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဆဒုံးဒေသတွင် ရက်သတ္တပတ်ကြာမြင့်သည်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ် ပွားနေပြီး စစ်ကောင်စီတပ်က တိုက်လေယာဥ်များဖြင့် နေ့စဥ်နီးပါးလာရောက်တိုက်ခိုက်နေ၍ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ဆိုသည်။

ဇွန်လ ၂၅ ရက် နံနက် ၉ နာရီခန့်မှစတင်ကာ ကေအိုင်အေတပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) ထိန်းချုပ်ရာရှေ့တန်းဂိတ်သို့ စစ်ကောင်စီလက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲရေးခြေမြန်တပ်ဖွဲ့ဝင်များက အလုံးအရင်းနှင့် စစ်ကြောင်းလှုပ်ရှားရာမှ တိုက်ပွဲဖြစ်ခဲ့ခြင်းဟုဆိုသည်။

စစ်ကောင်စီတပ်က ဇွန်လ ၂၆ ရက်နေ့မှစတင်ပြီး ရက်သတ္တပတ်ကြာမြင့်သည်အထိ တိုက်ခိုက်ရေး ဂျက်လေယာဥ် များသုံးစွဲကာ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်နေခြင်းဟုသိရသည်။
လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်ပြီး ရက်ဆက်ဖြစ်ပွားနေသောကြောင့် တိုက်ပွဲဖြစ်ရာအနီးရှိ အင်ဝမ့်ကောင်မူလွန်ကျောင်းကို ယာယီပိတ်ထားရကြောင်းလည်း သိရသည်။

“ကချင်ပြည်နယ်မှာ စစ်ရှောင်တွေကို နေရပ်ပြန်လည်နေရာချထားမှု အတည်တကျ အခြေချနိုင်ခြင်း မရှိ သေးချိန်မှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် တဖန်ပြန်စစ်ရှောင်ရခြင်းနှင့် စစ်ပွဲကြောင့် စစ်ရှောင်တွေ ပိုမို များပြားလာမှုမဖြစ်စေဖို့ နိုင်ငံရေးနဲ့ စစ်ရေးနည်းဗျူဟာများအရ အင်အားသုံးပစ်ခတ်ဖို့ မလိုအပ်သေး တာကြောင့် အောက်ခြေတပ်ရင်းများရဲ့ ရှေတန်းကင်းစခန်းများနဲ့သာ ထိန်းထားသေးတဲ့ အခြေအနေ ဖြစ် ပါတယ်” ဟု KIO/KIA နှင့်နီးစပ်သည့် ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တွင်လည်း လီဆူဌာနေပြည်သူ့စစ်အဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ လေ ကြောင်းပစ်ကူဖြင့် စစ်ရေးလှုပ်ရှားနေကြောင်း ဆိုသည်။

KIA တပ်ရင်း(၃)သည် KIO ဌာနချုပ်၊ လိုင်ဇာ၏ဝင်ပေါက်ကိုကာကွယ်နေသည့် တပ်မဟာဌာနချုပ် အောက်မှတပ်ရင်းတရင်းဖြစ်သောကြောင့် လိုအပ်သည့်လူအင်အားနှင့် စစ်လက်နက်ပစ္စည်းများကို အမြန် ဆုံးဖြည့်တင်းကာ လိုအပ်သလို ရွှေ့ပြောင်းစစ်ရေးလှုပ်ရှားနိုင်သည့် တပ်ရင်းဖြစ်ကာ ယင်းတပ်ရင်းနှင့် ထိတွေ့မှုဖြစ်သည့် တိုက်ပွဲများက ပြင်းထန်ကာ ကြာရှည်ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဆဒုံးဒေသ
#တိုက်ပွဲပြင်းထန်
#ဂျက်တိုက်လေယာဉ်
#KIO/KIA
👍13👏6
​​ပြင်ဦးလွင်အဆင်းလမ်း မိုင်တိုင် ၁၇ အနီးတွင် တွဲကားချောက်ထဲကျပြီး ယာဉ်မောင်းသေဆုံး
======================

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-ပြင်ဦးလွင်အဆင်းလမ်း မိုင်တိုင် ၁၇ အနီးတွင် ယနေ့ ဇူလိုင်လ ၃ ရက် နံနက် ၅ နာရီခွဲခန့်က တွဲကားတစီး ချောက်ထဲကျကာ ယာဉ်မောင်းဖြစ်သူ သေဆုံး ခဲ့ကြောင်း သိရသည်။

“ကားက ဂေါ်ဒန်ကျောက်တွေတင်လာတဲ့ကားဗျ။ အရှိန်လွန်ပြီး ချောက်ထဲထိုးကျတာပါ။ အိုးတလုံး အဆင်းလမ်းဘက်က ချောက်ထဲထိုးကျသွားတာ။ တစ်ယောက်က ခုန်ချလို့ လွတ်သွားတယ်၊ယာဉ်မောင်း တော့ ကားနဲ့အတူပါသွားပြီး သေတယ်” ဟု စေတနာမွန်လူမှုကူညီရေးအသင်းက အတည်ပြုသည်။

မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းတွင် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ကလည်း မိုင်တိုင်(၁၅/၂) အနီး တမာ တောင်ကွေ့တွင် ကားတစီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါလာသူသုံးဦး ပြင်းထန်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

“မိုးဖွဲလေးတွေ ရွာတတ်တဲ့ ကာလမို့ အခုလိုမကြာခဏ ဖြစ်နေတယ်။ ဒီလမ်းပိုင်းက လမ်းလည်းကောင်း ပြီး အဆင်းလမ်းရှည်တယ်။ နောက်ပြီး အန္တရာယ်ကွေ့အထပ်ထပ်နဲ့ဆိုတော့ သတိထားမောင်းကြစေလို တယ်။ အထူးသဖြင့် အဆင်းလမ်းဘက်ခြမ်းမှာ အရှိန်လွန်ပြီးမှောက်တာတွေ မကြာခဏဖြစ်နေတယ်” ဟု ကူညီကယ်ဆယ်ရေးတွင် ပါ၀င်ခဲ့သူတဦးက ပြောသည်။

ဧပြီလ ၂၂ ရက်နေ့ကလည်း မိုင်တိုင် ၁၇ အနီး၌ လမ်းဘေးရပ်ထားသည့်ကားကို အရှိန်လွန်လာသည့် ကား တစ်စီးက ၀င်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတဦးနှင့်အမျိုးသမီးတဦး ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်လည်း ဖြစ် ပွားခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
👍5❤1👏1
​​မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းတွင် ပါဝင်ပတ်သက်သည့် ထိုင်ဝမ်အမျိုးသား ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ
===================

လစာကောင်းသော အလုပ်အကိုင်များ ရရှိမည်ဟု လူများကို မက်လုံးပေးကာ မြန်မာနိုင်ငံသို့ သွေးဆောင်ခေါ်ယူပြီး ၎င်းတို့ကို အွန်လိုင်း အလိမ်အညာ ရိုက်စားအလုပ်များ အတင်းအကျပ် ခိုင်းစေမှုအတွက် ထိုင်ဝမ်အမျိုးသားတစ်ဦးကို ထိုင်ဝမ်တရားရုံးက ထောင်ဒဏ် ခြောက်နှစ်နှင့် လေးလ ချမှတ်လိုက်သည်။

Brother Nan အမည်ရ တရုတ်နိုင်ငံသားတစ်ဦးနှင့် ချန်း အမည်ရ အခြား ထိုင်ဝမ်အမျိုးသားတစ်ဦးတို့ ပါဝင်သည့် လူကုန်ကူးဂိုဏ်းတစ်ခုတွင် ယခု ပြစ်ဒဏ်ချမှတ်ခံရသော ရှောင် အမည်ရ ထိုင်ဝမ် အမျိုးသားလည်း ပါဝင်ဆက်စပ်နေသည်ဟု ယုံကြည်ရကြောင်း တိုင်ပေ ခရိုင်တရားရုံးက ဇွန်လ ၂၉ ရက် တရားရုံးပြစ်ဒဏ်အမိန့်ချမှတ်မှုတွင် ပြောသည်။ ချန်းကိုလည်း လက်ရှိတွင် စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု တရားရုံးက ပြောသည်။

အဆိုပါ လူကုန်ကူးဂိုဏ်းသည် ပြည်ပနိုင်ငံများရှိ အကြွေးနွံနစ်နေသူများကို အဓိက ပစ်မှတ်ထား သိမ်းသွင်းဆွဲဆောင်ခြင်း ဖြစ်ပြီး လစာကောင်းပြီး လွယ်ကူသော အလုပ်အကိုင်များ လုပ်ရမည် ဆိုပြီး ရှောင်က အင်စတာဂရမ်တွင် အလိမ်အညာ အလုပ်ခေါ်စာများ တင်ပြီး သွေးဆောင်ခေါ်ယူမှုများ ရှိခဲ့ကြောင်း တိုင်ပေ တရားရုံးက ပြောသည်။
👏8👍6🔥2❤1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီနှင့် အိန္ဒိယတို့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆွေးနွေး

Watch more detail - https://youtu.be/PasmiPFVVyY

#PoliticalNews
#reels
#shorts
#MizzimaTV
💩6👏2
ဇူလိုင်လ (၃)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

00:59− စစ်ကောင်စီနှင့် အိန္ဒိယတို့ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆွေးနွေးကြတဲ့သတင်း

04:30 − နိုင်ငံတကာ ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေကို နှောင့်ယှက်ဖျက်ဆီးပါက ထိရောက်စွာ အရေးယူမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့ထုတ်ပြန်တဲ့သတင်း

07:36 − ပုသိမ်ကြီးမြို့နယ်မှာ ဖယ်ရှားခံရမယ့် အဆောက်အအုံ စာရင်းထဲ ဘုန်းကြီးကျောင်းတွေပါ ပါဝင်နေတာကြောင့် ဝါဆိုသံဃာတော်တွေ အခက်ကြုံနေရတဲ့သတင်းနဲ့

10:50 − သံတမန်ရေးအငြင်းပွားမှုအပြီး သီရိလင်္ကာကိုပေးထားတဲ့ဆင်ကို ထိုင်းနိုင်ငံပြန်ပို့ဖို့စီစဉ်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။

https://youtu.be/P2lHxHUfZSA

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🍌2
​​ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေးသတိပြုရန် NUG သတိပေး
==================

ရောင်နီ
မဇ္စျိမ။ ။ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ ဆက်လက်အားကောင်းနေခြင်းကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေး သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၃ရက်မှ ဇူလိုင်လ ၉ရက်အထိ မိုးလေဝသအခြေအနေကို MOHADMကထုတ်ပြန်ထားပြီး မိုးတွင်းကာလ ရေကြီး၊ရေလျှံမှုဘေးကို သတိပေးထားခြင်းဖြစ်သည်။
အဆိုပါ ကာလအတွင်း " ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် မိုးကြီး၊မိုးများ လာနိုင်ပြီး မြို့ပြနှင့်မြစ်ချောင်းများ ရေကြီးရေလျှံ နိုင်ခြေ ရှိပါကြောင်း အသိပေးအပ်ပါသည်" ဟု MOHADMကထုတ်ပြန်ထားသည်။

ကမ်းရိုးတန်းဒေသများတွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့ပါဝင်ပြီး မြောက်ပိုင်းဒေသများတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများပါဝင်သည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လာမည့်နှစ်ရက်အတွင်း မိုးပိုလာနိုင်သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

ယခုလ ဇူလိုင်လသည် မိုးလယ်ကာလဖြစ်ပြီး မြန်မာနိုင်ငံ‌တွင် ပထမရေကြီးကာလအဖြစ်လည်း သတ်မှတ်ထားသည်။ ဇူလိုင်လအတွင်း ဒေသအများစု မိုးကောင်းလေ့ရှိကာ မြစ်ရေလျှံခြင်း၊ တောင်ကုန်း‌ဒေသများ၌ မြေပြိုခြင်း၊ ရေလွှမ်းမိုးသည့် ဧရိယာများပြားခြင်းတို့ကြောင့် ပထမရေကြီးကာလအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

စာတည်း - မောင်ကြီး

#mizzima
#မြန်မာ့ကမ်းရိုးတန်းဒေသများ
#မြောက်ပိုင်းဒေသများ
#ရေကြီးရေလျှံမှုဘေး
#MOHADM
photo - ၂၀၂၂ ခုနှစ် မိုးရာသီက မော်လမြိုင်မြို့‌ပေါ်ရေကြီးရေလျှံမှု မြင်ကွင်း (ပုံဟောင်း)
👍17😁2
​​ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီး၌ တိုက်ပွဲပြန်ဖြစ်၍ ဒေသခံများ စစ်ဘေးရှောင်နေရ
==========================

ကချင်လေး
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ အကြား ပြင်းထန်လာသည့်တိုက်ပွဲများကြောင့် ဒေသခံများ နီးစပ်ရာသို့ ပြန်လည်တိမ်းရှောင်နေရကြောင်း သိရသည်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာနှင့် အောင်ဂျာကျေးရွာကြားတွင် ယနေ့ ဇူလိုင်လ ၃ ရက်၊ နံနက် ၅ နာရီဝန်းကျင်ခန့်မှစတင်ကာ လက်ရှိအချိန်ထိ ကချင်လွတ်လပ်ရေးတပ်မတာ်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
တိုက်ပွဲကြောင့် နမ်ဆန်ယန်မှ အိမ်ထောင်စု ၂၀၀ ကျော်မှာ ကျေးရွာအတွင်း မနေရဲကြတော့ဘဲ လုံခြုံ မည်ထင်သည့် နေရာများသို့ထွက်ပြေးနေကြသည်ဟု ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။

“စစ်တပ်ဘက်က နမ်ဆန်ယန်မှာ ပြန်ပြီးနေရာယူချင်သလို လုပ်နေတယ်။ အခုက ထွက်ပြေးတဲ့သူက ပြေး၊ တချို့ကျတော့ ရွာထဲက (ဘုရားကျောင်းဝင်း) မှာ နေ နေကြသေးတယ်။ အခုချိန်ထိတော့ ရွာ အစွန် ဘက်မှာ ပစ်နေကြတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံကပြောသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ချင်ဒေသတွင်းတကျော့ပြန်တိုက်ပွဲများ ပြန်လည်းဖြစ်ပွားခဲ့စဥ်က နမ်ဆန်ယန် ကျေးရွာသည် စစ်တပ်နှင့် KIA တပ်တို့၏ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့သည်။

ထိုစဉ်ကနမ်ဆန်ယန်ကျေးရွာနေဒေသခံများ စစ်ဘေးရှောင်ခဲ့ကြရပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် နှစ်ဖက်တပ်များ၏သဘောတူညီမှုဖြင့် ပထမဆုံးနေရပ်ပြန်နိုင်ခဲ့ကြသည့် နေရပ်ပြန် စံပြကျေးရွာကြီး ဖြစ်သည်။

နမ်ဆန်ယန်ကျေးရွာအနီး နှစ်ဖက်လက်နက်ကိုများမှ ဝင်ရောက်တပ်စွဲခြင်းမပြုကြရန် သဘောတူညီထား သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နမ့်ဆန်ယန်ကျေးရွာအတွင်းသို့ ဝင်ရောက် တပ်စွဲနေရာယူရန် ကြိုးစားနေခြင်းဟုသိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က နမ်ဆန်ယန်ကျေးရွာတံတားအကျော် အောင်ဂျာကျေးရွာတံတားနှင့် ဒေါ့ဖုန်း ယန်ကျေးရွာနှစ်ခုလုံးကို ပိတ်ထားလိုက်ပြီဟုဆိုသည်။

ထို့ကြောင့် နမ်ဆန်ယန်ဒေသခံများသာမက ဗန်းမော်၊ ဝိုင်းမော်နှင့် မြစ်ကြီးနားဘက်မှ ဆင်းလာသူ အား လုံးဖြတ်သန်းသွားလာ၍မရတော့ကြောင်း မဇ္ဈိမသတင်းအဖွဲ့က ကနဦး စုံစမ်းသိရှိထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ဗန်းမော်မြို့နယ်၊ ခါရာကျေးရွာဘက်မှ နမ်ဆန်ယန်ကျေးရွာသို့ လာ သည့် စစ်ကောင်စီတပ်သားအင်အား ၁၀၀ ခန့်ပါသောစစ်ကြောင်းကို နမ်ဆန်ယန်တံတားအကျော်၊ အောင်ဂျာကျေးရွာ၊ လွယ်လွန်တောင်အနီးတွင် KIA ဘက်မှ တားဆီပစ်ခတ်ခဲ့သေးသည်။

ယနေ့ဖြစ်ပွားခဲ့သည့်တိုက်ပွဲအခြေအနေနှင့်ပက်သက်ပြီး နမ်ဆန်ယန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘရန်လီ နှင့် KIO/KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူတို့ထံ မဇ္ဈိမကဆက်သွယ်နေသော်လည်းအဆက်အသွယ် မရသေးပေ။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဝိုင်းမော်မြို့နယ်
#နမ်ဆန်ယန်ကျေးရွာ
#တိုက်ပွဲပြင်းထန်
#KIO/KIA
👍11🔥2😁1😢1
​​Federal Wings ဒရုန်းတပ်ဖွဲ့၏ စစ်ဆင်ရေး ၂၈၀ ခုကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ဦးခန့် သေဆုံးဟု ထုတ်ပြန်
=====================

ရောင်နီ
(မဇ္စျိမ)။ ။Federal Wings ဒရုန်းတပ်ဖွဲ့မှ ယခုနှစ် ခြောက်လတာကာလအတွင်း စစ်ဆင်ရေး ၂၈၀ ကျော် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ဦးခန့်သေဆုံးခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန် သည်။

၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလမှ ဇွန်လအထိ ပထမခြောက်လတာကာလအတွင်း Federal Wings ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်မှု ၂၈၁ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးသီးအမျိုးအစားစုံ ၆၈၀ ခန့် အသုံးပြုခဲ့ကြောင်းဆိုသည်။

တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အမြောက်အမြားရှိခဲ့ ကြောင်း စစ်မြေပြင်သတင်းများအရသိရကြောင်း Federal Wings ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် ၂၀၂၃ ခုနှစ် ပထမခြောက်လတာကာလအတွင်း Federal Wings တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ တပ်ဖွဲ့ဝင်ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှဆေးကုသမှု ခံယူနေဆဲဖြစ်သော်လည်း ကျန်တပ်ဖွဲ့ဝင်လေးဦးမှာ သက်ဆိုင်ရာ တော်လှန်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြဆဲဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့မှ အသိပေးထားသည်။

ထို့အပြင် ယခုနှစ် ပထမခြောက်လတာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ် ရေးဝန်ကြီးဌာန လက်အောက်တွင် Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ဒရုန်းတွေနဲ့ဆောင်ရွက်နိုင်တဲ့ တိုက်ပွဲထောက်ကူပြုမှုပိုင်းဆိုင်ရာကိစ္စတွေအားလုံးရဲ့ အဓိကရည်ရွယ် ချက်က တန်ဖိုးရှိတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အသက်ခန္ဓာကို အတတ်နိုင်ဆုံးချွေတာနိုင်ဖို့ ဖြစ်ပါ တယ်။ ဒရုန်းတွေကိုအသုံးချပြီး စစ်ရေးသတင်းအချက်အလက်ရယူနိုင်မှုနဲ့ စစ်ဆင်နိုင်မှုပုံစံတွေက အများ ကြီးပါပဲ။ တိုက်ခိုက်ရေးတပ်ဖွဲ့တခုမှာ ဒရုန်းတပ်ဖွဲ့တခုရှိနေတယ်ဆိုတာက မရှိမဖြစ်ဆိုတာမျိုးတောင် ဖြစ်လာပါလိမ့်မယ် ” ဟု Federal Wings မှ ပြောရေးဆိုခွင့်ရှိသူတဦးက People’s Spring ၏ ဆက် သွယ်မေးမြန်းမှုတွင် ဖြေဆိုထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများတွင် စတင်အခြေစိုက်ခဲ့သည့် Federal Wings ဒရုန်း တပ်ဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်နှင့် ၎င်းတို့စခန်းချရာနေရာများတွင် ယခုနှစ် ဇွန် လမှစတင်ကာ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။
၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှု စစ်ဆင်ရေးပေါင်း ၄၃၇ ကြိမ်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့၀င် ၂၀၀ ဦးခန့် ထိခိုက်သေဆုံးကာ ထိခိုက်ဒဏ်ရာသူများစွာရှိခဲ့ကြောင်း Federal Wings ဒရုန်း တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက People’s Spring သို့ ဖြေဆိုထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#FederalWings
#ဒရုန်းတပ်ဖွဲ့
#စစ်ဆင်ရေး
👍14❤3🔥2👏1