Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေးသတိပြုရန် NUG သတိပေး
==================

ရောင်နီ
မဇ္စျိမ။ ။ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ ဆက်လက်အားကောင်းနေခြင်းကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေး သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၃ရက်မှ ဇူလိုင်လ ၉ရက်အထိ မိုးလေဝသအခြေအနေကို MOHADMကထုတ်ပြန်ထားပြီး မိုးတွင်းကာလ ရေကြီး၊ရေလျှံမှုဘေးကို သတိပေးထားခြင်းဖြစ်သည်။
အဆိုပါ ကာလအတွင်း " ကမ်းရိုးတန်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် မိုးကြီး၊မိုးများ လာနိုင်ပြီး မြို့ပြနှင့်မြစ်ချောင်းများ ရေကြီးရေလျှံ နိုင်ခြေ ရှိပါကြောင်း အသိပေးအပ်ပါသည်" ဟု MOHADMကထုတ်ပြန်ထားသည်။

ကမ်းရိုးတန်းဒေသများတွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့ပါဝင်ပြီး မြောက်ပိုင်းဒေသများတွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများပါဝင်သည်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လာမည့်နှစ်ရက်အတွင်း မိုးပိုလာနိုင်သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

ယခုလ ဇူလိုင်လသည် မိုးလယ်ကာလဖြစ်ပြီး မြန်မာနိုင်ငံ‌တွင် ပထမရေကြီးကာလအဖြစ်လည်း သတ်မှတ်ထားသည်။ ဇူလိုင်လအတွင်း ဒေသအများစု မိုးကောင်းလေ့ရှိကာ မြစ်ရေလျှံခြင်း၊ တောင်ကုန်း‌ဒေသများ၌ မြေပြိုခြင်း၊ ရေလွှမ်းမိုးသည့် ဧရိယာများပြားခြင်းတို့ကြောင့် ပထမရေကြီးကာလအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

စာတည်း - မောင်ကြီး

#mizzima
#မြန်မာ့ကမ်းရိုးတန်းဒေသများ
#မြောက်ပိုင်းဒေသများ
#ရေကြီးရေလျှံမှုဘေး
#MOHADM
photo - ၂၀၂၂ ခုနှစ် မိုးရာသီက မော်လမြိုင်မြို့‌ပေါ်ရေကြီးရေလျှံမှု မြင်ကွင်း (ပုံဟောင်း)
👍17😁2
​​ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီး၌ တိုက်ပွဲပြန်ဖြစ်၍ ဒေသခံများ စစ်ဘေးရှောင်နေရ
==========================

ကချင်လေး
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ အကြား ပြင်းထန်လာသည့်တိုက်ပွဲများကြောင့် ဒေသခံများ နီးစပ်ရာသို့ ပြန်လည်တိမ်းရှောင်နေရကြောင်း သိရသည်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာနှင့် အောင်ဂျာကျေးရွာကြားတွင် ယနေ့ ဇူလိုင်လ ၃ ရက်၊ နံနက် ၅ နာရီဝန်းကျင်ခန့်မှစတင်ကာ လက်ရှိအချိန်ထိ ကချင်လွတ်လပ်ရေးတပ်မတာ်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
တိုက်ပွဲကြောင့် နမ်ဆန်ယန်မှ အိမ်ထောင်စု ၂၀၀ ကျော်မှာ ကျေးရွာအတွင်း မနေရဲကြတော့ဘဲ လုံခြုံ မည်ထင်သည့် နေရာများသို့ထွက်ပြေးနေကြသည်ဟု ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။

“စစ်တပ်ဘက်က နမ်ဆန်ယန်မှာ ပြန်ပြီးနေရာယူချင်သလို လုပ်နေတယ်။ အခုက ထွက်ပြေးတဲ့သူက ပြေး၊ တချို့ကျတော့ ရွာထဲက (ဘုရားကျောင်းဝင်း) မှာ နေ နေကြသေးတယ်။ အခုချိန်ထိတော့ ရွာ အစွန် ဘက်မှာ ပစ်နေကြတယ်” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ ဒေသခံကပြောသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ချင်ဒေသတွင်းတကျော့ပြန်တိုက်ပွဲများ ပြန်လည်းဖြစ်ပွားခဲ့စဥ်က နမ်ဆန်ယန် ကျေးရွာသည် စစ်တပ်နှင့် KIA တပ်တို့၏ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့သည်။

ထိုစဉ်ကနမ်ဆန်ယန်ကျေးရွာနေဒေသခံများ စစ်ဘေးရှောင်ခဲ့ကြရပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် နှစ်ဖက်တပ်များ၏သဘောတူညီမှုဖြင့် ပထမဆုံးနေရပ်ပြန်နိုင်ခဲ့ကြသည့် နေရပ်ပြန် စံပြကျေးရွာကြီး ဖြစ်သည်။

နမ်ဆန်ယန်ကျေးရွာအနီး နှစ်ဖက်လက်နက်ကိုများမှ ဝင်ရောက်တပ်စွဲခြင်းမပြုကြရန် သဘောတူညီထား သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နမ့်ဆန်ယန်ကျေးရွာအတွင်းသို့ ဝင်ရောက် တပ်စွဲနေရာယူရန် ကြိုးစားနေခြင်းဟုသိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က နမ်ဆန်ယန်ကျေးရွာတံတားအကျော် အောင်ဂျာကျေးရွာတံတားနှင့် ဒေါ့ဖုန်း ယန်ကျေးရွာနှစ်ခုလုံးကို ပိတ်ထားလိုက်ပြီဟုဆိုသည်။

ထို့ကြောင့် နမ်ဆန်ယန်ဒေသခံများသာမက ဗန်းမော်၊ ဝိုင်းမော်နှင့် မြစ်ကြီးနားဘက်မှ ဆင်းလာသူ အား လုံးဖြတ်သန်းသွားလာ၍မရတော့ကြောင်း မဇ္ဈိမသတင်းအဖွဲ့က ကနဦး စုံစမ်းသိရှိထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ဗန်းမော်မြို့နယ်၊ ခါရာကျေးရွာဘက်မှ နမ်ဆန်ယန်ကျေးရွာသို့ လာ သည့် စစ်ကောင်စီတပ်သားအင်အား ၁၀၀ ခန့်ပါသောစစ်ကြောင်းကို နမ်ဆန်ယန်တံတားအကျော်၊ အောင်ဂျာကျေးရွာ၊ လွယ်လွန်တောင်အနီးတွင် KIA ဘက်မှ တားဆီပစ်ခတ်ခဲ့သေးသည်။

ယနေ့ဖြစ်ပွားခဲ့သည့်တိုက်ပွဲအခြေအနေနှင့်ပက်သက်ပြီး နမ်ဆန်ယန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘရန်လီ နှင့် KIO/KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူတို့ထံ မဇ္ဈိမကဆက်သွယ်နေသော်လည်းအဆက်အသွယ် မရသေးပေ။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဝိုင်းမော်မြို့နယ်
#နမ်ဆန်ယန်ကျေးရွာ
#တိုက်ပွဲပြင်းထန်
#KIO/KIA
👍11🔥2😁1😢1
​​Federal Wings ဒရုန်းတပ်ဖွဲ့၏ စစ်ဆင်ရေး ၂၈၀ ခုကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ဦးခန့် သေဆုံးဟု ထုတ်ပြန်
=====================

ရောင်နီ
(မဇ္စျိမ)။ ။Federal Wings ဒရုန်းတပ်ဖွဲ့မှ ယခုနှစ် ခြောက်လတာကာလအတွင်း စစ်ဆင်ရေး ၂၈၀ ကျော် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ဦးခန့်သေဆုံးခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန် သည်။

၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလမှ ဇွန်လအထိ ပထမခြောက်လတာကာလအတွင်း Federal Wings ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်မှု ၂၈၁ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးသီးအမျိုးအစားစုံ ၆၈၀ ခန့် အသုံးပြုခဲ့ကြောင်းဆိုသည်။

တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အမြောက်အမြားရှိခဲ့ ကြောင်း စစ်မြေပြင်သတင်းများအရသိရကြောင်း Federal Wings ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် ၂၀၂၃ ခုနှစ် ပထမခြောက်လတာကာလအတွင်း Federal Wings တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ တပ်ဖွဲ့ဝင်ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှဆေးကုသမှု ခံယူနေဆဲဖြစ်သော်လည်း ကျန်တပ်ဖွဲ့ဝင်လေးဦးမှာ သက်ဆိုင်ရာ တော်လှန်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြဆဲဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့မှ အသိပေးထားသည်။

ထို့အပြင် ယခုနှစ် ပထမခြောက်လတာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ် ရေးဝန်ကြီးဌာန လက်အောက်တွင် Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ဒရုန်းတွေနဲ့ဆောင်ရွက်နိုင်တဲ့ တိုက်ပွဲထောက်ကူပြုမှုပိုင်းဆိုင်ရာကိစ္စတွေအားလုံးရဲ့ အဓိကရည်ရွယ် ချက်က တန်ဖိုးရှိတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အသက်ခန္ဓာကို အတတ်နိုင်ဆုံးချွေတာနိုင်ဖို့ ဖြစ်ပါ တယ်။ ဒရုန်းတွေကိုအသုံးချပြီး စစ်ရေးသတင်းအချက်အလက်ရယူနိုင်မှုနဲ့ စစ်ဆင်နိုင်မှုပုံစံတွေက အများ ကြီးပါပဲ။ တိုက်ခိုက်ရေးတပ်ဖွဲ့တခုမှာ ဒရုန်းတပ်ဖွဲ့တခုရှိနေတယ်ဆိုတာက မရှိမဖြစ်ဆိုတာမျိုးတောင် ဖြစ်လာပါလိမ့်မယ် ” ဟု Federal Wings မှ ပြောရေးဆိုခွင့်ရှိသူတဦးက People’s Spring ၏ ဆက် သွယ်မေးမြန်းမှုတွင် ဖြေဆိုထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများတွင် စတင်အခြေစိုက်ခဲ့သည့် Federal Wings ဒရုန်း တပ်ဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်နှင့် ၎င်းတို့စခန်းချရာနေရာများတွင် ယခုနှစ် ဇွန် လမှစတင်ကာ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။
၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှု စစ်ဆင်ရေးပေါင်း ၄၃၇ ကြိမ်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့၀င် ၂၀၀ ဦးခန့် ထိခိုက်သေဆုံးကာ ထိခိုက်ဒဏ်ရာသူများစွာရှိခဲ့ကြောင်း Federal Wings ဒရုန်း တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက People’s Spring သို့ ဖြေဆိုထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#FederalWings
#ဒရုန်းတပ်ဖွဲ့
#စစ်ဆင်ရေး
👍14❤3🔥2👏1
စစ်ကိုင်းတိုင်းတွင် ဇွန်လအတွင်း လူ ၉ ဦး မီးရှို့သတ်ခံရပြီး နေအိမ် ၂,၅၀၀ ကျော် မီးလောင်ပျက်စီး
🔥3😁3🤬2😢2👎1
စစ်ကိုင်းတိုင်းတွင် ဇွန်လအတွင်း လူ ၉ ဦး မီးရှို့သတ်ခံရပြီး နေအိမ် ၂,၅၀၀ ကျော် မီးလောင်ပျက်စီး
===================

001
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်းတွင် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်က နေအိမ်အလုံးပေါင်း ၂,၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူကိုးဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ မီးသတ်ဦးစီးဌာနက ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

မီးရှို့ခံရမှု ၇၉ ကြိမ်အတွင်း နေအိမ်ပေါင်း ၂,၅၁၁ လုံး မီးလောင်ပျက်စီးသွားရာ ယင်းအနက် စာသင် ကျောင်းတကျောင်းနှင့် ဘာသာရေးအဆောက်အဦး လေးလုံးပါဝင်သည်။

ဇွန်လအတွင်း စစ်ကိုင်းတိုင်း အပါအဝင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် နေအိမ်အလုံးပေါင်း ၂,၆၀၀ ကျော် မီးရှို့ဖျက် ဆီးခံလိုက်ရပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ကြောင်း NUG မီးသတ်ဦးစီးဌာနက ဖော်ပြထားသည်။
အဆိုပါ တိုင်းနှင့် ပြည်နယ်များတွင် မီးရှို့ခံရမှု စုစုပေါင်း ၉၃ ကြိမ်ရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းသို့ လက်ရှိတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လအတွင်း ကံသစ်၊ ရွာသစ်၊ ကျီးအိုင်၊ မိုးနတ်၊ ယောက်သွားအိုင်၊ မြစ်တော်နှင့် ယာတော် စသည့် ကျေးရွာများမှ လူနေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ထို့ပြင် ခင်ဦးမြို့နယ်အနောက်ခြမ်းဖြစ်သည့် မြင်းဒေါင်း၊ မကျီးအုပ်၊ သရက်ပင်စု၊ သင်တိုင်း စသည့် ရွာလေးရွာမှ ဒေသခံ ၃,၀၀၀ ခန့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရပြီး တောထဲတွင် တဲထိုးနေနေရကြောင်း စစ်ဘေးရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“လောလောဆယ် စားရေး၊ နေရေး ဆေးဝါးရော အများစုက လိုအပ်နေတယ်၊ အခုကတော့ရတဲ့ အလုပ် ကလေးလုပ်ပြီး ဝမ်းစာရေးကတော့ ဖြေရှင်းနိုင်သလောက်ဖြေရှင်းလို့တော့ အဆင်ပြေကြပါတယ်၊ ဒါပေမဲ့ ရေရှည်တော့ တောင့်ခံနိုင်လိမ့်မယ်မထင်ဘူး၊ ဘာဖြစ်လို့လဲဆို ကုန်ဈေးနှုန်းတွေကလည်း တအားကြီး မြင့်မားတဲ့အတွက် အခုက အလုပ်ကလည်း လက်မဲ့တွေဖြစ်နေကြပြီ” ဟု စစ်ဘေးရှောင် အမျိုးသမီးက ဆိုသည်။

ထိုပြင့် ဇွန်လအတွင်း မန္တလေးတိုင်းမှ လူခြောက်ဦးလည်း စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း NUG မီးသတ်ဦးစီးဌာနက ဖော်ပြထားသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် မေလအထိ စစ်ကောင်စီတပ်နှင့် လက် အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်ပေါင်း ၇၀,၃၂၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၅၃,၈၁၆ လုံးပါဝင်ကြောင်း Data for Myanmar က ဇွန်လ ၁၄ ရက်နေ့က ထုတ် ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
Photo - ဇွန်လအစပိုင်းက ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင်လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရမှု အခြေအနေ (ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

#စစ်ကိုင်း
#ခင်ဦး
#မီးရှို့ခံရ
#Mizzima
🤬11👍2🔥2😁1
"ချင်းတွင်းမြစ်ဝှမ်းဒေသမှ စခန်းသိမ်းတိုက်ပွဲ"
👍18🔥1😁1
"ချင်းတွင်းမြစ်ဝှမ်းဒေသမှ စခန်းသိမ်းတိုက်ပွဲ"
===============

မောင်ကြီး
သင်္ကြန်အကြတ်နေ့ (ဧပြီလ ၁၅ ရက်)၊ ညနေ နေဝင်ရီတရောအချိန်။
စစ်ကိုင်းတိုင်းထဲမှ အထင်ကရလမ်းမကြီးဖြစ်‌သော မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်တွင် မိုးကာအုပ်ကားအချို့ ခပ်ဖြေးဖြေးမောင်းနှင်နေသည်။ ကားလမ်းမ၏ ဘေးဝဲယာမှာက အလောင်းတော်ကဿဖနယ်မြေနှင့် ထိစပ်နေသော မဟူတောင်တောကြီး။ မဟူတောင်တောက တောနက်သည့်အလျှောက် သစ်ပင်၊ သစ်ကိုင်းကြီးများကလည်း ကားလမ်းပေါ် အုပ်မိုးနေသည်။ အလျင်မလိုသည့်ပုံစံဖြင့် ဖြေးဖြေးမှန်မှန်မောင်းနှင်နေသည့် မိုးကာအုပ်ကားများက နာရီအနည်းငယ်ကြာ မောင်းနှင်ပြီးနောက် ညမှောင်ရီပျိုးစတွင် လမ်းဘေးတနေရာသို့ကပ်ကာ ရှေ့ဆင့်၊ နောက်ဆင့် ရပ်သွားသည်။ တချိန်တည်းတွင် လက်နက်ခဲယမ်းမျိုးစုံ ကိုယ်စီကိုင်‌ဆောင်ထားသည့် ပြောက်ကျားယူနီဖောင်းဝတ် လူငယ်အများအပြား ကားတစီးချင်းစီပေါ်မှ သွက်လက်ဖျတ်လတ်စွာ ခုန်ဆင်းလာကြပြီး မဟူတောင်တောကြီးအတွင်း ဝင်ရောက် ပျောက်ကွယ်သွားကြတော့သည်။

အချိန်နာရီများ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နောက်နှစ်ရက်မြောက်နေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့ နံနက်လင်းအားကြီးချိန်တွင်တော့ သင်္ကြန်အကြတ်နေ့က မဟူတောင်တောစပ်တွင် ဝင်ရောက်ပျောက်ကွယ်သွားသည့် ပြောက်ကျားယူနီဖောင်းဝတ်လူငယ်များ မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်မှ စစ်ကောင်စီ၏ အခိုင်အမာစခန်းတခုဖြစ်သော တာဝါတိုင်စခန်းရှေ့တည့်တည့်တွင် ဘွားကနဲ့ ရုတ်တရက် ပြန်ပေါ်လာခဲ့လေသည်။

ထိုသို့ ပြန်ပေါ်လာခြင်းက တာဝါတိုင်စခန်း‌စောင့် စစ်ကောင်စီတပ်ဖွဲ့အတွက် မရဏခေါင်းလောင်းသံဖြစ်ခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ ဟန်ချက်ညီသည့် တိုက်ရည်‌ခိုက်ရည်ကို ထုတ်ဖော်ပြသနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

- တာဝါတိုင်စခန်းသိမ်းတိုက်ပွဲ
တာဝါတိုင်စခန်းသည် မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်မှ ကနီမြို့နယ်၊ ယာကြီးရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာ တောင်ကုန်းပေါ်တွင် တည်ရှိသည်။ဆယ်သွယ်ရေးတာဝါတိုင်ကြီး တည်ဆောက်ထားသော ကြောင့် ယာကြီးတာဝါတိုင်စခန်းအဖြစ် အရပ်ခေါ် ခေါ်ကြသည်။ စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းပြီးနောက် ထိုနေရာ၌ အခိုင်အမာတပ်စွဲခဲ့သည်။ ထိုနေရာသည် စစ်အာဏာရှင်တော်လှန်ရေးအစုအဖွဲ့များကို စုံစမ်းထောက်လှမ်းရာတွင် စစ်ကိုင်းတိုင်း ၏ ပင်မဆက်သွယ်ရေးစခန်းဖြစ်ကြောင်း စုံစမ်းသိရှိရပြီးနောက် ထိုစခန်းကို တိုက်ခိုက်ဖျက်ဆီးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆုံးဖြတ်လိုက်သည်။ ထိုသို့ဖြင့် တာဝါတိုင်စခန်းသိမ်းတိုက်ပွဲ ပေါ်ပေါက်လာခဲ့သည်။
👍19❤5🔥1😁1
​​သီရိလင်္ကာရောက် ပစ်ပယ်ခံ ထိုင်းဆင်ကို လေကြောင်းဖြင့် မွေးရပ်ဌာနေသို့ ပြန်လည်ခေါ်ဆောင်
==========================

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်စုအကြာက သီရိလင်္ကာကို ထိုင်းနိုင်ငံက လက်ဆောင်ပေးခဲ့သော ဆင်တစ်ကောင်သည် ယမန်နေ့ ဇူလိုင် ၂ ရက်က မွေးရပ်မြေ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါ ထိုင်းဆင်သည် သီရိလင်္ကာ၌ ရှိစဉ်က ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည် ဆိုခြင်းနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား သံတမန်ရေးရာ ကတောက်ကဆတ် ဖြစ်ပြီးနောက် ယခုကဲ့သို့ ဆင်ကြီးကို မွေးရပ်မြေ ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ယူခြင်း ဖြစ်သည်။

ထိုင်းအာဏာပိုင်တို့သည် လက်ရှိ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်သည့် မူသူ ရာဂျာ အမည်ရှိ (ထိုင်းတွင် ဆက်ခ် ဆူရင်အဖြစ် လူသိများသည့်) ဆင်ကြီးကို ၂၀၀၁ ခုနှစ်က သီရိလင်္ကာကို လက်ဆောင်အဖြစ် ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါ ထိုင်းဆင်ကို သီရိလင်္ကာရှိ ဗုဒ္ဓဘုရားကျောင်းတစ်ခု၌ ထားရှိစဉ် ဆင်ကြီးအား ညှဉ်းပန်းနှိပ်စက်မှုများ ရှိခဲ့သလို ဂရုမစိုက်ဘဲ ပစ်ထားသည် ဆိုသည့် ပြောဆိုချက်များ ထွက်ပေါ်ပြီးနောက် ထိုင်းအာဏာပိုင်တို့က ယမန်နှစ်တွင် ထိုဆင်ကြီးကို ပြန်ပေးရန် တောင်းဆိုခဲ့သည်။
👍9👏3😁1
ဇူလိုင်လ (၃)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:00 - စစ်ကောင်စီအပေါ် လက်တွေ့အရေးယူဆောင်ရွက်မှု အားနည်းပျက်ကွက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောတဲ့ သတင်း

10:21 - စာသင်ကျောင်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးတဲ့သတင်း

05:51 - ဆဒုံးဒေသအတွင်း ရက်သတ္တပတ်ကြာမြင့်တဲ့အထိ တိုက်ပွဲပြင်းထန်နေတဲ့ သတင်းနဲ့

11:17 - ယူကရိန်းအဖွဲ့ဝင်ဖြစ်လာရေးအတွက် အီးယူရဲ့ထောက်ခံမှုပြတ်သားကြောင်း စပိန်ဝန်ကြီးချုပ်ပြောတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/VDMFnbyFQVQ

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2
တောင်ကိုရီးယားသမ္မတ နုတ်ထွက်ပေးရေး အလုပ်သမားသမဂ္ဂများ သပိတ်မှောက် | Business Roundup (3.7.2023)
===================

- မြန်မာ့လူ့အခွင့်အရေးနှင့် စာနာမှုအကူအညီလိုအပ်ချက် စိုးရိမ်စရာအဆင့်ထိ ဆိုးရွားလာနေ

- ရန်ကုန် ၊ ဧရာဝတီနှင့် ကရင်ပြည်နယ်တို့မှာ ဆင်းရဲခြင်းကြောင့် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ကလေးသူငယ်များ အလုပ်လုပ်ကိုင်နေရ

- စစ်ရေးအရှိန်အဟုန်မြှင့်ရန် အဓိကလမ်းမကြီးများကို ညအချိန်သွားလာခွင့် ကန့်သတ်

- တောင်ကိုရီးယားသမ္မတ နုတ်ထွက်ပေးရေး အလုပ်သမားသမဂ္ဂများ သပိတ်မှောက်

- UNESCO အဖွဲ့ဝင်နိုင်ငံအဖြစ် အမေရိကန်နိုင်ငံ တစ်ကျော့ပြန်ဝင်မှာကို တရုတ်အစိုးရကန့်ကွက်

https://youtu.be/ZDQpUY0PHx4

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥4