KIA ဌာနချုပ်အနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
=====================
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန္တလေး-မြစ်ကြီးနား အဝေးပြေးလမ်းမကြီးပေါ်က နမ့်ဆန်ယန်ကျေးရွာအနီးဖြစ်ပွားတဲ့ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေတယ်လို့သိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးက နမ်ဆန်ယန်ရွာနားမှာ ဇူလိုင်လ ၃ ရက် မနက် ၅ နာရီလောက်ကစလို့ KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံ ငါးရာလောက် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် တရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
KIA တပ်က နေရာယူထားတဲ့ ဌာနချုပ် လိုင်ဇာမြို့နဲ့ ငါးမိုင်ကျော်အကွာက နမ်ဆန်ယန်ရွာ ဘက်ကို စစ်ကောင်စီတပ်က ဝင်ရောက်လာတဲ့နောက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ နမ်ဆန်ယန်ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဟာ ဇူလိုင်လ ၃ ရက် မနက်အစောပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
https://youtu.be/uJCTNMKlKYA
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
KIA ဌာနချုပ်အနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန္တလေး-မြစ်ကြီးနား အဝေးပြေးလမ်းမကြီးပေါ်က နမ့်ဆန်ယန်ကျေးရွာအနီးဖြစ်ပွားတဲ့ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေတယ်လို့သိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ…

👍15👏4❤3🔥1😁1
Media is too big
VIEW IN TELEGRAM
KIA ဌာနချုပ်အနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
Watch more details - https://www.youtube.com/watch?v=uJCTNMKlKYA
#reels #shorts #politicalnews #Mizzima

👍6👏5🔥1
Media is too big
VIEW IN TELEGRAM
သစ်ကြားသီးရဲ့အကျိုးကျေးဇူးများ | Nature Article
Watch more detail - https://www.youtube.com/watch?v=wWR7JrIGV-M
#reels #shorts #naturearticle #Mizzima

👍2🌭1🍌1
မြန်မာစစ်တပ်ထံ စင်ကာပူနှင့် အိန္ဒိယကုမ္ပဏီတို့မှ စစ်လက်နက်တင်သွင်းမှုများရှိနေ
==========================
မြန်မာစစ်ကောင်စီ စစ်တပ်ကို စစ်လက်နက်တင်သွင်းရာမှာ စင်ကာပူအခြေစိုက်ကုမ္ပဏီ နောက်ထပ် ၉၁ ခု နဲ့ အိန္ဒိယပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီတို့က ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ကို စစ်လက်နက်တင်သွင်းရာမှာ စင်ကာပူ ကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်တယ်လို့ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဖော်ပြခဲ့တဲ့နောက် အခု နောက်ထပ် ကုမ္ပဏီ ၉၁ ခုကို ထပ်မံ ဖော်ထုတ်တွေ့ရှိရတာလို့ ဖော်ပြပါတယ်။
ဒါနဲ့ပတ်သက်လို့ စင်ကာပူလွှတ်တော်အမတ်နှစ်ဦးက စင်ကာပူအစိုးရကို မေးမြန်းရာမှာ မြန်မာနဲ့ပတ်သက် လို့ စင်ကာပူအစိုးရအနေနဲ့ အထွေထွေကုန်သွယ်ရေးတားမြစ်အရေးယူတာမျိုးလုပ်ဖို့ မရှိဘူးလို့ပဲ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဖြေကြားထားပါတယ်။
ခိုင်မာတဲ့အချက်လက်အပေါ် ထိထိရောက်ရောက်နဲ့ စုံစမ်းစောင့်ကြည့်နိုင်ဖို့ကတော့ မြန်မာနိုင်ငံတွင်း စစ်လက်နက်ထုတ်လုပ်မှုတွေမှာ ကြားခံဘယ်လိုပတ်သက်နေလဲဆိုတာ သိနိုင်ဖို့အတွက် ပို့ကုန်ငွေပေးငွေ ချေတဲ့ အထောက်အထားလိုမျိုး အသေးစိတ်ပိုသိနိုင်ဖို့ ကြိုးစားနေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က တုန့်ပြန်ခဲ့တယ်လို့ဆိုပါတယ်။
https://youtu.be/GZQA1SqTv3Y
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==========================
မြန်မာစစ်ကောင်စီ စစ်တပ်ကို စစ်လက်နက်တင်သွင်းရာမှာ စင်ကာပူအခြေစိုက်ကုမ္ပဏီ နောက်ထပ် ၉၁ ခု နဲ့ အိန္ဒိယပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီတို့က ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ကို စစ်လက်နက်တင်သွင်းရာမှာ စင်ကာပူ ကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်တယ်လို့ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဖော်ပြခဲ့တဲ့နောက် အခု နောက်ထပ် ကုမ္ပဏီ ၉၁ ခုကို ထပ်မံ ဖော်ထုတ်တွေ့ရှိရတာလို့ ဖော်ပြပါတယ်။
ဒါနဲ့ပတ်သက်လို့ စင်ကာပူလွှတ်တော်အမတ်နှစ်ဦးက စင်ကာပူအစိုးရကို မေးမြန်းရာမှာ မြန်မာနဲ့ပတ်သက် လို့ စင်ကာပူအစိုးရအနေနဲ့ အထွေထွေကုန်သွယ်ရေးတားမြစ်အရေးယူတာမျိုးလုပ်ဖို့ မရှိဘူးလို့ပဲ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဖြေကြားထားပါတယ်။
ခိုင်မာတဲ့အချက်လက်အပေါ် ထိထိရောက်ရောက်နဲ့ စုံစမ်းစောင့်ကြည့်နိုင်ဖို့ကတော့ မြန်မာနိုင်ငံတွင်း စစ်လက်နက်ထုတ်လုပ်မှုတွေမှာ ကြားခံဘယ်လိုပတ်သက်နေလဲဆိုတာ သိနိုင်ဖို့အတွက် ပို့ကုန်ငွေပေးငွေ ချေတဲ့ အထောက်အထားလိုမျိုး အသေးစိတ်ပိုသိနိုင်ဖို့ ကြိုးစားနေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က တုန့်ပြန်ခဲ့တယ်လို့ဆိုပါတယ်။
https://youtu.be/GZQA1SqTv3Y
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မြန်မာစစ်တပ်ထံ စင်ကာပူနှင့် အိန္ဒိယကုမ္ပဏီတို့မှ စစ်လက်နက်တင်သွင်းမှုများရှိနေ
မြန်မာစစ်ကောင်စီ စစ်တပ်ကို စစ်လက်နက်တင်သွင်းရာမှာ စင်ကာပူအခြေစိုက်ကုမ္ပဏီ နောက်ထပ် ၉၁ ခု နဲ့ အိန္ဒိယပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီတို့က ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ကို စစ်လက်နက်တင်သွင်းရာမှာ စင်ကာပူ ကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်တယ်လို့…

🤬10👍5💩3❤2👏1
Media is too big
VIEW IN TELEGRAM
မြန်မာစစ်တပ်ထံ စင်ကာပူနှင့် အိန္ဒိယကုမ္ပဏတို့မှ စစ်လက်နက်တင်သွင်းမှုများရှိနေ
Watch more details - https://www.youtube.com/watch?v=GZQA1SqTv3Y
#reels #shorts #politicalnews #Mizzima
Watch more details - https://www.youtube.com/watch?v=GZQA1SqTv3Y
#reels #shorts #politicalnews #Mizzima
🤬12👏2❤1💩1
မြန်မာကလေးအလုပ်သမား၏ ဘဝက ရတက်မအေးရဟု ILO ပြော
=======================
မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြရသည့် ကလေးငယ်များသည် မိသားစုကို ထောက်ပံ့ရန်အတွက် လုပ်ကိုင်နေကြရခြင်း ဖြစ်သကဲ့သို့ အန္တရာယ်များသည့် အခြေအနေတွင် လုပ်ကိုင်နေကြရခြင်းလည်း ဖြစ်ကြောင်း ကလေးအလုပ်သမား၏ အခြေအနေကို အကဲဖြတ်သည့် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း ILO ၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8😢5🔥3
ကလေးမြို့နှင့် ချင်းပြည်နယ်ကိုဆက်သွယ်ထားသောလမ်အား စစ်ကောင်စီတပ်က ပိတ်ထား
====================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ချင်းပြည်နယ်သို့ဆက်သွယ်ထားသော ကားလမ်းကို စစ်ကောင်စီ တပ်ကပိတ်ထားကြောင်း ဒေသခံများနှင့် ယာဉ်မောင်းသူများထံမှ သိရသည်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာအထက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က ခရီးသွားများနှင့် ယာဉ်လိုင်းများကို စစ်ဆေး၊ လုယက်၊ ငွေတောင်းဖမ်းဆီးမှုများ အလွန်အကျွံပြုလုပ်လာသဖြင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ (CDF-CDM SIYIN)က ဇွန်လ ၃၀ရက်နေ့တွင် ရွာခံပြည်သူများကို လုံခြုံရာသို့ ရှောင် တိမ်းပေးကြရန် ထုတ်ပြန်အသိပေးခဲ့ကြောင်း ဆိုသည်။
ယင်းနောက် ကလေးမြို့မှ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖြင့် သိုင်းငင်းကျေးရွာသို့ အင်အားဖြည့် တင်းခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာလာကာ ကလေးမြို့မှကားများ သွားလာခွင့် ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“ကားလမ်းပိတ်တာဟုတ်တယ် ကားမထွက်ဘူး၊ ဗုဒ္ဓဟူးလောက်တော့ဖွင့်မယ်ကြားတယ်။ ကြာသပတေး နေ့လောက် ကားပြန်ထွက်နိုင်မယ်ထင်တာပဲ” ဟု ကလေးမြို့နှင့် ချင်းပြည်နယ်သို့ပြေးဆွဲနေသည့် ယာဉ် မောင်းတဦးကမဇ္စျိမကိုပြောသည်။
စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်အကြား ထိတွေ့မှုများမရှိသေးသော်လည်း အချိန်မရွေးတိုက်ပွဲ ဖြစ် ပွားနိုင်ပြီး စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ကင်းထောက်လှမ်းခဲ့ကြောင်းဆိုသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ထံသို့ အခြေအနေကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လတ်တလောအားဖြင့် မေးခွန်းများကို ဖြေမပေးနိုင်သေးကြောင်း အကြောင်းပြန်ခဲ့သည်။
ကလေးမြို့မှတောင်ပေါ်သို့တက်မည့်ကားများမှာ RTC ဝင်းအတွင်း အစစ်ဆေးခံရပြီး ၈ မိုင်ဂိတ် ကလေး တက္ကသိုလ်မုခ်ဦးရှေ့တွင်လည်း စစ်ကောင်စီတပ်နှင့်ရဲများကစစ်ဆေးပြီးနောက် တီးတိန်မြို့နယ်၊ ခိုင်ကမ်း ရဲစခန်းရှေ့တွင် ထပ်မံစစ်ဆေးခံရကြောင်း သိရသည်။
ကလေးမြို့မှ ချင်းပြည်နယ်သို့ ဆန်၊ ဆီ၊ ဆား ၊ ငါးပိ ၊ ငါးခြောက်အမျိုးမျိုး၊ ကြက်ဥ၊ ကြက်သားမှအစ မုန့်ပဲ သရေစာ၊ အချိုရည်၊ အရက်၊ ဘီယာ၊ စားသောက်ကုန်များ ၊ နေ့စဉ်လူသုံးကုန်များ၊ အိမ်ဆောက်ပစ္စည်းများ နေ့စဉ်တင်ပို့လျက်ရှိပြီး ချင်းပြည်မှစိုက်ပျိုးရေးထုတ်ကုန်များကို ကလေးမြို့သို့တင်ပို့လျက်ရှိကြောင်း ဒေသခံတဦးက ပြောသည်။
လမ်းပိတ်ဆို့မှုအချိန်ကြာလျှင် ၎င်းလမ်းကိုအမှီပြုပြီး လုပ်ကိုင်နေသောသူများ၊ ကုန်သည်များမှအစ သာမန်ပြည်သူများ ထိခိုက်နစ်နာနိုင်ကြောင်း ဒေသခံများကပြောကြားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကလေးမြို့
#ချင်းပြည်နယ်
#စစ်ရေးတင်းမာ
#လမ်းပိတ်

👍10🤬4👏2❤1👎1
လက်ပံတန်းရဲစခန်းတိုက်ခိုက်ခံရမှုအပြီး အရပ်သားဒေသခံ ၈ ဦးထက်မနည်းဖမ်းဆီးခံရ
========================
ရွှေနွယ်
မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့ ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းနှင့် လောင်းကစားဝိုင်းတိုက်ခိုက်ခံရကာ ရဲတပ်ကြပ်နှစ်ဦးနှင့်ပျူစောထီး နှစ်ဦး သေဆုံးပြီးနောက် အရပ်သားပြည်သူ ရှစ်ဦးထက်မနည်းအား စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများမှ မဇ္ဈိမကိုပြောသည်။
လက်ပံတန်းမြို့နယ်၊ ပေါက်တောစုကျေးရွာအုပ်စု၊ အောင်မင်္ဂလာရွာမှ မခင်ညိုမြင့်၊ ကိုမြတ်မင်းစိုး၊ မအိအိအောင်၊ မမိုးကြီး၊ ကိုစိုးနိုင်ထွန်း၊ ဦးမြင့်ကြိုင်သားအဖနှင့် မဝတ်ရည်စိုးဆိုသူအပါအဝင် အခြားပြည်သူများကို ဇူလိုင် ၃ရက် ညပိုင်းတွင် စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
"စစ်ကောင်စီအတွက် ဘဏ္ဍာငွေ ရှာဖွေရေး တာဝန်ခံယူထားတဲ့ ခမုံဆိပ်ကျေးရွာအုပ်စု၊ ကြည်ကုန်းရွာက ပျူခေါင်းဆောင် သိန်းဇော်ဦးက ဦးဆောင်ပြီး စစ်ကောင်စီတပ်သားတွေနဲ့အတူ လိုက်ဖမ်းသွားတာပါ” ဟု လက်ပံတန်းမြို့ဒေသခံတစ်ဦးမှ မဇ္ဈိမကိုပြောသည်။
ဖမ်းဆီးခံရသော အရပ်သားအရေအတွက် အတိအကျနှင့် ၎င်းတို့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း မဇ္ဈိမမှဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
လက်ပံတန်းမြို့တွင် ဇူလိုင် ၁ ရက်နေ့ ည ၁၀ နာရီခန့်က ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းနှင့် ရဲစခန်းအနီးရှိ ဘူတာရုံကြားမှ လောင်းကစားဝိုင်းအား PDF တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) ရွှေတန်းမြေ PDF နှင့် The Sentry မဟာမိတ်ပူးပေါင်းအဖွဲ့မှ တစ်ပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်ကြီးတစ်ဦး၊ ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးဆိုသူ နှစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအပြီးမှစတင်ကာ လက်ပံတန်းမြို့တွင် အစစ်အဆေးများတင်းကျပ်နေပြီး ယခုကဲ့သို့ အရပ်သားပြည်သူများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
အလားတူ မင်းလှမြို့နယ်တွင်လည်း ဇွန်လ ၃၀ ရက်နေ့က ငလှစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် ဇရစ်မြှောင်ကျေးရွာ စိုက်ပျိုးရေးဘဏ်အတွင်းရေးမှူး ဦးမြင့်ဌေးတို့နှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ရာ နေရာတွင်ပင်သေဆုံးခဲ့သည်။
ထို့နောက် မင်းလှမြို့နယ် ဇရစ်မြှောင်ကျေးရွာမှ အရပ်သားပြည်သူ သုံးဦးအား လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံမှပြောသည်။
မင်းလှမြို့နယ်မှ ဖမ်းဆီးခံရသူ သုံးဦး၏ အမည်နှင့်အသေးစိတ်အချက်အလက်များအား မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။
“အဓိကကတော့ PDF တွေကို ဖမ်းလို့မနိုင်လို့ ပြည်သူတွေကိုဖမ်းတာဗျ။ မကြောက်ကြောက်အောင်လုပ်တာပေါ့ဗျာ။ အစစ်အဆေးလည်းကြမ်းနေပါတယ်" ဟု သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီအနေဖြင့် ပဲခူးတိုင်းအနောက်ခြမ်းတွင် ယခုကဲ့သို့ ပစ်ခတ်ခံရမှုများနှင့် ပေါက်ကွဲမှုများဖြစ်ပွားပြီးသည့်အချိန်တိုင်းတွင် ဖြစ်စဉ်နှင့်ပတ်သက်မှုမရှိသော အရပ်သားပြည်သူများအား ဖမ်းဆီးလေ့ရှိသည်ဟုလည်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကလည်း လက်ပံတန်းမြို့နယ် ရဲစခန်း၊ တရားရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတို့တည်ရှိရာ လမ်းဆုံ၌ ထရန်စဖော်မာအနီး ဗုံးတွေ့ရှိသဖြင့် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူ ခြောက်ဦးကိုဖမ်းဆီးသွားခဲ့သည်။
ထို့ပြင် ဧပြီလအတွင်း အုတ်ဖိုမြို့နယ်၌လည်း မြို့မရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အရပ်သား ၁၀ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့သေးသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#အုတ်ဖိုမြို့နယ်
#လက်ပံတန်းရဲစခန်း
#တိုက်ခိုက်ခံရမှု
#စစ်ကောင်စီတပ်

🤬11😁2👍1
ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းဗုံးကြဲခံရ၍ ကလေးငယ် ၁ ဦးအပါဝင် ၃ ဦး ဒဏ်ရာရ
=======================
ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီ တပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၄ ရက် နံနက်အစောပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တဦးအပါအဝင် မိသားစုဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။
ထိခိုက်သူများမှာ စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသူများဖြစ်ပြီး အသက် နှစ်နှစ်နှင့် ၁၀ လ အရွယ်ကလေး ငယ်တဦး၊ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတဦးနှင့် အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီနေရာက လူတွေအများကြီးရှိတယ်။ ထောင်နဲ့ချီရှိတာဗျ။ ကံကောင်းတာကတော့ မိသားစုတစုပဲ ထိ သွားတယ်။ ဒဏ်ရာက ပြင်းတော့ပြင်းတယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရတော့ဘူး။ ကျနော်တို့ ဆေးခန်းမှာဆေးကုပေးထားပါတယ်။ ဗုံးခိုကျင်းတွေတူးထားပေမယ့် လေယာဉ်ကမြန်တော့ ပြေးဆင်းလို့ မမီတာလည်း ရှိတယ်” ဟု ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ဂျက်လေယာဉ်ဖြင့် ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၂ နာရီကျော်ခန့်တွင် နှစ်ကြိမ်၊ နံနက် ၄ နာရီခန့်တွင်တကြိမ်၊ စုစုပေါင်း သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းအတွင်းရှိ စာသင်ကျောင်း၊ တဲအချို့နှင့် ကျေးရွာတွင်းမှ နေအိမ်နှစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
လတ်တလောတွင် ကရင်နီပြည် ဘော်လခဲ၊ ရွာသစ်နှင့် မယ်စဲ့ဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒီးမော့ဆို မြို့၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒီးမော့ဆို PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အဲဒီနားက တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း လှမ်းတယ်။ ပြီးတော့ ဒီးမော့ဆိုမှာ တိုက်ပွဲမဖြစ်တာ တော်တော် ကြာနေပြီ။ ဖားဆောင်း၊ မယ်စဲ့ဘက်မှာဖြစ်နေတော့ ဟိုဘက်ကို အင်အားဖြည့်ထားတာထင်တယ်။ အခု သူတို့ (စစ်ကောင်စီ)က ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေရှိတဲ့နေရာကို ဗုံးကြဲတာ” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၌ စစ်ဘေးရှောင် စုစုပေါင်း ၁၀၀,၀၀၀ ဝန်းကျင်ရှိပြီး ယခု ဗုံးကြဲခံရသည့်နေရာတွင် ကျေးရွာနေပြည်သူနှင့် စစ်ဘေးတိမ်းရှောင်လာသူ ၁,၀၀၀ ကျော်ရှိကြောင်း သိရ သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
Photo - ဒီးမော့ဆိုအနောက်ခြမ်း၊ ဇူလိုင်လ ၄ ရက်နေ့ နံနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ
#ကရင်နီပြည်နယ်
#ဒီးမော့ဆိုမြို့နယ်
#စစ်ရှောင်စခန်း
#လေကြောင်းတိုက်ခိုက်မှု

🤬10👍1🔥1😁1
မြန်မာစစ်တပ်နှင့် ပတ်သက်သည်ဆိုသော နောက်ထပ် စင်ကာပူအခြေစိုက် ကုမ္ပဏီ ၉၁ ခုကို ဖော်ထုတ်
======================
“ကုမ္ပဏီတွေရဲ့ လွှဲပြောင်းပေးပို့မှုတွေဟာ မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်တာနဲ့ ဆက်စပ်နေသလားဆိုတာကို ကျိန်းသေသိရဖို့ ပို့ကုန်လွှဲပြောင်းမှု မှတ်တမ်းမှတ်ရာတွေလို အသေးစိတ်တွေကို တောင်းခံထားတယ်၊ ဒါမှပဲ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ ပိုပြီး စေ့စေ့စပ်စပ်ဖြစ်နိုင်မယ်၊ သက်သေအပေါ် အခြေခံပြီး ထိထိရောက်ရောက် ဖြစ်လိမ့်မယ်”ဟု ၎င်းက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
“ကုမ္ပဏီတွေရဲ့ လွှဲပြောင်းပေးပို့မှုတွေဟာ မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်တာနဲ့ ဆက်စပ်နေသလားဆိုတာကို ကျိန်းသေသိရဖို့ ပို့ကုန်လွှဲပြောင်းမှု မှတ်တမ်းမှတ်ရာတွေလို အသေးစိတ်တွေကို တောင်းခံထားတယ်၊ ဒါမှပဲ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ ပိုပြီး စေ့စေ့စပ်စပ်ဖြစ်နိုင်မယ်၊ သက်သေအပေါ် အခြေခံပြီး ထိထိရောက်ရောက် ဖြစ်လိမ့်မယ်”ဟု ၎င်းက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁2
စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာခြင်းကြောင့် ခင်ဦးဒေသခံ ထောင်ချီထွက်ပြေးနေရ
🤬7😁2😢1

=========================
KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုလားလူးကျေးရွာသို့ ဇူလိုင်လ ၃ ရက် ညပိုင်းမှစ၍ စစ်ကောင်စီ တပ်ဖွဲ့က စစ်ကြောင်းထိုးလာခြင်းကြောင့် ထောင်နှင့်ချီသောဒေသခံများ ညတွင်းချင်း ထွက်ပြေးနေရ ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
“ဒေသခံ အယောက် ၃,၀၀၀ လောက် ညတွင်းချင်း မီးမပါဘဲ ထွက်ပြေးရတာပါ။ ဒေသခံတွေအနေနဲ့ ပိုး မွှားအန္တရာယ်သတိပြုဖို့နဲ့ လက်နက်ကြီးလွတ်ရာနေရာတွေကို သတိထားပြီးတိမ်းရှောင်ကြဖို့ အသိပေး လိုတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။
ကုလားလူးကျေးရွာအနီးတောတွင်း၌ ဒေသခံများအပြင် ရှားလွင်၊ ထနောင်းကိုင်းကြီး၊ ထနောင်းကိုင်း လေး၊ ယောက်သွားအိုင် စသည့်ကျေးရွာများမှ သက်ကြီးရွယ်အိုများ၊ ကလေးမိခင်များအပါအဝင် ကလေး သူငယ်များပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ မကြာခဏ ထွက်ပြေး တိမ်းရှောင်နေရကာ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ကွမ်းတိုင်းကျေးရွာမှ ဒေသခံတဦး စစ်ရှောင်ရင်း ပိုးထိ(မြွေကိုက်ခံရ)ကာ သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းကလည်း ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း ရှိ အင်းပတ်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတို့အား လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ဝင် ရောက်ခဲ့ခြင်းကြောင့် အင်းပတ်ကျေးရွာမှ နွားနှစ်ကောင်သေဆုံးပြီး ငါးကောင်ခန့် ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် ယင်းစစ်ကြောင်းသည် အောင်ချမ်းသာကျေးရွာသို့ဝင်ရောက်စဉ် အသက် ၆၀ အရွယ် အမျိုး သားတဦးအား ရိုက်နှက်၍ လက်နက်ငယ်ဖြင့် ဘယ်ဘက်ပေါင်အား တေ့ပစ်ခဲ့သည့်အတွက် ဆေးကုသမှု ခံယူနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင်လည်း ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုး နေသည့်အတွက် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းနှင့် မြောက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#Mizzima
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
(ဇူလိုင် ၂ ရက်နေ့က ခင်ဦးမြို့နယ်၊အောင်ချမ်းသာကျေးရွာမှ စစ်ဘေးရှောင်များ)

🤬10👍3😁2
တရုတ်နိုင်ငံရဲ့ကျောက်မီးသွေးစက်ရုံတွေက သူ့ရဲ့ရာသီဥတုရည်မှန်းချက်နဲ့ ကွဲလွဲနေကြောင်း အီးယူအရာရှိပြော
===================
https://youtu.be/aio0KtxqgdM
===================
https://youtu.be/aio0KtxqgdM
YouTube
တရုတ်နိုင်ငံရဲ့ကျောက်မီးသွေးစက်ရုံတွေက သူ့ရဲ့ရာသီဥတုရည်မှန်းချက်နဲ့ ကွဲလွဲနေကြောင်း အီးယူအရာရှိပြော
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Subscribe now and join the…

🔥5👍1
ဇူလိုင်လ (၄)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:01 - NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး နှင့် တီမောလက်စတေး နိုင်ငံသမ္မတတို့ တွေ့ဆုံတဲ့ သတင်း
04:09 - မြန်မာစစ်တပ်ထံ စင်ကာပူနှင့် အိန္ဒိယကုမ္ပဏတို့မှ စစ်လက်နက်တင်သွင်းမှုများရှိနေတဲ့ သတင်း
09:34 - KIA ဌာနချုပ်အနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းနဲ့
- တရုတ်နိုင်ငံရဲ့ကျောက်မီးသွေးစက်ရုံတွေက သူ့ရဲ့ရာသီဥတုရည်မှန်းချက်နဲ့ ကွဲလွဲနေကြောင်း အီးယူအရာရှိပြောတဲ့ သတင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။
https://youtu.be/SpE1AmhcqfI
#2pmnews
#Mizzimanewshour

09:34 - KIA ဌာနချုပ်အနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ ထ…

👍8😁2
ကန့်ဘလူမြို့နယ် မကျီးကုန်းရွာမှ နေအိမ် ၉ လုံးနှင့် စပါးတိုက် ၅ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
=====================
ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်၊ မကျီးကုန်းကျေးရွာမှ နေအိမ် ကိုးလုံး နှင့် စပါးတိုက်ငါးလုံးကို ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က သတင်းထုတ်ပြန်ထားသည်။
ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာအထိုင်စခန်းမှ ထွက်ခွာလာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် မကျီးကုန်းကျေးရွာသို့ ရောက် ရှိလာကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ဆိုသည်။
“အဲဒီစစ်ကြောင်းကပဲ ချောင်းခြားရွာအနီးမှာရှိတဲ့ စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပင့်သာတိုက်နယ်၊ ချောင်းခြားကျေးရွာအနီးရှိ စစ် ရှောင်တဲ ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၄ ရက် နံနက်ပိုင်းအထိ ကန့်ဘလူမြို့နယ်၊ ချောင်းခြားကျေးရွာ စာသင်ကျောင်းတွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံတဦး အသတ်ခံခဲ့ရသည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်၏ မှတ်တမ်းများအရ သိရသည်။
ထို့ပြင် ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ စပါးတိုက် ၁၆လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ကန့်ဘလူမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီးမှု
ဓာတ်ပုံ- ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်

🤬10🔥3😁2👍1👏1
ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်မှ အမြန်ရေယာဉ်တိုက်ခိုက်ခံရ
=======================
လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝဆိပ်ကမ်းမှ အင်အား ၈၀ ခန့်ဖြင့် မုံရွာမြို့သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီအမြန်ရေယာဉ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Hero Fighter တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် ဇူလိုင်လ ၃ ရက်နေ့ ည ၈ နာရီအချိန်တွင် မုံရွာမြို့အနီး ချင်းတွင်းမြစ်ကြောင်း တစ်နေရာ၌ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများထိခိုက်နိုင်ခြေရှိကြောင်း Hero Fighter (Salingyi) မှ ခေါင်းဆောင်ဗိုလ်သူရိန်က မဇ္ဈိမကိုပြောသည်။
“တိုက်ခိုက်ခဲ့တာကတော့ ရှေ့ထွက်မိုင်းတွေအများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက် အပြန် အလှန်ပစ်ခတ်မှု မိနစ် ၃၀ လောက်ရှိခဲ့တယ်။ ညတိုက်ပွဲဖြစ်တဲ့အတွက် ရန်သူ့ဘက်က ထိခိုက်သေဆုံးမှု ကိုတော့ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။
တိုက်ခိုက်မှုကို Hero Fighter (Salingyi) ၊ Chindwin Dynamite ၊ Fighter 9 Force တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့နှင့် ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ဖော်ဆောင်ခဲ့ခြင်းဟု သိရသည်။
ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်အားအများအပြားသုံးကာ ကျေးရွာများကိုစစ်ကြောင်းထိုး၊ မီးရှို့မှုများ နေ့စဉ်ပြုလုပ်နေသည့် အတွက် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ နေရပ်စွန့်ခွာစစ်ရှောင်နေရကြောင်းလည်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ဆားလင်းကြီးမြို့နယ်
#ချင်းတွင်းမြစ်ကြောင်း
#ပေါင်းဝဆိပ်ကမ်း
ဓာတ်ပုံ - ပုံဟောင်း