Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်ရေယာဉ်များ တိုက်ခိုက်ခံရ
==================

ပါခွီး (မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းမှ ဆန်တက်လာသည့် စစ်ကောင်စီတပ် ရေယာဉ်ကို တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) က ဇူလိုင်လ ၄ရက် ယနေ့တွင် ထုတ်ပြန်သည်။

မုံရွာမြို့နယ်အတွင်း ဇူလိုင်လ ၃ရက် ည ၇နာရီ ၄၅မိနစ်အချိန်တွင် မိုးသည်းထန်သည့်ကြားမှ စစ်ကောင်စီတပ်ရေယာဉ်ကို ပြောင်းတိုက်ကြီး( တစ်ဖက်ပွင့်ပြောင်းအတွင်းသို့ ယမ်းနှင့် သံတိုသံစများထည့်ပြီး လျော့တိုက်ပစ်ခတ်ရသော လက်နက်မျိုး)၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“စပိဘုတ်နဲ့ ဖလက်ခွန်ကို ပြောင်းတိုက်ရော လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာပါ ၊ မိုးသည်းနေတဲ့အတွက် သေဆုံးဒဏ်ရာတာတော့ မသိရပါဘူး” ဟု CAF ပြန်ကြားရေး တာဝန်ခံကပြောသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ စက်သေနတ်ကြီး ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂ )၊ (၃ )၊ (၄) ၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ (Chindwin Attack Force) တပ်ရင်း(၄) တပ်ခွဲ (၄) 5/Teacher People Defense Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ ဇူလိုင် ၃ရက်နေ့တွင်ပင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ) မှ ပေါင်းဝကျေးရွာသို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ရေယာဉ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ဆားလင်းကြီးမြို့နယ်အတွင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါရေယာဉ်ကို ပြောင်းတိုက်များ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ရာ မော်တော်၏ အင်ဂျင်ပျက်စီးသွားကြောင်းနှင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ် ရာရရှိသွားကြောင်းသိရပြီး အရေအတွက်ကိုမူ သိရှိရခြင်းမရှိကြောင်း ဆိုသည်။

ယင်းတိုက်ခိုက်မှုကို Chindwin Fighter Group (CFG) ၊မုံရွာခရိုင်တပ်ရင်း (၁၀) FRF ၊ Brave Heart Army (BHA) ၊ မုံရွာခရိုင်တပ်ရင်း (၉) တပ်ခွဲ (၃) နှင့် ဗန္ဓုလနှင့် အဖွဲ့ သားများက ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိကြောင်း သိရသည်။

ဇွန်လ ၂၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းပျူစောထီးရွာကို ရိက္ခာနှင့် ခဲယမ်းပို့ဆောင်မည့် စစ်ကောင်စီတပ်မော်တော်ယာဉ် သုံးစီးကို မုံရွာခရိုင်တပ်ရင်း အမှတ်(၁၂) တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ၊ မုံရွာ ခရိုင် တပ်ရင်း အမှတ် (၁၂) ငမိုးရိပ် စစ်ကောင်း နှင့် မုံရွာခရိုင် တပ်ရင်း အမှတ်(၁၂)၊ တပ်ခွဲ(၄) မီးတောက် တပ်ခွဲနှင့် ရန်ရှင်းဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး မော်တော်တစ်စင်းနစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။

https://youtu.be/aCUgc9rblcY

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ချင်းတွင်းမြစ်ကြောင်း
#စစ်ကောင်စီတပ်
#ရေယာဉ်
#ချောင်းဦးမြို့နယ်


-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11👏3😁2
​​တရုတ်အကျိုးစီးပွားကို မြန်မာစစ်တပ်က ကာကွယ်ရင်း ကြီးထွားလာသော မြေမြုပ်မိုင်းအန္တရာယ်
========================

ဇွန်အစောပိုင်းက နိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းတွင် ဒီမိုကရေစီလိုလားသော တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ စစ်တပ်တို့ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားချိန် မြေအောက်၌ အထူးသဖြင့် တရုတ်က လုပ်ကိုင်နေသည့် ကြေးနီတူးဖော်ရေးလုပ်ငန်းများ ပတ်လည်ရှိ ပုန်းလျှိုးနေသော အန္တရာယ်နှင့် ပတ်သက်ကာ စိုးရိမ်ပူပန်မှုများ ကြီးထွားလာရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7❤2🔥2👍1
ကျိုက်မရောတွင် စစ်ကောင်စီပစ်မှတ် ၂နေရာ တိုက်ခိုက်ခံရပြီး ရဲ ၅ဉီးသေဆုံးဟုဆို
=========================

YT (မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ရဲငါးဦးသေဆုံးစေသည့် တိုက်ခိုက်မှုခံရပြီးနောက် စစ်ကောင်စီက ပတ်ဝန်းကျင်အား ပစ်ခတ်ရာ အငြိမ်းစားဗိုလ်မှူးတစ်ဦး၏ သားဖြစ်သူ သေနတ်ကျည်ထိမှန်သေဆုံးသွားကြောင်း Saw Dragon Drone Forceက သတင်းထုတ်ပြန်သည်။

ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာရဲစခန်းနှင့် ချောင်းနှစ်ခွတံတားအနီးရှိ စစ်ကောင်စီဂိတ်စခန်းကို Saw Dragon Drone Forceနှင့် Lion Battalion Commando - ဗျူဟာစစ်ကြောင်း၊ တပ်ခွဲ- ၄ ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၂ရက် နေ့လည်တွင် ဒရုန်းဖြင့် ဗုံးသုံးလုံးချ၍ တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

ထိုတိုက်ခိုက်မှုတွင် ရဲငါးဦး သေဆုံးခဲ့ပြီး ချောင်းနှစ်ခွတံတားပေါ်မှ စစ်ကောင်စီတပ်ဖွဲ့က စနိုက်ပါဖြင့်ပစ်ခတ်သောကြောင့် အငြိမ်းစားဗိုလ်မှူးတစ်ဦး​၏ သားဖြစ်သူ စနိုက်ပါကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း Saw Dragon Drone Force က သတင်းထုတ်ပြန်သည်။

" စနိုက်ပါနဲ့ ပစ်တာကတော့ တံတားပေါ်က စစ်ကောင်စီတပ်ကပဲပစ်တာပါ။ ဗိုလ်မှူးသားဆိုတာကတော့ ကျွန်တော်တို့ မြေပြင်ကလူတွေဆီကို အဲ့နေ့ကတည်းကသတင်းရောက်လာတာဗျ" ဟု Saw Dragon Drone Force တာဝန်ရှိသူတစ်ဦးကမဇ္ဈိမကိုပြောသည်။

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကျိုက်မရောမြို့၊ ရပ်ကွက်(၂)မှ အငြိမ်းစားဗိုလ်မှူးဌေးအောင်၏ သား ကိုငြိမ်းချမ်းအောင်သည် ရင်ဘတ်ဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

" ငြိမ်းချမ်းအောင်က ဆိုင်ကယ်နဲ့လာတာ။ စစ်တပ်က ရမ်းသမ်းပစ်တာ။ အချက်ပေါင်းမနည်းဘူး။ သူ့(ငြိမ်းချမ်းအောင်)ကို ထိသွားတာ" ဟု ကျိုက်မရောမြို့ခံတစ်ဦးကပြောသည်။

ကိုငြိမ်းချမ်းအောင်၏ နာရေးကို ကျိုက်မရောမြို့တွင် ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းသည် ခြောက်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ကလည်းချောင်းနှစ်ခွကျေးရွာရဲစခန်းအား ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)တပ်ရင်း (၆)၊Alpha Bats Fixed Wings Drone တပ်ဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင်လည်း ရဲလေးဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရသေးပေ။

https://youtu.be/OjoB_P8CHMU

စာတည်း - မောင်ကြီး


#mizzima
#ကျိုက်မရောမြို့နယ်
#စစ်ကောင်စီစခန်းနှစ်ခုတိုက်ခိုက်မှု
#အငြိမ်းစားဗိုလ်မှူး၏သား
#သေဆုံး


-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12👏3🥴1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ ဇူလိုင် ၂၀၂၃) 
======================

တိုင်းပြည်ကို မီးမှန်အောင်မလုပ်နိုင်ဘဲ တရုတ်လျှပ်စစ်ကားသွင်းရန် စီစဉ်နေခြင်းသည် မယောင်ရာဆီလူး သည်ဟု ဆိုရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤2😁1
​​ကျိုက်ထိုတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိ
===================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။

ဇူလိုင်လ ၃ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် စက္ကူစက်အနီးရှိ စစ်ကောင်စီဂိတ်စခန်းအား Soul Takers- Yangon Underground Force အဖွဲ့က ကားအသုံးပြု၍ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

" ကင်းပုန်းတွေ ထပ်တိုးထားတယ်၊ ပုံမှန်ထက် အများကြီး ပိုများနေတယ်၊ ပျူစောထီး မြင့်ဇော်ဆိုတဲ့ တစ်ယောက်ကျတာသေချာပါတယ်။ ယူနီဖောင်းနဲ့တစ်ယောက်လည်း ကျတာ တွေ့ပေမယ့် နာမည်၊ ရာထူး အတည်မပြုနိုင်သေးပါ။ တိုက်ပွဲအသေးစားလိုမျိုး နှစ်ဖက်ပစ်ခတ်ပြီး ပြန်ဆုတ်ခဲ့ရတာမို့ အထိခိုက်အပျက်စီးအတည်မပြုနိုင်သေးတာခင်ဗျ" ဟု Soul Takers- Yangon Underground Force မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း Soul Takers- Yangon Underground Force အဖွဲ့ အသုံးပြုလာသော ကားသည် ကျည်ထိမှန်ဒဏ်ရာများဖြင့် မောင်းနှင်မရတော့သောကြောင့် နေရာ၌ပင်ထားခဲ့ရကြောင်း ဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်တွင်လည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ခိုင်ရွှေစိမ်း ကျွဲကောခြံအနီး လုံခြုံရေးယူနေသည့် သိမ်ဇရပ်အခြေစိုက် ခမရ (၂၀၇) မှ တပ်သား ၂၅ ဦးလိုက်ပါလာသော စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံက သိရသည်။

" သူတို့က စစ်ကောင်စီ ယာဉ်တန်းလာမယ့်လမ်းမှာ လုံခြုံရေးယူလာစောင့်တဲ့သဘောပေါ့။ အဲ့ဒီအဖွဲ့ကို ဒီဘက်ကနေ သွားတိုက်တာ။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိဘူး၊ သူတို့ဘက်က သုံးယောက်ကျတယ်လို့ အရင်ဆုံးသိထားရတယ်။ ဒဏ်ရာရတာတွေလည်းရှိတယ် အတုံးအရုံးပဲ" ဟု အဆိုပါသတင်းရင်းမြစ်က မဇ္ဈိမသို့ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းဘက်မှ သုံးဦးသေဆုံးခဲ့ပြီး တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက် မရှိကြကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေအတွင်း တည်ရှိပြီး စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကျိုက်ထိုမြို့နယ်
#KNU/KNLA
#တိုက်ပွဲ
#PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤2😁2
​​ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရာနှင့်ချီသော Non CDM ပညာရေးဝန်ထမ်းများကို အမည်ပျက်စာရင်း ကြေညာ
====================

ကိုခင်မောင်
(မဇ္စျိမ)။ ။ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ပညာရေးဌာနမှ Non CDM ဝန်ထမ်း စုစုပေါင်း ၃၂၂ ဦးကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် အမည်ပျက် စာရင်း ကြေညာလိုက်သည်။

၎င်းတို့သည် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမည်ပျက်ဝန်ထမ်း များအဖြစ် ကြေညာလိုက်ခြင်းကြောင်း ဆိုသည်။

အမည်ပျက်စာရင်း ကြေညာခံရသူများကို CDF ဂိတ်ဖြတ်သန်းခွင့်အတွက် စိစစ်လုပ်ဆောင်သွားမည်ဟု ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက မဇ္စျိမကို ပြောသည်။

“အမည်ပျက်ကြေညာခံရတဲ့သူတွေကို CDF ဂိတ်ဖြတ်သန်းခွင့် စိစစ်လုပ်ဆောင်သွားပါမယ်။ မြေပြင်မှာ CDM ဝင်တယ်ပြောပြီး လစာခိုးထုတ်နေမှုတွေရှိနေ တာကြောင့်ဖြစ်ပါတယ်။ စာရင်းမှာမပါဝင်တဲ့ CDM ပညာရေးဝန်ထမ်းတွေအားလုံးဟာ ကိုယ်ပိုင်ခံယူချက်ဖြင့် ခံဝန်ကတိရေးထိုးထားသူတွေ ဖြစ်ပါတယ်” ဟု ကန်ပက်လက်မြို့နယ် ပ.အ.ဖအဖွဲ့မှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက မဇ္စျိမကို ပြောသည်။

ယခုအမည်ပျက်စာရင်းထုတ်ပြန်လိုက်သော Non CDMers များသည် စစ်ကောင်စီ၏ ယန္တရားကို လည် ပတ်စေပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများအား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း နှောင့်ယှက်မှုများ ပြုလုပ်နေကြခြင်းကြောင့်ဟု ဆိုသည်။

“အခုထုတ်ပြန်လိုက်တဲ့ NCDM အများစုက အိမ်မှာနေပြီး လစာထုတ်စားနေတဲ့သူတွေပါ။ တချို့က ဝိုင်း ကျူရှင်တွေဖွင့်ပြီး စာသင်နေတာတွေရှိပါတယ်၊ မလုပ်ဖို့တားတယ်၊ ဒီလူတွေအားလုံးသိဖို့နဲ့ CDM မဝင်သူ တွေရဲ့ စာရင်း တိကျစေချင်လို့ ထုတ်ပြန်လိုက်တာပါ” ဟု ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။

Non-CDM စာရင်းတွင် ပါဝင်သွားသော CDM ဝန်ထမ်းများရှိပါကလည်း ခိုင်လုံသော အထောက်အထား ဖြင့် CDM/ Non- CDM စုံစမ်းစစ်ဆေးရေး ကော်မတီထံသို့ အယူခံဝင်ခွင့်ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ကန်ပက်လက်မြို့နယ်တွင် မြို့ပေါ်အထက်တန်းကျောင်းနှင့် ကျင်ဒွေးမြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်း စသည့် စာသင်ကျောင်းနှစ်ခုသာ ဖွင့်လှစ်နိုင်ခဲ့သည်။

ကန်ပက်လက်မြို့နယ်ရှိ အခြားသော စာသင်ကျောင်းအားလုံးနီးပါးတွင် တော်လှန်ရေးအင်အားစု မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဘုတ်အဖွဲ့များမှပူပေါင်းကာ စာသင်ကြားပေးလျက်ရှိပြီး စာရေး ကိရိယာများ လိုအပ်လျက်ရှိကြောင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကပြောသည်။

အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းသော ကန်ပက်လက်မြို့နယ်၊ ဌာနဆိုင်ရာ အသီးသီးမှ Non-CDM များကိုလည်း အမည်ပျက်စာရင်းတွင် ထည့်သွင်းကာ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ကန်ပက်လက်
#CDF
#CDM
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏3🤮1
ဇူလိုင်လ (၄) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
===================

ဒီကနေ့ညမှာတော့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး နဲ့ တီမောလက်စတေး နိုင်ငံသမ္မတတို့ တွေ့ဆုံတဲ့သတင်းနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာတာကြောင့် ခင်ဦးဒေသခံ ထောင်ချီထွက်ပြေးနေရတဲ့

သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ“ အစီအစဉ်နဲ့ “သဘာဝရဲ့လက်ဆောင်” အစီအစဉ်တွေကိုနားဆင်ရဖို့ရှိပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/0UYxAQRL6Io

#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁2
ဇူလိုင်လ (၄) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

- စစ်ကောင်စီရဲ့ သံချပ်ကာယာဉ်နှစ်စီးကို ဖျက်ဆီးနိုင်ခဲ့တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကို NUG က ကျပ်သိန်းလေးထောင် ချီးမြှင့်တဲ့သတင်း

- NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး နှင့် တီမောလက်စတေး နိုင်ငံသမ္မတတို့ တွေ့ဆုံတဲ့ သတင်း

- KIA ဌာနချုပ်အနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်း

- အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ အလုပ်ရုံနှင့် ဆက်သွယ်ရေးတပ်ကို ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်တဲ့ သတင်း

- ကလေးနဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းကို စစ်ကောင်စီက ပိတ်ထားတဲ့ သတင်းနဲ့

- ဆူဒန်တိုက်ပွဲတွေကြားက စစ်ဘေးရှောင်တွေမှာ အာဟာရချို့တဲ့မှုနဲ့ ရောဂါဘယဖြစ်ပွားမှုတွေ မြင့်တက်လာတဲ့ သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/FV2zA0NPF8s?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁3
Media is too big
VIEW IN TELEGRAM
July - 4 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
😁2
မီးရှို့ခံရသော တလိုင်းရွာဒေသခံများ ရွာထဲပြန်ဝင်နေကြသော်လည်း စစ်ကောင်စီတပ် ပြန်ဝင်လာမည်ကို စိုးရိမ်နေကြဆဲ
😢6👍2😁1
မီးရှို့ခံရသော တလိုင်းရွာဒေသခံများ ရွာထဲပြန်ဝင်နေကြသော်လည်း စစ်ကောင်စီတပ် ပြန်ဝင်လာမည်ကို စိုးရိမ်နေကြဆဲ
====================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာက ဒေသခံများသည် ဘေးလွတ်ရာသို့တိမ်းရှောင်နေရာမှ ယနေ့ဇူလိုင် ၄ရက်တွင် ရွာထဲပြန်ဝင်နေကြသော်လည်း စကစတပ် ပြန်ဝင်လာမည်ကို စိုးရိမ်နေကြဆဲ ဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ရက်နေ့က အိမ်ခြေ ၁၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ရာ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရာမှ ရွာထဲသို့ ပြန်ဝင်နေခြင်းဖြစ်သည်။

“တလိုင်းကတော့ စ- (စကစတပ်သား)တွေ ပြန်ထွက်သွားပြီဆိုတော့ ရွာပြန်ကပ်နိုင်ကြပါပြီ၊ ဘယ်အချိန်ပြန်ဝင်လာမလဲ သတိထားနေရဆဲပါ။” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက မဇ္စျိမကိုပြောသည်။

အင်အား ၇၀ ကျော်ပါ စစ်ကောင်စီတပ်သားများသည် အိမ်ခြေ ၃၀၀ ခန့်ရှိသော တလိုင်းကျေးရွာသို့ ဇူလိုင် ၂ ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ပဒူရွာဘက်သို့ ပြန်ဆုတ်သွားခဲ့သည်ဟု ၎င်းကဆိုသည်။

အဆိုပါစစ်ကောင်စီတပ်သည် တလိုင်းကျေးရွာရှိ လူနေအိမ် ၁၀၀ကျော်ကို မီးရှို့ပြီး ရွာအနီးပတ်ဝန်းကျင်ရှိ တောရဘုန်းကြီးကျောင်းများတွင် တစ်ညအိပ်ရပ်နားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တလိုင်းရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းမဝင်မီ ဇွန်လ ၂ရက်နေ့ နံနက် ၃ နာရီ ၂၀မိနစ်အချိန်ခန့်တွင် တလိုင်းရွာတောင်ဘက်တွင် ကင်းစောင့်နေသာ ဒေသကာကွယ်ရေးတပ်ဖွဲ့များကို အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်များမှ ဝင်စီးပြီး ထိတွေ့မှုဖြစ်ခဲ့ပွားခဲ့ကြောင်း သိရသည်။

“ကင်း ရဲဘော်တွေ ခုခံကာကွယ်ပေးခဲ့တာကြောင့် ကျေးရွာပြည်သူတွေ ရှောင်တိမ်းချိန်ရခဲ့တယ်၊ မဟုတ်ရင် ဒီထက် အခြေအနေဆိုးနိုင်ပါတယ်၊ စစ်ကြောင်းဝင်လာပြီးချိန် ဖမ်းဆီးခံရတာမျိုးတော့မရှိပါဘူး၊ နောက်ရက် နံနက် ၁၀ နာရီလောက် ပဒူ ကို ပြန်ဝင်သွားပါတယ်။” ဟု သတင်းရင်းမြစ်က ဆက်လက်ပြောပြသည်။

ထိုစစ်ကောင်စီတပ်များသည် တပ်မ (၃၃) လက်အောက်ခံ စစ်ကောင်စီတပ်သားများဖြစ်ပြီး မေလ ၁၉ရက်ကတည်းက ပဒူရွာတွင် အထိုင်ချတပ်စွဲကာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထိုကြောင့် ပဒူရွာဒေသခံများသည် နေရပ်မပြန်နိုင်ဘဲ ယနေ့ဇူလိုင် ၄ရက်နေ့အထိ စစ်ဘေးတိမ်းရှောင်လျှက်ရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မီးရှို့
#တလိုင်းရွာ
#ဒေသခံများ
#စစ်ကိုင်းမြို့နယ်

ဓာတ်ပုံ- စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥3😁2😢1
​​စစ်ရေးတင်းမာနေသည့်အတွက် ပြည်သူများ အသွားအလာသတိပြုကြရန် KIO အစိုးရက သတိပေးထုတ်ပြန်
==================

ကချင်လေး
(မဇ္ဈိမ) ။ ။ ကေအိုင်အိုဌာနချုပ်အနီး စစ်ရေးတင်းမာနေမှုကြောင့် ပြည်သူများအသွားအလာ သတိပြုရန် ကေအိုင်အိုဗဟိုကော်မတီက ဒီနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

KIO(ကချင်လွတ်မြောက်ရေးအဖွဲ့) အစိုးရရဲ့ လိုင်ဇာခရိုင် အုပ်ချုပ်မှုနယ်မြေဒေသအတွင်း၌ စစ်ကောင်စီတပ်၏ စစ်ကြောင်းလှုပ်ရှားမှုများရှိလာနေ၍ အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့်အတွက် ပြည်သူများ သတိထားဆင်ခြင်သွားလာနိုင်ဖို့ လိုင်ဇာခရိုင် အုပ်ချုပ်ရေးရုံးမှ ယနေ့ရက်စွဲဖြင့် သတိပေးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကချင်ဘာသာဖြင့် ရေးသားထုတ်ပြန်ချက်အရ ဗန်းမော် - မြစ်ကြီးနား ကားလမ်းတစ်လျှောက် သွားလာခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားရန်၊ ကား၊ ဆိုင်ကယ်၊ ခြေကျင်ခရီးများဖြင့် မလွဲမရှောင်သာ သွားလာရမည့် အကြောင်းကိစ္စများပေါ်လာပါက စစ်ရေးသတင်းများကို သတိထားနားစွင့်ပြီးမှ သွားလာကြရန်၊ စစ်ကောင်စီတပ်နှင့် နီးစပ်သည့်နေရာများသို့ သွားလာခြင်း မပြုရန်၊ တိုက်ပွဲဖြစ်ပွားနိုင်သည့်နေရာနှင့် ဖြစ်ပွားလေ့ရှိသည့် နေရာများသို့ သွားလာခြင်းမပြုရန်နှင့် စစ်တပ်၏ အသုံးချခံရခြင်း မခံရရန်အတွက် ရှောင်ရှားကြရန် ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ကေအိုင်အိုအစိုးရ၏ လိုင်ဇာခရိုင်အုပ်ချုပ်ရေးနယ် မြေအတွင်း ပါဝင်နေသည့် ဗန်းမော် - မြစ်ကြီးနားလမ်း ဘေးက နမ်ဆန်ယန်ကျေးရွာအနီးမှာ ယမန်နေ့မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေသည့်အတွက် ကျေးရွာမှ နေရပ်ပြန်စစ်ရှောင်ပြည်သူများလည်း ပြန်လည်ထွက်ပြေးကြရပြီ ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KIO
#အစိုးရ
#သတိပေး #လိုင်ဇာခရိုင်
#အုပ်ချုပ်မှုနယ်မြေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥2
​​မအူပင်မြို့တွင် စစ်ကောင်စီတပ်အရာရှိချင်း ပစ်ခတ်မှု ၂ဦးလုံးသေဆုံးဟုဆို
==================

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ မအူပင်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်အရာရှိနှစ်ဦး စကားများရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ရာမှ နှစ်ဦးလုံးသေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

မအူပင်မြို့မှ ရန်ကုန်မြို့ဘက်သို့ ထွက်သည့်မအူပင်တံတား စစ်ဆေးရေးဂိတ်တွင် ယနေ့ ဇူလိုင်လ ၄ ရက်နေ့၊ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်က အဆိုပါပစ်ခတ်မှုဖြစ်ပွားခြင်းဟု သိရသည်။

" ဂိတ်မှာ ကား‌တွေ၊ဆိုင်ကယ်တွေဆီကနေ ပိုက်ဆံကောက်တာကနေ စကားများတာ။ ဗိုလ်က ဗိုလ်ကြီးကို ပစ်ချပစ်တာ။ ပြီးတော့ သူ့နားထင်သူ ထောက်ပြီး သတ်သေတာ။ နှစ်ယောက်စလုံး သေတယ်" ဟု ယင်းဖြစ်စဉ်ကို သိရှိထားသည်ဆိုသော ဒေသခံတစ်ဦးက ပြောသည်။

ဗိုလ်အဆင့်နှစ်ပွင့်နှင့်အရာရှိက ဗိုလ်ကြီးအဆင့် သုံးပွင့်နှင့် အရာရှိကို ပစ္စတိုဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ ဗိုလ်ကြီးအဆင့်ရှိသူသည်သေနတ်ကျည်ထိမှန်သည့်ဒဏ်ရာဖြင့် သေဆုံးပြီးနောက် ပစ်ခတ်သူ ဗိုလ်အဆင့်ရှိသူလည်း ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်သွားကြောင်း နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
"ဘာအကြောင်းကြောင့် စကားများရန်ဖြစ်တယ်တော့ မသိဘူး။ နှစ်ယောက်လုံးသေတာတော့ အတည်ပြုလို့ရတယ်" ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

အချင်းချင်းပစ်ခတ်မှု‌ကြောင့်စစ်ကောင်စီအရာရှိနှစ်ဦး သေဆုံးသည့် သတင်းကို မဇ္ဈိမက မေးမြန်းခဲ့သည့် မြို့ခံ ငါးဦးက အတည်ပြုသည်။ မအူပင်မြို့မရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းကိုင်ဆောင်ခြင်းမရှိပေ။

အဆိုပါဖြစ်စဥ်ကို မအူပင်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂၇)မှ အရာရှိများက လာရောက်စစ်ဆေးနေကြသည်ဟုသိရသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ် အရာရှိနှစ်ဦးကို ပုသိမ်မြို့သို့သယ်ဆောင်သွားပြီး အခင်းဖြစ်ပွားရာနေရာရှိ လုံခြုံရေးကင်းတဲများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးကာများဖြင့်ဖုံးအုပ်ထားကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုသည် ကိုးရက်အတွင်း နှစ်ကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ အမှတ် (၂) နယ်မြေရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး စကားများရန်ဖြစ်ရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်သားနေလင်းဆိုသူ သေဆုံးခဲ့သည်ဟု သိရသည်။

စာတည်း - မောင်ကြီး

#mizzima
#မအူပင်မြို့
#ပစ်ခတ်မှု
#စစ်ကောင်စီတပ်အရာရှိနှစ်ဦး
#သေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍8😁5🔥1
​​မြင်းခြံမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးသားအဖ ပစ်ခတ်ခံရ၍ သေဆုံး
====================

007
(မဇ္စျိမ) ။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်းကျေးရွာတွင် အုပ်ချုပ်ရေး မှူးနှင့်သားဖြစ်သူတို့ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

“မနက်အစောကြီးရှိသေးတယ် အိမ်ထဲအထိ ၀င်ပစ်သတ်သွားတာ၊ ၀င်လာတာတွေ့လို့ တံခါးထပိတ်တာ ကို ပြတင်းပေါက်ကနေတက်လာပြီး ပစ်သွားတာ၊ ဒလန်သားအဖဆိုပြီး ပစ်သွားတာ၊ အုပ်ကြီးက ကြံ့ခိုင် ရေး(ပါတီ)ကနေ စစ်တပ်ခေတ်(အာဏာသိမ်းပြီးနောက်)မှာ အုပ်ကြီးဖြစ်လာတာပါ" ဟု ဒေသခံတဦးက ပြောသည်။

အသက် ၅၆ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် အသက် ၁၈ နှစ်အရွယ် သားဖြစ်သူ ကို၀ဏ္ဏအောင်တို့သည် မိသားစုနှင့်အတူနေအိမ်အတွင်းရှိနေစဉ် ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာသော လူခြောက်ဦးက သေနတ်များဖြင့် ၀င်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ဦးသန်းထွန်းအောင်တွင် ဝဲဘက်လက်ကောက်၀တ် ဖောက်ထွက်ဒဏ်ရာ၊ ဝဲဘက်၀မ်း ဗိုက်ဖောက်၀င်ဒဏ်ရာ၊ ယာဘက်၀မ်းဗိုက် ဖောက်၀င်ဒဏ်ရာ၊ ဝဲပုခုံးဖောက်၀င်ဒဏ်ရာ၊ ယာပုခုံး ပွင့်ထွက် ဒဏ်ရာတို့ဖြင့်လည်းကောင်း၊ ကို၀ဏ္ဏအောင်တွင် ဝဲဘက်မျက်လုံးဘေး ဖောက်၀င်ဒဏ်ရာ ၊ ယာဘက်နား ထင် ဖောက်ထွက်ဒဏ်ရာတို့ဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ယခုပစ်ခတ်မှုအား မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားခြင်းဖြစ်ကြောင်း မသိရသေးသော်လည်း စစ်‌ ကောင်စီ၏ ဝါဒဖြန့်မီဒီယာနှင့် တယ်လီဂရမ်ချန်နယ်များတွင် PDF က ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။

ဇွန်လ ၂၃ ရက် ညပိုင်းကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်တွင် ရာအိမ်မှူးဦးမြတ်ထူးနှင့် သားဖြစ်သူ ကိုရဲမြင့်မိုရ်ထူးတို့ နေအိမ်တွင်အတူရှိနေစဉ် သေနတ်သမားသုံးဦး က ၀င်ရောက်ပစ်ခတ်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
အဆိုပါပစ်ခတ်မှုကြောင့် ရာအိမ်မှူး ပွဲချင်းပြီးသေဆုံးပြီး သားဖြစ်သူမှာ ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံတက် ရောက်၍ ကုသမှုခံယူထားရကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#အုပ်ချုပ်ရေးမှူး
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20🔥2