Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မြင်းခြံထောင်တွင် နှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် နိုင်ငံရေးအကျဉ်းသား သေဆုံး
====================

001
(မဇ္စျိမ) ။ ။ မန္တလေးတိုင်း ၊ မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မဖြင့် တရားစွဲဆိုခံရသည့် အသက် ၄၃ နှစ်အရွယ် မန်ကျည်းစုရွာသား ဦးစိန်ဝင်းသည် ညှဥ်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ဦးစိန်ဝင်းသည် အစာအိမ်သွေးကြောပေါက်ပြီး သေဆုံးသွားကြောင်း အကျဉ်းထောင်ဘက်က မိသားစုထံသို့ ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တွင် အကြောင်းကြားလာခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက မဇ္စျိမကို ပြောသည်။

“အလောင်းတော့ မပေးဘူး။ သူတို့ပဲ သင်္ဂြိုဟ်ပြီးတော့ ဒီက မိသားစုဝင်တွေကိုတော့ ခေါ်တယ်။ သွားကြည့်တဲ့အခါမှာတော့ ရင်ခွဲရုံမှာ ရင်ခွဲပြီး ပြန်ချုပ်ထားတာတွေ့ခဲ့ရတယ်။ ညာဘက်လက်မောင်းနဲ့ လည်ပင်းမှာတော့ ညိုမဲဒဏ်ရာတွေ ရှိတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၂ခုနှစ်အတွင်းက ၎င်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်( PDF )များနှင့် ဆက်နွယ်သည်ဟူသော စွပ်စွဲချက်ဖြင့် ကျေးရွာအတွင်း လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲကာ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစိန်ဝင်းသည် သာမာန်ရွာသားတစ်ဦးသာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကာ ရောဂါအခံလည်း မရှိကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

“သူကတော့ မြင်းခြံထောင်မှာ နှိပ်စက်ခံရတဲ့ အကျဉ်းသားတွေထဲမှာ ပါတယ်။ တော်တော်လေးကို ဆိုးဆိုးရွားရွား နှိပ်စက်ခံရတာ။ သူနဲ့အတူ နောက်ထပ် သုံး၊ လေး၊ ငါးဦးရှိတယ်လို့ ပြောတယ်။ ထောင်ကနေ ခေါ်ထုတ်ခံရတဲ့အထဲတော့ မပါဘူး။ သီးသန့်ထောင်မှာ ရိုက်တာ။ ဒါ ထောင်ကရိုက်တာ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPN တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#နိုင်ငံရေးအကျဉ်းသား
#စစ်ကောင်စီ
#အကျဉ်းထောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18🤬8❤2👍2🔥2
​​စစ်ကောင်စီအပေါ်ချမှတ်ထားတဲ့ အရေးယူမှုပုံစံကို အီးယူ ပြန်သုံးသပ်ဖို့လိုနေပြီလား
=======================

စစ်ကောင်စီလက်ထက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေထဲမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုက လည်း ထိပ်ဆုံးမှာရှိနေခဲ့ပါတယ်။ စစ်ကောင်စီ အလိုလိုက် အကြိုက်ဆောင်နေတဲ့ လုပ်ငန်းရှင်အများစုဟာ အလုပ် သမားအခွင့်အရေးချိုးဖောက်မှုတွေကို အများဆုံးကျူးလွန်နေခဲ့တာပါ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁2
​​မန္တလေးတွင် Night Club/Bar မွ ပြန်လာသူများအား ဖမ်းဆီးငွေညှစ်ခြင်းများရှိနေဟုဆို
=======================

007
(မဇ္စျိမ)။ ။ မန္တလေးမြို့တွင်၊ ညအချိန် Night Club နှင့် Bar များမှပြန်လာသူများအား၊ ကားဖြင့်လိုက်ဖမ်းပြီးငွေညှစ်သည့်ဖြစ်စဉ်များ ယခုရက်ပိုင်းဖြစ် ပွားနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ကြသူူများထံသိရသည်။

ဘားကေန ကျွန်တော်တို့ထွက်လာတော့၊ လူနှစ်ယောက်က လမ်းလယ်ထွက်လာပြီး တားတယ်၊ မင်းတို့ ညဘက်မထွက်ရဘူးဆိုတာ မသိဘူးလား ဘာပုဒ်မနဲ့အရေးယူမယ်ဘာညာဆိုပြီး၊ ငွေညှိခိုင်းတယ်၊ ငါးသိန်းတောင်းတယ်၊ ကျွန်တော်တို့ သုံးသိန်းနဲ့ဖြတ်ခဲ့ရတယ် ဟု ဇူလိုင်လ ၂ ရက်နေ့ညက ကိုယ်တိုင်ကြုံတွေ့ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့ခံတစ်ဦးကပြောသည်။

ထိုဖြစ်စဉ်သည်၊ အောင်မြေသာစံမြို့နယ် ၂၆ လမ်းနှင့် ၅၈ လမ်းထောင့်အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယနေ့အထိဖမ်းဆီးငွေညှစ်ခံရသူ ၄ ဦးထက်မနည်းရှိနေပြီဖြစ်ကြောင်း သိရသည်။
အရင်လတွေတုန်းကတော့၊ တစ်ညလုံးဖွင့်ထားပေးလို့ရတော့ အမ်ားစုက ညဘက်မပြန်ကြဘူး၊ တစ်ညလုံးကလပ်ထဲမှာပဲပျော်ကြပြီး မနက်မှပြန်တယ်၊ တချို့လည်း ကလပ်နဲ့အနီးဆုံးဟိုတယ်တည်းခိုခန်းတစ်ခုထဲ၀င်အိပ်လိုက်ကြတယ်၊ ငွေညှစ်ခံရတဲ့ကိစ္စက ဒီနှစ်ရက်သုံးရက်မှာစကြားရတာပဲ၊ ကျွန်တော် သိရသလောက် လေးငါးခါလောက်ရှိပြီ ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် Night Club ၀န်ထမ်းတစ်ဦးကပြောသည်။

ကားဖြင့်ငွေလိုက်ညှစ်သည့်အဖွဲ့တွင် ယူနီဖောင်း၀တ်တစ်ဦးနှင့် အရပ်၀တ်တစ်ဦးအပြင်၊ ကားပေါ်တွင် အနည်းဆုံးနောက်ထပ်လူနှစ်ဦးခန့် ရှိမည်ဟုခန့်မှန်းရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနောက်ထပ်တစ်ဦးအပြောအရသိရသည်။

ရုတ်တရတ်ဆိုတော့ ကျွန်တော်တို့လည်းကြောင်သွားတယ်၊ သူတို့ကသေနတ်တွေလည်းပါတယ်၊ လာလိုက်ခဲ့ဆိုပြီး၊ အောင်ပင်လယ်ကန်ပတ်လမ်းဘက်ခေါ်သွားတယ်၊ ဟို ရောက်တော့မှ ငွေညှစ်တာမှန်းသိရတာ၊ လက်စွပ်တောင်းတော့ပေးလိုက်တယ်၊ ငွေငါးသိန်းထပ်တောင်းတယ်၊ ငွေမပါလို့ Kpay ပေးမယ်ဆိုတာမရဘူး၊ အဲဲဒါနဲ့ Bar ပြန်သွားပြီး ၀န်ထမ်းတစ်ယောက်ကိုအကူအညီတောင်း ပြီးဖြေရှင်းလိုက်ရတယ် ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍၊ Night Out ထွက်ပြီးပြန်လာသူများအား ငွေညှစ်တောင်းယူခြင်းကိုလက်သင့်မခံကြောင်း၊ နောက်နောင်ထပ် လုပ်လာလျှင် နယ်မြေအပိုင်ရဲစခန်းနာမည်နှင့်တကွ ထုတ်ဖော်ပြောဆိုသွားမည်ဖြစ်ကြောင်း စစ်အုပ်စု၏တယ်လီဂရမ်ချန်နယ်များက ဖော်ပြ ကြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁18👍12❤3🔥1👏1
ဇူလိုင်လ (၅) ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
===================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့

ရွှေနဲ့ ဒေါ်လာဈေးကွက်က လုပ်ငန်းရှင်နဲ့ စီးပွားရေးသမား ၁၀၀ လောက်ကို စစ်တပ်က ထပ်မံ ဖမ်းဆီးနေတဲ့သတင်း
နဲ့အတူ ရန်ကုန်မြို့ရှိ နိုက်ကလပ်နှင့်ဘားတွေ ယာယီပိတ်ကြောင်း ထုတ်ပြန်လိုက်တဲ့သတင်းတွေပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊စီးပွားရေးသတင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “မရွှေမိုးရဲ့လေးညှို့သံ” အစီအစဉ်ကို နားဆင်ရမှာပါ။

https://youtu.be/fA3BP3GNWvk

#Morningradio
#mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
​​လူထုထောက်ခံမှုအမြင့်ဆုံးရထားသည့် တော်လှန်ရေးကို စိတ်ပျက်အောင် အစိုးရအဖွဲ့ဝင်များ မလုပ်ကြရန် NUG ယာယီသမ္မတ သတိပေး
==========================

မဇ္စျိမ
လူထုထောက်ခံမှုအမြင့်ဆုံးရထားသည့် တော်လှန်ရေးကို စိတ်ပျက်အောင် အစိုးရအဖွဲ့ဝင်များ မလုပ်ကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ အစည်းအဝေးတွင် သတိပေးသည်။
" နွေဦးတော်လှန်ရေးဟာ အချိန်တိုအတွင်းမှာ ရှုပ်ထွေး ကျပ်တည်းတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းနေရသလိုလည်း တွေ့နေမြင် နေရပါတယ်။

ဒါပေမယ့် လောလောဆယ်အားဖြင့် နွေဦးတော်လှန်ရေးအပေါ်မှာ လူထုရဲ့ ယုံကြည် ထောက်ခံမှု အမြင့်ဆုံး အခြေအနေကို ကျွန်တော်တို့ ရထားပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ လူထုစိတ်ပျက်အောင် မလုပ်သင့်သလို၊ အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြည်သူက ကိုးစားလာအောင် တင်ပြဖို့ တာဝန်ရှိ နေပါတယ်။ ဒါ့အပြင် လက်ရှိ အရှိပကတိနဲ့ မကင်းကွာတဲ့ ပြည်သူ မျှော်လင့်ချက်ကို ဖြစ်ထွန်းစေဖို့ လိုအပ်ပါတယ်" ဟု ယာယီသမ္မတ က ပြောသည်။

Public Relations ဟုခေါ်သည့် ပြည်သူ့ဆက်ဆံရေး အလုပ်ဆိုသည်မှာ အင်မတန်သိမ်မွေ့သည့်အလုပ်ဖြစ် ကြောင်း၊ ပြည်သူရဲ့ သဘောထားဆန္ဒများကို အမြဲမပြတ် အကဲခတ် စောင့်ကြည့်ရသည့်အလုပ်ဖြစ် ကြောင်း ၎င်းက ပြောသည်။

" ပြည်သူ့ဆက်ဆံရေးအလုပ်တာဝန်တွေမှာ တတ်နိုင်သမျှ အမှားအယွင်း မဖြစ်အောင် သတိနဲ့ လုပ်ဆောင်စရာတွေ အမြောက်အမြား ရှိနေပါလိမ့်မယ်။ ဒါ့အပြင် လူထုရဲ့ မျှော်လင့် ချက်ကို တွန်းတင်ဖို့တာဝန်ရှိပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ ဝါဒမှိုင်း ဖြန့်ကျက်မှုတွေကို တန်ပြန်တုံ့ပြန်နိုင်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အမြင်သဘောထားဟာ နွေဦးတော်လှန်ရေးအပေါ်မှာ အပြုသဘောဆောင်တဲ့ အမြင်တွေ ဖြစ်ထွန်းအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" ဟု ယာယီသမ္မတက ပြောသည်။

အစိုးရအဖွဲ့ဝင်များအနေဖြင့် လူထု၏ မျှော်လင့်ချက်များကို ကာယကံ မြောက် ဖြည့်ဆည်းပေးနိုင်ရန် လုံ့လစိုက်ထုတ်ကြရန် ယာယီသမ္မတက တိုက်တွန်းသည်။

" စမတ်ကျသော ပြည်သူ့ဆက်ဆံရေး ကျင့်ထုံးတွေနဲ့ / လူထုနဲ့ အစိုးရအကြားက ယုံကြည်မှုကို တိုးသထက် တိုးအောင် လုပ်ဆောင်ပေးဖို့ ကျွန်တော့် အနေနဲ့ အထူး မေတ္တာရပ်ခံ ချင်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ လုပ်ဆောင်မှုများကို အထူးဂုဏ်ယူဝမ်း မြောက် ကြောင်း ယာယီသမ္မတက ပြောသည်။
👍37❤11😁3
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၅ ရက်၊ ၂၀၂၃ | VOA On Mizzima
=====================

အမေရိကန်သမ္မတဟောင်း Donald Trump ဟာ သမ္မတရွေးကောက်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ဖို့ မဲဆွယ်စည်းရုံးပွဲတွေ စကျင်းပနေပြီ။ အမေရိကန်အထက်တန်းကျောင်းတွေမှာ ကရင်ဘာသာစကား သင်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/cWoOyslCukQ

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁4
လာမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုတွေ စတင် | VOA On Mizzima
====================

အမေရိကန်သမ္မတဟောင်း Donald Trump ဟာ သမ္မတရွေးကောက်ပွဲမှာ ပြန်လည်ယှဉ်ပြိုင်ဖို့ မဲဆွယ်စည်းရုံးပွဲတွေ စကျင်းပနေပြီ။ ၂၀၂၀ ရွေးကောက်ပွဲမှာ သူ့ကို နိုင်သွားတဲ့ လက်ရှိ သမ္မတ Joe Biden ကို ဖယ်ရှားပစ်မယ်လို့ ပြောဆိုနေပါတယ်။ ဒါပေမဲ့လည်း ရီပတ်ဗလစ်ကန်ပါတီမှာ ပါတီတွင်း သမ္မတလောင်း ယှဉ်ပြိုင်မယ့်သူကလည်း များလာတဲ့အတွက် Donald Trump အနေနဲ့ Joe Biden ကို မယှဉ်ပြိင်ခင် ပါတီတွင်းက ပြိုင်ဖက်တွေကို အရင်အနိုင်ရဖို့ လိုပါတယ်။ ရီပတ်ဗလစ်ကန် ပါတီတွင်း သမ္မတလောင်း ယှဉ်ပြိုင်မယ့်သူ တော်တော်များများက သမ္မတဟောင်း Trump ကို ဝေဖန်တိုက်ခိုက်ဖို့ တွန့်ဆုတ်နေတာကြောင့် Trump အနိုင်ရအောင် အခွင့်အရေးပေးသလိုလည်း ဖြစ်နေတဲ့အကြောင်း Steve Herman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဉီး တင်ဆက်ပေးနေပါတယ်။

https://youtu.be/0m1XDVCkuy4

#VOA
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥2
​​ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင် ပြန်လည်လွတ်မြောက်
=====================

001
(မဇ္စျိမ)။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ် ပြည့်ဖြိုးနိုင် ယနေ့ ဇူလိုင်လ ၅ ရက် နံနက်ပိုင်းတွင် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ရဲအုပ်ပြည့်ဖြိုးနိုင်မှာ ရဲစည်းကမ်းထိန်းသိမ်းရေးဉပဒေပုဒ်မဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်သုံးနှစ် ချမှတ် ခံခဲ့ရကာ လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

“အခုတော့ အိမ်ကိုပြန်နေပြီ။ သူက လွတ်ရက်စေ့နဲ့လွတ်တာ။ ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်သုံးနှစ် ကျထားတာ” ဟု အကျဥ်းထောင်နှင့် နီးစပ်သူတဦးကပြောသည်။

ရဲအုပ်ပြည့်ဖြိုးနိုင်မှာ ထောင်စည်းမျဥ်းအရ သတ်မှတ်ထားသည့် လျှော့ရက်ကိုသာရရှိပြီး အထူးလျှော့ရက် မရရှိကြောင်း တရားရုံးနှင့် နီးစပ်သူတဦးကလည်း မဇ္စျိမကို ပြောသည်။

“သူက တနှစ်ကိုဘယ်လောက်၊ တလကိုဘယ်လောက်ရမယ်။ အဲ့ဒီလျှော့ရက်ပဲ၊ ထောင်စည်းမျဥ်းကသတ် မှတ်တဲ့ဟာပဲရတာ။ ကျန်တာရလို့မဟုတ်ဘူး။ အဲဒီလိုတော့ သိရတယ်” ဟု ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်ရံတော်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင် သည့် ဒုရဲအုပ်ချယ်ရီထက်နှင့် လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးတို့လည်း ဖမ်းဆီးထောင်ချခံထားရသည်။

ဒုရဲအုပ်ချယ်ရီထက်မှာ ရဲစည်းကမ်းထိန်းသိမ်းရေးဉပဒေ၊ ပုဒ်မ ၅၀၅(က) စသည်တို့ဖြင့် ထောင်ဒဏ် ငါး နှစ်ချမှတ်ခံထားရကာ ဦးအောင်နိုင်ဦးမှာလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒပုဒ်မ ၅၂ (က)၊ နိုင်ငံ တော်လျှို့ဝှက်ဉပဒေပုဒ်မ ၃(၁)(ဂ) တို့ဖြင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရပြီး ရမည်းသင်းအကျဉ်းထောင် တွင် ထိန်းသိမ်းခံထားရသည်။

ရမည်းသင်းအကျဉ်းထောင်တွင် NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ တို့လည်း အကျဥ်းကျခံနေရသည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၃,၆၇၄ ဦးရှိပြီး ထို အထဲမှ ၁၉,၃၁၁ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
#ကိုယ်ရံတော်တပ်ဖွဲ့
#ရဲအုပ်ပြည့်ဖြိုးနိုင်
#ရမည်းသင်းအကျဉ်းထောင်

ဓာတ်ပုံ- ဒေါ်အောင်ဆန်းစုကြည်နှင့် ကြည့်နေသူသည် လွတ်မြောက်လာသော ရဲအုပ်ပြည့်ဖြိုးနိုင် ဖြစ်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23👏2🔥1🤯1
အမေရိကန်အထက်တန်းကျောင်းမှာ ကရင်ဘာသာစကား သင်ယူနိုင် | VOA On Mizzima
=====================

အမေရိကန်ပြည်ထောင်စု အထက်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာအပြင် သက်ဆိုင်ရာ မိခင် ဘာသာစကားသင်ကြားပေးတဲ့ အစီအစဉ် ၁၆၀၀ လောက် ရှိပါတယ်။ အမေရိကန်ပြည်နယ် ၁၃ ပြည်နယ်နဲ့ ဝါရှင်တန်ဒီစီမှာ သက်ဆိုင်ရာ လူမျိုးအလိုက် မိခင်ဘာသာစကား သင်ကြားပေးသူတွေထဲမှာ အခုဆိုရင် မင်နီဆိုးတာပြည်နယ်မှာ ကရင်ဘာသာနဲ့ သင်ကြားပေးမယ့် အစီအစဉ်လည်း ပါဝင်လာပါတယ်။ မိခင်ဘာသာစကားမပျောက်ပျက်အောင်နဲ့ ရိုးရာယဉ်ကျေးမှုအမွေထိန်းသိမ်းဖို့ အခက်အခဲကြားထဲကနေ ဖြစ်မြောက်အောင် စီစဉ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။

https://youtu.be/ve9ERJ7IERA

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2
​​မန္တလေးတွင် နိုက်ကလပ်နှင့် ဘားမှပြန်လာသူများကို ဖမ်းဆီးငွေညှစ်ခြင်းများရှိဟုဆို
=====================

007
(မဇ္စျိမ)။ ။ မန္တလေးမြို့တွင် ညအချိန် နိုက်ကလပ်နှင့် ဘားများမှ ပြန်လာသူများအား ကားဖြင့်လိုက်ဖမ်းပြီး ငွေညှစ်သည့်ဖြစ်စဉ်များ ယခုရက်ပိုင်း ဖြစ်ပွားနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ကြသူများထံက သိရသည်။

"ဘားကနေ ကျွန်တော်တို့ထွက်လာတော့ လူနှစ်ယောက်က လမ်းလယ်ထွက်ပြီး တားတယ် ။မင်းတို့ ညဘက်မထွက်ရဘူးဆိုတာ မသိဘူးလား ဘာပုဒ်မနဲ့အရေးယူမယ် ဘာညာဆိုပြီး ငွေညှိခိုင်းတယ်။ ငါးသိန်းတောင်းတယ်။ ကျွန်တော်တို့ သုံးသိန်းနဲ့ဖြတ်ခဲ့ရတယ်" ဟု ဇူလိုင်လ ၂ ရက် ညပိုင်းက ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့ခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်မှာ မန္တလေးတိုင်း ၊ အောင်မြေသာစံမြို့နယ် ၂၆ လမ်းနှင့် ၅၈ လမ်းထောင့်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ဖမ်းဆီးငွေညှစ်ခံရသူ လေးဦးထက်မနည်းရှိနေပြီဖြစ်ကြောင်း သိရသည်။
"အရင်လတွေတုန်းကတော့ တစ်ညလုံးဖွင့်ထားပေးလို့ရတော့ အများစုက ညဘက်မပြန်ကြဘူး။ တစ်ညလုံးကလပ်ထဲမှာပဲ ပျော်ကြပြီး မနက်မှပြန်တယ်။ တချို့လည်း ကလပ်နဲ့အနီးဆုံး ဟိုတယ်၊ တည်းခိုခန်းတစ်ခုထဲ၀င်အိပ်လိုက်ကြတယ်၊ ငွေညှစ်ခံရတဲ့ကိစ္စက ဒီနှစ်ရက်သုံးရက်မှာ စကြားရတာပဲ၊ ကျွန်တော် သိရသလောက် လေးငါးခါလောက်ရှိပြီ" ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် Night Club ၀န်ထမ်းတစ်ဦးက ပြောသည်။

ကားဖြင့်ငွေလိုက်ညှစ်သည့်အဖွဲ့တွင် ယူနီဖောင်း၀တ်တစ်ဦးနှင့် အရပ်၀တ်တစ်ဦးအပြင် ကားပေါ်တွင် အနည်းဆုံး နှစ်ဦးခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အခြားတစ်ဦးက ပြောသည်။

"ရုတ်တရတ်ဆိုတော့ ကျွန်တော်တို့လည်းကြောင်သွားတယ်။ သူတို့က သေနတ်တွေလည်းပါတယ်။ လာလိုက်ခဲ့ဆိုပြီး၊ အောင်ပင်လယ်ကန်ပတ်လမ်းဘက် ခေါ်သွားတယ်။ ဟိုရောက်တော့မှ ငွေညှစ်တာမှန်းသိရတာ၊ လက်စွပ်တောင်းတော့ ပေးလိုက်တယ်။ ငွေငါးသိန်းထပ်တောင်းတယ်၊ ငွေမပါလို့ Kpay ပေးမယ်ဆိုတာမရဘူး။ အဲဲဒါနဲ့ Bar ပြန်သွားပြီး ၀န်ထမ်းတစ်ယောက်ကို အကူအညီတောင်းပြီးဖြေရှင်းလိုက်ရတယ်" ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Night Out ထွက်ပြီးပြန်လာသူများအား ငွေညှစ်တောင်းယူခြင်းကိုလက်သင့်မခံကြောင်း၊ နောက်နောင်ထပ် လုပ်လာလျှင် နယ်မြေအပိုင် ရဲစခန်းနာမည်နှင့်တကွ ထုတ်ဖော်ပြောဆိုသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းများကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များက ရေးသားဖော်ပြထားကြသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မန္တလေးတိုင်း
#NightClub
#Bar
#ဖမ်းဆီးစစ်ဆေး

ဓာတ်ပုံ- မန္တလေးက ကလပ်တစ်ခုကို တွေ့ရစဉ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁4🔥2😱1
​​ဂျာမနီ အားကစားဝတ်စုံ အမှတ်တံဆိပ် Jako မြန်မာနိုင်ငံမှ ထွက်ခွာမည်
=====================

ဂျာမနီ အားကစားဝတ်စုံ အမှတ်တံဆိပ် Jako က မြန်မာနိုင်ငံ၌ ယင်း၏ ထုတ်ကုန်များ အပ်နှံထုတ်လုပ်နေမှုကို ရပ်ဆိုင်းပြီး နိုင်ငံမှ ရုပ်သိမ်းထွက်ခွာမည့် အစီအစဉ်များကို ကြေညာခဲ့ကြောင်း သိရသည်။

မြန်မာတွင် Jako ၏ ထုတ်ကုန်များကို လက်ခံချုပ်လုပ်ပေးနေသည့် စက်ရုံတစ်ရုံ၌ အထည်ချုပ်အလုပ်သမားနှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် Jako က ယခုကဲ့သို့ မြန်မာမှ ထွက်ခွာမည့် အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်ကြောင်း Ecotextile News က ဖော်ပြသည်။

ယခု ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရခြင်းဖြစ်ပြီး၊ အကြောင်းမှာ Jako အမှတ်တံဆိပ် ထုတ်ကုန်များကို လက်ခံချုပ်လုပ်ပေးနေသည့် ရန်ကုန်ရှိ Sun Apparel စက်ရုံ၌ လုပ်ကိုင်နေသော အလုပ်သမားများအတွက် စီးပွားရေးဂယက်ရိုက်ခတ်မှုများ ရှိ၍ ဖြစ်ကြောင်း Jako ၏ အဝယ်ဌာန အကြီးအကဲ ဟိုင်ကို ရမ်းမ်က Ecotextile News ကို ပြောသည်။
👍8👏7🔥2
ကရင်ပြည်နယ်တွင် ပြည်သူများ မိုးတွင်းကာလ စိုက်ပျိုးရန် မျိုးစေ့ KNWO ထောက်ပံ့
❤7👍4😁2
ကရင်ပြည်နယ်တွင် ပြည်သူများ မိုးတွင်းကာလ စိုက်ပျိုးရန် မျိုးစေ့ KNWO ထောက်ပံ့
========================

ကိုဇာနည်
(မဇ္စျိမ) ။ ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများနှင့် ထိုင်း -ကရင်နီ နယ်စပ်ရှိ စစ်ရှောင်စခန်း တချို့တွင် မိုးရာသီကာလအတွင်း ရာသီသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် ဒေသခံများအား ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)က သီးနှံမျိုးစေ့များ ထောက်ပံ့ပေးနေကြောင်း သိရ သည်။

" မျိုးစေ့ပေးရခြင်း ရည်ချက်က အများအားဖြင့် စစ်ရှောင်တွေက ဝင်ငွေမရှိတဲ့အတွက် တစ်ရက် တစ်ရက် စားဖို့ ဟင်းဖိုးပိုက်ဆံကုန်ကျသက်သာအောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ရန် ရည်ရွယ်တာဖြစ်တယ် ။ အဓိထောက်ပံ့ပေးတဲ့ မျိုးစေ့ အမျိုးအစားများက ဖရုံ၊ သခွား၊ ငရုပ်၊ မြေပဲ၊ ပြောင်းဖူး၊ ချည်ပေါင်နဲ့ ခရမ်းသီးတို့ဖြစ်တယ်"KNWO တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူများ နေ့စဥ်ပိုမိုများပြားလာသည့်အတွက် စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်မှ ကျေးရွာ ၁၂ ရွာအား မျိုးစေ့ ထောက်ပံ့ပေးပြီး ထိုင်းနယ်စပ်ရှိ စစ်ရှောင် စခန်း လေးခုမှ စစ်ဘေးရှောင်များအား မေလ ပထမပတ်နှင့် ဒုတိယပတ်တွင် မျိုးစေ့များ ပေးဝေထောက်ပံ့ပေးခဲ့သည်ဟု သိရပါသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်းက ကရင်နီပြည်နယ်တွင် အစာရေစာ ပြတ်လပ်မှုနှင့် ဖျားနာမှုများကြောင့် သေဆုံးသူစစ်ရှောင်ဦးရေ ၃၀ ဝန်းကျင်ရှိခဲ့ကြောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောကြားထားသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေများပြားလာပြီး
လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၂၅၀,၀၀၀ ဝန်းကျင်ရှိကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များ၏ စာရင်းအရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကရင်နီပြည်
#စစ်ရှောင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤4🔥2
လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ဗြိတိန်က အလေးပေးဆွေးနွေးမည်ဟုဆို
========================

ယခုလအတွင်း ဦးစားပေးဆွေးနွေးမယ့်အကြောင်းအရာတွေထဲမှာ မြန်မာ့အရေးလည်း ပါဝင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က ဇူလိုင်လ ၃ ရက်နေ့က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဇူလိုင်လအတွက် အလှည့်ကျဥက္ကဋ္ဌနေရာကို ဗြိတိန်နိုင်ငံက တာဝန်ယူမှာဖြစ်ပြီး၊ လတ်တလော ဖြစ်နေတဲ့ မြန်မာ၊ ဆီးရီးယား၊ ကွန်ကိုနဲ့၊ ယူကရိန်းနိုင်ငံက စစ်ရေးပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေ တိုးလာနေတာကို တွေ့ရတယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကနေ လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်တွေကို လုံခြုံရေးကောင်စီမှာ ကြားနာဖို့ရှိတယ်လို့လည်း ဗြိတိန်သံအမတ်ကြီးကပြောပါတယ်။

https://youtu.be/i-LaoFucE2I

#Political News
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15😁2❤1
(၇၄) နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးနေ့ကို KNU လွတ်မြောက်နယ်မြေတွင် ကျင်းပ
👍9🔥2