Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ဗြိတိန်က အလေးပေးဆွေးနွေးမည်ဟုဆို

Watch more detail -
https://https://buff.ly/3rdVDaU

#လုံခြုံရေးကောင်စီ #မြန်မာ့အရေး #ဆွေးနွေး #VideoNews #shorts #reels
👍13😁2
စစ်အာဏာရှင်ကိုခုခံနေသည့် တော်လှန်ရေးအဖွဲ့တိုင်းနှင့် လက်တွဲပြီး ရန်သူများကို ခုခံတော်လှန်ရမည်ဟု KNU ဥက္ကဋ္ဌတိုက်တွန်း
❤12👍6😁2
စစ်အာဏာရှင်ကိုခုခံနေသည့် တော်လှန်ရေးအဖွဲ့တိုင်းနှင့် လက်တွဲပြီး ရန်သူများကို ခုခံတော်လှန်ရမည်ဟု KNU ဥက္ကဋ္ဌတိုက်တွန်း
===================

002
(မဇ္ဈိမ)။ ။စစ်အာဏာရှင်ကိုခုခံနေသည့် တော်လှန်ရေးအဖွဲ့အစည်းတိုင်းနှင့်လက်တွဲပြီး ရန်သူများကို ခုခံတော်လှန်ရမည်ဟု KNUဥက္ကဋ္ဌဖဒိုစောကွယ်ထူးဝင်းက ယနေ့ ကျင်းပသည့် (၇၄) နှစ် မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ မိန့်ခွန်းတွင် တိုက်တွန်းပြောကြားသည်။

" ကရင့်အမျိုးသားလက်နက်ကိုင် ခုခံတော်လှန်ရေး သမားများအနေဖြင့် မိမိကိုယ်မိမိ ကရင့်အမျိုးသားများအဖြစ်နားလည်ထားပြီး ကရင့်အမျိုးသားများနှင့် ပြည်သူလူထုကြီး၏ ရန်သူများကို ခုခံတော်လှန်ကြရပါမည်။ စစ်အာဏာရှင်နှင့် အာဏာရှင်များကို ခုခံတော်လှန်နေသည့် လူမျိုးတိုင်း၊အဖွဲ့အစည်းတိုင်းနှင့်လက်တွဲလုပ်ဆောင်ကြရပါမည်" ဟု KNU ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားသည်။

ယနေ့ဇူလိုင် (၅)ရက်တွင် ကျရောက်သည့် (၇၄)နှစ် မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ)တပ်မတော်နေ့သို့ ကရင့်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဖဒိုစောကွယ်ထူးဝင်းက သဝဏ်လွှာပေးပို့ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိနိုင်ငံရေးနှင့် စစ်ရေးအခြေအနေများမှာ မိမိတို့နိုင်ငံ၏ သမိုင်းတလျှောက် ဖြစ်ပျက်ခဲ့သည့် နိုင်ငံရေး၊ စစ်ရေးများနှင့် မတူဘဲ လုံးဝခြားနားနေသည်ဟုလည်း ၎င်းက အသိပေးထားသည်။
ထို့အပြင် စစ်အုပ်စုက ပြည်သူလူထုကို ရန်သူသဖွယ်သဘောထားပြီး ရပ်ရွာများ၊ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ကျောင်းများကို လေယာဉ်များ၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများလုပ်ဆောင်နေကြောင်း၊ကရင့်အမျိုးသားများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ကရင့်အမျိုးသားများအား သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများမှ အကာအကွယ်ပေးရန်အပြင် ပြည်သူလူထုအား စစ်အုပ်ချုပ်ရေးစနစ်နှင့် အာဏာရှင်စနစ်ဆိုးများ၏ညှင်းပန်းနှိပ်စက်ခြင်းများ၊ ရပ်ရွာများအားမီးရှို့ဖျက်ဆီးခြင်းနှင့် ရက်ရက်စက်စက်သတ်ဖြတ်ခြင်းများမှ တားဆီးကာကွယ်ပေးရန်လည်း KNUဥက္ကဋ္ဌက ပြောကြားထားသည်။

အခြေအနေပေးလာသည့် အခွင့်အရေးများကို အရယူပြီး ပြည်သူ့ရေးရာဝန်ဆောင်မှုအပြင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်လုံခြုံရေးစနစ်နှင့် လုပ်ထုံးလုပ်နည်းများကို ထူထောင်ရန် လိုအပ်ကြောင်းတိုက်တွန်းသည်။

" လက်ရှိအချိန်ကာလသည် ကြီးမားသည့် စိန်ခေါ်မှုများရှိနေ သကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မည့်အခွင့်အရေးကောင်းများလည်း ရှိနေပါသည်" ဟု KNUဥက္ကဋ္ဌဖဒိုစောကွယ်ထူးဝင်းကဆိုသည်။

ထို့ပြင် KNUဥက္ကဋ္ဌ၏ ယနေ့ မိန့်ခွန်းတွင် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အားသွန်ခွန်စိုက်ကူညီနေကြသည့် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားထားသည်ကို တွေ့ရသည်။

စာတည်း - မောင်ကြီး

#mizzima
#၇၄ နှစ်မြောက်ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့
#ကရင့်အမျိုးသားအစည်းအရုံး KNU
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍6😁2
​​ထိုင်းလွှတ်တော်က အောက်လွှတ်တော် ဥက္ကဋ္ဌသစ် တင်မြှောက်
======================

ထိုင်းလွှတ်တော်သည် ပရာချာချက်ပါတီမှ နိုင်ငံရေးသမားဟောင်း ဝန်မိုဟာမတ်နောမာသာကို အသစ်ရွေးကောက်ခံရသော အောက်လွှတ်တော်၏ ဥက္ကဋ္ဌအဖြစ် အတည်ပြုလိုက်ပြီ ဖြစ်သည်။

အင်္ဂါနေ့က ဝန်နောကို ယခုကဲ့သို့ ခန့်အပ်နိုင်ခြင်းသည် အရေးပါသော ယင်းနေရာနှင့် ပတ်သက်ကာ ညှိနေခဲ့ရသည့် အကြီးဆုံးပါတီကြီးနှစ်ရပ်ဖြစ်သော ရှေ့သို့ချီပါတီနှင့် ဖျူထိုင်းပါတီတို့ကြား အပေးအယူ တည့်သွားခြင်းအဖြစ် ရှုမြင်ရသည်။

အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် အသက် ၇၉ နှစ်အရွယ် ဝန်နောတစ်ဦးတည်းကိုသာ အမည်စာရင်း တင်သွင်းခြင်းဖြစ်၍ အတည်ပြုတင်မြှောက်ရန်အတွက် မဲပေးစရာ မလိုခဲ့ဘဲ တင်မြှောက်လိုက်ခြင်းပဲ ဖြစ်သည်။
👍5🤪3
ရန်ကုန်မြို့ ခရိုင် ၄ ခုတွင် မြို့ပြပြောက်ကျားများ ဗုံး ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိ
👍13🥴2
ရန်ကုန်မြို့ ခရိုင် ၄ ခုတွင် မြို့ပြပြောက်ကျားများ ဗုံး ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိ
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင် လေးခုတွင်ရှိသော စစ်ကောင်စီတပ်စခန်း၊ ဦးစီးဌာနများနှင့် စစ်ဆေးရေးနေရာများအား ယမန်နေ့ ဇွန်လ ၄ ရက်နေ့ညတွင် မြို့ပြပြောက်ကျားများက ဗုံး ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း သိရသည်။
"သန်လျင် ထိခိုက်မှုရှိတယ်၊ အရေအတွက်သေချာမသိရသေးဘူး။ လှိုင်သာယာကတော့ ဗုံးရှင်းတဲ့စစ်သား နှစ်ယောက်ထိသွားတာ။ လူနာတင်ကားနဲ့သယ်သွားတာ မြင်လိုက်တယ်။ အသံတွေကတော့ တစ်မြို့လုံးကိုသောသောညံပါပဲ ၊ စစ်ကားတွေလည်း တောက်လျှောက်ပတ်နေတာ ညတောင်အိပ်ကြရဲ့လားမသိဘူး။" ဟူ၍ ‌ရန်ကုန်မြို့ရှိ မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမ ကို ပြောသည်။

တိုက်ခိုက်ခံရသည့်နေရာများမှာ ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တရားရုံး ၊ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း၊ ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြိုနယ် ဗိုလ်ချုပ်ကျေးရွာနှင့်အောင်ချမ်းသာအစပ်ကြား တပင်ရွှေထီးလမ်းမတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများမှ ပြည်သူများစီးနင်းသောဆိုင်ကယ်များကို မတရားစစ်ဆေးနေသည့် နေရာအနီးတို့ဖြစ်ကြောင်း Freeland Attack Force(FLA) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ညပိုင်းတိုက်ခိုက်မှုများအား Anonymous Fighters Force -AFF မှ ဦးဆောင်ကာ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊ Emerald Girls Army - EGA ၊ Rangoon Urban Force တို့မှ ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မစ်ရှင်များအာ ညဦးပိုင်း ၈ နာရီကျော်မှ ည ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်ထိ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုပြုလုပ်သည့်ရဲဘော်များမှာ ပစ်မှတ်မြို့နယ်များမှ ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။

ဇွန်လ ၁၈ ရက်နေ့ကလည်း ယမန်နေ့က တိုက်ခိုက်မှုပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားအဖွဲ့များမှ လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်၊ တပ်ထိပ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၃၂)တပ်ရင်း ၊ ဒေါပုံမြို့နယ်၊ အရှေ့ပိုင်းခရိုင်တရားဥပဒေရုံးနှင့် မြောက်ဒဂုံမြို့နယ် (၄၈) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်ရှိ ထားဝယ်ချောင်ရဲစခန်း တို့ကို ဗုံး ကိုးလုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရန်ကုန်မြို့
#ခရိုင်
#မြို့ပြပြောက်ကျား
#ဖောက်ခွဲတိုက်ခိုက်
http://www.mizzimaburmese.com/article/130434
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏5🥴2❤1
ဇူလိုင်လ (၅)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

-လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ဗြိတိန်က အလေးပေးဆွေးနွေးမယ်ဆိုတဲ့သတင်း

-ဇူလိုင်ပထမပတ်အတွင်း ရန်ကုန်မှာ လူငယ် အယောက် ၂၀ ကျော် ဖမ်းဆီးခံရတဲ့သတင်း

-မအူပင်မြို့မှာ စစ်ကောင်စီတပ်အရာရှိချင်း ပစ်ခတ်မှု ၂ဦးလုံးသေဆုံးတဲ့သတင်း

-မြန်မာကို စစ်လက်နက်မပို့ကြောင်း စင်ကာပူ ထပ်မံ ငြင်းဆိုတဲ့သတင်းအပါအဝင်
တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/pXNLRFfaZ0Q

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁2
Media is too big
VIEW IN TELEGRAM
မြန်မာကို စစ်လက်နက်မပို့ကြောင်း စင်ကာပူ ထပ်မံ ငြင်းဆို

Watch more detail -
https://buff.ly/3NZ73bk

#စစ်လက်နက် #မြန်မာ #စင်ကာပူ #VideoNews #shorts #reels
😁8👍6❤1🔥1🥰1
မြန်မာကို စစ်လက်နက်မပို့ကြောင်း စင်ကာပူ ထပ်မံ ငြင်းဆို
====================

စစ်ကောင်စီအတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းများ ပေးပို့ရာမှာ စင်ကာပူအခြေစိုက် ကုမ္ပဏီ ၉၁ ခု ပါဝင်ပတ်သတ်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်မံ ငြင်းဆိုလိုက်ပါတယ်။
စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေ ဆင်းရဲဒုက္ခကြုံနေရတဲ့ အခြေအနေ ပိုမဆိုးစေချင်တဲ့အတွက် မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလုပ်တာကို ပိတ်ပင်မထားပေမယ့် အရပ်သားပြည်သူတွေကို ထိခိုက်နစ်နာအောင်လုပ်ဖို့ လက်နက်အဖြစ် အသုံးပြုနိုင်တဲ့ ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံကို ရောင်းချမှုကိုတော့ ပိတ်ပင်ထားတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာ ခရစ်ရှ်နန်က ဇူလိုင် ၃ ရက်နေ့မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews ရဲ့ မေလ ၁၇ ရက်နေ့ အစီရင်ခံစာမှာ တိုက်လေယာဉ်အများစုအပါအဝင် ဒေါ်လာ သန်း ၁,၀၀၀ ထက်မနည်း တန်ဖိုးရှိ လက်နက်နဲ့ ဆက်စပ်ပစ္စည်းများ စစ်ကောင်စီ ဝယ်ယူရာမှာ စင်ကာပူအခြေစိုက် ကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်နေကြောင်း ဖော်ပြခဲ့ပါတယ်။

https://youtu.be/POyPNeipxVQ

#politicalnews News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁10👍4👏1🤮1
ကနီမြို့နယ်ရှိ အလယ်ကျွန်းပျူရွာကို ဒရုန်းလေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်
======================

လွှမ်းမိုး (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ၊ အလယ်ကျွန်း (ရေလယ်ကျွန်း) ပျူရွာကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ ဒရုန်းလေယာဉ်များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ထံက သိရသည်။

ဇူလိုင်လ ၄ ရက် ညနေ ၄ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ပျူစောထီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KLG PDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

“ မောင်းသူမဲ့ ဒရုန်းလေယာဉ်ကို အသုံးပြုပြီး 1kg ဗုံးသီး သုံးလုံးချ ပြီးတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ဗိုလ်နေတဲ့ အိမ်နှင့် ပျူစောထီးခေါင်းဆောင်နေတဲ့ အိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။ အတွင်းသတင်းပေးအရ ပျူစောထီး နှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ထိုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ (ကျောက်လုံးကြီး) အဖွဲ့က ပြုလုပ်ခဲ့ပြီး PDF ရဲဘော်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြောသည်။

ဇွန်လ ၂၅ ရက်နေ့ကလည်း ကျောက်လုံးကြီးတပ်ဖွဲ့ (KLG PDF) မှ မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ပျူရွာကို မောင်းသူမဲ့ဒရုန်းလေယာဉ်များအသုံးပြု၍ ဗုံးသီးချ တိုက်ခိုက်ခိုက်ခဲ့သေးသည်။

လက်ရှိတွင် KLG PDF အနေဖြင့် မောင်းသူမဲ့ဒရုန်းလေယာဉ်များ ဆက်လက်ထုတ်လုပ်နိုင်ရန်အတွက် ငွေကြေးအခက်အခဲများရှိနေ၍ ပါဝင်ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

https://youtu.be/bFUGrTqT1CI

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ကနီမြို့နယ်
#ကျောက်လုံးကြီး
#KLG_PDF
#ဒရုန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤10👏5👍4😁2
Media is too big
VIEW IN TELEGRAM
ခြိမ်းခြောက်ခံနေရတဲ့ ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေကို ထောက်ခံကြောင်း ဩစတြေးလျပြော
=====================

#Shorts #Reels #International #MizzimaTV
👍9🔥1😁1
စစ်ရေးအရှိန်မြှင့်မည့် ပဲခူးရိုးမပေါ် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ၂ ဦးသေပြီး ၅ ဦး ဒဏ်ရာရ
=====================

ရွှေနွယ်(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ရိုးမပေါ်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၃ ရက်နေ့ တစ်ရက်အတွင်း သုံးကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ် သားနှစ်ဦး သေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာရသွားကြောင်း PDF တပ်ရင်း (၃၆၀၁) ၏ သတင်းထောက်လှမ်းရေးနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ပေါင်းတည်မြို့နယ် တောင်ခမောက်ရွာနှင့် သစ်ပုတ်တာဝါတိုင်ကုန်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ နှစ်ဖွဲ့ပေါင်းကာ အင်အား ၅၇ ဦးဖြင့် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် ညနေ ၅ နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"နှစ်ကြိမ်က ဒီဘက်ကပဲ ပစ်ခတ်တာပါ။ တစ်ကြိမ်မှာတော့ ငါးမိနစ်လောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပါတယ်။ လာတော့ ၅၇ ယောက်၊ အပြန်မှာ အထမ်းထဲက ၅ ယောက်နဲ့ပါပေါင်းမှ ၅၅ ပဲတွေ့တယ်။ ပစ်ခတ်စဉ်ကလည်း ထောက်လှမ်းထားတာအရဆိုရင်၂ ဦးသေဆုံးပါ " ဟု PDF တပ်ရင်း (၃၆၀၁) ၏ သတင်းထောက်လှမ်းရေးနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

တိုက်ခိုက်မှု သုံးကြိမ်အတွင်း နံနက် ၇ နာရီ ၄၀ မိနစ်ခန့်ကတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရသွားခြင်း ဖြစ်ကြောင်း တပ်ရင်းတာဝန်ရှိသူက အတည်ပြုသည်။

မွန်းတည့် ၁၂ နာရီတွင် လက်လုပ် M79 ဖြင့် လေးချက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး ပြင်းထန်ဒဏ်ရာရပြီး ညနေ ၅ နာရီခွဲပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား တစ်ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ပစ်ခတ်မှုအား ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁) တပ်ရင်း တပ်ခွဲ(၂) Sinperတပ်အဖွဲ့နှင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၃၆၀၁) တပ်ရင်းအဖွဲ့ (၂) လင်းယုန်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(၃၆၀၂)တပ်ရင်းအဖွဲ့(၁) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းအတွင်းတွင် ယခုလပိုင်းမှ စတင်ကာ စစ်ရေးအရှိန်မြှင့်တင်တော့မည် ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားပြီးနောက် ပဲခူးတိုင်းအရှေ့ခြမ်း မြို့နယ်များတွင်လည်း စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

လက်ရှိမှာ ကျောက်တံခါးမြို့၊ ကျောက်ကြီးမြို့၊ ရေတာရှည်မြို့နှင့် ညောင်လေးပင်မြို့တို့၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိသကဲ့သို့ ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

"လမ်းများအားလုံးနေပြည်တော်သို့" စစ်ဆင်ရေးအဖြစ် ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တွင် စစ်ရေးအရှိန်မြှင့်တော့မည်ဖြစ်ကြောင်း NUG က ဇူလိုင်လ ၁ ရက်က ထုတ်ပြန်ထားသည်။

https://youtu.be/b0aDH1IyM5Q

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ပဲခူးရိုးမ
#စစ်ကောင်စီတပ်စစ်ကြောင်း
#တိုက်ပွဲဖြစ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14👏2😁1🤣1
This media is not supported in your browser
VIEW IN TELEGRAM
ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေကို ဥပဒေနဲ့အညီ ဖမ်းဝရမ်းထုတ်ထားကြောင်း တရုတ်ပြော

#internationalnews #reels #shorts #China
❤3👏2😁2
Media is too big
VIEW IN TELEGRAM
ရခိုင်ပြည်သို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ လွတ်လပ်စွာ သွားလာခွင့် ပေးရန် AA ပြော


Watch more detail -
https://buff.ly/44xRi0u


#ရခိုင် #နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ #သွားလာခွင့် #VideoNews #shorts #reels
👍4🤣3😁1
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ်တွေနဲ့ကြုံရနိုင်ကြောင်း တရုတ်အာဏာပိုင်တွေ သတိပေးထား

#internationalnews #reels #shorts
👍3🔥3