ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေကို ဥပဒေနဲ့အညီ ဖမ်းဝရမ်းထုတ်ထားကြောင်း တရုတ်ပြော
====================
https://youtu.be/q-rVWTOGjYI
====================
https://youtu.be/q-rVWTOGjYI
YouTube
ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေကို ဥပဒေနဲ့အညီ ဖမ်းဝရမ်းထုတ်ထားကြောင်း တရုတ်ပြော
ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေကို ဥပဒေနဲ့အညီ ဖမ်းဝရမ်းထုတ်ထားကြောင်း တရုတ်ပြော
#International
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

🤬7👍4🔥2❤1
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေးရဲ့ အနောက်ဘက်ကမ်းစီးနင်းမှုနှစ်ရက်မြောက်နေ့မှာ အာရပ်အဖွဲ့ချုပ် အရေးပေါ် အစည်းအဝေးကျင်းပ
#internationalnews #reels #shorts
#internationalnews #reels #shorts
👍3🔥2😁1
This media is not supported in your browser
VIEW IN TELEGRAM
အာဖဂန်တာလီဘန်က အမျိုးသမီးအလှပြင်ဆိုင်တွေကို ပိတ်ဖို့အမိန့်ထုတ်
#internationalnews #reels #shorts #Taliban

🤬6🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
မြို့တော်အနှံ့တိုက်ပွဲတွေပြင်းထန်နေတဲ့ဆူဒန်မှာ တိုက်လေယာဉ်တစ်စင်းပစ်ချခံရ
#internationalnews #reels #shorts
#internationalnews #reels #shorts
👏3🔥2👍1
This media is not supported in your browser
VIEW IN TELEGRAM
ရှန်ဟိုင်းမဟာမိတ်တွေစည်းလုံးဖို့ ရှီကျင့်ဖျင်ရဲ့တိုက်တွန်းမှုအပေါ် ပူတင်ချီးကျူးခဲ့
#internationalnews #reels #shorts
#internationalnews #reels #shorts
😁11👍4🔥1
မိုခါအပြီး ရခိုင်ဒေသခံအများစု တာပေါ်လင်စများကိုသာ အိမ်အမိုးအဖြစ် အသုံးပြုနေရ
=======================
ဂျူချန်း
(မဇ္ဈိမ)။ ။ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ရခိုင်ကမ်းရိုးတန်းဒေသသို့ ဝင်ရောက်တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဒေသခံအများစုသည် နေအိမ်ပျက်စီးခဲ့ရပြီး လက်ရှိတွင် တာပေါ်လင်စ(တာလပတ်စ)များကိုသာ အိမ်အမိုးအဖြစ် အသုံးပြုနေရကြောင်း ဒေသခံနှင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်သူများက ပြောသည်။
နေထိုင်ရာ အိမ်အများစုသည် တာပေါ်လင်စများဖြင့် မိုးထားကြပြီး အချို့ တာပေါ်လင်စများသည် အမျိုးအစားမကောင်းသဖြင့် မိုးယိုသည်များရှိကြောင်းသိရသည်။
“ကျနော်တို့ သွားသလောက် သွပ်မိုးနိုင်တဲ့သူတွေက တော်တော်နည်းပါတယ်။ တာပေါ်လင်စနဲ့ပဲ ဒီတစ်မိုးအတွက် ယာယီပေါ့။ ရွာတွေမှာ အသက်ကြီးအဘိုးအဘွားတွေနဲ့ အမျိုးသမီးတွေ ကလေးတွေပဲ ရှိတော့ တာလပတ်နဲ့တောင် အဆင်ပြေသလို ကြိုးနဲ့ပဲ တုပ်ထားတာပေါ့။ သပ်သပ်ရပ်ရပ် လုပ်နိုင်တဲ့ အနေအထားတော့ သိပ်မရှိဘူး” ဟု ရခိုင်ဒေသတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် Arakan CSO Network မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ဒေသခံအများစုမှာ လက်ရှိတွင် အမိုးရောက်အောက်သို့ ရောက်သည်ဆိုရုံမျှအနေအထားဖြင့်သာ နေထိုင်နေကြရကြောင်း ၎င်းကဆိုသည်။
ပေါက်တောမြို့တွင်လည်း မြို့ပေါ်ရှိ ရပ်ကွက်ငါးခုတွင် သုံးခုခန့်သာ အမိုးအကာအောက်သို့ ရောက်ကြပြီး ကျန်သည့် ရပ်ကွက်နှစ်ခုနှင့် ငွေကြေးမတတ်နိုင်သည့် နေ့စားအလုပ်သမားများသည် အမိုးအကာမရှိသဖြင့် မိုးရွာသည့် အခါမျိုးတွင် နားနေနိုင်သည့် ဇရပ်ကဲ့သို့သော နေရာမျိုးတွင် စုပေါင်းနေကြရကြောင်း ပေါက်တောမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။
“အားလုံးက အဆင်ပြေသလို နေနေကြရတယ်။ ဆင်းရဲသားတွေကတော့ အမိုးအကာတွေမရှိဘူး။ မိုးမရွာရင် သူတို့အိမ်ထဲ နေလို့ရတယ်ပေါ့။ မိုးရွာတဲ့အခါမှာဆိုရင်တော့ လူနားလို့ရတဲ့ ဇရပ်တွေမှာ စုနေကြပြီး ပြဿနာကို ဖြေရှင်းရပါတယ်” ဟု ပေါက်တောဒေသခံ အမျိုးသမီးတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
လူဦးရေ ၂,၈၀၀ ကျော် ခိုလှုံနေသည့် မြောက်ဦးမြို့ တိမ်ညိုစစ်ရှောင်စခန်းသည်လည်း မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးခဲ့ရကာ လက်ရှိတွင် မိုးရာသီရောက်ပြီဖြစ်သောကြောင့် တာပေါ်လင်စများဖြင့် အဆင်ပြေသလို ပြန်လည်ပြင်ဆင်ကာ နေထိုင်နေကြရကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
“အမိုးအောက်တော့ ယာယီရောက်နေကြပါပြီ။ ဖြစ်သလိုပြင်ဆင်ပြီး နေနေကြတယ်ပေါ့။ အမိုးအကာအောက်တော့ ရောက်ပြီလို့တော့ ပြောလို့ရပါတယ်။ အိမ်တွေက ဝါးလေးတွေနဲ့ ပြန်ဆောက်ထားတာဆိုတော့ ခိုင်ခန့်မှုသိပ်မရှိဘူး။ လေပြင်းတိုက်ရင်တော့ အခက်အခဲရှိနိုင်ပါတယ်။ အခုက အကူအညီတွေလည်း သိပ်မရတော့ ဖြစ်သလိုနေနေရတဲ့ သဘောပေါ့” ဟု တိမ်ညိုစစ်ရှောင်စခန်းတာဝန်ရှိသူက ပြောသည်။
စစ်တွေမြို့တွင်လည်း ဒေသခံ ၉၀ရာခိုင်နှုန်းခန့် အမိုးရောက်ပြီဟု ဆိုနိုင်သော်လည်း လုံခြုံသည့်အမိုးအကာမဟုတ်ဘဲ မိုးခိုနိုင်သည်ဆိုသည့် အနေအထားလောက်သာ ရှိပြီး အိမ်တွင်းပရိဘောဂ ပစ္စည်းများကို ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများသို့ ပို့ထားရကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူက ပြောသည်။
“အရင်တုန်းက ဖက်နဲ့နေတဲ့သူဆို အခု တာလပတ်နဲ့ပဲ နေနိုင်တယ်ပေါ့။ လောလောဆယ် အမိုးအောက်ရောက်ဖို့ တစ်ခုကိုပဲ နေနေတာပေါ့နော့်။ အခုက (လူ)အမိုးအောက်ရောက်ဖို့ပဲလိုတယ် ပိုက်ဆံလည်း မရှိဘူးဆိုတော့ ဆယ်ပေပတ်လည်အခန်းမှာ လူလွတ်ရင်ပြီးရော။ ပစ္စည်းတွေကို ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ ထားထားရတယ်” ဟု လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၄ရက်နေ့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရခိုင်ဒေသတွင်းရှိ လူ ၁၂သိန်းကျော် မုန်တိုင်းဒဏ်သင့်ခဲ့ရကာ နေအိမ် ၂၀၀,၀၀၀ ကျော် ပျက်စီးခဲ့ရကြောင်း ရက္ခိုင့်တပ်တော်AA က ထုတ်ပြန်ထားသည်။ လက်ရှိတွင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများကို စစ်ကောင်စီမှ သွားလာခွင့် ပိတ်ထားသဖြင့် မုန်တိုင်းဒဏ်သင့် ဒေသခံများအနေဖြင့် အကူအညီများစွာ လိုအပ်လျက်ရှိနေပြီး ဒေသတွင်းအရပ်ဘက်အဖွဲ့စည်းများမှ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သည့် အခါတွင်လည်း စစ်ကောင်စီက တားဆီးစစ်ဆေးခြင်းများ လုပ်ဆောင်နေသဖြင့် ကြန့်ကြာမှုများ ရှိကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#တာပေါ်လင်စ
#မိုခါမုန်တိုင်း
#ရခိုင်ဒေသ
ဓါတ်ပုံ-(ဝေဟင်အောင်) ကျောက်တော်မြို့၊ ပြိန်းချောင်းကျေးရွာတွင် မုန်တိုင်းကြောင့် နေအိမ်ပျက်စီးခဲ့ရသည့် အဖွား မရုံ အား ဇွန်လ ၁ ရက်နေ့တွင် မြင်တွေ့ရစဉ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍7😢5🔥2
မြိတ်နှင့်ဘုတ်ပြင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိဟုဆို
👍8🔥2👎1
မြိတ်နှင့်ဘုတ်ပြင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိဟုဆို
====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်ကောင်စီဂိတ်နှင့် ကင်းလှည့်ယာဉ်တို့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။
ကော့သောင်းခရိုင်၊ ဘုတ်ုပြင်းမြို့နယ်ရှိ လေညာ-မဏ္ဍိုင်အနီး ချောင်းမွန်ကျေးရွာအလွန်ရှိ ဒေသအခေါ် Rzero သို့ ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့များစီးနင်းလိုက်ပါလာသည့် ယာဉ်တန်းကို ဇူလိုင်လ ၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ လက်နက်သုံးလက် သိမ်းဆည်းနိုင်ခဲ့သည်ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲဖြစ်စဉ် ကတော့မှန်တယ်။ အဓိက ကတော့ စစ်တပ်ဘက်က လူကြီးလမ်းကြောင်းရှိလို့ ကင်းလှည့်လာတဲ့အချိန် မှာ တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်။ ကျန်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ တိုက်ပွဲဖော်ဆောင် တဲ့အဖွဲ့က သတင်းမထုတ်ပြန်သေးတာ ဖြစ်ပါတယ်”ဟု ပြော သည်။
စစ်ကောင်စီလက်အောက်ခံ ဘုတ်ပြင်းအခြေစိုက် ခလရ(၂၂၄)၊ လေညာ-မဏ္ဍိုင်မှ ခမရ(၅၆၀)၊ ခမရ (၅၅၉)တို့နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့၏ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးခဲ့ သည်။
အလားတူ ဇူလိုင်လ ၄ ရက်နေ့ မွန်းတည့်၁၂ နာရီတွင် မြိတ်-တနင်္သာရီလမ်းပိုင်း၊ တုံးဗျောကျေးရွာရှိ တုန်းဗျောကြီးရွာ စာသင်ကျောင်းအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်သားအချို့ သေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ဘယ်နှစ်ဦးသေလည်းဆိုတာ သေချာမသိရဘူး။ လမ်းပေါ်မှာ စစ်ကောင်စီတပ်သား နှစ်ယောက်လောက် သေနေတာတော့ တွေ့ရတယ်။ တိုက်ပွဲပြီးတော့ အရေးပေါ်ကားတွေ လာတာတွေ့ရတယ်” ဟု တုံးဗျော ကျေးရွာမှဒေသခံတဦးက ပြောသည်။
စစ်ကောင်စီ၏ယာယီဂိတ်စခန်းကို PDF ပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက် သည့်အပြင် ဒရုန်းဖြင့်ပါတိုက်ခိုက်ခဲ့ကြောင်းသိရပြီး အသေးစိတ်မသိရသေးကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောသည်။
“တိုက်ပွဲဖြစ်တာတော့ ဟုတ်ပါတယ်။ စစ်ရေးအရ တပ်နဲ့အရမ်းနီးနေလို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ချက်ချင်း သတင်းမထုတ်ပြန်နိုင်သေးဘူး”ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြော သည်။
လက်ရှိတွင် တနင်္သာရီမြို့နယ်တွင် စစ်ရေးတင်းမာနေ၍ PDF ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး အနီရောင်အဆင့်အဖြစ်သတ်မှတ်ထားပြီး ညပိုင်းအချိန်တွင် ပြည်သူများအား ခရီးသွားလာခြင်း မပြုလုပ်ရန် သတိပေး ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#ဘုတ်ပြင်းမြို့နယ်
#မြိတ်-တနင်္သာရီလမ်းပိုင်း
#စစ်ရေးတင်းမာ

Facebook
#တနင်္သာရီတိုင်း – Explore
explore #တနင်္သာရီတိုင်း at Facebook
👍17🔥2
နွားထိုးကြီးတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ
========================
007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဋ္ဌနှင့် ကျေးရွာစု အုပ်ချုပ်ရေးမှူး ဦးမောင်ဌေးဆိုသူ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
“မနေ့က (ဇူလိုင် ၄ ရက်) မနက်ပိုင်းမှာ မြို့ကသူ့အစ်ကိုဆီ သွားတယ်။ အချိန်တန်ပြန်မလာလို့ လိုက်ရှာ ကြတော့မှ မလှိုင်ကားလမ်းဘေးသေနေတဲ့ အလောင်းတွေ့တာပဲ” ဟု ဒေသခံတဦးကပြောသည်။
၎င်းသည် ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် နွားထိုးကြီးမြို့နေ အစ်ကိုဖြစ်သူထံ သွားရောက်လည် ပတ်ကြောင်း၊ အချိန်တန်သည်အထိ ပြန်ရောက်မလာ၍ လိုက်ရှာရာမှ အောင်သာကျေးရွာအနီး နွားထိုး ကြီး-မလှိုင်သွားကားလမ်းဘေးတွင် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဟုသိရသည်။
သေနတ်ဖြင့်ပစ်ခံရမှုကြောင့် ဦးမောင်ဌေး၏ ဦးခေါင်းတွင် နောက်စေ့ဖောက်၀င် ဒဏ်ရာတချက်၊ ယာနား ထင်ဖောက်၀င်ဒဏ်ရာတချက်တို့ဖြင့် သေဆုံးနေကြောင်း နီးစပ်သူတဦးက ပြောသည်။
၎င်းသည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဖလံကုန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ် ပြီး ကြံ့ခိုင်ရေးပါတီရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်း က အတည်ပြုသည်။
မြင်းခြံခရိုင်တွင် ဇူလိုင်လ ၃ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် သားဖြစ်သူတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#နွားထိုးကြီး
#ဖလံကုန်းကျေးရွာအုပ်စု
#ကြံ့ခိုင်ရေး
#ပစ်ခတ်

👍30🔥2
Business Round Up (5 July 2023)
=================
- မြန်မာကုန်ထုတ်လုပ်မှုကဏ္ဍ ဇွန်လအတွင်း ကျဆင်းခဲ့
- ပြည်တွင်းရှိ အခြေခံစားကုန်ဈေးနှုန်းများမြင့်တက်
- ရန်ကုန် အပါအဝင် ဒေသ (၄) ခုမှာ ရုရှားက အသေးစား သဘာဝမြေဩဇာစက်ရုံများ တည်ဆောက်မည်
- အာဆီယံတွင် ထိုင်းဘဏ်များ ကြွေးဆုံး ချေးငွေ အများဆုံးဖြစ်နေ
- အယ်နီညိုရာသီဥတု ဖြစ်နိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ သတိပေး
https://youtu.be/0YSqP4KEE6A
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

- အယ်နီညိုရာသီဥတု…

👍7🔥2
ဇူလိုင်လ (၅)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================
01:02 - မြန်မာကို စစ်လက်နက်မပို့ကြောင်း စင်ကာပူ ထပ်မံ ငြင်းဆိုတဲ့သတင်း
04:10 - ကာကွယ်ရေးပူးပေါင်းအဖွဲ့ဖမ်းမိထားတဲ့ ရဲတပ်ကြပ် သေနတ်လုထွက်ပြေးလို့ ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း
05:04 - စစ်အာဏာရှင်ကိုခုခံနေတဲ့ တော်လှန်ရေးအဖွဲ့တိုင်းနဲ့ လက်တွဲပြီး ရန်သူတွေကို ခုခံတော်လှန်ရမယ်လို့ KNU ဥက္ကဋ္ဌတိုက်တွန်းတဲ့သတင်း
07:01 - မြို့တော်အနှံ့တိုက်ပွဲတွေပြင်းထန်နေတဲ့ဆူဒန်မှာ တိုက်လေယာဉ်တစ်စင်းပစ်ချခံရတဲ့သတင်း အပါအဝင်တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/tK8bGfvWncE
#4pmnews
#Mizzimanewshour
#mizzimatv

05:04 - စစ်အာဏာရှင်ကိုခုခံနေတဲ့ တော်လှန်ရေးအဖွဲ့တိုင်းနဲ့ လက်တွဲပြီး ရန်သူတွေကို…

👍9🔥1😁1
ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=================
https://youtu.be/pEcfdT8gLLk
=================
https://youtu.be/pEcfdT8gLLk
YouTube
ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…
👍6🔥2👎1👏1
မလေးရှားသွားမည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ဦး ထိုင်းတွင် ဖမ်းဆီးခံရ
====================
ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ် ဆဒေါင်ခရိုင်ရှိ လူသူစွန့်ပစ်ထားသော အိမ်တစ်လုံး၌ မလေးရှားသို့ သွားမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးကို ထိုင်းအာဏာပိုင်တို့က တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို အိမ်ကို မလေးရှားသို့ သွားမည့် တရားမဝင် ရွှေ့ပြောင်းများ ယာယီခိုလှုံရန် အသုံးပြုလျက် ရှိသည်ဆိုသော သတင်းကို ရရှိပြီးနောက် ထိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ရဲများက ဇူလိုင် ၄ ရက်တွင် ပါဒန် ဘီစာ ခရိုင်ခွဲ ဘန်ချိုင်ခွန်အမ်း လမ်းပေါ်ရှိ အဆိုပါ အိမ်ကို သွားရောက်စီးနင်းရှာဖွေခဲ့ခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။
ထို အိမ်ထဲတွင် အသက် ၁၉ နှစ်မှ ၂၆ နှစ်အကြားရှိ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး လေးဦး တို့ကို ထိုင်းတာဝန်ရှိသူတို့က တွေ့ရှိဖမ်းဆီးခဲ့သည်။ အားလုံးသည် မြန်မာနိုင်ငံမှ လာသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြောင်း သိရသည်။

😢8👍2😁2🤬2
အစ္စရေးနှင့် အနောက်ဘက်ကမ်းက ပဋိပက္ခများကို စိုးရိမ်ပူပန်ကြောင်း စင်ကာပူ ပြော
========================
အစ္စရေးနှင့် အနောက်ဘက်ကမ်း၌ မကြာသေးခင် ပဋိပက္ခများ အရှိန်မြင့် ဖြစ်ပွားခြင်းကို စင်ကာပူနိုင်ငံအနေဖြင့် “အလွန် စိုးရိမ်ပူပန်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၅ ရက် ထုတ်ပြန်ချက်၌ ပြောသည်။
“အရပ်သားတွေ သေဆုံးရတာအတွက် မိမိတို့ စိတ်မကောင်း ဖြစ်ရတယ်၊ တင်းမာမှုတွေ အရှိန်လျှော့ချဖို့နဲ့ နောက်ထပ် အရပ်သား သေဆုံးထိခိုက်မှုတွေကို တားဆီးနိုင်ရေး လုပ်ဆောင်ဖို့ အားလုံးကို တိုက်တွန်းတယ်”ဟု ထို ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“တရားမျှတမှု မရှိတဲ့ အကြမ်းဖက် လုပ်ရပ်အားလုံးကိုလည်း မိမိတို့ ရှုတ်ချတယ်၊ အစ္စရေးရော၊ ပါလက်စတိုင်းပါ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး ထိုက်တန်တယ်”ဟု ယင်းက ဆက်လက်ဆိုသည်။
#Singapore
#Internationalnews

👍5😁5❤1
မလေးရှားတွင် ဘောင်းဘီတို ဝတ်စားထားသည့် အမျိုးသမီးတစ်ဦး ဒဏ်ရိုက်ခံရ
====================
မလေးရှားနိုင်ငံ ကိုတာ ဘာရူမြို့တွင် အမည်မထုတ်ဖော်သည့် မွတ်စလင် မဟုတ်သော အမျိုးသမီးတစ်ဦးကို ဘောင်းဘီတို ဝတ်စားထားကြောင်း ဒေသကောင်စီ၏ တရားဥပဒေရေးရာ တာဝန်ရှိသူများက တွေ့ရှိပြီးနောက် ဒဏ်ငွေ ရင်းဂစ် ၅၀ (အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာနီးပါး) ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။
ဆိုင်ရှင်တစ်ဦးဖြစ်သည့် အဆိုပါ အမျိုးသမီးသည် ကိုတာ ဘာရူမြို့ကောင်စီ၏ မွတ်စလင်ရော၊ မွတ်စလင်မဟုတ်သူပါ ဆိုင်ရှင်များနှင့် ဝန်ထမ်းများအနေဖြင့် အလုပ်ထဲတွင် သင့်တင့်စွာ ဝတ်ဆင်ရမည်ဟု အမိန့်ထုတ်ထားသော ဥပဒေကို ချိုးဖောက်ခြင်းကြောင့်ဖြစ်သည်ဟု The Strait Times က သီတင်းပတ်အစောပိုင်းတွင် ဖော်ပြသည်။
ယခု ဖြစ်ရပ်ကြောင့် နိုင်ငံတွင်းရှိ လူမှုမီဒီယာ သုံးစွဲသူများကြားတွင် စိတ်ဆိုးဒေါသထွက်ကြပြီး မွတ်စလင်မဟုတ်သူများက မွတ်စလင်များ၏ သတ်မှတ်ချက်ကို လိုက်နာရမည်အတွက် စိုးရိမ်ပူပန်ကြောင်း ပြောကြသကဲ့သို့ ယင်းကိစ္စသည် မလေးရှား အစိုးရ မူဝါဒနှင့်လည်း ဆန့်ကျင်သည်ဟု ဆိုကြသည်။

👍6🤣4🤔1
ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ရန် ပါလီမန်၌ ဇူလိုင် ၁၃ ရက်တွင် မဲခွဲဆုံးဖြတ်မည်
====================
ထိုင်းပါလီမန်သည် တိုးတက်ဝါဒီ ရှေ့သိုချီ ပါတီ၏ ခေါင်းဆောင် ဖိထာ လင်မ်ဂျရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်လား ဆိုသည့်အပေါ် ဇူလိုင် ၁၃ ရက်တွင် မဲခွဲဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌသစ်က ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ဖိထာ၏ ဒီမိုကရေစီ လိုလားသော ရှေ့သို့ချီ ပါတီ (MFP) သည် မေလ ၁၄ ရက် ရွေးကောက်ပွဲ၌ နေရာအများစု အနိုင်ရခဲ့သည် ဆိုသော်လည်း ယင်းပါတီအနေဖြင့် အစိုးရဖွဲ့နိုင်မည်လား သို့မဟုတ် ဖိထာအနေဖြင့် နိုင်ငံကို ဦးဆောင်သွားနိုင်မည်လားဆိုသည်နှင့်ပတ်သက်ပြီး အာမခံချက် မရှိသေးပေ။
MFP သည် ရွေးကောက်ပွဲ၌ ဒုတိယမဲအများဆုံးရသည့် ဖျူထိုင်းပါတီ အပါအဝင် ပါတီ ရှစ်ပါတီ ပါဝင်သည့် ညွန့်ပေါင်းအုပ်စုတစ်စုကို ထူထောင်ထားသည်။ အဆိုပါ ညွန့်ပေါင်းအဖွဲ့သည် အမတ်နေရာ ၃၁၂ နေရာ ရှိသော်လည်း ဖိထာကို ဝန်ကြီးချုပ်ရာထူး ခန့်အပ်ရန် ပါလီမန် လွှတ်တော်နှစ်ရပ်စလုံး၌ လိုအပ်သည့် မဲ ၃၇၆ မဲကို ပြည့်မီခြင်း မရှိသေးပေ။

👍12😁2👏1
မြိတ်မြို့၊ တုံးဗျောရွာရှိ စစ်ကောင်စီတပ်၏ယာယီဂိတ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ
=========================
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာအုပ်စု၊ တုံးဗျောကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ယာယီဂိတ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ဇူလိုင်လ ၅ ရက်တွင်ထုတ်ပြန်သည်။
မြိတ်-တနင်္သာရီလမ်းပိုင်း၊ တုံးဗျောကျေးရွာရှိ တုန်းဗျောကြီးရွာ စာသင်ကျောင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုPDF အဖွဲ့က ဇူလိုင်လ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် လက်နက်ငယ်၊ ဒရုန်းတို့ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ဘယ်နှစ်ဦးသေလည်းဆိုတာ သေချာမသိရဘူး။ လမ်းပေါ်မှာ စစ်ကောင်စီတပ်သား နှစ်ယောက်လောက် သေနေတာတော့ တွေ့ရတယ်။ တိုက်ပွဲပြီးတော့ အရေးပေါ်ကားတွေ လာတာတွေ့ရတယ်” ဟု တုံးဗျောကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် တနင်္သာရီမြို့နယ်တွင် စစ်ရေးတင်းမာနေ၍ PDF ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး အနီရောင်အဆင့် သတ်မှတ်ကာ ညပိုင်းအချိန်တွင် ပြည်သူများအား ခရီးသွားလာခြင်း မပြုလုပ်ရန် သတိပေး ထုတ်ပြန်ထားသည်။
https://youtu.be/giSt0V8v5Tk
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#တုံးဗျောရွာ
#ဂိတ်စခန်း
#ဒရုန်း
#မြိတ်မြို့နယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=========================
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာအုပ်စု၊ တုံးဗျောကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ယာယီဂိတ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ဇူလိုင်လ ၅ ရက်တွင်ထုတ်ပြန်သည်။
မြိတ်-တနင်္သာရီလမ်းပိုင်း၊ တုံးဗျောကျေးရွာရှိ တုန်းဗျောကြီးရွာ စာသင်ကျောင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုPDF အဖွဲ့က ဇူလိုင်လ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် လက်နက်ငယ်၊ ဒရုန်းတို့ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ဘယ်နှစ်ဦးသေလည်းဆိုတာ သေချာမသိရဘူး။ လမ်းပေါ်မှာ စစ်ကောင်စီတပ်သား နှစ်ယောက်လောက် သေနေတာတော့ တွေ့ရတယ်။ တိုက်ပွဲပြီးတော့ အရေးပေါ်ကားတွေ လာတာတွေ့ရတယ်” ဟု တုံးဗျောကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် တနင်္သာရီမြို့နယ်တွင် စစ်ရေးတင်းမာနေ၍ PDF ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး အနီရောင်အဆင့် သတ်မှတ်ကာ ညပိုင်းအချိန်တွင် ပြည်သူများအား ခရီးသွားလာခြင်း မပြုလုပ်ရန် သတိပေး ထုတ်ပြန်ထားသည်။
https://youtu.be/giSt0V8v5Tk
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#တုံးဗျောရွာ
#ဂိတ်စခန်း
#ဒရုန်း
#မြိတ်မြို့နယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မြိတ်မြို့၊ တုံးဗျောရွာရှိ စစ်ကောင်စီတပ်၏ယာယီဂိတ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာအုပ်စု၊ တုံးဗျောကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ယာယီဂိတ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ဇူလိုင်လ ၅ ရက်တွင်ထုတ်ပြန်သည်။
မြိတ်-တနင်…
မြိတ်-တနင်…
👍17👏3🔥2