Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွားထိုးကြီးတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ
========================

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဋ္ဌနှင့် ကျေးရွာစု အုပ်ချုပ်ရေးမှူး ဦးမောင်ဌေးဆိုသူ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့က (ဇူလိုင် ၄ ရက်) မနက်ပိုင်းမှာ မြို့ကသူ့အစ်ကိုဆီ သွားတယ်။ အချိန်တန်ပြန်မလာလို့ လိုက်ရှာ ကြတော့မှ မလှိုင်ကားလမ်းဘေးသေနေတဲ့ အလောင်းတွေ့တာပဲ” ဟု ဒေသခံတဦးကပြောသည်။

၎င်းသည် ဇူလိုင်လ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် နွားထိုးကြီးမြို့နေ အစ်ကိုဖြစ်သူထံ သွားရောက်လည် ပတ်ကြောင်း၊ အချိန်တန်သည်အထိ ပြန်ရောက်မလာ၍ လိုက်ရှာရာမှ အောင်သာကျေးရွာအနီး နွားထိုး ကြီး-မလှိုင်သွားကားလမ်းဘေးတွင် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဟုသိရသည်။

သေနတ်ဖြင့်ပစ်ခံရမှုကြောင့် ဦးမောင်ဌေး၏ ဦးခေါင်းတွင် နောက်စေ့ဖောက်၀င် ဒဏ်ရာတချက်၊ ယာနား ထင်ဖောက်၀င်ဒဏ်ရာတချက်တို့ဖြင့် သေဆုံးနေကြောင်း နီးစပ်သူတဦးက ပြောသည်။
၎င်းသည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဖလံကုန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ် ပြီး ကြံ့ခိုင်ရေးပါတီရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်း က အတည်ပြုသည်။

မြင်းခြံခရိုင်တွင် ဇူလိုင်လ ၃ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် သားဖြစ်သူတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#နွားထိုးကြီး
#ဖလံကုန်းကျေးရွာအုပ်စု
#ကြံ့ခိုင်ရေး
#ပစ်ခတ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30🔥2
Business Round Up (5 July 2023)
=================

- မြန်မာကုန်ထုတ်လုပ်မှုကဏ္ဍ ဇွန်လအတွင်း ကျဆင်းခဲ့

- ပြည်တွင်းရှိ အခြေခံစားကုန်ဈေးနှုန်းများမြင့်တက်

- ရန်ကုန် အပါအဝင် ဒေသ (၄) ခုမှာ ရုရှားက အသေးစား သဘာဝမြေဩဇာစက်ရုံများ တည်ဆောက်မည်

- အာဆီယံတွင် ထိုင်းဘဏ်များ ကြွေးဆုံး ချေးငွေ အများဆုံးဖြစ်နေ

- အယ်နီညိုရာသီဥတု ဖြစ်နိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ သတိပေး

https://youtu.be/0YSqP4KEE6A

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
This media is not supported in your browser
VIEW IN TELEGRAM
July - 5 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍1😁1🍌1
ဇူလိုင်လ (၅)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:02 - မြန်မာကို စစ်လက်နက်မပို့ကြောင်း စင်ကာပူ ထပ်မံ ငြင်းဆိုတဲ့သတင်း

04:10 - ကာကွယ်ရေးပူးပေါင်းအဖွဲ့ဖမ်းမိထားတဲ့ ရဲတပ်ကြပ် သေနတ်လုထွက်ပြေးလို့ ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း

05:04 - စစ်အာဏာရှင်ကိုခုခံနေတဲ့ တော်လှန်ရေးအဖွဲ့တိုင်းနဲ့ လက်တွဲပြီး ရန်သူတွေကို ခုခံတော်လှန်ရမယ်လို့ KNU ဥက္ကဋ္ဌတိုက်တွန်းတဲ့သတင်း

07:01 - မြို့တော်အနှံ့တိုက်ပွဲတွေပြင်းထန်နေတဲ့ဆူဒန်မှာ တိုက်လေယာဉ်တစ်စင်းပစ်ချခံရတဲ့သတင်း အပါအဝင်တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/tK8bGfvWncE

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1😁1
​​မလေးရှားသွားမည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ဦး ထိုင်းတွင် ဖမ်းဆီးခံရ
====================

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာပြည်နယ် ဆဒေါင်ခရိုင်ရှိ လူသူစွန့်ပစ်ထားသော အိမ်တစ်လုံး၌ မလေးရှားသို့ သွားမည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးကို ထိုင်းအာဏာပိုင်တို့က တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို အိမ်ကို မလေးရှားသို့ သွားမည့် တရားမဝင် ရွှေ့ပြောင်းများ ယာယီခိုလှုံရန် အသုံးပြုလျက် ရှိသည်ဆိုသော သတင်းကို ရရှိပြီးနောက် ထိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ရဲများက ဇူလိုင် ၄ ရက်တွင် ပါဒန် ဘီစာ ခရိုင်ခွဲ ဘန်ချိုင်ခွန်အမ်း လမ်းပေါ်ရှိ အဆိုပါ အိမ်ကို သွားရောက်စီးနင်းရှာဖွေခဲ့ခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ထို အိမ်ထဲတွင် အသက် ၁၉ နှစ်မှ ၂၆ နှစ်အကြားရှိ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး လေးဦး တို့ကို ထိုင်းတာဝန်ရှိသူတို့က တွေ့ရှိဖမ်းဆီးခဲ့သည်။ အားလုံးသည် မြန်မာနိုင်ငံမှ လာသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြောင်း သိရသည်။
😢8👍2😁2🤬2
​​အစ္စရေးနှင့် အနောက်ဘက်ကမ်းက ပဋိပက္ခများကို စိုးရိမ်ပူပန်ကြောင်း စင်ကာပူ ပြော
========================

အစ္စရေးနှင့် အနောက်ဘက်ကမ်း၌ မကြာသေးခင် ပဋိပက္ခများ အရှိန်မြင့် ဖြစ်ပွားခြင်းကို စင်ကာပူနိုင်ငံအနေဖြင့် “အလွန် စိုးရိမ်ပူပန်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၅ ရက် ထုတ်ပြန်ချက်၌ ပြောသည်။

“အရပ်သားတွေ သေဆုံးရတာအတွက် မိမိတို့ စိတ်မကောင်း ဖြစ်ရတယ်၊ တင်းမာမှုတွေ အရှိန်လျှော့ချဖို့နဲ့ နောက်ထပ် အရပ်သား သေဆုံးထိခိုက်မှုတွေကို တားဆီးနိုင်ရေး လုပ်ဆောင်ဖို့ အားလုံးကို တိုက်တွန်းတယ်”ဟု ထို ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“တရားမျှတမှု မရှိတဲ့ အကြမ်းဖက် လုပ်ရပ်အားလုံးကိုလည်း မိမိတို့ ရှုတ်ချတယ်၊ အစ္စရေးရော၊ ပါလက်စတိုင်းပါ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်နိုင်ရေး ထိုက်တန်တယ်”ဟု ယင်းက ဆက်လက်ဆိုသည်။

#Singapore
#Internationalnews
#Mizzima
👍5😁5❤1
​​မလေးရှားတွင် ဘောင်းဘီတို ဝတ်စားထားသည့် အမျိုးသမီးတစ်ဦး ဒဏ်ရိုက်ခံရ
====================

မလေးရှားနိုင်ငံ ကိုတာ ဘာရူမြို့တွင် အမည်မထုတ်ဖော်သည့် မွတ်စလင် မဟုတ်သော အမျိုးသမီးတစ်ဦးကို ဘောင်းဘီတို ဝတ်စားထားကြောင်း ဒေသကောင်စီ၏ တရားဥပဒေရေးရာ တာဝန်ရှိသူများက တွေ့ရှိပြီးနောက် ဒဏ်ငွေ ရင်းဂစ် ၅၀ (အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာနီးပါး) ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။

ဆိုင်ရှင်တစ်ဦးဖြစ်သည့် အဆိုပါ အမျိုးသမီးသည် ကိုတာ ဘာရူမြို့ကောင်စီ၏ မွတ်စလင်ရော၊ မွတ်စလင်မဟုတ်သူပါ ဆိုင်ရှင်များနှင့် ဝန်ထမ်းများအနေဖြင့် အလုပ်ထဲတွင် သင့်တင့်စွာ ဝတ်ဆင်ရမည်ဟု အမိန့်ထုတ်ထားသော ဥပဒေကို ချိုးဖောက်ခြင်းကြောင့်ဖြစ်သည်ဟု The Strait Times က သီတင်းပတ်အစောပိုင်းတွင် ဖော်ပြသည်။

ယခု ဖြစ်ရပ်ကြောင့် နိုင်ငံတွင်းရှိ လူမှုမီဒီယာ သုံးစွဲသူများကြားတွင် စိတ်ဆိုးဒေါသထွက်ကြပြီး မွတ်စလင်မဟုတ်သူများက မွတ်စလင်များ၏ သတ်မှတ်ချက်ကို လိုက်နာရမည်အတွက် စိုးရိမ်ပူပန်ကြောင်း ပြောကြသကဲ့သို့ ယင်းကိစ္စသည် မလေးရှား အစိုးရ မူဝါဒနှင့်လည်း ဆန့်ကျင်သည်ဟု ဆိုကြသည်။
👍6🤣4🤔1
​​ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ရန် ပါလီမန်၌ ဇူလိုင် ၁၃ ရက်တွင် မဲခွဲဆုံးဖြတ်မည်
====================

ထိုင်းပါလီမန်သည် တိုးတက်ဝါဒီ ရှေ့သိုချီ ပါတီ၏ ခေါင်းဆောင် ဖိထာ လင်မ်ဂျရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်လား ဆိုသည့်အပေါ် ဇူလိုင် ၁၃ ရက်တွင် မဲခွဲဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌသစ်က ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ဖိထာ၏ ဒီမိုကရေစီ လိုလားသော ရှေ့သို့ချီ ပါတီ (MFP) သည် မေလ ၁၄ ရက် ရွေးကောက်ပွဲ၌ နေရာအများစု အနိုင်ရခဲ့သည် ဆိုသော်လည်း ယင်းပါတီအနေဖြင့် အစိုးရဖွဲ့နိုင်မည်လား သို့မဟုတ် ဖိထာအနေဖြင့် နိုင်ငံကို ဦးဆောင်သွားနိုင်မည်လားဆိုသည်နှင့်ပတ်သက်ပြီး အာမခံချက် မရှိသေးပေ။

MFP သည် ရွေးကောက်ပွဲ၌ ဒုတိယမဲအများဆုံးရသည့် ဖျူထိုင်းပါတီ အပါအဝင် ပါတီ ရှစ်ပါတီ ပါဝင်သည့် ညွန့်ပေါင်းအုပ်စုတစ်စုကို ထူထောင်ထားသည်။ အဆိုပါ ညွန့်ပေါင်းအဖွဲ့သည် အမတ်နေရာ ၃၁၂ နေရာ ရှိသော်လည်း ဖိထာကို ဝန်ကြီးချုပ်ရာထူး ခန့်အပ်ရန် ပါလီမန် လွှတ်တော်နှစ်ရပ်စလုံး၌ လိုအပ်သည့် မဲ ၃၇၆ မဲကို ပြည့်မီခြင်း မရှိသေးပေ။
👍12😁2👏1
မြိတ်မြို့၊ တုံးဗျောရွာရှိ စစ်ကောင်စီတပ်၏ယာယီဂိတ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ
=========================

ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာအုပ်စု၊ တုံးဗျောကြီးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ယာယီဂိတ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ဇူလိုင်လ ၅ ရက်တွင်ထုတ်ပြန်သည်။

မြိတ်-တနင်္သာရီလမ်းပိုင်း၊ တုံးဗျောကျေးရွာရှိ တုန်းဗျောကြီးရွာ စာသင်ကျောင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုPDF အဖွဲ့က ဇူလိုင်လ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် လက်နက်ငယ်၊ ဒရုန်းတို့ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ ဘယ်နှစ်ဦးသေလည်းဆိုတာ သေချာမသိရဘူး။ လမ်းပေါ်မှာ စစ်ကောင်စီတပ်သား နှစ်ယောက်လောက် သေနေတာတော့ တွေ့ရတယ်။ တိုက်ပွဲပြီးတော့ အရေးပေါ်ကားတွေ လာတာတွေ့ရတယ်” ဟု တုံးဗျောကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်တွင် စစ်ရေးတင်းမာနေ၍ PDF ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး အနီရောင်အဆင့် သတ်မှတ်ကာ ညပိုင်းအချိန်တွင် ပြည်သူများအား ခရီးသွားလာခြင်း မပြုလုပ်ရန် သတိပေး ထုတ်ပြန်ထားသည်။

https://youtu.be/giSt0V8v5Tk

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#တုံးဗျောရွာ
#ဂိတ်စခန်း
#ဒရုန်း
#မြိတ်မြို့နယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17👏3🔥2
​​ဆဒုံးတိုက်ပွဲတွင် KIA ၏ ရှေ့တန်းတပ်စခန်းငယ် တပ်ဆုတ်လိုက်ရ
=====================

အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဆဒုံးဒေသတွင်ဖြစ်ပွားနေသော တိုက်ပွဲများအတွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၏ ရှေ့တန်းတပ်စခန်းငယ်တခုကို တပ်ဆုတ်ပေးလိုက်ရကြောင်း စစ်ရေးသတင်းရင်း မြစ်များက အတည်ပြုသည်။

ရက်သတ္တပတ်ကျော်အထိ စစ်ရေးပြင်းထန်နေသည့် ဆဒုံး-ကန်ပိုက်တီလမ်းပိုင်းရှိ KIA တပ်စွဲထားသည့် လဂတ်တောင်မှ ရှေ့တန်းတပ်စခန်းငယ် တပ်ဆုတ်ပေးလိုက်ရခြင်းဖြစ်ကောင်း ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီတပ်နှင့် လီဆူဌာနေပြည်သူ့စစ်အဖွဲ့တို့ပူးပေါင်းပြီး အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် အဆိုပါ ရှေ့တန်းတပ်စခန်းငယ် နောက်ဆုတ်ပေးလိုက်ရ ခြင်းဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောကြားသည်။

“တိုက်ပွဲက ၁၀ ရက်လောက်ဖြစ်လာပြီလေ။ သူတို့ စစ်တပ်ဘက်ကလည်း အထိနာလို့ လေကြောင်းကနေ နေ့တိုင်းလို လာပစ်ကူတာလည်းရှိတယ်။ ဒီအခြေအနေမှာ ကျနော်တို့ဘက်ကလည်း လက်နက်ကြီးကျည် နဲ့ လေယာဉ်ကျည်တို့ကို ဆက်ပြီးအန်တုဖို့ မဖြစ်နိုင်တာကြောင့် ဆုတ်ခွာလိုက်တာပါ” ဟု သတင်းရင်းမြစ် က ဆိုသည်။

ဇွန်လ ၂၆ ရက်နေ့မှကစပြီး ဝိုင်းမော်မြို့ ခလရ (၅၈)တွင် တပ်ရင်း၌ အထိုင်ချတပ်စွဲထားသည့် ခမရ(၃၈၄) တပ်က လီဆူဌာနေပြည်သူ့စစ်နှင့်အတူ ဆဒုံး-ကန်ပိုက်တီလမ်းကြောင်းကို နယ်မြေရှင်းလင်းရေးခေါင်း စဉ်ဖြင့် KIA တပ်မဟာ(၅)၊ တပ်ရင်း(၃)နယ်မြေဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာရာမှ တိုက်ပွဲများ ပြင်းထန်နေခဲ့ခြင်းဖြစ်သည်။

နှစ်ဖက် ထိတွေ့တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ဇူလိုင် ၄ ရက်နေ့တွင် KIA က လဂတ်ကောင် ရှေ့ တန်းစခန်းကို နောက်ဆုတ်ပေးလိုက်ရခြင်းဖြစ်သည်။

အဆိုပါ နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် KIA နှစ်ဖွဲ့စလုံးမှ ထိခိုက်သေဆုံးမှုများ ရှိကြောင်း သတင်းရင်မြစ်များကဆိုသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် နှစ်ဖက်စစ်ရေးတင်းမာနေခြင်းကြောင့် ဆဒုံး-ကန်ပိုက်တီလမ်းတွင် ခရီးသွားယာဉ်များ ဖြတ် သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က တားမြစ်စစ်ဆေး၊ ကန့်သတ်ခြင်းများလုပ် ဆောင်နေကြောင်း သိရသည်။

ဆဒုံး-ကန်ပိုက်တီလမ်းပိုင်း၌ စစ်ရေးတင်းမာနေစဉ် ဇွန်လ ၂၇ ရက်နေ့က မြစ်ကြီးနား၊ နမ့်ကျင် စီးပွားရေး ဇုံအတွက် ဆွေးနွေးရန်လာရောက်သော ယူနန်ပြည်နယ်တရုတ်ကောင်စီဝန်ရုံးအဖွဲ့၏ ရှေ့ပြေးယာဉ်တန်း မှ ကားတစ်စီးပစ်ခတ်ခံခဲ့ရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကချင်ပြည်နယ်
#ဆဒုံးဒေသ
#တိုက်ပွဲပြင်းထန်
#ဆဒုံး-ကန်ပိုက်တီလမ်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢5😁2👎1
​​ဒေါ်အောင်ဆန်းစုကြည်၏ ပြင်ဆင်မှု ၂ မှု လျှောက်ထားခြင်းကို ပယ်ချရန် စစ်ကောင်စီဘက်က လျှောက်လဲချက်ပေး
===================

001
(မဇ္စျိမ)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြင်ဆင်မှု နှစ်မှုကို ပယ်ချရန် စစ်ကောင်စီလက်​အောက်ခံ ဥပဒေရေးရာဝန်ကြီးဌာနဘက်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ယနေ့ ဇူလိုင်လ ၅ ရက်နေ့က လျှောက်လဲချက်ပေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲအမိန့်ချထားသည့် ရွေးကောက်ပွဲကိစ္စ ပုဒ်မ ၁၃၀ (က) အမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေပုဒ်မ ၃(၁)(ဂ) အမှုတို့အပေါ် ယနေ့ နှစ်ဖက်လျှောက်လဲချက် ကြားနာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုနှစ်မှုနှင့် ပတ်သက်ပြီး တရားမစွဲသင့်ဘဲ စွဲဆိုထားသည့်အတွက် လွှတ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဘက်ကလည်း လျှောက်လဲချက်ပေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“စွဲဆိုတဲ့ ပြစ်မှုလည်း မကျူးလွန်ပါဘူး၊ အပြစ်မရှိပါဘူးဆိုပြီး​တော့ လွှတ်ပေးပါလို့ပြောတာပေါ့”ဟု ဆိုသည်။
​ထိုလျှောက်လဲချက်များအ​ပေါ် အမိန့်ချမှတ်မှုမှာ ပုံမှန်အားဖြင့် တစ်လ​ကျော်ကြာမြင့်တတ်​ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ယခု ကြားနာခဲ့သည့် ပုဒ်မ ၁၃၀(က)အမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတ ဦးဝင်းမြင့်၊ NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့လည်းပူးတွဲပါဝင်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် တစ်ဦးလျှင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခံထားရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်ဩဇာလွှမ်းမိုးသည်ဟု စွပ်စွဲချက်ဖြင့် စစ်​ကောင်စီ လက်​အောက်ခံ​ရွေး​ကောက်ပွဲကော်မရှင် ညွှန်မှူး ဦး​အောင်မျိုးလွင်က တရားလိုအဖြစ် တရားစွဲခဲ့ခြင်းဖြစ်သည်။

နောက်ထပ် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခံရသည့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေပုဒ်မ ၃(၁)(ဂ) အမှုမှာမူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်၊ NLD အစိုးရလက်ထက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ ပူးတွဲစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

ပုဒ်မ ၃(၁)(ဂ) အမှုတွဲ၌ ပါဝင်သူများတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလွဲပြီး ကျန်သူများမှာ လွတ်ရက်စေ့၊ လွတ်ငြိမ်းတို့ဖြင့် ပြန်လည်လွတ်မြောက်ထားပြီးဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရပြီး နေပြည်တော်အချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
#ဒေါ်အောင်ဆန်းစုကြည်
#နေပြည်တော်အချုပ်ထောင်
#စွပ်စွဲအမိန့်ချ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😱2👎1😢1🤮1
သွေးစွန်းတဲ့လက်ကိုလက်ဆွဲနှုတ်ဆက်တဲ့အခါရှေ့ဆက်ပြီးဘာဖြစ်မလဲ|မရွှေမိုး(ကိုရီးယား)လေးညှို့သံအပိုင်း(၆၀)
=====================

စိတ်ဝမ်းမကွဲနဲ့... အာရုံမလွဲနဲ့... အချိန်ဆွဲမခံနဲ့
... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/FO46Aqns1iQ

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁3
This media is not supported in your browser
VIEW IN TELEGRAM
July - 5 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍4😁2
ဇူလိုင်လ (၅) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
====================

-စစ်အာဏာရှင်ကိုခုခံနေသည့် တော်လှန်ရေးအဖွဲ့တိုင်းနှင့် လက်တွဲပြီး ရန်သူများကို ခုခံတော်လှန်ရမည်ဟု KNU ဥက္ကဋ္ဌတိုက်တွန်းတဲ့သတင်း

-“မိုခါ” မုန်တိုင်းပြီးနောက် ကိုယ်ဝန်ဆောင် သောင်းနှင့်ချီ ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲ အခက်ကြုံနေရတဲ့အကြောင်း

-စစ်ရေးအရှိန်မြှင့်မည့် ပဲခူးရိုးမပေါ် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ၂ ဦးသေပြီး ၅ ဦး ဒဏ်ရာရတဲ့သတင်း

-ရခိုင်ပြည်သို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ လွတ်လပ်စွာ သွားလာခွင့် ပေးရန် AA ပြောတဲ့အကြောင်း

-လယ်ပိုင်ရှင်အမျိုးသားကိုသတ်ပြီး လယ်မြေအတင်းအဓမ္မရယူထားတယ်ဆိုတဲ့ သတင်းအမှားနဲ့

-ခြိမ်းခြောက်ခံနေရတဲ့ ဟောင်ကောင်တက်ကြွလှုပ်ရှားသူတွေကို ထောက်ခံကြောင်း ဩစတြေးလျပြောတဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/XO8dxgiSIw0?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17🍌2
ဇူလိုင်လ (၅) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
=================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့...

လူထုထောက်ခံမှုအမြင့်ဆုံးရထားတဲ့ တော်လှန်ရေးကို စိတ်ပျက်အောင် အစိုးရအဖွဲ့ဝင်တွေ မလုပ်ကြဖို့အတွက် NUG ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ အစည်းအဝေးမှာ သတိပေးလိုက်တဲ့သတင်းနဲ့အတူ အခုလအတွင်း ဦးစားပေးဆွေးနွေးမယ့်အကြောင်းအရာတွေထဲမှာ မြန်မာ့အရေးလည်း ပါဝင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ဇူလိုင်လ ၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောလိုက်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့

“နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/oXVMVx6RPkY

#Mizzimaradio
#EveningRadio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🥰1😁1🤮1
​​အိန္ဒိယက တရုတ်ကို ပြိုင်ဆိုင်ရန် အာဖရိကသို့ ချေးငွေ တိုးမြှင့်  
=======================

အာဖရိက ၄၂ နိုင်ငံသည် ပြီးခဲ့သောဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ တိုးချဲ့ပေးခဲ့သော ချေးငွေအားလုံး၏ ၃၈ ရာခိုင်နှုန်း ခန့် သို့မဟုတ် ဒေါ်လာ ၃၂ ဘီလီယံ ရရှိခဲ့ပြီး ၎င်း၏ အိမ်နီးနားချင်းများအောက် ရာခိုင်နှုန်းအနည်းငယ်သာ ရှိသည်ဟု အိန္ဒိယပို့ကုန်သွင်းကုန်ဘဏ်၏ မန်နေးဂျင်းဒါရိုက်တာ ဟာရှား ဘန်ဂါရီ က အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2😁1
​​ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စာသင်ကျောင်း ၂၀ ကျော်ကို ပိတ်ရန်စီစဉ်နေ
======================

ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စာသင်ကျောင်း ၂၀ ကျော်ကို ပိတ်ရန် စီစဉ်နေပြီး ကျောင်းအချို့မှာ ဇူလိုင်လ ၃ ရက်နေ့မှစတင်ကာ ပိတ်ထားပြီးဖြစ်ကြောင်း ဘီးလင်းမြို့နယ် ပညာရေးမှူးရုံးမှ အမည်မဖော်လိုသူတဦးက မဇ္ဈိမကို ပြောသည်။

ဘီးလင်းမြို့နယ်၊ ကဇိုင်းကျေးရွာနှင့် ညောင်ထောက်ကျေးရွာလမ်းတလျှောက်ရှိ စာသင်ကျောင်းများနှင့် ကဇိုင်းကျေးရွာနှင့် ရင်းအုံကျေးရွာလမ်းတလျှောက်ရှိ စာသင်ကျောင်း ၂၀ ကျော်ကို ပိတ်ရန်စီစဉ်လျက်ရှိ ပြီး လက်ရှိတွင် ကဇိုင်းအထက်တန်းကျောင်း၊ ညောက်ထောက်အထက်တန်းကျောင်းခွဲ အပါအဝင် ကျောင်း ၁၀ ကျောင်းသည် လွန်ခဲ့သည့် နှစ်ရက်က စတင်ပိတ်ထားပြီဖြစ်ရာ ပိတ်ရမည့် စာသင်ကျောင်း စာရင်းကို ဆက်လက်ကောက်ယူနေဆဲဖြစ်ကြောင်း သိရသည်။

“လောလောဆယ် မိဘတွေ၊ ဆရာဆရာမတွေခေါ်တွေ့တာ ကျောင်း ၂၀ ကျော်ပေါ့။ ပိတ်ရမယ့်ကျောင်း စာရင်းကတော့ ကောက်နေဆဲပါ။ အရင်တုန်းက ပိတ်တာက ခရိုင်ချင်းဆက်လမ်းက ကျောင်းတွေပေါ့။ ရန်ကုန်-မော်လမြိုင်လမ်းမကြီးရဲ့ အတွင်းဘက်ကကျောင်းတွေ။ အခု ထပ်ပိတ်မှာကတော့ ဆင်ခြေဖုံး ပေါ့။ ကဇိုင်း၊ ညောင်ထောက် လမ်းတလျှောက်ကျောင်းတွေ။ မြို့ပေါ်ကျောင်းတွေကတော့ အကုန်ဖွင့် ပါတယ်” ဟု မြို့နယ်ပညာရေးမှူးရုံးမှ အမည်မဖော်လိုသူကပြောသည်။

KNU/KNLA က ကျေးရွာများတွင်ရှိသည့် အစိုးရဝန်ထမ်းများကိုသတိပေးသည့် ထုတ်ပြန်ချက်တစောင် ရောက်ရှိလာပြီးနောက် ယခုကဲ့သို့ ကျောင်းပိတ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဆိုသည်။
ထုတ်ပြန်ချက်တွင် စစ်ကောင်စီထောက်တိုင်များ မြို့နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာသွားရန် သတိပေး ထားခြင်းဖြစ်ကြောင်း ဘီးလင်းမြို့နယ်ရှိ ကျောင်းဆရာတဦးက မဇ္ဈိမ ကိုပြောသည်။

“KNU က စာထုတ်တာ။ ကျောင်းပိတ်ဖို့တော့ မဟုတ်ဘူး။ သူ့ထုတ်ပြန်စာမှာ စစ်တပ်နဲ့ နီးစပ်သူတွေကို အမြန်ဆုံးထွက်ခွာဖို့ ပြောတာ။ တူတော့ အတူတူပဲပေါ့။ အခု ထပ်ပိတ်တာ ၂၂ ကျောင်းလို့ သိရတယ်။ မြို့ထဲမှာရှိတဲ့ကျောင်းတွေကိုတော့ ခြိမ်းခြောက်တာ မရှိပါဘူး” ဟု အဆိုပါကျောင်းဆရာက ပြောသည်။

မဇ္ဈိမအနေဖြင့် ထိုထုတ်ပြန်ချက်နှင့်ပတ်သက်၍ KNU မှထုတ်ပြန်ထားခြင်း ဟုတ်၊ မဟုတ် သီးခြား အတည်မပြုနိုင်သေးပေ။
KNLA တပ်မဟာ(၁) သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကလည်း လက်ရှိ ကျောင်းပိတ်ရသည့် အခြေအနေနှင့်ပတ်သက်၍ ၎င်းအနေဖြင့် မသိရှိထားကြောင်း ဆိုသည်။

KNU တပ်မဟာ(၁) ဒူးသထူးခရိုင်၏ လူမှုကွန်ရက်တွင်လည်း ထုတ်ပြန်ချက်ကို ဖော်ပြထားခြင်းမရှိပေ။

ဘီးလင်းမြို့နယ်တွင် ကျောင်းပေါင်း ၂၀၂ ကျောင်းအနက် ၁၄၉ ကျောင်းသာ ဖွင့်လှစ်ထားနိုင်ပြီး ၅၃ ကျောင်းပိတ်ထားရကာ လက်ရှိတွင် နောက်ထပ် ကျောင်းပေါင်း ၂၀ ကျော်ကို ပိတ်ရန် စီစဉ်နေခြင်းဖြစ် သည်။

လက်ရှိပိတ်ထားရသည့်ကျောင်းများတွင် အထက်တန်းကျောင်းတကျောင်းလျှင် ကျောင်းသားဦးရေ ၃၀၀ မှ ၄၀၀ ကျော်ရှိပြီး မူလတန်းကျောင်းများတွင် ကျောင်သားဦးရေ ၆၀ ဦးမှ ၇၀ ဦး စာသင်ကြားနေကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#KNUတပ်မဟာ(၁)
#သထုံခရိုင်
#ဘီးလင်းမြို့နယ်
#ကျောင်းပိတ်
👍15🔥1😁1🤮1
​​၀မ်းတွင်း၌ ကြံ့ခိုင်ရေးပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခွဲတာ၀န်ခံတို့ ပစ်ခတ်ခံရ၍ သေဆုံး
====================

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်တွင် ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက ကြံ့ခိုင်ရေး ပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခွဲတာ၀န်ခံတို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး သွားကြောင်း သတင်းရရှိသည်။

“သုံးဒေါင့်အိုင်ရွာက အုပ်ကြီးထီလာနဲ့ တာ၀န်ခံမဲလေးတို့ကို PDF ကပစ်သွားတာပါ၊ ဘေးရွာမှာ နွားသွား ၀ယ်ပြီးပြန်အလာကို စောင့်ပစ်သွားတာ၊ သေနတ်နဲ့ ၁၀ ချက်မကဘူးပစ်သွားတာ၊ နှစ်ယောက်စလုံးပွဲချင်း ပြီးသေတယ်၊ ဒီလူနှစ်ယောက်စလုံးက ကြံ့ဖွံ့တွေ။ မနှစ်က မိတ္ထီလာတပ်မမှူးကိုယ်တိုင်ခန့်ထားတာ ရပ်ရွာအပေါ်တအားအနိုင်ကျင့်တဲ့လူတွေ” ဟု ဒေသခံတဦးကပြောသည်။

ဇူလိုင်လ ၄ ရက်နေ့ ညနေ ၅ နာရီခန့်က ၎င်းတို့နှစ်ဦး ၀မ်းတွင်းမြို့နယ် ကန်ပတ်လည်ကျေးရွာမှ နွား၀ယ် ပြီးပြန်အလာ ရုံးပင်ကုန်းနှင့် ညောင်ပင်ကုန်းကျေးရွာကြားတွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှသိရသည်။

ပစ်ခတ်မှုကြောင့်၊ သုံးဒေါင့်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထီလာတွင် သေနတ်ဒဏ်ရာကိုးချက်၊ ကျေးရွာ ခွဲတာ၀န်ခံ ဦးနေမင်းထွန်း(ခ)ကိုမဲလေးတွင် သေနတ်ဒဏ်ရာသုံးချက်တို့ဖြင့် နေရာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူတဦးကပြောသည်။
၎င်းတို့နှစ်ဦးအား ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Wundwin Township Revolution Force (WTRF) အဖွဲ့က ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူကိုမျက်နှာမမူဘဲ မိတ္ထီလာတပ်မမှူးခိုင်းသမျှလိုက်လုပ်ပြီး ပြည်သူကိုခြိမ်းခြောက် ငွေညှစ်နေတာ ကြောင့် ရှင်းလင်းခဲ့တာဖြစ်တယ်၊ အရှင်းခံရမယ့်သူတွေရှိသေးတယ်” ဟု ၎င်းအဖွဲ့တာ၀န်ရှိသူတဦးက ပြောသည်။

မန္တလေးတိုင်းတွင် ဇူလိုင်လ ၄ ရက်နေ့က မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဖလံကုန်းကျေးရွာမှ ကြံ့ခိုင်ရေး ပါတီ ရပ်/ကျေးဥက္ကဋ္ဌနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ဌေးဆိုသူလည်း သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေ ဆုံးခဲ့ သည်။

အလားတူ မြင်းခြံမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်း ထွန်းအောင်နှင့် သားဖြစ်သူတို့လည်း ဇူလိုင်လ ၃ ရက်နေ့က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြ သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#ကြံ့ခိုင်ရေးပါတီဝင်
#ကျေးရွာအုပ်ချုပ်ရေးမှူး
👍17❤2🔥2👏2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၅ ဇူလိုင် ၂၀၂၃) 
===========================

မုန်တိုင်းသင့်ဒေသများတွင် ခက်ခဲနေသည့် ပြည်သူများထံသို့ အရေးပေါ်အကူအညီများ မပေးပို့နိုင်ရန် စစ်ကောင်စီမှ တားဆီးနေသည်။ယင်းကြောင့် UN အဖွဲ့အစည်းများမှ ပြည်သူများကို ကူညီနိုင်ရန် စစ်ကောင်စီ အား တိုက်တွန်းနေရသည်။ စစ်ကောင်စီသည် ကယ်ဆယ်ရေးများ ဟန်ပြသာလုပ်နေပြီး ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်ပြည်သူများကို ပေးအပ်မည် အကူအညီများကို တားဆီးပြီး လူအခွင့်အရေးကို ဗြောင်ချိုး ဖောက်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2