Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဇူလိုင်လ (၆) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=======================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

တနင်္သာရီတိုင်း၊ ရေဖြူ - ကလိန်အောင် လမ်းပိုင်းတစ်နေရာမှာ ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ ရဲတပ်ကြပ်ကြီးကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဖမ်းထားချိန် သေနတ်လုယူ ထွက်ပြေး ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးတာမှာ သေဆုံးသွားတဲ့သတင်းနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ် ပြည့်ဖြိုးနိုင် ဇူလိုင်လ ၅ ရက် မနက်ပိုင်းမှာ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဏ ကို လည်း နားဆင်ရမှာ ဖြစ်ပါတယ်။

https://youtu.be/9gaErNpLXkk

#Mizzimaradio
#Morningradio

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15😁2
ပါကစ္စတန်ကို ထွက်ပြေးခဲ့ရတဲ့ အာဖဂန်အမျိုးသမီးရဲအရာရှိ | VOA On Mizzima
========================

အာဖဂန်ရဲအရာရှိဟောင်း Sweeta Yousafi က ၂၀၂၁ ခုနှစ် ဩဂုတ်လတုန်းက အာဖဂန်ကို တာလီဘန်တွေ ပြန်ပြီး သိမ်းပိုက်လိုက်တဲ့အချိန်မှာ အလုပ်ဆက်လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ပါဘူူး။ ဒါ့ကြောင့် ပါကစ္စတန်နိုင်ငံကို ထွက်ပြေးခဲ့ပြီး သမီးဖြစ်သူနဲ့အတူ ဆင်းဆင်းရဲရဲဘဝကို ဖြတ်သန်းနေရပါတယ်။ VOA သတင်းထောက် Nazar ul Islam သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/ORuG22OvvtA

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------

@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6👏1😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၆ ရက်၊ ၂၀၂၃ | VOA On Mizzima
=======================

ကျုးကျော်ရန်စတဲ့ ပြစ်မှုနဲ့ ရုရှားခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးမယ့် စင်တာ တခုကို နယ်သာလန်နိုင်ငံ The Hague မြို့မှာ ယူကရိန်း နဲ့ အနောက်မဟာမိတ်နိုင်ငံတွေ ပူးပေါင်းဖွင့်လှစ်လိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ သိန်းနဲ့ချီရောက်ရှိနေထိုင်နေကြတဲ့ မြန်မာပြည်သာ ပအိုဝ်းတိုင်ရင်းသားတွေရဲ့ (၁၅) ကြိမ်မြောက် ပထမဝါဆို၊ ဝါဆိုသင်္ကန်းကပ်လှုတဲ့ ပွဲကို ဘန်ကောက်မြို့က ထိုင်းဘုန်းတော်ကြီး ကျောင်းမှာကျင်းပခဲ့ကြပါတယ်။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/rqiDqp37R2U

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5❤2👏1😁1
စစ်ကောင်စီအထိုင်စခန်းများအား ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း SOF ပြော
👍13🔥1😁1
စစ်ကောင်စီအထိုင်စခန်းများအား ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း SOF ပြော
=======================

YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ စစ်ကောင်စီ အထိုင်တပ်စခန်းနှင့် ဂိတ်စခန်းများကို တပတ် တိုင်တိုင် ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ( SOF) တာဝန်ခံထံက သိရသည်။

ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ စစ်ကောင်စီဂိတ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ (၂၈၃)၊ ခုတ်ခွားစစ်ကောင်စီစခန်း၊ ခလယ် တံခွန်တိုင်ကျေးရွာရှိ ရဲစခန်တို့အား ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

ခလရ (၂၈၃) အပါအဝင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများတွင် ဆက်သွယ် ရေးလှိုင်းဖြတ်တောက်နိုင်သည့် ဂျန်မာ(Jammer) တပ်ဆင်ထားပြီး သွားရောက်တိုက်ခိုက်စဉ် ဒရုန်းပျက် ကျမှုများရှိကြောင်း သိရသည်။

“ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင် ၅ ရက် အထိ ၈၁ မမဗုံးသီး၊ ၆၀ မမ ဗုံးသီးတွေ၊ လက်နက်ကြီးတွေ အသုံး ပြုပြီး နေ့စဉ်အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမ ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ SOF ၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပတ်တာအတွင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်စခန်းအချို့ပျက်စီးခဲ့ပြီး မုဒုံမြို့နယ်၊ အဘစ် အခြေစိုက် အမတ(၃၁၈)မှ စစ်ဗိုလ်တဦးနှင့် စစ်သားတဦး သေဆုံးခဲ့ကာ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“သူတို့ဘက်က သေတာကတော့ ဇူလိုင်လ ၁ ရက်နေ့ တိုက်ခိုက်မှုမှာ တယောက်သေတယ်။ ဇူလိုင်လ ၃ ရက်နေ့ တိုက်ခိုက်မှုမှာ တယောက်သေတယ်” ဟု ကိုအောင်စံရှားက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်က ၆၀ မမ ၊ ၈၁ မမ ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#မွန်ပြည်နယ်
#အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤1🔥1👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်ကို ထွက်ပြေးခဲ့ရတဲ့ အာဖဂန်အမျိုးသမီးရဲအရာရှိ | VOA on Mizzima

Watch more detail - https://buff.ly/3PIOKZi #VOA

#ခြိမ်းခြောက် #ဥတုရာသီပြောင်းလဲမှု #Mizzima #shorts #reels
👍4👏1😢1
ရုရှားကို စစ်ဆေးမယ့် စင်တာ The Hague မြို့မှာ ဖွင့်လှစ် | VOA On Mizzima
======================

ကျုးကျော်ရန်စတဲ့ ပြစ်မှုနဲ့ ရုရှားခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးမယ့် စင်တာ တခုကို နယ်သာလန်နိုင်ငံ The Hague မြို့မှာ ယူကရိန်း နဲ့ အနောက်မဟာမိတ်နိုင်ငံတွေ ပူးပေါင်းဖွင့်လှစ်လိုက်ပါတယ်။ Henry Ridgewell လန်ဒန်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ဆက်ထားပါတယ်။

https://youtu.be/F3F0f3hIDNM

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁3
စစ်ကောင်စီအပေါ်ချမှတ်ထားတဲ့ အရေးယူမှုပုံစံကို အီးယူ ပြန်သုံးသပ်ဖို့လိုနေပြီလား
======================

စစ်ကောင်စီလက်ထက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေထဲမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုက လည်း ထိပ်ဆုံးမှာရှိနေခဲ့ပါတယ်။ စစ်ကောင်စီ အလိုလိုက် အကြိုက်ဆောင်နေတဲ့ လုပ်ငန်းရှင်အများစုဟာ အလုပ် သမားအခွင့်အရေးချိုးဖောက်မှုတွေကို အများဆုံးကျူးလွန်နေခဲ့တာပါ။ အဆိုးဆုံးကတော့ စက်မှုဇုန် လုပ်ငန်းရှင် တွေဖြစ်ပါတယ်။

အလုပ်သမားရပိုင်ခွင့်ကို အပြည့်အဝမပေးတဲ့အပြင် တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ကိုတိုးပေးဖို့ တောင်းဆိုတာကိုတောင် စစ်တပ်ခေါ်ပြီးဖမ်းခိုင်းတဲ့အထိ လုပ်ငန်းရှင်တွေဘက်က
ဖိနှိပ်လာတာတွေ့ရပါတယ်။ တချို့ကအလိမ္မာနည်းသုံးကာ ပညာသားပါပါ အလုပ်သမားတွေကို ငိုပြပြီး လုပ်အားခကိုခေါင်းပုံဖြတ်ထားတဲ့ ကုမ္ပဏီတွေလည်းရှိနေတာပါ။ ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် ကုမ္ပဏီပဲ ဒေဝါလီခံရတော့မလို အပေါက်မျိုးချိုးပြီး အလုပ် သမားတွေရဲ့ လုပ်အားခကို အပြည့်မပေးဘဲ ရာခိုင်နှုန်းလျော့ပေးနေတဲ့ ကုမ္ပဏီတွေလည်း ရှိနေတာဖြစ် ပါတယ်။

https://youtu.be/X2ynrIMSUmM

#politics
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2
​​အရှေ့တီမော သမ္မတကျမ်းကျိန်ပွဲသို့ NUG အား ဖိတ်ကြားမှု စစ်ကောင်စီကန့်ကွက်
=====================

(မဇ္ဈိမ)။ ။အရှေ့တီမောသမ္မတ ကျမ်းကျိန်ပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အား ဖိတ်ကြားမှုကိုကန့်ကွက်ကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

ရန်ကုန်မြို့ရှိ အရှေ့တီမောသံရုံးမှ သံရုံးယာယီတာဝန်ခံကို နေပြည်တော်သို့ဖိတ်ကြားပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ကန့်ကွက်သတိထောက်လွှာပေးအပ်ခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

NUG အား တီမောလက်စ်တေအစိုးရမှဖိတ်ကြားခဲ့မှုမှာ အကြမ်းဖက်လုပ်ရပ်များကို အားပေးအားမြှောက် ပြုလုပ်ရာ ရောက်ကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဇူလိုင် ၁ ရက်နေ့က တီမောလက်စ်တေနိုင်ငံ၌ကျင်းပခဲ့သည့် တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ (၉)ကြိမ်မြောက်အစိုးရ၏ ဝန်ကြီးချုပ်အသစ်နှင့်အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်း အနားသို့ NUG ၏ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ချက်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့တက် ရောက်ခဲ့သည်။

ယင်း အခမ်းအနားသို့ စစ်ကောင်စီကို အရှေ့တီမောအစိုးရက ဖိတ်ကြားခြင်း မပြုခဲ့ပေ။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#တီမောလက်စ်တေနိုင်ငံ
#နိုင်ငံခြားရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ(NUG)
#စစ်ကောင်စီကန့်ကွက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁15👍8❤2🔥1
ထိုင်းရောက် ပအိုဝ်းတိုင်ရင်းသားတွေရဲ့ ဝါဆိုသင်္ကန်းကပ်လှူပွဲ | VOA On Mizzima
=======================

ထိုင်းနိုင်ငံမှာ သိန်းနဲ့ချီရောက်ရှိနေထိုင်နေကြတဲ့ မြန်မာပြည်သာ ပအိုဝ်းတိုင်ရင်းသားတွေရဲ့ (၁၅) ကြိမ်မြောက် ပထမဝါဆို၊ ဝါဆိုသင်္ကန်းကပ်လှုတဲ့ ပွဲကို ဘန်ကောက်မြို့က ထိုင်းဘုန်းတော်ကြီး ကျောင်းမှာကျင်းပခဲ့ကြပါတယ်။ ဒီအကြောင်း ဘန်ကောက်မြို့ကနေ မညိုညိုလွင်က တင်ပြပေးထားပါတယ်။

https://youtu.be/VeM0fuvw0Dc

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11❤1👏1😁1
သင်္ဃန်းခြုံပြီး ဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို ဖျက်ဆီးနေသူတွေ
====================

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက ဖယ်ရှားခံရမယ့် နေအိမ်အဆောက်အအုံတွေထဲမှာ ဘုန်းကြီးကျောင်း တွေလည်း ပါဝင်နေလို့ ဝါဆိုသံဃာတွေအတွက် အခက်ကြုံနေရတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေ ရှိနေပါတယ်။
နန်းဦးလွင်ရွာ ကန်ကောက်ကွက်သစ်ဘက်က ဘုန်းကြီးကျောင်း ၃ ကျောင်း ဖျက်ပေးရမယ့် စာရင်းထဲမှာ ပါဝင်နေပြီး လောလောဆယ်မှာတော့ သုဓမ္မာရွာဦးကျောင်းက ဝါဆိုသံဃာတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။
စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ဖယ်ရှားရမယ့် ဘုန်းကြီးကျောင်းတွေဟာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်း ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ တိုက်ကျောင်းကြီးတွေဖြစ်ပြီး သာသနာ့မြေအတွက် ခွင့်ပြုဖို့တင်ထားတဲ့ ကျောင်းတိုက် ကြီးတွေ ဖြစ်ပါတယ်။

https://youtu.be/1-KE7CGqAKU

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢9🔥1👏1🍌1
Media is too big
VIEW IN TELEGRAM
ရုရှားကို စစ်ဆေးမယ့် စင်တာ The Hague မြို့မှာ ဖွင့်လှစ် | VOA on Mizzima

Watch more detail - https://buff.ly/44uu3EG

# ရုရှား #The Hagueမြို့ #Mizzima #shorts #reels
👍10😁1🤣1
​​အုတ်ဖိုမြို့နယ်တွင် ပျူစောထီးဆိုသူ ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံး
=====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အောက်ကိုင်းကျေးရွာအုပ်စု၊ ကိုင်း ကလေးရွာမှ ပျူစောထီးဆိုသူ ရာအိမ်မှူး ဦးမြင့်ဦးအား ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့် တွင် သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ရာ နေရာ မှာ ပင်သေဆုံးသွားကြောင်း သိရသည်။

“သူ့အိမ်မှာပဲ လေးချက်ပစ်ခဲ့တာပါ။ ပြည်သူတွေက တိုင်တာလည်းများပြီ။ အဓိကတော့ စစ်ကောင်စီတပ်၊ ရဲတွေနဲ့ပေါင်းပြီး ငွေညှစ်နေတာရှိတယ် ဒုက္ခပေးနေတာတွေရှိတယ်။ သူ့မှာသေနတ်ရှိတယ်လို့ သိထား ပေမယ့်။ ပစ်ပြီးတဲ့အချိန်မှာ လုံခြုံရေးအရ သေနတ်ရှာချိန်မရလိုက်ဘူး” ဟု သာယာဝတီ ခရိုင်တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ရာအိမ်မှူးဦးမြင့်ဦးသည် အုတ်ဖိုမြို့မရဲစခန်းမှ နယ်ထိန်းဇော်ထွန်းဦးနှင့်ပူးပေါင်း၍ လောင်းကစားဝိုင်း များ၊ နှစ်လုံးသုံးလုံးရောင်းချသူများ၊ အရက်ဆိုင်များ၊ သစ်ခိုးထုတ်သူများထံမှ လိုက်လံဆက်ကြေးကောက် ခံခြင်း၊ စိုက်ဘဏ်ချေးငွေ သမချေးငွေနှင့် မြစိမ်းရောင်ချေးငွေများအား ပြည်သူများကို ဖိအားပေးခြိမ်း ခြောက်တောင်းခံခြင်း၊ စစ်ကောင်စီတပ်အတွက် အင်အားစုဆောင်းပေးခြင်းများ ပြုလုပ်နေသူဖြစ်သည် ဟု ဆိုသည်။

ပစ်ခတ်မှုအပြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စစ်ကောင်စီတပ်သားများမှ လိုက်လံဖမ်းဆီး ခဲ့သော်လည်း တပ်ဖွဲ့ဝင်များမှာ လုံခြုံရာနေရာသို့ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် ယခုသီတင်းပတ်အတွင်း စစ်ကောင်စီထောက်တိုင်များအား ပစ်ခတ်ခြင်းကို ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့ ည ၁၀ နာရီခန့်က လက်ပံတန်းမြို့တွင် ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းနှင့် ရဲစခန်းအနီးရှိ ဘူတာရုံကြားမှ လောင်းကစားဝိုင်းအား PDF တပ်ရင်း(၃၈၀၂) တပ်ခွဲ (၄) ရွှေတန်းမြေ PDF နှင့် The Sentry မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်ကြီး၊ ရဲတပ်ကြပ် နှင့် ပျူစောထီးဆိုသူ လေးဦးသေဆုံးခဲ့သည်။

အဆိုပါ ဇူလိုင်လ ၁ ရက်နေ့ကပင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင်လည်း ကြို့ပင်ဝိုင်းရွာ အုပ်ချုပ်ရေး မှူးနှင့် ရာအိမ်မှူးတို့ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဇွန်လ ၃၀ ရက်နေ့ကလည်း မင်းလှမြို့တွင် ငလှစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် ဇရစ်မြှောင် ကျေးရွာစိုက်ပျိုးရေးဘဏ်အတွင်းရေးမှူး ဦးမြင့်ဌေးတို့နှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ် ရှင်းလင်းခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်းအနောက်ခြမ်း
#အုတ်ဖိုမြို့နယ်
#ပျူစောထီး
#အုပ်ချုပ်ရေးမှူး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2🥰1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းရောက် ပအိုဝ်းတိုင်ရင်းသားတွေရဲ့ ဝါဆိုသင်္ကန်းကပ်လှူပွဲ | VOA on Mizzima

Watch more detail - https://buff.ly/3JGO1nx

#VOA #ထိုင်း #ပအိုဝ်းတိုင်ရင်းသား #Mizzima #shorts #reels
👍8👏1😁1
ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
================

https://youtu.be/seW4wU7wQOg

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥2