Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြတဲ့ လူမျိုးတိုင်း၊အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲလုပ်ဆောင်မယ်လို့ KNU ပြော
=================

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲပူးပေါင်းသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌသစ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။
ဇူလိုင်လ ၅ ရက်နေ့က ကျရောက်တဲ့ ၇၄ နှစ်မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော်နေ့ အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုထားတာပါ။
လက်ရှိကာလဟာ စိန်ခေါ်မှုကြီးမားပေမယ့် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်မယ့် အခွင့်ကောင်းတွေရှိနေလို့ အခြေအနေပေးလာတဲ့ အခွင့်အရေးတွေကို အရယူကြဖို့လည်း KNU ဥက္ကဋ္ဌ က ဆိုထားပါတယ်။
ကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာအခြေအနေတွေဟာ မြန်မာနိုင်ငံသမိုင်းတစ်လျှောက် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့လုံးဝမတူပဲ တမူခြားနားနေတယ်လို့လည်းဆိုပါတယ်။

https://youtu.be/sw9UIiUJwE0

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤2🔥1😁1
​​ချင်းအမျိုးသားတပ်မတော်(CNF)မှ ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်း မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် ကွယ်လွန်
====================

(မဇ္ဈိမ)။ ။ချင်းအမျိုးသားတပ်မတော်(CNF) မှ ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်းသည် ဇူလိုင်လ ၅ ရက် နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်၌ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့ရှိ Trinity Hospital တွင် အစာအိမ်ရောဂါကြောင့် ကွယ်လွန်သွားကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ ကျဆုံးသွားပြီဖြစ်တဲ့ ရဲဘော်တွေရော၊ ယခုလက်ရှိ ဝါရင့် ချင်းအမျိုးသားတပ်မတော်ထဲ မှာရော သူက အရမ်းကိုထူးခြားတယ်။ စစ်သားပီပီ စစ်ရေးကို အရမ်းဦးစားပေးတယ်။ သူ့ရဲ့လုပ်ရှားမှု အတွေးအခေါ်တွေအားလုံးက စစ်ရေးမှာပဲအားသန်တဲ့သူဖြစ်တယ်”ဟု ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်း နှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်မတော်(CNF) ဒု-ဥက္ကဋ္ဌ ပူးထန်းနိန်ကီးက ပြောသည်။

ထို့ပြင် ယခုကဲ့သို့ တော်လှန်ရေးကာလအတွင်း ကျဆုံးသွားခြင်းသည် ချင်းတော်လှန်ရေးအတွက် ဆုံးရှုံး နစ်နာမှုကြီးတခုဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“သူ့ရဲ့တသက်တာလုံးကိုပေးဆပ်ပြီး ကျွန်တော်တို့ ချင်းအမျိုးသားတွေအတွက် တော်လှန်ရေးလုပ်ရုံသာ မက စစ်ရေးကျွမ်းကျင်တဲ့ ချင်းစစ်ခေါင်းဆောင်တယောက်ဆုံးရှုံးတဲ့အပေါ်မှာ အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်။ အခုလူငယ်တွေအတွက်လည်း ကျဆုံးသွားတဲ့ ဗိုလ်မှူးဆန်လျန်ထန်းလို စစ်ရေးကျွမ်း ကျင်တဲ့ ခေါင်းဆောင်တွေပေါ်ပေါက်လာဖို့ ဆုတောင်းပါတယ်’’ ဟု လည်း CNF ဒု-ဥက္ကဋ္ဌ ပူးထန်းနိန်ကီးက ပြောကြားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းအမျိုးသားတပ်မတော်(CNF)
#ဒုတိယဗိုလ်မှူးကြီးဆန်လျန်ထန်း
#အစာအိမ်ရောဂါ
#ကွယ်လွန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢18👍2🔥1😁1
စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်ကြောင်း KIA သတိပေး
======================

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် သတိပေးကြောင်း KIA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင် ၄ ရက် နေ့စွဲပါထုတ်ပြန်ချက်ကို လိုင်ဇာအုပ်ချုပ်ရေးရုံးမှ သတင်းထုတ် ပြန်ခဲ့ခြင်းဖြစ်ပြီး ကချင်ဘာသာစကားနဲ့ ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာ အချက် ၅ ချက်ပါဝင်ပြီး အဓိကအားဖြင့် စစ်ကောင်စီတပ်များနဲ့ ပတ်သက်ဆက်စပ်တဲ့ နေရာများ၊ တိုက်ပွဲဖြစ်ပွားနေသော နေရာများနဲ့ တိုက်ပွဲဖြစ်ပွားနိုင်သော နေရာများသို့ ဒေသခံပြည်သူများအနေဖြင့် ခရီး သွားလာခြင်းများ မပြုလုပ်ကြရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက် ခရီးသွားလာမှုများကို တက်နိုင်သမျှရှောင်ရှားကြရန်နဲ့ အကယ်၍ မဖြစ်မနေသွားလာရန်လိုအပ်ပါက စစ်ရေးအခြေအနေများကို လေ့လာစောင့်ကြည့်ပြီးမှ သွားလာကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့နေရာတွေကို သွားလာတာ မပြုဖို့၊ တိုက်ပွဲဖြစ်ပွားနိုင်တဲ့ နေရာနဲ့ ဖြစ်ပွားလေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ကြဖို့၊ စစ်ကောင်စီတပ်ကို လူအင်အားဖြစ်စေ၊ ပစ္စည်းနဲ့ဖြစ်စေ ပါဝင်ကူညီတာမပြုလုပ်ဖို့နဲ့ အသုံးချခံမဖြစ်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

https://youtu.be/ZxUo6EFB568

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤2🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းပါလီမန်အသစ်က ဇူလိုင် ၁၃ ရက်မှာ ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်ဖို့ရှိ

#internationalnews #reels #shorts #Thailand
👍7🔥2
​​ကျောက်တံခါးတွင် စစ်ကောင်စီက အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုလုပ်လာဟုဆို
==================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်တွင် မြို့ပေါ်၌အထိုင်ချထားသော စစ်ကောင်စီတပ်က ကျေးရွာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ လူနေအိမ်ပျက်စီးမှုများရှိပြီး အရပ်သားသေဆုံးမှုလည်းရှိကြောင်း ဒေသခံများမှက မဇ္ဈိမကိုပြောသည်။

ကျောက်တံခါးမြို့ပေါ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်က ယမန်နေ့ ဇူလိုင်လ ၅ ရက် မွန်းလဲ ၃ နာရီ ၅၀ မိနစ်ခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ နံဇအုပ်စု၊ တလိုင်းခင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

“ မနေ့က နံဇအုပ်စုဘက်ကို ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် နေအိမ်သုံးလုံးပျက်စီးပါတယ်။ ပြီးတော့ နံဇကျေးရွာက ကိုနိုင်နိုင်မိုး ၃၅ နှစ် သေဆုံးပါတယ်။ သူတို့က (စစ်ကောင်စီတပ်သားများ) မြို့ပေါ်ကနေ ရွာအဝင်လမ်းတွေကို လက်နက်ကြီးတွေသယ်လာလိုက်၊ ရမ်းပစ်လိုက်၊ နောက်တစ်ရွာ ပြောင်းပစ်လိုက်၊ အခြေအနေမကောင်းရင်မြို့ထဲပြန်ဝင်ပြေးလိုက်လုပ်နေတာပါ ” ဟု ကျောက်တံခါးမြို့မှ ဒေသခံတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ကျောက်တံခါးမြို့နယ်အတွင်း ယခင်ရက်က ဖြစ်ပွားသောတိုက်ပွဲများ၌ စစ်ကောင်စီတပ်သည် KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများကြောင့် အထိနာခဲ့ပြီးနောက် အရပ်သားများကို ဦးတည်တိုက်ခိုက်နေသည်ဟု ဒေသခံများကပြောသည်။

ကျောက်တံခါးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုများကြောင့် ဇွန်လ ၂၄ ရက်နေ့နှင့် ဇွန်လ ၂၇ ရက်နေ့တို့တွင် ကလေးငယ် လေးဦးအပါအဝင် ပြည်သူ ရှစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သည်။ ယင်းကဲ့သို့ အရပ်သားများအား ပစ်ခတ်သတ်ဖြတ်မှုကို မှတ်တမ်းတင်ထားပြီး နောင်တချိန်တွင် အရေးယူသွားမည်ဟု ကျောက်တံခါးမြို့နယ်မဲဆန္ဒနယ်မြေမှ ရွေးကောက်ပွဲအနိုင်ရခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမသို့ ပြောထားသည်။

ဇွန်လ ၂၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး နှစ်ဦးကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ပဲခူးတိုင်းအခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောသည်။
ထိုစစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာသွားပြီး မြို့ပေါ် တွင် အထိုင်ချကာ လူနေကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ပဲခူးတိုင်းအတွင်း စစ်ရေးအ‌ရှိန်မြှင့်နေပြီဖြစ်၍ ဒေသခံများ ယခင်ကထက် သတိပိုရှိကြရန် ရဲဘော်တင်ဦးက တိုက်တွန်းသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။ ။မောင်ကြီး

#ကျောက်တံခါး
#လက်နက်ကြီး
#အရပ်သားသေဆုံးမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍4😁2❤1
​​တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့ကို CDF ဖမ်းဝရမ်းထုတ်
====================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊တွန်းဇံမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့ကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) CDF – Ton Zang က ဇူလိုင်လ ၅ ရက် နေ့တွင်ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ တွန်းဇံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သမ္မတ ဒူဝါလရှီးလ ၏ အမိန့်ထုတ်ပြန်ချက်ဖြစ်သော ကျောင်းများဖွင့်လှစ်ခြင်းနှင့် ရုံးတက်ခြင်းမပြုလုပ်ရန် တားမြစ်ထုတ်ပြန်ချက်ကို လိုက်နာခြင်းရှိ မရှိ ဆက်လက်လုပ်ဆောင်နေကြကြောင်း ဆိုသည်။
ထို့အပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း ပြင်းထန်သောစကားများဖြင့် အသုံးပြုပြောဆိုလာသဖြင့် ယခုကဲ့သို့ ဖမ်းဝရမ်း ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“သူတို့ရဲ့လုပ်ကိုင်ဆောင်ရွက်နေပုံနဲ့ ပြောဆိုတာတွေကို သတင်းအတိအကျရထားပါတယ်။ ကျနော်တို့အနေနဲ့ ဖမ်းဆီးပြီး တပ်ဖွဲ့ရဲ့လုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်” ဟု CDF – Ton Zang ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်းမုန် က မဇ္စျိမကို ပြောသည်။

၎င်းတို့နှစ်ဦး ကျူးလွန်မှုများကို စစ်ဆေးပြီး ထွက်ဆိုချက်များအရ ထိုက်သင့်သော အပြစ်ဒဏ်များပေးသွားမည်ဖြစ်ကြောင်းဆိုသည်။
တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့ နှစ်ဦးသည် ချင်းလူမျိုးများဖြစ်ပြီး တွန်းဇံမြို့နယ်၏ တိုးတက်မှုကို တာဝန်ယူသူများအဖြစ် ရှုမြင်ထားပြီး အရေးယူခြင်းကို ရှောင်ရှားခဲ့ကြောင်းဆိုသည်။
သို့သော် ချင်းကာကွယ်ရေးတပ်ဖွဲ့အပေါ် ပြင်းထန်သော စကားလုံးများဖြင့် စိန်ခေါ်လာယုံမျှမက နွေဦးတော်လှန်ရေး သိက္ခာကျဆင်းစေရန်ပြုမူဆောင်ရွက်သဖြင့် အရေးယူရန်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ၎င်းတို့စိုးမိုးနယ်မြေဖြစ်သော တွန်းဇံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရုံးများ ၊ ကျောင်းများဖွင့်လှစ်ခြင်းမပြုရန် အကြိမ်ကြိမ် အမိန့်ထုတ်ပြန်တားမြစ်ပြီးဖြစ်ကြောင်း ဆိုသည်။

ဇွန်လ ၂၀ရက်နေ့ကလည်း တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို CDF – Ton Zang က စစ်ကောင်စီယန္တရား လည်ပတ်မှုနှင့် ကျောင်းတွင်းတပ်စွဲနေမှုကို ဗုံးဖောက်ခွဲ သတိပေးခဲ့ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ချင်းကာကွယ်ရေးတပ်ဖွဲ့
#စိုးမိုးနယ်မြေ
#တွန်းဇံမြို့နယ်
#အုပ်ချုပ်ရေးမှူး
#ပညာရေးမှူး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11👏3😁2
Media is too big
VIEW IN TELEGRAM
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြတဲ့ လူမျိုးတိုင်း၊အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲလုပ်ဆောင်မယ်လို့ KNU ပြေ

Watch more detail -
https://buff.ly/44d7xjM

#အာဏာရှင် #တော်လှန် #KNU #VideoNews #shorts #reels
👍11🔥2😁1😭1
ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေ
=====================

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး ရှေ့နေချုပ် ကာရင်း အေအေ ခန်း (Karim AA Khan) နဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမန်နဲ့ ဇူလိုင်လ ၄ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူလ် မိုမန် (AK Abdul Momen) က ICC ရှေ့နေချုပ် ကာရင်း အေအေ ခန်း (Karim AA Khan) နဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်း ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ဖော်ပြကြပါတယ်။
လေးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်အတွင်း ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး တရားမျှတမှုရဖို့ ICC ကလုပ်နေတဲ့ ကိစ္စရပ်တွေကို ရှင်းပြသွားဖို့ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။
တရားမျှတမှုရဖို့ နှောင့်နှေးနေတာဟာ တရားမျှတမှုမရှိတာနဲ့တူတူပဲလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးက ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုတွေ ထပ်မကြုံရစေဖို့ အတွက် ကျူးလွန်သူတွေကို အမြန်ဆုံး အရေးယူရလိမ့်မယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

https://youtu.be/CfaQJsznHlM

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🤣2🔥1🥰1👏1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်ကြောင်း KIA သတိပေး

Watch more detail -
https://buff.ly/44e3Om3

#အာဏာရှင် #တော်လှန် #KNU #VideoNews #shorts #reels
👍7👏3🥴2😭1
Media is too big
VIEW IN TELEGRAM
ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေ

Watch more detail -
https://buff.ly/44xRi0u

#ရိုဟင်ဂျာ #ICC #ဘင်္ဂလားဒေ့ရှ် #VideoNews #shorts #reels
👍9🤣2❤1👏1
ဇူလိုင်လ ၆ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:01-ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့သတင်း

04:32-အုတ်ဖိုမြို့နယ်မှာ ပျူစောထီးဆိုသူ ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း

05:32-စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်ကြောင်း KIAသတိပေးတဲ့သတင်း

08:21-ထိုင်းပါလီမန်အသစ်က ဇူလိုင် ၁၃ ရက်မှာ ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်ဖို့ရှိတဲ့သတင်းအပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/o2NJ9uOfbZg

#2pmnews
#mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁2❤1
Media is too big
VIEW IN TELEGRAM
စင်ကာပူမှာ သေဒဏ်ကျခံရသူတစ်ဦးရဲ့ ကွပ်မျက်မခံရမီ နောက်ဆုံးဓါတ်ပုံတွေကြောင့် လူအများစိတ်မကောင်း ဖြစ်ကြရ

#internationalnews #reels #shorts #Singapore #Mizzima
👍5😁2
ကံကြီးကုန်းရွာ တိုက်ပွဲမှ အရေးနိမ့်၍ ရေယာဥ်ဖြင့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ် ထပ်မံတိုက်ခိုက်ခံရ
==================

ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကံကြီးကုန်းရွာ တိုက်ပွဲမှ အရေးနိမ့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ရေယာဥ်ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army (BHA) တာဝန်ရှိသူထံက သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့များက ကံကြီးကုန်းရွာ တွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဇူလိုင်လ ၅ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် အရေးနိမ့်သော စစ်ကောင်စီတပ်သားများသည် ရေယာဥ်ဖြင့် ထွက်ပြေးရာ ထိုရေယာဥ်ကို ယင်းနေ့ ညနေ ၅နာရီ ၄၀မိနစ်တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ လေးနေရာကနေ ခွဲပြီးတိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က တစ်ယောက်သေတဲ့အကြောင်းကို ဖရဲသီး(တပ်တွင်းသတင်းပေး) ဆီက ပြန်သိရတာပါ” ဟု BHA တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် ပျူစောထီးတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်းနှင့် စစ်ကောင်စီတပ်သည် ရေယာဉ်ပေါ်မှ ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ များဘက်မှ အထိအခိုက်မရှိကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Fighter Group ကဦးဆောင်ပြီး Farmers Revolution Force – 3 မုံရွာအခရိုင် တပ်ရင်း (၁၀) ၊ မုံရွာခရိုင်း တပ်ရင်း(၉) တပ်ခွဲ (၃) ၊ ဗန္ဓုလနှင့်အဖွဲ့သားများ ၊ BHA တို့ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၃ရက်ကလည်း မုံရွာမြို့ ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ ပေါင်းဝကျေးရွာသို့ ထွက်ခွာလာသော စစ်ကောင်စီရေယာဉ်အား Brave Heart Army နှင့် ညီနောင်မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ မော်တော်အင်ဂျင်ထိမှန်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားများ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

https://youtu.be/XXgb5G5dsY4

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကံကြီးကုန်းရွာ
#စစ်ကောင်စီရေယာဥ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤3😁3👏2🤣1
​​သန်လျင်တွင် မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်၍ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရ
=================

ရောင်နီ
(မဇ္စျိမ)။ ။ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားရာမှ စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္စျိမသို့ ပြောသည်။

သန်လျင်မြို့နယ်၊ အောင်ချမ်းသာ(၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် ဗိုလ်မိုးလမ်းဆုံတွင် ဇူလိုင်လ ၄ ရက် နေ့ ညပိုင်းက ကာကွယ်ရေးတပ်ဖွဲ့များမှ ဖောက်ခွဲမှုတခုပြုလုပ်ခဲ့ကြသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့် အဆို ပါနေရာအနီးတဝိုက်သို့ ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေး နေစဉ် ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ညဘက်ပေါက်တဲ့နေရာကို လာစစ်တဲ့အချိန် ထပ်ပေါက်တာ။ ဗုံးကိုတုတ်နဲ့ထိုးတဲ့အချိန်မှာ ထပေါက်တာ လို့လည်း ကြားတယ်။ သုံးယောက်ထိတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသို့ လူနာတင်ယာဉ်များရောက်ရှိလာပြီး စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှုအခြေအနေအသေးစိတ်ကိုမသိရကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် ထပ်မံအင်အားဖြည့်တင်းကာ တပင်ရွှေထီး လမ်းမတလျှောက် ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ဖြစ်တဲ့နေရာက ပြည်သူ့တွေကိုတော့ ရမ်းသွားတာပေါ့။ သူတို့ထိရင် ထုံးစံပဲလေ။ ပြည်သူ့တွေအနေနဲ့ မသက်ဆိုင်တဲ့အရာတွေကို မကိုင်တွယ်ဖို့နဲ့၊ စခတွေ၊ သူတို့နဲ့ပတ်သက်တဲ့ လူတွေနဲ့ နီးနီးကပ်ကပ်မနေဖို့ အကြံပြုချင်ပါတယ်” ဟု ဒေသတွင်းသတင်းများဖော်ပြနေသည့် သန်လျင်မီဒီယာတာဝန်ရှိသူက ဆိုသည်။

ရန်ကုန်တိုင်းခရိုင်လေးခုရှိ စစ်ကောင်စီတပ်စခန်း၊ ဦးစီးဌာနများအပါအဝင် စစ်ရေးပစ်မှတ်နေရာ ခြောက် ခုကို ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းတွင် မြို့ပြပြောက်ကျားများက ဗုံး ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းရှင်းလင်းရေး လုပ်ဆောင်စဉ် ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာမှာ စစ်ကောင်စီတပ်က ပြည်သူ များ၏ဆိုင်ကယ်များကို အတင်းအကျပ် စစ်ဆေးသည့်နေရာဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဝါဒဖြန့်ဒီယာများတွင်လည်း သန်လျင်မြို့နယ်၊ တပင်ရွှေထီးလမ်းဘေး အမှိုက်ပုံတွင် မပေါက် ကွဲသေးသည့် လက်လုပ်ဗုံး နှစ်လုံးတွေ့ရှိခြင်းကြောင့် အတားအဆီးပြုလုပ် ဖောက်ခွဲဖျက်ဆီးခဲ့ကာ ထိ ခိုက်မှုမရှိကြောင်း ဖော်ပြကြသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#သန်လျင်
#ဗုံးပေါက်ကွဲ
#မိုင်းရှာဖွေ
#ရန်ကုန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁3👏2❤1
​​ဟွန်ဆန်၏ ဖေ့ဘွတ်ခ်အကောင့်ကို ဆိုင်းငံ့ထားရန် အကြံပေးသည့် Meta ကြီးကြပ်ရေး ဘုတ်အဖွဲ့ဝင်များအား ကမ္ဘောဒီးယားက အမည်ပျက်စာရင်းသွင်း
======================

နိုင်ငံရေးပြိုင်ဘက်များကို ရိုက်နှက်မည်ဟု ခြိမ်းခြောက်ထားသည့် ဗီဒီယိုတစ်ခုတင်ခဲ့သော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ဖေ့ဘွတ်ခ်အကောင့်ကို ဆိုင်းငံ့ထားရန် ဖေ့ဘွတ်ခ် မိခင်ကုမ္ပဏီ Meta ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့က အကြံပြုခဲ့ပြီးနောက် အဆိုပါ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အဖွဲ့ဝင် ၂၂ ဦးကို ကမ္ဘောဒီးယားက ဇူလိုင် ၄ ရက်တွင် အမည်ပျက်စာရင်း သွင်းလိုက်ကြောင်း သိရသည်။

ကမ္ဘောဒီးယား၏ ကာလရှည်ခေါင်းဆောင် ဟွန်ဆန်က ဖေ့ဘွတ်ခ် ပလက်ဖောင်း အသုံးပြုမှုကို ရပ်ဆိုင်းပြီး ၎င်း၏ အကောင့်ကို ဖျက်သိမ်းသွားခဲ့သည်ကို မြင်တွေ့ခဲ့ရသည့် တင်းမာမှုကိစ္စတွင် ယခု အမည်ပျက်စာရင်းသွင်းမှု ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ၏ အဓိကပြိုင်ဘက်ဖြစ်သော အတိုက်အခံပါတီ၏ မှတ်ပုံတင်စာရင်းသွင်းမှုကို အာဏာပိုင်တို့က ငြင်းဆန်ပိတ်ပင်ပြီးနောက် အတုအယောင် ရွေးကောက်ပွဲတစ်ခုဖြစ်လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံနေရသည့် ဇူလိုင် ၂၃ ရက် ရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ်များအလိုတွင် ယခုကဲ့သို့ ဟွန်ဆန်၏ ဖေ့ဘွတ်ခ်အကောင့်ကိစ္စ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
😁13👍9❤1👏1
This media is not supported in your browser
VIEW IN TELEGRAM
ပါလက်စတိုင်းဒေသခံတွေက ဂျနင်မှာအစ္စရေးရဲ့ဝင်ရောက်စီးနင်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်

#internationalnews #reels #shorts #Mizzima
🔥1😁1
S.S.L.R.U နှင့် ရိုးမမာန်စွယ်ပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းပြီး ဒရုန်းသင်တန်းပေး
👍19🔥1😁1