Media is too big
VIEW IN TELEGRAM
ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေ
Watch more detail -
https://buff.ly/44xRi0u
#ရိုဟင်ဂျာ #ICC #ဘင်္ဂလားဒေ့ရှ် #VideoNews #shorts #reels

👍9🤣2❤1👏1
ဇူလိုင်လ ၆ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
01:01-ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့သတင်း
04:32-အုတ်ဖိုမြို့နယ်မှာ ပျူစောထီးဆိုသူ ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း
05:32-စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်ကြောင်း KIAသတိပေးတဲ့သတင်း
08:21-ထိုင်းပါလီမန်အသစ်က ဇူလိုင် ၁၃ ရက်မှာ ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်ဖို့ရှိတဲ့သတင်းအပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/o2NJ9uOfbZg
#2pmnews
#mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ ၆ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01-ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့သတင်း
04:32-အုတ်ဖိုမြို့နယ်မှာ ပျူစောထီးဆိုသူ ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း
05:32-စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်ကြောင်း…

👍6😁2❤1
Media is too big
VIEW IN TELEGRAM
စင်ကာပူမှာ သေဒဏ်ကျခံရသူတစ်ဦးရဲ့ ကွပ်မျက်မခံရမီ နောက်ဆုံးဓါတ်ပုံတွေကြောင့် လူအများစိတ်မကောင်း ဖြစ်ကြရ
#internationalnews #reels #shorts #Singapore #Mizzima

👍5😁2
ကံကြီးကုန်းရွာ တိုက်ပွဲမှ အရေးနိမ့်၍ ရေယာဥ်ဖြင့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ် ထပ်မံတိုက်ခိုက်ခံရ
==================
ပါခွီး (မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကံကြီးကုန်းရွာ တိုက်ပွဲမှ အရေးနိမ့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ရေယာဥ်ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army (BHA) တာဝန်ရှိသူထံက သိရသည်။
ကာကွယ်ရေးတပ်ဖွဲ့များက ကံကြီးကုန်းရွာ တွင် အထိုင်ချနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဇူလိုင်လ ၅ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် အရေးနိမ့်သော စစ်ကောင်စီတပ်သားများသည် ရေယာဥ်ဖြင့် ထွက်ပြေးရာ ထိုရေယာဥ်ကို ယင်းနေ့ ညနေ ၅နာရီ ၄၀မိနစ်တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ လေးနေရာကနေ ခွဲပြီးတိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က တစ်ယောက်သေတဲ့အကြောင်းကို ဖရဲသီး(တပ်တွင်းသတင်းပေး) ဆီက ပြန်သိရတာပါ” ဟု BHA တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် ပျူစောထီးတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်းနှင့် စစ်ကောင်စီတပ်သည် ရေယာဉ်ပေါ်မှ ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ များဘက်မှ အထိအခိုက်မရှိကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Chindwin Fighter Group ကဦးဆောင်ပြီး Farmers Revolution Force – 3 မုံရွာအခရိုင် တပ်ရင်း (၁၀) ၊ မုံရွာခရိုင်း တပ်ရင်း(၉) တပ်ခွဲ (၃) ၊ ဗန္ဓုလနှင့်အဖွဲ့သားများ ၊ BHA တို့ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၃ရက်ကလည်း မုံရွာမြို့ ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ ပေါင်းဝကျေးရွာသို့ ထွက်ခွာလာသော စစ်ကောင်စီရေယာဉ်အား Brave Heart Army နှင့် ညီနောင်မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ မော်တော်အင်ဂျင်ထိမှန်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားများ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
https://youtu.be/XXgb5G5dsY4
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ကံကြီးကုန်းရွာ
#စစ်ကောင်စီရေယာဥ်

ကာကွယ်ရေးတပ်ဖွဲ့များက…
ကာကွယ်ရေးတပ်ဖွဲ့များက…
👍16❤3😁3👏2🤣1
သန်လျင်တွင် မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်၍ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရ
=================
ရောင်နီ
(မဇ္စျိမ)။ ။ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားရာမှ စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္စျိမသို့ ပြောသည်။
သန်လျင်မြို့နယ်၊ အောင်ချမ်းသာ(၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် ဗိုလ်မိုးလမ်းဆုံတွင် ဇူလိုင်လ ၄ ရက် နေ့ ညပိုင်းက ကာကွယ်ရေးတပ်ဖွဲ့များမှ ဖောက်ခွဲမှုတခုပြုလုပ်ခဲ့ကြသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့် အဆို ပါနေရာအနီးတဝိုက်သို့ ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေး နေစဉ် ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“ညဘက်ပေါက်တဲ့နေရာကို လာစစ်တဲ့အချိန် ထပ်ပေါက်တာ။ ဗုံးကိုတုတ်နဲ့ထိုးတဲ့အချိန်မှာ ထပေါက်တာ လို့လည်း ကြားတယ်။ သုံးယောက်ထိတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသို့ လူနာတင်ယာဉ်များရောက်ရှိလာပြီး စစ်ကောင်စီတပ်သားများ၏ ထိခိုက်မှုအခြေအနေအသေးစိတ်ကိုမသိရကြောင်း ၎င်းကဆိုသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် ထပ်မံအင်အားဖြည့်တင်းကာ တပင်ရွှေထီး လမ်းမတလျှောက် ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ဖြစ်တဲ့နေရာက ပြည်သူ့တွေကိုတော့ ရမ်းသွားတာပေါ့။ သူတို့ထိရင် ထုံးစံပဲလေ။ ပြည်သူ့တွေအနေနဲ့ မသက်ဆိုင်တဲ့အရာတွေကို မကိုင်တွယ်ဖို့နဲ့၊ စခတွေ၊ သူတို့နဲ့ပတ်သက်တဲ့ လူတွေနဲ့ နီးနီးကပ်ကပ်မနေဖို့ အကြံပြုချင်ပါတယ်” ဟု ဒေသတွင်းသတင်းများဖော်ပြနေသည့် သန်လျင်မီဒီယာတာဝန်ရှိသူက ဆိုသည်။
ရန်ကုန်တိုင်းခရိုင်လေးခုရှိ စစ်ကောင်စီတပ်စခန်း၊ ဦးစီးဌာနများအပါအဝင် စစ်ရေးပစ်မှတ်နေရာ ခြောက် ခုကို ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းတွင် မြို့ပြပြောက်ကျားများက ဗုံး ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းရှင်းလင်းရေး လုပ်ဆောင်စဉ် ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာမှာ စစ်ကောင်စီတပ်က ပြည်သူ များ၏ဆိုင်ကယ်များကို အတင်းအကျပ် စစ်ဆေးသည့်နေရာဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီဝါဒဖြန့်ဒီယာများတွင်လည်း သန်လျင်မြို့နယ်၊ တပင်ရွှေထီးလမ်းဘေး အမှိုက်ပုံတွင် မပေါက် ကွဲသေးသည့် လက်လုပ်ဗုံး နှစ်လုံးတွေ့ရှိခြင်းကြောင့် အတားအဆီးပြုလုပ် ဖောက်ခွဲဖျက်ဆီးခဲ့ကာ ထိ ခိုက်မှုမရှိကြောင်း ဖော်ပြကြသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#သန်လျင်
#ဗုံးပေါက်ကွဲ
#မိုင်းရှာဖွေ
#ရန်ကုန်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12😁3👏2❤1
ဟွန်ဆန်၏ ဖေ့ဘွတ်ခ်အကောင့်ကို ဆိုင်းငံ့ထားရန် အကြံပေးသည့် Meta ကြီးကြပ်ရေး ဘုတ်အဖွဲ့ဝင်များအား ကမ္ဘောဒီးယားက အမည်ပျက်စာရင်းသွင်း
======================
နိုင်ငံရေးပြိုင်ဘက်များကို ရိုက်နှက်မည်ဟု ခြိမ်းခြောက်ထားသည့် ဗီဒီယိုတစ်ခုတင်ခဲ့သော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ဖေ့ဘွတ်ခ်အကောင့်ကို ဆိုင်းငံ့ထားရန် ဖေ့ဘွတ်ခ် မိခင်ကုမ္ပဏီ Meta ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့က အကြံပြုခဲ့ပြီးနောက် အဆိုပါ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အဖွဲ့ဝင် ၂၂ ဦးကို ကမ္ဘောဒီးယားက ဇူလိုင် ၄ ရက်တွင် အမည်ပျက်စာရင်း သွင်းလိုက်ကြောင်း သိရသည်။
ကမ္ဘောဒီးယား၏ ကာလရှည်ခေါင်းဆောင် ဟွန်ဆန်က ဖေ့ဘွတ်ခ် ပလက်ဖောင်း အသုံးပြုမှုကို ရပ်ဆိုင်းပြီး ၎င်း၏ အကောင့်ကို ဖျက်သိမ်းသွားခဲ့သည်ကို မြင်တွေ့ခဲ့ရသည့် တင်းမာမှုကိစ္စတွင် ယခု အမည်ပျက်စာရင်းသွင်းမှု ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။
ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ၏ အဓိကပြိုင်ဘက်ဖြစ်သော အတိုက်အခံပါတီ၏ မှတ်ပုံတင်စာရင်းသွင်းမှုကို အာဏာပိုင်တို့က ငြင်းဆန်ပိတ်ပင်ပြီးနောက် အတုအယောင် ရွေးကောက်ပွဲတစ်ခုဖြစ်လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံနေရသည့် ဇူလိုင် ၂၃ ရက် ရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ်များအလိုတွင် ယခုကဲ့သို့ ဟွန်ဆန်၏ ဖေ့ဘွတ်ခ်အကောင့်ကိစ္စ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

😁13👍9❤1👏1
This media is not supported in your browser
VIEW IN TELEGRAM
ပါလက်စတိုင်းဒေသခံတွေက ဂျနင်မှာအစ္စရေးရဲ့ဝင်ရောက်စီးနင်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်
#internationalnews #reels #shorts #Mizzima

🔥1😁1
S.S.L.R.U နှင့် ရိုးမမာန်စွယ်ပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းပြီး ဒရုန်းသင်တန်းပေး
👍19🔥1😁1

=====================
ကိုဇာနည်
(မဇ္စျိမ) ။ ။ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - S.S.L.R.U နှင့် ရိုးမမာန်စွယ် ပြောက်ကျားတပ်ဖွဲ့တို့မှ ပူးတွဲပို့ချခဲ့သော အပတ်စဉ် (၁) ဒရုန်းသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
သင်တန်းကာလအတွင်း ဒရုန်းတပ်ဆင်ခြင်းနှင့် မောင်းနှင်ခြင်းသင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားမျှဝေပေးခြင်း၊ ဒရုန်းကင်းထောက်ခြင်း နည်းနာများ၊ မြေပြင်နှင့် ဝေဟင်ပူးတွဲ ချေမှုန်းရေးနည်းနာများကို မျှဝေပို့ချသင်ကြားပေးခဲ့ကြောင်း S.S.L.R.U က ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါသင်တန်းကို ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - S.S.L.R.Uမှ တပ်ခွဲများ ဖြစ်ကြသည့် ချိူးဖြူတော်လှန်ရေးတပ်ဖွဲ့ - J.P.R.F ၊ အောင်ပန်းမြို့ပြပျောက်ကြားတပ်စု - UTF ABN၊ ရှမ်းရိုးမမြေအောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - SYM UGPDF၊ Red Ants Guerilla Force တို့နှင့်အတူ ညီနောင်မဟာမိတ်အဖွဲ့အစည်းများဖြစ်ကြသည့် ရိုးမမာန်စွယ် ပြောက်ကျားတပ်ဖွဲ့၊ တောင်တွင်းကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်တွင်းကြီး ပ.က.ဖ)၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နေပြည်တော် ပ.က.ဖ)၊ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စသည့် အဖွဲ့ ရှစ်ဖွဲ့က စစ်သည်တော်များ တက်ရောက်ခဲ့သည်။
စာတည်း။ ။ နောင်နောင်
#S.S.L.R.U
#ဒရုန်းသင်တန်းပေး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ကိုဇာနည်
(မဇ္စျိမ) ။ ။ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - S.S.L.R.U နှင့် ရိုးမမာန်စွယ် ပြောက်ကျားတပ်ဖွဲ့တို့မှ ပူးတွဲပို့ချခဲ့သော အပတ်စဉ် (၁) ဒရုန်းသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
သင်တန်းကာလအတွင်း ဒရုန်းတပ်ဆင်ခြင်းနှင့် မောင်းနှင်ခြင်းသင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားမျှဝေပေးခြင်း၊ ဒရုန်းကင်းထောက်ခြင်း နည်းနာများ၊ မြေပြင်နှင့် ဝေဟင်ပူးတွဲ ချေမှုန်းရေးနည်းနာများကို မျှဝေပို့ချသင်ကြားပေးခဲ့ကြောင်း S.S.L.R.U က ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါသင်တန်းကို ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - S.S.L.R.Uမှ တပ်ခွဲများ ဖြစ်ကြသည့် ချိူးဖြူတော်လှန်ရေးတပ်ဖွဲ့ - J.P.R.F ၊ အောင်ပန်းမြို့ပြပျောက်ကြားတပ်စု - UTF ABN၊ ရှမ်းရိုးမမြေအောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - SYM UGPDF၊ Red Ants Guerilla Force တို့နှင့်အတူ ညီနောင်မဟာမိတ်အဖွဲ့အစည်းများဖြစ်ကြသည့် ရိုးမမာန်စွယ် ပြောက်ကျားတပ်ဖွဲ့၊ တောင်တွင်းကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်တွင်းကြီး ပ.က.ဖ)၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နေပြည်တော် ပ.က.ဖ)၊ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စသည့် အဖွဲ့ ရှစ်ဖွဲ့က စစ်သည်တော်များ တက်ရောက်ခဲ့သည်။
စာတည်း။ ။ နောင်နောင်
#S.S.L.R.U
#ဒရုန်းသင်တန်းပေး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤2🔥1😁1
Media is too big
VIEW IN TELEGRAM
ထုတ်လုပ်မှုနှုန်းတွေ လျှော့ချထားပေမဲ့ ရေနံဈေးဆက်ကျနေပြီး အစုရှယ်ယာတွေ မတည်ငြိမ်ဖြစ်နေ
#internationalnews #reels #shorts #Mizzima
#internationalnews #reels #shorts #Mizzima
👍11👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
တူရကီက ဒိန်းမတ်ပြတိုက်ရှိ ရှေးဟောင်းရုပ်တုရဲ့ဦးခေါင်းကို ပြန်တောင်း
#internationalnews #reels #shorts #Mizzima
#internationalnews #reels #shorts #Mizzima
👍5🔥1😁1
Business Round Up (6 July 2023)
============
- ဘားနှင့်စားသောက်ဆိုင်များ တီးဝိုင်းဖြင့်သီဆိုလျှင် ဖျော်ဖြေရေးလိုင်စင် ထပ်လျှောက်ရန်လိုအပ်ဟု သတင်းများထွက်ပေါ်
- အလုပ်သမားများ ဖမ်းဆီးခံရပြီးနောက် အထည်ချုပ်ကုမ္ပဏီတချို့ မြန်မာနိုင်ငံမှ လုပ်ငန်းများရပ်ဆိုင်း
- ဒေါ်လာဈေး ပြန်ကျလာသော်လည်း ထိုင်းဘတ်ငွေဈေး မြင့်တက်နေဆဲ
- နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုများ ဖြေရှင်းနိုင်ဖို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်မည်
https://youtu.be/Nzij95yeWww
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
============
- ဘားနှင့်စားသောက်ဆိုင်များ တီးဝိုင်းဖြင့်သီဆိုလျှင် ဖျော်ဖြေရေးလိုင်စင် ထပ်လျှောက်ရန်လိုအပ်ဟု သတင်းများထွက်ပေါ်
- အလုပ်သမားများ ဖမ်းဆီးခံရပြီးနောက် အထည်ချုပ်ကုမ္ပဏီတချို့ မြန်မာနိုင်ငံမှ လုပ်ငန်းများရပ်ဆိုင်း
- ဒေါ်လာဈေး ပြန်ကျလာသော်လည်း ထိုင်းဘတ်ငွေဈေး မြင့်တက်နေဆဲ
- နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုများ ဖြေရှင်းနိုင်ဖို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်မည်
https://youtu.be/Nzij95yeWww
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (6 July 2023)
- ဘားနှင့်စားသောက်ဆိုင်များ တီးဝိုင်းဖြင့်သီဆိုလျှင် ဖျော်ဖြေရေးလိုင်စင် ထပ်လျှောက်ရန်လိုအပ်ဟု သတင်းများထွက်ပေါ်
- အလုပ်သမားများ ဖမ်းဆီးခံရပြီးနောက် အထည်ချုပ်ကုမ္ပဏီတချို့ မြန်မာနိုင်ငံမှ လုပ်ငန်းများရပ်ဆိုင်း
- ဒေါ်လာဈေး ပြန်ကျလာသော်လည်း ထိုင်းဘတ်ငွေဈေး…

👍2🔥2