S.S.L.R.U နှင့် ရိုးမမာန်စွယ်ပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းပြီး ဒရုန်းသင်တန်းပေး
👍19🔥1😁1

=====================
ကိုဇာနည်
(မဇ္စျိမ) ။ ။ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - S.S.L.R.U နှင့် ရိုးမမာန်စွယ် ပြောက်ကျားတပ်ဖွဲ့တို့မှ ပူးတွဲပို့ချခဲ့သော အပတ်စဉ် (၁) ဒရုန်းသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
သင်တန်းကာလအတွင်း ဒရုန်းတပ်ဆင်ခြင်းနှင့် မောင်းနှင်ခြင်းသင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားမျှဝေပေးခြင်း၊ ဒရုန်းကင်းထောက်ခြင်း နည်းနာများ၊ မြေပြင်နှင့် ဝေဟင်ပူးတွဲ ချေမှုန်းရေးနည်းနာများကို မျှဝေပို့ချသင်ကြားပေးခဲ့ကြောင်း S.S.L.R.U က ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါသင်တန်းကို ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု - S.S.L.R.Uမှ တပ်ခွဲများ ဖြစ်ကြသည့် ချိူးဖြူတော်လှန်ရေးတပ်ဖွဲ့ - J.P.R.F ၊ အောင်ပန်းမြို့ပြပျောက်ကြားတပ်စု - UTF ABN၊ ရှမ်းရိုးမမြေအောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - SYM UGPDF၊ Red Ants Guerilla Force တို့နှင့်အတူ ညီနောင်မဟာမိတ်အဖွဲ့အစည်းများဖြစ်ကြသည့် ရိုးမမာန်စွယ် ပြောက်ကျားတပ်ဖွဲ့၊ တောင်တွင်းကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်တွင်းကြီး ပ.က.ဖ)၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နေပြည်တော် ပ.က.ဖ)၊ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စသည့် အဖွဲ့ ရှစ်ဖွဲ့က စစ်သည်တော်များ တက်ရောက်ခဲ့သည်။
စာတည်း။ ။ နောင်နောင်
#S.S.L.R.U
#ဒရုန်းသင်တန်းပေး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍15❤2🔥1😁1
Media is too big
VIEW IN TELEGRAM
ထုတ်လုပ်မှုနှုန်းတွေ လျှော့ချထားပေမဲ့ ရေနံဈေးဆက်ကျနေပြီး အစုရှယ်ယာတွေ မတည်ငြိမ်ဖြစ်နေ
#internationalnews #reels #shorts #Mizzima

👍11👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
တူရကီက ဒိန်းမတ်ပြတိုက်ရှိ ရှေးဟောင်းရုပ်တုရဲ့ဦးခေါင်းကို ပြန်တောင်း
#internationalnews #reels #shorts #Mizzima
#internationalnews #reels #shorts #Mizzima
👍5🔥1😁1
Business Round Up (6 July 2023)
============
- ဘားနှင့်စားသောက်ဆိုင်များ တီးဝိုင်းဖြင့်သီဆိုလျှင် ဖျော်ဖြေရေးလိုင်စင် ထပ်လျှောက်ရန်လိုအပ်ဟု သတင်းများထွက်ပေါ်
- အလုပ်သမားများ ဖမ်းဆီးခံရပြီးနောက် အထည်ချုပ်ကုမ္ပဏီတချို့ မြန်မာနိုင်ငံမှ လုပ်ငန်းများရပ်ဆိုင်း
- ဒေါ်လာဈေး ပြန်ကျလာသော်လည်း ထိုင်းဘတ်ငွေဈေး မြင့်တက်နေဆဲ
- နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုများ ဖြေရှင်းနိုင်ဖို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး တရုတ်နိုင်ငံသို့ သွားရောက်မည်
https://youtu.be/Nzij95yeWww
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
Business Round Up (6 July 2023)
- ဘားနှင့်စားသောက်ဆိုင်များ တီးဝိုင်းဖြင့်သီဆိုလျှင် ဖျော်ဖြေရေးလိုင်စင် ထပ်လျှောက်ရန်လိုအပ်ဟု သတင်းများထွက်ပေါ်
- အလုပ်သမားများ ဖမ်းဆီးခံရပြီးနောက် အထည်ချုပ်ကုမ္ပဏီတချို့ မြန်မာနိုင်ငံမှ လုပ်ငန်းများရပ်ဆိုင်း
- ဒေါ်လာဈေး ပြန်ကျလာသော်လည်း ထိုင်းဘတ်ငွေဈေး…

👍2🔥2
တောင်ငူ- လိပ်သို ကားလမ်းတွင် စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၂ ဦး အသတ်ခံရ
👍9🥴2🔥1

====================
YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ်၊ တောင်ငူ- လိပ်သို ကားလမ်းမကြီးပေါ်တွင် သံတောင်အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့ဝင်နှစ်ဦး အသတ်ခံလိုက်ရကြောင်း KNU တပ်မဟာ (၂) ရှိ သတင်းရင်းမြစ်ထံက သိရသည်။
သံတောင်မြို့ ၁၃ မိုင်မှ ပျားစခန်းကျေးရွာတစ်လျှောက်၊ သံတောင်- တောင်ငူ ကားလမ်းမဘေးရှိ ကျွန်းခင်းများမှ ကျွန်းသစ်များကို ကိုယ်ကျိုးအတွက် အချိန်ပြည့် ခုတ်ယူနေသည့် သံတောင်အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူ ပျားစခန်းကျေးရွာနေ စောခင်မောင်လွင်နှင့် ဘိုဗရာတို့နှစ်ဦးကို ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း PDF- ThanDaung တာဝန်ရှိသူကပြောသည်။
" ဖုန်းနဲ့မျှားခေါ်ပြီး တောင်ငူ-လိပ်သိုကားလမ်း၊ ကျောက်တိုင်နှင့် ကျွန်းကုန်းကျေးရွာအကြားမှာ လာတော့ ကားရပ်ခိုင်းပြီး တစ်ယောက်ကို နှစ်ချက်စီ ပစ်လိုက်တယ်။ သေနတ်ကို အရယူပြီး ကားကို မီးရှို့ပစ်လိုက်တာ" ဟု KNU တပ်မဟာ (၂) သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
ပစ်ခတ်မှုအပြီး ၎င်းတို့၏ M1 ကာဘိုင် သေနတ်တစ်လက်၊ ကျည် ၁၀ တောင့်နှင့် မှတ်ပုံတင်များ၊ အဖွဲ့ဝင်ကတ်ပြားများကို သိမ်းဆည်းကာ ၎င်းတို့ မောင်းနှင်လာသော Mark- II အဖြူရောင်ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့သည် သံတောင်ကြီးမြို့နယ်တွင် လှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ အထူးပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း PDF- ThanDaung တာဝန်ခံနှင့် KNU တပ်မဟာ (၂) သတင်းရင်းမြစ်ထံက သိရသည်။
People Defense Force- ThanDaung အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်အတွင်း အခြေချ လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီထောက်တိုင်များအား မကြာခဏ တိုက်ခိုက်လေ့ရှိသော အဖွဲ့ဖြစ်ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
# ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်
#PDF- ThanDaung
ဓါတ်ပုံ- မီးရှို့ဖျက်ဆီးခဲ့သော Mark-II အဖြူရောင်ကားနှင့် သိမ်းဆည်းရမိခဲ့သော ပစ္စည်းများ

Facebook
#mizzima – Explore
explore #mizzima at Facebook
👍13👏2🔥1🥴1
ဇူလိုင်လ ၆ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
01:02-သန်လျင်မှာ မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရတဲ့သတင်း
02:20-ချင်းအမျိုးသားတပ်မတော်(CNF)မှ ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်း ကွယ်လွန်တဲ့သတင်း
03:09-ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့သတင်း
06:40-စင်ကာပူမှာ သေဒဏ်ကျခံရသူတစ်ဦးရဲ့ ကွပ်မျက်မခံရမီ နောက်ဆုံးဓါတ်ပုံတွေကြောင့် လူအများစိတ်မကောင်း ဖြစ်ကြရတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/AzYK2DywryA
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
01:02-သန်လျင်မှာ မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရတဲ့သတင်း
02:20-ချင်းအမျိုးသားတပ်မတော်(CNF)မှ ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်း ကွယ်လွန်တဲ့သတင်း
03:09-ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့သတင်း
06:40-စင်ကာပူမှာ သေဒဏ်ကျခံရသူတစ်ဦးရဲ့ ကွပ်မျက်မခံရမီ နောက်ဆုံးဓါတ်ပုံတွေကြောင့် လူအများစိတ်မကောင်း ဖြစ်ကြရတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/AzYK2DywryA
#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ ၆ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:02-သန်လျင်မှာ မိုင်းရှာဖွေရှင်းလင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရတဲ့သတင်း
02:20-ချင်းအမျိုးသားတပ်မတော်(CNF)မှ ဒုတိယဗိုလ်မှူးကြီး ဆန်လျန်ထန်း ကွယ်လွန်တဲ့သတင်း
03:09-ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးဖို့ ICC ရှေ့နေချုပ်အဖွဲ့…

👍1😁1🍌1
စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ် ==================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ကို ယနေ့ ဇူလိုင်လ ၆ ရက်တွင် ပြုလုပ်ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုကြသည်။
ထိုဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၃၆ ရက်မြောက်ဖြစ်သည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆားလင်းကြီးမြို့နယ်
http://www.mizzimaburmese.com/article/130494
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ကို ယနေ့ ဇူလိုင်လ ၆ ရက်တွင် ပြုလုပ်ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုကြသည်။
ထိုဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၃၆ ရက်မြောက်ဖြစ်သည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆားလင်းကြီးမြို့နယ်
http://www.mizzimaburmese.com/article/130494
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍1🔥1😁1
မုန်တိုင်းအကူအညီကို ပိတ်ဆို့ခြင်းက စစ်ကောင်စီ၏ သံတမန်ရေးရာ အရေးပျက်ပြားမှုကို မီးမောင်းထိုးပြ
=====================
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နေရာအချို့ဆီ ဆိုင်ကလုန်း မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် သီတင်းငါးပတ်ရှိသည့်တိုင် မြန်မာစစ်ကောင်စီသည် မုန်တိုင်းဒဏ်သင့် ပြည်သူတစ်သန်းကျော်ထက်မနည်း၏ အားချင်း လိုအပ်သော အကူအညီများကို ကန့်သတ်ပိတ်ဆို့နေဆဲ ဖြစ်သည်။
ပိုမိုလိုအပ်သော အကူအညီများ ပေးပို့မှုတွင် ကုလသမဂ္ဂနှင့် အာဆီယံတို့အား ကဖျက်ကယက် လုပ်ဆောင်နေခြင်းက စစ်ကောင်စီ၏ ပိုမို အထီးကျန်လာမှုကို မီးမောင်းထိုးပြနေပြီး AA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တင်းမာမှုများ မြင့်တက်စေသည်။
အဆင့် ၅ အပူပိုင်းမုန်တိုင်း မိုခါသည် မေ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းဆီ ဝင်ရောက်တိုက်ခတ်ရာ မြို့တော် စစ်တွေနှင့် အခြား မြို့နယ်များတွင် အိမ်များ ပြိုလဲရသကဲ့သို့ အခြေခံအဆောက်အအုံများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးရစေကာ ရေကြီးမှုများ ဖြစ်ပွားခဲ့သည်။

👍12🔥1🤣1
Media is too big
VIEW IN TELEGRAM
IAEA ရဲ့အစီရင်ခံစာကို ဖူကူရှီးမားရေစွန့်ထုတ်ခွင့်အဖြစ် ဂျပန်ကအသုံးပြုလို့မရကြောင်း တရုတ်ပြော
#internationalnews #reels #shorts #Mizzima #IAEA #Japan #China

🔥4👏2
ဝက်လက်တွင် စစ်ကောင်စီတပ်က ဈေးသည် ၇ ဦးကို သတ်ဖြတ်သွားဟုဆို
==================
ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယနေ့ နံနက် ၄နာရီခန့်က ဈေးရောင်းထွက်လာသော ဈေးသည် ခုနစ်ဦးအား စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်သွားပြီး အရပ်သားပြည်သူ ၁၅ဦးထက်မနည်းကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။
ယနေ့ ဇူလိုင် ၆ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းရွာသို့ ခြေလျင် စစ်ကြောင်း ထိုးလာခဲ့သော စစ်ကောင်စီတပ်က သမရိုးရွာထိပ်အရောက်တွင် ဈေးသည် ခုနစ်ဦးကို သတ်ဖြတ်သွားခြင်းဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။
“ သေဆုံးခဲ့သူတွေက အရပ်သားတွေချည်းပဲ။ သူတို့စစ်ကြောင်းဝင်လာတာကို ဘယ်သူမှ မသိလိုက်ဘူး။ စစ်တပ်က ရွာထဲ ဝင်တဲ့အချိန်ကစပြီး တောက်လျောက် ရမ်းပစ်လာတာ။ အဲ့အချိန် မနက်အစော စျေးထွက်ရောင်းတဲ့ စျေးသည်တွေနဲ့ ပြည်သူတွေထိကုန်တာပါ” ဟု အဆိုပါ ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် ၃၀နှစ်မှ အသက် ၆၀ကြားရှိ ဈေးသည် အမျိုးသမီး လေးဦး၊ အမျိုးသား သုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။သေဆုံးသွားသူများမှာ သမားရိုးကျေးရွာမှဒေါ်နှင်းလှိုင်၊ဒေါ်အေးနုဝင်းနှင့် ဒေါ်မွေလီ၊ဦးဖိုးလွင်၊ ဦးသိန်းလှိုင်၊ကိုဝေမိုးနှင့် ကူးတို့ကိုင်းရွာမှဒေါ်ဖြူတို့ ဖြစ်ကြောင်း Wetlet Informational Network က သတင်းထုတ်ပြန်ထားသည်။
" ဈေးသည်တွေက ဆိုင်ကယ်နဲ့ ဈေးထွက်ရောင်းကြတာပါ။ အခုသေဆုံးတာ အရပ်သားတွေချည်းပါပဲ" ဟု ဝက်လက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
ထိုစစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၆၀ ခန့်ပါဝင်ပြီး သမားရိုးတံတားပေါ်မှဖြတ်ကာဝက်လက်နှင့် တစ်ဆက်တည်းဖြစ်သော အရာတော်မြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။ လမ်းတလျှောက်ရှိ အရပ်သားပြည်သူ ၁၅ဦးထက်မနည်းကိုလည်းဖမ်းဆီးသွားသည်ဟု ဆိုသည်။ ဖမ်းဆီးခံအရပ်သားများနှင့်ပတ်သက်၍ အသေးစိတ်မသိရသေးပေ။
စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ညနေတွင် ဝက်လက်နှင့် အရာတော်မြို့နယ်ကြားရှိ ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးနေပြီး ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ညနေ ၅နာရီတွင် ရရှိသော သတင်းအရ အဆိုပါစစ်ကြောင်းသည် အရာတော်မြို့နယ်မှ ပျူစောထီးရွာဖြစ်သော ငွေတွင်းရွာတွင် ရောက်ရှိနေကြောင်း ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။
စာတည်း- မောင်ကြီး
#mizzima
#ဝက်လက်မြို့နယ်
#ဈေးသည်ခုနစ်ဦး
#သတ်ဖြတ်ခံရ

🤬16😢5😁2❤1👍1