Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆဲဗင်းဇူလိုင်နေ့ လှုပ်ရှားမှုအဖြစ် ပြင်ဦးလွင်မှ လူငယ်များ Online Photo Campaign ပြုလုပ်
👍14😁1🤮1
ဆဲဗင်းဇူလိုင်နေ့ လှုပ်ရှားမှုအဖြစ် ပြင်ဦးလွင်မှ လူငယ်များ Online Photo Campaign ပြုလုပ်
===================

ရောင်နီ
(မဇ္စျိမ)။ ။စစ်အာဏာရှင်၏ ယုတ်မာရက်စက်မှုနှင့် ကျောင်းသားများအား ယုတ်မာရိုင်းစိုင်းခဲ့ပုံကို မမေ့ကြစေရန် ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ် Online Photo Campaign လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ပြင်ဦးလွင်မှ လူငယ်များက ပြုလုပ်ကြသည်။

“၇.၇.၆၂ မမေ့ကြနဲ့” “အဆောက်အဦဖြိုတိုင်း ငါတို့ သမဂ္ဂစိတ်ဓာတ်မပြို” ဟု စာသား ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ လူမှုကွန်ရက်မှ တစ်ဆင့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ဆဲဗင်းဇူလိုင်အထိမ်းအမှတ် Online Photo Campaign လှုပ်ရှားမှုတွင် မေမြို့ပင်မအထွေထွေသပိတ်အင်အားစု၊ Daung Twin Federal Education School ကျောင်းသားသမဂ္ဂတို့နှင့် လူငယ်များ အတူတကွ ပူးပေါင်းပါ၀င်ခဲ့ကြသည်။

“ မေမြို့ဆိုတဲ့ ပြင်ဦးလွင်ဟာ စစ်တပ်တွေ အများဆုံးရှိရာမြို့ဖြစ်ပါတယ်။ အစစ်ဆေး အတားအဆီးတွေရှိတဲ့ကြားက အာဏာရှင်ကို ရရာနည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်နေခဲ့ကြတာဟာ မေမြို့ရဲ့ အများထဲကမှ အနည်းငယ်လောက်သာ ရှိကြတဲ့ စိတ်ဓာတ်တွေပဲဖြစ်ပါတယ်” ဟု လှုပ်ရှားမှုတွင် ပါ၀င်ခဲ့သူတစ်ဦးက မဇ္စျိမကို ပြောသည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဇူလိုင်လ ၇ ရက်နေ့တွင် စစ်ခေါင်းဆောင်များက ကျောင်းသားထုကိုသတ်ဖြတ်ခြင်း၊ ရန်ကုန်တက္ကသိုလ်အတွင်းရှိကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲခြင်းများပြုလုပ်၍ ရက်စက်ယုတ်မာခဲ့သည်မှာ ယနေ့တွင် ၆၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့အချိန်အထိ ဆက်လက် ယုတ်မာဆဲဖြစ်သည့် စစ်တပ်ကို ပြည်သူများအနေဖြင့် မမေ့ကြရန်လည်း မေမြို့ပင်မအထွေထွေသပိတ်အင်အားစုက တိုက်တွန်း နှိုးဆော်ထားသည်။

၁၉၆၂ မတ်လတွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီးနောက်ပိုင်း အချက် ၂၂ ချက်ပါသည့် တက္ကသိုလ်ကျောင်းဆောင် စည်းကမ်းချက်အသစ်များ ထုတ်ပြန်ခဲ့ပြီး ထိုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းသားများဘက်ကလည်း ဆန့်ကျင် ဆန္ဒပြခဲ့ကြရာမှ စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့သည့်အတွက် ကျောင်းသားများ သေဆုံးခဲ့ရပြီး ကျောင်းသား သမဂ္ဂ အဆောက်အဦလည်း ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#တက္ကသိုလ်ကျောင်းဆောင်
#ဆဲဗင်းဇူလိုင်နေ့
#ပြင်ဦးလွင်
#Online Photo Campaign
#လှုပ်ရှားမှုအဖြစ်
#လူငယ်များ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁1🤮1
​​စစ်အာဏာရှင် လက်အောက်၌ မြန်မာနိုင်ငံက နက်ရှိုင်းသည့် အကြမ်းဖက်မှုများဆီ ဆက်လက်သက်ဆင်းနေဟု ကုလသမဂ္ဂ ပြော
=======================

မြန်မာနိုင်ငံသည် “အဆင်အခြင်မဲ့သော စစ်အာဏာရှင်၏ ထင်ရာစိုင်းမှု၌ နက်ရှိုင်းသော အကြမ်းဖက်မှုများဆီ ဆက်လက်ကျဆင်းနေကြောင်း” ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက ကြာသပတေးနေ့တွင် ပြောသည်။

“မြန်မာပြည်သူတွေ ဘေးဒုက္ခတွေကို ကြံ့ကြံ့ခိုင်နေမှုဟာ စိတ်ကူးလို့တောင် မဖြစ်နိုင်သလောက်ပါပဲ”ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၅၃ ကြိမ်မြောက် အစည်းအဝေး တစ်စိတ်တစ်ဒေသအဖြစ် ဂျီနီဗာ၌ မြန်မာအရေး ဆွေးနွေးမှုတွင် ဗိုကာ တက်ခ်က ပြောခြင်း ဖြစ်သည်။

“အခုထိ မြန်မာနိုင်ငံဟာ နက်ရှိုင်းတဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်နာစရာဆီကို ဆက်လက် သက်ဆင်းနေပါတယ်”ဟု ၎င်းက ပြောသည်။
👍13🔥2
စစ်ကောင်စီက ဒီဂျစ်တယ်နည်းပညာအသုံးချမှုကို တင်းကြပ်စွာ ကန့်သတ်ချုပ်ကိုင်ထားဆဲ
=====================

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ဖို့နဲ့ သတင်း အချက်အလက်တွေကို ပိတ်ပင်ဟန့်တားဖို့အတွက် မြန်မာစစ်ကောင်စီဟာ အင်တာနက်လိုင်း ဖြတ်ချတာတွေလည်း လုပ်ဆောင်ခဲ့ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာသူတွေရဲ့အသံတွေ တိတ်သွားအောင် ဒီဂျစ်တယ်နည်းပညာအသုံးချမှုကို တင်းကြပ်စွာ ကန့်သတ် ချုပ်ခြယ်ထားတယ်လို့ ဆွစ်ဇာလန်နိင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီမှာ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Article 19 က တင်ပြထားသွားပါတယ်။
မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ” ဟာ လွတ်လပ်စွာ ဒီဂျစ်တယ်နည်းပညာ အသုံးချခွင့်အတွက် အကြီးမားဆုံး အဟန့်အတားဖြစ်နေတယ်လို့လည်းဆိုပါတယ်။
ဒီဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ သတင်းသမားတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ သဘာဝပတ်ဝန်ကျင်အရေး ဆောင်ရွက်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို သိသိသာသာ တမင် တိုက်ခိုက် နှိမ်နင်းဖို့ အာဏာပိုင်တွေက ချမှတ်ထားတဲ့အကြောင်းလည်း ပြီးခဲ့တဲ့ မေလက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

https://youtu.be/glFtmOBWUU8

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤1🔥1😁1🤬1
​​Mytel တာဝါတိုင် ၁၀၀ နီးပါးတွင် စစ်ကောင်စီတပ် မိုင်းထောင်ထား၍ ပြည်သူများသတိပြုရန် ကာကွယ်ရေးတပ်ဖွဲ့ သတိပေး
================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်အချို့တွင် စစ်ကောင်စီတပ်က မိုင်းများထောင်ထားသောကြောင့် ပြည်သူများ သတိပြုသွားလာကြရန် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရသည်။

ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ Mytel တာဝါတိုင် ၉၇ တိုင်တွင် ၂၀၂၂ ခုနှစ်အတွင်းက တစ်တိုင်လျှင် မိုင်း ငါးလုံးနှုန်းဖြင့် ထောင်ထားခြင်းဖြစ်ကြောင်း အင်းမမြို့အခြေစိုက် တပ်မ (၆၆) မှ CDM ပြုလုပ်လာသူ တပ်သားက ပြောသည်ဟု သိရသည်။

"လက်ရှိမှာ လွတ်မြောက်နယ်မြေရောက်နေတဲ့ CDM မိုင်းစစ်ဆင်ရေးတပ်သားက ဒါတွေကို သူကိုယ်တိုင်လိုက်ဆင်ခဲ့တာဖြစ်တဲ့အတွက် သူသတိပေးတယ်ပေါ့နော်။ ကျွန်တော်တို့လည်း မနှစ်ကတည်းက ဒီသတင်းတွေကြားတယ် ဆန်းစစ်ကြည့်တာ တချို့လည်းရှိတယ် ။ တချို့တိုင်တွေမှာတော့ မိုင်းထောင်ထားတာမရှိပါဘူး။ ထောင်ထားတဲ့တိုင်တွေလည်းရှိတယ်ပေါ့။ ဖောက်ခွဲမှုများတဲ့မြို့တွေ ဥပမာ မင်းလှမြို့တို့လိုပေါ့ ။ ဒီလိုနေရာတွေမှာ ထောင်ထားတာမျိုးတော့ရှိမယ်။ မြို့တိုင်း တိုင်တိုင်းလို့တော့ မယူဆဘူး။ ဒါပေမဲ့ ပြည်သူတွေသတိထားသွားလာနိုင်ဖို့ သတိပေးတာပါ" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်းအနောက်ခြမ်းတွင် Mytel ၏ တာဝါတိုင် ၁၀ ခုနှင့်အထက်အား ဖောက်ခွဲထားပြီးဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူ၏ ပြောဆိုချက်အရသိရသည်။

စစ်ကောင်စီပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဆက်သွယ်ရေးအော်ပရေတာ MYtel မှ ဆက်သွယ်ရေးတာဝါတိုင်အများစုသည် လူသူသွားလာမှုများပြားရာ မြို့ရွာရပ်ကွက်များအတွင်းရှိနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ထိုပြုမူခြင်းများသည် ၎င်းတို့၏ပိုင်ဆိုင်မှုအတွက် ပြည်သူ၏အသက်အန္တရာယ်ကို ဂရုမစိုက်ခြင်းပင်ဖြစ်ကြောင်း ၎င်းကပြောသည်။

" Mytel တာဝါတိုင်ဖောက်ခွဲမှုက ကျွန်တော်တို့ ပဲခူးတိုင်းအနောက်ခြမ်းမှာ လုပ်သင့်တာထက်တော့ လျော့ပါတယ်။ ဒါကို ရပ်ထဲရွာထဲလူသွားလာနေတဲ့နေရာတွေမှာ ဒါမျိုး မိုင်းထောင်တယ်ဆိုတာဟာ ပြည်သူ့အသက်ကို တန်ဖိုးမထားတာပါ။ ဒီနေရာတွေဆိုတာ လူတွေ သွားကြလာကြတဲ့နေရာတွေပါ။ ဒါမျိုးလုံးဝမလုပ်သင့်ပါဘူး" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ကြို့ပင်ကောက်မြို့၌ ည ၁၂နာရီအချိန်ခန့်တွင် Mytel တာဝါတိုင်ရှိရာလမ်းမှ ဖြတ်သန်းသွားလာမိသော ပြည်သူတစ်ဦးအား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ သေဆုံးသွားသူမှာ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးသန်းဦးဖြစ်ပြီး ၎င်းသည် ဇနီးဖြစ်သူနှင့်အတူ ဆိုင်းပွဲကြည့်၍ ပြန်လာစဉ် ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။ သို့သော် Mytel တာဝါတိုင်ကို မိုင်းထောင်ဖောက်ခွဲရန်လာသည့် PDFတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားထားသည်။

ဦးသန်းဦးသည် PDF နှင့်ပတ်သက်ဆက်စပ်မှုမရှိသည့် သာမာန်အရပ်သားပြည်သူတစ်ဦးသာဖြစ်ကြောင်း ဒေသခံများနှင့် ကြို့ပင်ကောက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မဇ္ဈိမကိုအတည်ပြုပြောကြားထားသည်။

Mytel ဆက်သွယ်ရေးကုမ္ပဏီသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၏ လက်အောက်ခံ Star High ကုမ္ပဏီ၊ ဗီယက်နမ်ပိုင် Viettel ကုမ္ပဏီနှင့် Myanmar National Telecom Holding တို့ကြား ၂၀၁၇ ခုနှစ်မှစတင်ကာ ဖက်စပ်လုပ်ကိုင်ခဲ့သည့်လုပ်ငန်းတစ်ခုဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#Mytel တာဝါတိုင်
# မိုင်းထောင်
#ပဲခူးတိုင်းအနောက်ခြမ်း

Photo - ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် Mytel တာဝါတိုင်ဗုံးပေါက်ကွဲ၍ ပြိုကျသွားပုံ (ပုံဟောင်း)
👍12😁2🤬2🔥1👏1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီက ဒီဂျစ်တယ်နည်းပညာအသုံးချမှုကို တင်းကြပ်စွာ ကန့်သတ်ချုပ်ကိုင်ထားဆဲ

Watch more detail -
https://buff.ly/3O0BDBB

#ဒီဂျစ်တယ်နည်းပညာ #စစ်ကောင်စီ #ကန့်သတ်ချုပ်ကိုင် #VideoNews #shorts #reels
👍4🤬3🔥2❤1😁1
This media is not supported in your browser
VIEW IN TELEGRAM
Blackpink ဖျော်ဖြေပွဲစီစဉ်သူရဲ့ တောင်တရုတ်ပင်လယ်မြေပုံအပေါ် ဗီယက်နမ်က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေ

#internationalnews #reels #shorts #Blackpink #Mizzima #Vietnam
👍5❤1👏1
တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း ထုတ်လုပ်နေကြောင်း Ferderal Wings အသိပေး
❤14👍3👏3🔥1😁1
တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း ထုတ်လုပ်နေကြောင်း Ferderal Wings အသိပေး
===================

ရောင်နီ
(မဇ္စျိမ)။ ။ ပြည်တွင်းပြည်ပ နည်းပညာရှင်များ၏ ပူးပေါင်းပါ၀င်မှုဖြင့် တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်းများကို ထုတ်လုပ်နေကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၇ ရက်တွင် ထုတ်ပြန်သည်။

Federal Wings တပ်ဖွဲ့သည် အကန့်အသတ်ဘောင်များအတွင်းမှ ရနိုင်သမျှ အကောင်းဆုံးရလဒ်များ ဖြစ်ထွန်းလာရန်အတွက် အစဉ်တစိုက် ကြိုးစားအားထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင်လည်း တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း ထုတ်လုပ်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ တစ်နှစ်တာကာလအတွင်း ရောက်ရှိနေပြီဖြစ်ကြောင်း Federal Wings ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ထုတ်လုပ်ရာတွင် ပြည်တွင်းနှင့် ကမ္ဘာအနှံ့မှ နည်းပညာရှင်များ၏ ပူးပေါင်းပါ၀င်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒရုန်းကိုယ်ထည်ကို Composite နည်းပညာများဖြင့် Federal Wings ၏ ထုတ်လုပ်ရေးတပ်ဖွဲ့များက ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
Federal Wings ၏ ပြည်သူလူထုထံ အစီရင်ခံတင်ပြမှုတွင် ၎င်းတို့၏ တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်းထုတ်လုပ်ရေး Project မှ မှတ်တမ်းဓာတ်ပုံများကိုလည်း ပူးတွဲဖော်ပြထားသည်ကို တွေ့ရသည်။

ထို့အပြင် နည်းပညာဖွံ့ဖြိုးမှုအားကောင်းရန်အတွက် Research & Development (R&D) လုပ်ငန်းများအား Federal Wings မှ ဆက်လက်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
ထို့ကြောင့် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဒရုန်းတပ်ဆင်ရေးလုပ်ငန်းများအား လျှင်မြန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ငွေကြေးထည့်ဝင်မှုကိုသာ အားကိုးအားထားပြုရမည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၀ိုင်း၀န်းကူညီကြရန်လည်း တိုက်တွန်းထားသည်။

တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ လိုလားတောင်းတသည့် Federal Democracy ကို ယူပေးမည့် တောင်ပံများဆိုသည့် အဓိပ္ပါယ်သက်ရောက်သည့် Federal Wings ဒရုန်းတပ်ဖွဲ့ကို ၂၀၂၁၊ မေလတွင် စတင်စုဖွဲ့ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေများတွင် စတင်အခြေစိုက်ခဲ့သည့် Federal Wings ဒရုန်းတပ်ဖွဲ့သည်် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ၄င်းတို့ စခန်းချရာနေရာများအား ယခုနှစ် ဇွန်လမှ စတင်ကာ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
၂၀၂၃ ခုနှစ် ပထမ ခြောက်လတာ ကာလအတွင်းတွင်လည်း Federal Wings ဒရုန်းတပ်ဖွဲ့က ဗုံးသီး(အမျိုးအစားစုံ) ၆၈၀ ခန့် အသုံးပြုခဲ့သည့် ဒရုန်းစစ်ဆင်‌ရေးပေါင်း ၂၈၁ ကြိမ်တွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ ဦးခန့် သေဆုံးခဲ့ကြောင်း ဇူလိုင်လ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#တာဝေးစစ်ဆင်ရေး
#ကင်းထောက်ဒရုန်း
#FederalWings
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤6🔥2👏1
ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်အဖြစ် သာကေတတွင် ဘန်နာချိတ်ဆွဲ
=====================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။၂၀၂၃ခုနှစ် ဇူလိုင်လ ၇ရက်နေ့တွင် ကျရောက်သည့် ၆၁နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ သာကေတမြို့နယ်တွင် Felcon Revolution Team မှကျောင်းသားလူငယ်များမှ “ ၇.၇.၆၂ မမေ့ကြနဲ့ စာတန်းပါ ဘန်နာကို ချိတ်ဆွဲခဲ့ကြသည်။

"ကျောင်းသားတွေကို သတ်ချင်သတ်လို့ရမယ် တော်လှန်ရေးကို သတ်လို့မရဘူး ကျနော်တို့မျိုးဆက် ဆယ်ခုမက အာဏာရှင်တိုင်းကို တော်လှန်နေမှာ”ဟု Felcon Revolution Teamမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

၁၉၆၂ခုနှစ် ဇူလိုင်လ ၇ရက်နေ့သည် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် အာဏာသိမ်းစစ်တပ်၏ ဖြိုခွင်းမှုကြောင့် ကျောင်းသားများ ရာနှင့်ချီသေဆုံးခဲ့ရသည့်အပြင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အဆောက်အဦကိုပါ ဗုံးခွဲဖျက်ဆီးလိုက်သည့် နေ့တစ်နေ့ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အာဏာသိမ်းစစ်တပ်
#ဖြိုခွင်းမှု #ဆဲဗင်းဂျူလိုင်
#အထိမ်းအမှတ်
#ကျောင်းသား
#သာကေတမြို့နယ်
Photo- Felcon Revolution Team

http://www.mizzimaburmese.com/article/130525
👍16❤3😁2
​​ကန့်ဘလူတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ခံရသူ ၆၀ ကျော်မှ တချို့ပြန်လွတ်လာ
======================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးခံရသူ အရပ်သားပြည်သူ ၆၀ ဦးကျော်အနက် အချို့ပြန်လွတ်လာပြီး ၁၄ ဦးမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ရက်နှင့် ၅ရက်တို့တွင် စစ်ကောင်စီတပ် စစ်ကြောင်းမှ ကန့်ဘလူမြို့နယ်၊ အင်းမရွာ ဒေသခံ ၁၂ဦး နှင့် မိဿလင်ကုန်းရွာနေ ဒေသခံ ၄၈ဦး တို့ကို ၎င်းတို့တပ်စွဲထားရာ နေရာများသို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ၄၆ဦးပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

"ဇူလိုင် ၄ ရက်ကဖမ်းသွားတဲ့ ၁၂ ဦးထဲက အသက်မပြည့်သေးတဲ့ ကလေးသုံးယောက်နဲ့ အမျိုးသမီး လေးဦး၊ ပေါင်း ခုနစ်ယောက် လွတ်လာပါတယ်။ အမျိုးသား ငါးယောက်တော့ ဖမ်းခံရဆဲပါဗျ" ဟု အင်းမရွာခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်ခံထားရသူများတွင် အသက်မပြည့်သေးသောကလေးများ၊ အမျိုးသမီးများနှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူများ ပါဝင်နေကြောင်းလည်း ဆိုသည်။

"မိဿလင်ကုန်းရွာ ဝင်ဖမ်းတာက အားလုံး ၄၈ ယောက်။ ပထမ အသုတ် ၁၃ ဦး ပြန်လွတ်လာပြီး ဒီနေ့(ဇူလိုင် ၇ရက်)က ၂၆ ဦး ပြန်လွတ်ပါတယ်။ ပြန်လွတ်လာတဲ့ ၂၆ ယောက်ထဲမှာ ရှစ်တန်း ကျောင်းသားလေးတစ်ယောက်ပါပါတယ်ဗျ" ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အင်းမရွာမှ အရပ်သားပြည်သူ ငါးဦးနှင့် မိဿလင်ကုန်းရွာမှ အရပ်သားပြည်သူ ကိုးဦးကို စစ်ကောင်စီများအထိုင်ချတပ်စွဲနေသော ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့အထိုင်စခန်းနှင့် ကျွန်းလှမြို့နယ်ရှိ အထိုင်စခန်းများတွင် ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

“ဆက်လက်ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားတွေပဲ ကျန်တယ်လို့ သိရပါတယ်” ဟု ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက မဇ္စျိမကို ယနေ့ ၁နာရီ ၁၅မိနစ်တွင် ပြောသည်။
ကန့်ဘလူမြို့နယ်၊ မိဿလင်ကုန်းရွာ ဒေသခံ ၄၈ဦးကို အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ( ၃၆၃ ) စစ်ကြောင်းက ဇူလိုင်လ ၅ ရက် နံနက်ပိုင်းတွင် ကိုးတောင်ဘို့အထိုင်ရစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ထို့အပြင် ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်က အင်းမရွာဒေသခံ ၁၂ဦးကိုလည်း အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ( ၃၆၁ )နှင့် ပျူစောထီးဆိုသူများမှ ဇူလိုင်လ ၄ ရက်တွင် ကျွန်းလှမြို့နယ်က အထိုင်ချတပ်စွဲထားရနေရာများသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းများသည် ကန့်ဘလူခရိုင်အတွင်း၌ အမြဲမပြတ်စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းနှင့်တိုးသည့် အရပ်သားပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဒေသခံတချို့မှာ ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခံရသကဲ့သို့ တချို့ကို ငွေကြေးအမြောက်အများဖြင့် အတင်းအကျပ်ပြန်လည်ရွေးခိုင်းခြင်းမျိုးလည်း လုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် ထိုစစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများအား ခိုးယူသယ်ဆောင်ခြင်း၊ လယ်ယာသုံးကျွဲ၊ နွားများအား အဓမ္မယူဆောင်ကာ ပြန်လည်လေလံတင် ရောင်းချခြင်းများကိုလည်း အမြဲမပြတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်
#ပျူစောထီး
#ကန့်ဘလူမြို့နယ်
#ညှဥ်းပန်းနှိပ်စက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1😁1🤬1
ဇူလိုင်လ ( ၇)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===========================

00:58 - လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီကို ICC က အရေးယူဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာမင်းကြီး တိုက်တွန်းတဲ့သတင်း

04:37- အင်းစိန်ထောင်တွင်း၌ "ဆဲဗင်းဇူလိုင်"နေ့ လှုပ်ရှားမှုပြုလုပ်တဲ့သတင်း

06:35 - Blackpink ဖျော်ဖြေပွဲစီစဉ်သူရဲ့ တောင်တရုတ်ပင်လယ်မြေပုံအပေါ် ဗီယက်နမ်က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့သတင်း

11:14 - စစ်ကောင်စီက ဒီဂျစ်တယ်နည်းပညာအသုံးချမှုကို တင်းကြပ်စွာ ကန့်သတ်ချုပ်ကိုင်ထားဆဲတဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/lEM2yxOj45s

#2pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁1🌭1
​​ထိုင်းတွင် မြန်မာကလေးငယ်များအား နေရပ်ပြန်ပို့ခြင်းအတွက် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်
====================

ထိုင်းနိုင်ငံ အန့်ထောင်းအရပ်အရှိ ထိုင်းရတ်ရှ် ဝတ်တာယာ အမှတ် (၆ )ကျောင်းမှ မြန်မာတိုင်းရင်းသား လူနည်းစုကလေးငယ် ၁၂၆ ဦးကို မြန်မာနိုင်ငံဆီ နေရပ်ပြန်ပို့သည့် ထိုင်းတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်ကို ပညာရှင်များနှင့် NGOs များက ဝေဖန်ပြစ်တင်လျက် ရှိသည်။

ဆရာ နှစ်ဦးတည်းသာ ရှိသည့် ထိုင်းရတ်ရှ် ဝတ်တာယာ အမှတ်( ၆ )ကျောင်းတွင် တိုင်းရင်းသား ကလေးငယ်အများအပြား ကျောင်းအပ်နှံကြကြောင်း ဒေသခံများက ဇွန်အစောပိုင်း၌ အာဏာပိုင်များထံ တင်ပြထားခြင်း ဖြစ်သည်။ ချင်းရိုင်ပြည်နယ် အခါကျေးရွာတစ်ရွာမှ ၎င်းတို့ကို ခေါ်ယူလာခဲ့ခြင်း ဖြစ်ကြောင်း ကလေးငယ်အများစုက စကားပြန်တစ်ဦးကို ပြောဆိုသည်။
👍7😁2❤1🤮1
This media is not supported in your browser
VIEW IN TELEGRAM
July - 7 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍5🌭1🖕1
ရန်ကုန်ရှိ တော်လှန်ရေးအင်အားစုများ "ဆဲဗင်းဇူလိုင်" လှုပ်ရှားမှုများပြုလုပ်
👍11❤2😁2