တောပုရွာကို လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခံရပြီး ၂ဦးသေဆုံး
========================
ပါခွီး (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုကျေးရွာသို့ လက်နက်ခဲယမ်းပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ခြေလျင်စစ်ကြောင်းကို ယမန်နေ့ ဇူလိုင်လ ၆ရက် ညနေ ၄နာရီ ၃၀မိနစ် အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း Brave Heart Army (BHA) တပ်ဖွဲ့ တာဝန်ရှိသူထံက သိရှိရသည်။
“သူတို့လက်နက်ခဲယမ်းသွားပို့တယ်ဆိုတာကို သတင်းအတိအကျရပြီး ပြန်အလာ မိုင်းကွင်းပေါ်ရောက်တဲ့အချိန် ဆွဲလိုက်တာပါ ။ နှစ်ကောင်ပွဲချင်းပြီးသေတာကို တွေ့ရပါတယ်” ဟု BHA တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။
တောပုကျေးရွာသို့ လက်နက်ခဲယမ်း ပို့ဆောင်အပြီး မုံရွာမြို့နယ် ၊ မြေနှဲကျေးရွာအနီးရှိ စွမ်းရည်ထက် ဆီဆိုင်ဂိတ်သို့ ပြန်လာသည့် စစ်ကောင်စီတပ်သား ၂၁ ဦးကို ပဒေသာ မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို BHA နှင့်အတူ Special Force 11 (PDF) , Monywa Dynamite , Myaung Revolution Army , Peace Takers Force(PTTF) နှင့် God of Monywa တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၅ရက်နေ့က ဒေသအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဆိုသူများ အများစုနေထိုင်သည့် ကျေးရွာများဖြစ်သော ချောင်းဦးမြို့နယ်အတွင်းရှိ ကံကြီးကုန်း ၊ ကင်းမွန်ထော် ၊ ကုလားကြီးရွာ နှင့် မုံရွာမြို့နယ်အတွင်းရှိ တောပုရွာတို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံများ ထိခိုက်သေဆုံးမှုများရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်မှလည်း အကျအဆုံးများရှိကြောင်း သိရသည်။
ဇူလိုင်လ ၅ရက်နေ့ ညနေ ၅နာရီ ၄၀မိနစ်အချိန်တွင် ကံကြီးကုန်းရွာ (ပျူစောထီးအများစုနေသည့်ကျေးရွာ) တိုက်ပွဲတွင် အရေးနိမ့်၍ ထွက်ပြေးလာသော ရေယာဉ်တစ်စီးကို BHA တပ်ဖွဲ့နှင့် မဟာမိတ် များက ပြောင်းတိုက် ၁၇လုံးဖြင့် နေရာလေးနေရာမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ တစ်ဦးသေဆုံးကြောင်း သိရသည်။
https://youtu.be/CImtfTBCpZ0
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
တောပုရွာကို လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခံရပြီး ၂ဦးသေဆုံး
ပါခွီး (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုကျေးရွာသို့ လက်နက်ခဲယမ်းပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ခြေလျင်စစ်ကြောင်းကို ယမန်နေ့ ဇူလိုင်လ ၆ရက် ညနေ ၄နာရီ ၃၀မိနစ် အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း…
👍15😁1🥱1
This media is not supported in your browser
VIEW IN TELEGRAM
တောင်အာဖရိကဆင်းရဲသားရပ်ကွက်မှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ၁၇ ဦးထက်မနည်းသေဆုံး
#internationalnews #reels #shorts
#internationalnews #reels #shorts
👍4🔥4
သံဖြူဇရပ်မြို့ NLD ပါတီရုံးကို စစ်ကောင်စီ ချိပ်ပိတ်
================
ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရုံးကို စစ်ကောင်စီတပ်က ဇူလိုင်လ ၅ရက်နေ့တွင် ချိပ်ပိတ်သွားကြောင်း သတင်းရရှိသည်။
သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းရှိ အိမ်တစ်အိမ်တွင်ဖွင့်လှစ်ထားသည့် NLDပါတီရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၁ ကျော်ခန့်တွင် လာရောက်ချိပ်ပိတ်ခြင်းဖြစ်ကြောင်း သိရသည်။
“အာဏာသိမ်းပြီးနောက်ပိုင်းပဲ ရုံးပိတ်လိုက်တာဆိုတော့ အဝင်အထွက်လည်းမရှိကြတော့ဘူး။ ကြာပြီပိတ်ထားတာ” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက် ရှိ NLD ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ နေအိမ်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းခဲ့သေးသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ NLD လွှတ်တော်ကိုယ်စားလှယ်နှင့် NLD ပါတီဝင်များ၏ နေအိမ်၊ ရုံးခန်းများကို ချိပ်ပိတ်သိမ်းဆည်းနေသည်။ပြီးခဲ့ သည့် မေလနှင့် ဇွန်လကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်နှင့် ဧရာဝတီတိုင်း၊ ဇလွန်နှင့် ဟင်္သာတမြို့နယ်များမှ NLD ပါတီရုံးခန်းများကို ဖျက်ဆီးခြင်း၊ ဆိုင်းဘုတ်ဖြုတ်ချခြင်းနှင့် ပစ္စည်းသိမ်းယူခြင်းများ ပြုလုပ်ခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက NLD ပါတီရုံးများကို ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်း၊ ပါတီပိုင်ပစ္စည်းများကို အဓမ္မသိမ်းဆည်းယူဆောင်ခြင်း (၁၅၄) ကြိမ် ရှိခဲ့ပြီး နေအိမ်ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၂၅ ဦးရှိကြောင်း NLD ဗဟိုအလုပ်ကော်မတီက ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထိုအကြမ်းဖက်ဖျက်ဆီးမှုများအတွက် စစ်ကောင်စီက တာဝန်ခံရမည်ဟုလည်း NLD ပါတီနှင့် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သတိပေးထားသည်။
မွန်ပြည်နယ်တွင် ယခုအခါ စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်နေပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက စစ်ကောင်စီ ကင်းစခန်းများ တိုက်ခိုက်ခြင်း၊ စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းပေါ်မှ တံတားများ ဖောက်ခွဲဖျက်ဆီးခြင်းများ မကြာခဏ ပြုလုပ်နေသည်။
စာတည်း - မောင်ကြီး
#mizzima
#မွန်ပြည်နယ်
#သံဖြူဇရပ်မြို့နယ်
#NLDပါတီရုံး
#ချိပ်ပိတ်
Photo - NLD ရုံးအား ချိပ်ပိတ်ရာတွင်ပါဝင်သူများ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬8👍1🔥1👏1
Media is too big
VIEW IN TELEGRAM
အီးယူလွှတ်တော်အမတ်တွေက ဂရိရဲ့ရွှေ့ပြောင်းလှေမှောက်မှု စုံစမ်းစစ်ဆေးခြင်းအပေါ် သံသယရှိနေ
#internationalnews #reels #shorts #Mizzima

👍2🔥2
သရက်ချောင်းမြို့နယ်တွင် "ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
==================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ယနေ့ ဇူလိုင်လ ၇ ရက်တွင် ကျရောက်သော (၆၁) နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှုကို တော်လှန်ရေး လူငယ်များက ဦးဆောင် ပြုလုပ်ကြသည်ဟု သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် "7 July စိတ်ဓာတ် ကိုင်စွဲကြ၊ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေမှုန်းကြ" " ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်" ခေါင်းစဥ်ဖြင့် လှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#ဆဲဗင်းဂျူလိုင်
#လှုပ်ရှားမှု
http://www.mizzimaburmese.com/article/130532
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ယနေ့ ဇူလိုင်လ ၇ ရက်တွင် ကျရောက်သော (၆၁) နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှုကို တော်လှန်ရေး လူငယ်များက ဦးဆောင် ပြုလုပ်ကြသည်ဟု သိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် "7 July စိတ်ဓာတ် ကိုင်စွဲကြ၊ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေမှုန်းကြ" " ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်" ခေါင်းစဥ်ဖြင့် လှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#ဆဲဗင်းဂျူလိုင်
#လှုပ်ရှားမှု
http://www.mizzimaburmese.com/article/130532
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9🔥2👍1
This media is not supported in your browser
VIEW IN TELEGRAM
ဝဂ္ဂနာခေါင်းဆောင် ရုရှားမှာရှိနေဆဲဖြစ်ကြောင်း ဘီလာရုစ်ခေါင်းဆောင်ပြော
#internationalnews #reels #shorts #Mizzima
#internationalnews #reels #shorts #Mizzima
👏3❤2
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ ထွက်ဆိုချက်များကို ICC က မှတ်တမ်းယူ
=======================
မြန်မာစစ်တပ်ကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် စုံစမ်းစစ်ဆေးခြင်း တစ်စိတ်တစ်ဒေသအဖြစ် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) သည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ ထွက်ဆိုချက်များကို မှတ်တမ်းရယူနေသည်။
အိမ်နီးချင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များ အများအပြား ရှိနေရာ ဘင်္ဂလားဒေ့ရှ် လာရောက်ပြီး ရှေ့နေ ကာရင် အာဆတ် အာမတ် ခန်းက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ကော့ဘဇားမှ စခန်း (၁) နှင့် (၁၂) တို့မှ ဒုက္ခသည်များနှင့် ဇူလိုင် ၆ ရက်တွင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
“ရှေ့နေ ခန်းကို သင့်တင့်တဲ့ အမေးအဖြေတွေ လုပ်နိုင်အောင် ဖြေဆိုမယ့်သူတွေကို ရွေးချယ်ပေးတဲ့ စကားပြန်အပါအဝင် အဖွဲ့တစ်ဖွဲ့က ကူညီပေးတယ်”ဟု ရိုဟင်ဂျာဒုက္ခသည်များအတွက် တာဝန်ရှိထားသော ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ရုံးမှ အကြီးတန်းတာဝန်ရှိသူ ခါလစ် ဟူစိန်က ပြောသည်။

👍8👏2🤮1🤣1
Media is too big
VIEW IN TELEGRAM
တရုတ်နဲ့ဆက်ဆံရေးတည်ငြိမ်ဖို့ ကြိုးပမ်းနေစဉ်အတွင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ပေကျင်းသို့ရောက်ရှိ
#China #American #internationalnews #reels #shorts

👍5🤣2😢1
မုံရွာသပိတ်အင်အားစုက ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နှင့် စစ်အာဏာရှင်ဆန်ကျင့်ရေး လှုပ်ရှားမှုပြုလုပ်
==================
ပါခွီး
(မဇ္စျိမ)။ ။ မုံရွာသပိတ်အင်အားစုက ယနေ့ ဇူလိုင်လ ၇ ရက်တွင် ကျရောက်သော ဆဲဗင်းဂျူလိုင် (၆၁) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြသည်။
အဆိုပါ သပိတ်အင်အားစုသည် မုံရွာမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းအရှေ့မှစတင်၍ “7 ဂျူလိုင် စိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြ” ဆိုသည့် စာတန်းကို ကိုင်ဆွဲချီတက်ခဲ့ကြကြောင်း သိရသည်။
၁၉၆၂ခုနှစ်မှ စတင်ပြီး စစ်တပ်၏ ယုတ်မာရက်စက်မှုများကို မိဘပြည်သူများအနေဖြင့် တွေ့မြင်ရပြီးဖြစ်ကြောင်းနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောကြားခဲ့သကဲ့သို့ “သမဂ္ဂအဆောက်အအုံကိုသာ ဖြိုလို့ရမယ် ၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓါတ် ကိုတော့ ဖြိုလို့မရ” ဟူသောစကားအတိုင်း "ကျောင်းသားရှိနေသရွေ့ ကျောင်းသား သမဂ္ဂရှိနေမည်" ဟု သပိတ်အင်အားစုက ဆိုသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
#ဆဲဗင်းဂျူလိုင်
#ချီတက်ဆန္ဒပြ
#မုံရွာသပိတ်အင်အားစု
http://www.mizzimaburmese.com/article/130536

👍8❤4🔥3