Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဖီနာဘာချီအသင်းမှ အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှူး အာဒါ ဂူလာကို ခေါ်ယူလိုက်ပြီဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်
===================

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဖီနာဘာချီအသင်းမှ အသက် ၁၈ နှစ်အရွယ် တူရကီ playmaker ကစားသမား အာဒါ ဂူလာကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

"တူရကီမက်ဆီ"လို့ အမည်ပေးထားတဲ့ ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျူဒီ ဘယ်လင်ဂမ်နဲ့ ပူးပေါင်းမယ့် ဘာနေဗျူးမှာ ၆ နှစ်စာချုပ် ချုပ်ဆိုထားတာပါ။

ဂူလာဟာ ပြီးခဲ့တဲ့ရာသီက လေးဂိုး သွင်းယူကာ ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်ပေးခဲ့ပြီး တူရကီဖလား ဗိုလ်လုပွဲမှာ အကောင်းဆုံးပွဲစဉ် ကစားသမားဆု ရယူနိုင်ခဲ့သူဖြစ်ပါတယ်။
👍7🔥1
Business Round Up (7 July 2023)
==================

- ပြည်တွင်း ဖုန်းအော်ပရေတာ (၄)ခုကို အမေရိကန်ဒေါ်လာ (၁)သိန်းစီ ဒဏ်ငွေချမှတ်

- ထိုင်းရောက် မြန်မာများ အလုပ်လုပ်ခွင့်ကဒ် ဇူလိုင်လကုန်အထိ လျှောက်ထားနိုင်

- စစ်ကောင်စီက နယ်စပ် ပို့ကုန် သွင်းကုန် မူဝါဒ ထပ်မံပြောင်းအလဲပြန်

- အာဖဂန်မှာ အမျိုးသမီးအလှပြင်ဆိုင်တွေပိတ်ဖို့ တာလီဘန်အမိန့်ထုတ်

- အိန္ဒိယမှ ရေနံချက်စက်ရုံလုပ်ငန်းရှင်များက ရုရှားရေနံစိမ်းကို ယွမ်ငွေဖြင့် ပေးချေ

https://youtu.be/4u8Xba0hIqA

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🔥2👏1
ခင်ဦးမြို့နယ်တွင် နေအိမ်နှင့်ကြက်ခြံများ မီးရှို့ဖျက်ဆီးခံရပြီး မီး​လောင်ထားသည့် ရုပ်အလောင်းတွေ့ရှိ
🤬10❤1👍1😁1
ခင်ဦးမြို့နယ်တွင် နေအိမ်နှင့်ကြက်ခြံများ မီးရှို့ဖျက်ဆီးခံရပြီး မီး​လောင်ထားသည့် ရုပ်အလောင်းတွေ့ရှိ
===================

001
မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာတွင် စစ်​ကောင်စီစစ်​ကြောင်း ပြန်ထွက်သွားပြီး​နောက်နေအိမ်နှင့် ကြက်မွေးမြူရေးခြံများ မီးရှို့ဖျက်ဆီးခံရပြီး မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းမှာ ခင်ဦးမြို့နယ် အရှေ့ခြမ်း ကုန်းကြီးရွာသို့ ဇူလိုင်လ ၅ ရက်နေ့တွင် စတင် ဝင်ရောက်ခဲ့ပြီး နေအိမ် ၂၅ လုံးကို မီးရှို့ခဲ့ကာ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။
“ခန့်မှန်းပြောတာက ကုန်းကြီးရွာက အဖမ်းခံရတဲ့လူလည်းဖြစ်နိုင်တယ်ပေါ့နော်။ သူက မီးကျွမ်းနေပြီ။ အဖမ်းခံရတာကတော့ မသိသေးဘူး”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ရုပ်အလောင်းနှင့် ပတ်သက်ပြီး မည်သူ ၊ မည်ဝါဖြစ်ကြောင်း အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ဇူလိုင်လ ၆ ရက်​နေ့တွင်ခင်ဦး အ​ရှေ့ခြမ်း လယ်သစ်တောကျေးရွာနှင့် ကုန်းကြီးကျေးရွာတို့ရှိ အသားစားကြက်မွေးမြူရေးခြံ ၁၂ ခြံကိုလည်း မီးရှို့ခဲ့မှုကြောင့် အသားစားကြက်အကောင်ရေ ၄,၀၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့​နောက် ယနေ့ ဇူလိုင်လ ၇ ရက်​နေ့ နံနက်ပိုင်းတွင် ဝက်သဲရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေသည့်အတွက် ​ဒေသခံများ ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်း သိရသည်။

ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်၏ နောက်ထပ်စစ်ကြောင်းတစ်ခုက ယနေ့ နံနက်ပိုင်းတွင် မြကန်ရွာကိုဝင်ရောက်ခဲ့​ကြောင်း မြင်း​​ဒေါင်း​ဒေသခံတစ်ဦးက​ ပြောသည်။
ထို့​နောက် မြကန်ရွာရှိ ဒေသခံတစ်ဦးဖမ်းဆီးခံခဲ့ရကာ နေအိမ်အချို့လည်း မီးရှို့ခံရပြီး အရေအတွက် မသိရသေးကြောင်း အဆိုပါဒေသခံကပြောသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်အရှေ့ခြမ်းတွင် ကုန်းကြီး၊ တမာ၊ ရသာ၊ဆူးတပ်၊ ဝက်သဲ စသည့်ကျေးရွာများနှင့် ခင်ဦးမြို့နယ်အနောက်ခြမ်းတွင် မြကန်၊ မြင်းဒေါင်း၊ အင်းပတ်၊ မရမ်းအင်း၊ ကုန်းသာ စသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၆,၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းတစ်လျှောက်ကျေးရွာများမှ ဖမ်းဆီးခံရသည့် ဒေသခံ ၁၀ ဦးထက်မနည်းရှိ​နေပြီဖြစ်ကြောင်းလည်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

Data for Myanmar၏ ဇွန်လ ၁၄ ရက်​နေ့ ထုတ်ပြန်ချက်အရ စစ်​ကောင်စီတပ်နှင့် လက်​အောက်ခံ အဖွဲ့အစည်းများ​၏ မီးရှို့မှု​ကြောင့် စစ်ကိုင်းတိုင်းတွင် ​နေအိမ် ၅၃,၈၁၆ လုံး မီး​လောင်ပျက်စီးထား​ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ခင်ဦးမြို့နယ်
#စစ်ကောင်စီတပ်
#စစ်ကြောင်း
#ရုပ်အလောင်း

Photo - ဇူလိုင်လ ၆ ရက်​နေ့ ကုန်းကြီး​ကျေးရွာရှိ ​နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍3❤1🔥1😁1
​​မင်းလှမြို့တွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကာ ရဲတပ်ကြပ် သေဆုံး
====================

ရွှေနွယ်
မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း ၊မင်းလှမြို့နယ်၊ မြို့မရဲစခန်းအတွင်း၌ ယမန်နေ့ ဇူလိုင်လ ၆ ရက် ညနေ ၃ နာရီအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရာမှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ကြပ်အဆင့်ရှိသူ သေဆုံးသွားသည်ဟု မင်းလှဒေသခံက မဇ္ဈိမကိုပြောသည်။

"သူတို့နှစ်ယောက်က မနက် ၁၀ နာရီမှာ အချုပ်သားတွေကို အရှေ့တရားရုံး(မင်းလှမြို့တရားရုံး)ကိုပို့ရတယ်၊ ညနေဆိုရင် ၃ နာရီလောက်ဆို ပြန်သိမ်းလာရတယ်ပေါ့။ မနေ့ကတော့ သူတို့နှစ်ယောက်အတူတာဝန်ကျတာပါ။ တရားရုံးမှာကတည်းက သူတို့နှစ်ယောက် မကျေမနပ်ဖြစ်လာကြတယ်။ စခန်းပြန်ရောက်လာတော့ ဆက်ဖြစ်ကြတယ်။ နှစ်ယောက်စလုံးကလည်း သောက်ထားကြတာဗျ။ သေတဲ့ရဲက အရင်ပစ်တာ။ အဲ့ဒီမှာ တစ်ဖက်က တစ်ချက်ပဲ ဗိုက်ကိုပြန်ပစ်လိုက်တာမှာ သေသွားတာ” ဟု မင်းလှမြို့ဒေသခံက ပြောသည်။

သေဆုံးသူသည် အသက် ၂၅ နှစ်အရွယ် တပ်ကြပ်အဆင့်ရှိသည့် ကိုချစ်ထွေးဆိုသူဖြစ်ပြီး ပစ်ခတ်လိုက်သည့် ရဲတပ်ဖွဲ့ဝင်အား လက်ရှိတွင် သာယာဝတီအချုပ်ထောင်သို့ ပို့ဆောင်ထားသည်ဟု ကြားသိရကြောင်း အဆိုပါဒေသခံက ပြောသည်။

ပစ်ခတ်လိုက်သည့် ရဲတပ်ဖွဲ့ဝင်၏ ရာထူးအဆင့်နှင့် အမည်ကို မသိရကြောင်း ၎င်းကဆက်‌ပြောသည်။

သေဆုံးသူ ရဲတပ်ကြပ်သည် မင်းလှမြို့၊ မြို့မရဲစခန်းတွင် တာဝန်ကျနေသူဖြစ်ပြီး ပစ်ခတ်လိုက်သူမှာ မင်းလှမြို့နယ်အတွင်းရှိ စစ်ကွင်းတိုက်နယ်ရဲစခန်းတွင် တာဝန်ကျနေသူဖြစ်ကြောင်း သိရသည်။
“လက်ရှိစစ်ကောင်စီလည်းကျင့်သုံးဆဲ အရင်ကျွန်တော်တို့လည်း သုံးခဲ့ရတဲ့ ၁၉၉၅ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေမှာ ဆိုရင်တော့ တာဝန်ချိန် အရက်သေစာသောက်စားပြီး မိမိတာဝန်ပျက်ကွက်ရင်၊ တပ်ဖွဲ့ဂုဏ်သိက္ခာ ကျဆင်းစေရင်၊ ပြစ်မှုကျူးလွန်ရင် အနိမ့်ဆုံးထောင်ဒဏ် တစ်နှစ်ကနေ သူကျူးလွန်လိုက်တဲ့ ပြစ်မှုပေါ်မူတည်ပြီး ပြစ်ဒဏ်တွေချပါတယ်။ တာဝန်ချိန်အတွင်း အရက်သေစာမသောက်စားရ ဆိုတာမျိုးကတော့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေထဲမှာ ပါတယ်ပေါ့ဗျာ။ လက်ရှိကတော့ စစ်ကောင်စီက စစ်သားဆိုရင် အရက်တောင်သူတို့ထုတ်တိုက် မူးယစ်ဆေးသုံးစွဲခွင့်ပေးတာတွေတောင် ရှိနေတာဆိုတော့" ဟု CDM ရဲအရာရှိတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှု၊ ရဲတပ်ဖွဲ့ဝင် အချင်းချင်းပစ်ခတ်မှုများမကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် မေလအတွင်းက ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်နှင့် ရဲဒုတပ်ကြပ် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကာ ဒုတပ်ကြပ် တစ်ဦးသေဆုံးခဲ့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့သေးသည်။

ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက် ညပိုင်းကလည်း ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း အရက်မူးပြီး စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားကာ အသက်၂၈ နှစ်အရွယ်ရှိ ရဲတပ်သားနေလင်းဆိုသူ သေဆုံးခဲ့‌သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ပဲခူးတိုင်း
#မင်းလှမြို့နယ်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏2❤1🔥1😁1
"မြေပြင်အခြေပြုကျောင်းလေးက ဆဲဗင်းဂျူလိုင် အခမ်းအနား" (ရုပ်၊သံ)
==================

KMN (မဇ္ဈိမ)။ ။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ စစ်တပ်ဟာ ရန်ကုန်တက္ကသိုလ်အတွင်းက အာဏာရှင် ဆန့်ကျင်တဲ့ ကျောင်းသားတွေကို ပစ်သတ်ခဲ့ပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုလည်း ဗုံးခွဲ ဖျက်ဆီးခဲ့ပါတယ်။

ဒီလိုကျောင်းသားတွေ သေဆုံးခဲ့မှုနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖျက်ဆီးခံရမှုကိုအမှတ်ရစေပြီး ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားတွေကို နှစ်စဉ်ကျင်းပလာကြတာပါ။

ဒီနေ့မှာကျရောက်တဲ့ ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားကိုလည်း စစ်တပ်အာဏာထပ်မံ သိမ်းထားချိန်မှာပဲ မြို့နယ်အချို့မှာ နည်းလမ်းပေါင်းစုံနဲ့ကျင်းပခဲ့ကြတာပါ။

ဒီအထဲမှာ မကွေးတိုင်း၊ပေါက်မြို့နယ်က မြေပြင်အခြေပြု ကျောင်းလေးမှာလည်း ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် အခမ်းအနားကိုကျင်းပခဲ့ပါတယ်။

https://youtu.be/PSMGlV5zqAM

တင်ဆက်၊တည်းဖြတ် - KMN

#Mizzima
#7July
#ပေါက်မြို့နယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤6👍6🔥1😁1
ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်း တိုက်ခိုက်ခံရ
=============

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ ရှိ ဇီးကုန်းရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲသုံးဦး ပွဲချင်းပြီးသေဆုံးကာ သုံးဦးအပြင်းအထန် ဒဏ်ရာရရှိသွားသည်ဟု Myanmar Paladin Force U-18 အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၅ရက် နေ့လယ် ၁နာရီ ၁၅မိနစ်အချိန်တွင် ဇီးကုန်းမြို့ရဲစခန်းတွင် ပိုက်ဆံထွက်ကောက်ခံနေသော ရဲတပ်သားများကို ပြောက်ကျားစနစ်ဖြင့် အနီးကပ်ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းးဖြစ်ကြောင်း သိရသည်။

“ဝင်ရောက်ပစ်ခတ်ရာ သုံးယောက်မှာပွဲချင်းပြီး၊ ဒဏ်ရာအပြင်းထန်ရ သုံးယောက်လည်း ရှိနေပါတယ်။ စခန်းမှူးမိန်းမအပါအဝင် ပြည်သူအမျိုးသမီးတစ်ယောက်လည်း ဒဏ်ရာအနည်းငယ် ရခဲ့ပါတယ်။” ဟု Myanmar Paladin Force U-18 မှ ဗိုလ်ရသ ကပြောသည်။
တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံအမျိုးသမီးအတွက် Myanmar Paladin Force U-18 စိတ်မကောင်းစွာနှင့် တောင်းပန်စကားပြောကြားပါသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

တိုက်ခိုက်မှုကို Myanmar Paladin Force U-18 နှင့် Armed Revolutionary Force – KU ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ရုပ်သံဖိုင်ကို Myanmar Paladin Force U-18 အဖွဲ့မှ ယနေ့ ဇူလိုင်လ ၇ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။
ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်သည် စစ်ကောင်စီတပ် စိုးမိုးထားရာနယ်မြေဖြစ်ပြီး ဇီးကုန်းရွာ၏ အရှေ့ဘက် တစ်မိုင်ခွဲအကွာတွင် စစ်ကောင်စီတပ် အထိုင်စခန်းဖြစ်သော ဇီးကုန်းသကြားစက်နှင့် နီးနေခြင်းကြောင့် တော်လှန်ရေးအင်အားစုများ ဝင်ထွက်လှုပ်ရှားရခက်ခဲသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

https://youtu.be/ahHySg1Ijus

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ကန့်ဘလူမြို့နယ်
#ဇီးကုန်းရဲစခန်း
#တိုက်ခိုက်ခံရ
#တော်လှန်ရေးအင်အားစု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏3😁2
Chef Eve's Easy Thai Cooking Show | Episode (21) Promo
================

ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ Kaeng Som ထိုင်းဟင်းချို နဲ့ ဝက်သားချဉ်ခေါက်ဆွဲကြော် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ Kaeng Som ထိုင်းဟင်းချို နဲ့ ဝက်သားချဉ်ခေါက်ဆွဲကြော်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် ဇူလိုင်လ (၈)ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/NIqrIokPsDE

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🍌2
ခေါဇာမြို့နယ်ခွဲမှ စစ်ကောင်စီ၏ အဓိကဆက်သွယ်ရေးစခန်းကို စီးနင်းတိုက်ခိုက်ဖျက်ဆီး
👍12🤣2
ခေါဇာမြို့နယ်ခွဲမှ စစ်ကောင်စီ၏ အဓိကဆက်သွယ်ရေးစခန်းကို စီးနင်းတိုက်ခိုက်ဖျက်ဆီး
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲမှ စစ်ကောင်စီ၏ ဆက်သွယ်ရေးတာဝါတိုင် စခန်းကုန်းကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းနိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်သည်။

ခေါဇာမြို့နယ်ခွဲ၊ ၁၄မိုင်ကျေးရွာအနောက်ဘက်တွင်ရှိသည့် ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် KNLA တပ်မဟာ(၆) တပ်ရင်း(၂၇)၊ တပ်ခွဲ(၂)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ရေးပြောက်ကျားတပ်ဖွဲ့(YGF)က သတင်းထုတ်ပြန်သည်။

" ဆက်သွယ်ရေး စက်တွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်။ စခန်းထဲက စစ်သားတွေတော့ ထွက်ပြေးကုန်တယ်။ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတည်မပြုနိုင်ဘူး" ဟု YGF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ် မဇ္ဈိမ ကိုပြောသည်။

စခန်းသိမ်းတိုက်ပွဲသည် နာရီဝက်ခန့်ကြာခဲ့ပြီး လက်နက်ကြီးလက်နက်ငယ်များ အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု YGF ကဆိုသည်။ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းသည် စစ်ကောင်စီတပ်၏ အရေးကြီးသည့်စခန်းတစ်ခုဖြစ်ပြီး ရေးမြို့ ကျောင်းရွာအခြေစိုက် ခမရ(၅၉၁) မှ ဗိုလ်နေလင်းထွန်း ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချထားသည်ဟုသိရသည်။

“ဖုန်းလိုင်းပဲပျက်ပျက်၊အင်တာနက်ပဲပျက်ပျက်၊ဒီဆက်သွယ်ရေးတာဝါတိုင်က သူတို့တပ်တွင်းအသက်သွေးကြောပဲ" ဟု ရဲဘော်စောခေတ်သစ်က ပြောသည်။

စခန်းစီးနင်းမှုအတွင်း စစ်ကောင်စီတပ်သားများသည် ရုပ်ပျက်ဆင်းပျက်ထွက်ပြေးသွားခဲ့သည်ဟု YGF တာဝန်ခံ ဗိုလ်ကျန်ရစ်က ၎င်း၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် တင်ထားသည်ကို တွေ့ရသည်။

ရဲဘော်စောခေတ်သစ်ကလည်း " သူတို့ကဘယ်နေရာဖြစ်ဖြစ်သူတို့ရဲ့နေရာရယ်လို့မရှိသလောက်ဖြစ်နေပါပြီ။ပြည်သူအပေါ်မဟုတ်တာလုပ်နေသရွှေ့တော့ သူတို့ရဲ့နေရာကရှိလာမှာမဟုတ်ဘူး။အခုတော့ပြေးစရာမြေ ရှိချင်ရှိမယ်။နောက်ဆိုရင်ပြေးစရာမြေတောင်ရှိလာတော့မှာမဟုတ်ဘူး" ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ကြောင်းနှင့် စခန်းနှင့်ဆက်သွယ်ရေးတာဝါတိုင်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု YFGက ထုတ်ပြန်သည်။ တိုက်ခိုက်မှုအပြီး ည ၁နာရီခန့်တွင် စစ်ကောင်စီ၏ ခလရ (၂၉၉) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုလုပ်ခဲ့သော်လည်း တော်လှန်ရေး အင်အားစုမှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ရှေ့ထွက်မိုင်းသုံးလုံး၊ M16 ကျည် ၂၁၈ ထောင့်၊ 40mm ကျည် ၂၀လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ဖောက်ခွဲရေးပစ္စည်း(ကပ်သီး) ၁၈ခု၊ ကျည်ဘောက် ၁၀ခု၊ ဖုန်း သုံးလုံး၊ စစ်ယူနီဖောင်းတစ်စုံ နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း YGF ကထုတ်ပြန်ထားသည်။

မွန်ပြည်နယ်တွင် စစ်ကောင်စီပစ်မှတ်နေရာများကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှု အရှိန်မြှင့်နေသည်။ မွန်ပြည်နယ်၊ ဘီးလင်းနှင့်ကျိုက်ထိုမြို့အား ဆက်သွယ်ထားသည့် သံတံတား (သဲဖြူချောင်းတံတား) စစ်ကောင်စီဂိတ်စခန်းကို ဇွန်လ ၃၀ရက်၊ ဇူလိုင်လ ၁ရက်နှင့် ဇူလိုင်လ ၆ရက်တွင် KNU တပ်မဟာ (၁)KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်ကလည်း ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားမှ ကျုံအိတ်တံတားကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့သည်။ စစ်ကောင်စီ၏ အဓိကထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ခြင်းဟု KNLA က ထုတ်ဖော်ပြောကြားသည်။

စာတည်း - မောင်ကြီး

#mizzima
#ခေါဇာမြို့နယ်ခွဲ
#စစ်ကောင်စီစခန်းကုန်း
#စီးနင်းတိုက်ခိုက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏5🤣2
​​မြန်မာအရေး ဖြေရှင်းရာ၌ အပြန်အလှန် ဆွေးနွေးပွဲကို အင်ဒိုနီးရှား တိုက်တွန်း
=====================

မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အဓိက သက်ဆိုင်သူအားလုံးကြား အမျိုးသားအဆင့် ကျယ်ပြန့်သည့် အပြန်အလှန်ဆွေးနွေးပွဲတစ်ရပ်အတွက် အင်ဒိုနီးရှားနိုင်ငံက တွန်းအားပေးလျက် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ရတ်နို မာဆူဒီက သောကြာနေ့တွင် ပြောသည်။

မတူကွဲပြားသည့် အဖွဲ့အစည်းများကြား ယုံကြည်မှု တည်ဆောက်နေပြီး ကွဲပြားမှုများ ကျဉ်းမြောင်းအောင် ကူညီပေးနေချိန်မှစကာ ကနဦး စေ့စပ်ညှိနှိုင်းများ ရှိနေပြီး ဆက်လက်ဖော်ဆောင်နေသည်ဟု သူမက ဆိုသည်။

မိမိတို့အနေဖြင့် အကြမ်းဖက်မှုများ လျှော့ချရေးကို တွန်းအားပေးနေပြီး အင်အားသုံးခြင်းကိုလည်း မနှစ်မြို့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
👍7🔥2😁1