Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ခေါဇာမြို့နယ်ခွဲမှ စစ်ကောင်စီ၏ အဓိကဆက်သွယ်ရေးစခန်းကို စီးနင်းတိုက်ခိုက်ဖျက်ဆီး
👍12🤣2
ခေါဇာမြို့နယ်ခွဲမှ စစ်ကောင်စီ၏ အဓိကဆက်သွယ်ရေးစခန်းကို စီးနင်းတိုက်ခိုက်ဖျက်ဆီး
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲမှ စစ်ကောင်စီ၏ ဆက်သွယ်ရေးတာဝါတိုင် စခန်းကုန်းကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းနိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်သည်။

ခေါဇာမြို့နယ်ခွဲ၊ ၁၄မိုင်ကျေးရွာအနောက်ဘက်တွင်ရှိသည့် ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ ည ၁၁ နာရီခန့်တွင် KNLA တပ်မဟာ(၆) တပ်ရင်း(၂၇)၊ တပ်ခွဲ(၂)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ရေးပြောက်ကျားတပ်ဖွဲ့(YGF)က သတင်းထုတ်ပြန်သည်။

" ဆက်သွယ်ရေး စက်တွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်။ စခန်းထဲက စစ်သားတွေတော့ ထွက်ပြေးကုန်တယ်။ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတည်မပြုနိုင်ဘူး" ဟု YGF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောခေတ်သစ် မဇ္ဈိမ ကိုပြောသည်။

စခန်းသိမ်းတိုက်ပွဲသည် နာရီဝက်ခန့်ကြာခဲ့ပြီး လက်နက်ကြီးလက်နက်ငယ်များ အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု YGF ကဆိုသည်။ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းသည် စစ်ကောင်စီတပ်၏ အရေးကြီးသည့်စခန်းတစ်ခုဖြစ်ပြီး ရေးမြို့ ကျောင်းရွာအခြေစိုက် ခမရ(၅၉၁) မှ ဗိုလ်နေလင်းထွန်း ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချထားသည်ဟုသိရသည်။

“ဖုန်းလိုင်းပဲပျက်ပျက်၊အင်တာနက်ပဲပျက်ပျက်၊ဒီဆက်သွယ်ရေးတာဝါတိုင်က သူတို့တပ်တွင်းအသက်သွေးကြောပဲ" ဟု ရဲဘော်စောခေတ်သစ်က ပြောသည်။

စခန်းစီးနင်းမှုအတွင်း စစ်ကောင်စီတပ်သားများသည် ရုပ်ပျက်ဆင်းပျက်ထွက်ပြေးသွားခဲ့သည်ဟု YGF တာဝန်ခံ ဗိုလ်ကျန်ရစ်က ၎င်း၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် တင်ထားသည်ကို တွေ့ရသည်။

ရဲဘော်စောခေတ်သစ်ကလည်း " သူတို့ကဘယ်နေရာဖြစ်ဖြစ်သူတို့ရဲ့နေရာရယ်လို့မရှိသလောက်ဖြစ်နေပါပြီ။ပြည်သူအပေါ်မဟုတ်တာလုပ်နေသရွှေ့တော့ သူတို့ရဲ့နေရာကရှိလာမှာမဟုတ်ဘူး။အခုတော့ပြေးစရာမြေ ရှိချင်ရှိမယ်။နောက်ဆိုရင်ပြေးစရာမြေတောင်ရှိလာတော့မှာမဟုတ်ဘူး" ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ကြောင်းနှင့် စခန်းနှင့်ဆက်သွယ်ရေးတာဝါတိုင်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု YFGက ထုတ်ပြန်သည်။ တိုက်ခိုက်မှုအပြီး ည ၁နာရီခန့်တွင် စစ်ကောင်စီ၏ ခလရ (၂၉၉) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုလုပ်ခဲ့သော်လည်း တော်လှန်ရေး အင်အားစုမှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ရှေ့ထွက်မိုင်းသုံးလုံး၊ M16 ကျည် ၂၁၈ ထောင့်၊ 40mm ကျည် ၂၀လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ဖောက်ခွဲရေးပစ္စည်း(ကပ်သီး) ၁၈ခု၊ ကျည်ဘောက် ၁၀ခု၊ ဖုန်း သုံးလုံး၊ စစ်ယူနီဖောင်းတစ်စုံ နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း YGF ကထုတ်ပြန်ထားသည်။

မွန်ပြည်နယ်တွင် စစ်ကောင်စီပစ်မှတ်နေရာများကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှု အရှိန်မြှင့်နေသည်။ မွန်ပြည်နယ်၊ ဘီးလင်းနှင့်ကျိုက်ထိုမြို့အား ဆက်သွယ်ထားသည့် သံတံတား (သဲဖြူချောင်းတံတား) စစ်ကောင်စီဂိတ်စခန်းကို ဇွန်လ ၃၀ရက်၊ ဇူလိုင်လ ၁ရက်နှင့် ဇူလိုင်လ ၆ရက်တွင် KNU တပ်မဟာ (၁)KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်ကလည်း ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားမှ ကျုံအိတ်တံတားကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့သည်။ စစ်ကောင်စီ၏ အဓိကထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ခြင်းဟု KNLA က ထုတ်ဖော်ပြောကြားသည်။

စာတည်း - မောင်ကြီး

#mizzima
#ခေါဇာမြို့နယ်ခွဲ
#စစ်ကောင်စီစခန်းကုန်း
#စီးနင်းတိုက်ခိုက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏5🤣2
​​မြန်မာအရေး ဖြေရှင်းရာ၌ အပြန်အလှန် ဆွေးနွေးပွဲကို အင်ဒိုနီးရှား တိုက်တွန်း
=====================

မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အဓိက သက်ဆိုင်သူအားလုံးကြား အမျိုးသားအဆင့် ကျယ်ပြန့်သည့် အပြန်အလှန်ဆွေးနွေးပွဲတစ်ရပ်အတွက် အင်ဒိုနီးရှားနိုင်ငံက တွန်းအားပေးလျက် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ရတ်နို မာဆူဒီက သောကြာနေ့တွင် ပြောသည်။

မတူကွဲပြားသည့် အဖွဲ့အစည်းများကြား ယုံကြည်မှု တည်ဆောက်နေပြီး ကွဲပြားမှုများ ကျဉ်းမြောင်းအောင် ကူညီပေးနေချိန်မှစကာ ကနဦး စေ့စပ်ညှိနှိုင်းများ ရှိနေပြီး ဆက်လက်ဖော်ဆောင်နေသည်ဟု သူမက ဆိုသည်။

မိမိတို့အနေဖြင့် အကြမ်းဖက်မှုများ လျှော့ချရေးကို တွန်းအားပေးနေပြီး အင်အားသုံးခြင်းကိုလည်း မနှစ်မြို့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
👍7🔥2😁1
​​တရုတ်၏ စီမံကိန်းများကို မြန်မာစစ်တပ်က မြေမြှုပ်မိုင်းများ အသုံးပြုကာကွယ်ပေးနေ
======================

တရုတ် စီမံကိန်းများ တည်ငြိမ်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ စစ်အစိုးရက ရက်ရက်ရောရာ လုပ်ဆောင်ပေးနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်းဒေသ၌ ဇွန်လ အစောပိုင်းက မြန်မာစစ်တပ်နှင့် ဒီမိုကရေစီ လိုလားသော လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ အဆိုပါဒေသရှိ တရုတ်ပိုင် ကြေးနီမိုင်းတွင်းများ အနီးတွင် ချထားသော မြေမြှုပ်မိုင်း အန္တရာယ်များအတွက် အထူးစိုးရိမ်မှုများ မြင့်တက်လာသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အာဏာသိမ်းခဲ့သော စစ်အစိုးရသည် ကြိမ်ဖန်များစွာ မအောင်မြင်ခဲ့သော တရုတ်တို့၏ သယံဇာတ ထုတ်ယူမှုကို အဟန့်အတားမရှိဘဲ ဆက်လက် လုပ်ဆောင်နိုင်စေရေး အတွက် ဒီမိုကရေစီလိုလားသော လက်နက်ကိုင်တပ်ဖွဲ့များကို အမြစ်ဖြုတ်ချေမှုန်းရန် ကြိုးပမ်းခဲ့သည်။ သို့သော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် အခြားတရုတ် အကျိုးစီးပွားများကို ကာကွယ်လိုသော အစိုးရ၏ နည်းဗျူဟာများတွင် လူသတ်မိုင်းအသုံးပြုမှုများ ပါဝင်လာကြောင်း ကျွမ်းကျင်သူများက လေ့လာ တွေ့ရှိခဲ့သည်။
🤬16👍4🤮2❤1🔥1
​​အမြန်လမ်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၊စစ်ယာဥ်တန်းထိခိုက်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ အတည်ပြု
==================

ရွှေနွယ်
(မဇ္ဈိမ) ။ ။နေပြည်တော်မှ ထွက်ခွာလာသော စစ်ကောင်စီ အရာရှိများလိုက်ပါလာသည့် ယာဉ်တန်းအား နေပြည်တော် - ရန်ကုန်အမြန်လမ်း တနေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ကားများအပါအဝင် ယာဉ်ဆယ်စီးခန့်ပါသော စစ်ကောင်စီယာဉ်တန်းကို နေပြည်တော် - ရန်ကုန်အမြန်လမ်း ၁၆၉ မိုင် ၄ဖာလုံအနီးတွင် ယနေ့ ဇူလိုင်လ ၇ ရက် နံနက် ၉နာရီ ၁၅မိနစ်က စောင့်ကြို တိုက်ခိုက်ခြင်းဟု သိရသည်။

" တိုက်ခိုက်မှုအောင်မြင်တယ်။ စစ်ယာဥ်တန်းထိခိုက်သွားတာလည်း ကျွန်တော်တို့အတည်ပြုနိုင်တယ်" ဟု ပဲခူးတိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါယာဉ်တန်းတွင် စစ်ကောင်စီစစ်ထောက်ချုပ်လိုက်ပါလာသည်ဟု သတင်းရရှိသော်လည်း အသေးစိတ်အတည်မပြုနိုင်ဟု ပဲခူးတိုင်းစစ်ဒေသခွဲကဆိုသည်။

" စစ်ထောက်ချုပ်ပါမပါ၊ စစ်ထောက်ချုပ် ထ်ိခိုက်မှုရှိမရှိ စုံစမ်းအတည်ပြုရခက်ပါတယ်။ ဖြစ်တဲ့နေရာကိုချက်ချင်းပိတ်ဆို့လိုက်တာကြောင့်ပါ" ဟု ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၅၀၁၏ အထူးတပ်ဖွဲ့ကပြုလုပ်ခဲ့ခြင်းဟု သိရသည်။ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရှေ့တန်းပွိုင့်ကားတစ်စီးစေလွှတ်၍ နောက်မှကားသုံးစီးဖြင့်လိုက်ကာ စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်စဉ်တွင် ရိုးမPDF ထုတ် ၆၀ မမဖြင့် ပစ်ခတ်ပြီး ဆုတ်ခွာလာခဲ့ခြင်းဖြစ်ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၅၀၁က ပြောသည်။

" သူတို့ဖက်က ကောင်တာက ချက်ချင်းပြန်ပစ်တယ်။ လက်နက်ငယ်တွေနဲ့။ကိုယ်တွေဖက်ကလည်းလက်နက်ကြီးနဲ့ ပြန်ပစ်ပြီး ပြန်ဆုတ်ခွာခဲ့တယ်" ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ကားသည် စစ်ကောင်စီယာဉ်တန်းနှင့် ခြောက်ပေသာကွာဝေးသောနေရာမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်မှုရှိခဲ့ပြီး လူနာတင်ကားများရောက်လာသည်ကို တွေ့ရသည်ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်အချို့ကပြောသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ထောက်ချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်သည်။ ယနေ့ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီယာဉ်တန်းတွင် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းလိုက်ပါလာခြင်းရှိမရှိ သီးခြား အတည်မပြုနိုင်သေးပေ။

ရန်ကုန်−မန္တလေးအမြန်လမ်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲက ခရီးသွားပြည်သူများအား သွားလာခွင့်အချိန်ကန့်သတ်ထားသော လမ်းပိုင်းတွင်ပါဝင်သည်။တောင်ပိုင်းတိုင်း စစ်ဒေသခွဲ၊ စစ်ဒေသခွဲအမှတ် (၂) အတွင်းရှိ အဓိက လမ်းပိုင်းများဖြစ်သည့် ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်−မန္တလေးလမ်း လမ်းဟောင်း၊ ရန်ကုန်−မန္တလေး အမြန်လမ်း၊ ပဲခူး−စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်−မုတ္တမ၊ ရန်ကုန်−ဘားအံလမ်းပိုင်းများအား နေ့စဉ် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်းသာသွားလာရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲက ဇူလိုင်လ ၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

#mizzima
#နေပြည်တော် - ရန်ကုန်အမြန်လမ်း
#စစ်ကောင်စီယာဥ်တန်း
#တိုက်ခိုက်
#ပဲခူးတိုင်းစစ်ဒေသခွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20👏3❤2🤣2
​​ချောင်းဦးမြို့နယ်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ရေယာဉ်တိုက်ခိုက်ခံရ
==================

MTO
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့၏ မော်တော်ရေယာဉ်တစ်စီးကို ဇူလိုင်လ ၅ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Union Liberation Front – ULF အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေပြီး သုံးဦးဒဏ်ရာ ရတယ်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘက်မှာ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး” ဟု ၎င်းကပြောသည်။

ကံကြီးကုန်းစခန်းအား ဒေသကာကွယ်ရေးတပ်ဖွဲ့များက စခန်းသိမ်းနိုင်ရန်အထိ ရည်ရွယ်ကာ တိုက်ခိုက်နေချိန် မုံရွာမြို့မှ ကန်ကြီးကုန်းကျေးရွာသို့ မော်တော်ရေယာဉ်ဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ULF အဖွဲ့ထံမှ သိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ များအနေဖြင့် ကျည်အင်အားလျော့နည်းလာခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဘက်သို့ လေကြောင်းမှ စစ်ကူလာရောက်ခြင်းတို့ကြောင့် စခန်းအား သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်တွင် ထိခိုက်မှု များပြားနိုင်ကြောင်း သိရသည်။

ကံကြီးကုန်းကျေးရွာသည် ချင်းတွင်းမြစ်အရှေ့ဘက်တွင် တည်ရှိပြီး ပျူစောထီးဆိုသူများ ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းနေထိုင်နေသည့် ကျေးရွာတစ်ခုဖြစ်‌ကြောင်း ULF အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ဒေသကာကွယ်ရေတပ်ဖွဲ့များ ပူးပေါင်းကာ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ချောင်းဦးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2😘2❤1
ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့က ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ လှုပ်ရှားမှုပြုလုပ်
❤8👍8😁1🤮1
ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့က ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ လှုပ်ရှားမှုပြုလုပ်
======================

မင်းထက်
(မဇ္စျိမ)။ ။ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းအချိန်က ယနေ့ကျရောက်သည့် ၆၁ နှစ် မြောက် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်အဖြစ် ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့် လှုပ်ရှားမှုသည် ကျောင်းသားသမဂ္ဂများ၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် အထင်ကရအဖြစ်ဆုံးဖြစ်သည့် ၇ ရက်၊ ၇ လ၊ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင်အရေးအခင်းအတွင်း ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့သော အာဇာနည်ကျောင်းသားရဲဘော်များအား ဦးညွှတ်အလေးပြုခြင်းနှင့် ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်တို့၏ ရက်စက်ယုတ်မာမှုများအပေါ် ကျောင်းသားသမ္ဂများအနေဖြင့် ဘယ်သောအခါမှ မေ့လျော့မည်မဟုတ်ကြောင်း၊ ကမ္ဘာတည်သရွေ့အမှတ်သည်းခြေထားရှိကြောင်းအား ပြသသည့် လှုပ်ရှားမှုဖြစ်သည်ဟု အဆိုပါကျောင်းသားသမဂ္ဂများက ပြောသည်။

ကျောင်းသားထု သွေးစည်းညီညွတ်ရေး၊ ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်ရေးနှင့် လက်ရှိနွေဦးတော်လှန်ရေးအခင်းအကျင်းတွင် ဆဲဗင်းဂျူလိုင်၏ အရေးပါမှုအား ပြန်လည်ဖော်ထုတ်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ယနေ့လှုပ်ရှားမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

အဆိုပါလှုပ်ရှားမှုကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရေနံချောင်းတက္ကသိုလ်ကျောင်း သားများသမဂ္ဂ၊ ဟင်္သာတနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ပခတကသ)၊ မကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရတနာပုံဆိုင်ဘာစီးတီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မြန်မာသတင်းအချက် အလက်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မြန်မာ နိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(လှိုင်နယ် မြေ)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ)၊ သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ စုပေါင်းကာပြုလုပ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၁၉၆၂ မတ်လတွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီးနောက်ပိုင်း အချက် ၂၂ ချက်ပါသည့် တက္ကသိုလ်ကျောင်းဆောင် စည်းကမ်းချက်အသစ်များ ထုတ်ပြန်ခဲ့ပြီး ထိုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းသားများဘက်ကလည်း ဆန့်ကျင် ဆန္ဒပြခဲ့ကြရာမှ စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့သည့်အတွက် ကျောင်းသားများ သေဆုံးခဲ့ရပြီး ကျောင်းသား သမဂ္ဂ အဆောက်အအုံလည်း ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်၍ ထိုနေ့ကို ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နေ့အဖြစ် အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#ဆဲဗင်းဂျူလိုင်
#လှုပ်ရှားမှု
#စစ်အာဏာရှင်စနစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤3😁1🤮1