Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့က ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ လှုပ်ရှားမှုပြုလုပ်
❤8👍8😁1🤮1
ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့က ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ လှုပ်ရှားမှုပြုလုပ်
======================

မင်းထက်
(မဇ္စျိမ)။ ။ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းအချိန်က ယနေ့ကျရောက်သည့် ၆၁ နှစ် မြောက် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်အဖြစ် ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့် လှုပ်ရှားမှုသည် ကျောင်းသားသမဂ္ဂများ၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် အထင်ကရအဖြစ်ဆုံးဖြစ်သည့် ၇ ရက်၊ ၇ လ၊ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင်အရေးအခင်းအတွင်း ဂုဏ်ရောင်ပြောင်စွာကျဆုံးခဲ့သော အာဇာနည်ကျောင်းသားရဲဘော်များအား ဦးညွှတ်အလေးပြုခြင်းနှင့် ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်တို့၏ ရက်စက်ယုတ်မာမှုများအပေါ် ကျောင်းသားသမ္ဂများအနေဖြင့် ဘယ်သောအခါမှ မေ့လျော့မည်မဟုတ်ကြောင်း၊ ကမ္ဘာတည်သရွေ့အမှတ်သည်းခြေထားရှိကြောင်းအား ပြသသည့် လှုပ်ရှားမှုဖြစ်သည်ဟု အဆိုပါကျောင်းသားသမဂ္ဂများက ပြောသည်။

ကျောင်းသားထု သွေးစည်းညီညွတ်ရေး၊ ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်ရေးနှင့် လက်ရှိနွေဦးတော်လှန်ရေးအခင်းအကျင်းတွင် ဆဲဗင်းဂျူလိုင်၏ အရေးပါမှုအား ပြန်လည်ဖော်ထုတ်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ယနေ့လှုပ်ရှားမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

အဆိုပါလှုပ်ရှားမှုကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရေနံချောင်းတက္ကသိုလ်ကျောင်း သားများသမဂ္ဂ၊ ဟင်္သာတနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ပခတကသ)၊ မကွေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရတနာပုံဆိုင်ဘာစီးတီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မြန်မာသတင်းအချက် အလက်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မြန်မာ နိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(လှိုင်နယ် မြေ)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ)၊ သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ စုပေါင်းကာပြုလုပ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၁၉၆၂ မတ်လတွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းပြီးနောက်ပိုင်း အချက် ၂၂ ချက်ပါသည့် တက္ကသိုလ်ကျောင်းဆောင် စည်းကမ်းချက်အသစ်များ ထုတ်ပြန်ခဲ့ပြီး ထိုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းသားများဘက်ကလည်း ဆန့်ကျင် ဆန္ဒပြခဲ့ကြရာမှ စစ်တပ်က ပစ်ခတ် နှိမ်နင်းခဲ့သည့်အတွက် ကျောင်းသားများ သေဆုံးခဲ့ရပြီး ကျောင်းသား သမဂ္ဂ အဆောက်အအုံလည်း ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်၍ ထိုနေ့ကို ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နေ့အဖြစ် အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ကြခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#ဆဲဗင်းဂျူလိုင်
#လှုပ်ရှားမှု
#စစ်အာဏာရှင်စနစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤3😁1🤮1
ဇူလိုင်လ (၇) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================

- လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီကို ICC က အရေးယူဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာမင်းကြီး တိုက်တွန်းတဲ့သတင်း

- အင်းစိန်ထောင်တွင်း၌ "ဆဲဗင်းဇူလိုင်"နေ့ လှုပ်ရှားမှုပြုလုပ်တဲ့သတင်း

- အီးယူလွှတ်တော်အမတ်တွေက ဂရိရဲ့ရွှေ့ပြောင်းလှေမှောက်မှု စုံစမ်းစစ်ဆေးခြင်းအပေါ် သံသယရှိနေတဲ့သတင်း

- ပြည်တွင်း ဖုန်းအော်ပရေတာ (၄)ခုကို အမေရိကန်ဒေါ်လာ (၁)သိန်းစီ ဒဏ်ငွေချမှတ်တဲ့သတင်း

- ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

https://www.youtube.com/live/oe0iHpP1Yqo?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁1🌭1
This media is not supported in your browser
VIEW IN TELEGRAM
Jul - 7 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍5🌭1🍌1
​​ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၆ ရက် နံနက် ၄ နာရီ ၅၀ မိနစ် အချိန်က စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ယနေ့ ဇူလိုင်လ ၇ရက်တွင် ထုတ်ပြန်သည်။

ဘုတလင်မြို့နယ်အတွင်းရှိ ကူတော်စခန်းမှ ဘုတလင်မြို့ဘက်သို့ ထွက်ခွာလာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို မြောက်တောကြီး‌ ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဒဏ်ရာရတာက နှစ်ယောက် အဲဒီအထဲက တစ်ယောက်က ညနေပိုင်းမှာ သေသွားတယ်လို့ သတင်းပြန်ရပါတယ်” ဟု CAF ပြန်ကြားရေးတာဝန်ခံကပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ပဒေသာမိုင်း ငါးလုံးတန်း မိုင်းနှစ်ကွင်းဆင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၃) တပ်ခွဲ(၄) ရွာဇော်ကြီး PDF နှင့် မုံရွာခရိုင်တပ်ရင်း(၁၃) တပ်ခွဲ(၂) Gp GDS တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၃ရက် ည ၇နာရီ ၄၅မိနစ်အချိန်တွင် ချောင်းဦးမြို့ ၊ အမြင့်မြို့ဟောင်းမှ မုံရွာမြို့နယ်ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်ရေယာဉ်ကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၊ တပ်ဖွဲ့များမှ ပြောင်းတိုက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

(ပြောင်းတိုက်ကြီးဆိုသည်မှာ တစ်ဖက်ပွင့်ပြောင်းအတွင်းသို့ ယမ်းနှင့် သံတိုသံစများထည့်ပြီး ရှော့တိုက်ပစ်ခတ်ရသော လက်နက်မျိုးဖြစ်သည်။)

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ဘုတလင်မြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
👍12😁2❤1
ဇူလိုင်လ( ၇ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ရန်ကုန် တော်လှန်ရေးအင်အားစုတွေ "ဆဲဗင်းဇူလိုင်" လှုပ်ရှားမှုလုပ်ခဲ့ကြတဲ့သတင်းနဲ့အတူ ပြည်တွင်းပြည်ပနည်းပညာရှင်တွေရဲ့ ပူးပေါင်းပါ၀င်မှုနဲ့

တာဝေးစစ်ဆင်ရေးနဲ့ ကင်းထောက်ဒရုန်းတွေကို ထုတ်လုပ်နေတဲ့အကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဇူလိုင်လ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့

သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို

နားဆင်ရဖို့ ရှိပါတယ်။ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။

https://youtu.be/CwmMOKvhgX0

#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤3😁1🍌1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ ဇူလိုင် ၂၀၂၃) 
======================

မြန်မာနိုင်ငံမှ စစ်တပ်သည် စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း ကုလသမဂ္ဂမှ တရားဝင်ကြေညာပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာသံတမန်များကို ခေါ်ယူပြီး နိုင်ငံရေးအခြေအနေများရှင်းလင်းခြင်း ဟု ခေါင်းစဉ်တပ်ကာ လိမ်လည်ပြောဆိုနေပြန်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👏3😁1🤔1