မန္တလေး ပုသိမ်ကြီးက ဖျက်သိမ်းရမည့်နေအိမ်များ ယာယီဆိုင်းငံ့ပေးထားဟုဆို
=====================
007
မဇ္စျိမ။ ။မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဖျက်သိမ်းခိုင်းထားသည့် နေအိမ်အဆောက်အအုံများကို၊ လတ်တလောမဖျက်ခိုင်းသေးဘဲ၊ ယာယီဆိုင်းငံ့ထားကြောင်း၊ ဒေသခံများထံကသိရသည်။
"မနေ့က လာဖျက်မယ်ထင်ခဲ့တာ၊ လာမဖျက်ကြဘူး၊ စုံစမ်းကြည့်တော့မှ ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မတီဖွဲ့ပြီးပြန်စိစစ်ခိုင်းထားတယ်လို့ သိရတယ်၊ သုံးလ ဒါမှမဟုတ် ခြောက်လ ဆိုင်းငံ့လိုက်တယ်လို့ သတင်းထွက်တယ်၊ (ဇူလိုင်)၅ ရက်နေ့က ထပ်လာပြီး ကပ်သွားတဲ့စာအရဆိုရင် တိုင်းအဆင့်ကိုပြန်စိစစ်ခိုင်းထားတယ်လို့ သိရတယ်၊ ဆိုင်းငံ့ဆိုတဲ့ စကားလုံးတော့မပါဘူးပေါ့၊ ဒီလိုပဲသတင်းတွေထွက်နေတာ၊ သေချာတာကတော့ ဒီနေ့လည်းလာမဖျက်ဘူး" ဟု နေအိမ်ဖယ်ရှားပေးရန် အကြောင်းကြားစာပို့ခံရသော ဒေသခံတစ်ဦးကပြောသည်။
ပုသိမ်ကြီးမြို့နယ် နန်းဦးလွင် ကန်ကောက်အရှေ့ကွက်သစ်၊ ဂွေ့ကြီးကုန်း သဲကုန်းနှင့် မဲကင်းကုန်းကျေးရွာများအတွင်းရှိ၊ လယ်ယာမြေပေါ်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော နေအိမ်အဆောက်အအုံများကို၊ စစ်ကောင်စီအမိန့်ဖြင့် ဇူလိုင်လ ၆ ရက်နေ့တွင် အပြီးဖယ်ရှားရန် ပုသိမ်ကြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဇွန်လ၂၇ ရက်နေ့တွင် အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၂၆ ရက်နေ့ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့်၊ သတ်မှတ်ရက်အတွင်းအပြီးဖယ်ရှားရန်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မလိုက်နာလျှင် ဥပေဒအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်စာတွင်ပါရှိသည်။
အကြောင်းကြားစာ ထုတ်ပြန်ပြီးနောက်တစ်ရက်မှစ၍၊ နစ်နာသူများက တာ၀န်ရှိသူအဆင့်ဆင့်ထံ အသနားခံစာတင်ပြခဲဲ့ကြောင်း သိရပြီး၊ အဆိုပါအသနားခံစာကြောင့် ဖျက်သိမ်းမိန့်ကို ယာယီဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
"လက်လှမ်းမီသူတွေက နေပြည်တော်အထိသွားပြီးစာတင်ကြတယ်၊ အသနားခံစာတင်တယ်၊ ပေါက်ပေါက်ရောက်ရောက်ရှိသူတွေစုပေါင်းပြီး ဒီကအခြေအနေကိုတင်ပြတော့၊ အထက်က ဒီကိစ္စကို ပြန်စိစစ်ခိုင်းထားတယ်လို့ကြားတာပဲ" ဟု နစ်နာသူတစ်ဦးက ပြောသည်။
ဆိုင်းငံံ့ကြောင်း တရား၀င်စာထုတ် မထုတ်နှင့်ပတ်သက်၍၊ ပုသိမ်ကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ စုံစမ်းကြည့်သော်လည်း၊ အဖွဲ့မှတစ်စုံတရာ ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။
လက်ရှိတွင် ယနေ့မျက်မြင်အခြေအနေအရ၊ စစ်ကောင်စီဘက်ကအင်အားသုံး ၀င်ရောက်ဖယ်ရှားခြင်းမျိုးမရှိသေးဘဲ၊ နေအိမ်တချို့ကတော့ ပြောင်းရွှေ့နေကြသည်ကို တွေ့ရသည်။
စစ်ကောင်စီသည်၊ ယခုနှစ်အစောပိုင်းကစ၍၊ မန္တလေးမြို့သစ်ရပ်ကွက်များမှ နေအိမ်အဆောက်အအုံ ၃,၀၀၀ ကျော်ခန့်ကို၊ မူလပိုင်ရှင်ရှိပြီးသားမြေနေရာပေါ် ကျူးကျော်နေထိုင်ကြောင်း စွပ်စွဲ၍ စက်ပစ္စည်းများဖြင့် အင်အားသုံး ဖျက်ဆီးခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီ
#ပုသိမ်ကြီးမြို့နယ်
#ဖျက်သိမ်း
#နေအိမ်အဆောက်အအုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍13🥰3😢2🔥1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်ထုတ်လွှင့်မှုများ
==================
https://youtu.be/UsXLPVBTiik
==================
https://youtu.be/UsXLPVBTiik
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၇ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

❤15👍4🤮1🍌1
သတင်းစာဆရာ ဦးကျော်မင်းဆွေ ပြန်လည်လွတ်မြောက်
================
ပဇီကြီးကျေးရွာဗုံးကြဲခံရပြီးနောက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွင်ရေးသားမှုဖြင့်ဖမ်းဆီးခံခဲ့ရသော သတင်းစာဆရာ ဦးကျော်မင်းဆွေကို စစ်ကောင်စီက ယနေ့တွင် ပြန်လွှတ်ပေးလိုက်ရာ နေအိမ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
The Voice Weekly အပတ်စဉ်ထုတ်ဂျာနယ်အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သူ ကျော်မင်းဆွေကို စစ်ကောင်စီတပ်ကိုအကြည်ညိုပျက်အောင်လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က ဖြင့် အစောပိုင်းက အမှုဖွင့်ထားခဲ့သည်။
ဦးကျော်မင်းဆွေကဲ့သို့ပင် ဧပြီလအတွင်းက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်ခံခဲ့ရသော သရုပ်ဆောင် မေပန်းချီနှင့် အဆိုတော် ရွှေရည်သိန်းတန်တို့ကိုလည်း စစ်ကောင်စီကပြန်လွှတ်ပေးလိုက်သည်ဟု သတင်းများထွက်ပေါ်နေသည်။
ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲသလို စက်သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၇၀ သေဆုံးခဲ့သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွင် ရေးသားသူများကို စစ်လော်ဘီဒလန်များက စောင့်ကြည့်ပြီး ဖမ်းဆီးစေခဲ့သည်။ ထို့နောက် စစ်ကြောရေးတွင် ၁၀ ရက်ခန့်ကြာစစ်ဆေးပြီးအမှုဖွင့်ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
ပဇီကြီးကျေးရွာဗုံးကြဲခံရပြီးနောက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွင်ရေးသားမှုဖြင့်ဖမ်းဆီးခံခဲ့ရသော သတင်းစာဆရာ ဦးကျော်မင်းဆွေကို စစ်ကောင်စီက ယနေ့တွင် ပြန်လွှတ်ပေးလိုက်ရာ နေအိမ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
The Voice Weekly အပတ်စဉ်ထုတ်ဂျာနယ်အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သူ ကျော်မင်းဆွေကို စစ်ကောင်စီတပ်ကိုအကြည်ညိုပျက်အောင်လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က ဖြင့် အစောပိုင်းက အမှုဖွင့်ထားခဲ့သည်။
ဦးကျော်မင်းဆွေကဲ့သို့ပင် ဧပြီလအတွင်းက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်ခံခဲ့ရသော သရုပ်ဆောင် မေပန်းချီနှင့် အဆိုတော် ရွှေရည်သိန်းတန်တို့ကိုလည်း စစ်ကောင်စီကပြန်လွှတ်ပေးလိုက်သည်ဟု သတင်းများထွက်ပေါ်နေသည်။
ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲသလို စက်သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၇၀ သေဆုံးခဲ့သည်။
ထိုသို့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွင် ရေးသားသူများကို စစ်လော်ဘီဒလန်များက စောင့်ကြည့်ပြီး ဖမ်းဆီးစေခဲ့သည်။ ထို့နောက် စစ်ကြောရေးတွင် ၁၀ ရက်ခန့်ကြာစစ်ဆေးပြီးအမှုဖွင့်ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🔥2
တန့်ဆည်တွင်" ၇.၇.၆၂ မမေ့ကြနဲ့ " ဘန်နာကိုင်စွဲကာ ချီတက်ဆန္ဒပြ
==================
စိုးဦး
တန့်ဆည်၊ ဇူလိုင် ၇ (မဇ္ဈိမ)။ ။ ယနေ့ကျရောက်သည့်ဆဲဗင်း ဂျူလိုင်အရေးတော်ပုံကြီး (၆၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တန့်ဆည်မြို့နယ် ပင်မသပိတ်စစ်ကြောင်းမှ ဦးဆောင်ကာ စစ်အာဏာရှင်အမြစ်ပြတ်ပြုတ်ချရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည် ။
ထို့အပြင် သပိတ်ဥဦးဆောင်သူများက 7 July အောင့်မေ့ဖွယ်များနှင့် အခင်းအကျင်းများအား ဟောပြောခဲ့ကြသည်။
လမ်းလျှောက်ချီတက်သပိတ် နှင့် ထိုင်သပိတ်ပြုလုပ်ကာ သပိတ်စစ်ကြောင်းကို အရေးကြီးပြီ သီချင်းသီဆိုကာ သပိတ်သိမ်းနိုင်ခဲ့ကြသည်။
http://www.mizzimaburmese.com/article/130559

❤21👍10🔥1😁1
ဇူလိုင်လ( ၈ )ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
နေပြည်တော်-ရန်ကုန်အမြန်လမ်းပိုင်းမှာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း
လိုက်ပါလာတယ်လို့ယူဆရတဲ့ စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရတဲ့သတင်းနဲ့အတူ Federal Wings ဒရုန်းတပ်ဖွဲ့က ပြည်တွင်းပြည်ပနည်းပညာရှင်တွေရဲ့ ပူးပေါင်းပါ၀င်မှုနဲ့ တာဝေးစစ်ဆင်ရေးနဲ့ ကင်းထောက် ဒရုန်းတွေကို ထုတ်လုပ်နေတဲ့ သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိသလို ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်နဲ့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုလည်း နားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။
https://youtu.be/bV7Td_eooaI
#Morningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

လိုက်ပါလာတယ်လို့ယူဆရတဲ့ စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရတဲ့သတင်းနဲ့အတူ Federal Wings ဒရုန်းတပ်ဖွဲ့က ပြည်တွင်းပြည်ပနည်းပညာရှင်တွေရဲ့…

👍21🥰1😁1🍌1😘1
My india အစီအစဉ်
============
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
-ရာမာဒန်အပြီး အစ္စလာမ်မစ်လဖြစ်တဲ့ Sawwal ရဲ့ ပထမဆုံးနေ့မှာ Meethi Eid ပွဲတော်ကို အိန္ဒိယမှာ ကျင်းပ
-အိန္ဒိယနိုင်ငံ အလယ်ပိုင်း အင်ဒိုရေးတိရစ္ဆာန်ရုံမှာ ခြင်္သေ့မ ဆွန်ဒါရီက ခြင်္သေ့ပေါက် ၃ကောင် ပေါက်ဖွားခဲ့ခြင်းကို လူအများက လာရောက်ကြည့်ရှူ
-အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက နိုင်ငံရဲ့ ပထမဆုံး ရေကြောင်းလိုင်းဖြစ်တဲ့ Hybrid-Electric သင်္ဘောဝန်ဆောင်မှုကို တောင်ပိုင်း ကိုချီမြို့မှာ ဖွင့်လှစ်ပေးခဲ့
-အိန္ဒိယ ခရစ်ကတ်ချန်ပီယံဟောင်း ဆာချင် တန်ဒူလ်ကာရဲ့ အသက်၅၀ပြည့်မွေးနေ့ ကျရောက်ခဲ့ပြီဖြစ်တာကြောင့် အိန္ဒိယနိုင်ငံရဲ့ အရှေ့ပိုင်း ပူရီမြို့ကမ်းခြေမှာ သဲအနုပညာဖြင့် ပုံတူပြုလုပ်ခဲ့ပြီး ပရိတိသတ်များနဲ့ နာမည်ကျော်များက မွေးနေ့ဆုတောင်းပြုလုပ်ပေးခဲ့ကြ
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/Ut5KRBWonHc

-အိန္ဒိယဝန်ကြီးချုပ်…

👍10🔥2❤1👏1
ကရင်နီနှင့် အညာဒေသအတွက် တော်လှန်ရေးရန်ပုံငွေပွဲ ဂျပန်နိုင်ငံတွင် ပြုလုပ်မည်
======================
ကီရာ
(မဇ္ဈိမ)။ ။ဂျပန်နိုင်ငံ၊ အိုဆာကာနှင့် နာဂိုယာမြို့တွင် တော်လှန်အနုပညာရှင်များနှင့်လူရွင်တော်များ၏ အငြိမ့်ဖျော်ဖြေပွဲနှင့် မြန်မာအစားအစာ ဈေးရောင်းပွဲတော်ကို လာမည့်ဇူလိုင် ၉ရက် နံနက် ၁၁နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲအတွက် ဝင်ကြေး ဂျပန်ယန်း ၁,၅၀၀ သတ်မှတ်ထားပြီး ကံစမ်းမဲပြန်လည် မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများကပြောသည်။
ပေါက်မဲများအနေဖြင့် ဟားငါးကောင်လူရွှင်တော်အဖွဲ့ဝင်များနှင့်မင်းသမီးဆောင်းဝတီ၊ အဆိုတော် လင်းလင်း၊ ချစ်သုဝေ၊ မော်ဒယ်သရုပ်ဆောင် မြတ်နိုးအေး၊ အဆိုတော် မူးလားနှင့် အောင်မြင့်မြတ် တို့ လက်မှတ်ရေးထိုးသည့် တီရှပ်များနှင့် ရုပ်ရှင်သရုပ်ဆောင် ဒေါင်းရေးဆွဲထားသော ဆန္ဒရဲ့အလင်းရောင် ပန်းချီကားလက်မှတ်ပါ တီရှပ်၊ တော်လှန်အနုပညာရှင်များနှင့် တော်လှန်ရေးရဲဘော်များ လက်မှတ်ရေးထိုးထားသည့် ဂစ်တာတို့ပါဝင်မည်ဖြစ်သည်။
အငြိမ့်ပွဲကို Zoom Meeting မှတစ်ဆင့် ကျင်းပသွားမည်ဖြစ်ပြီး ကံစမ်းမဲများကို တော်လှန်အနုပညာရှင်များ ကိုယ်တိုင်မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ တော်လှန်အနုပညာရှင်တွေကတော့ သူတို့အနုပညာနဲ့ရှာဖွေလို့ရတာလေးတွေကို ပြန်လှူဒါန်းချင်တာပါ။ ပြီးတော့ ကျွန်တော်တို့ကလည်း တော်လှန်ရေးမှာ မမေ့သေးဘူး၊ ဒီတော်လှန်ရေးမှာ ကျွန်တော်တို့က တက်တက်ကြွကြွရှိနေသေးတယ်ဆိုတာကို မြေပြင်ကတော်လှန်နေသူတွေကိုရော၊ တော်လှန်ရေးအနုပညာရှင်တွေကိုပါ ပြချင်တာပါ”ဟု အဆိုပါပွဲ ဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်ရာတွင် ပါဝင်သည့် မြန်မာ့လူထု ကူညီထောက်ပံ့ရေးအသင်းမှ ဒုတိယ ဥက္ကဋ္ဌဦးကောင်းချစ်သဲကပြောသည်။
ပွဲစီစဉ်ထားမှုနှင့် ပတ်သက်၍လည်း “ အိုဆာကာရဲ့ သမဝါယမအသင်းရဲ့အဆောက်အဦ ခြောက်ထပ်မှာ လေးထပ်နဲ့ ခြောက်ထပ်ကို အသုံးပြုပြီး ခြောက်ထပ်ကို ရုပ်ရှင်ပြမယ်။ လေးထပ်ကို ဈေးရောင်းပွဲလုပ်မယ်ဆိုပြီး စီစဉ်ထားပါတယ်။ နာဂိုယာမှာတော့ မြန်မာစားသောက်ဆိုင်မှာပဲ ပြဖို့ စီစဉ်ထားပါတယ်။ အငြိမ့်ကြည့်ရုံတစ်ခုတည်း မဟုတ်ဘဲ ကိုယ်စားချင်တဲ့အစားအသောက်တွေကို အလွယ်တကူ ဝယ်ယူလို့ ရပါတယ်။ မြန်မာမှာဆိုရင် လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုနဲ့ တူပါတယ်။ ဒါနဲ့ အနီးစပ်ဆုံးတူအောင် ခံစားရအောင်လည်း လုပ်ဆောင်ထားပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါပွဲမှ ရရှိလာသည့် ရန်ပုံငွေများကိုလည်း ကရင်နီဒေသနှင့် အညာဒေသသို့ တိုက်ရိုက်ခွဲဝေ ထောက်ပို့ပေးသွားမည်ဟုလည်း သိရသည်။
စာတည်း - မောင်ကြီး
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#mizzima
#ဂျပန်နိုင်ငံ
#အိုဆာကာ
#နာဂိုယာမြို့
#အငြိမ့်ဖျော်ဖြေပွဲ

👍31🔥2❤1😁1
ထိုင်းနိုင်ငံမှာ ဘယ်အစိုးရတက်တက် အင်အားစုတွေအနေနဲ့ စနစ်တကျချဉ်းကပ်ဖို့လိုတယ်"
=====================
"ထိုင်းနိုင်ငံမှာ ဘယ်အစိုးရတက်တက် အင်အားစုတွေအနေနဲ့ စနစ်တကျချဉ်းကပ်ဖို့လိုတယ်" အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ် (အင်တာဗျူး)
မဇ္ဈိမ။ ။လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီး ချုပ်အပြောင်းအလဲကြောင့် မြန်မာ့အရေး၊ နိုင်ငံရေးနဲ့ ရွှေ့ပြောင်း အလုပ်သမားအရေးတွေ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။
ဒီနွေဦးတော်လှန်ရေးမှာ ရွှေ့ပြောင်းအလုပ်သမားတွေက ဘယ်လောက်ထိ အရေးပါပါသလဲ။
ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ထိုင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ်ကို ဒီတပတ် mizzima ရဲ့ weekly Interview မှာ ဆက်သွယ်မေးမြန်းထားပါတယ်။
တင်ဆက်၊မေးမြန်း၊တည်းဖြတ် - မောင်ခက်နွေ
https://youtu.be/m1CiFEld8qQ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
"ထိုင်းနိုင်ငံမှာ ဘယ်အစိုးရတက်တက် အင်အားစုတွေအနေနဲ့ စနစ်တကျချဉ်းကပ်ဖို့လိုတယ်" အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ် (အင်တာဗျူး)
မဇ္ဈိမ။ ။လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီး ချုပ်အပြောင်းအလဲကြောင့် မြန်မာ့အရေး၊ နိုင်ငံရေးနဲ့ ရွှေ့ပြောင်း အလုပ်သမားအရေးတွေ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။
ဒီနွေဦးတော်လှန်ရေးမှာ ရွှေ့ပြောင်းအလုပ်သမားတွေက ဘယ်လောက်ထိ အရေးပါပါသလဲ။
ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ထိုင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ်ကို ဒီတပတ် mizzima ရဲ့ weekly Interview မှာ ဆက်သွယ်မေးမြန်းထားပါတယ်။
တင်ဆက်၊မေးမြန်း၊တည်းဖြတ် - မောင်ခက်နွေ
https://youtu.be/m1CiFEld8qQ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ထိုင်းနိုင်ငံမှာ ဘယ်အစိုးရတက်တက် အင်အားစုတွေအနေနဲ့ စနစ်တကျချဉ်းကပ်ဖို့လိုတယ်"
"ထိုင်းနိုင်ငံမှာ ဘယ်အစိုးရတက်တက် အင်အားစုတွေအနေနဲ့ စနစ်တကျချဉ်းကပ်ဖို့လိုတယ်" အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ် (အင်တာဗျူး)
မဇ္ဈိမ။ ။လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီး ချုပ်အပြောင်းအလဲကြောင့် မြန်မာ့အရေး၊ နိုင်ငံရေးနဲ့ ရွှေ့ပြောင်း …

👍16😁2
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ ICC ရှေ့နေ လာရောက်ပြီး နာရီပိုင်းအတွင်း လူ ၆ ဦး အသတ်ခံရ
======================
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်များ၏ ထွက်ဆိုချက်များကို မှတ်တမ်းယူရန် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး( ICC )မှ ရှေ့နေဖြစ်သူ လာရောက်ပြီး နာရီပိုင်းအတွင်း ထိပ်တိုက်တွေ့မှုဖြစ်ရာ၌ ရိုဟင်ဂျာ ခြောက်ဦး သေဆုံးကြောင်း ရဲက သောကြာနေ့တွင် ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာ တစ်သန်းနီးပါးကို လက်ခံထားရာ ဖြစ်သည်။ အဆိုပါ မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကို ကုလသမဂ္ဂ ခုံရုံး၌ လူမျိုးတုံး သတ်ဖြတ်မှုဖြင့် စုံစမ်းစစ်ဆေးလျက် ရှိသည်။
ယခု သီတင်းပတ် တိုက်ခိုက်မှုသည် ပြိုင်ဘက်သောင်းကျန်းသူနှစ်ဖွဲ့ဖြစ်သည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO ကြား လူသေဆုံးသည့် ထိပ်တိုက်တွေ့မှုများမှ နောက်ဆုံးဖြစ်စဉ် ဖြစ်သည်။

👍14👏2❤1
ပြင်သစ်နိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက် မီးလောင်သည်ဆိုသော သတင်းအမှား
======================
ZZ
(မဇ္ဈိမ) ။ ။ပြင်သစ်နိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက်တခု ဇူလိုင်လ ၅ ရက်နေ့က မီးလောင်ကျွမ်းခဲ့သည် ဆိုသောသတင်း လူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။
“အမွှေစိန်”တယ်လီဂရမ်ချန်နယ်က “ပြင်သစ်ရဲ့ အကြီးဆုံးစာကြည့်တိုက် မီးလောင်???” ဟု (မူရင်းအရေး အသားအတိုင်း) စတင်ဖြန့်ဝေထားသည့်သတင်းတွင် အဆောက်အဦးတခုမီးလောင်နေသည့် ဗီဒီယိုဖိုင် လည်းပါဝင်နေသည်။ ထိုအကြောင်းကို အခြား တယ်လီဂရမ်ချန်နယ်နှင့် ဂရု ၂၈ ခုတွင်လည်း ပျံ့နှံ့နေ သည်။
ယင်းဗီဒီယိုဖိုင်ဖြင့်ပင် “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က “NUG အကြမ်းဖက်အဖွဲ့ကကောင်တွေ ရောက် တဲ့နိုင်ငံနဲ့ဒေသတွေမှာ မတည်ငြိမ်မှုဖြစ်ပွားနေ၊ ယခုလည်း ပြင်သစ်ရဲ့ အကြီးဆုံးစာကြည့်တိုက်လည်း မီး လောင်သွားပြီဖြစ်ပါတယ်” ဟုရေးသားကာ ပြန်လည်ဖြန့်ဝေထားသည်။ အဆိုပါ အကြောင်းအရာမှာ ဖေ့စ်ဘုတ်၌လည်း ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူစုစုပေါင်း ၂၀၀,၀၀၀ ကျော် နေပြီဖြစ်သည်။
မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းကို အချက်အလက်စစ်ဆေးခဲ့ရာတွင် ဗီဒီယိုဖိုင်ပါ စာကြည့်တိုက်မှာ ပြင်သစ်နိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက် မီးလောင်ခြင်းမဟုတ်ကြောင်း တွေ့ရှိခဲ့သည်။
ပြင်သစ်နိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက်ကို "France Largest Library" ဟုသည့် စကားလုံးဖြင့် Google တွင် ရှာဖွေခဲ့ရာတွင် ပြင်သစ်အမျိုးသားစာကြည့်တိုက်(Bibliothèque Nationale de France)ကို တွေ့ရှိ ခဲ့သည်။ ယခုမီးလောင်နေသည့် ဗီဒီယိုဖိုင်ပါ အဆောက်အဦးနှင့်မတူညီပေ။ လင့် - https://www.bnf.fr/fr
မီးလောင်နေသည့် အဆောက်အဦးမှာ ဖိလစ်ပိုင်နိုင်ငံ၏ အဓိက စာတိုက်ရုံးဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့က မီးလောင်ခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းကို AP သတင်းဌာနက နှစ်ပေါင်း ၁၀၀ နီးပါး သက် တမ်းရှိသည့် ဖိလစ်ပိုင်မြို့တော်ရှိ ပင်မစာတိုက်ကြီး မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ လင့် - https://bit.ly/44AOsrA
လက်ရှိဖြစ်ပွားနေသောအဓိကရုန်းများကြောင့် ပြင်သစ်စာကြည့်တိုက် မီးလောင်ခဲ့ကြောင်း သတင်းတုမှာ တွစ်တာတွင်လည်း ပျံ့နှံ့ခဲ့သည်။ ထိုအကြောင်းကို အချက်အလက် စစ်ဆေးသည့် အဖွဲ့ဖြစ်သည့် Full Fact အဖွဲ့က ဖိလစ်ပိုင်နိုင်ငံ မနီလာတွင် မီးလောင်ခြင်းဖြစ်ကြောင်း ဖော်ထုတ်ထားသည်။ လင့် - https://bit.ly/44An90u
ထို့ကြောင့် ပြင်သစ်နိုင်ငံ ၏အကြီးဆုံးစာကြည့်တိုက်မီးလောင်သည်ဆိုသောသတင်းမှာ မှားယွင်းနေပြီး အမှန်တကယ်ဖြစ်ပွားခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ စာတိုက်ရုံးမီးလောင်ခဲ့စဉ်က ဗီဒီယိုအား လွဲမှား စွာ ဖော်ပြထား ခြင်းဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#France_Library

👍15😁1
ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်အား ကျိုက်စကောထောင်မှ ခေါ်ထုတ်သွားပြီးနောက် သေဆုံး
😢18🤬2❤1🔥1😁1
ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်အား ကျိုက်စကောထောင်မှ ခေါ်ထုတ်သွားပြီးနောက် သေဆုံး
==============
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအရှေ့ခြမ်း ဒိုက်ဦးမြို့နယ် ကျိုက်စကောထောင်အတွင်း ဖမ်းဆီးအကျဉ်းချခံထားရသော ပဲခူးခရိုင် ဗကသဒုတိယဥက္ကဋ္ဌ ကိုခန့်လင်းနိုင်အား စစ်ကောင်စီတပ်မှ လာရောက်ခေါ်ထုတ်သွားပြီးနောက်တွင် သေဆုံးသွားပြီဖြစ်ကြောင်းကို ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့၌ သိရှိရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။
ကျိုက်စကောထောင်အတွင်းမှ ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးအား ၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ လာရောက်ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ရာမှ သတင်းပြန်ရရှိချိန်တွင် သေဆုံးပြီဟုသိရကြောင်း ဗကသအဖွဲ့ချုပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ထောင်ကနေ မိသားစုကို သေဆုံးကြောင်း စာပို့အကြောင်းကြားတာပါ။ အလောင်းကိုမတွေ့ရပါဘူး” ဟု ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်တစ်ဦးမှ မဇ္ဈိမကိုပြောသည်။
ပဲခူးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဒုဥက္ကဋ္ဌဖြစ်သူ၊ အသက် ၂၀ အရွယ်ခန့်ရှိ ကိုခန့်လင်းနိုင်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ အမြန်လမ်းတစ်နေရာ၌ အဝေးပြေးကားပေါ်မှတစ်ဆင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ) တို့ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်အတွင်းကလည်း ဒိုက်ဦးမြို့ ကျိုက်စကောထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးအား စစ်ကောင်စီတပ်မှ ခေါ်ထုတ်သွားခဲ့ပြီး ပြင်းပြင်းထန်ထန်နှိပ်စက်ရိုက်နှက်ခဲ့ကြောင်းကို အကျဉ်းထောင်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရှိရပြီး အဆိုပါ နိုင်ကျဉ်းများ၏ နောက်ဆက်တွဲအခြေအနေအသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်း၍ မရရှိသေးပေ။
“ကျွန်မသားလေးလည်း အဲ့ဒီ ၂၄ ယောက်ထဲပါသွားတယ်လို့ သတင်းရတယ်လေ၊ ကျွန်မတို့ ခုထိသူဘာဖြစ်နေလဲမသိရသေးဘူး၊ စိုးရိမ်နေပါတယ်” ဟု ကျိုက်စကောထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်မှပြောသည်။
ထို့ပြင် မေလ ၂၅ ရက်နေ့တွင် ပဲခူးပကဖ လေ့ကျင့်စုဆောင်းရေးတာဝန်ခံ ကိုသန့်ဇင်ဝင်းအပါအဝင် နိုင်ငံရေးအကျဉ်းသား သုံးဦးအား ကျိုက်စကောထောင်မှခေါ်ထုတ်သွားပြီးနောက် မေလ ၂၇ ရက်နေ့တွင် ကိုသန့်ဇင်ဝင်းသေဆုံးသွားကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသိုင်းအဝိုင်းမှ အတည်ပြုပြောကြားထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ကလည်း မြင်းခြံထောင်အတွင်း အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဉ်းသား ကိုစိန်ဝင်း အစာအိမ်သွေးကြောပေါက်၍ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုသို့အကြောင်းကြားလာခဲ့ကြောင်းနှင့် ရုပ်အလောင်းတွင်မူ ညှဥ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရကြောင်း မိသားစုနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၄ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
“တောင်ငူထောင်ဖြစ်စဉ်က စစ်ကောင်စီကိုတော်တော်လေးအရှက်တကွဲအကျိုးနည်းဖြစ်စေတယ်။ သူတို့အနေနဲ့ ထောင်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး လူအင်အားလည်းမလောက်ငတော့ဘူး။ အဲ့တော့ ကျိုက်စကောထောင်အပါအဝင် တောင်ငူထောင်၊ မြင်းခြံထောင်၊ သာယာဝတီထောင် နိုင်ငံတစ်ဝန်းကထောင်တွေမှာ နိုင်ကျဉ်းတွေကို နှိပ်စက်ဖိနှိပ်ပြလာတယ်။ ဒါသတ္တိရှိလို့လုပ်နေတာမဟုတ်ဘူး သူရဲဘောကြောင်တဲ့လုပ်ရပ်ပဲ။ ငါတို့်ခြင်းထဲကကြက် ခေါင်းထောင်ထမလာစေရဘူးဆိုတဲ့ စိတ်နဲ့ အကျဉ်းထောင်လက်စွဲဥပဒေတွေ ဘာတွေ ဘာမှမရှိတော့ဘူး" ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်မှပြောသည်။
ထိုသို့အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသားများ ဖိနှိပ် နှိပ်စက်ခံနေရမှုများအတွက် ၎င်းတို့အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများမှသိရှိစေရန်၊ အရေးယူဆောင်ရွက်စေရန် နည်းမျိုးစုံဖြင့်ဆောင်ရွက်နေကြောင်း၊ သို့သော် နိုင်ငံတကာအဖွဲ့အစည်းများသည် သတိပေးစာများထုတ်ခြင်းမှလွဲ၍ အရေးယူမှုများပျက်ကွက်နေပြီး ထိုသို့ပျက်ကွက်နေခြင်းများသည် စစ်ကောင်စီအား အကျဉ်းသားများအပေါ်ပြုမူချင်တိုင်းပြုမူရန် လိုင်စင်ချထားပေးသလိုဖြစ်နေကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ ၎င်း၏လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါကိစ္စရပ်များအတွက် များစွာတာဝန်ရှိကြောင်း ဦးထွန်းကြည်မှပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#နိုင်ငံရေးအကျဉ်းသား
#AAPP
#ပဲခူးခရိုင်
#ဗကသဒုဥက္ကဋ္ဌ

🤬18👍6❤2🔥1
Mizzima Weekly Sports အစီအစဉ်
=============
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ .....
- ဂျာမနီ အားကစားဝတ်စုံ အမှတ်တံဆိပ် Jako မြန်မာနိုင်ငံမှ ထွက်ခွာမည်
- Anthony Joshua နဲ့ Dillian Whyte တို့ သြဂုတ်လမှာ ပြန်လည်ဆုံတွေ့မယ့် ဟဲဗီးဝိတ်မကျေပွဲ
- ဆွစ်ဇာလန်ကွင်းလယ်လူ Granit Xhaka အာဆင်နယ်အသင်းမှ ထွက်ခွာ
- FIFA ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့ ဗီယက်နမ် VAR ဒိုင်လူကြီး ၁၈ ဦး စတဲ့အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/ZNLBWd2qnX4
#weeklysports

-------------

- Anthony…

👍10🔥2