Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကျိုက်ထီးရိုးတောင်တက်ကားလမ်းတံတား မိုင်းခွဲဖျက်ဆီးခံရ
==================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်းပေါ်ရှိ တံတားတစ်စင်းအား ဇူလိုင်လ ၆ ရက် ညနေ ၃ နာရီအချိန်တွင် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

“ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်မှာ ရှိနေတဲ့တပ်တွေကို လက်နက်ခဲယမ်းတွေ၊ လူ၊ တပ်အင်အားတွေ ပို့ဆောင် ထောက်ပို့လုပ်နေတဲ့လမ်းပါ။ လက်နက်ကြီး၊ လက်နက်ငယ် အကုန်လုံး၊ ခဲယမ်းသယ်ဆောင်တဲ့နေရာမှာ ထောက်ပို့လုပ်နေလို့ ဒီတံတားကို ဖျက်ဆီးရခြင်းဖြစ်ပါတယ်" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

လက်ရှိ မိုးရာသီကာလဖြစ်၍ ဘုရားဖူးပြည်သူများ အသွားအလာမရှိချိန်တွင် ထိုသို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်၊ ရသေ့တောင်၊ ကျီးကန်းပါးစပ်၊ ကျောက်ထပ်ကြီးတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချ စခန်းများပေါ် စစ်ရိက္ခာ၊ အင်အား ပို့ဆောင်ရန် အသုံးပြုနေသည်ဟုဆိုကာ ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ် ( ၁၀ မိနစ် ကားရပ်နားစခန်းအနီး) ရှိ လေးဖာလုံတံတားအား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် အရှည် ၇၀ ပေ၊ အကျယ် ၁၄ ပေ ရှိသော လေးဖာလုံတံတား၏ အလယ်တွင် အပေါက်ဖြစ်သွားခဲ့ပြီး ကားသွားလာရန် အခက်အခဲဖြစ်သွားရကြောင်း သိရသည်။
ကျိုက်ထီးရိုးတောင်နှင့် အနီးတစ်ဝိုက်ရှိ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချစခန်းများသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

ကျိုက်ထီးရိုးတောင်၏ တောင်စဖွင့်ချိန်သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ပြီး ကဆုန်လအထိအဖြစ်ပြီး ယခုကာလသည် မိုးတွင်းကာလဖြစ်သဖြင့် ကျိုက်ထီးရိုးတောင်သို့ လာရောက်သော ဘုရားဖူးအရေအတွက်သည် မရှိသလောက် နည်းပါးကြောင်းလည်း ကျိုက်ထီးရိုးတောင်ပေါ်တွင် ဈေးရောင်းသူတစ်ဦးထံက သိရသည်။
"ဒီအချိန်က တောင်ပိတ်ချိန်လို့ခေါ်ပါတယ်။ ဘုရားဖူးမရှိဘူးလေ။ ရှိရင်တောင် အနည်းအကျဉ်းပဲ" ဟု ကျိုက်ထီးရိုးတောင်ပေါ်တွင် ဈေးရောင်းသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ဘေး၊ ရသေ့တောင်တွင် အမြောက်များဖြင့် အထိုင်ချထားသော စစ်ကောင်စီတပ်က KNU တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေအတွင်းရှိ ချောင်းစောက်ရွာသစ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ချောင်းစောက်ကျေးရွာအနီးအနားတွင် ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#ကျိုက်ထီးရိုး
#စစ်ကောင်စီတပ်
#မိုင်းခွဲတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥2❤1🤬1
​​အမေရိကန် သမ္မတလောင်းများ ထဲမှ Bitcoin ကို အားပေးထောက်ခံနေသူ ၄ ဦး
===================

၂၀၂၄ ခုနှစ်အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ လိုနေသေးသော်လည်း ယခုအချိန်တွင် သမ္မတလောင်းများရဲ့ယှဥ်ပြိုင်မှုများ ဟာ အရှိန်မြှင့်တက်နေပြီဖြစ်ပါတယ်။

အမေရိကန်သမ္မတဟောင်း Donald Trump ဟာလည်း သမ္မတ ရွေးကောက်ပွဲမှာ ပြန်လည်ယှဥ်ပြိုင်ဖို့စည်းရုံးမှုတွေ စတင်နေပြီး ၂၀၂၀ ရွေးကောက်ပွဲမှာသူ့ကို အနိုင်ရရှိသွားတဲ့ Joe Biden ကို ဖယ်ရှားပစ်မယ်လို့ ပြောဆိုနေပါတယ်။

အမေရိကန်နိုင်ငံ တွင် Bitcoin အပေါ်အမြင်အမျိုးမျိုးဖြင့် အငြင်းပွားမှုများ ရှိနေချိန်တွင် စိတ်၀င်စားဖို့ ကောင်းတာ တစ်ခုကတော့ သမ္မတလောင်းတွေထဲက ၄ ယောက်ဟာ Bitcoin ကို ထောက်ခံအားပေးပြီး Bitcoin ဟာ နိုင်ငံတကာလူ့အခွင့်အရေးများ တွင်လည်း ကူညီနေတာကို လက်ခံထားကြသူများဖြစ်ပါတယ်။
သမ္မတလောင်း ၄ ဦးကတော့ Robert Kennedy Jr, Vivek Ramaswamy, Ron Desantis နှင့် Francis Suarez တို့ပဲဖြစ်ပါတယ်။

ပထမဆုံးတစ်ဦးကတော့ Robert F. Kennedy Jr. ဖြစ်ပြီး Harvard တကသိုလ် ဥပဒေပညာဖြင့်ဘွဲ့ရထားပြီး အသက် ၆၉ နှစ်​ရှိပြီဖြစ်ပါတယ်။​

Robert F. Kennedy Jr. သည် အမေရိကန် အထက်လွှတ်တော်အမတ်ဟောင်း Robert F. Kennedy ၏သားဖြစ်ပြီး ရှေ့နေနှင့် သဘာဝပတ်ဝန်းကျင်အရေးကိစ္စ များတွင်လည်း တက်ကြွလှုပ်ရှားသူဖြစ်သည်။ သူသည် Bitcoin ကို "ဒီမိုကရေစီနှင့်လွတ်လပ်မှု၏သင်္ကေတ" ဟုခေါ်ဆိုခဲ့သည်။ Kennedy သည် ၎င်း၏ ရွေးကောက်ပွဲ campaign အတွက် လှူဒါန်းမှုများကိုလည်း Bitcoin လက်ခံနေလျက်ရှိသည်။ အမေရိကန် သမ္မတလောင်း Robert F. Kennedy Jr. ဟာလည်း မြန်မာနိုင်ငံ ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် Bitcoin သည်အရေးကြီးသော အခန်းကဏတစ်ခု ကနေပါ၀င်ကြောင်း Twitter မှာ ထုတ်ဖော် ပြောကြားဖူးပါတယ်။

ဒုတိယတစ်ဦးကတော့ Vivek Ramaswamy ဖြစ်ပြီး Yale တက္ကသိုလ် ဥပဒေပညာဖြင့်ဘွဲ့ရထားပြီး
အသက် ၃၇ နှစ်ပဲ ရှိပါသေးတယ်။ Vivek Ramaswamy သည် ယခင်က ဆေးဝါးဆိုင်ရာ စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်ပြီး ယခုအခါ နိုင်ငံရေးဝေဖန်သုံးသပ်သူနှင့် စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ ၎င်းသည် သမာရိုးကျ fiat ငွေကြေးများထက် Bitcoin ဟာ ပိုမိုလုံခြုံပြီးစိတ်ချရသော ငွေကြေးပုံစံဖြစ်ကြောင်း Bitcoin ၏ အဆိုကို ထောက်ခံထားသူတစ်ဦးလည်းဖြစ်သည်။

တတိယမြောက်တစ်ဦးကတော့ Ron DeSantis ဖြစ်ပြီးတော့ အသက် ၄၄ နှစ်ရှိပြိဖြစ်ပြီး ၄င်းဟာလည်း Yale တက္ကသိုလ်ကနေပြီးတော့ ဥပဒေပညာနဲ့ ဘွဲ့ရထားသူတစ်ဦးပဲဖြစ်ပါတယ်။ Ron DeSantis သည် လက်ရှိ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ၄င်းသည် Bitcoin ကိုအားပေးထောက်ခံ သူလည်းဖြစ်ပြီး “Bitcoin ဟာကမ္ဘာကြီးကိုပြောင်းလဲစေပြီးအနှောင့်အယှက်ပေးသောအလားအလာရှိသောအချက်ကို ငြင်းခုံခဲ့သူတစ်ဦးလည်းဖြစ်သည်။
နေ
ာက်ဆုံးတစ်ဦးကတော့ Francis Suarez ဖြစ်ပြီးFlorida International University College of Law ကနေကျောင်းပြီးထားသူတစ်ဦးလည်းဖြစ်ပြီး အသက် ၄၅ နှစ်ရှိပါပြီ။ Francis Suarez သည် မိုင်ယာမီ၏ လက်ရှိမြို့တော်ဝန်ဖြစ်ပါတယ်။ သူဟာ Bitcoin ကိုခိုင်မာစွာထောက်ခံသူဖြစ်ပြီး Miami ကို ပင် “Bitcoin City” ဖြစ်စေခဲ့သည်။ Bitcoin သည် စီးပွားရေးကို မြှင့်တင်ရန် အလားအလာရှိသည့် "အသွင်ပြောင်းနည်းပညာ" ဖြစ်သည်ဟု ဆွာရက်ဇ်က ပြောဆိုထားတယ်။

သူတို့ဟာ Bitcoin က အမျိုးသား လုံခြုံရေး (National Security) ကိုမြှင့်တင်ရန်၊ Dollar ကို ပိုမိုခိုင်မာစေရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးကို ကာကွယ်ရန် အရေးကြီးကြောင်းလိုအပ်ကြောင်း
လက်ခံထားကြသူများလည်းဖြစ်ပါတယ်။

အသက် ၇၇ နှစ် အရွယ်ရှိ သမ္မတဟောင်း ဒေါ်နယ်ထရန့် နဲ့ အသက် ၈၀ အရွယ်ရှိ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်တို့ကတော့ Bitcoin နည်းပညာနဲ့ ပက်သက်ပြီး ယခုအချိန်ထိ ထုတ်ဖော်ပြောဆိုခြင်း မရှိတာကို တွေ့ရပါတယ်။

လူငယ် အမေရိကန် သမ္မတလောင်းများရဲ့ အားပေးထောက်ခံမှုဟာ Bitcoin အတွက် အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ပြီး Bitcoin ကိုတရားဝင်ဖြစ်စေရန် နှင့် ၎င်းကို နိုင်ငံတကာမှာ Digital Gold (ဒစ်ဂျစ်ရွှေ) ကဲ့သို့ တန်ဖိုး ရှိသော အရာ တစ်ခု အဖြစ် မကြာတော့တဲ့ ကာလတွေမှာ ဖြစ်လာနိုင်မှာလား စိတ်ဝင်စားဖို့ ကောင်းပါတယ်။

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)
‌
Telegram တွင် စောင့်ဖတ်ရန် → [
https://t.me/BitcoinMyanmarEDU
](
https://t.me/BitcoinMyanmarEDU
"smartCard-inline")
website link >>>
http://www.mizzimaburmese.com/article/130567

#https://www.facebook.com/Bitcoin.MM.Initiative?_rdc=1&_rdr
👍19😁3
​​စစ်ကောင်စီ၏ လာမည့် ငြိမ်းချမ်းရေးညီလာခံကို မွန်ပြည်သစ်ပါတီ စောင့်ကြည့်မည်
==================

ဂျူချန်း
(မဇ္ဈိမ)။ ။ စစ်ကောင်စီက ယခု ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဥ်နေသည့် ငြိမ်းချမ်းရေးညီလာခံကို မွန်ပြည်သစ်ပါတီနေဖြင့် စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးက ပြောသည်။

“သူတို့(စစ်ကောင်စီ)က ညီလာခံတက်ရောက်ဖို့ကို လေ့လာဖို့တော့ ပြောထားပါတယ်။ ဒါပေမဲ့ ဒီ (အပစ်ရပ်) ၁၀ ဖွဲ့တည်းနဲ့က နိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ မလုံလောက်နေဘူး။ ရလဒ်ကောင်းလည်း မရနိုင်ဘူး။ ဝါရင့်နိုင်ငံရေးပါတီတွေဖြစ်တဲ့ SNLD တို့ NLD တို့ ပါဖို့လည်း လိုတယ်။ ဒီလိုအဖွဲ့မျိုးတွေကို သူတို့(စစ်ကောင်စီ) ဘယ်လောက်အသိအမှတ်ပြုမလဲ၊ ဘယ်လောက်ပါဝင်နိုင်အောင် သူတို့ဘယ်လောက်ကြိုးစားနိုင်မလဲ အပေါ် စောင့်ကြည့်ဖို့ လိုပါမယ်။ ဒီအဖွဲ့မျိုးတွေမပါရင် နိုင်ငံရေးရလဒ်ကောင်း မထွက်နိုင်ဘူး။ ကျနော်တို့ကတော့ ဒီညီလာခံနဲ့ပတ်သက်ပြီး လေ့လာနေပါမယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး က မွန်ပြည်သစ်ပါတီ သတင်းနှင့်ပြန်ကြားရေးစာမျက်နှာဖြစ်သည့် “ပရိုၚ်ဍုၚ်မန်တၟိ” ၏ မေးမြန်းချက်တွင် မွန်ဘာသာဖြင့် ဖြေဆိုထားသည်။

သို့သော် လက်ရှိဖြစ်ပေါ်နေသည့် ပြည်တွင်း ပဋိပက္ခများအကြား ကျင်းပ နိုင်မှု ရှိ၊ မရှိကို မသိရသေးကြောင်း ဆိုသည်။ ထိုညီလာခံတွင် အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့အပြင် အခြားနိုင်ငံရေးပါတီနှင့် ကျန်ရှိနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအပြင် ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေရ ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့အစည်းများလည်း ပါဝင်နိုင်ရန် လိုအပ်ကြောင်း ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နိုင်ဗညားလယ် က ပြောသည်

“အားလုံးပါဝင်ဖို့ မတတ်နိုင်ရင်တောင် ၁၀ အဖွဲ့အပြင် သင့်တော်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေပါဖို့လိုမယ်။ ဥပမာ NLD တို့လို အဖွဲ့မျိုး မပါဘူးဆိုရင် ဒီနိုင်ငံရေးပြဿနာက ဘယ်လိုမှမပြီးသွားနိုင်ဘူး။ အဲ့ဒီလိုပဲ ရှမ်းပြည်နယ်မှာဆိုလည်း SNLD တို့ မပါဘူးဆိုရင် မပြီးနိုင်ဘူး။ အဲ့ဒီလိုအဖွဲ့အစည်းမျိုးတွေ ပါဝင်လာမှသာ ကျနော်တို့ အဖွဲ့အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးသွားပါမယ်” ဟု နိုင်ဗညားလယ်က ပြောသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် အပစ်အခတ်ရပ်စဲရန် ၂၀၁၂ ခုနှစ်တွင် သဘောတူညီခဲ့သည့်အတိုင်း လေးစားစွာ ဆက်လက်စောင့်ထိန်းသွားမည်ဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းတွင် ဖြေရှင်းရမည်ဟူသည့် မူကို ကိုင်စွဲထားဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီ၏ ဆွေးနွေးပွဲများအတွင်းတွင် စစ်ကောင်စီ၏ သဘောထားတင်းမာမှုကြောင့် တိကျခိုင်မာသည့် နိုင်ငံရေးသဘောတူညီချက်ကို မရရှိခဲ့ဘဲ မွန်ပြည်သစ်ပါတီအနေဖြင့် ပေးဆပ်လိုက်ရသည့် နိုင်ငံရေးဂုဏ်သိက္ခာ နှင့် မထိုက်တန်ကြောင်း နှင့် စစ်ကောင်စီကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီအနေဖြင့် သတိကြီးကြီးထားကာ လေ့လာနေသည်ဟု မြင်မိကြောင်း မွန်ပြည်ကာကွယ်ရေးတပ် ဥက္ကဋ္ ဒေါက်တာ သီရိမွန်ချမ်းက သုံးသပ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
# ငြိမ်းချမ်းရေးညီလာခံ
# မွန်ပြည်သစ်ပါတီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍6🔥1💩1
ကရင်နီ စစ်ဘေးရှောင် စခန်းတွေမှာ ဆန် ပြတ်လပ်နေ
===================

KMN
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်လို့ ခေါ်ကြတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ဆန်ပြတ်လပ်မှု ဖြစ်ပေါ်နေပြီး စစ်ရှောင်တွေ စားဖို့အတွက် ခက်ခဲနေတယ်လို့ ကရင်နီစစ်ဘေးရှောင် ကူညီပေးသူတွေက ပြောပါတယ်။

ကရင်နီပြည်နယ် မယ်စဲ့မြို့နယ် တစ်ဝိုက်ကို စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ် ဆင်နေပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေတာကြောင့် ဆန်ဈေးနူန်းမြင့်တက်မှုနဲ့ပါ ကြုံနေရတာပါ။
စစ်ဘေးရှောင်တွေဟာ တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ဆန်ပြဿနာဟာ လတ်တလော အခက်ခဲဆုံးဖြစ်နေတယ်လို့ ကရင်နီပြည်နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ရှိသူက ပြောပါတယ်။

လွိုင်ကော်၊ ဒီမော့ဆို့ နဲ့ ဖယ်ခုံ မြို့နယ်တွေမှာ စစ်ဘေးရှောင်တွေ ထောင်ချီရှိနေပြီး ဆန်တစ်အိတ် ရှစ်သောင်းကျပ်နဲ့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ အဲ့ဒီကွန်ရက်က သတင်းထုတ်ပြန်ထားပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
စာတည်း- သန့်ဇော်(သန်လျင်)

https://youtu.be/iVgy2VDvE-U

#Mizzima
#ကရင်နီပြည်နယ်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍2🔥1😁1
​​အာဆီယံက မြန်မာနှင့် တရုတ်အပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖိအားပေးမည်
===================

လာမည့် သီတင်းပတ် အစည်းအဝေးများအတွက် အာဆီယံသို့ အမေရိကန်ထိပ်တန်းသံတမန် အန်တိုနီ ဘလင့်ကင် လာရောက်ချိန်တွင် အမေရိကန်အနေဖြင့် မိတ်ဖက် အရှေ့တောင်အာရှနိုင်ငံများက မြန်မာအပေါ် ပြင်းပြင်းထန်ထန် အရေးယူပြီး တောင်တရုတ်ပင်လယ်၌ တရုတ်၏ လုပ်ရပ်များကို ဆန့်ကျင်ရန် မျှော်လင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက သောကြာနေ့တွင် ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး ဘလင့်ကင်သည် တနင်္ဂနွေနေ့မှ ဗုဒ္ဓဟူးနေ့အထိ နေတိုးအစည်းအဝေးများအတွက် ဗြိတိန်နှင့် လစ်သူရေးနီးယားနိုင်ငံဆီ သမ္မတ ဂျိုး ဘိုင်ဒင်နှင့်အတူ တက်ရောက်ပြီးနောက်တွင် အာဆီယံ ဒေသတွင်းအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပါဝင်တက်ရောက်ရန် အင်ဒိုနီးရှားသို့ သွားရောက်မည် ဖြစ်သည်။

၂၀၂၁ ၌ စစ်အာဏာသိမ်းမှုကြောင့် ဝရုန်းသုန်းကား အခြေဆိုက်လျက်ရှိသည့် မြန်မာ့အရေးသည် ဂျကာတာရှိ အစည်းအဝေး၌ “အဓိက ဆွေးနွေးမည့် ကိစ္စရပ်” ဖြစ်လိမ့်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူ ဒန်နီယယ် ခရစ်တန်ဘရင့်က ပြောသည်။
👍15😁2
Media is too big
VIEW IN TELEGRAM
Dating news တွေထွက်ခဲ့ပေမဲ့ငြင်းဆိုခဲ့ကြတဲ့ တောင်ကိုရီးယားအနုပညာရှင်များ

Full Video Link - https://buff.ly/44BWO2u

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍3🔥1
ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်တွင် မြွေဆိုးကိုက်ခံရ
😢5👍2🔥1
ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်တွင် မြွေဆိုးကိုက်ခံရ
==================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်မှ ဒေသခံပြည်သူတစ်ဦး မြွေဆိုးကိုက်ခံရသည်ဟု ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ( ကန့်ဘလူခရိုင်) ထံမှ သိရသည်။

ဇူလိုင်လ ၆ ရက် နံနက် ၆နာရီ ၁၅မိနစ်အချိန်တွင် မြွေဆိုးကိုက်ခံခဲ့ရခြင်းဖြစ်ပြီး ယခုအချိန်တွင် ပြန်လည်သက်သာလာခဲ့ပြီဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

“ချပ်သင်းတိုက်နယ်အတွင်းက အသက် ၂၃နှစ်အရွယ် အမျိုးသားတဦးမြွေဆိုးကိုက်ခံရပါတယ်။ BPI မြွေဆိပ်ဖြေဆေး လေးလုံး ထိုးပေးခဲ့ရတယ်” ဟု မြေပြင်တွင် ကျန်းမာရေးစောင့်ရှောက်ပေးနေသူ တစ်ဦးကပြောသည်။

ကန့်ဘလူခရိုင်တွင်းရှိ ကိုးထောင်ဘို့၊ ချပ်သင်း၊ ပင့်သာနှင့် ထန်းကုန်းတိုက်နယ်များသည် မြွေဆိုးကိုက်ခံရမှုအများဆုံးဒေသများ ဖြစ်သည်။

ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ( ကန့်ဘလူခရိုင်)က ဇူလိုင် ၃ရက်တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနတခုကို BPI မြွေဆိပ်ဖြေဆေး ကိုးလုံး လှူဒါန်းခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်း မြွေဆိပ်ဖြေဆေးလိုအပ်လျှက်ရှိသော နေရာများသို့လည်း ထပ်မံလှူဒါန်းပေးနိုင်ရန် စီစဥ်လျှက်ရှိသည်ဟု ယင်းအဖွဲ့က ဆိုသည်။

မြွေဆိုးကိုက်လူနာဦးရေ မြင့်တက်သည်နှင့်အမျှ မြွေဆိပ်ဖြေဆေးများလည်း အရေးပေါ်လိုအပ်လျှက်ရှိသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

မိုးတွင်းကာလ ရောက်လာသည်နှင့်အမျှ မြွေဆိုးအန္တရာယ်လည်း ပိုမိုကြုံတွေ့ လာရပြီး စစ်‌ရှောင်များအနေဖြင့် အနေအထိုင် ပိုမိုခက်ခဲလာနေကြကြောင်းလည်း သိရသည်။

ဇွန်လအတွင်းမှာလည်း မြွေဆိုးကိုက်ခံရသည့် လူနာစုစုပေါင်း ၁၁ဦးအထိ ရှိခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ ပြုစုထားသည့် စာရင်းအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကန့်ဘလူမြို့နယ်
#ချပ်သင်းတိုက်နယ်
#မြွေဆိုး
#တက်ကြွလှုပ်ရှားသူများအဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢4🔥1
​​စစ်ပြေးမြန်မာဒုက္ခသည်များ နယ်စပ်မှတစ်ဆင့် ထိုင်းဘက်သို့ ဝင်ရောက်
===================

ကရင်နီတပ် (KA) နှင့် မြန်မာစစ်ကောင်စီတပ်များကြား တိုက်ပွဲများမှ လွတ်မြောက်ရန်အတွက် ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်ရှိ မယ်ဆာရီအန်ခရိုင်က ဒုက္ခသည်စခန်းများတွင် လက်ရှိ ခိုလှုံနေကြသည့် မြန်မာဒုက္ခသည် ၅,၀၀၀ ကျော်ထက်မနည်း ရှိနေကြောင်း သိရသည်။

ထိုင်းမြောက်ပိုင်းရှိ ယင်းပြည်နယ်၏ တစ်ဖက် မြန်မာနယ်စပ်မြို့တစ်မြို့တွင် စစ်ကောင်စီက KA ကို လေကြောင်းတိုက်ခိုက်ကြောင်း ကြာသပတေးနေ့ သတင်းများက ဖော်ပြသည်။ ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုများ ရှိကြောင်းလည်း ကြားသိရသည်။

ထိုင်းနိုင်ငံ၌ ဆေးဝါးကုသမှု ရရှိရန် ဒေသခံတော်တော်များများက ထိခိုက်ဒဏ်ရာရသူများကို နယ်စပ်မှ ဖြတ်ကာ သယ်ဆောင်လာကြသကဲ့သို့ အခြားသူများက နယ်စပ်တောအုပ်များသို့ ထွက်ပြေးတိမ်းရှောင်ကြသည်။
👍8🔥2🤬2
Media is too big
VIEW IN TELEGRAM
Kaeng Som ထိုင်းဟင်းချို | Chef Eve's Easy Thai Cooking Show | Ep - 21

Watch more detail- https://buff.ly/3JMSVQ6

#reels #shorts #KaengSom #ဟင်းချို #ChefEve’s
Cele City - Episode 26
====================

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 Dating news တွေထွက်ခဲ့ပေမဲ့ငြင်းဆိုခဲ့ကြတဲ့ တောင်ကိုရီးယားအနုပညာရှင်များ
👉 ရင်နှီးမြုပ်နှံမှုပြုလုပ်ခဲ့တဲ့ ရသစုံရိူးဘုရင် Yoo Jae suk
👉 စိတ်ကျဝေသနာခံစားနေရတဲ့ ထိုင်းမင်းသမီး Ice Preechaya

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

App ဒေါင်းလုတ်ရယူရန်
http://onelink.to/jnuwak

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့် ပြသနေပါသည်)။

https://youtu.be/ELwov2s3Qy8

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
Media is too big
VIEW IN TELEGRAM
ဝက်သားချဉ်ခေါက်ဆွဲကြော် | Chef Eve's Easy Thai Cooking Show | Ep - 21

Watch more detail- https://buff.ly/3JMSVQ6

#reels #shorts #ဝက်သားချဉ် #ခေါက်ဆွဲကြော် #ChefEve’s
👍2😁1
လီလီနိုင်ကျော်အား ပစ်ခတ်သည်ဟု စွပ်စွဲခံရသည့် လူငယ် ၂ ဦး ဖမ်းဆီးခြင်းခံရပြီးနောက် သေဆုံး
😢10🤬5❤3👍1👏1
လီလီနိုင်ကျော်အား ပစ်ခတ်သည်ဟု စွပ်စွဲခံရသည့် လူငယ် ၂ ဦး ဖမ်းဆီးခြင်းခံရပြီးနောက် သေဆုံး
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေသည့် အဆိုတော် လီလီနိုင်ကျော်အား ပစ်ခတ်သည်ဟု စွပ်စွဲခံရသည့် လူငယ် နှစ်ဦးမှာ စစ်ကောင်စီ၏ တစ်လကျော်ကြာဖမ်းဆီးခံရပြီးနောက် သေဆုံးသွားကြောင်းသိရသည်။

အဆိုပါသတင်းအား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဇွန်လ ၈ ရက်နံနက်ခင်းမှ စတင်ကာ ယခုလို ဖြန့်ဝေထားသည်။
"ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းအနီး၌ လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ သိုဝှက်ထားကြောင်း ဖမ်းဆီးရမိတရားခံများဖြစ်ကြသော ကောင်းဇာနည်ဟိန်း(ခ)လပြည့်ဦး(ခ) ကောင်းကောင်း နှင့် ကျော်သူရ(ခ)အီးတီ တို့၏ ညွှန်ပြမှုဖြင့် သွားရောက်ရှာဖွေခဲ့ကြောင်း သိရပါသည်။

ထိုသို့ သွားရောက်ရှာဖွေ ရှာဖွေနေစဉ် အဆိုပါတရားခံ နှစ်ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွန်းထိုးတိုက်ခိုက်ထွက်ပြေးခဲ့ရာ ရပ်တန့်မှုမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဒဏ်ရာအသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။"ဟူ၍ ဖြစ်သည်။

အဆိုပါသတင်း ပျံ့နှံ့လာမှုကြောင့် မဇ္ဈိမမှ တော်လှန်ရေးအင်အားစုများ၊ မြို့ပြပြောက်ကျားအဖွဲ့များထံသို့ စုံစမ်းအတည်ပြုရာ စစ်ကောင်စီဘက်မှ ဝါဒဖြန့်သည့်အတိုင်းမဟုတ်ဘဲ ‌စွပ်စွဲဖမ်းဆီးခံရသည့် လူငယ်နှစ်ဦး၏ သေဆုံးမှုဖြစ်စဉ်ကို ယခုလို သိရှိရသည်။
"လိုက်ပြခိုင်းတယ် လိုက်စစ်တယ်ဆိုတာ သတင်းမှားပါ၊ တကယ်က သူတို့စစ်ရင်း လက်လွန်သွားလို့ လုပ်ကြံဖန်တီးလိုက်တာပါ။ ရဲဘော်တွေ ဘယ်မှာ ကျဆုံးတယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။"ဟူ၍ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခု၏ တာဝန်ခံက ပြောသည်။

ကောင်းဇာနည်ဟိန်း(ခ)လပြည့်ဦး(ခ) ကောင်းကောင်း နှင့် ကျော်သူရ(ခ)အီးတီ တို့နှစ်အား Special Task Force(STF) အဖွဲ့ဝင်ဟု လည်းကောင်း၊ လီလီနိုင်ကျော်အား ပစ်ခတ်သူများဟူ၍ပါ စွပ်စွဲပြီး ကမာရွတ်မြို့နယ်တွင် ဖမ်းဆီးခဲ့ကြောင်း ဇွန်လ ၆ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်လာခဲ့သည်။

အဆိုပါည‌နေပိုင်းတွင် ကောင်းဇာနည်ဟိန်း၏ မိသားစုဝင်တို့အား PDF အဖွဲ့တစ်ဖွဲ့မှ နှုတ်ပိတ်သတ်ဖြတ်သည်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှ သတင်းဖြန့်မှုများရှိခဲ့သည်။
ဖြစ်စဉ်အမှန်မှာ "ကောင်းဇာနည်ဟိန်းရဲ့ အမေနဲ့ အစ်မ၀မ်းကွဲလည်း ပျူ‌စောထီးက လုပ်ကြံတာပါ။ ရပ်ကွက်နေ ပြည်သူတွေကပဲ အတည်ပြုပေးပါတယ်။" ဟူ၍ တော်လှန်ရေးအင်အားစုတစ်ခုက ပြောကြားသည်။

အဆိုတော် လီလီနိုင်ကျော်အား ရန်ကင်းမြို့နယ်ရှိ နေအိမ်သို့ပြန်လာစဉ် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ မေလ ၃၀ ရက် ည ၇ နာရီခန့်က ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

လီလီနိုင်ကျော်၏ အသုဘအား ဇွန်လ ၈ ရက်နေ့ ညနေပိုင်းတွင် မင်္ဂလာဒုံရှိ စစ်ဆေးရုံအတွင်း ဇရပ်တွင်သာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လီလီနိုင်ကျော်
#အသုဘ
#တယ်လီဂရမ်
#မြို့ပြပြောက်ကျား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬18👍9❤1😁1
Kaeng Som ထိုင်းဟင်းချို နဲ့ ဝက်သားချဉ်ခေါက်ဆွဲကြော် | Chef Eve's Easy Thai Cooking Show | Ep - 21
=====================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ Kaeng Som ထိုင်းဟင်းချို နဲ့ ဝက်သားချဉ်ခေါက်ဆွဲကြော် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။

တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/zkMKaNhHYaw

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🍌2
ဇူလိုင်လ (၈) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================

ဒီကနေ့ညမှာတော့ စစ်ကောင်စီရဲ့ လာမယ့် ငြိမ်းချမ်းရေးညီလာခံကို မွန်ပြည်သစ်ပါတီ စောင့်ကြည့်မယ်ဆိုတဲ့သတင်းနဲ့အတူ

မယ်စဲ့မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တဲ့သတင်းအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ တစ်ပတ်အတွင်းစီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်ကို တင်ဆက်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/j2JnNktxBt0

#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁1
Media is too big
VIEW IN TELEGRAM
“အညာဒေသ လက်ရှိစစ်ရေး အလေးအပေါ့” | ချစ်သောအညာမြေ Episode-19

Watch more detail -https://buff.ly/3PJ9DUp

#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels
👍7😁1