Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်တွင် မြွေဆိုးကိုက်ခံရ
😢5👍2🔥1
ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်တွင် မြွေဆိုးကိုက်ခံရ
==================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်မှ ဒေသခံပြည်သူတစ်ဦး မြွေဆိုးကိုက်ခံရသည်ဟု ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ( ကန့်ဘလူခရိုင်) ထံမှ သိရသည်။

ဇူလိုင်လ ၆ ရက် နံနက် ၆နာရီ ၁၅မိနစ်အချိန်တွင် မြွေဆိုးကိုက်ခံခဲ့ရခြင်းဖြစ်ပြီး ယခုအချိန်တွင် ပြန်လည်သက်သာလာခဲ့ပြီဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

“ချပ်သင်းတိုက်နယ်အတွင်းက အသက် ၂၃နှစ်အရွယ် အမျိုးသားတဦးမြွေဆိုးကိုက်ခံရပါတယ်။ BPI မြွေဆိပ်ဖြေဆေး လေးလုံး ထိုးပေးခဲ့ရတယ်” ဟု မြေပြင်တွင် ကျန်းမာရေးစောင့်ရှောက်ပေးနေသူ တစ်ဦးကပြောသည်။

ကန့်ဘလူခရိုင်တွင်းရှိ ကိုးထောင်ဘို့၊ ချပ်သင်း၊ ပင့်သာနှင့် ထန်းကုန်းတိုက်နယ်များသည် မြွေဆိုးကိုက်ခံရမှုအများဆုံးဒေသများ ဖြစ်သည်။

ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ( ကန့်ဘလူခရိုင်)က ဇူလိုင် ၃ရက်တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနတခုကို BPI မြွေဆိပ်ဖြေဆေး ကိုးလုံး လှူဒါန်းခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်း မြွေဆိပ်ဖြေဆေးလိုအပ်လျှက်ရှိသော နေရာများသို့လည်း ထပ်မံလှူဒါန်းပေးနိုင်ရန် စီစဥ်လျှက်ရှိသည်ဟု ယင်းအဖွဲ့က ဆိုသည်။

မြွေဆိုးကိုက်လူနာဦးရေ မြင့်တက်သည်နှင့်အမျှ မြွေဆိပ်ဖြေဆေးများလည်း အရေးပေါ်လိုအပ်လျှက်ရှိသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

မိုးတွင်းကာလ ရောက်လာသည်နှင့်အမျှ မြွေဆိုးအန္တရာယ်လည်း ပိုမိုကြုံတွေ့ လာရပြီး စစ်‌ရှောင်များအနေဖြင့် အနေအထိုင် ပိုမိုခက်ခဲလာနေကြကြောင်းလည်း သိရသည်။

ဇွန်လအတွင်းမှာလည်း မြွေဆိုးကိုက်ခံရသည့် လူနာစုစုပေါင်း ၁၁ဦးအထိ ရှိခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ ပြုစုထားသည့် စာရင်းအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကန့်ဘလူမြို့နယ်
#ချပ်သင်းတိုက်နယ်
#မြွေဆိုး
#တက်ကြွလှုပ်ရှားသူများအဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢4🔥1
​​စစ်ပြေးမြန်မာဒုက္ခသည်များ နယ်စပ်မှတစ်ဆင့် ထိုင်းဘက်သို့ ဝင်ရောက်
===================

ကရင်နီတပ် (KA) နှင့် မြန်မာစစ်ကောင်စီတပ်များကြား တိုက်ပွဲများမှ လွတ်မြောက်ရန်အတွက် ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်ရှိ မယ်ဆာရီအန်ခရိုင်က ဒုက္ခသည်စခန်းများတွင် လက်ရှိ ခိုလှုံနေကြသည့် မြန်မာဒုက္ခသည် ၅,၀၀၀ ကျော်ထက်မနည်း ရှိနေကြောင်း သိရသည်။

ထိုင်းမြောက်ပိုင်းရှိ ယင်းပြည်နယ်၏ တစ်ဖက် မြန်မာနယ်စပ်မြို့တစ်မြို့တွင် စစ်ကောင်စီက KA ကို လေကြောင်းတိုက်ခိုက်ကြောင်း ကြာသပတေးနေ့ သတင်းများက ဖော်ပြသည်။ ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုများ ရှိကြောင်းလည်း ကြားသိရသည်။

ထိုင်းနိုင်ငံ၌ ဆေးဝါးကုသမှု ရရှိရန် ဒေသခံတော်တော်များများက ထိခိုက်ဒဏ်ရာရသူများကို နယ်စပ်မှ ဖြတ်ကာ သယ်ဆောင်လာကြသကဲ့သို့ အခြားသူများက နယ်စပ်တောအုပ်များသို့ ထွက်ပြေးတိမ်းရှောင်ကြသည်။
👍8🔥2🤬2
Media is too big
VIEW IN TELEGRAM
Kaeng Som ထိုင်းဟင်းချို | Chef Eve's Easy Thai Cooking Show | Ep - 21

Watch more detail- https://buff.ly/3JMSVQ6

#reels #shorts #KaengSom #ဟင်းချို #ChefEve’s
Cele City - Episode 26
====================

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 Dating news တွေထွက်ခဲ့ပေမဲ့ငြင်းဆိုခဲ့ကြတဲ့ တောင်ကိုရီးယားအနုပညာရှင်များ
👉 ရင်နှီးမြုပ်နှံမှုပြုလုပ်ခဲ့တဲ့ ရသစုံရိူးဘုရင် Yoo Jae suk
👉 စိတ်ကျဝေသနာခံစားနေရတဲ့ ထိုင်းမင်းသမီး Ice Preechaya

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

App ဒေါင်းလုတ်ရယူရန်
http://onelink.to/jnuwak

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့် ပြသနေပါသည်)။

https://youtu.be/ELwov2s3Qy8

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
Media is too big
VIEW IN TELEGRAM
ဝက်သားချဉ်ခေါက်ဆွဲကြော် | Chef Eve's Easy Thai Cooking Show | Ep - 21

Watch more detail- https://buff.ly/3JMSVQ6

#reels #shorts #ဝက်သားချဉ် #ခေါက်ဆွဲကြော် #ChefEve’s
👍2😁1
လီလီနိုင်ကျော်အား ပစ်ခတ်သည်ဟု စွပ်စွဲခံရသည့် လူငယ် ၂ ဦး ဖမ်းဆီးခြင်းခံရပြီးနောက် သေဆုံး
😢10🤬5❤3👍1👏1
လီလီနိုင်ကျော်အား ပစ်ခတ်သည်ဟု စွပ်စွဲခံရသည့် လူငယ် ၂ ဦး ဖမ်းဆီးခြင်းခံရပြီးနောက် သေဆုံး
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေသည့် အဆိုတော် လီလီနိုင်ကျော်အား ပစ်ခတ်သည်ဟု စွပ်စွဲခံရသည့် လူငယ် နှစ်ဦးမှာ စစ်ကောင်စီ၏ တစ်လကျော်ကြာဖမ်းဆီးခံရပြီးနောက် သေဆုံးသွားကြောင်းသိရသည်။

အဆိုပါသတင်းအား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဇွန်လ ၈ ရက်နံနက်ခင်းမှ စတင်ကာ ယခုလို ဖြန့်ဝေထားသည်။
"ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းအနီး၌ လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ သိုဝှက်ထားကြောင်း ဖမ်းဆီးရမိတရားခံများဖြစ်ကြသော ကောင်းဇာနည်ဟိန်း(ခ)လပြည့်ဦး(ခ) ကောင်းကောင်း နှင့် ကျော်သူရ(ခ)အီးတီ တို့၏ ညွှန်ပြမှုဖြင့် သွားရောက်ရှာဖွေခဲ့ကြောင်း သိရပါသည်။

ထိုသို့ သွားရောက်ရှာဖွေ ရှာဖွေနေစဉ် အဆိုပါတရားခံ နှစ်ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွန်းထိုးတိုက်ခိုက်ထွက်ပြေးခဲ့ရာ ရပ်တန့်မှုမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဒဏ်ရာအသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။"ဟူ၍ ဖြစ်သည်။

အဆိုပါသတင်း ပျံ့နှံ့လာမှုကြောင့် မဇ္ဈိမမှ တော်လှန်ရေးအင်အားစုများ၊ မြို့ပြပြောက်ကျားအဖွဲ့များထံသို့ စုံစမ်းအတည်ပြုရာ စစ်ကောင်စီဘက်မှ ဝါဒဖြန့်သည့်အတိုင်းမဟုတ်ဘဲ ‌စွပ်စွဲဖမ်းဆီးခံရသည့် လူငယ်နှစ်ဦး၏ သေဆုံးမှုဖြစ်စဉ်ကို ယခုလို သိရှိရသည်။
"လိုက်ပြခိုင်းတယ် လိုက်စစ်တယ်ဆိုတာ သတင်းမှားပါ၊ တကယ်က သူတို့စစ်ရင်း လက်လွန်သွားလို့ လုပ်ကြံဖန်တီးလိုက်တာပါ။ ရဲဘော်တွေ ဘယ်မှာ ကျဆုံးတယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။"ဟူ၍ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခု၏ တာဝန်ခံက ပြောသည်။

ကောင်းဇာနည်ဟိန်း(ခ)လပြည့်ဦး(ခ) ကောင်းကောင်း နှင့် ကျော်သူရ(ခ)အီးတီ တို့နှစ်အား Special Task Force(STF) အဖွဲ့ဝင်ဟု လည်းကောင်း၊ လီလီနိုင်ကျော်အား ပစ်ခတ်သူများဟူ၍ပါ စွပ်စွဲပြီး ကမာရွတ်မြို့နယ်တွင် ဖမ်းဆီးခဲ့ကြောင်း ဇွန်လ ၆ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်လာခဲ့သည်။

အဆိုပါည‌နေပိုင်းတွင် ကောင်းဇာနည်ဟိန်း၏ မိသားစုဝင်တို့အား PDF အဖွဲ့တစ်ဖွဲ့မှ နှုတ်ပိတ်သတ်ဖြတ်သည်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှ သတင်းဖြန့်မှုများရှိခဲ့သည်။
ဖြစ်စဉ်အမှန်မှာ "ကောင်းဇာနည်ဟိန်းရဲ့ အမေနဲ့ အစ်မ၀မ်းကွဲလည်း ပျူ‌စောထီးက လုပ်ကြံတာပါ။ ရပ်ကွက်နေ ပြည်သူတွေကပဲ အတည်ပြုပေးပါတယ်။" ဟူ၍ တော်လှန်ရေးအင်အားစုတစ်ခုက ပြောကြားသည်။

အဆိုတော် လီလီနိုင်ကျော်အား ရန်ကင်းမြို့နယ်ရှိ နေအိမ်သို့ပြန်လာစဉ် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ မေလ ၃၀ ရက် ည ၇ နာရီခန့်က ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

လီလီနိုင်ကျော်၏ အသုဘအား ဇွန်လ ၈ ရက်နေ့ ညနေပိုင်းတွင် မင်္ဂလာဒုံရှိ စစ်ဆေးရုံအတွင်း ဇရပ်တွင်သာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လီလီနိုင်ကျော်
#အသုဘ
#တယ်လီဂရမ်
#မြို့ပြပြောက်ကျား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬18👍9❤1😁1
Kaeng Som ထိုင်းဟင်းချို နဲ့ ဝက်သားချဉ်ခေါက်ဆွဲကြော် | Chef Eve's Easy Thai Cooking Show | Ep - 21
=====================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ Kaeng Som ထိုင်းဟင်းချို နဲ့ ဝက်သားချဉ်ခေါက်ဆွဲကြော် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။

တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/zkMKaNhHYaw

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🍌2
ဇူလိုင်လ (၈) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================

ဒီကနေ့ညမှာတော့ စစ်ကောင်စီရဲ့ လာမယ့် ငြိမ်းချမ်းရေးညီလာခံကို မွန်ပြည်သစ်ပါတီ စောင့်ကြည့်မယ်ဆိုတဲ့သတင်းနဲ့အတူ

မယ်စဲ့မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တဲ့သတင်းအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်းနိုင်ငံတကာသတင်းတွေနဲ့ တစ်ပတ်အတွင်းစီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်ကို တင်ဆက်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/j2JnNktxBt0

#Eveningradio
#Mizzimaradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁1
Media is too big
VIEW IN TELEGRAM
“အညာဒေသ လက်ရှိစစ်ရေး အလေးအပေါ့” | ချစ်သောအညာမြေ Episode-19

Watch more detail -https://buff.ly/3PJ9DUp

#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels
👍7😁1
Weekend News Roundup
===============

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-စစ်ကောင်စီအပေါ် လက်တွေ့အရေးယူဆောင်ရွက်မှု အားနည်းပျက်ကွက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောတဲ့သတင်း

-နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းများအား နှောင့်ယှက်ဖျက်ဆီးပါက ထိရောက်စွာ အရေးယူမည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့ထုတ်ပြန်တဲ့ သတင်း

-တောင်အာဖရိကဆင်းရဲသားရပ်ကွက်မှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ၁၇ ဦးထက်မနည်းသေဆုံးတဲ့သတင်း

-အီးယူလွှတ်တော်အမတ်တွေက ဂရိရဲ့ရွှေ့ပြောင်းလှေမှောက်မှု စုံစမ်းစစ်ဆေးခြင်းအပေါ် သံသယရှိနေတဲ့သတင်း

-မြန်မာ့လူ့အခွင့်အရေးနှင့် စာနာမှုအကူအညီလိုအပ်ချက် စိုးရိမ်စရာအဆင့်ထိ ဆိုးရွားလာနေတဲ့ သတင်း

-ရန်ကုန် ၊ ဧရာဝတီနှင့် ကရင်ပြည်နယ်တို့မှာ ဆင်းရဲခြင်းကြောင့် အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ကလေးသူငယ်များ အလုပ်လုပ်ကိုင်နေရတဲ့သတင်း

https://youtu.be/YBsqRQSvNSI

#weekendnewsroundup
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1🥰1
စစ်ကြောင်းထွက်သွားတဲ့ မြကန်ကျေးရွာမှာ မီးရှို့သတ်ခံထားရတဲ့ လူသေအလောင်း တွေ့ (ရုပ်/သံ)
===========================

MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း၊ အင်းပတ်ကွေ့ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ နဲ့ ရွာသစ်ကုန်း ပျူရွာက ပျူစောထီးများ ပူးပေါင်းထားတဲ့ အင်အား ၃၀ ခန့် ပါဝင်တဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဇူလိုင်လ ၇ ရက်နေ့ မှာ မြကန်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါတယ်။

အဲ့ဒီစစ်ကောင်စီတပ် စစ်ကြောင်းဟာ မြကန်ကျေးရွာက အရပ်သားနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားပါတယ်။

ဒီလို မီးရှို့ပြီးနောက် အရပ်သား နှစ်ဦးကို ဖမ်းဆီးကာ တစ်ဦးကို မီးရှို့ သတ်ဖြတ်သွားတယ်လို့ ခင်ဦးမြို့ နယ် သတင်းမှန်ပြန်ကြားရေးက ကိုနေသူရက မဇ္ဈိမကို ပြောပါတယ်။

https://youtu.be/Kt9K4gBv4nU

တည်းဖြတ် ၊ တင်ဆက် MTO

#မြကန်ကျေးရွာ
#စစ်ကြောင်း
#မီးရှို့သတ်ခံရ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢10👍3😁1
မင်းတပ်မြို့နယ်တွင် လေကြောင်းပစ်ခတ်ခံရ၍ ကလေးငယ်အပါအဝင် ၃ ဦး သေဆုံး
🤬8😢2😁1
မင်းတပ်မြို့နယ်တွင် လေကြောင်းပစ်ခတ်ခံရ၍ ကလေးငယ်အပါအဝင် ၃ ဦး သေဆုံး
======================

ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့နယ်အတွင်းရှိ ဝုမ်းခုမ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၈ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်အပါအဝင် သုံးဦး သေဆုံးသွားသည်ဟု CDF- Mindat တာဝန်ရှိသူထံမှ သိရသည်။

ဝုမ်းခုမ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးသီး နှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သုံးဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ၎င်းကပြောသည်။

“ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၂၈အရွယ် နို့တိုက်မိခင်တစ်ဦး၊ ၆၅နှစ်အရွယ် အဘွားအိုတစ်ဦးနဲ့ ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားပါတယ်။ ပြီးတော့ အမျိုးသားတစ်ဦး ဒဏ်ရာရပါတယ်” ဟု CDF- Mindat တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ပြီး မင်းတပ်မြို့ပေါ်ရှိ ခလရ (၂၇၄)တပ်ရင်းမှလည်း အမြောက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝုမ်းခုမ်ကျေးရွာရှိ စာသင်ကျောင်းအပါအဝင် အိမ်ခြေ ၁၀လုံးခန့် ထိခိုက်ပျက်စီးသွားကြောင်း CDF-Mindat တာဝန်ရှိသူထံမှ သိရသည်။
“စစ်ရေးတင်းမာတာမျိုးမရှိဘူး တိုက်ပွဲလည်းမရှိဘူး။ တော်သေးတယ် ဒီနေ့ ကျောင်းပိတ်လို့။ စာသင်ကျောင်းကိုထိတာ တော်တော်ပျက်စီးသွားတယ်။ ကျောင်းမတက်တဲ့အချိန် ဖြစ်နေလို့ ဘာမှတော့မရှိဘူး ဒီတိုင်းအကြောင်းမဲ့ လာကြဲသွားတာပါ” ဟု ၎င်းကဆက်ပြောသည်။

ဝုမ်းခုမ်ကျေးရွာသည် မင်းတပ်မြို့နယ် တိုက်နယ် (၂)အတွင်း၌ တည်ရှိပြီး အိမ်ခြေ ၅၀ခန့် ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း မင်းတပ်မြို့နယ်၊ လုပ်ခေးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းသုံးတိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းဆောင်နှင့် လူနေအိမ် သုံးလုံးခန့် ထိခိုက်ပျက်စီးခဲ့သေးသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍4😢2🔥1😁1
​​မင်းတပ်မြို့နယ် မူးယစ်ဆေးဝါးနှင့် အရက် ကင်းစင်စေရေးအတွက် CDF -Mindat မှ တိုက်တွန်း
====================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တစ်ဝန်းလုံးတွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာ ကင်းစင်စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF -Mindat က တိုက်တွန်းချက် ထုတ်ပြန်ထားသည်။

“မင်းတပ်တစ်မြို့နယ်လုံးနဲ့ ကျေးရွာတွေအကုန်လုံးမှာ အရက်သေစာ ပိတ်ပင်တာကြာပါပြီ။ မင်းတပ်မြို့ပေါ်ကတော့ စကစ ရှိတယ်ဆိုတော့ အရင်တုန်းက အထူးတလည်မပိတ်ပင်ခဲ့ဘူး။ ဒါပေမယ့် အခုလိုမျိုး မြို့ပေါ်က ပြည်သူတွေက အရက်သေစာသောက်စားတာကြောင့် အမှုခင်းပြဿနာတွေများလာတာကြောင့် မြို့ပေါ်ကိုလည်း ပိတ်ပင်လိုက်တာဖြစ်ပါတယ်။” ဟု CDF -Mindat မှ တာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) မှ မူးယစ်စေသော အရာအားလုံးကင်းစင်ရန် ဆောင်ရွက်လျက်ရှိရာ မင်းတပ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် အရက်သေစာသောက်စားမှုများ လျော့နည်းလျက်ရှိသော်လည်း မင်းတပ်မြို့တွင်းနှင့် အချို့နေရာများတွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာများ တရားမဝင် သယ်ဆောင်ရောင်းချလျက်ရှိကြောင်း သိရှိရသည်ဟု ဆိုသည်။

ထို့ကြောင့် မင်းတပ်မြို့နယ်အတွင်းသို့ မူးယစ်ဆေးဝါးနှင့် အရက်၊ ဘီယာစသည့် မူးယစ်စေတတ်သောပစ္စည်းများအား တရားမဝင်သယ်ဆောင်ရောင်းချခြင်းများ တွေ့ရှိပါက ထိရောက်စွာ အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မင်းတပ်) ကလည်း မင်းတပ်မြို့နယ်အတွင်း ပင်မြင့်တွင် ပေါက်ရောက်သည့် ရှားပါးသစ်ခွများ ရောင်းဝယ်ခွင့်ကို လုံးဝခွင့်မပြုကြောင်း ဇွန်လ ၃၀ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မင်းတပ်မြို့နယ်
#မူးယစ်ဆေးဝါး #ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#အရက်သေစာ #CDF
#ကင်းစင်စေရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁1