Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မင်းတပ်မြို့နယ်တွင် လေကြောင်းပစ်ခတ်ခံရ၍ ကလေးငယ်အပါအဝင် ၃ ဦး သေဆုံး
🤬8😢2😁1
မင်းတပ်မြို့နယ်တွင် လေကြောင်းပစ်ခတ်ခံရ၍ ကလေးငယ်အပါအဝင် ၃ ဦး သေဆုံး
======================

ကိုခင်မောင်
(မဇ္စျိမ)။ ။ ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့နယ်အတွင်းရှိ ဝုမ်းခုမ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၈ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်အပါအဝင် သုံးဦး သေဆုံးသွားသည်ဟု CDF- Mindat တာဝန်ရှိသူထံမှ သိရသည်။

ဝုမ်းခုမ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးသီး နှစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သုံးဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ၎င်းကပြောသည်။

“ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၂၈အရွယ် နို့တိုက်မိခင်တစ်ဦး၊ ၆၅နှစ်အရွယ် အဘွားအိုတစ်ဦးနဲ့ ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားပါတယ်။ ပြီးတော့ အမျိုးသားတစ်ဦး ဒဏ်ရာရပါတယ်” ဟု CDF- Mindat တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ပြီး မင်းတပ်မြို့ပေါ်ရှိ ခလရ (၂၇၄)တပ်ရင်းမှလည်း အမြောက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝုမ်းခုမ်ကျေးရွာရှိ စာသင်ကျောင်းအပါအဝင် အိမ်ခြေ ၁၀လုံးခန့် ထိခိုက်ပျက်စီးသွားကြောင်း CDF-Mindat တာဝန်ရှိသူထံမှ သိရသည်။
“စစ်ရေးတင်းမာတာမျိုးမရှိဘူး တိုက်ပွဲလည်းမရှိဘူး။ တော်သေးတယ် ဒီနေ့ ကျောင်းပိတ်လို့။ စာသင်ကျောင်းကိုထိတာ တော်တော်ပျက်စီးသွားတယ်။ ကျောင်းမတက်တဲ့အချိန် ဖြစ်နေလို့ ဘာမှတော့မရှိဘူး ဒီတိုင်းအကြောင်းမဲ့ လာကြဲသွားတာပါ” ဟု ၎င်းကဆက်ပြောသည်။

ဝုမ်းခုမ်ကျေးရွာသည် မင်းတပ်မြို့နယ် တိုက်နယ် (၂)အတွင်း၌ တည်ရှိပြီး အိမ်ခြေ ၅၀ခန့် ရှိကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း မင်းတပ်မြို့နယ်၊ လုပ်ခေးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းသုံးတိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းဆောင်နှင့် လူနေအိမ် သုံးလုံးခန့် ထိခိုက်ပျက်စီးခဲ့သေးသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👍4😢2🔥1😁1
​​မင်းတပ်မြို့နယ် မူးယစ်ဆေးဝါးနှင့် အရက် ကင်းစင်စေရေးအတွက် CDF -Mindat မှ တိုက်တွန်း
====================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တစ်ဝန်းလုံးတွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာ ကင်းစင်စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF -Mindat က တိုက်တွန်းချက် ထုတ်ပြန်ထားသည်။

“မင်းတပ်တစ်မြို့နယ်လုံးနဲ့ ကျေးရွာတွေအကုန်လုံးမှာ အရက်သေစာ ပိတ်ပင်တာကြာပါပြီ။ မင်းတပ်မြို့ပေါ်ကတော့ စကစ ရှိတယ်ဆိုတော့ အရင်တုန်းက အထူးတလည်မပိတ်ပင်ခဲ့ဘူး။ ဒါပေမယ့် အခုလိုမျိုး မြို့ပေါ်က ပြည်သူတွေက အရက်သေစာသောက်စားတာကြောင့် အမှုခင်းပြဿနာတွေများလာတာကြောင့် မြို့ပေါ်ကိုလည်း ပိတ်ပင်လိုက်တာဖြစ်ပါတယ်။” ဟု CDF -Mindat မှ တာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) မှ မူးယစ်စေသော အရာအားလုံးကင်းစင်ရန် ဆောင်ရွက်လျက်ရှိရာ မင်းတပ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် အရက်သေစာသောက်စားမှုများ လျော့နည်းလျက်ရှိသော်လည်း မင်းတပ်မြို့တွင်းနှင့် အချို့နေရာများတွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာများ တရားမဝင် သယ်ဆောင်ရောင်းချလျက်ရှိကြောင်း သိရှိရသည်ဟု ဆိုသည်။

ထို့ကြောင့် မင်းတပ်မြို့နယ်အတွင်းသို့ မူးယစ်ဆေးဝါးနှင့် အရက်၊ ဘီယာစသည့် မူးယစ်စေတတ်သောပစ္စည်းများအား တရားမဝင်သယ်ဆောင်ရောင်းချခြင်းများ တွေ့ရှိပါက ထိရောက်စွာ အ‌ရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မင်းတပ်) ကလည်း မင်းတပ်မြို့နယ်အတွင်း ပင်မြင့်တွင် ပေါက်ရောက်သည့် ရှားပါးသစ်ခွများ ရောင်းဝယ်ခွင့်ကို လုံးဝခွင့်မပြုကြောင်း ဇွန်လ ၃၀ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မင်းတပ်မြို့နယ်
#မူးယစ်ဆေးဝါး #ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#အရက်သေစာ #CDF
#ကင်းစင်စေရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15😁1
“အညာဒေသ လက်ရှိစစ်ရေး အလေးအပေါ့”
ချစ်သောအညာမြေ Episode-19
=========================

အညာဒေသမှာရှိတဲ့ ခုခံတော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီဘက်က တန်ပြန် တိုက်ခိုက်တာ၊ စခန်းတွေ စီးနင်းခံရတာ၊ ကိုယ့်တပ်ဖွဲ့ဝင်တွေ ထိခိုက် ဆုံးပါးရတာ စတာတွေမဖြစ်အောင် ဘယ်လို သတိထား ကာကွယ် လုပ်ဆောင်သင့်ပါသလဲ၊ အားနည်းချက်တွေက ဘာတွေရှိနေပါသလဲ၊ ဒီနှစ်ရဲ့ ကျန်တဲ့လတွေအတွင်း အညာဒေသရဲ့ စစ်ရေး အလေးအပေါ့ကို ဘယ်လိုများ ခန့်မှန်းနိုင်ပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ ကြည့်ရှု နားဆင်ကြရပါမယ်။

မြင်းခြံမြို့အခြေစိုက် Myingyan Black Tiger (KBT) အဖွဲ့ခေါင်းဆောင် ရဲဘော်မိုက်ခဲ၊ ဝက်လက်မြို့အခြေစိုက် ဆေးကြိမ်လုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ဇော်ဂျီနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း (၁)၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဗလတို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။

https://youtu.be/GxLhUA9DQak

#ချစ်သောအညာမြေ
#MizzimaTV
👍10😁1
ရေယာဉ်ဖြင့် ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်
==================

လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတွင်း ရေယာဉ်ဖြင့် ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားသည်ဟု Hero Fighter (Salingyi) တပ်ဖွဲ့ထံက သိရသည်။

“သဲအိပ်တွေ ကာပြီးထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရေယာဉ်ကို ရှေ့ထွက်ပြောင်းနဲ့ လက်နက်ငယ်‌တွေကို အများဆုံးသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှုကိုတော့ အသေးစိတ်မသိရသေးဘူး” ဟု Hero Fighter (Salingyi) တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။

မုံရွာမြို့ ၊ အလုံမင်းဒေါင့် ဆိပ်ကမ်းမှ ချောင်းဦးမြို့နယ်သို့ ရိက္ခာထောက်ပို့ပေးပို့ရန် ထွက်ခွါလာသည့် စစ်ကောင်စီတပ်ဖွဲ့ရေယာဉ်ကို ချင်းတွင်း မြစ်ကြောင်း တစ်လျှောက် ရေကြောင်းကျဉ်းသည့် နေရာမှ စောင့်ကြိုပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့၏ ရေယာဉ်သည် ကံကြီးကုန်း‌ကျေးရွာသို့ ရိက္ခာထောက်ပို့အဖြစ် ထွက်ခွာလာသည့် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ အမြန်ရေယာဉ်ကို ဇူလိုင်လ ၇ ရက် ညနေ ၄ နာရီခွဲ အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။

ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း ထောက်ပို့ရေယာဉ်များဖြင့် လိုက်ပါလာသောစစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ဇူလိုင်လ ၆ရက်မှစ၍ ယနေ့အထိ သုံးရက်ဆက်တိုက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးနေပြီး မြစ်ကမ်းတစ်လျှောက် ကျေးရွာများမှ ဒေသခံများ စစ်ရှောင်နေရကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကို Hero Fighter (Salingyi) ၊ Chindwin Dynamite (Salingyi)၊ တောင်ပံနီပြောက်ကျားတပ်ဖွဲ့ နှင့် ဒေသတွင်းမဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ ဇူလိုင်လ ၇ရက် ညပိုင်းကလည်း မုံရွာမြို့တစ်ဖက်ကမ်းရှိ အမှတ်(၂၈) ရဲတပ်ရင်းမှ ယင်းမာပင် အနောက်ခြမ်း နှင့် တောင်ဘက်အခြမ်းသို့ လက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အတွက် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်းလည်း ဒေသခံများထံက သိရသည်။

https://youtu.be/8oz8EAuMOeI

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#စစ်ကောင်စီတပ်
#အမြန်ရေယာဉ်
#တိုက်ပွဲဖြစ်ပွား
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15👏1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၈ ဇူလိုင် ၂၀၂၃) 
=======================

အကြမ်းဖက်စစ်တပ်မှ ထောင်ကျနေသည့် နိုင်ငံရေးအကျဉ်းသားများကို ခေါ်ထုတ်သတ်ဖြတ်မှုများ ခပ်စိတ်စိတ်လုပ်လာပြီး လူ့အခွင့်အရေးနှင့်စစ်ရာဇဝတ်မှုများကို ဆိုးဆိုးရွားရွားချိုးဖောက်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🤬2😁1😢1
​​အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီး မကြာမီ ပြီးစီးမည်  
========================

အိန္ဒိယ-မြန်မာ- ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမကြီးတည်ဆောက်မှုသည် ယခုအခါ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း အိန္ဒိယ ကုန်းလမ်းပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းများဆိုင်ရာဝန်ကြီး နီတင် ဂတ်ကာရီ က မကြာသေးမီက ထုတ်ပြန်ပြောကြားသည်။ အဆိုပါလမ်းမကြီး ပြီးစီးသည်နှင့် အရှေ့တောင် အာရှ နှင့် ကုန်သွယ်မှုအတွက် အိန္ဒိယ၏ အရှေ့ဘက်နိုင်ငံများနှင့် ဦးစားပေးဆောင်ရွက်ရေးမူဝါဒအတွက် လိုအပ်သော ပံ့ပိုးမှုများ ရရှိလာစေမည် ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤2🔥1🥰1
ဘီးလင်းမြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရ
🤬8😢3🔥1
ဘီးလင်းမြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရ
===================

YT
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခံခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်သုံးလုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ယနေ့ ဇူလိုင်လ ၈ ရက်တွင် ထုတ်ပြန်သည်။

"လက်နက်ကြီးကျတာက ရွှေရောင်ပြရွာထဲကိုပေါ့။ ဒဏ်ရာရတဲ့သူတွေက အရမ်းကြီး မပြင်းထန်ကြပေမယ့် လူကြီးတွေလည်းပါတယ်။ ဒီလိုပါပဲ သူတို့ကတော့ အကြောင်းမရှိလည်း ရှာကြံပစ်နေတာကို" ဟု ဘီးလင်းမြို့နယ် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ယမန်နေ့ ဇူလိုင်လ ၇ ရက် နေ့လည်ပိုင်းက သထုံမြို့နယ်၊ ဇီးဝန်းအခြေစိုက် စစ်ကောင်စီ၏ အမတ (၃၁၄) အမြောက်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် သုံးလုံး ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု KNU က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရသူများမှာ ရွှေရောင်ပြကျေးရွာနေ အသက် ၅၇ နှစ်အရွယ်ရှိ ဒေါ်တင်အေး၊ အသက် ၅၆ နှစ်အရွယ်ရှိ နော်မုလားဖေ၊ အသက် ၂၅ နှစ်အရွယ်ရှိ စောကူ၊ အသက် ၁၈ နှစ်အရွယ်ရှိ နော်မိထူး၊ အသက်ကိုးနှစ်အရွယ်ရှိ နော်သင်္ကြန်ဖော၊ အသက်ငါးနှစ်အရွယ်ရှိ စောစင်မင်းဦးတို့ဖြစ်ပြီး နေအိမ်သုံးလုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟို ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှု မတိုင်မီ ဇူလိုင်လ ၇ ရက် နံနက် ၉ နာရီဝန်းကျင်အချိန်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)၊ PDF ပူးပေါင်းတပ်ဖွဲ့က အဆိုပါ အမတ (၃၁၄) တပ်ရင်းသို့ ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။

"ဒီဘက်က သွားတိုက်ခဲ့တာရှိတယ်။ ဒရုန်းနဲ့ ဗုံးချခဲ့တာ။ အပျက်အစီးကတော့ မသိရသေးဘူးဗျ။ အဲ့ဒါပြီးတာနဲ့ ၁၀ နာရီကျော်လောက်မှာ ရွှေရောင်ပြဘက်ကို ပစ်တာပဲ။ သူတို့က တော်လှန်ရေးတပ်ဖွဲ့တွေ ရွှေရောင်ပြကနေ သူတို့ကို ပစ်တယ်ဆိုပြီး ပြန်ပစ်တာပေါ့" ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဇီးဝန်းအခြေစိုက် အမတ (၃၁၄) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိပြီး ဒေသခံ ထိခိုက်၊ သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိကြောင်း ဘီးလင်းမြို့နယ် ဒေသခံထံက သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း အမတ (၃၁၄) မှ ပစ်ခတ်ခဲ့သော ၆၀ မမ လက်နက်ကြီးကျည်ကြောင့် ရွှေရောင်ပြကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာနေ အသက် ၈၀ အရွယ်ရှိ အဖွားအိုတစ်ဦးအပါအဝင် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ

#မွန်ပြည်နယ်
#ဘီးလင်းမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢11🤬5👍3😁2❤1
ဇူလိုင်လ (၉) ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

အာဆီယံက မြန်မာနဲ့ တရုတ်အပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖိအားပေးမယ့်သတင်းနဲ့အတူ

ကရင်နီ စစ်ဘေးရှောင် စခန်းတွေမှာ ဆန် ပြတ်လပ်နေတဲ့သတင်းလွှာ အပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့သံစဉ့်အိမ်အစီအစဉ်ကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/g_aJWWTqGZg

#Morningradio
#Mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁3
ဇူလိုင် ၉ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
================

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၉ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။

https://youtu.be/wFvRbw7iZUU

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12😁4
အမေရိကန် သမ္မတလောင်းများထဲမှ Bitcoin ကို အားပေးထောက်ခံသူ ၄ ဦး
———————————————————

၂၀၂၄ ခုနှစ်အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ လိုနေသေးသော်လည်း ယခုအချိန်တွင် သမ္မတလောင်းများရဲ့ယှဥ်ပြိုင်မှုများ ဟာ အရှိန်မြှင့်တက်နေပြီဖြစ်ပါတယ်။

အမေရိကန်သမ္မတဟောင်း Donald Trump ဟာလည်း သမ္မတ ရွေးကောက်ပွဲမှာ ပြန်လည်ယှဥ်ပြိုင်ဖို့စည်းရုံးမှုတွေ စတင်နေပြီး ၂၀၂၀ ရွေးကောက်ပွဲမှာသူ့ကို အနိုင်ရရှိသွားတဲ့ Joe Biden ကို ဖယ်ရှားပစ်မယ်လို့ ပြောဆိုနေပါတယ်။

အမေရိကန်နိုင်ငံ တွင် Bitcoin အပေါ်အမြင်အမျိုးမျိုးဖြင့် အငြင်းပွားမှုများ ရှိနေချိန်တွင် စိတ်၀င်စားဖို့ ကောင်းတာ တစ်ခုကတော့ သမ္မတလောင်းတွေထဲက ၄ ယောက်ဟာ Bitcoin ကို ထောက်ခံအားပေးပြီး Bitcoin ဟာ နိုင်ငံတကာလူ့အခွင့်အရေးများ တွင်လည်း ကူညီနေတာကို လက်ခံထားကြသူများဖြစ်ပါတယ်။
👍21🔥3
ခင်ဦးမြို့နယ် ဆီဆုံလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
=================

လွှမ်းမိုး (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဆီဆုံလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တို့ ဇူလိုင်လ ၈ ရက်နေ့ မွန်းတည့်၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MRDA စေတန် တပ်ခွဲထံမှ သိရသည်။

“လက်နက်ကြီး လက်နက်ငယ်တွေကို အဓိကသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ရန်သူဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ပစ်ပြေး ပြေးပြီး ဆုတ်ခွာသွားကြတာဖြစ်ပါတယ်။ အတွင်းသတင်းအရ ပျူစောထီး လေးဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ သိရတယ်” ဟု Myanmar’s Royal Dragon Army (MRDA) စေတန်တပ်ခွဲမှ တပ်ခွဲမှူးက ပြောသည်။

ခင်ဦးမြို့နယ်မြောက်ခြမ်းရှိ မဒေါင်းလှကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် ဆီဆုံ လေးကျေးရွာမှ စပါးရိတ်သိမ်းစက်များကို အင်အားသုံး၍လာရောက်လုယူစဉ် ဒေသကာကွယ်ရေး တပ်ဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါလုယက်မှုကြောင့် စပါးရိတ်စက်တစ်စီး ဆုံးရှုံးလိုက် ရကြောင်း ဒေသခံတပ်ဖွဲ့များထံမှ သိရသည်။

ထိုတိုက်ခိုက်မှုကို MRDA စေတန်တပ်ခွဲ ၊ Royal Tiger နှင့် B.W.G.R.F တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက် မရှိခဲ့ကြောင်း သိရသည်။

https://youtu.be/dUASQfDjgUg

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ


#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18🤣3❤2🥰1👏1