Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အမေရိကန် သမ္မတလောင်းများထဲမှ Bitcoin ကို အားပေးထောက်ခံသူ ၄ ဦး
———————————————————

၂၀၂၄ ခုနှစ်အမေရိကန် သမ္မတ ရွေးကောက်ပွဲဟာ လိုနေသေးသော်လည်း ယခုအချိန်တွင် သမ္မတလောင်းများရဲ့ယှဥ်ပြိုင်မှုများ ဟာ အရှိန်မြှင့်တက်နေပြီဖြစ်ပါတယ်။

အမေရိကန်သမ္မတဟောင်း Donald Trump ဟာလည်း သမ္မတ ရွေးကောက်ပွဲမှာ ပြန်လည်ယှဥ်ပြိုင်ဖို့စည်းရုံးမှုတွေ စတင်နေပြီး ၂၀၂၀ ရွေးကောက်ပွဲမှာသူ့ကို အနိုင်ရရှိသွားတဲ့ Joe Biden ကို ဖယ်ရှားပစ်မယ်လို့ ပြောဆိုနေပါတယ်။

အမေရိကန်နိုင်ငံ တွင် Bitcoin အပေါ်အမြင်အမျိုးမျိုးဖြင့် အငြင်းပွားမှုများ ရှိနေချိန်တွင် စိတ်၀င်စားဖို့ ကောင်းတာ တစ်ခုကတော့ သမ္မတလောင်းတွေထဲက ၄ ယောက်ဟာ Bitcoin ကို ထောက်ခံအားပေးပြီး Bitcoin ဟာ နိုင်ငံတကာလူ့အခွင့်အရေးများ တွင်လည်း ကူညီနေတာကို လက်ခံထားကြသူများဖြစ်ပါတယ်။
👍21🔥3
ခင်ဦးမြို့နယ် ဆီဆုံလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
=================

လွှမ်းမိုး (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဆီဆုံလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တို့ ဇူလိုင်လ ၈ ရက်နေ့ မွန်းတည့်၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MRDA စေတန် တပ်ခွဲထံမှ သိရသည်။

“လက်နက်ကြီး လက်နက်ငယ်တွေကို အဓိကသုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ရန်သူဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ပစ်ပြေး ပြေးပြီး ဆုတ်ခွာသွားကြတာဖြစ်ပါတယ်။ အတွင်းသတင်းအရ ပျူစောထီး လေးဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ သိရတယ်” ဟု Myanmar’s Royal Dragon Army (MRDA) စေတန်တပ်ခွဲမှ တပ်ခွဲမှူးက ပြောသည်။

ခင်ဦးမြို့နယ်မြောက်ခြမ်းရှိ မဒေါင်းလှကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် ဆီဆုံ လေးကျေးရွာမှ စပါးရိတ်သိမ်းစက်များကို အင်အားသုံး၍လာရောက်လုယူစဉ် ဒေသကာကွယ်ရေး တပ်ဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါလုယက်မှုကြောင့် စပါးရိတ်စက်တစ်စီး ဆုံးရှုံးလိုက် ရကြောင်း ဒေသခံတပ်ဖွဲ့များထံမှ သိရသည်။

ထိုတိုက်ခိုက်မှုကို MRDA စေတန်တပ်ခွဲ ၊ Royal Tiger နှင့် B.W.G.R.F တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက် မရှိခဲ့ကြောင်း သိရသည်။

https://youtu.be/dUASQfDjgUg

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ


#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18🤣3❤2🥰1👏1
​​ပုလဲမြို့နယ် အင်မထီးပျူရွာမှ နွားကျောင်းထွက်လာသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက် ခံရ
==================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူရွာမှ နွားကျောင်းထွက်လာသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများကို ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ထံမှ သိရပါသည်။

အဆိုပါ ဖြစ်စဉ်တွင် နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ရှိခဲ့ပြီး ပျူစောထီးနှင့်စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက် သေဆုံးမှုကို မသိရသေးကြောင်း သခင်ဒေါင်းညိုက ဆိုသည်။

“စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးအဖွဲ့က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းကိုကြောက်လို့ နွား တွေကို ရှေ့ကမောင်းပြီး နယ်ချဲ့လာတာ။ သူတို့ တိုးလို့ရသလောက်တိုးပြီး မိုင်းတွေ ထောင်သွားကြတာ။ ဒါကြောင့် ကျနော်တို့က စောင့်ကြိုပြီးတိုက်ခဲ့တာ။ နွားကျောင်းထွက်လာတဲ့ စစ်သားနဲ့ပျူအင်အား ၃၀ လောက်နဲ့ မိနစ် ၃၀ လောက်ပစ်ခတ်မှု ဖြစ်ခဲ့တယ်။ ရန်သူထိခိုက်မှုအခြေနေကတော့ မသိရသေးဘူးဟု” ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို သခင်ဒေါင်းညိုတပ်ဖွဲ့နှင့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အင်းမထီးပျူစောထီးရွာသည် အနီးဝန်းကျင်ကျေးရွာများဖြစ်သည့် ဦးနှောက်၊ သာယာကုန်း စသည့်ကျေး ရွာများမှ ဒေသခံများ၏ နွားနှင့်လှည်းများကို ရိက္ခာနှင့်သယ်ဆောင်ရန်အတွက် လုယူအသုံးပြုနေကြ ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#အင်းမထီးပျူရွာ
#သခင်ဒေါင်းညိုတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25🤣2👏1
သီးသန့်ခန်း သို့ ဟိုင်းခန်းက “ ပျော်ပျက် ” ခုံမင်သူများ
👍5🔥3
သီးသန့်ခန်း သို့ ဟိုင်းခန်းက “ ပျော်ပျက် ” ခုံမင်သူများ
=================

ကီရာ
မဇ္ဈိမ။ ။ညဘက်ဖွင့်သည့် Night Club များတွင် ပျော်ပါးလေ့ရှိသူများကြား ရေပန်းစားနေသည့် အရာရှိသည်။ ထိုသည်မှာ “ သီးသန့်ခန်း သို့မဟုတ် ဟိုင်းခန်း’ ဟူ၍ပင်။

ဟိုင်းသည် High မြင့်တက်ခြင်း ၊ ဆေးသုံးပြီးနောက် စိတ်လွတ်လပ်ပေါ့ပါးခြင်း၊ လစ်ခြင်း အစရှိသည့် အဓိပ္ပာယ်များဖြစ်ပြီး လူငယ်များ၏ ဘန်းစကားတစ်ခုအနေဖြင့် ဟိုက်မှ ဟိုင်းအဖြစ် ပြောင်းလဲ ခေါ်ဝေါ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

“ လူတွေက အယောက် ၂၀ ကျော်လောက် ရှိတယ်။ လူငယ်တွေချည်းပဲ အသက်က ၁၆ နှစ် ၁၇နှစ်ကနေ ၂၀ ဝန်းကျင်လောက်လေးတွေ။ သုံးယောက်တစ်ဖွဲ့ လေးယောက်တစ်ဖွဲ့ လာကြတာပေါ့ ။ အခန်းအကျယ်က ၁၀ပေ လောက်ပဲ။ အဲ့မှာ စားပွဲဝိုင်းရှိတယ်။ ထိုင်ဖို့အတွက် ဆိုဖာတွေ ချပေးထားတယ်။ အဲ့ခုံတွေရဲ့အလယ်မှာ ဒီဂျေတီးတဲ့ နေရာရှိတယ်။ ဒီဂျေ သမားနှစ်ယောက်က တစ်လှည့်ဆီ တီးပေးတယ်။ အဲကွန်း နှစ်လုံးဖွင့်ပေးထားတယ်”ဟု ရန်ကုန်မြို့တွင်းရှိ ဟိုင်းခန်းတစ်ခုကို မြင်တွေ့ရပုံကို ကိုမင်းမင်း က ယခုလိုပြန်လည် ပြောပြလာခြင်းဖြစ်သည်။

ဟိုင်းခန်းများကို ဟိုတယ်များ၊ ကေတီဗီများတွင် သီးသန့်အခန်းများ ဌားရမ်းလုပ်ဆောင်ကြပြီး ဗဟန်းမြို့နယ်ရှိ Music Buzz KTV တွင်လည်း ဟိုင်းခန်းများ အလွယ်တကူဌားရမ်းနိုင်ကြောင်း သိရသည်။ ဝင်ကြေးမှာ လူတစ်ယောက်လျှင် ကျပ်၁၀,၀၀၀ မှ ကျပ် ၂၅၀၀၀အထိ ရှိသည်။ ပျော်ပျက်ချင်သူများအတွက် ဟိုင်းခန်းများတွင် စိတ်ကြွဆေးဝါးဖြစ်သည့် ‘ E“ နှင့် “K “ အပြင် “Happy Water “ ဟုခေါ်သည့် မူးယစ်ဆေးဝါးကိုလည်း ကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် ဟိုင်းခန်းစီစဥ်သူများက စီစဥ်ပေးထားသည့်အပြင် သုံးချင်သည့် ဆေးများကိုလည်း ကြိုတင်မှာယူထားနိုင်သည်။
ခေါင်းခါဆေးဟု နာမည်ကြီးသည့် Ecstasy -MDMA (E) ဆေးပြား၊ မေ့ဆေးအဖြစ် အသုံးပြုနိုင်သည့် Ketamine(K) နှင့် ဓာတ်ပေါင်း ခြောက်မျိုးခန့် ပါဝင်သည့် Happy Water တို့မှာ ဟိုင်းခန်းများတွင် အလွယ်တကူရရှိနိုင်သည်။

E တစ်လုံးလျှင် ကျပ် ၅၀,၀၀၀ ဖြင့် ရောင်းချကြပြီး ပထမဆုံး စတင်သုံးစွဲမည့်သူများအနေဖြင့် ဆေးလုံးတစ်လုံး၏ သုံးပုံတစ်ပုံ သောက်ရုံဖြင့် လစ် ( စိတ်တက်ကြွ) နိုင်သည်ဟု မူးယစ်ဆေးရောင်းချသူတစ်ဦးက ပြောသည်။ ထို့အပြင် ကတ်တမင်း Kသည် Snow ၊ Crystal နှင့် Diamond ဟူ၍ အမျိုးအစား သုံးမျိုးရှိပြီး Snowသည် တစ်ထုပ် ကျပ်ငွေ ၃၀,၀၀၀နှင့် Crystalသည် ကျပ်ငွေ ၅၀,၀၀၀နှင့် မှာ ကျပ်ငွေ ၆၀,၀၀၀မှ ၇၅,၀၀၀အထိ စျေးနှုန်းအမျိုးမျိုးရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#K
#E
#Happy Water
#ဟိုင်းခန်း
#သီးသန့်ခန်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥6🤮3
​​လိုင်လင်းပီမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးဟုဆို
===================

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သားလေးဦးသေဆုံးခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မရာ) CDF – Mara က ဇူလိုင်လ ၉ ရက် ယနေ့တွင် ထုတ်ပြန်သည်။

CDF – Mara တပ်ရင်း(၃) ထိန်းချုပ်နယ်မြေဖြစ်သော လိုင်လင်းပီမြို့ပေါ်တွင် ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

လိုင်လင်းပီမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မူးယစ်ရမ်းကားပြီး သေနတ်များရမ်းသန်းပစ်ဖောက်သည့်အတွက် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တိုက်ပွဲစဖြစ်တာကတော့ မြို့ထဲမှာစဖြစ်ခဲ့တာပါ။ အခုတော့ သူတို့အထိုင်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေပါတယ်” ဟု CDF – Mara ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်းနှင့် အထိနာသော စစ်ကောင်စီတပ်က မြို့အတွင်း ပြည်သူလူထုနေထိုင်ရာသို့ လက်နက်ကြီးငယ်များဖြင့်ပစ် ခတ်သဖြင့် အသက် ၂၀ အရွယ် အမျိုးသမီးတဦးအသက်ဆုံးရှုံးခဲ့ပြီး နေအိမ်နှစ်လုံးမီးလောင်ပြာကျခဲ့ ကြောင်း ဆိုသည်။
တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သောကြောင့် မြို့တွင်းရှိပြည်သူများ သတိဖြင့်သွားလာနေထိုင်ကြ ရန် CDF – Mara က အသိပေးထားသည်။

CDF – Mara တပ်ဖွဲ့သည် ဒေသတွင်းရှိ တိုက်ပွဲများတွင်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း ၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ယခုဖြစ်ပွားလျက်ရှိသည့်တိုက်ပွဲများနှင့် ရှေ့ဆက်လက်ဖြစ်ပွားနိုင်သောတိုက်ပွဲများအတွက် မိဘပြည်သူ များအနေဖြင့် လိုအပ်လျက်ရှိသော လက်နက်ခဲယမ်းများဖြည့်တင်းပေးကြပါရန် CDF – Mara တာဝန်ရှိသူ က မေတ္တာရပ်ခံပြောကြားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#လိုင်လင်းပီမြို့
#CDF–Mara
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20🤣2👏1
​​YBSယာဉ်လိုင်းများ CNG မရသည့်အတွက် အခက်ကြုံ
=================

မဇ္ဈိမ ။ ။ ရန်ကုန်မြို့တွင်ပြေးဆွဲနေသည့် YBSယာဉ်လိုင်းများ CNG မရသည့်အတွက် အခက်အခဲကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများထံက သိရသည်။

‘’ကျွန်တော်တို့တွေ ဂက်စ်ဆိုင်မှာ ကားတန်းစီတာ တစ်ညလုံးနီးပါးပဲ။ မင်္ဂလာဒုံ၊ ပုလဲဂက်စ်ဆိုင်ကနေ တန်းစီလိုက်တဲ့ကားတန်းက အမှတ်(၃)လမ်းဆုံထိ ရောက်တယ်။ပြီးတော့ယာဉ်လိုင်းတွေအားလုံးက တန်းသာစီနေရတာ ဂက်စ်ရမလား၊ မရလားလည်း မသိဘူး"ဟု မင်္ဂလာဒုံမြို့နယ်အတွင်းရှိ YBS ယာဉ်မောင်းတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ရုံးဆင်း၊ရုံးတက်အချိန်များတွင် YBS ယာဉ်လိုင်းများ ဂက်စ်မရသည့် အခြေအနေပြန်လည်ကြုံတွေ့နေရသဖြင့် ယာဉ်လိုင်းများ ယာဉ်အစီးရေ အပြည့်မထွက်နိုင်ကြောင်းလည်း သိရသည်။

‘’အခုကမိုးတွင်းကာလဆိုတော့ အရင်ကလို မီးလည်းသိပ်မပျက်တော့ဘူး။ ဘာကြောင့်ဂက်စ်ဆိုင်တွေမှာ ကားတွေတန်းစီနေရတာလဲဆိုရင်တော့ ဂက်စ်ဝယ်ဖို့ဒေါ်လာမရှိလို့ ပြောကြတယ်။ အမေရိကန်ကနေ စစ်အစိုးရဘဏ်တွေကို ပိတ်လိုက်တော့ ဂက်စ်ဝယ်မရတော့ဘူးလို့ ပြောကြတာပဲ’’ဟု ယာဉ်မောင်းတစ်ဦးက မှတ်ချက်ပြုပြောသည်။

ဇူလိုင်လ ၅ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ် ၊ ပုလဲ CNG ဂက်စ်ဆိုင်တွင် YBS ၁၁၉ယာဉ်မောင်းနှင့် YBS၂၉ယာဉ်မောင်းတို့ ဂက်စ်ဖြည့်ရန်စောင့်ဆိုင်းနေစဉ် ယာဉ်မောင်းအချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ ဓားထိုးမှု ဖြစ်ပွားခဲ့သည်ဟု အဆိုပါ ဂက်စ်ဆိုင်တွင် တန်းစီနေသည့် ယာဉ်မောင်းတစ်ဦးထံက သိရသည်။
"အဲဒီမှာကားသမားအချင်းချင်းငြိပြီး(ခိုက်ရန်ဖြစ်ပွား)ဓါးထိုးမှုဖြစ်ကြတာ ‘’ဟု ၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကို မသိရှိရသေး‌ကြောင်း ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီလက်အောက်ရှိ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့်မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စု၊ဘဏ္ဍာရေးဌာနက ဒဏ်ခတ်အရေးယူ ပိတ်ဆို့လိုက်ကြောင်း ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် CNG ဝယ်မရသဖြင့် ဂက်စ်ကားများ အခက်အခဲဖြစ်နေသည်ဟု သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း၌ CNG သဘာဝဓာတ်ငွေ့ အရောင်းဆိုင်ပေါင်း ၄၂ ဆိုင်ရှိသည်ဟုလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း
#မင်္ဂလာဒုံမြို့နယ်
#CNG
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🔥4
​​သာယာဝတီခရိုင်တွင် ဇူလိုင်လပထမပတ်အတွင်း အရပ်သား ၂၀ ဦးထက်မနည်း ဖမ်းဆီးခံရ
=========================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်း၌ ဇူလိုင်လ ပထမပတ်အတွင်း အရပ်သား ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

သာယာဝတီခရိုင်အတွင်းရှိ မင်းလှ၊ သာယာဝတီ၊ လက်ပံတန်းနှင့် နတ်တလင်းမြို့နယ်တို့မှ ဒေသခံများ ဖမ်းဆီးခံထားရခြင်းဖြစ်သည်။
“သူတို့(စစ်ကောင်စီ)က ဒီပြည်သူတွေဟာ PDF နဲ့ NUG ကို ထောက်ပံ့နေတယ်၊ ကူညီနေတယ်ဆိုတဲ့ အပြစ်နဲ့ဖမ်းနေတာ။ အခြား ဘာအကြောင်းမှရှိလို့ မဟုတ်ဘူး။ အဖမ်းခံရတာ အမျိုးသားတွေရော အမျိုး သမီတွေရော” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံရသူများမှာ ဇူလိုင်လ ၁ ရက်နေ့တွင် မင်းလှမြို့နယ် ဇရစ်မြောင်ကျေးရွာမှ ဒေသခံသုံးဦး၊ ဇူလိုင် လ ၂ ရက်နေ့ ညပိုင်းတွင် သာယာဝတီမြို့နယ် ဂရံသာယာအေးရွာမှ ကိုချစ်ကို၊ ဇူလိုင်လ ၃ ရက်နေ့ ည ပိုင်းတွင် လက်ပံတန်းမြို့နယ် အောင်မင်္ဂလာရွာမှ မခင်ညိုမြင့်၊ ကိုမြတ်မင်းစိုး၊ မအိအိအောင်၊ မမိုးကြီး၊ ကိုစိုးနိုင်ထွန်း၊ မဝတ်ရည်စိုး၊ ဦးမြင့်ကြိုင်နှင့် ၎င်း၏သားဖြစ်သူ၊ ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းတွင် လက်ပံ တန်းမြို့နယ် ဇီးဖြူကုန်းတိုက်နယ်ဈေးမှ အမျိုးသမီးငါးဦးနှင့် ရွာကလေးကျေးရွာမှ ပြည်သူသုံးဦးနှင့် ဇူလိုင်လ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် နတ်တလင်းမြို့နယ် တာပွန်မြို့ အလယ်ပိုင်းရပ်ကွက်မှ မသိင်္ဂီကျော်တို့ဖြစ်သည်။

“ချစ်ကို ကိုလာဖမ်းတုန်းက မင်းလှရဲတပ်ဖွဲ့က လာဖမ်းသွားတာ။ ခေါင်းကိုလည်းစွပ်တယ်၊ လက်ထိပ် နောက်ပြန်ခတ်တယ်။ သာယာဝတီရဲတွေတောင် မသိဘူးပြောတယ်။ ဘာကြောင့်ဖမ်းတယ်ရယ်လည်း မသိဘူး။ ခုထိလည်း သူ့သတင်းမကြားရသေးဘူး” ဟု သာယာဝတီမြို့ခံတဦးက ပြောသည်။

ဖမ်းဆီးခံရသူများအနက် မင်းလှမြို့နယ်မှနှစ်ဦး ပြန်လည်လွတ်မြောက်လာသည်ဟု ကြားသိရသော်လည်း ကျန်ဖမ်းဆီးခံရသူများ၏ နောက်ဆက်တွဲအခြေအနေအား မသိရှိရသေးကြောင်း ဆိုသည်။

“အဖမ်းခံရတာ ဒီစာရင်းဆိုတာ ကျွန်တော်တို့လည်း အတိအကျသိရပြီး အတည်ပြုပေးနိုင်တဲ့ စာရင်းပေါ့။ ဒီစာရင်းအပြင် အဖမ်းခံထားရတာတွေလည်းရှိသေးတယ်။ ကျွန်တော်တို့ခန့်မှန်းဆို အယောက် ၃၀ လောက်ရှိမယ်။ အတိအကျ နာမည်နဲ့ရွာနဲ့ ဖော်ပြလို့မရလို့သာ စာရင်းမပေါ်တာပါ” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
အရပ်သားပြည်သူအများအပြား ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ အကြောင်းအရင်းအားသိရှိနိုင်ရန် မဇ္ဈိမမှ မင်းလှမြို့ရဲစခန်းနှင့် နတ်တလင်းမြို့ရဲစခန်းတို့၏ ရုံးဖုန်းနံပတ်များသို့ခေါ်ဆိုခဲ့ရာ ဖုန်းဝင်သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်များတွင် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အတွင်း စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဟုဆိုသူ ကိုဦးအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ သတ်ဖြတ်ခဲ့သည်။

ထိုကဲ့သို့ ပစ်ခတ်သတ်ဖြတ်မှုများဖြစ်ပွားပြီးနောက် အရပ်သားများအား စစ်ကောင်စီတပ်နှင့် ရဲတို့မှ လိုက် လံဖမ်းဆီးခြင်း၊ ရန်ကုန်−ပြည်လမ်းမှ ခေတ္တပိတ်သိမ်းထားသော စစ်ဆေးရေးဂိတ်များအား ပြန်လည်ဖွင့် လှစ်ခြင်းနှင့် လုံခြုံရေးတင်းကြပ်ခြင်းများ လုပ်ဆောင်လာသည်ဟု ဒေသခံများကပြောကြားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်းအနောက်ခြမ်း
#သာယာဝတီခရိုင်
#အရပ်သားဖမ်းဆီးခံရမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍5😁2❤1🔥1
စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့သည့် ရွာပေါင်းစုံသပိတ်
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဇူလိုင်လ၉ရက် ပြုလုပ်ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။
ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း (၈၃၉) ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ယင်းမာပင်
#ဆားလင်းကြီး

http://www.mizzimaburmese.com/article/130588
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤8🔥1😁1
​​၆ လအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၅ ဦး၊ ဒုရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး အပါအဝင် ၂,၆၃၂ ဦး သေဆုံးဟု KNU ထုတ်ပြန်
===================

မဇ္ဈိမ။ ။ခြောက်လအတွင်း တိုက်ပွဲပေါင်း ၂,၅၀၀ နီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ တပ်ရင်းမှူးငါးဦး၊ ဒုရင်းမှူးငါးဦး၊ ဗိုလ်ကြီးကိုးဦးအပါအဝင် စုစုပေါင်း ၂,၆၃၂ ဦးသေဆုံးခဲ့သည်ဟု KNU က တရားဝင် သတင်းထုတ်ပြန်သည်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့အထိ ခြောက်လ တာ ကာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDOတို့ ၏ စစ်ရေးကွပ်ကဲမှု အောက်ရှိ ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲကြီးငယ်ပေါင်း၂,၄၉၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်းဆို သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးငါးဦး၊ ဒုရင်းမှူးငါးဦး၊ ဗိုလ်ကြီးကိုးဦး၊ ဗိုလ်လေး ဦး၊ အရာခံဗိုလ်ငါးဦးအပါအဝင် စုစုပေါင်း ၂,၆၃၂ ဦးသေဆုံးပြီး ဒုရင်းမှူးတဦးအပါအဝင် စုစုပေါင်း ၁,၆၈၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

ထို့ပြင် စစ်ဆင်ရေးများအတွက် စစ်ကောင်စီတပ်များအသုံးပြုသော မော်တော်ယာဉ် ၉၉ စီး ပျက်စီးခဲ့သည် ဟု KNU က ထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDO တို့၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်းတပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် ၇၆ ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး ၂၅၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNU က ဆိုသည်။
တိုက်ပွဲများ ဆက်တိုက်နီးပါးဖြစ်ပွားသကဲ့သို့ ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင် ဦးရေ ၅၉၉,၄၀၀ ဦး ထိရှိလာပြီး စစ်ဘေးရှောင်ပြည်သူလူထုများမှာ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ နေရသည်ဟု KNU ကထုတ်ပြန်သည်။

၂၀၂၂ ခုနှစ် ဇူလှိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ စစ်ဘေးရှောင် အိမ်ထောင်စု ၅၄,၄၉၄ စုရှိ လူဦးရေ ၂၆၉,၆၃၁ ဦးအတွက်ကူညီထောက်ပံ့ခဲ့ပြီး မိုးရာသီဖြစ်၍ စစ်ဘေးရှောင်ပြည်သူများအတွက် နေရာထိုင် ခင်းအတွက် အမိုးအကာများနှင့် စားနပ်ရိက္ခာ မလုံလောက်မှု အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ နေရပြီး အရေးပေါ် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိသည်ဟု KNU ကဆို သည်။

စစ်ကောင်စီဘက်ကလည်း စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်ရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးကို ကျုးလွန်နေ သည်ဟု KNU က တရားဝင်သတင်း ထုတ်ပြန်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကော်သူးလေအုပ်ချုပ်နယ်မြေ
#တိုက်ပွဲ
#စစ်ဘေးရှောင်
#K.N.L.A
#K.N.D.O
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁5❤4👏3
​​ရန်ကုန် အပါအဝင် တိုင်းဒေသ ၄ ခုတွင် ရုရှားက သဘာဝမြေဩဇာစက်ရုံများ တည်ဆောက်မည်ဟုဆို
=====================

စစ်ကောင်စီ၏ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီး ဦးလှမိုးသည် ရုရှား၏ Ross Congress ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် LLC Souznedra ၏ ဥက္ကဋ္ဌ မစ္စတာ အာတမ်မီ အလီမော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ဇူလိုင် ၃ ရက်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👍4❤3👎2👏1
တနင်္သာရီတိုင်းတွင် ယာဥ်စီးခ၏ ၃ ဆအထိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များကို ငွေပေးရ
🤬15🔥2❤1