Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကျိုက်ထိုနှင့် ဘီးလင်းရှိ စစ်ကောင်စီတပ်ရင်းများအား KNLA ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်
=====================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချ စစ်စခန်းများအား တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် သွားတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် သထုံခရိုင် PDF တာဝန်ခံထံက သိရသည်။

" မဲလံစခန်းကို သွားတိုက်တာမှာတော့ ရန်သူ့ဘက်က အထိအခိုက်၊ အပျက်အစီး မသိရသေးဘူး။ တပ်မ ၄၄ ကို ပစ်တာမှာတော့ နှစ်ယောက်ထိတယ်လို့ အပြင်သတင်းအရ ကြားထားပါတယ်။ တပ်ကြပ်ကြီးတစ်ယောက်နဲ့ တပ်သားတစ်ယောက်လို့ သိထားရတယ်" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) စခန်းအား ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့၊ နေ့လယ် ၁ နာရီ ၅၀ မိနစ်တွင်တစ်ကြိမ်၊ နေ့လယ် ၂ နာရီ ၄၀ မိနစ်တွင်တစ်ကြိမ် ဒရုန်ဖြင့် ဗုံးသီးလေးလုံးစီ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု (TPDF) ထံက သိရသည်။

" အထိအခိုက်၊ အပျက်အစီးတွေကတော့ မသိရသေးဘူးဗျ။ မြေပြင်အဖွဲ့က လိုင်းမမိကြသေးလို့ပါ။ စစ်ကောင်စီဘက်က ပြန်ပစ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကလည်း မြေပြင်အဖွဲ့တွေဆီ မရောက်တော့ မထိဘူး" ဟု TPDF တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ဒရုန်းစစ်ဆင်ရေးအတွင်း မဲလံ BGF စခန်းမှ ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပူးပေါင်းတပ်ဖွဲ့များ ရှိနိုင်မည့်နေရာများသို့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင် ထိခိုက်မှု မရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်က အထိအခိုက်၊ အပျက်အစီးများအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ ၇ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ စစ်ကောင်စီတပ်​၏ တပ်မ (၄၄) ဌာနချုပ်၊ ဒုံးတပ်ရင်း ဒတရ (၆၀၂) ရှိ လက်နက်ကြီးအထိုင်ချနေရာများအား ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံးပစ်ချ တိုက်ခိုက်ခဲ့သေးပြီး ပစ်မှတ်နေရာများသို့ တိကျစွာ ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီးတစ်ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်မှုရှိခဲ့ပြီး အဆောက်အအုံအချို့ ထိမှန်ပျက်စီးခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံက ဆိုသည်။

အဆိုပါ ဒရုန်းစစ်ဆင်ရေးများအား တပ်မဟာ (၁) KNLA၊ PDF၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု (TPDF)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ PDF၊ ကျိုက်ထို ပ.က.ဖ၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD၊ Yangon Eagle Force ပူးပေါင်းတပ်ဖွဲ့က သွားရောက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့နှင့် ဇွန်လ ၃၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ်ရှိ သံတံတားစစ်ကောင်စီဂိတ်စခန်းကို ဒရုန်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးသီး ၁၈ လုံးပစ်ချတိုက်ခိုက်ခဲ့သေးပြီး ထိုပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။

စာတည်း။။ အောင်ကျော်ဖြိုး

#Mizzima
#KNLA ပူးပေါင်းအဖွဲ့
#စစ်ကောင်စီတပ်ရင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤5🔥2👏1
​​အလုပ်သမားများ ဖမ်းဆီးခံရပြီးနောက် ပြည်ပအဝတ်အထည်ကုမ္ပဏီများ မြန်မာမှ ထွက်ခွာမည်
=======================

အလုပ်သမားများကို စစ်ကောင်စီအာဏာပိုင်များက ဖမ်းဆီးမှုများ ရှိခဲ့ပြီးနောက် မိမိတို့အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည် ဖြစ်ကြောင်း ပြည်ပ အဝတ်အထည် ထုတ်လုပ်သူလုပ်ငန်းကုမ္ပဏီနှစ်ခုက ထုတ်ပြန်ကြေညာသည်။

JAKO အမှတ်တံဆိပ်က ၎င်းတို့၏ အလုပ်သမားများ ဖမ်းဆီးခြင်းခံရပြီးနောက် မြန်မာမှ ထွက်ခွာမည်ဟု ပြောသည်။

ဂျာမနီ အခြေစိုက် အားကစားဝတ်စုံ ကုမ္ပဏီ JAKO ၏ အမှတ်တံဆိပ်ထုတ်ကုန်များကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ စက်မှုဇုန် အမှတ် ၅ ၊ မလိခလမ်းရှိ SUN Apparel Myanmar Co. Ltd က ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။ SUN Apparel မှ အလုပ်သမားနှစ်ဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် မြန်မာနိုင်ငံ၌ ၎င်းတို့၏ လုပ်ငန်းလုပ်ဆောင်မှုများကို ရပ်တန့်ရန် စီစဉ်ခဲ့ရပြီဖြစ်ကြောင်း JAKO ကုမ္ပဏီက ကြေညာသည်။
👍11😢9🔥2❤1👏1
ကြာအင်းဆိပ်ကြီးရှိ လျှပ်စစ်ဓါတ်အားခွဲရုံအား အမေရိကန်ထုတ် ရှေ့ထွက်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီဘက်တွင် သိန်းပေါင်း ၁၅,၀၀၀ ကျော် ဆုံးရှုံး
❤12👍3😁2🔥1
ကြာအင်းဆိပ်ကြီးရှိ လျှပ်စစ်ဓါတ်အားခွဲရုံအား အမေရိကန်ထုတ် ရှေ့ထွက်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီဘက်တွင် သိန်းပေါင်း ၁၅,၀၀၀ ကျော် ဆုံးရှုံး
===================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓါတ်အားခွဲဝေရုံးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က အမေရိကန်ထုတ် ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)က ယနေ့ ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်သည်။

" ဒီလျှပ်စစ်ခွဲဝေရုံကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရတယ်ဆိုတာက စစ်ကောင်စီရဲ့ သူတို့လုံခြုံရေး အတွက်သုံးတဲ့မီးတွေ၊ CCTV တွေ အဲ့ဒါတွေကို တားဆီးရာရောက်တယ်။ ပြီးတော့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးပစ္စည်းတွေအတွက်ကလည်း ဒီလျှပ်စစ်ခွဲဝေရုံကနေပဲ မီးသုံးနေတာပေါ့။ အဲ့ဒါကြောင့် ဒီလျှပ်စစ်ဓါတ်အားခွဲဝေရုံကို မိုင်းခွဲတိုက်ခိုက်တာဖြစ်ပါတယ်" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့၊ နံနက် ၈ နာရီ ၂၀ မိနစ်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ မင်္ဂလာကုန်းကျေးရွာအနီးရှိ လျှပ်စစ်ဓါတ်အားခွဲရုံကို KNLA၊ SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့က အမေရိကန်ထုတ် A1 ရှေ့ထွက်မိုင်းလေးလုံး အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် အဆိုပါရုံအတွင်း သုံးနာရီနီးပါး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၁ နာရီ ၃၀ မိနစ်တွင် ေမီးငြှိမ်းသက်နိုင်ခဲ့ကြောင်းနှင့် ပျက်စီးမှုများသည် ငွေကျပ် ၁,၅၃၇,၈၀၀,၀၀၀ ( သိန်းပေါင်း တစ်သောင်းငါးထောင်သုံးရာခုနစ်ဆယ့်ရှစ်သိန်း)ရှိကြောင်း စစ်ကောင်စီတပ်​၏ ပြန်ကြားရေး တယ်လီဂရမ်ချန်နယ်များက ဇူလိုင်လ ၈ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါ လျှပ်စစ်ဓါတ်အားခွဲရုံသည် ပြည်သူများအား မီးပေးနေခြင်းမဟုတ်ဘဲ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ ဆက်သွယ်ရေး၊ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအား အဓိကထား လျှပ်စစ်ဓါတ်အား ခွဲဝေပေးနေသော စစ်ကောင်စီထောက်တိုင်တစ်ခုဖြစ်၍ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

" ဒီလျှပ်စစ်ဓါတ်အားခွဲရုံက ပြည်သူကိုမီးပေးတာ မဟုတ်ဘူး။ ရုံးတွေ လျှပ်စစ်မီးရဖို့အတွက်၊ ဆက်သွယ်ရေးစက်တွေ၊ လုံခြုံရေး CCTV တွေအတွက်နဲ့ စစ်ကောင်စီတပ်ရင်း၊ ဗျူဟာကုန်းတွေအတွက် သုံးတာပေါ့"ဟု ကိုအောင်စံရှားက ဆက်လက်ပြောဆိုသည်။
KNLA၊ SOF၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့အနေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်​၏ စစ်ဘက်ဆိုင်ရာတပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းများ၊ ရုံးများ၊ အုပ်ချုပ်ရေးယန္တရား ပျက်သုဉ်းသည်အထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကိုအောင်စံရှားက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ တောင်ကလေးကျေးရွာရှိ တောင်ကလေးရဲစခန်း၊ ဇူလိုင်လ ၇ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ရဲစခန်းတို့အား KNLA၊ SOF၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က ၆၀မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးများအတွင်း ရဲနှစ်ဦး၊ စစ်သားတစ်ဦး သေဆုံး၍ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#လျှပ်စစ်ဓါတ်အားခွဲရုံ
#ကြာအင်းဆိပ်ကြီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍29❤1👎1👏1😁1
​​တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ကလေး - တမူးလမ်းပိုင်း ဆက်လက်ပိတ်ဆို့နေ
======================

ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း ၊ ကလေးမြို့နှင့် တမူးမြို့ကို ဆက်သွယ်ထားသော လမ်းပိုင်းတွင် ထိတွေ့တိုက်ပွဲ များဖြစ်ပွားနေခြင်းကြောင့် လမ်းပိတ်ဆို့မှုဆက်လက်ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တမူး - ကလေးလမ်းပေါ်ရှိ ပန်းသာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစော ထီး၊ ကသည်း ၊ ရှမ်းနီများပါဝင်သော ပူး‌ပေါင်းတပ်ဖွဲ့နှင့် တမူးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား ဇွန်လ ၁၅ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လမ်းပိတ်ဆို့နေခြင်းဖြစ်ရာ ယနေ့ ဇူလိုင်လ ၉ ရက် နေ့အထိ လမ်းပိတ်ထားရဆဲဟု ဆိုသည်။

“လမ်ပိတ်နေတာ သုံးပတ်ကျော်ပါပြီ။ ကလေးမြို့ကလာရင် ဘုတ်ကန်အထိပဲ လာလို့ရတယ်။ အဲဒီကနေ ပန်းသာကို အိန္ဒိယဖက်အခြမ်းကနေကွင်းပြီး တမူးကိုသွားနေရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လို သည့် ဒေသခံတဦးက မဇ္စျိမကို ပြောသည်။
လမ်းပိတ်ဆို့နေသည်မှာ ၂၄ ရက်ကျော်လာပြီဖြစ်သည့်အတွက် သယ်ယူပို့ဆောင်ရေးအတွက် အခြားလမ်း ကို အသုံးပြုကာ သွားလာနေကြသည်ဟု ဆိုသည်။

ဘုတ်ကန်မှတဆင့် တမူးမြို့အထိ လူတဦးလျှင် ဆိုင်ကယ် ကယ်ရီခ ကျပ် ၅၀,၀၀၀ ပေးရပြီး စားသုံးဆီ ပုံး ဝါတပုံးလျှင် သယ်ယူခ ကျပ် ၁၀,၀၀၀ ပေးရကြောင်း ဆိုသည်။

ယခုကဲ့သို့ လမ်းများပိတ်ဆို့နေသောကြောင့် တမူးမြို့ဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသော် လည်း ယခုအခါ အိန္ဒိယနိုင်ငံအတွင်းမှကွင်း၍သွားလာနိုင်သည့်အတွက် စားသောက်ကုန်ဈေးများ အနည်း ငယ် ပြန်လည်ကျလာကြောင်း သိရသည်။

ကုန်ပစ္စည်းမဝင်သည့်ချိန်များတွင် အာလူးတပိဿာ ကျပ် ၁၄,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး ယခုအခါ ၈,၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရကြောင်း အဆိုပါဒေသခံက ဆိုသည်။

တမူး - ကလေးကားလမ်းမပေါ်ရှိ ပန်းသာကျေးရွာ၌ အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်း၏လက်အောက်ခံတပ်ဖွဲ့များကို ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်ထားပြီး မည်သည့်အချိန်တွင် လမ်းပြန်ဖွင့်နိုင်မည်ကိုမူ မသိနိုင်ကြောင်း ဆိုသည်။

“အစကတော့ အချိန်တိုအတွင်းသိမ်းဖို့တိုက်ခဲ့တာပါ။ ဒါပေမဲ့ စစ်ကောင်စီတပ်က အရပ်သားတွေကို ဓားစာခံအဖြစ်ဖမ်းထားပြီး လူသားဒိုင်းလုပ်ထားတဲ့အတွက် သိမ်းဖို့ကြန့်ကြာနေတာ” ဟု တမူးမြို့နယ် အခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး က ပြောသည်။
စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ ရဲစခန်းနှင့် စာသင်ကျောင်းများတွင် တပ်စွဲထားပြီး ကလေး ၄၀ ခန့်အပါအဝင် အရပ်သား ၂၀၀ ကျော်ကို ၎င်းတို့တပ်စွဲထားသည့် နေရာတွင် ဓားစာခံအဖြစ် ခေါ်ထားသည် ဟုလည်း ဆိုသည်။

ယင်းအပြင် ပန်းသာရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ရှစ်ကြိမ်နှင့် လက်နက် ခဲယမ်းချပေးမှု နှစ်ကြိမ်ပြုလုပ်ထားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
ထိတွေ့တိုက်ပွဲများတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှလည်း ဒဏ်ရာရရှိသူများရှိကြောင်း ဆိုသည်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အရပ်သား ၁၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အရပ်သားများကျန် ရှိနေသေးသောကြောင့် အဝေးပစ်လက်နက်များ အသုံးပြုပစ်ခတ်ရန် အခက်အခဲများ ရှိနေကြောင်း သိရ သည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀ နာရီကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တမူးမြို့နယ် မန်မော်ကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတဦး အသက်ဆုံးရှုံးခဲ့ရပြီး ခြောက်ဦးဒဏ်ရာရကာ ၎င်းတို့ အနက် တဦးမှာ ခြေထောက် ခြေကျင်းဝတ်မှ ပြတ်သွားခဲ့ကြောင်း ဆိုသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လိုအပ်သောကုသမှုများ လုပ်ဆောင် ပေးလျက်ရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကလေးမြို့
#တမူးမြို့
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥3😁2❤1😢1
မယ်စဲ့မြို့နယ် တောအတွင်းသို့ ထပ်မံတိမ်းရှောင်လာရသည့် စစ်ဘေးရှောင် ၂,၀၀၀ ခန့်အတွက် အရေး ပေါ် အမိုးအကာများ လိုအပ်နေ
👍10😢5🔥2😁1
မယ်စဲ့မြို့နယ် တောအတွင်းသို့ ထပ်မံတိမ်းရှောင်လာရသည့် စစ်ဘေးရှောင် ၂,၀၀၀ ခန့်အတွက် အရေး ပေါ် အမိုးအကာများ လိုအပ်နေ
==================

ဂျူချန်း
(မဇ္ဈိမ)။ ။ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာအနီး တောအတွင်းသို့ ဘော်လခဲမြို့နယ်မှ ဒေသခံ ၂,၀၀၀ ခန့် ထပ်မံတိမ်းရှောင်လာရကာ အမိုးအကာနှင့် ခြင်ထောင်များ အရေးပေါ် လိုအပ်လျက်ရှိ ကြောင်း စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

“ဒီနှစ်ရက်၊ သုံးရက်မှာမှ ရှောင်လာကြတဲ့ အဖွဲ့တွေပါ။ တောထဲ သစ်ပင်တွေအောက်မှာ နေ နေကြရတော့ အမိုးအကာ အရေးပေါ်လိုအပ်တယ်ဗျ။ ပြီးတော့ ဖြုတ်တွေတအားကိုက်တာ။ ခြင်ထောင်မဟုတ်ဘူးဆို ရင်တောင် ခြင်ဆေးပေါ့ အဲဒီနှစ်မျိုး အဓိကလိုအပ်တယ်။ စားနပ်ရိက္ခာကတော့ တပတ်စာလောက်ပါလာ ကြတယ်။ တပတ်ကျော်ရင်တော့ စားနပ်ရိက္ခာပြတ်ပါပြီ” ဟု စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေ သည့် ဦးဖိုးဇော်ကမဇ္ဈိမကို ပြောသည်။

မယ်စဲ့သည် ငှက်ဖျားအဖြစ်များသည့်ဒေသဖြစ်သောကြောင့် ခြင်ထောင်၊ ခြင်ဆေးနှင့် ဆေးဝါးများလည်း အဓိက လိုအပ်နေပြီး မိုးတွင်းကာလဖြစ်၍ အမိုးအကာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် ဘော်လခဲ၊ ဖားဆောင်း၊ ရွာသစ်နှင့် မယ်စဲ့မြို့နယ်တို့၌ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဒေသခံများအနေဖြင့် စစ်ဘေးလွတ်ကင်းနိုင်မည့် လွိုင်ကော်မြို့နယ်၊ မော်ချီးဒေသ၊ မယ်စဲ့မြို့နယ်၊ ကျောက်စုရွာဘက်နှင့် ထိုင်းနိုင်ငံအတွင်းသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

“ထိုင်းနဲ့ကပ်နေတဲ့ BP14 ဘက်ကို ထွက်ပြေးမယ်ဆိုရင်တော့ ဟိုဘက်က အကူအညီရလိမ့်မယ်။ သို့သော် မော်ချီးဘက်ရောက်သွားတဲ့အဖွဲ့တွေကတော့ တော်တော်ဒုက္ခရောက်လိမ့်မယ်။ အဲဒီမှာလည်း စစ်ရှောင် ၅,၀၀၀ လောက်ရှိမယ်။ ကျောက်စုကတော့ အလှူရှင်လုံးဝကို မရှိတာ။ သွားလို့လည်းမရဘူး။ ကလေး တွေတော့ အများဆုံးပဲ” ဟု ဦးဖိုးဇော်က ပြောသည်။

ကောက်ယူရရှိထားသည့် စာရင်းများအရ ဘော်လခဲမြို့နယ် ရေကျော်ချောင်း၊ နန်းမဆွပ်၊ လွိုင်ဟူးဟန်း၊ ပန်မခူ၊ ဟွေပါဆူ၊ ထွန်းယောင်း၊ နတ်စင်၊ နမ့်ဟူး၊ နန့်ပိန့်လိင်၊ စုကျက်ချောင်း၊ ဆွတ်ဖ စသည့် ကျေးရွာ များမှ ဒေသခံ ၁,၉၃၀ ဦး သည် မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာ တောအတွင်းသို့ စစ်ဘေးတိမ်းရှောင် လာရကာ ထိုအထဲတွင် အမျိုးသမီး ၉၂၅ ဦး နှင့် သံဃာငါးပါးပါဝင်ပြီး စစ်ရှောင်အရေအတွက်သည် ဆက် လက်တိုးလာနေဆဲဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်နယ် သံလွင်မြစ်အရှေ့ခြမ်းရှိ မယ်စဲ့၊ ဖားဆောင်း၊ ဘော်လခဲနှင့် ရွာသစ်မြို့များတွင် ပြီးခဲ့ သည့် ဇွန်လလယ်ပိုင်းမှစတင်ကာ စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်
#စစ်ဘေးရှောင်
#မယ်စဲ့မြို့နယ်
#အရေးပေါ်အကူအညီ
#အမိုးအကာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😢6❤1🔥1😁1
တော်လှန်ရေးထောက်ပို့ဆောင်ရွက်နေတဲ့ မလေးရောက်မြန်မာများရဲ့ Clicker Team Malaysia
========================

(မဇ္ဈိမ)။ ။မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားအချို့ဟာ Clicker Team Malaysia ကို တည်ထောင်ပြီး ထောက်ပို့တာ၀န် ထမ်းဆောင်နေကြပါတယ်။

Clicker Team Malaysia ဆိုတဲ့ ထောက်ပို့အဖွဲ့အစည်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလက စတင်ဖွဲ့စည်းခဲ့ကာ အဖွဲ့၀င် ၁၅၀ နီးပါး ပါ၀င်တယ်လို့ သိရပါတယ်။

Clicker Team Malaysia အနေနဲ့ မြေပြင်မှာတိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့် ဆည်းနိုင်ဖို့ တော်လှန်ရေးအောင်မြင်ပြီးဆုံးတဲ့အချိန်အထိ ထောက်ပို့တာ၀န်တွေကို ထမ်းဆောင်သွားမှာ ဖြစ်ကြောင်း သတင်းစကားပါးထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ အွန်လိုင်းပလက်ဖောင်းတွေကနေတဆင့် ရှာဖွေနိုင်ခဲ့တဲ့ တော်လှန်ရေး ရန်ပုံငွေဟာ သိန်း ၉၀,၀၀၀ နီးပါးအထိ ရှိခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးအတွက် ထောက်ပို့ဆောင်ရွက်ကြပုံအကြောင်းကို Clicker Team Malaysia က တာဝန်ရှိသူ နဲ့ ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။

https://youtu.be/0I82fTeln0E

သတင်းနှင့်တင်ဆက် - ရောင်နီ

#နွေဦးတော်လှန်ရေး
#ထောက်ပို့
#Clicker Team Malaysia
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍23🥰4🔥1🤮1
​​မြဝတီမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေ
======================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့၊ စိမ်းလဲ့မြိုင်ကားဝန်းအနီးတွင် ဇူလိုင်လ ၅ ရက်နေ့မှစတင် ကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွား နေကြောင်း ကော်ဘရာစစ်ကြောင်းတာဝန်ရှိသူထံမှ သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး ခမရ(၁၁၈)မှ ဗိုလ်မှူးတဦးနှင့် ဗိုလ်ကြီးတဦး အပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကပြောသည်။

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်တဦးဒဏ်ရာရရှိကာ ဒရုန်းတစင်းနှင့် သေနတ်တလက်ပျက်စီးခဲ့ကြောင်း လည်း သိရသည်။
ထို့ပြင် ယမန်နေ့ ဇူလိုင်လ ၈ ရက်မှစတင်ကာ BGF တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် လက်ခတ်တောင် အနီးဝန်းကျင်တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

“မနေ့ကတည်းက အခုထိတိုက်ပွဲဖြစ်နေတယ် လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားရတယ်။ စစ် ကောင်စီဘက်က သုံးယောက်သေတယ်၊ စနိုက်ပါထိတယ်လို့ကြားရတယ်”ဟု မြေပြင်သတင်းရင်းမြစ်၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မဲကနယ်ဒေသ၊ ကျောက်မိုင်းဒေသမှ အရပ် သားထိခိုက်သေဆုံးမှုများလည်းရှိသည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#မြဝတီမြို့
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏2❤1🔥1😁1
​​ဟားခါး - ထန်တလန်အကြား ၆ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ သေဆုံးပြီး ၃၅ဦးဒဏ်ရာရ ဟုဆို
===================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား စစ်ကောင်စီတပ်နှင့် ခြောက်ရက်တာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ဦးခန့်သေဆုံးပြီး ၃၅ဦး ဒဏ်ရာရရှိကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။

ဟားခါးမြို့ မှ ထန်တလန်မြို့သို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို သီးမစ်လွင်ပြင်တွင် ဇူလိုင်လ ၃ရက် မှ ၈ရက်နေ့ အတွင်း CNA နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF )များပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဟိုအရင်ရက်က ငါးယောက် ဟားခါးဆေးရုံရောက်တယ် ။ မနေ့က တိုက်ပွဲအပြီး ၃၀ လောက်ထပ်ရောက်တယ် ။ သေတာ ၂၀ရှိတယ်လို့ ကျနော်တို့အတွင်းသတင်းများ အရသိရတာဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီ က မဇ္စျိမကိုပြောသည်။

ယမန်နေ့ ဇူလိုင်လ ၈ရက်တွင် ဟားခါး - ထန်တလန်နယ်စပ် သီတာကျေးရွာအနီး တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ ဇူလိုင်လ ၉ရက်တွင် နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သား အလောင်း ခြောက်လောင်းနှင့် သေနတ် လေးလက်အပါအဝင် လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရကြောင်းသိသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲခဲ့ပြီး ဟားခါးမြို့ဘက်ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ကူပေးခဲ့သဖြင့် ချင်းပူးပေါင်းတပ်ဖွဲ့ မှ ရဲဘော် ခြောက်ဦး ဒဏ်ရာရရှိထားကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။

မေလ ၂၆ရက်နေ့မှ စတင်ပြီး အင်အား၁၅၀ခန့်ပါဝင်သော စစ်ကောင်စီတပ်သည် ဟားခါးမြို့မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ထန်တလန်မြို့ဘက်သို့ စစ်ကြောင်းထိုး လာရာ သီးမစ်လွင်ပြင်အနီးတွင် ချင်းပူးပေါင်းတပ်ဖွဲ့က ခုခံနေခြင်းဖြစ်သည်။

ဟားခါးမြို့နယ် ၊ ချွန်ကျုံးကျေးရွာအနီး စစ်ကောင်စီတပ်၏ သံချပ်ကာ ကားနှစ်စီးနှင့် ယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သဖြင့် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG ) က CNA နှင့် CDFများကို ဇူလိုင်လ ၄ရက်နေ့တွင် ကျပ် ၄၀၀,၀၀၀,၀၀၀ (သိန်းလေး ထောင်) ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#CNA
#CDF
# ခြောက်ရက်တာ တိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍10🤣2
Media is too big
VIEW IN TELEGRAM
ရာသီမလာခြင်း (ရာသီထိမ်ခြင်း) ​| ကျန်းမာသုတ လူမှုဘဝ Episode - 24

https://buff.ly/43wNDiV

#ကျန်းမာသုတလူမှုဘဝ #Mizzima #Amenorrhea #reels #shorts
🥰6🔥1🍌1
"ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ် Episode 11
====================

"ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကို အပတ်စဥ် တနင်္ဂနွေနေ့၊ ညနေ (၆)နာရီတိုင်းတွင် PVTV နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာများအပြင် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း စောင့်မျှော်နားဆင်နိုင်ပါပြီ။

ဒီတပတ် "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ် Season - 1 ရဲ့ နောက်ဆုံး Episode မှာ နားဆင်ရမှာကတော့ (CDM - စစ်သား) တဖြစ်လဲ ကဗျာဆရာတစ်ဦးဖြစ်တဲ့ "ဂနိုက်" ပြောပြတဲ့ ပြည်သူ့ရင်ခွင်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ ခံယူချက်တွေနဲ့ သူ့ရဲ့ 'ငါတို့ပြန်ဆုံတဲ့အခါ' ဆိုတဲ့ ကဗျာရွတ်ဆိုမှုကို နားဆင်ရမှာ ဖြစ်ပါတယ်။

❝ငါတို့ပြန်ဆုံတဲ့အခါ❝

ငါတို့ပြန်ဆုံတဲ့အခါ
စစ်ဖိနပ်အောက်ကအဖိနှိပ်ခံရက်စွဲတွေကို
ကဗျာတွေထဲထည့်ရွတ်မယ်
ဒုက္ခတသီကြီးကို ဟားတိုက်(ရီ)ရယ်မောပစ်မယ်။

ငါတို့ပြန်ဆုံတဲ့အခါ
ညခင်း ဂစ်တာဝိုင်းတွေပြန်လုပ်မယ်
ခြတက်နေတဲ့စာကြည့်တိုက်တွေက
အသိတရားတွေကိုရိုက်ချိုး မယ် ။

ငါတို့ပြန်ဆုံတဲ့အခါ
အရက်ဖြူဆိုင်တွေလိုက်ရှာမယ်
ကဗျာစာအုပ်အဟောင်းတွေရှာဝယ်မယ်
ပြည်တွင်းဖြစ်ကို အားပေးရမယ်။

ငါတို့တတွေပြန်ဆုံတဲ့အခါ
ကျဆုံးသွားတဲ့ဘော်ဒါရဲဘော်အပေါင်းကို
နေ့တိုင်းအလေးနီပြုမယ်
သူတို့အမည်နာမကို ရင်ဘတ်မှာတတ်တူးသွားထိုးမယ်။

ငါတို့ပြန်ဆုံတဲ့အခါ
အမျိုးသမီးတွေကိုလေးလေးစားစား
ဆက်ဆံရမယ်၊အိမ်နောက်ဖေးမျက်ကွယ်က
အယူအဆတွေကို ကန်ချိုးပစ်ရမယ် ။

ငါတို့ဘယ်အချိန်ချိန်ဖြစ်ဖြစ်
ပြန်ဆုံကြတဲ့အခါ အပြုံးနဲ့ကြိုဆိုရမယ်
မေတ္တာတရားနဲ့လက်ဆွဲနှုတ်ဆက်ပြီး
အရက်ဆိုင်မှာလဲတဝိုင်းတည်းထိုင်ကြမယ်။

ငါတို့ပြန်ဆုံတဲ့အခါ
စစ်အာဏာရှင်ကိုနောင်ကျဥ်နေစေရမယ်
"အာဏာရှင်ဟာ ဒီလိုကွ" ဆိုပြီး
နှောင်းလူတွေကို စကားလုံးအဖြစ်သာပြသနိုင်ရမယ်။

ငါတို့ အိမ်ပြန်ချိန်ဟာ ဘယ်လောက်ဝေးဝေး
ငါတို့ရင်ဘတ်တွေမှာနှင်းရည်စက်တွေတွဲလွဲခိုလို့
ငါတို့အိမ်တံစက်မြိတ်မှာ အာဏာရှင်အလိုမရှိဆိုင်းဘုတ်
ငါတို့ရင်ထဲမှာ စွဲနေတဲ့စစ်ဖိနပ်ရာ
ငါတို့မျက်လုံးထဲက နာကျည်းမှုမျိုး
ငါတို့ပြန်ဆုံတဲ့အခါ ။

ငါတို့ပြန်ဆုံတဲ့အခါ
လူတန်းစားသာတူညီမျှအရေးကနေ
အလုပ်သမားထုဆီကခေါင်းပုံဖျက် ချွေးစက်တွေကို
ချနင်းထားတဲ့ ဆောက်တလွဲမှန်ကန်ခြင်းတွေကို
ထပ်တော်လှန်ရင်တော်လှန်ရလိမ့်မယ် ။

နာကျင်နေ့ရက်တွေအလွန်ကျရင်တော့
သိမ်းစွန်ငှက်တို့အပြန်လမ်းကဗျာ*ကို
အာဘောင်းအာရင်းသန်သန်ရွတ်မယ်
ဆယ်လ်မွန်ငါးတို့အပြန်သီချင်း*ကို
ကျယ်ကျယ်လောင်လောင်ဆိုမယ်
အိမ်ပြန်ဖို့ကိုယ့်လက်ကိုရွက်လိုဖွင့်
တလွင့်လွင့် အိမ်ပြန်ကြမယ် ။

မင်းတို့ငါတို့ပြန်ဆုံကြတဲ့အခါ
ရယ်သံတွေကျယ်လောင်နေရမယ် ။
ငါတို့တရက်ရက်ပြန်ဆုံကြရမှာ ... ။

■ ဂနိုက်
ဂျွန် ၂ဝ၂၃


သိမ်းစွန်ဌက်အပြန်လမ်း ကဗျာဆရာပိုင်စိုးဝေ၏ နာမည်ကျော် ကဗျာတပုဒ်ဖြစ်သည်။

ဆယ်လ်မွန်ငါးတို့အပြန် တေးရေးဆရာ/တေးဆို ခင်ဝမ်း၏ နာမည်ကျော် တေးသီချင်း တပုဒ် ဖြစ်သည်။

အပတ်စဥ် တင်ဆက်နေကြ "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်ကို စောင့်မျှော်နားဆင်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

https://youtu.be/fOuqVYDOZeE

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16❤3😁2🔥1