Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Rembrandt လက်ရာ ရာသက်ပန်သိမ်းထားနိုင်အောင် | VOA On Mizzima
======================

၁၇ ရာစုခေတ် Netherlands ကပန်းချီအကျော်အမော်ကြီး Rembrandt ရဲ့ ပုံတွေကို ကိုယ်နဲ့မကွာ စုဆောင်းထားနိုင်ဖို့ Rembrandt House ပြတိုက်က ထူးခြားတဲ့ အစီအစဉ်တခု လုပ်ခဲ့ပါတယ်။ Amsterdam မြို့က နာမည်ကြီးတက်တူးပညာရှင်တွေနဲ့ ပန်းချီပုံတွေကို တက်တူးထိုးနိုင်အောင် လုပ်ခဲ့တာပါ။ ဈေးကြီးကြီးမပေးရဘဲ Rembrandt လက်ရာတွေပိုင်ဆိုင်နိုင်အောင်လုပ်ပေးတာကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။

https://youtu.be/LbNwWDKLQIs

#မဇ္ဈိမအတွက်ဗွီအိုအေ
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥1😁1
ဂျပန်ခေါင်းဆောင်ဟောင်း ရှင်ဇိုအာဘေးလုပ်ကြံခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်
=====================

https://youtu.be/k-I2IOCREm4

#InternationalNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😢7👍4🔥2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၃ | VOA On Mizzima
======================

ပါရီမြို့က ရှေးဟောင်းရုပ်တု ပုံတူလုပ်ငန်းအကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် သတင်းထဲက အင်္ဂလိပ်စာ၊ အာရှစီးပွားရေးကဏ္ဍမှာ တင်ဆက်ထားတာကို ဇူလိုင်လ ၁၀ ရက်၊ တနင်္လာနေ့ မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ အစီအစဉ်မှာ အပတ်စဉ်ကဏ္ဍတွေအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။

https://youtu.be/S0PZHqA266g

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🔥2
အိန္ဒိယနိုင်ငံ ဒေသန္တရရွေးကောက်ပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူ ၇ ဦးသေဆုံး
===================

https://youtu.be/KE6PY_bYkFs

#InternationalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7🔥2
သတင်းထဲက အင်္ဂလိပ်စာ | VOA On Mizzima
==============

ဒီတပတ်ရဲ့ သတင်းထဲကအင်္ဂလိပ်စာအစီအစဉ်မှာ သတင်းတွေထဲ ဖော်ပြပါရှိတဲ့ လွတ်လပ်ရေးနေ့နဲ့ ဆိုင်တဲ့ စကားလုံး၊ အသုံးအနှုန်းတွေကို ကောက်နှုတ်တင်ပြထားပါတယ်။ မမြသဇင်အောင်နဲ့ ကိုအောင်လွင်ဦးတို့က စီစဉ် တင်ဆက်ပေးထားပါတယ်။

https://youtu.be/F5g5LfKXJD8

#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👎2❤1🔥1😁1
ICC အစိုးရရှေ့နေလာရောက်ပြီးနာရီပိုင်းအကြာ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လူ ၆ ဦးအသတ်ခံရ
====================

https://youtu.be/APTg822jVC4

#InternationalNews
#Mizzima
--------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥5😁1
စစ်ကောင်စီလက်ထက် ကောင်းလာစရာမရှိတဲ့ နိုင်ငံ့စီးပွားရေး
====================

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ပြတဲ့ ကမ္ဘာ့အညွှန်းကိန်းတွေမှာ မြန်မာနိုင်ငံ အခြေအနေဟာ အလျင် အမြန်နောက်ပြန်ဆုတ်နေခဲ့တာတွေ့ရပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က မြန်မာ နိုင်ငံဟာ ပိုမိုဆိုးရွားလာတဲ့ စားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်နေရတယ်လို့ သတိပေးထားသလို ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာလည်း မြန်မာ့စီးပွားရေးအခြေအနေမှာ ပိုမိုပြီးဆိုးရွားလာနေတယ်လို့ဆိုထားပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ သူ့လက်ထက်မှာ တိုင်းပြည်စီးပွားရေး နလန်ပြန်ထူအောင်လုပ်မယ်ဆိုပြီးကြွေးကြော်ထားပေ မယ့် လက်တွေ့နဲ့ တခြားစီဖြစ်နေပြီး ပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲအကြပ်အတည်းတွေက သက်သေပြ နေပါတယ်။

https://youtu.be/-qw4c0YbxNQ

#Newsfeature
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13🔥5
အာရှတခွင် စီးပွားရေးအမြင် | VOA On Mizzima
==================

ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ အပူလှိုင်းဖြတ်နေတဲ့ ဗီယက်နမ်နိုင်ငံမှာ စပါးပင်တွေ သန်မာစွာပေါက်လာစေဖို့ ညအချိန် အမှောင်ထဲ ပျိုးပင်တွေစိုက်နေကြတဲ့အကြောင်းနဲ့ မြေနေရာရှားပါးပြီး လူနေစရိတ်ကြီးမားတဲ့ ဟောင်ကောင်မှာ အထပ်မြင့်တိုက်ကြီးတလုံးက လူသေအရိုးပြာ သိမ်းထားပေးမယ့် ဝန်ဆောင်မှုမျိုးပေးနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

https://youtu.be/dfhNbJPZrMk

#မဇ္ဈိမအတွက်ဗွီအိုအေ
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5👎2🔥1
​​NWSL ရာသီကုန်မှာ ဘောလုံးလောကမှ အနားယူတော့မယ့် အမေရိကန်တိုက်စစ်မှူး မက်ဂန် ရာပီနိုး
=========================

သူမ မျိုးဆက်ရဲ့ အအောင်မြင်ဆုံးကစားသမားတွေထဲကမှ တစ်ဦးဖြစ်တဲ့ အမေရိကန်တိုက်စစ်မှူး မက်ဂန် ရာပီနိုးက သူမဟာ ဒီရာသီအကုန်မှာ အနားယူတော့မှာဖြစ်တယ်လို့ ပြောပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်တို့မှာ ကျင်းပမယ့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဟာ ၂၀၁၉ ဘလွန်းဒီအော်ဆုရှင်အတွက် စတုတ္တမြောက်နဲ့ နောက်ဆုံးယှဉ်ပြိုင်မှု ဖြစ်လာတော့မှာပါ။ 

"ကျမက ကိုယ့်နည်းကိုယ့်ဟန် ရွေးချယ်မှုတွေနဲ့ ဆုံးဖြတ်ချက်တွေ လုပ်ချင်တယ်"လို့ အသက် ၃၈ နှစ်အရွယ် သူမက ဆိုပါတယ်။
👍11🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဂျပန်ခေါင်းဆောင်ဟောင်း ရှင်ဇိုအာဘေးလုပ်ကြံခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်

#InternationalNews #reels #shorts #Japan
👍5😢5🔥2
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယနိုင်ငံ ဒေသန္တရရွေးကောက်ပွဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူ ၇ ဦးသေဆုံး

#InternationalNews#reels #shorts #India
👍6🔥2
This media is not supported in your browser
VIEW IN TELEGRAM
ICC အစိုးရရှေ့နေလာရောက်ပြီးနာရီပိုင်းအကြာ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လူ ၆ ဦးအသတ်ခံရ

#InternationalNews#reels #shorts #ICC
👍6🔥2🥰1👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
July - 10 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts #Mizzima
👍7😁1🍌1
Media is too big
VIEW IN TELEGRAM
ကိုရမ်ကျမ်းမီးရှို့မှုကို ရှုတ်ချဖို့အတွက် ပါကစ္စတန်မှာ လူထောင်နဲ့ချီစုဝေးခဲ့ကြ

#InternationalNews #reels #shorts #Pakistan #Mizzima
👍7🔥1😁1
ဇူလိုင်လ (၁၀)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
===================

00:56 - ပြည်သူ့ဝန်ထမ်းများ သမဂ္ဂ စတင်ဖွဲ့စည်းတဲ့ သတင်း

03:41 တော်လှန်ရေးထောက်ပို့ဆောင်ရွက်နေတဲ့ မလေးရောက်မြန်မာများရဲ့ Clicker Team Malaysia အကြောင်း

09:44 - ဂျပန်ခေါင်းဆောင်ဟောင်း ရှင်ဇိုအာဘေးလုပ်ကြံခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်တဲ့ သတင်းနဲ့

11:21 - မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/zlq0DwHy_JU

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍15😁2
လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးချက် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်
=====================

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ တစ်ဖက်သတ် ဆွေးနွေးခြင်းနဲ့ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ တင်ပြချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂအနေနဲ့ လူသားဆန်မှုနဲ့ ကြားနေအခြေခံမူများကို မကျင့်သုံးဘဲ လူ့အခွင့်အရေး အရေခြုံကာ နိုင်ငံရေးသွတ်သွင်းနေကြောင်း စစ်ကောင်စီဘက်က ပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
အစီရင်ခံစာရေးသားသူနဲ့ ၎င်းလုပ်ပိုင်ခွင့်ကို ဖန်တီးတဲ့နိုင်ငံတွေဟာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ သာယာဝပြောရေးကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းမရှိဘဲ အမှန်တရားကို မျက်ကွယ်ပြု ကာ နိုင်ငံအတွင်းမှာ စိတ်ဝမ်းကွဲပြားမှုများကို ဖန်တီးနေကြောင်းနဲ့ တည်ငြိမ်မှုကို နှောင့်ယှက်နေကြောင်း စစ်ကောင်စီကထုတ်ပြန်ထားတာပါ။
ကုလလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့တဲ့ "မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်စေတဲ့ နိုင်ငံတကာ လက်နက်ကုန်သွယ်မှုလမ်းကြောင်းများ"ခေါင်းစဉ်နဲ့အစည်းအဝေးစာရွက်စာတမ်း ထုတ်ပြန်ခဲ့မှု စတဲ့ လက်ခံနိုင်ဖွယ်မရှိသော အပြုအမူကို မီးမောင်းထိုးပြလိုကြောင်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲပြီး စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် တောင်းဆိုချက်က ပြည်သူများကို ထိခိုက်စေရန်နဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို ချိုးဖောက်ရန်အတွက်သာဖြစ်တယ်လို့ ရေးသားထားပါတယ်။
 
https://youtu.be/qv0irCrWlJQ

#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
😁15👍5🤣4❤1🔥1
ဇူလိုင်လပထမပတ်အတွင်း ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးဟု Bago Region-PDF ပြော
==========================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တို့တွင် ဇူလိုင်လပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၀ ဦးနှင့်အထက်သေဆုံးသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေ တူးကျေးရွာမှ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား အိုးမြေတူးနှင့် ရှမ်းစုကျေးရွာကြား နှမ်းခင်း အရောက်တွင် ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ် ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး၍ ၁၆ ဦးဒဏ်ရာရသည်ဟု ပဲခူးတိုင်း စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ဇူလိုင်လ ၅ ရက်နေ့ ည ၉ နာရီခန့်တွင်လည်း စည်ပိုင်းကျေးရွာနှင့် မိချောင်းအိုင်ကျေးရွာကြားရှိ နဂျပ်ချောင်းစပ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ရာ မိနစ် ၃၀ ကြာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားခြောက်ဦး သေဆုံး သည်ဟု ဆိုသည်။

“တိုက်ပွဲတွေမှာ သူတို့ဘက်က အမြဲအထိနာနေတယ်ဆိုတာ ကျွန်တော်တို့ဘက်မှာ ပြည်သူလူထုရှိတယ်။ ပြည်သူလူထုက ကျွန်တော်တို့ရဲ့ထောက်လှမ်းရေးတွေပဲ။ စစ်ကြောင်း စစ်ယာဉ်တန်း တပ်လှုပ်တပ်ရွှေ့ အားလုံးက ပြည်သူလူထုက ကျွန်တော်တို့ကို ဆက်သွယ်ပြောပြပြီးတော့ ပူးပေါင်းပါဝင်မှု အားကောင်း တာကြောင့်ပါ။ ရင်ဆိုင်တိုက်ပွဲဖြစ်လိုက်ပြီဆိုတိုင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကိုပါ လွှင့်ပစ် လွှတ်ချပြီး ထွက်ပြေးကြတာချည်းပဲ။ ကျွန်တော်တို့က စိတ်ဓာတ်နဲ့တိုက်နေတာ သူတို့က (စစ်ကောင်စီ တပ်သားများ) မဖြစ်လို့သာလုပ်နေကြတာ စိတ်ဓာတ်တွေ ယိုင်းယိမ်ပျက်စီးနေကြပြီ” ဟု ပဲခူးတိုင်း စစ်ဒေသခွဲ၏ သတင်းပြန်ကြားရေးတာဝန်ရှိသူ ကိုဝေယံက မဇ္ဈိမကိုပြောသည်။

https://youtu.be/qjbs9UKJY9A

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏7😁2🍌1
Media is too big
VIEW IN TELEGRAM
လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးချက် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်

Watch more detail - https://youtu.be/qv0irCrWlJQ

#reels #PoliticalNews #shorts #MizzimaTV
🤣13👍1🔥1👏1